Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နောင်ဘဝဆိုတာ တကယ်ရှိတယ် ..

weiweiMarch 20, 20121min125641

ဒီပို့စ်မှာ ပြောပြချင်တာက တကယ့်အဖြစ်အပျက်လေးတစ်ခုပါ။ တပေါင်းလပြည့်နေ့တုန်းက ပန်းတနော်ကို သွားလည်ရင်း မြတောင်ဆရာတော်ကျောင်းကို ရောက်ခဲ့ပါတယ်။ ဆရာတော်ဆီမှာ လှူဖွယ်ဝတ္ထုတွေလှူဒါန်းကြပြီးနောက် ဆရာတော်မှ တစ်ခါထဲ ရေစက်ချအမျှပေးဝေခဲ့ပါတယ်။ ရေစက်ချပြီးနောက် ဆရာတော်မှ အဖြစ်အပျက်လေးတစ်ခုကို ပုံပြင်သဖွယ် ပြောပြခဲ့ပါတယ်။
ပန်းတနော်မြို့နယ်က ရွာတစ်ရွာမှာ (ရွာနံမည်မေ့သွားလို့ ..) အဖွားကြီးတစ်ယောက်ရှိခဲ့တယ်။ ရွှေတွေငွေတွေ စုဆောင်းထားတယ်လို့ သားသမီးတွေအနေနဲ့ သိထားကြပေမယ့် ဘယ်နားမှာ သိမ်းထားမှန်းမသိခဲ့ကြဘူး။ တစ်နေ့တော့ အဖွားကြီးသေသွားတယ်။ သားသမီးတွေလဲ တစ်အိမ်လုံးအနှံ့ပစည်းလိုက်ရှာကြပေမယ့် ဘယ်မှာဝှက်ထားခဲ့မှန်း မသိခဲ့ကြဘူး။ ဒီလိုနဲ့ လတွေ နှစ်တွေကြာသွားပြီး တစ်ညမှာ သားတစ်ယောက်ဆီကို အိမ်မက်လာပေးတယ်တဲ့။ အိမ်မက်ထဲမှာ ငါဒီပစည်းတွေကို မစောင့်နိုင်တော့ဘူး။ နင်တို့ပဲ ယူလိုက်တော့လို့ ပြောတယ်တဲ့။ ပြောတဲ့နေရာက ရွာလယ်ကန်သင်းဘေးနားမှာ … လက်ထဲမှာ တောင်ဝှေးတစ်ချောင်းကိုင်ထားပြီး တောင်ဝှေးနဲ့ လယ်ကန်သင်းကို ထောက်ပြပြီး ပြောတာတဲ့။ သားလုပ်တဲ့သူလဲ လန့်နိုးသွားပြီး အံ့ဩနေခဲ့တယ်။ နောက်တစ်နေ့မိုးလင်းတော့ အဖွားကြီးတောင်ဝှေးထောက်ခဲ့တဲ့ နေရာကိုသွားပြီး တူးကြည့်လိုက်တာ မြေအိုးနဲ့အပြည့် ငွေဒင်္ဂါးတွေ ရခဲ့တယ်တဲ့။

တခြားသားသမီးတွေအားလုံးစုပေါင်းပြီး အဲဒီမြေအိုးနဲ့အပြည့် ငွေဒင်္ဂါးတွေကို ဆရာတော်ဆီလာလှူကြတယ်။ တစ်ကျပ်သားငွေဒင်္ဂါးအပြား ၅၀ဝ ကျော်ပါရှိတဲ့ မြေအိုးကလေးပါ။ (ဓါတ်ပုံကြည့်နိုင်ပါတယ်) ဆရာတော်က အားလုံးရောင်းချပြီး ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးတွေမှာ ခွဲဝေပြီး လှူဒါန်းပေးလိုက်ပါတယ်တဲ့။ အလှူရေစက်ချတဲ့နေက သမီးတစ်ယောက်ဆီမှာ ဝင်ပူးပြီး သာဓုခေါ်သွားခဲ့တာကိုလဲ ဆရာတော်အပါအဝင် ဆွေမျိုးသားချင်းတွေအားလုံး မျက်မြင်သက်သေရှိခဲ့ပါတယ်။
မြေအိုးလေးကို သက်သေအနေနဲ့ ဓါတ်ပုံရိုက်ယူခဲ့လိုက်ပါတယ်။

ပစ္စည်းဥစ္စာကို စွဲလန်းပြီးသေရင် ဥစ္စာစာင့်ဖြစ်တတ်တယ်ဆိုတဲ့ လူကြီးသူမတွေဆုံးမစကားအတွက် သက်သေတစ်ခုအနေနဲ့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ မယုံရင်တော့လဲ ပုံပြင်ပေါ့နော် ….

မြတောင် ဆရာတော်
တူးဖော်ရရှိခဲ့တဲ့ မြေအိုးလေး

41 comments

  • ဆူး

    March 20, 2012 at 4:41 pm

    သံသရာ ဆိုတာ ရှည်လျားလွန်းတဲ့ အတွက် ဘယ်က စပြီး ဘယ်တော့ ဆုံးမလဲ.. (အဆုံးသတ်ချင်စိတ် တကယ် ရှိတဲ့ အချိန် ဆုံးမယ်) မသိကြပါဘူး။
    ပတ်ဝန်းကျင်မှာ ဒီလို အဖြစ်တွေ အများကြီး ရှိပါတယ်။
    မယုံရင် ပုံပြင်လို့သာ မှတ်လိုက်ကြပေတော့..
    ဆူး ကတော့ ယုံမှား သံသယ မရှိပါဘူး။

  • စိန်ပေါက်ပေါက်

    March 20, 2012 at 4:41 pm

    ကျုူပ်လဲ ရုတ်တရက်သေသွားရင် သဂျီးရဲ့ ပွိုင့်ပုံကြီးကို စောင့်နေရမလား မသိဘူးနော်.. 😆

    စကားအတင်းစပ်..
    နောင်ဘဝရှိတယ်လုပ်နေပုံထောက်တော့ သဂျီးနဲ ့ ပြိုင်ပြီး ဖင်ပိတ်ငြင်းရဲတယ်ပေါ့
    ဟုတ်စ 🙄

    • ဆူး

      March 20, 2012 at 5:00 pm

      ငြင်းသင့်ရင် ငြင်းရမှာပဲ.. ဒို့ကတော့ မဝေ ဘက်ကရပ်မယ်။ ဒါပဲ။

    • marblecommet

      March 21, 2012 at 1:01 am

      ပေါက်ဖော်ရေ့….
      ဒဂယ်လို့ နင်ရုတ်တရက်တေတွားခဲ့ရင်
      နင့်ရဲ့ ပွိုင့်ပုံကြီးကို
      နာတို့ကို လွှဲပေးဖို့ တေတန်းချာရေးထားဂဲ့နော်….
      ဖလပ်…ဖလပ်….ဖလပ်…

  • Ma Ei

    March 20, 2012 at 4:51 pm

    ပစ္စည်းဥစ္စာ တွေကို မစွဲလမ်းသင့်ကြောင်း သိထားရမှာပါ…
    တကယ့် အဖြစ်အပျက်တွေက ဆန်းကြယ်လှပါတယ်…
    မယုံစရာမရှိပါဘူး…

  • Mon Kit

    March 20, 2012 at 5:06 pm

    ဒီလို အဖြစ်အပျက်တွေ အများကြီးရှိပါတယ်….
    မစွဲလန်းသင့်တာ စွဲလန်းကြလို့ပါ…
    သားသမီးကို စွဲလန်းစိတ်ဖြစ်လည်း တဝဲလည်လည်နဲ့ နောင်ဘဝ မကူးနိုင်ကြတာတွေလဲ ရှိပါတယ်…
    အမျိုးမျိုးပေါ့လေ… သိပ်ဒုတ်ခ ပေးတဲ့ စိတ်လေးပါ……

  • yaungchikha

    March 20, 2012 at 5:22 pm

    အဖိုးရဲ့ အမေက အိပ်မက်ပေးပြီးတူးခိုင်းလို့ ရွှေအိုးတစ်အိုးနဲ့ ငွေအိုးနှစ်အိုးရဘူးတယ်လို့ ကျနော်တို့ အမေတို့ပြောတာကြားဘူးတယ်၊ အဲ့လိုအဖြစ်တွေက တစ်ကယ်ရှိပါတယ်..

  • MaMa

    March 20, 2012 at 5:58 pm

    ၃၁ ဘုံတို့၊ သံသရာတို့ကို ဗုဒ္ဓဘာသာမို့ပဲ မိရိုးဖလာ ယုံကြည်နေတယ်လို့ ပြောချင်သူ ဘယ်လိုများ ပြောလာဦးမလဲ နားထောင်ချင်ပါတယ်။
    နောက်တမျိုး ကြားဖူးတာလေးတစ်ခု ပြောရမယ်ဆိုရင်…..
    ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ဟောတဲ့ တရားတစ်ပုဒ်မှာ….
    နိုင်ငံခြားတိုင်းပြည်တစ်ခု (နိုင်ငံနာမည်တော့ မမှတ်မိတော့ဘူး) ကို ရောက်တုန်းက သရဲခြောက်တဲ့အိမ်မှာ ဘုန်းကြီးတွေကို သီတင်းသုံးခိုင်းတယ်။
    အဲဒီအခါမှာ အသံတွေကြားရတာ၊ တံခါးတွေ လေမတိုက်ပဲ ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ ဖြစ်နေတာတွေ တွေ့လိုက်ရတယ်။
    အဲဒီမှာ အခြေအနေကို ရိပ်စားမိတဲ့ ဆရာတော်က ဒကာ/မ တွေကို ပြောပြပြီး …
    သူတို့လှူတဲ့အလှူအတွက် တရားဟောတဲ့အခါမှာ…
    စောစောက အသံအမျိုးမျိုးပေးတဲ့ ပုဂ္ဂိုလ်လည်း လာပါ။
    တရားနာပြီး ကုသိုလ်ကို အမျှယူပြီး ကိုယ့်အတွက် သင့်တော်မယ့်နေရာကို သွားပါလို့ ပြောလိုက်တယ်။
    အဲဒီနောက်ပိုင်း အဲဒီအိမ်လည်း သရဲမခြောက်တော့ပဲ ငြိမ်သွားတော့တယ်တဲ့။

  • siamonone

    March 20, 2012 at 7:52 pm

    ကျွန်တော် သိချင်တာလေးရှိတယ် ဗျ ..
    Genes .. ထဲက DNA sequence ပြောင်းသွားတာနဲ့ .. လူ့စိတ် (ဝိဉာဉ်) ပါလိုက် ပြောင်းတတ်ပါသလား ?
    အဲ့လို ပြောင်းတတ်ရင်တော့ . နောင်ဘဝမှာ ကျွန်တော်ပြန်ဖြစ်ဖို့ ဆိုတာ .. အိုး .. ရှားမှရှားအခွင့်အရေးဖြစ်သွားပြီ .. ဟီး ..

  • surmi

    March 20, 2012 at 11:48 pm

    အကြွင်းမဲ.ယုံပါတယ် ။ သံသရာကိုလည်းယုံတယ် ကုသိုလ် အကုသိုလ် နဲ. အကြောင်းကြောင်. အကျိုးဖြစ်
    တာကိုလည်းယုံပါတယ် ။ဒီလိုယုံလို. ရွာထဲကမောင်းထုတ်မယ်ဆိုရင်လည်း အခုဘဲထွက်သွားပါ.မယ် ။

  • kai

    March 21, 2012 at 12:12 am

    ယူအက်စ်မှာလည်း ရှိပါတယ်..။ နောက်ဘဝယုံတဲ့သူ..။
    ဘယ်သူကမြှောက်ပေးလိုက်တယ်မသိ.. ယုံလွန်းမက..ယုံတာမို့.. အဲဒီလူ..(အသက် ၂ဝတောင်မပြည့်သေးဘူး) တံတားပေါ်ကခုန်ချပြီး နောက်ဘဝသွားပါသတဲ့..။ အဲဒါ.. သူ့အမေဆရာဝန်မကြီးက..အခုထိ..အသဲတွေကွဲနေတုံး….
    အင်မတန်သနားစရာကောင်းတယ်..
    (တကယ့်အဖြစ်အပျက်ပါ..)

    ဆိုတော့..
    ယုံတယ်..မယုံတယ် မပြောတေ့ာဘူး.. ယုံအောင်ပြောတဲ့သူက.. နောက်ဘဝ အရင်သွားပြသင့်တယ်..။ ဟိုရောက်ရင်တော့.. ကျုပ်ကိုဆက်သွယ်ပါ..
    .. ဘာလိုချင်သလည်း.. ဘာဖြစ်ချင်သလည်းပြော..
    သာသနာပြုချင်သလား.. လူတသောင်း(အနည်းဆုံး) အဲဒီနောက်ဘဝသာသနာရောက်အောင် လုပ်ပေးမယ်..။
    .. ပုထိုးကျောင်းတည်ချင်သလား.. အဲဒါမျိုး ငွေအိုးရဲ့အဆ ၁ထောင်တန်တဲ့ကြေးပေးမယ်..။

    စကားအတင်းစပ်.. မဟားဒယားစပ်..
    ငွေဒင်္ဂါးတကျပ်ပြားဆိုတော့.. အနှစ် ၁၀ဝမက ကြာပြီထင်ပါတယ်..။ ရှေးဟောင်းပစ္စည်းအနေနဲ့ရောင်းရင်.. ဒေါ်လှအများးးးကြီးတောင်ရနိုင်တာ.. အဲဒါတွေဘယ်မှာလည်းဟင်င်င်..
    တပြားလောက်… 😆

    (ဝေမမရေ..
    သတင်းအတွက် ကျေးကျေူးနော…။ အချက်အလက်ကို.. ငြင်းခုန်ခြင်းအနုပညာ လုပ်တာဖြစ်ပြီး.. ဝေမမရဲ့ တဆင့်(အထောက်အထားနဲ့) သတင်းကို.. ထိခိုက်စေလိုတဲ့ ဆန္ဒမရှိကြောင်း..)

    • weiwei

      March 21, 2012 at 8:23 am

      ဪ .. သူကြီးရယ် …
      ၃၁ ဘုံတောင်ရှိတယ်လေ … နောင်ဘဝမှာ ဘာဖြစ်မယ်မှန်းမသိနိုင်ဘူး … ကိုယ်လုပ်ခဲ့တဲ့ကံရဲ့အကျိုးအတိုင်းဖြစ်မှာမို့ နောင်ဘဝကနေ ပြန်ပြီးကိုယ်ထင်ပြဖို့ဆိုတာ ပြိတ္တာမဖြစ်ပဲနဲ့ မဖြစ်နိုင်တာမို့ လူတိုင်းသွားကြရမယ့် နောင်ဘဝဆိုတာ ရှိပေမယ့် သူကြီးနဲ့တော့ ပြိုင်မငြင်းချင်ပါဘူး … အေးအေးဆေးဆေးပဲ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့ …

    • aye.kk

      March 22, 2012 at 7:12 am

      သူကြီး..
      အဲဒီလိုကြီးနောက်ဘဝကိုယုံပြီးခုန်ချသွားတာလား..
      ကြောက်စရာကြီးဘဲနော်..
      တွေးကြည့်ယုံနဲ ့တင်ကြက်သီးမွေးညင်းတောင်ထသွားတယ်..
      လူ ့ဘဝရဘို ့ဆိုတာက..
      နတ်ပြည်ကအပ်တစ်ချောင်းနဲ ့လူ ့ပြည်ကအပ်တစ်ချောင်းထိဘို ့မလွယ်သလိုပဲဆို..
      လူကြီးတွေပြောကြားတာကြားဘူးထားပါတယ်၊ဟုတ်မဟုတ်တော့မသိပါ။။

  • surmi

    March 21, 2012 at 12:34 am

    သဂျီးလာတော.မယ်လို.တော.ထင်သား ….ဟဲ ဟဲ …။
    သဂျီးနဲ.တော. အထူးမငြင်းလိုပါဘူး ။ သဂျီးက စကားတတ်သကိုး ။ယူအက်စ်က ကိစ္စကတော. နောက်ဘဝ
    ယုံတာနဲ. သိပ်မဆိုင်ဘူးထင်တယ် ၊သူ.ဟာသူ ရူးလို.ဖြစ်တာဘဲ ။သဂျီးကိုငြင်းမဲ.လူတွေလာပါလိမ်.မယ် ..
    ဒါနဲ. တစ်ခါတုန်းကသူဂျီးပြောဘူးတယ် နော ….နေ.တိုင်းတရားထိုင်ဖြစ်တယ် ဆို ။ ဘာအကျိုးကိုရည်မျှော်
    တာလဲလို.တော.သိချင်သား ….။ ဘာဘဲဖြစ်ဖြစ် သဂျီးတရားထိုင်ဖြစ်တယ်ဆိုရင် ကျုပ်တို.က အလွန်ပဲ
    လေးစားရမှာပါ ၊ဘာကြောင်.လဲဆိုတော. ……သဂျီးတရားထိုင်နေတဲ.အချိန်မှာကျုပ်က ရွာထဲမှာအလေ
    လိုက်နေခဲ.လို.ဘဲ …..။ ကောင်းလှောင်.တေး ကောင်းလှောင်.တေး ကောင်းလှောင်.တေး …………

  • ဖားသက်ပြင်း

    March 21, 2012 at 6:00 am

    နောက်ဘွ ဆိုတာ မရှိဘူးခည….
    ဂယ်တော့ အတိတ်ဆိုဒါလည်း မရှိ … အနာဂါတ်ဆိုတာလည်းမရှိ…
    ဒါတွေအားလုံးဟာ ပစ္စုပ္ပန် တည်းဟူသော လက်ရှိတရားနှင့်သာ
    ယှဉ်၍ နှိုင်းဆ ထောက်ချင့်သော နှိုင်းရ ဂုဏ်သတ္တိများသာ ဖြစ်လေ၏။

    တနေ့သေကြရမည် …မသေခင် လုပ်ချင်တာ လုပ်ကြ…

    ဥုံ…
    လောင်းလစ်ဗ်သည် မားကတ္တင်း…

    😀

    • ကြောင်ကြီး

      March 21, 2012 at 8:52 am

      ပစ္စုပ္ပန်ဆိုတာ ရှိဘူးကွ… အတိတ် အနာဂတ် ရှိနေလို့သာ ပစ္စုပ္ပန်ရှိနေတာဟေ့… ရှိတယ် မရှိဘူးဆိုတာ ရှိမရှိ အယူစွဲနေလို့ဖြစ်တာ၊ နှိုင်းရသဘောဆိုတာလည်း နှိုင်းယှဉ်နေလို့ ရနေတာ..။အတည်ပြောကြေးဆို ထပ်တူကျဘူး…။။ ကိုယ်က အစွဲမပြုတ်ဘဲနဲ့ ပစ္စုပ္ပန်ဂိုဏ်းသားတွေလို သဂျီးလို အရိယာစကား ပြောလို့ရသေးဘူး…။

    • Khaing Khaing

      March 22, 2012 at 3:53 pm

      ယုံချင်ယုံမယုံချင်နေ ဂျီးဂျီးနဲ့ ဂီဂီ တေတွားရင် ဘာမှမလုပ်ပေးဘူး …….. ဘာပဲဖြစ်ဖြစ် ယုံတယ် မယုံဘူးမပြောချင်ဘူး သူများရေးတော့လည်းဖတ်လိုက်ရုံပဲ …. တိတယ် တိနေတယ် …

  • star flower

    March 21, 2012 at 11:33 am

    မဆုံးနိုင်တဲ့ သံသရာမှာ အစွဲအလမ်းတွေ မရှိတာက ပိုကာင်းပါတယ်။
    အစွဲအလမ်းကြီးတော့ သတ္တဝါ အမျိုးမျိုး၊ မကျွတ်မလွတ်တဲ့ ဘဝအမျိုးမျိုးနဲ့ ကျင်လည်နေရရှာတယ်

  • ဆူး

    March 21, 2012 at 1:56 pm

    ရှေ့ဘဝ နောက်ဘဝ ယုံလို့ သတ်သေရတယ် ဆိုရင် သတ်သေသူတိုင်း အယုံအကြည် ရှိနေလို့လား.. သို့တည်းမဟုတ်.. သေပြီးရင် ပြီးရော အခု ခံစားနေရတာတွေ ထပ်မခံစားချင်တော့ဘူး ဆိုတဲ့ ပြတ်ပြီ ဆိုတဲ့ အတွေးကြောင့်လား..
    အောက်ပါ သတင်းဆောင်းပါးလေးကို ဖတ်ရှူအားပေးပါလော့.. သွားကြည့်ရင် အလုပ်ရှုပ်မှာ စိုးလို့.. စာသားလေးတွေ ကူးပေးလိုက်တယ်။

    http://www.myanmar.mmtimes.com/2012/world/561/world04.html
    ဆယ်ကျော်သက်အရွယ် အာဖဂန်မိန်းကလေးများ ကိုယ့်ကိုယ်ကိုယ် မီးရှို့သေကြောင်းကြံနေကြ
    (အေအက်ဖ်ပီ)
    အောင်သာလင်း ဘာသာပြန်သည်။
    အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ – ၂၂ ၊ ၃၊ ၂၀၁၂)

    ဟီရတ်- သူ့ကိုယ်သူ မီးရှို့သတ်ခဲ့သော ၁၆ နှစ်အရွယ် အာဖဂန် အမျိုးသမီးလေး အတ်တီဖာကို ဆေးရုံသို့ပို့ထားကြသည်။ တစ်ကိုယ်လုံး ထူထဲသော ပတ်တီးများ ပတ်ထားသည်။ နာကျင်လွန်း၍ အလ္လာရှင်မြတ် ကို ကျယ်လောင်စွာ တမ်းတ နေရှာသည်။ အရိုးပြိုင်းပြိုင်းထနေသော သူ့ခန္ဓာကိုယ်ပေါ်တွင် အရေပြား အစားထိုး ကုသပေးရမည်ဖြစ်သည်။

    ဝိုင်းစက်သော အပြာရောင် သူ့မျက်ဝန်းများထဲတွင် ဒေါသနှင့် မျက်ရည်စ တွေ ပြည့်လျှမ်းနေသည်။

    သူ့ကိုယ်သူ ဓာတ်ဆီလောင်းကာ အိမ်ပြင်သို့ထွက်၍ မီးရှို့ရသည့် အကြောင်းကို အနိုင်နိုင်ပြောပြသည်။

    မွေးချင်းကိုးယောက်ရှိပြီး အသက် ၁၄ နှစ်ကတည်းက လက်ထပ် ခဲ့သည်။

    ကော်ဇောရက်လုပ်၍ အသက်မွေးခဲ့ သော်လည်း အိမ်မှုကိစ္စကို အကြောင်း ပြ၍ ယောက္ခမက အပြစ်တင်သည့် အပြင် မိခင်အား မကြာခဏခေါ်ထား ရပါမည်လားဟုဆိုကာ မိမိအား ရိုက်နှက်ရန် သားဖြစ်သူကိုလည်း သွေးထိုးပေးခဲ့သည်ဟုဆိုသည်။

    သက်ဆိုင်ရာ အာဏာပိုင်များအား တိုင်ကြားခဲ့သော်လည်း သူ့အလွန်ဟုသာ ဆိုကြပြန်သည်။

    ဒုတိယတစ်ယောက် ကိုပင် လက်ထပ်ဦးတော့မည့် ခင်ပွန်း၏ အမုန်းခံဘဝတွင် ဒေါသနှင့် စိတ်ဓာတ် ကျနေမည့်အစား သေပွဲဝင် လိုက်ရခြင်း ဖြစ်သည်ဟု ပြောပြသည်။

    အတ်တီဖာတစ်ကိုယ်လုံး သုံးပုံတစ်ပုံ မီးလောင်ပြီးမှ အစ်ကိုဖြစ်သူကတွေ့၍ သူ့အဝတ်များဖြင့် ပွေ့ပတ်ငြှိမ်းသတ်ပြီး အိမ်နီးချင်းများအကူအညီဖြင့် ဆေးရုံ သို့ပို့လိုက်ရသည်။

    “ကျွန်မသေပဲ သေချင်တော့တယ်။ ဒါ ကျွန်မသွားရမယ့်လမ်းပဲ။ ကျွန်မ ဘာကောလုပ်နိုင်မှာမို့လဲ။ ကျွန်မ ဘာမှအသုံးမကျတော့ဘူး မဟုတ်လား။ ယေကျ်ားနဲ့ ပြတ်စဲလိုက်ချင်တယ်။ ဒါက ဒုက္ခအားလုံးငြိမ်းမယ့် အကောင်းဆုံး လမ်းပဲ”ဟု အတ်တီဖာက ပြောသည်။

    အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း အဓိကမြို့ဖြစ်သည့် ဟီရတ်သည် ခေတ်မီသော်လည်း ရှေးရိုးစွဲအယူအဆ များရှိနေသည်။

    အတ်တီဖာကဲ့သို့ အလွန်ငယ်ရွယ်စဉ် ကပင် လက်ထပ်ကြရ၍ အိမ်တွင်းရေး ပြဿနာများ ကြီးမားလာရာမှ အကူအညီမဲ့ဖြစ်ကာ ဤနည်းနှင်နှင် ကိုုယ့်ကိုယ်ကိုယ် မီးရှို့၍ ထွက်ပေါက် ရှာ ရုန်းထွက်သွားနေကြသူ အာဖဂန် အမျိုးသမီးငယ်ပေါင်း များစွာတို့ ဟီရတ် တွင် ရှိနေကြသည်။

    ၂၀၁၁ ခုနှစ် တစ်နှစ်တည်းမှာပင် ဟီရတ်မြို့ ဆေးရုံသို့ရောက်ရှိလာသော ကိုယ့်ကိုယ်ကိုယ် မီးရှို့သေကြောင်း ကြံစည်သူပေါင်း ၈၃ ဦးရှိသည့်အနက် သုံးပုံနှစ်ပုံနီးပါး သေဆုံးခဲ့သည်။

    မနှစ်လို့ဖွယ် ဤဖြစ်ရပ်များသည် အိမ်နီးချင်း အီရန်နိုင်ငံမှ ဝင်ရောက်လာ သော ယဉ်ကျေးမှုဓလေ့တစ်ခု ဖြစ်ဖွယ် ရှိသည်။

    သို့သော် သမီးငယ်ကလေးများကို ဆယ်ကျော်သက်အရွယ်မှာပင် အိမ်ထောင်ဖက် ရွေးချယ်လက်ဆက် ပေးလေ့ရှိသော ဆင်းရဲ သည့်မိသားစု များနှင့် ပညာမဲ့မိသားစုများအတွင်း ရန်လိုမှုပေါ်ပေါက်ခြင်းသည် ပြဿနာ ဖြစ်ရခြင်း၏ ပဓာနအကြောင်းရင်း ဖြစ်နေတတ်သည်။

    “တစ်ခါတလေ အင်မတန်သေးငယ် တဲ့ အကြောင်းနဲ့လည်း သူတို့ကိုယ် သူတို့မီးရှို့သတ်သေတတ်ကြတယ်။ အများဆုံးကတော့ လင်သားဘက်က ဆွေမျိုးတွေကြောင့်ပေါ့”ဟု မီးလောင် လူနာဌာန ရုပ်ပြင်ခွဲစိတ်နှင့် အစားထိုး ပြုပြင်ခွဲစိတ် ဆရာဝန်ကြီး ဂဖာခန်ဘာဝါ က ဆိုသည်။

    “သူတို့ခမျာမှာ စိတ်ဓာတ်ကျရာက စိတ်ပိုင်းဖိစီးမှုနဲ့ အိမ်တွင်းပဋိပက္ခတွေ စုပေါင်းခံစားရပြီး ကျွတ်ရာလွတ်ရာ လမ်းတစ်ခုကို ရွေးလာကြရတော့တာ ပါပဲ။ သူတို့ရဲ့ ဒေါသကိုပြလိုက်တဲ့ နည်းလမ်းတစ်ခု၊ သူတို့ရဲ့စိတ်ဓာတ် ကျဆင်းမှုကို ပြသလိုက်တဲ့ နည်းလမ်း တစ်ခုလို့ ဆိုနိုင်ပါတယ်”ဟုလည်း ၎င်းကပြောသည်။

    “ဒီနိုင်ငံမှာ အမျိုးသမီးတစ်ယောက် က ကိုယ့်မကျေနပ်ချက်ကို ဖော်ထုတ် တိုင်တန်းခွင့်မရှိတဲ့ အားနည်းချက် တစ်ခုတော့ ရှိနေပါတယ်။ ကိုယ့်ကိုယ် ကိုယ်မီးရှို့မသတ်မီမှာတောင် သူ့ကို လူရာမသွင်းကြရင် ရုပ်ပျက်ဆင်းပျက် ဖြစ်၊ မသန်မစွမ်းဖြစ် နေတဲ့ဘဝကို ဒီလူ့အဖွဲ့အစည်း ဘယ်လိုလက်ခံ တော့မှာလဲ”ဟုလည်း ရုပ်ပြင်ခွဲစိတ် ဆရာဝန်ကြီးက ဝေဖန်ပြောကြား သည်။

    • kai

      March 21, 2012 at 2:11 pm

      အဲဒါကြောင့်.. ဗုဒ္ဓက..ယက္ကန်းသည်မလေးကိုမေးတယ်..ပြောတယ်..
      ဘယ်သွားမှန်းမသိ..ဘာဖြစ်မှန်းမသိ.. ထိန်းချုပ်မရ.. ဘာဘာဘာမှမသိတာကြီးအကြောင်း.. နောက်ဘဝ..ရှေ့ဘဝအကြောင်း.. မဆွေးနွေး..မပြော.. အဲဒီအယူ..မယူပါဘူးတဲ့..။
      အဲဒီအယူကို မယူဘူးဆိုတာဟာ.. မယုံတာမဟုတ်..။ ယုံတာလည်းမဟုတ်..။ မယုံ့တယုံလည်းမဟုတ်…။ ယုံသလိုလို.. မယုံသလိုလိုလည်းမဟုတ်..
      အဲဒီအယူကို မယူတာပါ..။
      အင်မတန်ရှင်းလင်းပြတ်သားပါတယ်..။

      ဆိုတော့… ဘုရားစကားနားထောင်ရင်..
      လူ့..ပြဿနာတွေတော်တော်များများနဲ့.. လွတ်ကင်းမနေဘူးလား.. 😆

  • nigimi77

    March 21, 2012 at 3:02 pm

    ၁။ ဆရာတော်မှ အဖြစ်အပျက်လေးတစ်ခုကို …….

    ၂။ ပုံပြင်သဖွယ် ပြောပြခဲ့…………

    ၃။ (ရွာနံမည်မေ့သွားလို့ ..)

    ၄။ ဆရာတော်က အားလုံးရောင်းချပြီး …… သဂျီးမှ (ငွေဒင်္ဂါးတကျပ်ပြားဆိုတော့.. အနှစ် ၁၀ဝမက

    ကြာပြီထင်ပါတယ်..။ ရှေးဟောင်းပစ္စည်းအနေနဲ့ရောင်းရင်.. ဒေါ်လှအများးးးကြီးတောင်ရနိုင်တာ.. )

    ၅။ မယုံရင်တော့လဲ ပုံပြင်ပေါ့နော် ….

    ပုံပြင်လေးကတော့ ဒါပါပဲ ချင့် 😀

    စိတ်မဆိုးနဲ ့နော် ဂျီးဒေါ်ဝေ

    • weiwei

      March 21, 2012 at 6:38 pm

      စိတ်မဆိုးပါဘူး တပ်မခွန်ခွန် … ကွန်မန့်ပေးလို့တောင် ကျေးဇူးတင်ပါတယ် …
      ကြုံခဲ့တာလေးတစ်ခုကို ရွာသူားတွေကို ပြန်ပြောပြပေးချင်တဲ့ စေတနာသက်သက်ပဲ ရှိပါတယ် … တဆင့်စကား တဆင့်နားနဲ့ ကြားခဲ့တာမဟုတ်ပဲ ဆရာတော်ကိုယ်တိုင်ကြုံခဲ့တာကို ဆရာတော်မှ ဒကာရင်းတွေဖြစ်တဲ့ ကျွန်မနဲ့အတူတူ ပန်းတနော် မမ တို့ကို ပြန်ပြောပြတဲ့အချိန်မှာ မြေအိုးပါ သက်သေရှိနေတာမို့ ပို့စ်တင်ဖြစ်သွားတာပါ …
      စီကာပတ်ကုံးနဲ့ သေချာရှင်းပြချင်ပေမယ့် အချိန်သိပ်မရလို့ လိုရင်းတိုရှင်းရေးလိုက်တာကိုတောင်မှ စိတ်မကောင်းဖြစ်မိနေပါသေးတယ် …

  • အရင့်ရောင်

    March 21, 2012 at 3:44 pm

    ဖြစ်နိုင်ပါတယ်
    ပုံပြင်လို့…..

  • နတ်ဆိုးလေး

    March 21, 2012 at 5:40 pm

    အမလေးသဂျီးရယ် အဝေ ရဲ့ ဘုန်းကြီးှဆီက ငွေဒင်္ဂါးတွေ မရပေမဲ့ မသဲနုအေး ရဲ့ ခေတ်အဆက်ဆက် က မြန်မာ ပိုက်ဆံများ မှာ သွားယူလို့ ရပါတယ် အများကြီးဘဲ :mrgreen:

  • blackchaw

    March 21, 2012 at 8:32 pm

    ဒီလိုအဖြစ်အပျက်တွေက ကြုံမှ ယုံကြတာမျိုးပါ။
    အများကြီး ဖြစ်နိုင်ပါတယ်လို့ ဝင်ပွားသွားပါတယ်။
    :mrgreen:

  • MaMa

    March 21, 2012 at 9:31 pm

    နောက်ဘဝယုံတဲ့သူ..
    တံတားပေါ်ကခုန်ချပြီး နောက်ဘဝသွားတယ်ဆိုတော့ကာ…..
    ဒီနေရာမှာ နောက်ဘဝကို ယုံတာထက် နောက်ဘဝမှာ ဘယ်ကို ရောက်မယ်ဆိုတာကို အသေအချာ သိနေလို့ကို ဖြစ်ရမယ်။ 😆
    ဘယ်က လာမှန်းမသိ
    ဘယ်တော့ သွားမယ်မှန်းမသိ
    ဘယ်လို သွားမယ်မှန်းမသိ
    ဘယ်ကို သွားမယ်မှန်းမသိ
    မသိ မသိ မသိ မသိ မသိ မသိ မသိ မသိ…..
    တွေကို သိနေပါလျှက်နဲ့
    နောက်ဘဝယုံအောင်ပြောတဲ့သူက..ဘယ်လိုလုပ်ပြီး နောက်ဘဝ အရင်သွားပြရမှာလဲ။ 🙁

  • Green Rose

    March 21, 2012 at 9:33 pm

    ရှိနိုင်ပါတယ်။ Nothing Lost in Universe လေ.. ဒါပေမယ့် သူကြီးပြောတဲ့ US ကလူလိုတော့ အရူးမထချင်ပါဘူး။ Green Rose တို့ ပိုင်ဆိုင်တာက လက်ရှိအချိန် present ပစ္စုပ်ပန်ပါ။ နောက်ဘဝမပြောနဲ့ နောက်ခဏတောင် ဘာဖြစ်မယ်မှန်း မသေချာတဲ့ ဘဝမှာ နောက်ဘဝအတွက်တော့ ရည်စူးပြီးဘာမှမလုပ်ပါဘူး။
    တစ်ခုတော့ရှိတာပေါ့ ငရဲရှိတယ်ဆိုတာယုံကြည်ပြီး ငရဲကိုကြောက်ကြရင်၊ နောင်ဘဝရှိတယ်ဆိုတာ ယုံကြည်ပြီး ဝဍ့်လည်မှာကို ကြောက်ကြရင် မတရားမှုတွေတော့ လျော့သွားမယ်ထင်တယ်။
    ဒါပေမယ့် တစ်ဖက်က ပြန်တွေးကြည့်ရအောင် ။ နောက်ဘဝရှိတယ်လို့ယုံကြည်ရင် ၊ ရှေ့ဘဝ ရှိခဲ့တယ်လို့လည်းယုံကြည်ကြရမှာ။ Green Rose တို့ လူမျိုးအတော်များများက နောင်ဘဝကိုယုံကြည်ပြီး ကောင်းကောင်းနေဖို့ မစဉ်းစားရင်သာနေရမယ် အရင်ဘဝက ပြုခဲ့တဲ့ကုသိုလ်ကြောင့် တစ်ချိန်ချိန်မှာ ထီပေါက်တာလိုမျိုး ကံကောင်းခြင်းတွေ ရောက်လာဖို့ကို တော့ ယုံယုံကြည်ကြည်မျှော်လင့်တတ်ကြတာ။ ကိုယ်အသုံးမကျတာမျိုးကိုတော့ မတွေးပဲ ကုသိုလ်ကံကို ပုံချတတ်ကြတာပါ။
    Green Rose ကတော့ ရှေ့ဘဝတွေ၊ နောက်ဘဝတွေ ကို တွေးမနေပဲ အခုလက်ရှိအချိန်မှာပဲ ရှင်သန်နေထိုင်နေပါတယ်။ အရင်ဘဝကိုလည်း Green Rose မပိုင်ပါဘူး။ နောင်ဘဝကလည်း Green Rose နဲ့မဆိုင်ပါဘူး။

    • weiwei

      March 22, 2012 at 12:12 am

      ဘယ်လိုပဲတွေးတွေးပေါ့လေ … ဒီရွာထဲမှာ လွတ်လပ်စွာ တွေးခေါ်လို့ရတယ် …
      ဘာသာရေးနဲ့ပတ်သက်ပြီး မငြင်းခုန်ချင်ပါဘူး … ဒီလို ဒီလို အဖြစ်အပျက်လေးတွေလဲ ရှိတယ်ဆိုတာ ပြောပြချင်ရုံသက်သက်ပါ …
      ကွန်မန့်ကို စိတ်ရှည်လက်ရှည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …

  • Khin Latt

    March 22, 2012 at 6:01 am

    ပြီးခဲ့တဲ့လ ထဲမှာ Evolutionary biology ဆိုင်ရာ သိပ္ပံပညာရှင် Richard Dawkins နဲ့ Archbishop of Canterbury ခရစ်ယာန် ဘုန်းကြီး Dr Rowan Williams တို့ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ “the role of religion in public life in Britain” ဆိုတဲ့ အကြောင်း ကို debate လုပ်ခဲ့ကြပါတယ်။
    ကျွန်မ ပြောချင်တာ အဲဒီ debate အကြောင်း ကို မဟုတ်ပါဘူး။
    Richard Dawkins ပြောခဲ့တဲ့ စကားလေးတစ်ခွန်းပါ။
    “I can’t be sure God does not exist” ဘုရားသခင် မရှိ ဘူး ဆိုတာကို သူအသေအချာ မသိနိုင်ဘူး တဲ့။
    ဒါကို သတင်းခေါင်းကြီး အနေနဲ့ ဖော်ပြကြတာပေါ့။
    တကယ်သူပြောတာက “ဖန်ဆင်းရှင် ဘုရားသခင်” မရှိဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ဘူး။
    သူ့အနေနဲ့ မရှိဘူးလို့ ယုံကြည်တာဟာ 6.9 out of 7 ဖြစ်ပြီး အဲဒီ 0.1 က သူ့အနေ နဲ့ ဘုရားသခင် မရှိကြောင်း ကို သက်သေမပြနိုင်လို့ ပါတဲ့။

    ကျွန်မတို့ ဗုဒ္ဓဘာသာရဲ့ နောက်ဘဝ တွေ၊ ရှေ့ဘဝ တွေ ဆိုတာလဲ သိပ္ပံပညာတစ်ရပ်လို တရားဝင် လက်ဆုပ်လက်ကိုင် သက်သေပြမရတာ မှန်ပါတယ်။
    အဲဒီလိုဘဲ မရှိဘူး ဆိုတာကိုလဲ သက်သေပြလို့ မရပြန်ဘူး။
    တကယ်တော့ ကျွန်မလဲ မကျွတ်မလွတ် တဲ့ ဘဝ သရဲ သဘက် ပြိတ္တာ ဆိုတာရော၊ နတ်ဗြဟ္မာ ဆိုတာရော၊ အတိတ်ဘဝ လူဝင်စား ဆိုတာရော ရှိမရှိ အကြိမ်ကြိမ် စဉ်းစားဘူးပါတယ်။
    မယုံတဲ့ ဘက်ကိုတောင် နဲနဲ ပါချင်ပါတယ်။
    ဘာလို့လဲ ဆိုတော့ ကိုယ်မှ မတွေ့ဘူးဘဲကိုး။ ဖြစ်နိုင်ရင် ဘုရားဟော ကာလာမသုတ် လိုဘဲ ကိုယ်တွေ့မကြုံ မယုံ ဖြစ်နေချင်ပါတယ်။
    ပြသနာက ကျွန်မ မှာလဲ Richard Dawkins လိုဘဲ 0.1% က ဇာတ်လမ်း နဲ့ကို ရှိခဲ့ ပါတယ်။
    မဝေ ကမှ အဲဒီ အဖွားကြီးကိုမသိ ဘဲ ဆရာတော် ပြောတာကို ကြားပြီး ပြန်မျှတာ။
    ကျွန်မ က အမျိုးအရင်း ထဲမှာကို ဖြစ်ခဲ့တာ။

    ကျွန်မ အမေ ရဲ့ အဒေါ်အရင်း (အဖေ့ ညီမ) က သူတို့ မှာ သားသမီး မရှိတော့ ကျွန်မ အမေကို သူ့ရဲ့ မွေးစားသမီး လုပ်ထားခဲ့ပါတယ်။
    သူက နယ်မှာ နေပေမဲ့ နေမကောင်း တော့ ကျွန်မတို့ အိမ်မှာ ဆေးလာကုရင်း ကျွန်မ အမေ လက်ထဲ မှာ ဘဲ ဆုံး သွားခဲ့ပါတယ်။
    သူ့မှာ အိမ်တွေ မြေတွေ လက်ဝတ်လက်စား တွေ ကျန်ပါတယ်။ မြန်မာ့ ထုံးစံ သေတမ်းစာတွေ ဘာတွေ လဲ မရှိပါဘူး။
    ဒီတော့ ကျွန်မ အဖွား (အမေ့ ရဲ့ အမေ) က အားလုံးကို ထုခွဲပြီး တူ/တူမ တွေ ကို အညီခွဲပေးလိုက်ပါတယ်။
    ဥပဒေ က သားသမီး မရှိရင်၊ ညီအစ်ကို မောင်နှမ မရှိရင် တူ/တူမ တွေ ဆက်ခံလေ့ ရှိတယ် မဟုတ်လား။
    အားလုံး ကလဲ သူတို့ အဒေါ်အတွက် ကို အလှူအတန်း လုပ်ပေးခဲ့တာပါဘဲ။
    ဒီလို နဲ့ တစ်နှစ်ကျော် လဲကြာရော ကျွန်မ အဖွား ရဲ့ အိမ်နဲ့ ကပ်ရက်အိမ်က နေမကောင်း ဖြစ်နေတဲ့ အဖွားကြီး ဟာ ရုတ်တရက် ထသောင်းကျန်းပါလေရော။
    အဲလိုသောင်းကျန်းချိန်မှာ ပုံစံရော၊ အသံရော က အဲဒီ ဆုံးသွားတဲ့ အဖွားလေး အတိုင်း လို့ ပြောကြတာဘဲ။
    သူက ကျွန်မ အမေကို သူ့ပစ္စည်းတွေ ပေးချင်တာကို ကျွန်မ အဖွား က အားလုံးကိုမျှ လိုက်လို့ သူ့မှာ မကျွတ်ဘဲ ဖြစ်နေတာ ဆိုတာဘဲ။
    နောက်သူပြောတဲ့ သူကျွန်မ အမေကို ပေးချင်တဲ့ ပစ္စည်းတွေ ဆိုတာ ကို အတိအကျ ပြောတာ။ မှန်တယ် ဆိုဘဲ။
    အဲဒီ နေမကောင်းတဲ့ အဖွားကြီး က အတိအကျ ဘယ်လို သိနိုင်ပါ့မလဲ။
    အဖွားလေးက အဲဒီ စိတ်နဲ့ မကျွတ်ဘဲ ကျွန်မ အဖွား ရဲ့ အိမ်ကြား ရေမြောင်းမှာ နေနေရပြီး အခုမှကျွတ်လွတ် ချင်လို့ သူ့အတွက် ကုသိုလ်လုပ်ပေးဖို့ ပြောတာတဲ့။
    အဲဒါနဲ့ ဘုန်းကြီးပင့်၊ သူ့ကို တစ်ကိုင်းလေးပေါ် ခေါ် သွားရတယ် ဆိုဘဲ။
    အဲဒီနောက် အမျှအတန်း ဝေ လိုက်ကြရတယ်။
    ကျွန်မရဲ့ အဒေါ် က သူမျက်စိ နဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ ပြီး အဲဒီရက်တွေက ကြောက် လို့ ညည အိပ်ကို မရဘူး လို့ ဆိုတာဘဲ။
    ကျွန်မကတော့ သူပြန်ပြောတာကို ပြန်ကြားရတာပေါ့။

    ဒီတော့ကာ – ဆိုချင်တာက။
    ဘုရားသခင် ရှိသည်/မရှိသည်။
    နောင်ဘဝ ရှိသည်/မရှိသည်။
    အမြဲ ဝိဝါဒ ပွါးနေမှာပါဘဲ။
    ဒါပေမဲ့
    ဘုရားသခင် ရှိခြင်းဖြင့် လောကကြီးထဲမှာ ခိုကိုးရာမဲ့ နေသူတွေ အတွက် အနဲ ဆုံး စိတ်ပိုင်းဆိုင်ရာ အားကိုးရာ ကောက်ရိုးမျှင်ဖြစ် နေမယ် ဆိုရင် မကောင်းပေဘူးလား။
    နောင်ဘဝ/ အတိတ်ဘဝ ရှိခြင်းဖြင့် သံသရာ လည်နေရပုံမှာ ကောင်းခြင်း၊ ဆိုးခြင်း တွေ နဲ့ ဘဝ တွေဟာ တက်လိုက်၊ ကျလိုက် ဖြစ်နေတာတွေ ကို ကြည့်ပြီး သံသရာ ကလွတ် ကြောင်း အကျင့်ကောင်း ကို လူ့ဘဝ နေရခိုက် ကလေးမှာ ရှာဖို့ ကြိုးစား ကြ ရင်ဖြင့် မကောင်း ပေဘူးလား။

    ဒါကြောင့် လူတွေ ကို ကောင်းခြင်း နဲ့ အထိန်းအကွပ် ရစေတာ ဖြစ်နေသ၍ ကတော့ ရှိခြင်း/ မရှိခြင်း တွေ ကို ငြင်း မနေချင်ပါ။ သူများ ယုံကြည်မှု ကိုလဲ မထိပါးချင်ပါ။
    မရှိကြောင်း ကိုယ်လဲ လက်တွေ့မပြနိုင်ပါ။
    မသိနိုင်တာကို မသိနိုင်တာအဖြစ် နဲ့ လက်ခံထားလိုက်ရင် ကိုယ့် မှာ ဝိစိကိစ္စာ မပွါးတော့ ဟု ထင်မိ ပါ ကြောင်း။
    အစွန်းရောက် နဲ့ တလွဲအယူဖြစ်စေသော ဘာသာရေး အမြတ်ထုတ်မှုများကို လက်ခံခြင်း တော့ လုံးဝ မဟုတ်ပါကြောင်း။
    အကယ်တော့ ကျွန်မတို့ မြန်မာပြည်မှာလဲ စိတ်လွတ်လွတ်လပ်လပ် နဲ့ ပစ္စည်းတွေ ကို စိတ်စွဲပြီး ဘဝ မကူးရလေအောင် စိတ်ကို အပြတ်ဖြတ်နိုင်ဖို့ ကြိုးစားရင်ကြိုးစား၊ မဟုတ်ရင် တရားဝင် ရေးလို့ရတဲ့ သေတမ်းစာ တွေကို ဥပဒေဘောင် ထဲ က လုပ်ထား နိုင်တဲ့ ဝန်ဆောင်မှု တွေ ရှိသင့်တယ်လို့ ထင်မြင်မိပါကြောင်း။
    ကျွန်မတို့ ရဲ့ သူကြီးမင်း အကျွတ်တရား ရစေဖို့ ဆက်လက်ပြီး ဝိုင်းဝန်းပံ့ပိုး ဆွေးနွေးကြ စေလိုပါကြောင်း။
    😆

    • kai

      March 22, 2012 at 6:23 am

      Theoretical physicist Stephen Hawking said in an interview published Monday in the U.K.’s Guardian newspaper that he rejects the notion of heaven.

      “I regard the brain as a computer which will stop working when its components fail. There is no heaven or afterlife for broken down computers; that is a fairy story for people afraid of the dark,” Hawking told the Guardian.

      Hawking ruffled religious feathers in 2010, when in his book, The Grand Design, he wrote:

      “Spontaneous creation is the reason there is something rather than nothing, why the universe exists, why we exist. It is not necessary to invoke God…”

      Blogger Jason Boyett wrote for On Faith at the time about the uncharitable and defensive reaction of some religious people to Hawking’s declaration that God is not ‘necessary.’
      http://www.washingtonpost.com/blogs/under-god/post/stephen-hawking-there-is-no-heaven/2011/05/16/AF6hNs4G_blog.html

      Stephen Hawking ပြောတာလေးလည်း ဖတ်ကြည့်ပါဦးအရီးလတ်ရေ့..
      ပြောရရင်.. အရီးလတ်က.. ဘုရားစကားနားထောင်စပြုနေပြီခေါ်ရမယ်..။ 😆

      ဗုဒ္ဓကဟောခဲ့တယ်..
      .. အဲဒီရှေ့ဘဝ-နောက်ဘဝအယူကို.. မယူပါဘူးတဲ့..

      ရဟန်းတို့ …
      “လောကသည ်မြဲ၏ ဟူ၍လည်းကောင်း” ၊ “လောကသည် မမြဲ ဟူ၍လည်းကောင်း” ၊
      “လောကသည် အဆုံးရှိသည် ဟူ၍လည်းကောင်း” ၊ “လောကသည် အဆုံးမရှိ ဟူ၍လည်းကောင်း” ၊
      “ထိုအသက်သည် ထိုကိုယ်ဖြစ်သည် ဟူ၍လည်းကောင်း” ၊ “အသက်သည် တခြား၊ ကိုယ်သည် တခြားဖြစ်သည် ဟူ၍လည်းကောင်း” ၊
      “သတ္တဝါသည် သေပြီးနောက် ဖြစ်သည် ဟူ၍လည်းကောင်း” ၊ “သတ္တ္တဝါသည် သေပြီးနောက် မဖြစ် ဟူ၍လည်းကောင်း” ၊
      “သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်၊ ဖြစ်လည်းမဖြစ် ဟူ၍လည်းကောင်း” ၊ “သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဟူ၍လည်းကောင်း” ဤသို့ ယုတ်ညံ့သော အကုသိုလ်စိတ်ကို မကြံစည်ကုန်ရာ။

      (ထိုသို့မကြံရစည်ခြင်းသည် အဘယ့်ကြောင့်နည်း)

      ရဟန်းတို့ …
      ဤသို့ကြံစည်ခြင်းသည် ယုတ်ညံ့သည်၊ အကျိုးစီးပွားနှင့်မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ.ရန်၊ တပ်မက်ခြင်းကင်းရန်၊ ဒုက္ခချုပ်ရန်၊ ဒုက္ခချုပ်ငြိမ်းရန်၊ ထူးသောဉာဏ်ဖြင့်သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ လွတ်မြောက်ရန် မဖြစ်။

      ရဟန်းတို့ …
      ကြံစည်လိုကြလိုကြကုန်သော် “ဤကား ဆင်းရဲတည်း” ဟု ကြံစည်ကုန်ရာ၏။ “ဤကား ဆင်းရဲဖြစ်ပေါ်ရာ အကြောင်းတည်း” ဟုကြံစည်ကုန်ရာ၏။

      (အဘယ်ကြောင့် ထိုကဲ့သို့ ကြံစည်ရသနည်း)

      ထိုကဲ့သို့ကြံစည်ခြင်းသည် အကျိုးစီးပွားနှင့်စပ်၏၊ မဂ်တည်းဟူသော အကျင့်မြတ်၏အစ၊ ငြီးငွေ.ရန်၊ တပ်မက်ခြင်းကင်းရန်၊ ဒုက္ခချုပ်ရန်၊ ဒုက္ခချုပ်ငြိမ်းရန်၊ ထူးသောဉာဏ်ဖြင့်သိရန်၊ ကိုယ်တိုင်သိရန်၊ တဏှာမှ လွတ်မြောက်ရန် ဖြစ်၏။
      ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲဖြစ်ပေါ်ရာ အကြောင်းတည်း” ဟုသိရန်အားထုတ်ရမည်။ သို့မှသာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း။

      ကိုးကား

      ( ပြည်ထောင်စုမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်သော ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော် သံယုတ်ပါဠိတော် (မြန်မာပြန်) တတိယတွဲ၊ စာမျက်နှာ ၃၇၁ မှ သုတ်အမှတ်စဉ် ၁၀၇၈၊ စိန္တသုတ် )

      • Khin Latt

        March 22, 2012 at 6:35 am

        သူကြီး က သူ့ဘက်ပါအောင် ဆွဲနေပြီ။ ဟာ … ဟ 😉
        အခုတော့ ညဉ့်နက်ပြီ သူကြီးရေ။ အိပ်တော့မယ်။ Good Night 🙂

      • ကြောင်ကြီး

        March 22, 2012 at 10:53 am

        ရောခက်ကပြီ.. ဆင်ကန်းတောတိုးတဲ့.. သဂျီးကန်းတော့ အပျိုကြီးအိပ်ခန်း မှားဝင်ဆိုပဲ..။
        သဂျီးရည်ညွှန်းကိုးကားလေ့ရှိတဲ့ အဗျာကတာဆိုလားဘာလား.. ဟိုဟာလည်း မဟုတ် ဒီဟာလည်းမဟုတ် ဆိုတာ ဆူနာမီဆရာတော်ပြောတဲ့ အဟုတ်ထင်စွဲညှိခြင်းခြင်းဆိုတာနဲ့ မြင်ကြည့်ပါ။ ဓမ္မသဘောအရ ဘယ်အရာမှ ဟုတ်တယ် မဟုတ်ဘူး ရှိတယ် မရှိဘူး ဖြစ်တယ် မရှိဘူး။ အဲဒါကိုပဲ ပညတ်တင်တော့ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တယ်။ ဒီတော့ လူတွေက ရှိတယ် ဟုတ်တယ် ဖြစ်တယ် မှတ်ကြတယ်။ အဲလိုမပြောပြန်ရင်လည်း ဘယ်သူမှ နားမလည်ဘူး။ တပုဒ်တဂါထာနဲ့ မဂ်ဖိုလ်ဆိုက်တဲ့ခေတ် ကုန်သွားပြီလေ။ ဆူနာမီဆရာတော်ဟောတာတွေကို နားထောင်ကြည့်ပါ။ မစွဲနဲ့ မစွဲနဲ့ အစွဲဖြုတ် ဆိုတာကို နားလည်အောင်ကြိုးစားကြည့်ပါ။ ဘုရားဟောခဲ့တဲ့ နားလည်ရခက်တဲ့ မြဲမမြဲ ဆုံးမဆုံး ဖြစ်မဖြစ် အားလုံးရှင်းသွားလိမ့်မယ်။။

        • ကြောင်ကြီး

          March 22, 2012 at 11:24 am

          ကျန်သွားလို့ သဂျီးကို ပလာတာ ထပ်ကျွေးမယ်ဗျာ…။ စားစေချင်တဲ့ စေတနာနဲ့ပါ။ မရှိ မဟုတ်ဘူးဆိုလို့ လက်တွေ့ ပစ္စုပ္ပန် တွေ့ကြုံခံစားမှု တွေကိုရောလို စောဒက တက်ချင်တက်လိမ့်မယ်။ အဲဒါလည်း တကယ်တော့ မရှိဘူး။ ဘုရားဟောခဲ့တာ စေတသိက် ရုပ် နာမ် နိဗ္ဗာန်ပဲ တကယ်ရှိတယ်။ အဲဒိရှိတယ်ဆိုတာလည်း ပညတ်တင်ပြောတာ၊ ကျုပ်တို့သိတဲ့ ရှိတယ် ဖြစ်တယ်ဆိုတာနဲ့ မတူဘူး၊ နှိုင်းယှဉ်လို့ မရကောင်းဘူး။ ညဏ်မျက်စိနဲ့သာ မြင်ကောင်းတယ်။ ဒီတော့ အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတာ မရှိတရားတွေ… ဒါဆို တကယ်မရှိဘူးလား.. ရှိလို့ အခုကျနော်တို့ ဖြစ်တည်နေကြတာပေါ့.. သို့သော် အမှန်သစ္စာထိုက်တဲ့ မြဲတဲ့အရာ မဟုတ်ဘူး၊ နှိုင်းရသဘောအတိုင်း ဖြစ်ပျက်ပြောင်းလဲနေတဲ့ သမုတိသစ္စာတွေ..။ တခါပြောပြန်ရန် အဲဒီသမုတိအရာတွေကို ပယ်မရလို့ မြတ်စွာဘုရားတောင် ခမည်းတော် မယ်တော် ဆွေတော်မျိုးတော်တွေကို ရုပ်နာမ်တရားတွေဆိုပြီး မပစ်ပယ်ဘူး။ နာမ်ကြောင့်ရုပ်ဖြစ် ရုပ်ကြောင့်နမ်ပြုဆိုပေမဲ့ နေမကောင်းတဲ့အခါ ဆေးဆရာ ဇီဝကခေါ်ပြီး ဆေးကုရတယ်။ ဆိုလိုရင်းက အမှန်မဟုတ်ပေမဲ့ ကံကြောင့်ဖြစ်လာတဲ့ ဖြစ်နေတဲ့အခါ မပြစ်ပယ်ဘူး။ စွန်းလွန်းဆရာတော်ဘုရားကြီး ပြောခဲ့တာ ပညတ်ပရမတ် နှစ်ခုစပ် သိတတ်သူသာမြတ်တဲ့…။ မိုးပြာဂိုဏ်း ပစ္စုပ္ပန်ဂိုဏ်းအယူများသည် အရမ်းအဆင့်မြင့်တယ် သို့သော် အသိဝိဇ္ဇာညဏ်လွန်နေတယ် အကျင့်စရဏမပါဘူး။ ဒီတော့ မမြတ်တဲ့အပြင် ယုတ်သွားစေတယ်။ သဂျီးလည်း ဘုရားဟောသလို ဟိုဒီမဟုတ်ဆိုတာကို တကယ်လက်ခံကျင့်သုံးနိုင်ရင် မြတ်ပါလိမ့်မယ်။ မဟုတ်ဘဲ ကြောင်ကြီးကိုတော့ အလကားကောင် နှစ်ပြားမတန်၊ ငါ့သမီးလေးကြတော့ ဖေ့သမီးလေး တော်ဝန်နန်းထိုက်ရွှေမင်းသမီးလေး မှတ်နေရင်တော့ ဆက်ရက်ချိုးထင် သားမက်သူခိုးထင်ဆိုတာ ဖြစ်နေလိမ့်မယ်ဗျို့…။

  • Ko out of...

    March 22, 2012 at 7:23 am

    ရှေးဘဝနောက်ဘဝတွေဆိုတာ ဘုရားတရား မဟုတ်ပါဘူး..ဘာဖြစ်လို့ မဟုတ်ဘူးလို့ပြောနိုင်လဲ? အဗျာကတ တရားက သက်သေခံနေလို့ဘဲ..နောက်ဘဝ ရှိတယ်ဆိုရင် သဿတဒိဋ္ဌိ၊ မရှိဘူးဆိုရင် ဥစ္စေဒ ဒိဋ္ဌိ၊ ရှိသလား မရှိဘူးလားဆိုရင် ဝီဝိကိစ္ဆာ အပရဝိက္မေပ…

  • weiwei

    March 22, 2012 at 1:23 pm

    အရီးလတ်နဲ့ ကိုကြောင်ကြီးရဲ့ ကွန်မန့်တွေအတွက် ကျေးဇူးတင်ပါတယ် …
    ကိုယ်နဲ့ဉာဏ်မမှီတိုင်း မရှိဘူး မသိဘူး မယူဘူးလို့ ဇွတ်ငြင်းနေကြရင်တော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ပါဘူး … မတူသောအတွေးဆိုတိုင်းလဲ အမြဲမှန်ကန်တာမဟုတ်ပါဘူး … တူသင့်ရင်လဲ တူရမှာပေါ့ … သူကတော့ ရှိတဲ့ဘက်ကိုယူတယ် … ငါကတော့ သူနဲ့မတူအောင် မရှိတဲ့ဘက်မှာနေမယ်ဆိုတဲ့ စိတ်မျိုးမထားပဲနဲ့ စိတ်ကိုဗလာအနေအထားနဲ့ ပြန်စဉ်းစားကြည့်လိုက်ရင် (ငါသိတယ်ဆိုတဲ့ အတ္တလေးတစ်ခုကိုဖယ်လိုက်ရင်) အမှန်အတိုင်းမြင်နိုင်ဖို့ ပိုနီးစပ်မယ်လို့ ထင်ပါတယ် ….
    သူကြီးရဲ့ ငြင်းခုန်ခြင်းအနုပညာကို နားလည်ပါသော်လည်း …
    သူကြီးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မတူသောအတွေး ဆိုတာကို လက်ခံနိုင်ပါသော်လည်း …
    ပိဋိကတ်သုံးပုံကို ယုံကြည်နိုင်ပါသော်လည်း …
    ………. သော်လည်း
    ………. သော်လည်း …..

    • kai

      March 22, 2012 at 2:07 pm

      အင်း…
      တကယ်တော့.. ကျုပ်က..သရဲ..နတ်ပြည်ရှိနိုင်တယ်ဆိုတာကို.. သိပ္ပံနည်းကျ(တတ်သလောက်မှတ်သလောက်) တွက်ပြခဲ့ဖူးသူ… (အယ်ဒီတာ့သင်ပုန်းမှာတောင်ရေးဖူးတယ်..)
      နောက်ဘဝ မရှိဘူးပြောသူရှိရင်.. ရှိနိုင်တယ်.. တွက်ချက်ပြောပြခဲ့ဖူးသူ.. တွက်မဲ့သူပါ…

      ဒါပေမဲ့..
      အဲဒီ.. ရှေ့ဘဝ..နောက်ဘဝ ရှိ/မရှိ/ရှိသလိုလို/မရှိသလိုလို.. စတဲ့အယူကို (လောကုတ္တရာဖက်ကပြောရင်)မယူပါဘူး..
      (နားမလည်ဘူးဖြစ်နေကြသလားမသိ…။) 😕

      • Khin Latt

        March 22, 2012 at 4:05 pm

        ဟယ် တဂျီးလေး စိတ်ထိခိုက် တွားပြီ ဝေဝေ ရေ။ 😆

        နောက်တာပါ သူကြီး ရယ်။
        သူကြီး ဘာကို ဆိုလိုတယ်။
        သူကြီး ဘယ်လောက် ဖဲ (တစ်ခြား မတွေး ရ) ကို နှစ်သက် တယ် ဆိုတာ အားလုံး သိကြပါတယ်။

        ဦးကြီးပု …. သူကြီးပို့ ထား တဲ့ ဂျော်နီ လမ်းလျှောက် တွေ ကျန်သေးရင် တစ်ပုလင်းလောက် ချေး စမ်းပါဦး။
        သူကြီး ကို ပြန်ချော့ ရအောင်။ အ ဟိ 😉
        အခုတော့ ကျုပ် အလုပ် ဝင်ပြီ ဗျို့။

      • weiwei

        March 22, 2012 at 8:00 pm

        ယူတယ် မယူဘူး နှစ်လုံးထဲနဲ့ ရှုပ်နေပြီ … 😛
        သူကြီးရဲ့ စိတ်သဘောထားကို နားလည်တာပေါ့ … အရာရာတိုင်းကို ချင့်ချင့်ချိန်ချိန်နဲ့ တွေးတတ်စေချင်တဲ့ စေတနာတစ်ခုနဲ့ ဒီဆိုဒ်ကိုထောင်ထားပြီး ငြင်းခုန်ခြင်းအနုပညာကို လက်တွေ့အသုံးချတတ်အောင် လေ့ကျင့်ပေးနေတာကို သိပါတယ် … သူကြီးက အဖ ဝီကီနဲ့ အမိ ဂေါ်ဂယ်အားကိုးနဲ့ အချက်ကျကျ ပြန်ချေပတတ်တာကြောင့် တော်ရုံနဲ့တော့ သူကြီးနဲ့ပြိုင်ပြီး ငြင်းဖို့ စိတ်မဝင်စားကြပါဘူး …
        နောင်ဘဝဆိုတာ ရှိတယ်ပဲဖြစ်ဖြစ် မရှိဘူးပဲဖြစ်ဖြစ် ယုံတယ်ပဲဖြစ်ဖြစ် မယုံဘူးပဲဖြစ်ဖြစ် မယုံတယုံပဲဖြစ်ဖြစ် အရေးကြီးတာက အခုဘဝမှာ ကောင်းတာလုပ်ဖို့နဲ့ စိတ်ထားကောင်းဖို့ပဲ … ပစ္စည်းဥစ္စာကို စွဲလန်းနေတာ ကောင်းလား မကောင်းလား ဆိုတာ လူတိုင်းသိပါတယ် … ဒီပို့စ်ရဲ့ ရည်ရွက်ချက်က ပစ္စည်းဥစ္စာကို မစွဲလန်းကြဖို့ သက်သေတစ်ခုနဲ့ သတိပေးခြင်းပါပဲ …

        သူကြီးက စိတ်ဝင်စားစွာနဲ့ ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ….

  • pooch

    March 22, 2012 at 8:28 pm

    အရီးလတ်ပြောတဲ့ Richard Dawkins ပြောသလိုမျိုး ကျမတို့ ဆီက အမှတ်မမှားရင် တာရာမင်းဝေ ရေးခဲ့ဖူးတယ်။
    ဘုရားသခင် ရှိသည်/မရှိသည်။ အဲ့ဒီအကြောင်းကို သိပံ္ပနဲ့ရော ဘုရားဟောနဲ့ရော ကိုက်ပြီး ပြောသွားတာ ။
    ဖတ်ပြီးပြီးချင်း နားတွေရော မျက်လုံးတွေရော ပြာပြီး လူတောင် တော်တော်လေး ငိုင်ပြီး အတွေးထဲမှာ မျောသွားတာ။ မှတ်မှတ်ရရ ဂျာနယ်တွေ ပေါ်ခါစက နာမည်ကြီး စာစောင်တခုမှာထင်တာပဲ။ နောက်အပတ်ကျ အဲ့ဒီဆောင်းပါးနဲ့ ပတ်သတ်ပြီး တုံ့ပြန်မှုတွေ အမျိုးမျိုး အများကြီး ရခဲ့တယ်လို့ ပြောတယ်။

    ဒါပေမဲ့ ကျမအဲ့ဒီက ရခဲ့တာ ဆင်ခြင်တုံတရား ဆိုတဲ့ အလင်းလေးပါ။ ကျမ ငယ်ပါသေးတယ် အဲ့ဒီစာကို ဖတ်တုန်းက ။ အတွေးလည်း နုပါသေးတယ်။ မှတ်မိနေတာလေး တခုက ဟိုအရင် ဘုရားလက်ထက်မှာ ရှင်အာနန္ဒာက လပေါ်ဆိုတာကို လူတို့ မရောက်နိုင်တဲ့။ ဆိုထားတယ်။ အဲ့ဒါကို သူက အခုခေတ် လပေါ်လူတွေ ရောက်နေတာနဲ့ပတ်သတ်ပြီး ပြောသွားတာ။ဖတ်ခဲ့ဖူးတာ တော်တော်ကြာနေလို့ ကျမ အမှတ်မှားနေတာလည်း ဖြစ်နိုင်ပါတယ်။ ရှာပေမဲ့ မတွေ့တော့ဘူး အဲ့ဒီဆောင်းပါး။

  • နေဝန်းနီ

    March 22, 2012 at 10:17 pm

    ဝါးးးးးးးး တူရို့ကျောတာ နားယောင်ပီးးးးးး အိပ်ဂျင်လာပြီ တားတားအပ်တော့မယ်… အန်တီဝေ

  • pyaponthu

    March 23, 2012 at 7:36 pm

    ံနောက်ဘဝ ဆိုတာ ယုံတယ်။ကြုံမှ ကိုယ်တွေ့ အဖြစ်အပျက်တွေ တင်ပြပါဦးမည်။

Leave a Reply