weiweiJune 22, 20171min49621
စပ်စုခြင်း အနုပညာ   ရွာထဲမှာ စာရေးချင်တာနဲ့ စိတ်ထဲပေါ်လာတာ ကောက်ရေးလိုက်ပါတယ် …   စပ်စုခြင်းဆိုတာက သိချင်စိတ်တစ်ခုနဲ့ စူးစမ်းခြင်း လေ့လာခြင်းဖြစ်ပါတယ်။ တစ်ချို့တွေ သိချင်စိတ်က သူများအကြောင်း အတွင်းရေးကိစ္စများ မသိစေချင်တဲ့ကိုယ်ရေးကိုယ်တာများကို စပ်စပ်စုစုနဲ့သိချင်တာမျိုး ရှိပေမယ့် တစ်ချို့တွေကတော့ ကိုယ်စိတ်ဝင်စားရာအကြောင်းအရာကို သိချင်စိတ်နဲ့ ဗဟုသုတရအောင် စပ်စုခြင်းဖြစ်ပါတယ်။   ဒီနေရာမှာ ပြောချင်တာက အထွေထွေဗဟုသုတနဲ့သက်ဆိုင်တဲ့ စပ်စုခြင်းဖြစ်ပါတယ်။   ဗဟုသုတအများဆုံးရနိုင်တဲ့နေရာကို ပြောပါဆိုရင် ပထမဦးစားပေးက စာအုပ်များဖြစ်ပါတယ်။ စာဖတ်ခြင်းက အကောင်းဆုံးစပ်စုခြင်းဖြစ်ပါတယ်။ ဟိုးရှေးခေတ်က ဘယ်လိုနေထိုင်တယ် ဘယ်လိုစားသောက်တယ် ဘယ်လိုတွေးခေါ်တယ်ဆိုတာမျိုးက စာအုပ်တွေကတဆင့်တာ သိနိုင်တာမျိုးပါ။ ဘာသာရေး လူမှုရေး နည်းပညာဆိုင်ရာ စာအုပ်တွေဆိုတာ တိကျသေချာတဲ့မှတ်တမ်းတစ်ခုဖြစ်တာမို့လို့ အယုံကြည်ရဆုံးပါပဲ။ စာအုပ်ဖတ်ရတာပျင်းတယ်ဆိုရင် အခုခေတ်မှာ တီဗီကနေတဆင့် စပ်စုလို့ရပါသေးတယ်။ ချယ်နယ်အမျိုးမျိုးကနေ အကြောင်းအရာအမျိုးမျိုးကို […]


weiweiJuly 29, 20161min64017
ရွာထဲ ခဏဝင်ကြည့်ရင်း တစ်ခုခုရေးခဲ့ချင်စိတ်ပေါက်လို့ပါ .. ပို့စ်မတင်ဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီမို့လို့ .. ခေါင်းစဉ်တစ်ခု စဉ်းစားလိုက်တယ်   အဲဒါကတော့ ….   ရွေးချယ်ဖို့ အခွင့်အရေး ရခဲ့မည်ဆိုလျှင် ….   ကျွန်မတို့တွေအားလုံး ရွေးချယ်မှုတွေတစ်ခုပြီးတစ်ခုလုပ်ရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေကြရပါတယ်။ ရွေးတဲ့နေရာမှာလဲ ရွေးလို့ရရင်ရသလောက်ရွေးတတ်ကြတယ်။ တကယ်လို့များ မနက်စာကို ပဲပြုတ်ထမင်းကြော်တစ်မျိုးပဲ ရမယ်ဆိုလျှင် ကျွန်မတို့တွေ အဲဒါကိုပဲ စိတ်လျော့ပြီး စားလိုက်ကြမှာပါ။ နောက်တစ်မျိုးထပ်တိုးရရင်ဆိုရင် နှစ်မျိုးထဲက တစ်မျိုးကို ရွေးကြရလိမ့်မယ်။ သုံးမျိုးဆိုရင် သုံးမျိုးထဲကတစ်မျိုးကို ရွေးကြရပါတယ်။ ရွေးချယ်ခွင့်များလေလေ ရွေးချယ်ရခက်လေလေပါပဲ။ အဲလိုအခြေအနေမှာဆိုရင်တော့ မှန်ကန်စွာရွေးချယ်တတ်ဖို့ အရေးကြီးလာပါပြီ။ အစားအသောက်တင်မက အဝတ်အထည်မှာလဲ အတူတူပါပဲ။ ရွေးချယ်မှုတွေနဲ့ အသားကျလို့နေပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ ရွေးချယ်မှုတွေမှာတော့ သေသေချာချာ အကြိမ်ကြိမ် စဉ်းစားဆုံးဖြတ်ဖို့တော့ […]


weiweiNovember 5, 20141min63741
အခုတလော သိသိသာသာပြောင်းလဲမှုက ခေါင်းတမော့မော့ဖြစ်နေတဲ့ကိစ္စ … ဘယ်အချိန်ကစပြီး ခေါင်းမော့သွားလဲဆိုတာ သတိမထားမိခဲ့ပေမယ့် သတိထားမိချိန်မှာ တော်တော်လေးမော့နေပြီ။ ငယ်ငယ်လေးထဲက ဘယ်တော့မှ ခေါင်းမမော့ပဲ အောက်ကိုချည်းငုံ့ကြည့်နေတတ်ခဲ့တာ။ လူတောမတိုးသလိုလို၊ ကြောက်သလိုလိုနဲ့ ခပ်ရွံ့ရွံ့နေတတ်ခဲ့တယ်။ အမြဲတမ်း ခေါင်းငုံ့ပြီး လမ်းလျှောက်တယ်။ စာဖတ်ရင်လဲ ငုံ့ကြည့်ပြီး ဖတ်ခဲ့တယ်။ အခုနောက်ပိုင်း လမ်းလျှောက်ရင်လဲ ခေါင်းတမော့မော့၊ ကွန်ပျူတာကြည့်လဲ ခေါင်းတမော့မော့၊ စာအုပ်ဖတ်လဲ စာအုပ်ကိုထောင်ပြီး ခေါင်းမော့ဖတ်လေ့ရှိနေပြီ။ ဘာကြောင့်များပါလိမ့်ပေါ့ .. တရားခံက မျက်မှန်ဖြစ်နေတယ်။ ငယ်ငယ်ထဲက မျက်စိပါဝါများလို့ မျက်မှန်တပ်ခဲ့ရပေမယ့် ဘာမှမသိသာခဲ့။ ဒီအတိုင်းမျက်မှန်တပ်လိုက်ရင် အားလုံးမြင်နေရတယ်။ အဝေးကြည့်ကြည့် အနီးကြည့်ကြည့် အားလုံးအိုကေခဲ့တယ်။ ပြသနာစဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ၃ နှစ်လောက်က မျက်မှန်တပ်ပေမယ့် အနီးကြည့် အထူးသဖြင့် ကွန်ပျူတာကို ကောင်းကောင်းမမြင်ချင်တော့၊ စာအုပ်ထဲကစာကို မဖတ်နိုင်တော့ဘူး။ အဲဒီတော့ […]


weiweiOctober 15, 20141min86641
  သဘာဝရဲ့ ဂရုဏာ ။ https://myanmargazette.net/205792   သဘာဝရဲ့ ဂရုဏာပို့စ်နဲ့ ဆက်စပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။ မွသဲက သဘာဝရဲ့ ဂရုဏာပို့စ်ကို တင်လိုက်ပြီးပြီဆိုတော့ ဘိုးဘွားတွေအတွက် လိုအပ်ချက်တွေကို သိသင့်သလောက်သိသွားကြပါပြီ။ သိသွားတဲ့အခါမှာ ဒုက္ခရောက်နေသူတွေ စုဝေးနေတဲ့နေရာကို စီမံအုပ်ချုပ်တဲ့အခါ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ဆောင်ရွက်နေသလဲဆိုတာနဲ့ ဒုက္ခတွေကို ဘယ်လိုခွန်အားတွေနဲ့ အံတုပြီးနေကြသလဲဆိုတဲ့ သဘာဝရဲ့ တရားဓမ္မတွေကို စိတ်ဝင်စားမိခဲ့ပါတယ်။ တကယ်စဉ်းစားကြည့်ရင် သာမန်မိသားစု ၅ ယောက်လောက်ရှိတဲ့ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့ လူမှုရေးကိစ္စတွေကို စီမံဆောင်ရွက်နို်င်ဖို့တောင် ခက်ခဲပါတယ်။ လူပေါင်း ၂၀၀ဝ ကျော်ကို နေ့စဉ် စားဝတ်နေရေး ကျန်းမာရေးအဆင်ပြေအောင် ဆောင်ရွက်နေရတဲ့ ရိပ်သာတစ်ခုအနေနဲ့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ မှန်းဆလို့တောင် မရနိုင်ပါဘူး။ ဆရာတော်ကပြောပြပါတယ်။ တကယ်တော့သူစလုပ်တဲ့အခါမှာ အခုလို အများကြီးကနေ စလုပ်ခဲ့တာမဟုတ်ပါဘူး။ တစ်နိုင်တစ်ပိုင် […]


weiweiOctober 11, 20121min49923
ဒီနေ့ကြုံတွေ့ခဲ့ရသည့် ရင်မောစရာ အဖြစ်အပျက်လေးတစ်ခုကို စိတ်ထဲကနေ ထုတ်မရဖြစ်နေတာမို့ ရွာထဲကလူတွေကို မျှဝေရင်း အကြံကောင်း ဉာဏ်ကောင်းများနဲ့ မတူညီသောအတွေးတွေကို သိချင်လာတာမို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဒီလိုပါ … ဒီနေ့နေ့လည် ထမင်းစားချိန်မှာ ကိစ္စတစ်ခုရှိတာမို့ ရုံးအပြင်ကို ခဏထွက်လာခဲ့ပါတယ်။ ရုံးအပေါက်ကနေ ကားလမ်းမပေါ်ကို ခဏလောက်လမ်းလျှောက်ရမှာမို့ ခပ်သုတ်သုတ်လျှောက်လာတုန်း အနောက်ကနေ ကလေးအသံတစ်သံကို ကြားလိုက်ပါတယ်။ ” အန်တီ … အန်တီ ” နဲနဲတော့ အံ့ဩသွားတယ်။ ဒီပတ်ဝန်းကျင်မှာ ကလေးအသိတစ်ယောက်မှ မရှိဘူးဆိုတော့ ဘာဖြစ်လို့များပါလိမ့်ပေါ့။ လှည့်ကြည့်လိုက်တော့ ကလေးမလေးတစ်ယောက်ဖြစ်နေတယ်။ အသက် ၈ နှစ်လောက်အရွယ် ကျောင်းဝတ်စုံ ဖရုံဖရဲနဲ့ လွယ်အိပ်အဟောင်းတစ်လုံးကို လွယ်ထားတယ်။ ခြေထောက်မှာ ဖိနပ်မပါဘူး။ ဒီကလေးမလေးကို ကျွန်မမသိပေမယ့် သူတို့အကြောင်းကို အနဲအကျဉ်းသိပါတယ်။ ကျွန်မအလုပ်လုပ်တဲ့ ရုံးနဲ့ကပ်လျက်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ […]


weiweiMay 4, 20121min50124
ဒီကနေ့မနက်ပိုင်း အသုဘတစ်ခုပို့ခဲ့ရပါသည်။ ဗုဒ္ဓဟူးနေ့ကလဲ တစ်ခုပို့ခဲ့ရလို့ ဒီအပါတ်ထဲ ၂ ကြိမ်ရှိသွားပြီ။ အသုဘတစ်ခါပို့တိုင်း အနိစ္စကို သံဝေဂယူနိုင်လု့ိ ဘုန်းကြီးကျောင်း ဆယ်ခါသွားရင်ရမယ့် တရားနဲ့ညီမျှတဲ့ အသိနဲ့တူညီလို့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်လို့ ဆိုရိုးရှိခဲ့ပါတယ်။ အသုဘကို ကြည့်မိတိုင်း ငါသည်တစ်နေ့သေရမည် .. လို့ပဲ သံဝေဂရမိပါတယ်။ ကျွန်မအလုပ်က ဝန်ထမ်းနဲ့မိသားစုဝင်တွေများတဲ့အတွက် သာရေး နာရေး အလွန်များပါတယ်။ သိသိ မသိသိ သေတဲ့သူရှိရင် အကူငွေ ၅၀၀ဝ နဲ့ အသုဘပို့လိုက်ရလေ့ရှိတဲ့အတွက် ဘုရားရှိခိုးတိုင်း ဝန်ထမ်းမိသားစုတွေ ကျန်းမာကြပါစေလို့ အမြဲတမ်း မေတ္တာပို့သမိသည်အထိ အသုဘဆိုတဲ့အသံကို မကြားချင်ခဲ့ဘူး။ ကျွန်မပြောပြချင်တာက ယနေ့ပို့ခဲ့ရတဲ့ အသုဘအကြောင်းပါ … ဖွချင်တယ်ဆို ပိုမှန်မယ်။ သေဆုံးသွားသူက ရခိုင်ပြည်နယ် ကျောက်တော်ကနေ ရန်ကုန်ကို ခဏလာလည်တဲ့ အသက် ၅ဝ […]


weiweiMarch 20, 20121min81041
ဒီပို့စ်မှာ ပြောပြချင်တာက တကယ့်အဖြစ်အပျက်လေးတစ်ခုပါ။ တပေါင်းလပြည့်နေ့တုန်းက ပန်းတနော်ကို သွားလည်ရင်း မြတောင်ဆရာတော်ကျောင်းကို ရောက်ခဲ့ပါတယ်။ ဆရာတော်ဆီမှာ လှူဖွယ်ဝတ္ထုတွေလှူဒါန်းကြပြီးနောက် ဆရာတော်မှ တစ်ခါထဲ ရေစက်ချအမျှပေးဝေခဲ့ပါတယ်။ ရေစက်ချပြီးနောက် ဆရာတော်မှ အဖြစ်အပျက်လေးတစ်ခုကို ပုံပြင်သဖွယ် ပြောပြခဲ့ပါတယ်။ ပန်းတနော်မြို့နယ်က ရွာတစ်ရွာမှာ (ရွာနံမည်မေ့သွားလို့ ..) အဖွားကြီးတစ်ယောက်ရှိခဲ့တယ်။ ရွှေတွေငွေတွေ စုဆောင်းထားတယ်လို့ သားသမီးတွေအနေနဲ့ သိထားကြပေမယ့် ဘယ်နားမှာ သိမ်းထားမှန်းမသိခဲ့ကြဘူး။ တစ်နေ့တော့ အဖွားကြီးသေသွားတယ်။ သားသမီးတွေလဲ တစ်အိမ်လုံးအနှံ့ပစည်းလိုက်ရှာကြပေမယ့် ဘယ်မှာဝှက်ထားခဲ့မှန်း မသိခဲ့ကြဘူး။ ဒီလိုနဲ့ လတွေ နှစ်တွေကြာသွားပြီး တစ်ညမှာ သားတစ်ယောက်ဆီကို အိမ်မက်လာပေးတယ်တဲ့။ အိမ်မက်ထဲမှာ ငါဒီပစည်းတွေကို မစောင့်နိုင်တော့ဘူး။ နင်တို့ပဲ ယူလိုက်တော့လို့ ပြောတယ်တဲ့။ ပြောတဲ့နေရာက ရွာလယ်ကန်သင်းဘေးနားမှာ … လက်ထဲမှာ တောင်ဝှေးတစ်ချောင်းကိုင်ထားပြီး တောင်ဝှေးနဲ့ လယ်ကန်သင်းကို ထောက်ပြပြီး […]


weiweiMarch 11, 20121min84045
ပေါ့ပေါ့ပါးပါး အတင်းပြောချင်စိတ်ပေါက်လာလို့ တကယ့်အဖြစ်အပျက်လေးတစ်ခုကို စာချရေးလိုက်ပါတယ်။ ကျွန်မမိဘတွေနေတဲ့ရပ်ကွက်ထဲမှာပေါ့ … အိမ်တွေက လုံးချင်းအိမ်တွေဖြစ်ပြီး ခြံစည်းရိုးတွေခပ်မြင့်မြင့်နဲ့ ဖာသိဖာသာနေတတ်ကြတယ်။ တစ်အိမ်နဲ့တစ်အိမ် မမြင်ရပေမယ့် ကျွန်မတို့အိမ်ဘေးအိမ်က ကားဂိုဒေါင်အပေါ်ထပ်က ဒရိုင်ဘာနေတဲ့အိမ်ခန်းကိုတော့ ကြည့်ရင်မြင်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ခါတိုင်းတော့ လူနေလိုက် မနေလိုက်နဲ့ အမြဲလိုလိုပိတ်ထားတဲ့အခန်းတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ – ၄ လလောက်ကစပြီး မိသားစုတစ်ခုပြောင်းလာပြီးနေထိုင်ကြတယ်။ အသက် ၅ဝ လောက်ခန့်မှန်းရတဲ့ ဒရိုင်ဘာလူကြီးရယ်၊ အသက် ၅ဝ လောက်ရှိတဲ့ မိန်းမတစ်ယောက်ရယ်၊ ကလေး ၄ ယောက်ရယ်၊ အသက် ၂ဝ ကျော်လောက် ကောင်မလေးတစ်ယောက်ရယ်ဆိုတော့ လူကများပြီး အခန်းကခပ်ကျဉ်းကျဉ်းပါပဲ။ ကျွန်မတို့လဲ လူအသစ်တွေပြောင်းနေတာဆိုတော့ နဲနဲစပ်စုကြည့်မိတာပေါ့ .. ကျွန်မ အမေက လင်မယားနှစ်ယောက်နဲ့ ကလေး ၄ ယောက်ဖြစ်မယ်ဆိုပြီး အသက် ၅ဝ […]


weiweiJanuary 26, 20121min61165
( ဒီပို့စ်မှာရေးချင်တဲ့ ဆင်းရဲခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ) ကျွန်မသည် ဆင်းရဲသားများနှင့် နှစ်ရှည်လများတစ်ရပ်ကွက်ထဲတွင် အတူနေထိုင်ခဲ့ရပါသည်။ ကျွန်မကိုယ်တိုင် မချမ်းသာသော်လည်း သူတို့နဲ့ယှဉ်လိုက်ရင်တော့ ကျွန်မက သူဌေးတစ်ယောက်လို့ သူတို့က သတ်မှတ်ပါလိမ့်မည်။ ကျွန်မက ဆင်းရဲသားလို့သတ်မှတ်လိုက်တဲ့သူများကတော့ အစိုးရပိုင် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြသော၊ သာမာန်အဆင့် အမှုထမ်းများနေထိုင်သော၊ စက်ရုံမှပေးသော၊ လိုင်းခန်းဟုခေါ်ထွင်သော၊ အဆင့်အတန်းအတော်အတန်မြင့်သော၊ ၆ ထပ်တိုက်ခန်းများတွင်နေထိုင်ကြသော အမှုထမ်းဝန်ထမ်းအိမ်ရာများမှ အမှုထမ်းမိသားစုများဖြစ်ပါသည်။ စုစုပေါင်းတိုက်ခန်းပေါင်း ၃၀ဝ နီးပါးနဲ့ အိမ်ထောင်စုပေါင်း ၅၀ဝ နီးပါးလောက်နေထိုင်ကြသော ခြံဝင်းကြီးအတွင်းမှ မြေညီထပ်အခန်းတစ်ခန်းတွင် ကျွန်မနေထိုင်ခဲ့ပါသည်။ မကြားချင် မမြင်ချင်မှအဆုံး အားလုံးကို သိနေရသည့်ကျွန်မအတွက် ဆင်းရဲခြင်းဆိုတာ ဒီလိုပါလားလို့ နားလည်ခဲ့ရသည့် အချိန်ကာလများဖြစ်ပါသည်။ မနက်မိုးမလင်းခင်ကထဲက အောက်ဆုံးထပ်ကနေ အပေါ်က ၅ ထပ်စလုံးကို အဆဲနဲ့စတင်ပြီး အတင်းတုတ်ခြင်းနဲ့အဆုံးသတ်ကာ […]


weiweiJanuary 17, 20121min110936
ငယ်ငယ်တုန်းကအကြောင်း ပြန်တွေးမိတိုင်း ကစားမက်ခဲ့တာတွေကို ထင်ထင်ရှားရှားပြန်သတိရလေ့ရှိပါတယ်။ လမ်းမထွက်ပြီး ကစားနေရလျှင် ထမင်းမေ့ဟင်းမေ့ကစားလေ့ရှိပါတယ်။ ကျောင်းသွားရမှာကိုလဲ အလွန်ပျော်တယ်။ ကျောင်းမှာဆို လူများများနဲ့ပိုကစားလို့ကောင်းသည်လေ။ ဈေးကြီးနဲ့နီးပြီး ဈေးသည်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းကြတဲ့ ကျွန်မတို့မိသားစုမှာ ကလေးတွေကို သေချာဂရုစိုက်ဖို့ အချိန်မရကြပါဘူး။ အိမ်နီးနားချင်းကလေးတွေနဲ့ ဆော့ကစားရင်း ငယ်ဘဝတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်မအတွက် ထူးထူးခြားခြား သတိရစရာတွေကတော့ မူလတန်းအရွယ်၏ နွေရာသီကျောင်းပိတ်ရက်များဖြစ်ပါတယ်။ ကျောင်းပိတ်ပြီဆိုတာနဲ့ မိဘတွေကထိန်းရသက်သာအောင် အဖိုးအဖွားအိမ်ကို ပို့ထားလေ့ရှိပါတယ်။ မြို့ပြင်မှာနေတဲ့ အဖိုးအဖွားအိမ်က အခုတွေးကြည့်လိုက်ရင် နိဗ္ဗာန်ဘုံလေးတစ်ခုလိုပဲ အေးချမ်းလွန်းလှပါတယ်။ ခြေတံရှည် သစ်သားအိမ်လေးတစ်လုံးမှာ ဖိုးဖိုးရယ် ဖွားဖွားရယ် ကျွန်မနဲ့ရွယ်တူ အစ်ကိုဝမ်းကွဲတစ်ယောက်ရယ် နေကြတယ်။ အိမ်ရှေ့မှာ ဝရန်တာနဲ့ အိမ်နောက်ဖက်မှာ ရေကပြင်လေးနဲ့ ထညင်းပင်ကြီးက ရေကပြင်ကို မိုးနေတာက နွေရာသီနေ့လည်တွေကို အေးမြစေပါတယ်။ တစ်ဧကလောက်ကျယ်ဝန်းပြီး သစ်ပင်ကြီးတွေအပြည့်ရှိတဲ့ ဖိုးဖိုးအိမ်က […]


weiweiJanuary 6, 20121min2519
ကျွန်မရုပ်ရှင်ကြည့်တာ ဝါသနာပါပါတယ်။ ရုပ်ရှင်ကားတွေအများကြီးကြည့်ဖူးတယ်။ ဒါပေမယ့် နံမည်တွေကို မှတ်လို့မရဘူး။ မင်းသား၊ မင်းသမီးနံမည်တွေလဲ မှတ်ထားလေ့မရှိပါဘူး။ ရုပ်ရှင်ကြည့်နေတုန်း ရုပ်ရှင်ကို ခံစားပြီးကြည့်တယ်။ ရုပ်ရှင်ကပေးတဲ့ သုတ ရသကို အာရုံစိုက်လေ့ရှိပြီး ကျန်တာတွေကို မေ့ပစ်တတ်တဲ့ အကျင့်တစ်ခုကြောင့် ရုပ်ရှင်တွေအကြောင်းပြောမယ်လို့ စဉ်းစားလိုက်တိုင်း အစဖော်မရဖြစ်နေတာနဲ့ ရုပ်ရှင်အကြောင်း ရေးမယ့်စိတ်ကူး အကောင်အထည်မဖော်နိုင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တချို့ဇာတ်ကားတွေကိုတော့ စိတ်ထဲမှာ အရမ်းအမှတ်ရနေမိတတ်ပါတယ်။ ထူးခြားတဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကောင်းတဲ့ဇာတ်လမ်းမျိုးပေါ့။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်ဖူးတဲ့ Last Holiday ဇာတ်ကားကို ကျွန်မအရမ်းမှတ်မိနေပါတယ်။ ပိုစတာက လူမဲအမျိုးသမီးသရုပ်ဆောင် Queen Latifah ၊ မင်းသားကလဲ လူမဲမင်းသားမို့ အဲဒီကားကို တော်တော်နဲ့ မကြည့်ဖြစ်ခဲ့ဘူး။ နောက်ဆုံးသိပ်ပျင်းတဲ့တစ်ရက်မှာ ဘာမှကြည့်စရာမကျန်တော့နဲ့ အဲဒီကားလေးကို ကြည့်မိတယ်။ ဇာတ်လမ်းက […]


weiweiDecember 27, 20111min51329
တစ်နှစ်စာ သင်ခန်းစာ ကျွန်မ ရွာလည်နေခဲ့တာ ၁၄ လ ရှိသွားပါပြီ။ အင်တာနက်မရတဲ့နေရာ ရောက်နေတဲ့အချိန်ကလွဲပြီး နေ့တိုင်းနေ့တိုင်း ရွာထဲဝင် ပို့စ်တွေဖတ်၊ သင်ခန်းစာတွေယူ၊ ကိုယ်သိတာလေးပြန်မျှရင်းနဲ့ ဂေဇက်နဲ့ပတ်သက်ရင် တော်တော်လေးနားလည် အကျွမ်းဝင်ပြီး အထာသိနေတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့ပါပြီ။ ဒီလောက်ကြာကြာ အချိန်ပေးပြီး ရေးနေ ဖတ်နေနိုင်တာကိုက ဂေဇက်ရဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ကျွန်မတို့အပြင်လောကမှာ မိတ်ဆွေတွေရှိပါတယ်။ အများအားဖြင့် လိုင်းတစ်လိုင်းထဲမှာပဲ များတယ်။ ကျောင်းကသူငယ်ချင်းတွေရှိမယ်။ အလုပ်နဲ့ဆိုင်တဲ့မိတ်ဆွေတွေရှိမယ်။ ဆွေမျိုးရင်းခြာအနည်းငယ်ရှိတယ်ပေါ့။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် လိုင်းမစုံပါဘူး။ မြန်မာပြည်ထဲမှာ ကျွန်မမသိတာတွေ အများကြီး (အများကြီး) ရှိနေပါတယ်။ နိုင်ငံတကာဗဟုသုတလဲ အများကြီးသိဖို့ လိုနေပါသေးတယ်။ လက်လှမ်းမမှီတဲ့ အကြောင်းအရာအဖြစ်အပျက်တွေ၊ ဗဟုသုတတိုးစရာ အံ့ဖွယ်အဖြစ်အပျက်တွေအများကြီး သိစရာတွေ ရှိနေပါသေးတယ်။ သူငယ်ချင်းတစ်ယောက်ကပြလို့ ဂေဇက်ကိုဝင်ကြည့်လိုက်ချိန်မှာ လူပေါင်းစုံက လိုင်းပေါင်းစုံ ဝင်ရေးကြတာကို […]


weiweiDecember 20, 20111min37418
ဆန္ဒမရှိပဲ အသက်ရှင်နေတဲ့ လူရယ်လို့ ရှိမည်မထင်ပါ။ ဆန္ဒတွေအမျိုးမျိုးအတွက် အသက်ရှင်ရပ်တည်နေရင်း ဆန္ဒပြည့်ဖို့အရေး ကြိုးပမ်းရင်း နေ့ရက်တွေ ကုန်ဆုံးနေကြတာပါလားလို့ သတိထားမိတာနဲ့အမျှ လူဆိုတာ အသက်ပိုကြီးလာလေလေ ဆန္ဒပိုများလာလေပါလားလို့ တွေးမိလာတာနဲ့ တစ်နေ့တာအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရိုးရှင်းလေးဆန္ဒများကို သတိထားသုံးသပ်ကြည့်မိပါတယ်။ ရုံးပိတ်ရက်မနက်စောစော အိပ်ယာထချိန်ကစလို့ ဆန္ဒတွေစဖြစ်တယ်။ အိပ်ယာစောစောထချင်တယ် … မနက်စောစော ဘုရားထရှိခိုးရမယ်ကောင်းမယ်လို့ ဆန္ဒဖြစ်တယ်။ ရုံးပိတ်တုန်း ကောင်းကောင်းအိပ်ပစ်လိုက်ချင်တဲ့ ဆန္ဒလဲဖြစ်တယ်။ ဆန္ဒတစ်ခုနဲ့တစ်ခု အားပြိုင်ရင်း တစ်ခုက အနိုင်ရသွားတာပါပဲ။ ပြီးတာနဲ့ နံနက်စာစားဖို့အတွက် ဆန္ဒဖြစ်ပြန်ပြီ။ ဘာနဲ့စားချင်ပါလိမ့်လို့ စဉ်းစားတယ်။ အလွယ်တကူစားလို့အဆင်ပြေမယ့် ညကကျန်တဲ့ထမင်းနဲ့ ကြက်ဥ အသီးအရွက်နဲနဲရောပြီး ထမင်းကြော်လိုက်ရင် အလုပ်ရှုပ်သက်သာမယ်။ ဒါပေမယ့် စိတ်က ပဲပြုတ်နဲ့ထမင်းကြော်ကိုမှ စားချင်တာလို့ ဆန္ဒဖြစ်ပြန်ရော။ ပဲပြုတ်ဆိုတာ အိမ်ပေါ်ကိုရောက်လာတာမဟုတ်။ ဆင်းဝယ်ရအုန်းမှာမို့ အဝတ်အစားက လဲရအုန်းမှာဆိုတော့ […]