အကန့်အသတ်ကင်းမဲ့သော သဘာဝတရားရိပ်သာ
သဘာဝရဲ့ ဂရုဏာ ။ https://myanmargazette.net/205792
သဘာဝရဲ့ ဂရုဏာပို့စ်နဲ့ ဆက်စပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။
မွသဲက သဘာဝရဲ့ ဂရုဏာပို့စ်ကို တင်လိုက်ပြီးပြီဆိုတော့ ဘိုးဘွားတွေအတွက် လိုအပ်ချက်တွေကို သိသင့်သလောက်သိသွားကြပါပြီ။ သိသွားတဲ့အခါမှာ ဒုက္ခရောက်နေသူတွေ စုဝေးနေတဲ့နေရာကို စီမံအုပ်ချုပ်တဲ့အခါ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ဆောင်ရွက်နေသလဲဆိုတာနဲ့ ဒုက္ခတွေကို ဘယ်လိုခွန်အားတွေနဲ့ အံတုပြီးနေကြသလဲဆိုတဲ့ သဘာဝရဲ့ တရားဓမ္မတွေကို စိတ်ဝင်စားမိခဲ့ပါတယ်။
တကယ်စဉ်းစားကြည့်ရင် သာမန်မိသားစု ၅ ယောက်လောက်ရှိတဲ့ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့
လူမှုရေးကိစ္စတွေကို စီမံဆောင်ရွက်နို်င်ဖို့တောင် ခက်ခဲပါတယ်။
လူပေါင်း ၂၀၀ဝ ကျော်ကို နေ့စဉ် စားဝတ်နေရေး ကျန်းမာရေးအဆင်ပြေအောင် ဆောင်ရွက်နေရတဲ့ ရိပ်သာတစ်ခုအနေနဲ့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ မှန်းဆလို့တောင် မရနိုင်ပါဘူး။
ဆရာတော်ကပြောပြပါတယ်။
တကယ်တော့သူစလုပ်တဲ့အခါမှာ အခုလို အများကြီးကနေ စလုပ်ခဲ့တာမဟုတ်ပါဘူး။ တစ်နိုင်တစ်ပိုင် တဲကျောင်းလေးတစ်ခုကနေ လာတဲ့သူလက်ခံ၊ လှူတဲ့သူက ထပ်လှူတော့ ထပ်ပြီးတော့လက်ခံ၊ ထပ်ပြီးတော့လှူကြ၊ ယောဂီတွေထပ်ရောက်လာနဲ့ တဖြည်းဖြည်း များလာခဲ့တာ အချိန်ကာလ ၆ နှစ်ကြာတဲ့အခါမှာ လူပေါင်း ၂၀၀ဝ ကျော်သွားခဲ့တာပါ။ ဒီလိုအလုပ်တစ်ခုမှာ အဓိကကတော့ ဆရာတော်ရဲ့ သီလ၊ သမာဓိ၊ ပညာနဲ့ ငွေကြေးအားဖြင့် ဝိုင်းဝန်းကူညီနေကြတဲ့ စေတနာရှင်တွေအပြင် ဝေယျဝစ္စကုသိုလ်ပြုနေကြသူများကြောင့်သာ အောင်မြင်နေခြင်းဖြစ်ပါတယ်။ နောက်ထပ်အဓိကတစ်ခုကတော့ ယောဂီဝင်တွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်လဲ ပါပါတယ်။ တကယ်လို့ ယောဂီအမည်ခံပြီး ဒီအတိုင်း တရားအလုပ်မလုပ်ပဲ အိမ်မှာနေသလိုသာနေထိုင်နေကြမယ်ဆိုရင်လဲ အလှူရှင်တွေအကြည်ညိုပျက်ပြီး လာဘ်လာဘနဲပါးလာနိုင်ပါတယ်။
ဆရာတာ်က သက်ကြီးရွယ်အိုနှင့် လူမမာများအား လက်တွဲသာသနာပြုခြင်းအကြောင်း တရားတော်အမည်နဲ့ စာအုပ်အသေးလေးတစ်အုပ်ထုတ်ဝေခဲ့ပါတယ်။ အဘိုးအဘွား လူမမာတွေဆိုတာ မြန်မာပြည်မှာမှမဟုတ်၊ တစ်ကမ္ဘာလုံးမှာ ရှိနေကြတာပါ။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်ကောင်းမှု အမြဲပြုလုပ်နေနိုင်ဖို့ အခွင့်အရေးကိုတော့ လူတိုင်းမရနိုင်ပါဘူး။ ရိပ်သာရောက်နေစဉ်မှာတော့ ဆွမ်းလောင်းခြင်း၊ ဝါဆိုသင်္ကန်းကပ်ခြင်း၊ အမြဲအပြတ်တရားနာခွင့်ရခြင်း၊ တရားအားထုတ်ခြင်းဆိုတဲ့ အခွင့်အရေးတွေ ရနိုင်ပါတယ်။
ရိပ်သာထဲကို ဘယ်လိုအကြောင်းကြောင့်ပဲရောက်လာလာ ဒီအတိုင်း ထမင်းအလကားစားပြီး အချောင်ခိုနေလို့မရပါဘူး။ ဓမ္မာရုံပေါ်အထိသွားပြီး တရားထိုင်နိုင်လောက်တဲ့ ကျန်းမာရေးရှိရင် တရားပုံမှန်သွားထိုင်ရပါတယ်။ ဓမ္မာရုံပေါ်အထိ မသွားနိုင်ပေမယ့် ကုတင်ပေါ်မှာတင်ထိုင်နိုင်ရင် ကုတင်ပေါ်မှာ တရားမှတ်ရပါမယ်။ ထိုင်နိုင်တဲ့အခြေအနေမရှိရင်တော့ လဲလျောင်းနေရင်းနဲ့ပဲ တရားနာရင်း တရားရှုမှတ်ရပါတယ်။ တရားစိတ်နဲ့ ၂၄ နာရီ နေနိုင်အောင် စီစဉ်ပေးထားပါတယ်။
လောဘ၊ ဒေါသ၊ မောဟတွေများပြားလှတဲ့လောကကြီးထဲမှာ နေနေရာကနေ ယောဂီအနေနဲ့ ရိပ်သာထဲမှာနေလိုက်တဲ့အခါမှာ ပါတ်ဝန်းကျင်နှစ်ခု လုံးဝကွာခြားပါတယ်။ လူ့စိတ်နဲ့ ယောဂီစိတ်လဲ မတူပါဘူး။ စား၊ ဝတ်၊ နေရေးအတွက် မပူပင်ရပဲ တရားဓမ္မတစ်ခုထဲကိုသာ နှလုံးသွင်းနေရတဲ့ ယောဂီရဲ့စိတ်က အလွန်အေးချမ်းပါတယ်။ တွယ်တာခြင်းမရှိ၊ အစွဲအလန်းမရှိနဲ့ အေးချမ်းသောစိတ်ဖြင့် ဘဝနေဝင်ချိန်တွေကို ကျော်ဖြတ်ရမှာဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မှုတွေလဲ ကင်းဝေးပြီး စိတ်လွတ်လပ်စွာနဲ့ နေနိုင်မှာဖြစ်ပါတယ်။
ဆရာတော်က အယုတ်အလတ် အမြတ်မရွေး၊ အသက်အရွယ် ကျားမ မရွေး၊ ရောဂါရှိမရှိ မရွေး၊ လာရောက်ခိုလှုံသမျှ အားလုံးကို လက်ခံပါတယ်။ အဘိုးအဘွားတွေထဲမှာမှ ကျန်းမာရေးကောင်းပြီး အသက်ငယ်သူက အသက်ကြီးသူကို ကူညီဖေးမကြတယ်။ ငယ်ရွယ်သူတွေကလဲ လုပ်အားဒါနအနေနဲ့ ဝေယျဝစ္စပြုလုပ်ပေးကြတယ်။ ကုသိုလ်စိတ်နဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
(ကြီးကျယ်သောဒုက္ခများ စုစည်းနေသောနေရာသည် ကြီးကျယ်သော ကုသိုလ်ကောင်းမှုများပြုလုပ်ရန် အကောင်းဆုံးနေရာဖြစ်သည်)
ဆရာတော်၏စေတနာက အတိုင်းအဆမရှိကြီးမားလှပါတယ်။ မည်သည့်ဒုက္ခကိုမဆို ကူညီချင်သည့်စိတ်ကြောင့် နေစရာမရှိသည့် ခိုကိုးရာမဲ့အိမ်ထောင်စုများကို နေစရာမြေ ၁၅ ပေ ပါတ်လည် တစ်ကွက်စီပေးပါတယ်။ ရ ရက်တရားစခန်းဝင်ပြီးရင် မြေကွက်လိုချင်ကြောင်းလျှောက်ထားလိုက်ရုံနဲ့ မြေကွက်တစ်ကွက်ပေးတယ်။ စေတနာရပ်ကွက်လို့လည်းခေါ်ကြတယ်။ ၁၅ ပေ ရပ်ကွက်လို့လဲ ခေါ်ကြပါတယ်။ အိမ်ခြေ ၃၀၀ဝ လောက်ရှိခဲ့ပါပြီ။ အခု ပေးစရာမြေကြီးနေရာ မရှိတော့တဲ့အတွက် လှည်းကူးဘက်မှာ ပေးနေပါတယ်။ စေတနာရပ်ကွက်ထဲမှာ ၂ ထပ် ဓမ္မာရုံကြီးတစ်ခုဆောက်ထားပေးပြီး အသက်မွေးဝမ်းကျောင်းသင်းတန်းတွေ၊ ဆရာတော်ကိုယ်တိုင်ကြွပြီး တရားဟောခြင်းအလုပ်တွေ၊ ရပ်ကွက်ထဲက လူတွေကုသိုလ်ရအောင် ဆရာတော်ကိုယ်တိုင် ဆွမ်းခံကြွခြင်းစသည့် လုပ်နိုင်သမျှလုပ်ပေးလျက်ရှိပါတယ်။
လူဆိုတာကတော့ အမျိုးမျိုးရှိမှာပါ။ ဒုက္ခရောက်လွန်းလို့ မနေချင်ပဲနဲ့နေရသူတွေလဲရှိမယ်။ တရားစစ်တရားမှန်ကို သိချင်လို့ လာရောက်လေ့လာနေသူတွေလဲရှိမယ်။ သူတို့တွေကို ကူညီပေးနေတဲ့သူတွေလဲရှိမယ်။ စီမံဆောင်ရွက်ပေးနေတဲ့သူတွေလဲရှိမယ်။
နိုင်ငံခြားသားဘုန်းကြီး၊ သီလရှင်တွေတောင်မှ တရားလာရှာကြတာ တွေ့ခဲ့ရပါတယ်။ နေထိုင်ရမှုကလဲ သူ့ဟာနဲ့သူ (သူ့ကံနဲ့သူ) ကွာခြားမှုရှိပါတယ်။ အားလုံး စိတ်ပျက်စရာအပြည့် ဒုက္ခသည်အပြည့် ရှိနေကြတာတော့ မဟုတ်ပါဘူး။
ကျွန်မတို့လို အပြင်ကလူအနေနဲ့တော့ ဘယ်လိုများကူညီရင်ကောင်းမလဲ တွေးကြည့်မိတယ်။ ကူညီလိုက်လို့ ဘယ်လိုအကျိုးဖြစ်မလဲဆိုတာလဲ တွေးကြည့်ပါတယ်။
ပိုက်ဆံအရမ်းများနေရင်တော့ အဘိုးအဘွားတွေ သက်တောင့်သက်သာနေရအောင် တိုက်တန်းလျားလေးတွေ ဆောက်ပေးချင်တယ်။ မိုးလုံလေလုံနဲ့ သန့်ရှင်းသပ်ရပ်စွာနေရရင် တရားအလုပ်မှာ ပိုပြီးတော့ နှလုံးသွင်းနိုင်ပါလိမ့်မယ်။
ပိုက်ဆံက အကန့်အသတ်ဖြစ်နေရင်တော့ အများအလှူထဲမှာ ပူးပေါင်းပါဝင်ပြီး ၆ ထပ် တရားဆေးရုံကြီးဆောက်ရာမှာ ပါချင်ပါတယ်။ ရောဂါသည်တွေကို ဆေးဝါးနဲ့သာမက တရားဓမ္မနဲ့ပါ တွဲဖက်ကုသမယ့် တရားဆေးရုံရဲ့ ကုသိုလ်အကျိုးကတော့ အကန့်အသတ်မရှိဖြစ်ပါလိမ့်မယ်။
တစ်ရက်စာ ဆွမ်းအလှူအတွက် ငွေကြေးတတ်နိုင်မယ်ဆိုရင်လဲ အာဟာရအလှူလုပ်ချင်ပါတယ်။ ရပ်ကွက်ထဲမှာတောင် ဒီအတိုင်း စတုဒီသာဆိုပြီး လှူဒါန်းကျွေးမွေးကြသေးတာပဲလေ။ အခုလို တရားအားထုတ်နေတဲ့ယောဂီတွေနဲ့ အာဟာရအတွက် တကယ်လိုနေတဲ့လူကြီးသူမတွေကို အာဟာရလှူရတဲ့ ကုသိုလ်ကရမယ့် ပီတိကတော့ လတ်တလောမှာတင် ကောင်းကျိုးရမှာပါ။
ဒီလောက်တော့ မတတ်နိုင်သေးဘူးဆိုရင်တော့ အဝတ်အထည် (ထမီ၊ ပုဆိုး) နဲ့ စောင် ခြင်ထောင်စတဲ့ ကိုယ်တတ်နိုင်တဲ့ပမာဏလောက်ကို တကယ်လိုတဲ့လူတွေကို သွားလှူလို့ရပါတယ်။ ကိုယ့်အလှူကြောင့် သက်တောင့်သက်သာဖြစ်သွားတာမြင်ရတာကလဲ ကြည်နူးစရာဖြစ်မှာပါ။
ဆန်တစ်အိတ်၊ ဆီတစ်ပိသာပဲဖြစ်ဖြစ် နှမ်းတစ်စေ့နဲ့ဆီမဖြစ်နိုင်ပေမယ့် ဆီဖြစ်ဖို့နှမ်းစေ့တွေစုရတာပဲမို့လို့ နဲနဲလေးပဲဖြစ်ဖြစ် နိုင်သလောက် လှူဒါန်းလို့လဲ ရပါတယ်။ ပမာဏဆိုတာက ကိုယ်ကပဲသတ်မှတ်တာဖြစ်ပါတယ်။ ဝင်ငွေတစ်လ တစ်သိန်းရသူအတွက် ငွေတစ်သောင်းလှူတာ သူ့အတွက် အများကြီးဖြစ်မှာပါ။ စေတနာအားဖြင့်တွက်ရင်လဲ အများကြီးဖြစ်တဲ့အတွက် ကုသိုလ်ကလဲ အကြီးကြီးရမှာပါပဲ။
နောက်ဆုံးတစ်ခုကတော့ ဝေယျာဝစ္စအလှူကို ကိုယ်တိုင်လုပ်နိုင်ရင်လုပ်လို့ရပြီး သူများလုပ်နေတာကိုလဲ ငွေကြေးတစ်ခုနဲ့ ကူညီပေးလို့ရပါတယ်။ ရွာထဲမှာ ဝေယျဝစ္စလာလုပ်ပေးချင်သူတွေရှိပေမယ့် သူတို့ရဲ့ စားဝတ်နေရေးကလဲရှိသေးတော့ အချိန်မပေးနိုင်သူတွေရှိပါတယ်။ ငွေကြေးအနဲလောက်ရရင် အများကြီးလုပ်ပေးချင်တဲ့စေတနာရှင်တွေကို ပံ့ပိုးကူညီနိုင်ပါတယ်။
ကျွန်မက စနေ တနင်္ဂနွေ ပိတ်ရက်တွေဆိုရင် သန်လျင်မှာနေပါတယ်။ သဘာဝတရားရိပ်သာက ဘုန်းကြီး၊ သီလရှင်နဲ့ ယောဂီ အနဲငယ် ရပ်ကွက်ထဲကိုဆွမ်းခံကြွပါတယ်။ ကိုယ့်အိမ်ရှေ့အထိရောက်လာပြီး အလှူခံတဲ့အတွက် အရမ်းကိုဝမ်းသာအားရဖြစ်မိတယ်။ ဆွမ်းတစ်အုပ်၊ ဆွမ်းဟင်း (၁၅)ပါးစာလောက်သာ လှူနိုင်ပေမယ့် ကုသိုလ်ကံကောင်းလိုက်တာဆိုပြီး အလွန်ကြည်နူးမိပါတယ်။
ဒီပို့စ်ကနေ အလှူခံနေတယ်လို့ မထင်စေချင်ပါဘူး။ ကိုယ်တိုင်မြင်တွေ့ခံစားရတာကို ဒီအတိုင်းချရေးလိုက်ရုံသက်သက်ပါ။ ကိုယ်ကနဲနဲပဲလှူနိုင်ပေမယ့် ကိုယ်လှူတာကို သူများတွေသိပြီး ကိုယ်လိုပဲ လိုက်လှူကြတယ်ဆိုရင် ကုသိုလ်အများကြီးရပါတယ်တဲ့။ ပရဟိတလုပ်ငန်းဆိုတာကလဲ မီဒီယာတွေကနေတဆင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ်လာခဲ့တာဖြစ်ပြီး တစ်ဖွဲ့ကလုပ်သလို နောက်တစ်ဖွဲ့ကလိုက်လုပ်ရင်းနဲ့ အလှူရေစက်လက်နဲ့မကွာဖြစ်နေခဲ့တာဖြစ်ပါတယ်။
ဒီပို့စ်တစ်ခုဖတ်ပြီး ကုသိုလ်စိတ် ဖြစ်ပေါ်လာပါစေလို့ ဆန္ဒပြုရင်း …
41 comments
ကေဇီ
October 15, 2014 at 9:45 pm
အသိဉာဏ်ပေတံ ..
ကိုယ့်ကိုယ်ကို အထင်ကြီးလေလေ .. သူများအထင်သေး မခံနိုင်လေလေ၊
အမှန်ကြိုက်လေလေ … အမှား မခံနိုင်လေလေ၊
အသိဉာဏ်သေးလေလေ .. အရာရာကိုကြီးကျယ်တယ်ထင်လေလေ .. အမှန်တရားအစစ်ကို နားမလည်လေလေ။
အသိဉာဏ်ကြီးလေလေ အရာရာကို မကြီးကျယ်မှန်းသိလေလေ၊ အမှန်တရားအစစ်ကို နားလည်နိုင်လေလေ။
(သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရ ဆုံးမစာများမှ)
ဒီ စာ လေးးး ဝေ တင်ပေးးးကတည်းးက သဘောကျတာ။
weiwei
October 15, 2014 at 10:04 pm
ဆရာတော့်တရားစာတွေ၊ တရားအသံဖိုင်တွေ နားထောင်ဖြစ်တယ် … စာအုပ်တစ်အုပ်ရထားတာ လိုင်းကောင်းရင် မေးလ်နဲ့ ပို့ပေးအုန်းမယ် ..
surmi
October 16, 2014 at 8:41 am
အဲဒီနေရာကိုရောက်သွားတဲ့ အချိန်မှာ နေဝင်ချိန်ကိုဖြတ်သန်းဖို့ စောင့်မေှိာ်နေကြရတဲ့သူတွေက်ုတစ်စုတဝေးတည်း တွေ့လိုက်ရတယ် ။
ကျနော်တို့ကိုယ်တိုင်လည်း နေဝင်ချိန်ကို ဘယ်လိုကျော်ဖြတ်ကြရမလဲပေါ့ ။
ပြင်ပမှာ အလှကြည့်ရတဲ့နေဝင်ချိန်အမျိုးမျ်ိုးဟာ ကဗျာဆန်နေပေမယ် ့ ဘဝရဲ့နေဝင်ချိန်တွေကတော့ အခက်ခဲတွေအမျိုးမျိုး ရင်ဆိုင်ကြရမှာပါ ။
ဒီလိုခက်ခဲလှတဲ့ နေဝင်ချိန်များကို သက်တောင့်သက်သာအဖြစ်နိုင်ဆုံး ပေးစွမ်းနိုင်တဲ့ အိုအေစစ်လေးအဖြစ် မြင်မိပါတယ် ။
တတ်နိင်သလောက်လဲ အဲဒီအိုအေစစ်လေးမှာ အားဖြည့်ချင်နေမိတယ်။ ရေတစ်ခွက်လောက်ဘဲဖြစ်ဖြစ်ပေါ့ ။
weiwei
October 16, 2014 at 8:41 am
အလိုကြီး အရနည်း
မိမိအလိုကြီးခြင်းသည် အများ၏စွန့်လွှတ်လိုစိတ်ကို နည်းပါးစေသည်။
အလိုကြီးလေလေ ဘယ်လောက်များများ နည်းတယ်ထင်လေလေ။
အလိုနည်း အရများ
မိမိ၏အလိုနည်း အလိုကင်းခြင်းသည် အများ၏စွန့်လွှတ်လိုစိတ်ကို တိုးပွားစေသည်။
အလိုနည်းလေလေ ဘယ်လောက်နည်းနည်း များတယ်ထင်လေလေ။
(သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရ ဆုံးမစာများမှ)
ဦးကြောင်ကြီး
October 16, 2014 at 9:13 am
သဘာဝရိပ်သာ အလှူ ရဲ့ ထူးခြားမည့်ချက်က ဓမ္မနဲ့ဒါန၊ အနတ္တနဲ့ပရဟိတ နှစ်မျိုးစုံ ပြုလုပ်နိုင်ခြင်းပါ။ ထိရောက်စွာ လှူ ဒါန်းနေသော ပရဟိတဌာနတွေ အများကြီးရှိပါတယ်၊ ကိလေသာ ဖြုတ်ပေးနေသော ဓမ္မရိပ်သာ များစွာရှိပါတယ်.. သို့သော် သဘာဝရိပ်သာလို အစာလည်းကျွေး ဆေးလည်းပေးဆိုတာမျုးိတော့ ရှားပါလိမ့်မည်။ တရားသုတ္တန်တွေမှာ သီလ၊ သမာဓိ၊ ပညာပြည့်စုံသူကိုလှူ တာ၊ ဒါထက်ပိုလျင် ကိလေသာခေါင်းပါးသူ၊ ကိလေသာသွေ့ခြောက်ပြီးသူကိုလှူ တာ အမွန်မြတ်ဆုံး အကျိုးပေးအသန်ဆုံးလို့ ယုံကြည်သူများ ဆရာတော်အမှူ းရှိသော သံဃာ၊ယောဂီများကို အာရုံပြု လှူ ဒါန်းနိုင်သလို တဖက်မှာလဲ လက်တွေ့ တကယ်လိုနေသူများကို ကူညီထောက်ပံ့တာမို့ အတ္တ၊ ပရ နှစ်မျိုးစုံ ကုသိုလ်ထူး ဖြစ်ပါတယ်။ အခြားနေရာတွေမှာလို စွန့်ခြင်းကို ပြုလုပ်နေတာထက် ပြု ခြင်းကိုစွန့်သော ပရမတ္တ ဒါနပါရမီထိုက်တဲ့ အလှူ ဖြစ်နိုင်ကြမည်ဆိုလျင်ဖြစ် ပစ္စုပ္ပန်စီးပွား သံသရာစီးပွား အလွန်များမည်ဖြစ်ကြောင်း ဤနေရာမှ မောင်းထုကြေငြာလိုရပါသည်။ ဒေ… ဝူ…. ဝူ
weiwei
October 16, 2014 at 7:43 pm
မျက်စိကိုသုံး၊ မျက်မြင်မှာ လမ်းမဆုံးနဲ့။
နားကိုသုံး၊ နားကြားမှာ လမ်းမဆုံးနဲ့။
ဘဝကိုသုံး၊ ငါသူတစ်ပါး ယောက်ျားမိန်းမဆိုတဲ့ သတ်မှတ်ချက်တွေမှာ လမ်းမဆုံးနဲ့။
ကျန်းမာခြင်း၊ မကျန်းမာခြင်းကိုသုံး၊ ကျန်းမာတာ မကျန်းမာတာမှာ လမ်းမဆုံးနဲ့။
စိတ်ကိုသုံး၊ စိတ်တည်ငြိမ်တာ မတည်ငြိမ်တာမှာ လမ်းမဆုံးနဲ့။
အသိဉာဏ်သုံး၊ နားလည်တာ နားမလည်တာမှာ လမ်းမဆုံးနဲ့။
အချိန်ကာလဆိုတဲ့ အကန့်အသတ်ကလွန်မြောက်ဖို့ အချိန်ကိုသုံးတာဖြစ်မှ၊ အချိန်မှာ လမ်းမဆုံးမှမှန်မယ်။
(သဘာဝတရားရိပ်သာဆရာတော် အဆုံးအမများမှ)
weiwei
October 16, 2014 at 9:15 am
http://myanmargazette.net/54094
ဒီပို့စ်က ပထမဆုံးအကြိမ် သဘာဝတရားရိပ်သာကို ရောက်ခဲ့စဉ်က ရေးခဲ့တာပါ …
ပြန်ရှာပြီး ပြန်ဖော်ထားတာပါ ..
ဆက်စပ်ပြီး ဖတ်ကြည့်လို့ရပါတယ် ..
အလင်းဆက်
October 16, 2014 at 9:18 am
အဲ့ဒီနေ့
(ရှောင်လွှဲလို့မရတဲ့ကိစ္စတွေ မရှိခဲ့ရင်)
လုပ်အားဒါနလေး လာ ပေးပါရစေ
weiwei
October 16, 2014 at 11:25 am
ကြိုဆိုပါတယ် အလင်းဆက်ရေ ..
ဒါနတွေထဲမှာ လုပ်အားဒါနက တော်ရုံလူမလုပ်နိုင်တဲ့ မြင့်မြတ်တဲ့အလှူတစ်ခုပါ ..
ကြိုပြီးသာဓုခေါ်ထားလိုက်မယ် ..
မွသဲ ( 17082011 )
October 16, 2014 at 10:05 am
အခုအလှုလေးမှာကိုယ်တိုင်တထောင့်တနေရာက ပါဝင်ခွင့်ရလို့ကြည်နူးမိပါတယ်။ ဆရာတော်တရားကိုလဲစနာဖြစ်နေပါပြီ။ ခုလို မဝေရေးလိုက်တော့ပိုသိသွားပါတယ်
kai
October 16, 2014 at 11:32 am
လှူမယ်ဟေ့..
အလှူဖြစ်မြောက်အောင် လုပ်နေတဲ့သူတွေကိုလှူမယ်..။
မလောက်ငှနိုင်တာမို့.. မဲဖောက်ပေးမယ်ဗျ..။
လူကြုံစောင့်ဦးမှ.. :k:
ကေဇီ
October 16, 2014 at 11:33 am
အလှူလိုက်တဲ့ ကိုယ့် အမတွေကို ပဝါ ဆင်တူပေးမယ်။
:k:
အလင်းဆက်
October 16, 2014 at 11:35 am
မမဂျီး ..အလှူ လိုက်မယ့်…မောင်ငေးတွေအတွက် ကျတော့ရော…
:k:
ကေဇီ
October 16, 2014 at 11:38 am
တစ်ရှူး တစ်ရွက် စီ ပေးမယ်။
:k:
အလင်းဆက်
October 16, 2014 at 5:43 pm
တစ်ရှုးမှာ…ဖွေးဖွေးပုံ…ပါမလား..
:k:
မွသဲ ( 17082011 )
October 16, 2014 at 3:03 pm
ရေးးးးးးးးးးးးးးးးးးးးး
ဦးကျောက်ခဲ
October 16, 2014 at 12:23 pm
ဘာသာရေးရှူထောင့်ကမကြည့်ပဲ အိုမင်းမစွမ်းဖြစ်နေသူတွေကို ကူညီတဲ့…
လူမှုရေးရှုထောင့်ကကြည့်ရင်တောင်မှ အများသူငှါ မစွမ်းနိုင်တဲ့အလုပ်ကို…
ဦးဆောင်လုပ်နေတဲ့ သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ ရဲ့ စွမ်းဆောင်ချက်ဟာ…
ထူးခြားမွန်မြတ်တယ်လို့ အကြွင်းမရှိ လက်ခံပါတယ်…
မလိုအပ်တဲ့နေရာ… ပုလ္လင် ရွှေချမယ့်အစား ဒါမျိုးကိုပဲ လှုဖို့ အားသန်ပါကြောင်း…
weiwei
October 16, 2014 at 12:41 pm
ဒီနေရာကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ ပြောလို့ရလောက်အောင် အကျိုးရှိပါတယ် ..
ပရဟိတအလှူတစ်ခုကနေ မြင့်မြတ်တဲ့တရားအလှူတိုင်အောင် အကျိုးပေးမှာမို့လို့ …
ကေဇီ
October 16, 2014 at 1:00 pm
ရှင်းရှင်းလေး ပဲ တွေးတယ်။
ကိုယ်က လှူချင်စိတ်ပေါက်တယ်။
လှူရမဲ့ နေရာကလည်း တကယ်လိုအပ်တယ်။
ဒါပေမဲ့ ဒီ အလှူခံမဲ့သူတွေဟာ သန်သန်မာမာ တောင်းစားနေတဲ့သူမဟုတ်ဘူးး
ဒုက္ခသည်တွေလည်း မဟုတ်ဘူးး
ဘုန်းဘုန်း ရဲ့ စောင့်ရှောက်ထားတဲ့ နေစရာ အရိပ် အပြင်
တရားရိပ်မှာပါ နေတဲ့ ဘိုးဘွားတွေမို့
လှူရတာကို စိတ်ရှင်းလက်ရှင်း လှူနိုင်ပါတယ်။
ကျနော်တို့ လှူနိုင်သလောက်ဟာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားမဲ့ ပမာဏ မဟုတ်ပေမဲ့လည်းးး
အဘိုးအဘွားတွေ နောက်ဆုံး အရွယ် နောက်ဆုံးအချိန်မှာ သက်တောင့်သက်သာ အသက်တစ်ခါရှုရလည်း အကျိုးမဲ့ မဖြစ်ဆိုတဲ့ စိတ်နဲ့ လှူပါမယ်။
အစိုးရ တာဝန် စောင့် နေလို့ကတော့
ကျနော့ တစ်သက်တောင် သူတို့ ကိုယ်ချင်းစာတတ်ဖို့ မမြင်လို့
နိုင်တဲ့ ဝန်ကို ထမ်းနိုင်သူများ ထမ်းတုန်းမှာ ဝင်ပါပါမယ်။
weiwei
October 16, 2014 at 1:09 pm
ရှင်းရှင်းပဲ တွေးလိုက်ရင် ရှင်းရှင်းလေးပဲ အဖြေထွက်ပါတယ် …
စိတ်ရှင်းရှင်းနဲ့ စွန့်လွှတ်လှူဒါန်းဖို့သာ အဓိက လိုရင်းပါ ..
လိုအင်ဆန္ဒပြည့်ဝစေဖို့ မဟုတ်ဘဲ အလိုကင်းစေဖို့ ကောင်းမှုကုသိုလ်လုပ်တာ ဖြစ်ရမယ် (ဆရာတော့် ဆုံးမစာများမှ)
ကေဇီ
October 16, 2014 at 1:18 pm
ဒါနဲ့ စကားမစပ်။
ဒီနေ့က ကျနော် ဒီရွာရောက်တာ ၂ နှစ် ပြည့်ပြီ။
ဟိ
:k:
အောက်တိုဘာ ၁၆ရက်!!
အတူ ကြည်နူးးး တဲ့ ရက်တွေရှိသလို
ပြဿနာတွေ လည်းး တက်ခဲ့
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့…
weiwei
October 16, 2014 at 1:26 pm
အောက်တိုဘာ ၁၆ ရက်က ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့လေ …
အဲဒီနေ့ကို စားနပ်ရိက္ခာနေ့ သတ်မှတ်ပေးတဲ့ ကုလသမဂ္ဂကို ကျေးဇူးတင်မိတယ် ..
ဘာကြောင့်လဲဆိုတော့ …
ကေဇီ
October 16, 2014 at 1:29 pm
အဲဒီ နေ့မှာ မွေးတဲ့ သူတွေ က စားဖိုမှူးဖြစ်တယ်ထင်တယ်။
ဟိ။
:mrgreenn:
ကျနော် အဲ့ဒီနေ့ ရွာထဲရောက်တာတောင် ထမင်းဆိုင်ဖွင့်ဖြစ်သေးတယ် ဆိုတော့….
ဆိုတော့….
:chit:
surmi
October 16, 2014 at 1:06 pm
ထပ်မံပြီးမိတ်ဆက်ပေးရရင်ဖြင့်………
တစ်ခါက ရွာထဲမှာ True Answer ဆိုတဲ့ ရွာသားကြီးတစ်ယောက်ရှိခဲ့ပါတယ် ။
အဲဒီ ရွာသားကြီးကဘဲ အချိန်တိုအတွင်းမှာ လိုအပ်သည်များက်ုရှင်းပြ ၊ လိုက်လံပြသ ၊ ဆရာတော်နှင့်ဆုံတွေ့ပေး ၊ ပြီးတော့ ထမင်းပါကျွေးလိုက်ပါသေးတယ် ။
ဟုတ်ကဲ့ ……
အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းပြောလိုပါတယ် ကိုစိုးဝင်းထွဋ် ခင်ဗျာ ။
weiwei
October 16, 2014 at 1:21 pm
ကိုစိုးဝင်းထွဋ်နဲ့ စကားပြောလိုက်ပြီးမှပဲ တကယ့် true answer ကိုရသွားခဲ့တယ် ..
အစစ်အမှန်ဆိုတာ ဘာလဲဆိုတာလဲ သိခဲ့ရတယ် ..
လေးစား အားကျ အတုယူစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ် ..
ကိုစိုးဝင်းထွဋ်ကို ကျေးဇူးတင်ပါတယ် …
တညင်သား
October 16, 2014 at 1:26 pm
ကျွန်တော်ကတော့ ဆက်သွယ်မှု့ဧရိယာပြင်ပရောက်နေလို့ လုပ်အားဒါန တော့ အစဉ်မပြေဘူး .. တက်နိင်တဲ့ ဘက်ကတော့ ရွာသားတွေနဲ့အတူ အလှူ မှာပါဝင်ပါ့မယ်…
weiwei
October 16, 2014 at 1:29 pm
ကျေးဇူးတင်ပါတယ် တညင်သားရေ ..
ပထမဆုံးရောက်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကထဲက တညင်သားက အဲဒီအလှူဖြစ်ဖို့ တိုက်တွန်းခဲ့တာ မှတ်မိပါတယ် ..
အခုတော့ အကောင်အထည်ပေါ်တော့မှာပါ …
တညင်သား
October 16, 2014 at 1:48 pm
ကိုပေါက် လာလည်စဉ်အခါက အန်တီဒုံ၊ အန်တီ မမ ၊ မမဆူး ၊ကိုနေချားနဲ့ မမဝေ တို့ မန ္တလေးဂဇတ် မောင်နှမတစ်စုလို့ ကဗျည်းထိုး လှူ ခဲ့တဲ့စာအိပ်လေးကို ပြန်မြင်ရောင်မိတယ်. ခုအလှူ အတွက်တော့ ရွာ သူားအားလုံးကို ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်ဗျိုူ ့ …..
weiwei
October 17, 2014 at 9:21 am
ရေစက်ရှိတယ်လို့ပဲ ပြောရမယ်ထင်တယ်နော် …
လွန်ခဲ့တဲ့ ၃ နှစ်ကျော် ကိုပေါက် ရန်ကုန်ကို ပထမဆုံးအကြိမ်လာလည်တုန်းက ကိုနေချားအစီအစဉ်နဲ့ သန်လျင်ကျောက်တန်းဘက်ကို သွားလည်ကြတယ်။ အွန်လိုင်းမှာ နံမည်ကြီးနေတဲ့ ရွာထဲမှာလဲ ဘာသာရေးစာတွေဝင်ရေးတဲ့ True Answer ရဲ့ သဘာဝတရားရိပ်သာကို သွားဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီတုန်းက တညင်သားက စုပေါင်းအလှူအတွက် အကြံပေးခဲ့တယ်။
အခု True Answer နဲ့လဲ တွေ့ပြီး စကားတွေပြောဖြစ်ခဲ့တယ်။ ဘယ်တော့သွားသွား မတွေ့ခဲ့ရတဲ့ ဆရာတော်နဲ့လဲ မျက်နှာချင်းဆိုင် စကားပြောဖြစ်ခဲ့တယ်။ စုပေါင်းအလှူလဲ ဖြစ်မြောက်အုန်းမယ်ဆိုတော့ …
စေတနာထက်သန်ရင် ဘယ်အလုပ်မဆို အကောင်အထည်ဖော်နိုင်ကြောင်း သက်သေပေါ့နော် ..
မြစပဲရိုး
October 16, 2014 at 4:15 pm
လောကကြီး မှာ လူတိုင်း အတွက် အရေးအကြီးဆုံး က နောက်ဆုံးအချိန် မှာ အနေတတ်ဖို့ပါ။
အသက်ကြီး သူ တွေ အတွက် အရေးကြီး သလို အသက်ငယ် သူ တွေ ကလဲ လျှော့ တွက်ထားလို့မရပါဘူး။
ဒါပေမဲ့ အသက်ကြီးသူ တွေ ကတော့ ခန္တာပါ ချို့ယွင်း လာတာမို့ ပိုပြီး အကာအကွယ် မဲ့ပါတယ်။
အဲဒီ လို မျိုး လူအို တွေ ကို ဘဝ ကူးကောင်းအောင် ကူညီ ပေးတာဟာ တကယ်ဘဲ တန်ဖိုး ရှိပါတယ်။
ကိုယ် လဲ အဲလို နေရာ မှာ ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာ တရား ထားကြည့်ရင် ဒီ အလှူ ဟာ အတော်မွန်မြတ် တယ်လို့ ပြောနိုင်ပါတယ်။
နောက်တစ်ချက် ဒီ ဘုန်းကြီးကျောင်း မှာ တွေ့ခဲ့ ရတဲ့ စာလေး ကို အတော်လေး သဘောကျပါတယ်။ (မွသဲ မှာ တွေ့ လိုက်တာ)
ဘာသာခြား၊ ဘာသာမဲ့ အဆင့် မခွဲဘဲ လူ ကို လူ တစ်ယောက် လို့ သတ်မှတ်ပေးတာလေး။
အင်မတန် လေးစားထိုက်ပါတယ်။
အလှူ မှာ တစ်တပ်တစ်အား ပါပါ့မယ်။
Post လေး အတွက် ကျေးဇူး ပါ ဝေ။
ဒါနဲ့ …. မယုံဘူး။ချရေးပြ ဆိုတာလဲ ချ ရေးပြဦးနော်။ lol:-)) :))
weiwei
October 16, 2014 at 5:14 pm
အစွဲမထားတဲ့စိတ်ဓါတ်နဲ့ စွန့်လွှတ်နိုင်တဲ့စိတ်ထားကြောင့် အခုလိုမျိုး ၆ နှစ်တာကာလကို ဖြတ်သန်းနေနိုင်တာဖြစ်ပါတယ်။
ဘာသာကိုတောင်မစွဲတာဆိုတော့ တခြားဘာကိုမှ ဆုပ်ကိုင်ထားခြင်းမရှိပါဘူး …
တရားရိပ်သာအမျိုးမျိုးကိုလက်ခံကျင်းပနေပါတယ်။ ဘယ်တရားမှအမှန်ဆိုတဲ့ အစွဲတောင်မရှိတာက တကယ့်ကို ထူးခြားပါတယ်။
မယုံတဲ့ကိစ္စကတော့ … မပြောခဲ့ဘူးလို့ပဲ မှတ်လိုက်ပါတော့ အရီးရေ … 🙂
Ma Ma
October 16, 2014 at 9:41 pm
အမှန်တကယ်လိုအပ်တဲ့နေရာမှာ ကိုယ့်ချစ်ခင်တဲ့မိတ်ဆွေတွေ စုပေါင်းလှူ ဒါန်းကြရမယ်ဆိုရင် အင်မတန်ဝမ်းသာစရာကောင်းပါတယ်။
ဖြစ်မြောက်ပါစေလို့လည်း ဆုတောင်းပါတယ်။
တပါတည်း ရွာသူားတွေ တွေ့ဆုံပွဲနဲ့ ဖတ်ရွေးဆုပေးပွဲပါ ကျင်းပနိုင်ရင် တစ်ချက်ခုတ် သုံးလေးချက်ပြတ်ပဲ။
မွသဲ ( 17082011 )
October 17, 2014 at 9:03 am
အိုက်လိုတော့ အကြမ်းဖျင်းစီစဉ်ထားတယ် မမရေ
ကေဇီ
October 17, 2014 at 9:19 am
မနက် ဆုပေးပွဲလုပ်
နေ့ခင်းကို အလှူသွား
ညကို အလှူအောင်ပွဲ ဆိုပြီး သီချင်း သွား ဆို ကြမယ် လေ။။
မွသဲ ( 17082011 )
October 17, 2014 at 5:11 pm
တော်လိုက်တဲ့ချွေးမွလေး
Mr. MarGa
October 17, 2014 at 7:01 pm
သိကြားမင်းအတွက်
တစ်ယောက်စာချန်ထားကြပါကုန်
manawphyulay
October 18, 2014 at 11:39 am
ပရဟိတ ဟူသည့် စကားလုံးအသုံးအနှုန်းသည် လူတိုင်းရဲ့ပါးစပ်ဖျားနှင့် မစိမ်းသော စကားလုံးဖြစ်လာပေသည်။ ပရဟိတဆိုသည်မှာ တော်ရုံစိတ်ထားမျိုးဖြင့် လုပ်ကိုင်နိုင်မည် မဟုတ်ပါ။ ပရဟိတ လုပ်ဆောင်သူများသည် မြင့်မြတ်သော စိတ်ထားရှိသူများဖြစ်သောကြောင့် ပရဟိတလုပ်ဆောင်သူများသည် နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းကို ခင်းနေကြသူများဟု မနော တင်စားလိုက်ရပေတော့သည်။
weiwei
October 19, 2014 at 5:31 pm
ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးအတွက်မဟုတ်ပဲ အများအကျိုးအတွက် ဆောင်ရွက်တာကို ဆိုလိုပါတယ်။ အခုခေတ်မှာ ပရဟိတလုပ်တဲ့သူတွေ အဖွဲ့အစည်းတွေ တော်တော်များလာပြီ။
ပရဟိတဆိုတာ ဘာသာအားလုံးနဲ့အကျုံးဝင်ပြီး နိဗာန်ဆိုတာကတော့ ဗုဒ္ဓဘာသာမှာသာရှိတာမို့လို့ မရောထွေးစေချင်ဘူး မနောရေ ..
padonmar
October 19, 2014 at 9:53 pm
မန့်ထားတာ ပျောက်သွားတယ်ထင်ရဲ့။
လှူလည်းလှူမယ်။လုပ်အားပေးလည်း လိုက်မယ်လို့၊
အလှူပြီး ဆုပေးပွဲကို ဝေဝေတို့ခြံမှာ လုပ်ရရင် ကောင်းမလား။ပြီးရင် နားညည်းအောင် သီချင်းဆို။
တချက်ခုတ် ၃ချက်ပြတ်။
weiwei
October 20, 2014 at 9:29 am
တစ်ခါလောက် ဆုံပြီး ဆေးနွေးကြဖို့ လိုလိမ့်အုန်းမယ် အန်တီဒုံ ..
အန်တီဒုံ စာမေးပွဲပြီးသွားပြီလား ..
မမချွိ
October 20, 2014 at 10:00 am
အာတီဒုံ ပထမ မန့်တာက မွသဲ ပို့(စ) မှာ။
မန့် မပျောက်ဘူးး
ဟီးဟီးး
:k: