တုံးအအ နဲ့ ပြုံးစစ
တုံးအအ ယောကျင်္ား
အပြုံးများအောက်မှာ
မလှုပ်သာပဲ
မက်ဆဲစိတ်ကူး ရူးနေဘဝမှာ
ကျေနပ်စွာ ၊
ပြုံးစစမိန်းမ
ထိန်းပြတဲ့ မာယာကြား
များစွာ ပုရိသ
သက်ဆင်းကျလာ ကျော့ကွင်းမှာ ၊
ထိုသို့သောအခါ
မာယာများရှင် လွန်ပျော်ရွှင်သွား
တွေ့လား ကိုးဖြာ သဲမာယာတဲ့
အိုဘယ့် ပုရိသ ခံလိုက်ရ ၊
သို့လေသော်လည်း ထိုငနဲတွင်
ချေခြင်လက်စား စိတ်ကားအပြည့်ရှိ
ရမည့်ခွင့်ရေး တွေးကာချောင်းမြောင်း
နေမစောင်းမီ တုံးသည်ထင်ထား
ထိုယောကျင်္ား၏ ဒါးသွားများကို
မြင်စေလို ၊
9 comments
ခင် ခ
October 15, 2014 at 2:28 pm
” ချေခြင်လက်စား စိတ်ကားအပြည့်ရှိ
ရမည့်ခွင့်ရေး တွေးကာချောင်းမြောင်း
နေမစောင်းမီ တုံးသည်ထင်ထား
ထိုယောကျင်္ား၏ ဒါးသွားများကို
မြင်စေလို ၊ ”
အကျွန်ုပ် ဖတ်ပြီးတော့ တွေးကာပင် ရေးရေးမြင်သော် လန့်စရာထင်။
သူ့ ဒါး သွား ကို ပြော ပါ တယ်။
ကေဇီ
October 15, 2014 at 2:29 pm
ဘယ်သူ့ မှ လျော့ တွက်လို့ ရဘူးးးနော်??
ကဗျာလေးးကကောင်းးလိုက်တာ
😥
တောင်ပေါ်သား
October 15, 2014 at 2:38 pm
ကိုခ ရေ
ဒီလိုပါပဲ ဟိုတွေး ဒီတွေးနဲ့ ရေးလိုက်တာပါ ၊
ကေဇီရေ
ကျားဖြစ်ဖြစ် မဖြစ်ဖြစ် အလှည့်စားခံရရင်
အဲ့သလို တွေးတတ်ကြမှာပါ ၊
ရိုးသားပါလျက်နဲ့ ခံစားလိုက်ရတာကိုး ၊
kyeemite
October 15, 2014 at 2:38 pm
.နေမစောင်းမီ တုံးသည်ထင်ထား
.ထိုယောကျင်္ား၏ ဒါးသွားများကို
.မြင်စေလို ၊
.အောင်မငေး…ကျောင်းစရာဂျီး ပါလား..ကိုရင်မျို း :k:
ကေဇီ
October 15, 2014 at 6:41 pm
ခါ တလေ များ ကိုယ့်ကို တုံး အ အ မှတ်ပြီး
ပြုံး စ စ နဲ့ လှည့်စားဖို့ ကြံချင်သေးးး
ကုန်းကွကွ ဖြစ်သွားအောင်
ဗုံးလှလှ နဲ့ ထု ပစ်ချင်တာ။
ခိ။
:kwi:
manawphyulay
October 16, 2014 at 10:02 am
ပြုံးစစနဲ့ တုံးအချင်ယောင်
ဆောင်နေသူ
အသင် ယောက်ျား
ဓားသွားထက် ပြုံးမျက်နှာကို
သူမ မြင်ယောင်သွား….
Yae Myae Tha Ninn
October 16, 2014 at 11:10 am
ကောင်းပါလေ့ ကိုတောင်ပေါ်သားရေ… အိလို ရေးတတ်ချင်သေးတယ်… ဟဲ… လောဘ ကြီးတာပေါ့… ကျွန်တော့်ပို့စ်ထဲမှာ… ဆရာကြီး နာမည် ကျန်ခဲ့တယ်.. ဆောရီး… ကဗျာ ရေးတာ တွေ့တဲ့သူတွေကို ထည့်ရေးထားတာ… 🙂
အလင်းဆက်
October 16, 2014 at 11:11 am
ပေါက်ကွဲရစ်သမ်ပေါ့လေ
တောင်ပေါ်သား
October 16, 2014 at 12:17 pm
ကေဇီရေ ဗုံးလှလှနဲ့ဆို သများတွေပါ မှန်ကုန်မှ ဒုက္ခ
မနောက မြင်သွားတယ်ပေါ့လေ 🙂
ကိုထွဋ်ရေ ကျနော်က ကဗျာဆရာ ဟုတ်ရပေါင်ဗျာ ၊ ဟိုရေး ဒီရေး လက်သင်လေးပါ ၊
ဖွေးဖွေးချစ်သူရေ ဟုတ်ပ ပေါက်ကွဲသံစဉ်ပေါ့ကွယ် ၊