Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆင်းရဲသော အိမ်နီးနားချင်းများ

weiweiJanuary 26, 20121min64665

( ဒီပို့စ်မှာရေးချင်တဲ့ ဆင်းရဲခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဆိုလိုခြင်းဖြစ်ပါတယ်။ )

ကျွန်မသည် ဆင်းရဲသားများနှင့် နှစ်ရှည်လများတစ်ရပ်ကွက်ထဲတွင် အတူနေထိုင်ခဲ့ရပါသည်။ ကျွန်မကိုယ်တိုင် မချမ်းသာသော်လည်း သူတို့နဲ့ယှဉ်လိုက်ရင်တော့ ကျွန်မက သူဌေးတစ်ယောက်လို့ သူတို့က သတ်မှတ်ပါလိမ့်မည်။ ကျွန်မက ဆင်းရဲသားလို့သတ်မှတ်လိုက်တဲ့သူများကတော့ အစိုးရပိုင် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြသော၊ သာမာန်အဆင့် အမှုထမ်းများနေထိုင်သော၊ စက်ရုံမှပေးသော၊ လိုင်းခန်းဟုခေါ်ထွင်သော၊ အဆင့်အတန်းအတော်အတန်မြင့်သော၊ ၆ ထပ်တိုက်ခန်းများတွင်နေထိုင်ကြသော အမှုထမ်းဝန်ထမ်းအိမ်ရာများမှ အမှုထမ်းမိသားစုများဖြစ်ပါသည်။ စုစုပေါင်းတိုက်ခန်းပေါင်း ၃၀ဝ နီးပါးနဲ့ အိမ်ထောင်စုပေါင်း ၅၀ဝ နီးပါးလောက်နေထိုင်ကြသော ခြံဝင်းကြီးအတွင်းမှ မြေညီထပ်အခန်းတစ်ခန်းတွင် ကျွန်မနေထိုင်ခဲ့ပါသည်။ မကြားချင် မမြင်ချင်မှအဆုံး အားလုံးကို သိနေရသည့်ကျွန်မအတွက် ဆင်းရဲခြင်းဆိုတာ ဒီလိုပါလားလို့ နားလည်ခဲ့ရသည့် အချိန်ကာလများဖြစ်ပါသည်။

မနက်မိုးမလင်းခင်ကထဲက အောက်ဆုံးထပ်ကနေ အပေါ်က ၅ ထပ်စလုံးကို အဆဲနဲ့စတင်ပြီး အတင်းတုတ်ခြင်းနဲ့အဆုံးသတ်ကာ မိုးချုပ်ကြသည်က သူတို့၏ နိစ္စဓူဝလုပ်ငန်းများဖြစ်ပါသည်။ ကလေးထုတ်သည့်စက်ရှိသည့်အလား မွေးထားလိုက်ကြသည့်ကလေးများကလဲ ဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိသည်။ ကျွန်မအပါအဝင်သူတို့အားလုံးနေထိုင်ကြရသည့် တိုက်ခန်းအားလုံး အတူတူပင်ဖြစ်သည်။ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခု၊ ရေချိုခန်းတစ်ခန်းနှင့် အိမ်သာတစ်လုံးပါသည်။ စက်ရုံဝန်ထမ်းများဖြစ်သည့်အတွက် အိုဗာတိုင်းကြေးမှလွဲလျှင် အပိုဝင်ငွေလုံးဝမရှိကြသဖြင့် သူတို့နေခွင့်ရသည့် တိုက်ခန်းအတွင်းမှ အိပ်ခန်းများကို ငှားစားကြရသည်။ ယနေ့ပေါက်ဈေးဆိုလျှင် အိပ်ခန်းတစ်ခန်းကိုတစ်လ ၃ သောင်းလောက်ရသည်။ တစ်ချို့က တစ်ခန်းထဲမှာ အားလုံးစုနေပြီး ပိုနေတဲ့တစ်ခန်းကို ငှားစားသည်။ တစ်ချို့ကတော့ ဧည့်ခန်းထဲမှာ အားလုံးထွက်နေပြီး အိပ်ခန်း ၂ ခန်းစလုံးကို ငှားစားကြပါသည်။ သန်းခေါင်စာရင်း သေချာစစ်ကြည့်လျှင် တိုက်ခန်းတစ်ခန်းတွင်နေထိုင်သူ ၁ဝ ယောက်ထက် နဲမည်မဟုတ်ပေ။ အခန်းနှင့် လူဦးရေမမျှသဖြင့် အလုပ်မရှိသူအိမ်ရှင်မများနှင့်ကလေးများအားလုံး အောက်ထပ်ဆင်းကာ ကစားနေကြ၊ အတင်းပြောကြနှင့် ပျော်သလိုနေထိုင်ကြပါသည်။ သူတို့ကား မိုးလုံလေလုံ တိုက်ခန်းအကောင်းဖြင့်နေကြရသော်လည်း အနေဆင်းရဲကြပေသည်။

စက်ရုံဝန်ထမ်းတစ်ယောက်၏လစာသည် အိုဗာတိုင်းကြေးပါလျှင်တောင်မှ ၈ သောင်းကျပ်ထက် ကျော်မည်မဟုတ်ပါ။ ကလေးတွေအများကြီးနှင့် မိန်းမလုပ်သူက အရာရှိအိမ်တွေလိုက်ပြီး အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်ပြီး ဝင်ငွေရှာကြရသည်။ မြေညီထပ်မှာနေသူတွေက အိမ်ဆိုင်ကလေးတွေဖွင့်၊ အိမ်ရှေ့အကြော်ထွက်ရောင်း၊ မုန့်တီထွက်ရောင်းနှင့် အပိုဝင်ငွေရှာကြရသည်။ ဖြတ်လမ်းနည်းလိုက်ပြီး ချဲထိုး၊ နှစ်လုံးထိုးသူတွေကလဲ ဒုနဲ့ဒေး၊ အကြွေးသံသရာနဲ့ အော်ဟစ်သောင်းကျန်း ရန်ဖြစ်နေကြတာက နေ့စဉ်ပုံမှန် တေးသံသာတစ်ခုလို နားယဉ်နေခဲ့ပါသည်။

ကျွန်မသည် အဲဒီလိုပတ်ဝန်းကျင်မှာနေထိုင်းရင်း သူတို့အတွက် တစ်ခုခုလုပ်ပေးချင်လာခဲ့ပါသည်။ ဘာလုပ်နိုင်မလဲလို့ အကြိမ်ကြိမ်စဉ်းစားပြီးနောက် ကလေးတွေကို တတ်နိုင်သလောက် စာသင်ပေးမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ လုံးဝပိုက်ဆံမယူပဲအလကားဆိုလျှင် ကျွန်မအခန်းတောင်လျှံသွားမှာစိုးရိမ်သည့်အတွက် အလွန်နဲသည့် ကျူရှင်လစာသတ်မှတ်ပြီး သူငယ်တန်းကနေ နဝမတန်းအထိ စာသင်ပေးမည်ဟု ကြေညာလိုက်ပါသည်။ ကျွန်မနှင့်အတူ နောက်ထပ် ၃ ယောက်ကလဲ ဆရာအင်အားဖြည့်တင်းပေးရန် သဘောတူခဲ့ပါသည်။ ကျွန်မစိတ်ထဲထင်မိတာက ကလေးတွေအများကြီး ကျောင်းလာတက်ကြလိမ့်မည်ဟု … တကယ်တမ်း ကျောင်းလာအပ်တာက သူငယ်တန်းကနေ နဝမတန်းအထိ အားလုံးပေါင်းရင်တောင် အယောက် ၂ဝ မပြည့်တပြည့်။ ပိုက်ဆံတစ်ထောင်တောင်မှ မတတ်နိုင်အောင် ဆင်းရဲကြပါသည်။

ပထမစစချင်းလမှာ ကလေးတွေလဲတက်တက်ကြွကြွ၊ ကျွန်မတို့ဆရာမတွေလဲ တက်တက်ကြွကြွနဲ့ စားပွဲကုလားထိုင်နဲ့ whiteboard ဖိုးနဲ့ သူငယ်တန်းကနေ နဝမတန်းအထိ ဖတ်စာအုပ်ဖိုးတောင် တော်တော်အရင်းအနှီးပြုခဲ့ရပါသေးသည်။ တစ်လပြည့်ပြီး လကုန်တော့ လစာပေးရန် ခက်ခဲလာကြသည်။ လာတောင်းပန်တဲ့မိဘတွေရှိသလို မသိချင်ယောင်ဆောင်နေတဲ့မိဘများလဲရှိကြသည်။ ကျွန်မတို့ကတော့ အားတွေတော်တော်ကုန်နေပြီ။ စာအလွန်ညံ့သည့်ကလေးများကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပါသည်။ နည်းမျိုးစုံနဲ့ကြိုးစားပြီးသင်ပေးခဲ့ပါသည်။ တစ်နေ့ကို အတန်းတစ်တန်းအတွက် ၂ နာရီသတ်မှတ်ထားခဲ့သော်လည်း အချိန်အကန့်အသတ်မရှိ ညမိုးချုပ်သည်အထိ ကြိုးစားသင်ပေးခဲ့ပါသည်။ သို့သော်လည်း တိုးတက်မှုက သိပ်မရှိခဲ့ပါ။ စာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် နဲနဲကြီးသည့်ကလေးကို အကျီကအစ လွယ်အိပ်အဆုံး အမြင်မတော်လို့ ဝယ်ပေးခဲ့ရတာတွေလဲ ရှိခဲ့ပါသည်။

သိပ်ညံ့လွန်းတဲ့ ၈ တန်းကျောင်းသားကလေးကို မေးကြည့်မိတယ်။ မင်းဒီလောက်ညံ့တာ ဘယ်လို ၈ တန်းအထိ ရောက်လာတာလဲလို့ပေါ့။ အဲဒီအချိန်တုန်းက တန်းလုံးကျွတ်မအောင်မနေရစနစ်မို့ အောင်ခဲ့တာပါတဲ့။ စာကဘာလို့ဒီလောက်တောင် ညံ့ရတာလဲဆိုတော့ ကျောင်းမတက်ပဲ အတန်းအောင်ခဲ့လို့ပါတဲ့။ တကယ့်ကို အံ့ဩစရာပဲ။ ဘာလို့ကျောင်းမတက်တာလဲမေးမိတော့ … ကျွန်တော်တို့အိမ်က အရမ်းဆင်းရဲတယ် … စားစရာတောင်မရှိလို့ အဘွားက သူ့ကို ရထားဘူတာမှာ ငုံးဥပြုတ်ရောင်းခိုင်းပါတယ်တဲ့။ နေ့တိုင်း ငုံးဥသွားရောင်းနေရတာနဲ့ ကျောင်းမှန်မှန်မတက်နိုင်ခဲ့တာ မူလတန်းအရွယ်လောက်ကထဲကပါတဲ့။ ကျွန်မဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ သူ့အတွက် ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားခဲ့တာ ၄ လ ကြာသွားခဲ့ပါတယ်။

ကလေးကို ကျောင်းပုံမှန်တက်နိုင်ဖို့ သူစီးပွားရှာနိုင်နေတဲ့ငွေပမာဏကို ကျွန်မ မပေးနိုင်ပါ။ ဇွတ်အတင်းကျောင်းတက်ရမည်ဟု အမိန့်ပေးနိုင်တဲ့အာဏာလဲ ကျွန်မမှာမရှိပါ။ ကလေးအမေကိုကြည့်လိုက်တော့လဲ ပိန်ခြောက်ခြောက်နဲ့ ကျန်းမာရေးမကောင်းသည့်ပုံစံမို့ ဘာမှမပြောချင်တော့ပါ။ ကလေးရဲ့ဦးနှောက်အခြေအနေက တော်တော်ထုံထိုင်းနေပြီမို့ စာလဲဘယ်လိုမှသင်လို့မရတော့ပါ။

နောက်ထပ်ကောင်လေးတစ်ယောက်က ၄ တန်းအရွယ်ပဲ ရှိပါသေးသည်။ ညနေဘက် သူ့အဖေနဲ့အတူ အမှိုက်လှည်းလိုက်သိမ်းရပါသည်။ ကလေးအဖေက စက်ရုံမှသန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကလေး ၅ ယောက်ရှိပါသည်။ ကျွန်မတို့အိမ်ယာမှ အမှိုက်ပစ်နည်းက ညနေ ၆ နာရီမှ ၈ နာရီထိ နေရာတစ်နေရာသတ်မှတ်ပေးထားပြီး လာပုံသမျှအမှိုက်များကို လှည်းကလေးတစ်စီးဖြင့်ကောက်တင်ကာ အမှိုက်ပုံကြီးရှိရာကို သွားပို့ရသည့်အလုပ်ကို ကလေးအဖေမှ တာဝန်ယူရပါသည်။ ညနေ ၆ နာရီထိုးတာနဲ့ ကလေးက အမှိုက်ထဲမှ ရောင်းစားလို့ရတဲ့ ပလက်စတစ်လိုဟာတွေရွေး၊ အဖေနဲ့အတူ လှည်းတွန်းပေးနဲ့ အရွယ်နဲ့မလိုက်အောင် အလုပ်လုပ်ရပါသည်။ ကလေးကို စာကျက်ပါလို့ ဘယ်လိုပြောရမလဲ … သူ့ကို ဘယ်လိုနည်းနဲ့ ကူညီပေးရမလဲ … ကျွန်မကူညီပေးနိုင်တာက တစ်နည်းထဲပဲရှိပါတယ် … တစ်ရက်ခြားလောက် ကျွန်မအိမ်က အမှိုက်တွေကို အဲဒီကလေးကို ပစ်ပေးပါလို့ပြောပြီး မုန့်ဖိုးပေးပါတယ် … သူ့လုပ်အားနဲ့သူရတဲ့ ကျွန်မအတွက်လည်း အနဲငယ်သောပိုက်ဆံနဲ့ သူ့ကိုကူညီပေးခြင်းပါပဲ … ကျူရှင်လခမယူပဲ နေ့တိုင်းစာလာသင်ရမယ်လို့ပြောရပေမယ့် စာဘက်မှာ ဘယ်လိုမှ မထူးချွန်ပါ။
ကျွန်မတို့လဲ ကိုယ်စမိတဲ့ဇာတ်လမ်းကို ဆုံးအောင်လုပ်မည်ဟုဆုံးဖြတ်ပြီး အတန်းတင်စာမေးပွဲပြီးသည်အထိ ကြိုးစားပြီးသင်ပေးခဲ့ပါတယ်။ စေတနာအပြည့်ထားမိခြင်းကြောင့် ခံစားရတာက ဒေါသဖြစ်ပါတယ်။ ကြိမ်လုံးတစ်ချောင်းနဲ့ ရိုက်မိသည်အထိ ဒေါသထွက်ရတာမို့ ကျွန်မလဲ မခံနိုင်တော့တာနဲ့ စာသင်းခြင်းအလုပ် တစ်နှစ်ထဲနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

တခြားကလေးတွေက သူတို့လေးတွေလောက် အခြေအနေမဆိုးကြပေမယ့် တူညီတာကတော့ အာဟာရပြည့်ဝမှုမရှိကြပါဘူး။ ပိန်ပိန်လှီလှီကလေးတွေများပါတယ်။ ကျွန်မသူတို့တွေအကြောင်း စသိကာစက မိဘတွေကို အပြစ်တင်ခဲ့မိပါတယ်။ ကြာလာတေ့ မိဘတွေကိုပါ အပြစ်မတင်နိုင်တော့ပါ။ သူတို့မှာလဲ ဒုက္ခများလိုက်ကြတာ … သူတို့တတ်နိုင်သလောက် သားသမီးများကို ရှာကျွေးနေကြတာ မျက်မြင်ပါပဲ။ ကျွန်မက စိုးရိမ်တတ်သူတစ်ဦးဖြစ်ပါတယ်။ အလုပ်တစ်ခုကိုစဉ်စားရင် plan B အမြဲထားတတ်တယ်။ ကျွန်မ၏ အိမ်နီးနားချင်းများကိုကြည့်ရတာ မည်သူမှ plan B မရှိပါ။ နေ့စဉ်ကြုံနေရတဲ့ အခက်အခဲကို နေ့စဉ်ဖြေရှင်းလိုက်တဲ့နည်းနဲ့ နေ့ရက်တွေကို ကျော်ဖြတ်နေကြပါတယ်။ ကျန်းမာရေးမကောင်းခဲ့ရင် … မတော်တဆဝန်ထမ်းကိုယ်တိုင်သေသွားခဲ့ရင် … သူတို့ဘဝကို ကျွန်မဆက်မတွေးရဲတော့ပါ …

ကျွန်မ၏အိမ်နီးနားချင်းများ၏ဘဝများသည် ကျွန်မတို့နိုင်ငံ၏ ရာခိုင်နှုန်းတော်တော်များများကို ကိုယ်စားပြုနိုင်လိမ့်မည်ဟု တွေးမိသည်နှင့်အမျှ နေ့စဉ်နေ့တိုင်း ကျွန်မကတော့ သူတို့ကိုကြည့်ပြီး ရင်လေးမိသလောက် သူတို့ကတော့ ကစားမပျက်၊ အတင်းပြောမပျက်၊ အပြုံးမပျက် ……

65 comments

  • ကြောင်ကြီး

    January 26, 2012 at 11:13 am

    သဂျီးကတော့ တိုင်းပြည်မှာ လူဦးရေနည်းလို့ အိမ်ထောင်ပြုခိုင်းနေဒယ်။ မွေးလာတဲ့ခလေးတွေကို သူအိတ်ထဲကစိုက် ကျွေးမယ်နဲ့တူ၏။။

  • etone

    January 26, 2012 at 11:31 am

    ဆင်းရဲတဲ့ လူအများစုမှာ ကြုံတွေ့နေရတာတော့ … လူဦးရေ တိုးပွားခြင်းနဲ့ ဝင်ငွေ၊ထွက်ငွေ မညီမျှခြင်းပါပဲ … ။ စားစရာမရှိလို့ ချေးငှား .. လခထုတ်တော့ ပြန်ဆပ် .. လလယ်လောက်တော့ ပြန်ချေးငှား .. ဒါနဲ့ပဲ သံသယာလည်နေတဲ့ သူတို့ဘဝတွေ …. ဘယ်မျိုးဆက်လောက်မှ ဒီနွံ့ လွတ်ပါ့မလဲနော် … ။

    ကလေးတွေကို မကျွေးနိုင်ပဲ ၊ အတားဆီးမဲ့ မွေးနေတာဟာ .. ကျန်းမာရေးဗဟုသုတအားနည်းလို့ပဲ ထင်ပါရဲ့ … ။(IUD တွေအခမဲ့ထည့်ပေးနေတာ .. ငါးနှစ်သက်တမ်းခံတယ် … ဒါတောင် ရှင်မွေးလွန်းတွေ ရှိနေတုန်းပဲ … ) မွေးလာတဲ့ ကလေးတွေကိုလည်း တာဝန်ကျေအောင်ကျွေးဖို့မပြောနဲ့ .. စာတောင် သင်မပေးနိုင်တဲ့ အခြေနေ …. ။ ဒီလို ကလေးမျိုးက ပေါက်ဖွားလာတဲ့ နောက်မျိုးဆက်မှာ စာသင်တယ်ဆိုတာ … ဘာလဲလို ့မေးရတော့မယ့် အခြေနေမျိုးထိ ဆိုးရွားသွားနိုင်တယ် … ။ ကလေးတွေကို ခိုင်းစားဖို့ပဲ မွေးထားသလားလို့တောင် ထင်မှတ်မိပါတယ် … ။မွေးပြီး အရွယ်ရောက်တာနဲ့ .. ခိုင်းစားချင်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ရတာ .. ရင်နာစရာကောင်းလွန်းလှတယ် … ။

    1.အစိုးရအနေဖြင့် အသက်မပြည့်သေးတဲ့ ကလေးများ ဝင်ငွေရှာခြင်းကို တားမြစ်သင့်ပါတယ် … ။
    2. အခမဲ့ပညာဒါနကျောင်းတွေနဲ့ … နေစရာ ၊ စားစရာပေးတဲ့ သင်ကြားရေးကျောင်းတွေ ၊အဖွဲ့စည်းတွေ များများပေါ်ပေါက်သင့်ပါတယ် … ။ 🙄

    • weiwei

      January 26, 2012 at 11:36 am

      ဆင်းရဲခြင်း သံသရာကတော့ မုန့်လုံးစက္ကူကပ်ဖြစ်နေအုန်းမှာပဲ … ကျွန်မရေးခဲ့တဲ့ ပါတ်ဝန်းကျင်က အနဲဆုံးတော့ နေစရာနဲ့ စားစရာရှိနေသေးလို့ အခြေအနေအများကြီး ကောင်းတယ်လို့ ဆိုနိုင်ပါသေးတယ် … သူတို့ထက် အခြေအနေဆိုးတာတွေ အများကြီးရှိအုန်းမှာ …

      • etone

        January 26, 2012 at 11:48 am

        ရှိတာပေါ့ မဝေရေ.. တချို့ ဆို နေစရာ စားစရာကလည်း မရှိ .. လူဦးရေကလည်း ထူတော့ …ရသလောက်လစာလေးနဲ့ ..ငတ်တလှည့်ပြတ်တလှည့် … အမြဲတမ်း တကြိတ်ကြိတ်နဲ့ ဆဲရေးတိုင်းထွာတာတွေကြား … ရှင်သန်ကြရတယ် … ။ ရေဝေးသွားတဲ့ လမ်းဘက်မှာ … မြင်ရတဲ့ လူအချို့ကိုကြည့်ပြီး … စိတ်မကောင်းဘူး … ။ 🙁

      • Thel Nu Aye

        January 27, 2012 at 5:40 pm

        အမနေတာ ကမာရွတ် မဟုတ်လား။ ကျွန်မကအဲနားမှာနေတာ။

    • nature

      January 27, 2012 at 9:05 pm

      1.အစိုးရအနေဖြင့် အသက်မပြည့်သေးတဲ့ ကလေးများ ဝင်ငွေရှာခြင်းကို တားမြစ်သင့်ပါတယ် … ။
      etone ရေ ။ သူတို့ ဝင်ငွေရှာတာကိုသွားတားမယ်ဆိုရင် သူတို့ကိုဘယ်သူကထမင်းသွားကြွေးမှာတုန်း။ ဒီလိုကလေးမျိုးတွေက တယောက်တည်းမဟုတ်ဘူး ။ တနိုင်ငံလုံးမှာ ဒါမျိုးတွေရှိတာနော်။

      • etone

        January 28, 2012 at 11:57 am

        အန်ကယ်နေးချားရေ … လူငယ်လေ့ကျင့်ပြုစုပေးတဲ့ အသင်းဖွဲ့တွေ ၊ အစိုးရအဖွဲ့စည်းတွေ အရှိန်ဟုန်မြင့်လာလျှင် ကလေးကိုခိုင်းစားတဲ့ ကိစ္စတွေပျောက်ကွယ်သွားမယ်ထင်တယ် … အသိပညာဗဟုသုတနဲ့ .. အတတ်ပညာသင်ပေးတဲ့ကျောင်းတွေဖွင့်ပြီး သူတို့ဘဝလေးတွေကို ပြုစုပျိုးထောင်ပေးနိုင်လျှင် သိပ်ကောင်းမှာပဲ … လက်မှုပညာသင်ကျောင်းတွေဖွင့်ပြီး သူတို့ လက်ရာလေးတွေနဲ့ သူတို့စရိတ်ပြန်ရှာနိုင်မယ့် အဖွဲ့စည်းမျိုးကို ဆိုလိုတာပါ … ။ အဲ့ဒီကနေမှ .. ဉာဏ်ကွန့်လျှင် ကွန့်တတ်သလို အသက်ကြီးလာတာနဲ့အမျှ တပိုင်တနိုင်လုပ်ငန်းထူထောင်သူတွေလည်း ဖြစ်နိုင်သေးတယ် … ။ 🙂

        အဓိကကတော့ မိဘတွေပါပဲ … တာဝန်မယူနိုင်ပဲနဲ့ … မွေးထားတာမြင်ရတာ .. ရင်နာလွန်းလို့ပါ .. ။

  • စိန်ပေါက်ပေါက်

    January 26, 2012 at 11:45 am

    ဪ..
    လတ်စသတ်တော့..ဒီအန်ဒီကြီးက တားတားတို ့ရပ်ကွက်ထဲကဂိုး
    😀

    • weiwei

      January 26, 2012 at 11:54 am

      ပုလင်းလေးကိုင်နေတဲ့ တားတားကို မှတ်မိပြီ …
      အိုးတွေခွက်တွေ ဝယ်ဒယ် … ပုလင်းတွေ ဝယ်ဒယ် လိုက်အော်တဲ့ ဘောင်းဘီတိုလေးနဲ့ ကောင်လေးများလား ? 😛

      • Harumoto

        January 28, 2012 at 3:48 pm

        အဲဒါ အနော်ဂျ… အိတ်တလုံးလွယ်ပီး တံဂျွန် တချောင်းနဲ့လေ..
        ဆေးပေါ့လိပ် ဖါွနေလို့တောင် အံတီဂျီးအော်ခံရသေး….

  • zaw min

    January 26, 2012 at 2:38 pm

    မဝေရဲ့ပိုစ့်ကိုဖတ်ရင်း သတ်ပြင်းတွေအခါခါချမိတယ်…ကျနော့်အတွေးထဲမှာ ဒီလိုမျိုးတွေဒီတစ်နေရာထဲမှာရှိတာမဟုတ်ဘူး၊နေရာတိုင်းမှာရှိနေမှာပါ…ဒါတွေကိုဘယ်လို ဝိုင်းဝန်းကူညီပေးနိုင်မလဲလို့ စဉ်းစာမိတာလေးက အဲဒီ မဝေတို့အနီးအနားမှာ စာကြည့်တိုက်လေးတွေဖွင့်ပေးနိုင်အောင်ကြိုးစားကြည့်စေချင်ပါတယ်…အားလဒ်တဲ့အချိန်တွေမှာ သူတို့လေးတွေရဲ့အသိပညာတိုးပွါးစေနိုင်အောင်နည်းလမ်းရှာကြည်တာပါ။ဖြစ်နိုင်မယ်ဆိုရင်တော့ ဂေဇက်ညီအကိုမောင်နှမမှ ဝိုင်းဝန်းပံပိုးပြီးအကောင်အထည်ဖေါ်ကြည့်စေချင်ပါတယ်…။

  • aungnng87

    January 26, 2012 at 2:40 pm

    ဘယ်လိုပြောရမှန်းမသိတော့ပါဘူး ဝေဝေရယ်။ တနည်းပြောရရင်လည်းအလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းရဲ့အကျိုးဆက်လို့လည်းပြောရမှာပေါ့နော်။

  • ahnyartamar

    January 26, 2012 at 2:45 pm

    This is real life in some places in Myanmar

  • လင်းဝေ

    January 26, 2012 at 4:40 pm

    ပြောရရင်အရှည်ကြီးပါပဲ မဝေရေ။
    အဲသလိုတွေ များနေတာ တရားခံကလည်း ပြောစရာ ရှိတာက ဒီညံ့ဖျင်းတဲ့ စီမံအုပ်ချုပ်မှုစနစ်ပဲ ဆိုတော့။

  • water-melon

    January 26, 2012 at 4:51 pm

    ဘဝအကျိုးပေးမကောင်းလို့ မြန်မာနိုင်ငံမှာ လူဖြစ်လာရတာလားတော်
    နောက်ဘဝ လူဖြစ်ရင် ရေမီးအင်တာနက်ဖုန်း ကောင်းတဲ့နိုင်ငံ
    ပြည်သူတွေအပေါ်ကောင်းတဲ့ အစိုးရ

  • naywoonni

    January 26, 2012 at 7:24 pm

    ကျွန်တော်ကတော့ မဝေပြောတဲ့ရပ်ကွက်ထက်ဆင်းရဲတာတွေတွေ့ဖူးပါတယ်…။ မရှိလို့ ဆင်းရဲတာထက် မသိလို့ ဆင်းရဲတာက ပိုများနေပါတယ်…။ သေချာကွင်းဆင်းပြီးအသိပညာပေးတာမျိုး ရှိရင်ကောင်းမယ်………..။

  • weiwei

    January 26, 2012 at 7:56 pm

    ဒီပို့စ်မှာ ကျွန်မပေးချင်တဲ့ message က အလုပ်အကိုင်အတည်တကျနဲ့ နေစရာရှိတဲ့ ရန်ကုန်မြို့ပေါ်မှာ နေထိုင်နေတဲ့ မိသားစုတောင် ဒီလောက် အခြေအနေဆိုးနေတယ်ဆိုတာပါပဲ … ကျွန်မတို့နားက ဘက ကျောင်းလေးမှာ ဖိနပ်မပါပဲ ကျောင်းတက်နေကြတဲ့ ကလေးတွေလဲ အများကြီးရှိပါတယ် … မိုးတွင်းတစ်ရက်မှာ သူဌေးတစ်ယောက်က ကလေးအားလုံးကို ထီလာလှူပါတယ် … အဲဒီရက်တွေမှာ ကလေးတွေ ထီးအသစ်လေးတွေနဲ့ ခဏတွေ့လိုက်ရပြီး နောက်ရက်တွေကျတော့ ဒီအတိုင်း မိုးရေထဲမှာပြန်ဖြစ်နေကြတယ် … ဖိနပ်လဲမပါ ထီးလဲမပါပဲ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ကားတွေကို အကြောက်အလန့်မရှိ လမ်းကူးနေကြတာ … ဖိနပ်တွေဝယ်ပြီး သွားလှူရင်ကောင်းမလားလို့ တစ်ခါစဉ်းစားမိဖူးပါတယ် … သေချာစဉ်းစားတော့လဲ ဒီလိုလှူလိုက်တာ ခဏတာဖြေရှင်းခြင်းသာဖြစ်ပြီး သူတို့တွေအတွက် တကယ့်အကူအညီမဟုတ်ဘူး …

    • Mr. MarGa

      January 27, 2012 at 4:29 pm

      ရန်ကုန်မြို.ပေါ်မှာနေထိုင်နေတဲ့ မိသားစုတွေ ဒီလောက် အခြေအနေ ဆိုးတယ်ဆိုရင်
      ရွာတွေမှာနေတဲ့သူတွေကော ဘယ်လိုနေမလဲဗျာ
      သိသူများ ရေးတင်ပေးကြပါဦး
      ဦးမာဃ သိချင်လို.ပါ
      နတ်ပြည်မှာ အနေကြာလို. လူ.ပြည်အကြောင်းတွေက မေ့တေ့တေ့ ဖြစ်နေပြီ။
      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ.ပြည်)

  • windtalker

    January 26, 2012 at 8:27 pm

    အဓိက က စိတ်ဓါတ် လှူပေးရမှာပေါ့နော် ။
    စိတ်ဓါတ်မြှင့်တင်ရေး ကို ဆိုပါသလားခင်ဗျာ ။

    • weiwei

      January 27, 2012 at 11:05 am

      စိတ်ဓါတ်မြှင့်တင်ပေးဖို့က ကလေးတွေတင်မက ကလေးမိဘတွေကိုပါ မြှင့်တင်ပေးဖို့ လိုနေတာမို့လို့ … လောလောဆယ် ဝင်ငွေတိုးလာရင် စိတ်ဓါတ်မြင့်လာနိုင်တယ်လို့ပဲ မျှော်လင့်မိပါတယ် …
      လက်ရှိအခြေအနေမှာ စားဝတ်နေရေးက ခက်ခဲနေတော့ ဘာကိုမဆို လွယ်လွယ်ရရင် ခိုးမယ်ဆိုတဲ့စိတ်တွေရှိနေကြတုန်းပါပဲ …

  • တညင်သား

    January 26, 2012 at 8:31 pm

    ဆရာမ ..မင်္ဂလာပါ
    ဘာဖြစ်သင့်ပါတယ် ညာဖြစ်သင့်ပါတယ်တော့ မပြောတက်ပါဘူး.. တီတီချာမရယ် နော်လဲ ဆရာမ ကြိမ်လုံးနဲ့ ရိုက်ပြီးကတဲက လိမ်မာသွားပါပြီ… ကျောင်းလဲ ရ တန်းနဲ့ ထွက်ပြီး မလေးရှားမှာ အိုက်တိုးပဂေးဆန် လုပ်ရင်း မိဘ ကိုလုပ်ကျွေးနေပါတယ်….
    မြန်မာပြည်ကြီးလဲ စီးပွါးရေး ပိတ်ဆို့မှု့တွေ မရှိတော့ရင် ပညာမတက်သော သူများပါ အလုပ်အကိုင်တွေ အစဉ်ပြေလာနိင်မယ်ထင်မိပါတယ်…………….

  • padonmar

    January 27, 2012 at 12:19 am

    ဝေဝေရေ
    ကျောက်ကွင်းရွာမှာ ဒီလို ကလေးမျိုးတွေအတွက် 2000group က စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းလေးလုပ်ပေးခဲ့တယ်။
    ဝေဝေ့ဆီလည်း e-mail ပို့မယ်ထင်ပါရဲ့၊ဖတ်ကြည့်ပါအုံး။
    နည်းနာယူလို့ရအောင်ပါ။
    ကောင်းတဲ့ အလုပ်တွေက လုပ်ရတာပိုခက်ပါတယ်။
    ကြယ်ငါးလေးတွေ ကောက်နေတယ်လို့ သဘောထားပြီး နိုင်သလောက် ဆက်လုပ်သွားပါနော်။
    စိတ်မပျက်ပါနဲ့။

    • weiwei

      January 27, 2012 at 10:45 am

      ကျွန်မစာသင်ပေးဖြစ်တာက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပါ .. အဲဒီနောက်ပိုင်း နိုင်ငံခြားမှာ သွားနေဖြစ်တာနဲ့ သူတို့တွေနဲ့ဝေးသွားတယ် … အခုပြန်ရောက်တော့လဲ ရပ်ကွက်ပြောင်းနေလိုက်ရလို့ နေ့တိုင်းမမြင်ဖြစ်တော့ဘူး … ဒါပေမယ့် သူတို့အခြေအနေတွေ ဒီအတိုင်းပါပဲ .. ဘာမှတိုးတက်ပြောင်းလဲခြင်းမရှိသေးဘူး … ကျွန်မလဲ တစ်ခုခုလုပ်ပေးချင်ပါတယ် … သင်တန်းဖွင့်မယ်ဆိုရင် ပံ့ပိုးပေးမယ့်သူလဲရှိပါတယ် … စဉ်းစားနေတုန်းပါပဲ … နွေကျရင် ဗုဒ္ဓဘာသာအခြေခံသင်တန်းတစ်ခုလောက် လုပ်ပေးရင်ကောင်းမလားလို့ စိတ်ကူးထားတယ် …

      • တညင်သား

        January 27, 2012 at 10:55 pm

        စိတ်ကူး ကောင်းတယ် ဆရာမ သိပ်တင်းလွန်းတဲ့ စည်းကမ်းတွေလဲ မထားပါနဲ့နော် ..ကိုယ်ချင်းစာပြီးတော့ပေါ့…ဆရာမလို စကဒ်ပျောက်သွားတဲ့အထိ မဆော့ဖို့လဲ ပြောပြပေါ့….နောက်ပြီး ဆရာမ ကလေးတွေကို ပြုံးပြုံးလေးနေပြပေးပါ (နွေးထွေးတဲကအပြုံးလေး)…. နော် တို့တုန်းက ဆရာမကို အရမ်းကြောက်တော့ စာမေးပွဲတွေ သာအောင်လာတာ ဘာစာမှ မမှတ်မိဖူး ..

      • ဆူး

        January 30, 2012 at 12:03 pm

        မဝေ သင်တန်းပေးရင် ဆူး လည်း လာပြီး အချိန်ပိုင်း ကူညီပေးမယ်။
        သင်ပေးရမှာ အချက်အလက် အရင်ရှာထားရမယ်။
        သူတို့ စိတ်ဓါတ် ပျိုးထောင်နည်းနဲ့ သူတို့ အတွက် ဆွဲဆောင်မှု တခုခုပါမှ သူတို့ လုပ်ချင်ကြမှာ.. အဲဒါလေးပါ စဉ်းစားထားပါအုန်း။ ကလေး ပျော်ရင်တောင် မိဘက အသိပညာနည်းတော့ အရည်မရ အဖတ်မရ သွားမနေနဲ့ ဆိုတာ မျိုး ဖြစ်နေလိမ့်မယ်။

  • Khin Latt

    January 27, 2012 at 5:19 am

    ဝေဝေ ရေ
    အဲဒီ ကလေး တွေ ကမှ အိမ်ယာလေး နဲ့ အခြေတကျနေနိုင်သေးတယ်။
    နယ်ဖက် က ခေါင်တဲ့ တောရွာ လေးတွေမှာဆိုရင် တဲကိုတောင် အကာ အရံ နဲ့ မဟုတ် ဘဲ နေရတဲ့ ဘဝ တွေ အများကြီးဘဲ။
    သူတို့မှာ အလုပ်လုပ် ဖို့ဆိုတာ ကလဲ အတည်မရှိ။ ပေါက်ပန်းကျ လိုက်လုပ်ရတာ။
    တကယ်တော့ သူတို့ ရဲ့ စားရမဲ့ ထမင်းလုတ် တွေ၊ ရပိုင်ခွင့် တွေ ကို အခိုးခံထားကြရတာ။
    စဉ်းစားတိုင်း စိတ်ရိုင်းဝင်လာတယ်။

    ဘာဘဲဖြစ်ဖြစ် ဝေဝေ ရေ – သူတို့ အတွက် ရသလောက်လေးကို တစ်ပိုင်တစ်နိုင် ကြိုးစားပေးမှု အတွက် လေးစားပါတယ်။ ဂုဏ်လဲယူမိပါတယ်။ ဆက်လဲ လုပ်နိုင်သ၍လုပ်ပါဦး။
    ပိုက်ဆံရှိသူ က ဒီအတိုင်း ပိုက်ဆံ ပေးလိုက်တာထက် သူတို့ ဟာသူတို့ နောင်မှာ ကိုယ့်ခြေပေါ်မှာကိုယ် ရပ်တည်နိုင်ဖို့ ပညာ ဗဟုသုတ ပေးခြင်း ဒါန ကိုလဲ ဝေဝေ့လို စိတ်မျိုးတွေ မွေးပြီး ကိုယ်ချင်းစာ စိတ်နဲ့ ကူညီနိုင်ရင် အတော်လေးကောင်းပါမယ်။

    တကယ်အဓိက တာဝန်ရှိသူ တွေကတော့ ပြည်သူဘဏ္ဏာ ကိုယ့်ဟာထင်နေသူ တွေ အသိတရား အမှန်ဝင်ပြီး ဆင်ခြင်ဖို့ပါဘဲ။ မဝေးလောက်တော့ဘူး ထင်တာပါဘဲ။

    ဒီလိုမျိုးPost လေးအတွက် ကျေးဇူးပါ ဝေဝေရေ။

    • weiwei

      January 27, 2012 at 11:00 am

      ဒီလိုပို့စ်မျိုးက တော်တော်ခေါင်းကိုက်စေပါတယ် …
      အခုလိုကိစ္စတွေမှာ ပုံမှန်လစာရတဲ့အလုပ်နဲ့ နေစရာရှိတယ် … လစဉ်ဝင်ငွေ တစ်သိန်းလောက်ရအောင်တော့ ဖန်တီးနိုင်တယ် … မိသားစု ရ ယောက်ရှိတယ် ဆိုပါစို့ …
      တစ်နေ့ကို စားရိတ်အားလုံးအတွက် ၃၀၀ဝ ပဲ ရှိတယ်ဆိုတော့ အကြွေးသံသရာလည်ကုန်ပြီး ဆင်းရဲနေကြတယ် …

      တာဝန်ရှိသူတွေလဲ သိကြပါတယ် … တဖြည်းဖြည်းချင်း ပြောင်းလဲလာမယ်လို့ မျှော်လင့်ရတာပဲ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 27, 2012 at 10:01 am

    ဟုတ်ကဲ့ပါခင်ဗျ
    အထက်ပါအကြောင်းအရာဟာဆိုရင်ဖြင့် သူဌေးမကြီးဒေါ်ဝေဝေ ရဲ့
    သူဆင်းရဲများအကြောင်းကို သုံးသပ်တင်ပြခြင်းဖြစ်ပါတယ်
    ဆိုတော့ကာ
    ဒီလိုစားစရာမရှိတဲ့လူတွေများမှ ကိုယ်ကသူဌေးဆိုတာဖြစ်မှာပါ
    အဲ့သည်လူတွေ စားစရာမရှိတာတောင် လောကကြီးကို ဂရုမစိုက်တဲ့အတွက်
    ကိုယ့်လောက်များချမ်းသာရင် ကိုယ့်လယ်ဘင်းကို တက်နင်းမဲ့သဘောရှိလာနိုင်တဲ့အတွက်
    နေ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    ဒင်းတို ့ အဲ့ဒလိုပိုက်ဆံမရှိမှ ကိုယ်သဌေးနါမယ်ခံလို့ရတယ်

    • weiwei

      January 27, 2012 at 10:36 am

      သူဌေးမကြီး မဟုတ်ရပါဘူးကိုအောင်ပုရယ် …
      ဝန်ထမ်းလောကထဲမှာ အတူတူချင်းမို့ လစာလဲ သိပ်မကွာပါဘူး … နေရတဲ့နေရာလဲ အတူတူပါပဲ … ကျွန်မက တစ်ယောက်ထဲ မိသားစုမရှိလို့ … ဝင်ငွေထွက်ငွေ မျှတအောင် သုံးတတ်လို့ … အရာရှိတစ်ယောက်မို့ ဆင်းရဲသားလို့ စကားလုံးသုံးရမှာ အားနာလို့ပါ ….
      ကျွန်မဆင်းရဲကြောင်း (ရုပ်ပိုင်းဆိုင်ရာပေါ့..) သာ ရေးပြလိုက်ရင် အားလုံး ငိုသွားကြပါလိမ့်မယ် ….

      • Harumoto

        January 28, 2012 at 4:37 pm

        ” ကျွန်မက တစ်ယောက်ထဲ မိသားစုမရှိလို့ …”
        ကြော်ငြာ ဝင်ပါသည်..။

  • kai

    January 27, 2012 at 3:20 pm

    ( ဒီပို့စ်မှာရေးချင်တဲ့ ဆင်းရဲခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဆိုလိုခြင်းဖြစ်ပါတယ်။ )

    ဒီရွာထဲတင်ထားဖူးတဲ့..Maslow’s ပိရမစ်စံနစ်အရ.. ရုပ်ပိုင်းဆိုင်ရာဆင်းရဲခြင်းဟာ.. စိတ်ပိုင်းဆိုင်ရာကိုလည်း.. ဆင်းရဲခြင်းဖြစ်စေတာလို့.. တွက်ကြည့်လို့ရနိုင်ပါလိမ့်မယ်..။
    လူသားဟာ.. ရုပ်အခြေခံလိုအပ်ချက်တွေမပြည့်ရင်.. စိတ်ဓါတ်ကို ဘယ်လိုမှ မြှင့်တင်လို့မရပါဘူး…။

    ကျုပ်အတွေ့အကြုံအရကတော့.. ရုပ်ပိုင်းဆိုင်ရာဆင်းရဲပေမဲ့.. စိတ်ချမ်းသာတယ်ဆိုကြတာ.. ဘာသာရေးမှိုင်းနဲ့. ဖိထား.. ဆို့ထား. .ပိတ်ထားတာပါ… လို့…။
    ဒီလိုဆို့ပိတ်ပေးထားလိုက်တော့.. လူသားခမြာ.. ဟုတ်သလိုလိုဖြစ်ပြီး.. ရုပ်ချမ်းသာလာအောင် မလုပ်တတ်..မလုပ်နိုင်တော့ပါဘူး..
    ဖြတ်လမ်းနဲ့.. နောင်ဘဝကောင်းအောင်.. အားစိုက်လုပ်ပါတော့တယ်….။
    တိတိကျကျ ပြောရရင်.. တယောက်ထဲ.. သုံးကိုယ်ခွဲပါတယ်…။
    အခုလိုဖြစ်တာ.. ရှေးရှေးဘဝကံမကောင်းလို့… နောင်ဘဝကောင်းအောင်.. အခုဘဝငါက.. လုပ်မှဖြစ်လာပါတယ်..။
    ဒီလိုနဲ့.. ဘဝပါတ်လည်.. ဂျာအေးသူ့အမေရိုက်တေ့ာတာပါပဲ…။

    ဆိုတော့… 👿
    ..
    ..

    • Mr. MarGa

      January 27, 2012 at 4:40 pm

      သူကြီးရေ
      သူကြီးရေးတာ ဦးမာဃ နည်းနည်း လည်ထွက်သွားပြီ
      “အခုလိုဖြစ်တာ.. ရှေးရှေးဘဝကံမကောင်းလို့… နောင်ဘဝကောင်းအောင်.. အခုဘဝငါက.. လုပ်မှဖြစ်လာပါတယ်..။”
      ဒါကောင်းတဲ့အချက်လေ
      လက်ရှိဘဝမှာ အကောင်းဆုံးလုပ်ဖို.ပြောထားတာကို
      ဦးမာဃ တောင် အဲဒီကျေးဇူးကြောင့် သိကြားမင်းဖြစ်နေတာ
      မြန်မာစကားပုံ ရှိတယ်လေ “အူမ တောင့်မှ သီလ စောင့်နိုင်မယ် တဲ့”
      အယူအဆ လွဲရင် ပြန် ပြင် ပေးပါဦး
      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ.ပြည်)

    • weiwei

      January 27, 2012 at 5:05 pm

      လူရော စိတ်ပါ ဆင်းရဲနေရင် ဘယ်လိုအသက်ရှင်နေထိုင်တော့မလဲ ….
      စိတ်ဓါတ်အဆင့်အတန်းနိမ့်ကျတာနဲ့ စိတ်ဆင်းရဲတာနဲ့ မတူဘူးလေ …

      စိတ်ဓါတ်မြှင့်တင်ပေးဖို့ အသိဉာဏ်မြင့်မားအောင်လုပ်ဖို့ ဘယ်လိုပညာပေးကြမလဲ ????

  • Khin Latt

    January 27, 2012 at 5:18 pm

    အာဏာသိမ်းပြီးပြီ ဆို ကိုကြောင်ကြီး ရဲ့။
    သများ တို့ မှာ ဝမ်းသာ လိုက်ရတာ။
    အခု တော့ ကြည့်ပါဦး။ ဒီမှာ ………..
    သများ တို့ ကို ပို လို့တောင် ခေါင်းအများကြီး စားဖို့ ကြိုးတွေ ဆွဲ ထုတ်ပြီး လူလုံး ပြနေပြီ။
    တွေ့ကြသေးတာပေါ့ သူဂျီး ရယ်။ 😉

    ဒါထက် စကား မစပ် – သူဂျီး တစ်ခု ဖြေပါဦး။ မဟုတ်လဲ သိသူ တစ်ယောက်ယောက်
    အဲဒီ ဂျို နဲ့ ပုံ လေး 👿 ဘယ်လို လုပ်ရလဲ။
    Hay .. May be …. I know now .. let’s see. 😀

    • weiwei

      January 27, 2012 at 5:25 pm

      ဂျိုပုံလေးက 👿
      evil ကို : : ကြားထဲ ထည့်လိုက်ရမယ် …

      သူကြီးကို အာဏာတကယ်သိမ်းဖို့ အရီးလတ်ကို အားကိုးပါတယ် … 😛

      • Khin Latt

        January 27, 2012 at 5:29 pm

        Thanks a lot. So kind. 🙂

      • Khin Latt

        January 27, 2012 at 5:32 pm

        တို့ လဲ မဖြစ်နိုင်သေး။
        ပထမ ဆုံး စိန်ပေါက်ပေါက် ကို ဝေဝေ တို့ အဲဒီမှာ အရင် ဖြုတ် လိုက်နိုင်ကြရင်ကောင်းမယ်။
        ဒါမှ ဒီဘက်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မယ်။
        ကျန်သော ရွာသူ များလဲ ပူးပေါင်းကြပါ။ အဟိ။ 🙂

        • စိန်ပေါက်ပေါက်

          January 27, 2012 at 7:43 pm

          အလို
          အိမ်ရှေ ့မင်းသားကို လန်ကြုတ်ဖို ့ တာဆူနေကြပါကလား
          စိန်မျိုးစိန်နွယ်တွေကို လျှော့တွက်ကြသကိုး..
          😀

  • thit min

    January 27, 2012 at 7:11 pm

    ဆင်းရဲခြင်းဟာ ရောဂါလိုဘဲ ကုသရခက်ပါတယ်တဲ့။ အံ့ဩစရာကောင်းတာကတော့
    ဆင်းရဲတဲ့သူတွေကိုယ်တိုင် ဆင်းရဲခြင်းမှာပျော်မွေ့နေခြင်းပါတဲ့။
    သူငယ်ချင်းတယောက်ဆန်ဆိုင်ဖွင့်ပြီးကူဘူးတယ်။ သူပါမွဲသွားတော့မလို့တဲ့လေ။
    ကလေးတွေအများကြီးကိုကြည့် …စိတ်ပျက်ပြီး ……….. အင်း။
    ပြောတော့ပါဘူးခင်ဗျာ။

  • MaMa

    January 27, 2012 at 7:28 pm

    (ရုပ်ပိုင်းဆိုင်ရာဆင်းရဲပေမဲ့.. စိတ်ချမ်းသာတယ်ဆိုကြတာ.. ဘာသာရေးမှိုင်းနဲ့. ဖိထား.. ဆို့ထား. .ပိတ်ထားတာပါ… လို့…။)
    သဂျီးရေ-
    ကျမတော့ အဲဒီလို မထင်ပါဘူး။ ဘဝကို ရှည်ရှည်ဝေးဝေးတွေးမနေပဲ။ တစ်နေ့လုပ်တစ်နေ့စား။ စီမံကိန်း၊ မျှော်လင့်ချက်မထား၊ ပေ့ါပေ့ါနေ၊ ပေ့ါပေ့ါစား နေကြလို့လို့ ထင်ပါတယ်။
    ဖြစ်လာတဲ့ ဘဝမှာ ဖြစ်သလိုနေ၊ ကြုံသလို သွားကြလို့သာပဲ ဘဝဟာ ခံသာတယ်လို့ မြင်နေကြတယ် ထင်ပါရဲ့။
    အဲဒီလိုမှ မဟုတ်ပဲ မနက်ဖြန်ဆိုတာတွေကို တွေးနေရင် ရုပ်ပိုင်းဆိုင်ရာဆင်းရဲ ထက်ပိုပြီး စိတ်ပိုင်းဆိုင်ရာဆင်းရဲတွေပါ ဖြစ်ကြရမှာမို့ ပိုလို့သာ ဆိုးနိုင်ဖွယ်ရှိမယ် ထင်ပါရဲ့။
    ဝေဝေရဲ့ ပိုစ့်ကို ဖတ်ပြီး ရေးချင်တာတွေ အများကြီးပေါ်လာတယ်။
    ညံ့ဖျင်းလွန်းတဲ့ ကော်နက်ရှင်နဲ့ ကော်မန့်တောင် မပေးနိုင်ဖြစ်နေတာမို့…
    နောင်ကြုံရင်- ဆင်းရဲခြင်းနဲ့ ကုစားမှုတွေကို ရေးချင်ပါသေးရဲ့။
    ဆြာသစ်ရဲ့ သဂျီးသို့ ပေးစာကိုလည်း ဝင်ဖတ်လိုက်၊ ပြုတ်ကျလိုက်၊ နောက်တစ်ခေါက်ဖတ်လိုက်နဲ့ပဲ၊ သေသေချာချာမဖတ်ပဲလည်း မမန့်ချင်တာမို့ ခုချိန်ထိ မမန့်ဖြစ်သေးပဲ အာဏာသိမ်းပွဲတောင် ဖြစ်သွားပါရောလား။ 😆

    • weiwei

      January 27, 2012 at 7:47 pm

      ဒီပို့စ်ရေးမိပြီးကထဲက ရင်လေးနေတယ် … ပြောချင်တာတွေများပြီး ဆွံအသွားသလိုမျိုး ခံစားလိုက်ရတယ် …
      ဒီနေ့ ဆိပ်ကြီးခနောင်တိုဘက်က လွန်းကျင်းတစ်ခုကို အလုပ်ကိစ္စနဲ့ရောက်သွားတယ် … အဲဒီမှာ သင်္ဘောအဟောင်းတွေကို သံချေးခေါက်နေကြတာ မိန်းကလေးတွေအပါအဝင် ဆယ်နှစ်ကျော်အရွယ် ကလေးတွေ အများကြီးပဲ … ဒီနေ့ သောကြာနေ့ ကျောင်းတက်ရမယ့်အချိန်မှာ သူတို့ အလုပ်လုပ်နေကြတယ် …

    • kai

      January 29, 2012 at 3:31 am

      ရှေးဥရောပက.. လူတွေအုပ်ချုပ်ရာမှာ..ဘာသာရေးသုံးတယ်..။ ဘုရင်ဟာ.. God ကတိုက်ရိုက်အာဏာပေးထားသူတဲ့..။ ရဟန်းမင်းတွေကလည်း.. တိုးတက်တဲ့.. သိပ္ပံပညာရှင်တွေ.. ရှင်းပစ်ခဲ့တာ…။
      အခုအစ္စလမ်မစ်နိုင်ငံတွေကလည်း.. ဘာသာရေးနဲ့တိုက်ရိုက်ကိုအုပ်ချုပ်တာပါပဲ..

      ယူအက်စ်က.. ပိုက်ဆံမှာသာ in god we trust ရေးထားတာ…
      တကယ်တန်းတိုင်းပြည်ကိုင်လှုပ်အုပ်ချုပ်နေသူတွေက.. ဘာသာရေးကို.. လူတွေကိုထိန်းကြောင်း… ကိုင်တွယ်နိုင်ဖို့..အင်မတန်အသုံးတည့်တဲ့..tool တခုအနေနဲ့ထားတယ်လို့.. မြင်/ထင်နေမိတယ်..။ သူတို့အနေနဲ့.. ဘာသာရေးဆိုတာ ဘာလည်း/ဘယ်လည်း.. ကောင်းကောင်းသိကြတယ်လို့.. သတိထားမိတယ်..။

      လူတွေဆင်းရဲတာမှာ.. နိုင်ငံရေးစံနစ်က အင်မတန်အဓိကကျတယ်လို့ ရုတ်တရက်တွေးမြင်ကြည့်နိုင်ပါတယ်.။
      ဒါပေမဲ့..ရေရှည်သွားမယ်ဆိုရင်တော့.. တဦးချင်းစီရဲ့အယူအဆ..အတွေးအခေါ်..စိတ်ဓါတ်ရေးရာတွေက.. အင်မတန်အရေးပါတယ်လို့.. မြင်ရပါလိမ့်မယ်..။
      ဒါတွေကို.. ချုပ်ကိုင်ထားတာ.. ဘာသာရေးပါ…။

      ဆိုတော့… ဘာသာရေးဆိုတာဟာ.. အုပ်ချုပ်သူတွေကနေ..အုပ်ချုပ်ခံတွေ…” ငြိမ်စေ.”. ဖြစ်အောင်.. အခြေအနေအချိန်အခါလိုက်ပြီး.. ပြင်ဆင်ဖန်တီးထားတာလို့.. တိုတိုပဲ.. ပြောကြည့်မယ်…။

      ဒါကို.. အုပ်ချုပ်ခံလူတွေ သိသင့်..သိခွင့်ရှိရမယ်..။
      အုပ်ချုပ်ခံတွေနဲ့.. အဲဒီထဲက ဆင်းရဲသူတွေအနာဂါတ်ကို ..ကယ်တင်ခြင်ရင်.. ဒီအသိကို ဆင့်ပွားအသိပေးသင့်တယ်..။
      ဒါနဲ့ပါတ်သက်တဲ့.. ဒီဘိတ်တွေလုပ်ပြီး.. အသိတရားတွေကို အရင်မွန်းမံသင့်တယ်..။

      ဘာလို့ဒီလိုရေးဖြစ်သွားသလည်း ဆိုတော့.. အောက်ကဝေမမရဲ့.. မှတ်ချက်ကြောင့်ပါပဲ..။
      ဗုဒ္ဓဘာသာအခြေခံသင်တန်းကို.. ဘုန်းတော်ကြီးတွေလုပ်ရမှာ.. လူတွေဝင်လုပ်လာတဲ့အထိ.. အစွန်းရောက်လာတယ်.. မြင်နေမိလို့ပါ..။
      ကလေးတွေရဲ့ အခြေခံပညာရေးအဆင့်ကျောင်းတွေကို.. ဘုန်းတော်ကြီးတွေအုပ်ချုပ်သင်ကြားနေတာလည်း.. သင့်လျှော်တယ် မထင်မိပါ..။
      ပရို( ပရောဖက်ရှင်နယ်) တွေဟာ.. သူတို့ဆိုင်ရာအလုပ်တွေကိုပဲ.. လုပ်သင့်တယ်..။

      ( အတွေးအခေါ်ပိုင်း ခြုံငုံပြောပြဖို့.. အချက်အလက်ထုတ်ပြသာတာဖြစ်ပြီး.. ဝေမမရဲ့.. စေတနာ. စိတ်ဓါတ်နဲ့.. လုပ်အားကို ထိခိုက်စေလိုခြင်းမဟုတ်ကြောင်း ပြောချင်ပါတယ်နော..။ ထိခိုက်မိရင် တောင်းပန်ပါတယ်. )

      တစ်ခုခုလုပ်ပေးချင်ပါတယ် … သင်တန်းဖွင့်မယ်ဆိုရင် ပံ့ပိုးပေးမယ့်သူလဲရှိပါတယ် … စဉ်းစားနေတုန်းပါပဲ … နွေကျရင် ဗုဒ္ဓဘာသာအခြေခံသင်တန်းတစ်ခုလောက် လုပ်ပေးရင်ကောင်းမလားလို့ စိတ်ကူးထားတယ် …

      • ကြောင်ကြီး

        January 29, 2012 at 11:46 am

        သဂျီးအား ရှိခိုးပါ၏။ ခွီးထဲမှ… သူ့တခါရှိခိုးတာ ငွေလေးခြောက်ကျပ်လား ရဒယ်။ တွက်ခြေ တယ်မကိုက်ဘူး…။

      • weiwei

        January 29, 2012 at 2:39 pm

        သင်တန်းအနေနဲ့စဉ်းစားကြည့်တော့ ဘာသာရေးအခြေံခံသင်တန်းဆိုတာ တစ်ပတ်လောက်နဲ့ လုပ်ပေးလို့ရတဲ့အရာမျိုးပါ … ယဉ်ကျေးလိမ်မာလိုမျိုးပေါ့ … ဘာဝါဒကိုမှ သင်ပေးခြင်းမျိုးမဟုတ်ပါဘူး … မိရိုးဖလာ ဗုဒ္ဓဘာသာဆိုတာ ဘာလဲဆိုတာ နားလည်စေရုံပါပဲ … ဆရာ ဒေါက်တာမင်းတင်မွန်က လူစုပေးပြီး နေရာပေးရင် သင်ပေးပါ့မယ်လို့ ပြောထားဖူးတာရှိလို့ စဉ်းစားမိတယ်လို့ ပြောမိခြင်းဖြစ်ပါတယ် …

        တကယ်တော့သူကြီးရယ် … မြန်မာပြည်က ဆင်းရဲတဲ့သူတွေကိုသေချာလေ့လာကြည့်ရင် ဘာသာရေးဆိုတာ ဘာမှန်းတောင် မသိကြပါဘူး … ဘာသာရေးကို တကယ်နားလည်တဲ့သူတွေက အသိဉာဏ်မြင့်လာကြပြီး ဆင်းရဲတွင်းက လွတ်နိုင်အောင် ကြိုးစားနိုင်ကြပါတယ် …

  • ဖားသက်ပြင်း

    January 27, 2012 at 7:38 pm

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 30, 2012 at 12:45 pm

      ဟိုနေ့က ဘီလူးခေါင်း စမ်း လိုက်တာ …ဘာမှမရေးဘဲ မန့်သလိုဖစ်တွားတယ်
      အန်တီဝေဝေရေ… ကန်တော့နော်..

      ဂယ်က သဂျီးကို ပြောချင်တာ …ခည…
      ဘယ့်နှယ့် ဆင်းရဲသားတွေကပဲ ဘာသာရေးကိုင်းရှိုင်းသူတွေလိုလိုဘဲ … ပြောလိုပြော…
      ဆင်းရဲလို့ စာရိတ္တပျက်တယ် …စည်းကမ်းဖောက်တယ် အူမမတောင့်လို့ သီလမစောင့်နိုင်တာဘဲ
      ကြားဖူးပါတယ် …။ ဘယ့်နှယ့် …လက်ထွယ်သင့်ကင်း …သဂျီးနဲ့တွေ့မှဘဲ ….ဆင်းရဲတာနဲ့ ၃ကိုယ်ခွဲသတဲ့လား ….။

      မာစ့်လော ပိရမစ် အကြောင်း သဂျီးကြိုက်တဲ့ လက်ထွယ်သင့်ကင်းလေးနဲ့ ရေးဦးမှ…
      😀
      ခင်တဲ့…

  • pooch

    January 27, 2012 at 8:25 pm

    မမဝေရေ ကျမ အခုစာတွေလိုက်ဖတ်ရင်းနဲ့ သီချင်းနားထောင်နေတာပါ ။မအားတာနဲ့ ဒီ ရက် မဝင်ဖြစ်လို့ ဖတ်စရာတွေများနေပါတယ်။
    ဒီပိုစ့်လေးကို ဖတ်မိတော့ နားထောင်လက်စသီချင်းကို ဆက်နားမထောင်နိုင်တော့ပါဘူး။ ဆာနေတဲ့ဗိုက်လည်း စားချင်စိတ်ပျောက်သွားပါတယ်။

    ဘဝတွေ ဘဝတွေ ကျမတို့တွေ ဘာမှ လုပ်မပေးနိုင်တဲ့ ဘဝတွေ အများကြီးပါ ။ အာဖရိက မှာဆိုရင် ဒီထက်ပိုပြီး ငတ်ပြတ်နေတဲ့ သူတွေကို နိုင်ငံတကာက အကူအညီတွေ ပေးနေတာ နှစ်ပေါင်းတော်တော်ကြာနေပါပြီ။ ဒါပေမဲ့ အခုထိဆင်းရဲခြင်းက မပပျောက်နိုင်တဲ့ အပြင် အခုထိ တိုင် မကုစားနိုင်သေးတဲ့ ရောဂါဆိုးတခုအနေနဲ့ပဲ ရှိပါသေးတယ်။ အဲ့ဒီ ဆင်းရဲမွဲတေခြင်းကို ကျမ က ကိုသစ်မင်းရေးတဲ့ ပိုစ့်တခုမှာ ငါးတွေပဲ ပေးပြီး ငါးရှာနည်းမပေးလို့လား လို့ ပြောတော့ ကိုသစ်မင်းက ငါးရှာနည်း ပေးလို့ မရအောင်ကို ဖြစ်နေလို့ပါ ကျမကို ပြန်ပြောခဲ့ဖူးပါတယ်။

    ကျမစိတ်ထင် ကျမတို့ ဆီက အဲ့ဒီအဆင့်ထိအောင်တော့ မဆိုးသေးပါဘူး ။ နေစရာ စားစရာ (ကိုယ့်ဘာသာကိုယ်ရှာစားလို့ရသေးတယ်) အထိုက်အလျောက်ရှိနေသေးတယ်။ ကူမဲ့ ကယ်မဲ့လက်များရှိနေသေးတယ်။ မသေခင်မှာ ကျမတို့ လုပ်နိုင်မယ်ထင်တာလေးတွေကို သဲတပွင့်လောက်အနေနဲ့ပဲ ဖြစ်ဖြစ် ကျမတို့ ကြိုးစားဖို့ အခွင့်ရှိနေသေးတယ်။

    နောက်ဒီလိုမျိုး မမဝေရေးတာ စာသင်ခဲ့ဖူးတယ် ဆိုတာကလည်း မမဝေအနေနဲ့ ကိုယ်နိုင်တာလေးကို ကြိုးစားပေးတာပဲလေ။ နောက်အဆင့်က တော့ နိုင်ငံတော် အဆင့်ပေါ့လေ။ အရာအားလုံး ကိုယ်နိုင်တာကလေးကနေ စပြီး နောက်မျိုးဆက်တွေ ဒီလိုဘဝကနေ လွတ်မြောက်ပြီး အဆင့်တက်နိုင်ဖို့ ဝိုင်းကြဝန်းကြဖို့ ဆန္ဒရှိနေရင် အားလုံးမဟုတ်တောင် အများကြီးကနေ ဒီလိုလူတန်းစားတွေ အနည်းငယ် လျော့နည်းနိုင်ကောင်းပါတယ်လို့ မျှော်လင့်ရတာပါပဲ။

  • unclegyi1974

    January 27, 2012 at 10:28 pm

    မဝေဆင်းရဲခြင်းကစားစရာမရှိနေတော့
    လေလုံမိုးလုံတိုက်နဲ့နေရသေး
    စားစရာမရှိမိုးရွာရင်ရင်ငုတ်တုတ်ထိုင်နေရတဲ့သူတွေအများကြီး
    စိတ်မကောင်းရုံမှလွဲလို့ဘာမှဘာမှမတတ်နို်င်ပါလို့ပြောရမှာ
    ဒါမျိုးကတဦးကောင်းတဖွဲ့ကောင်းလုပ်လို့ကောင်းသွားနိုင်စရာမရှိ
    တခဏသာကူညီနိုင်မှာ
    တကယ်လုပ်နိုင်တာကအစိုးကသာစီမံကိန်းချလုပ်နိုင်တာ
    ဒါတောင်ကျူးတွေနေစရာအိမ်မရှိလို့မြို့သစ်မှာအိမ်နေရာချထားပေး
    နောက်၃လလောက်နေတခြားနေရာပြန်ကျူးနေတာပဲ
    ချပေးတဲ့နေရာရောင်းစားခဲ့တာလေ
    ဘယ်လိုလုပ်ကြမလဲ
    ဘတို့ကိုးကွယ်တဲ့ဘုရားရှင်သော်မှသတ္တဝါအပေါင်းကုန်အောင်မချွတ်နိုင်တာ
    ဘတို့လိုပုထုတွေကအဟာ့အဟာ့…
    စိတ်မကောင်းမဖြစ်ပါနဲ့ကွယ်

  • ဂျက်ကီချီးပေ

    January 28, 2012 at 12:57 am

    ဒီပို့စ်ကို အပေါင်းခြောက် အနှုတ် သုံး လို့တွေ့ထားတယ်
    ဘယ်သူက အပေါင်း ခြောက်လဲ
    ဘယ်သူက အနှုတ် သုံးလဲ
    ကျုပ် ဖိတ်ခေါ်ပါတယ်
    ကျေးဇူးပြုပြီးကြွခဲ့ပါ
    ဘာမှမဖြစ်ဘူး
    အနှုတ် သမားတွေကို ဖိတ်ခေါ်ပါတယ် လာခဲ့ပါ ခင်ဗျားတို့ဟာ သူရဲကောင်းတွေပါ
    လွတ်လပ်စွာ သဘောထားကွဲလွဲပါဗျာ
    ခင်ဗျားတို့ဖက်က မားမားမတ်မတ် ကျုပ် ရပ်တည်မယ်လို့ ဂတိပေးပါတယ်
    ဒါပေသိ
    👿

    • ဂျက်ကီချီးပေ

      January 28, 2012 at 1:00 am

      ဟီးဟီး
      ကြောင်စိတ်ပုတ် ပုံလေးရပြီဗျို့
      ဝတ်စနှလုံးပေါက်evilဝတ်စနှလုံးပေါက် = ကြောင်စိတ်တို 😀 😀 😀

    • weiwei

      January 28, 2012 at 5:32 pm

      အနှုတ်က ၈ ခုတောင်မှပဲ …
      အခုရေးထားတာ တကယ့်အဖြစ်အပျက်ပါ … ခေါ်ပြလို့တောင်ရပါတယ် …
      အမှန်အတိုင်းရေးတာကို မကြိုက်လို့များလား?? တင်ပြပုံ ညံ့လို့လား?? အကျိုးမရှိတာတွေ လျှောက်ရေးနေတယ်ထင်လို့များလား???
      …….. လား??????? ပေါင်းများစွာ စဉ်းစားရင်း …

  • ် ဘဝရှေ့ရေးတွေ အနာဂါတ်တွေကို စဥ်းစားလို့ရင်ပူနေသူက ပညာတတ်တယ်ဆိုတဲ့လူနဲ့ ထမင်းစားဘို့ မပူရတဲ့လူတွေမှာသာ တွေ့ရတာပါ။
    တကယ်ကို ကို ဆင်းရဲသူများကတော့ ထမင်းနပ်မှန်အောင် ကျောတစ်ခင်းစာနေရာရအောင်လုပ်နေတာနဲ့
    ကျန်တာကို စဥ်းကို မစဉ်းစားနိုင်ကြတာပါ။
    လက်တွေ့ကျကျပြောရရင် ဒါက အမှန်တရားဘဲ။
    သူတို့ ဘာစနစ်ကြောင့် ဘယ်ခေတ်ကြောင့် ဘယ်သူ့ကြောင့်လို့ မပြောဘဲသူတို့ ကိစ္စကို သူတို့ဖြစ်သလို
    ဖြေရှင်းရင်း နဲ့ ပျော်ရွှင်စွာလို့ထင်ရအောင် ဖြတ်သန်းနေကြသူတွေဘဲ။
    သူတို့ကို အပြစ်တင်မလား ကယ်တင်မလား ……………………………………

  • yaungchikha

    January 28, 2012 at 2:17 pm

    မမဝေရှင့်…….. အရင်ပို့စ်တွေလည်း ဝင်ဖတ်ပြီး ကွန်းမန့်ပေးချင်ပေမယ့် ကွန်နက်ရှင်မကောင်းလို့ ဝင်ပဲဖတ်ပြီး ကွန်းမန့်မပေးဖြစ်ခဲ့ဘူး၊ ဒီမှာပဲ ပေါင်းပေးလိုက်ပါတယ်နော်………… 🙂
    ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲနေတဲ့သူတွေကတော့ အများကြီးပါ၊ ကျနော်တို့ပါတ်ဝန်းကျင်မှာရောပေါ့….. တစ်နေ့လုပ်မှ တစ်နေ့စားနေရဘဝတွေ၊ နေစရာအိမ်လေးရှိပေမယ့် ညနေစာမရှိလို့ အငတ်ခံနေရတဲ့ ဘဝတွေ၊ ဝမ်းရေးအတွက်ဖြေရှင်းနေရချိန်မှာ ကလေးတွေအတွက် ပညာရေးကို အဓိကမထားနိုင်ပဲ ကြုံသလို ကျသလိုဖြေရှင်းနေရတဲ့ ဘဝတွေ……………… ?????

  • blackchaw

    January 28, 2012 at 5:50 pm

    မဝေ ရေ။
    ကွန်းမန့်တွေလုံးဝမပေးတော့ဘူးလို့နေပေမယ့်
    မနေနိုင်လို့ ကွန်းမန့်ဝင်ပေးလိုက်ပါတယ်။
    အနှုတ်တွေကို ခံစားမနေပါနဲ့ဗျာ။
    ခင်ဗျားဘက်မှာ အပေါင်း ၁ဝ ရှိနေတာလေးကိုပဲ
    ခံစားလိုက်စမ်းပါ။
    positive thinking လေးပဲယူပါဗျာ။
    negative thinking ကိုမေ့ထားလိုက်ပါ။
    ဒီပို့စ်လေးအတွက် ဂုဏ်ယူပါတယ်ဗျာ။

    • weiwei

      January 28, 2012 at 9:29 pm

      ကျေးဇူးတင်ပါတယ် ကိုဘလက်ချော …
      ကျွန်မက ခံစားလွယ်တတ်တယ် … ဒါပေမယ့် ခဏလေးနဲ့လဲ စိတ်ပြေတတ်ပါတယ် …
      မှတ်မထားတတ်ပါဘူး …
      အားပေးတဲ့အတွက် တကယ်အားတက်မိပါတယ် …

  • တညင်သား

    January 28, 2012 at 10:51 pm

    အမှန် ဒီလိုပို့စ်မျိုးက ဆွေးနွေးလို့ကောင်းတဲ့ပို့စ် လို့ထင်ပါတယ်…တကယ်လက်တွေ့ လုပ်မဲ့ ပို့စ်ပိုင်ရှင်လဲရှိတယ်..ဆွေးနွေးလို့ရလာတဲ့ ရလာဒ်ကို အကောင်အထည်ဖော်ကြည့်မယ်.. လိုအပ်မယ်ထင်တဲ့နေရာမှာ ကျွန်တော်တို့လဲ ဝင်ပါရတာပေါ့……………
    သီအိုရီတွေထက်စာရင် ဒါကလက်တွေ့ပိုကျမယ်လို့ထင်ပါတယ်… ဆွေးနွေးပြီး အဖြေမထွက်ပဲ နောက်ရောက်သွားတဲ့ပိုစ့်တွေအများသား….မိမိကိုယ်ကို ကောင်းအောင်လုပ်ပြီးရင် မိမိပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်ရမယ်. ပြီးးးးးးးးးးးးးးးးးးးးးးးးးး မှ….

  • ရွှေဘိုသား

    January 29, 2012 at 9:00 am

    ကိုယ်တွေ လူလွတ် တစ်လ 80000 လောက်ရတာ နည်းလှပြီ မလောက်ဘူးထင်နေတာ
    အခု ပြောသလိုဆိုရင်တော့ ကိုယ်ကမှ အသက်ဝအောင်ရှုနိုင်ပါတကော
    မလွယ်လိုက်တာ ဆင်းရဲမှုတွေ ပညာရေး တွေဘယ်လိုဖြေရှင်းကြမလဲ လူကြီးတွေ ဘယ်လိုများ အစီအစဉ်ဆွဲထားသလဲတော့မသိဘူး ဆရာမ ပြောတဲ့ ကလေးတွေတော့မသိဘူး ကျနော့် ညီတစ်ဝမ်းကွဲ တစ်ယောက်ကတော့ ကျနော် နယ်ပြန်တုန်းက စပ်မိလို့မေးကြည့်တာ 8 တန်းရောက်နေပြီ

    က ခ A B C မရဘူးဗျာ ကျနော်တော့ အံ့လို့မဆုံးဘူး သိပ်ရင်လေးမိတယ်

  • hsaunghnin aye

    January 29, 2012 at 2:14 pm

    ဖတ်ရတာစိတ်မကောင်းပါဘူးအစ်မရယ် ကိုနေဝန်းနီပြောသလိုပဲ
    မရှိလို့ဆင်းရဲတာထက် မသိလို့ဆင်းရဲနေကြတာပါ

  • ဦးဦးပါလေရာ

    January 29, 2012 at 11:06 pm

    ဒီပိုစ့်ကို ဖတ်ပြီးတိုင်း မောသွားတာနဲ့ကို ဘာမှဝင်ပြောဖြစ်ဘူး။
    နေ့လည်က ကွန်မင့်လေးရေးပြန်တော့ ဘယ်ရောက်သွားမှန်းမသိဘူး။

    ဒီလိုဆင်းရဲတာတွေ ဒီ့ထက်ဆင်းရဲတာတွေ အများအပြားပဲရှိပါတယ်။
    ကျုပ်အထင်တော့ ဝင်ငွေနည်းတာချင်းတူရင် ရန်ကုန်ကဆင်းရဲသားက ပိုဆိုးတယ်ထင်တာပဲ။
    ဆင်းရဲတာနဲ့အတူ အသိဉာဏ်နိမ့်ကျမှု့နဲ့ စာရိတ္တ ညံ့ဖျင်းမှု့တွေက တွဲပါလာတတ်တယ်။
    အဲဒါမျိုး မျိုးဆက်သုံးဆက်လောက်ရှိသွားချိန်မှာတော့ အဲဒီနိုင်ငံသွားပြီပေါ့။
    ဒါကြောင့် ငွေကြေးဥစ္စာဆင်းရဲခြင်းကိုလဲ နိုင်သလောက် တဦးစီပဲဖြစ်စေဦးတော့ ဖြေရှင်းကြရပါမယ်။
    တချိန်ထဲမှာလုပ်နိုင်တာကတော့ စိတ်ပိုင်းဆိုင်ရာ အရေးကြီးအရည်အသွေးတွေဖြစ်တဲ့ အသိပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား ၊ စိတ်ဓါတ်ခံယူချက်တွေကို – တတ်နိုင်သလောက် ဖြည့်ဆည်းထိန်းသိမ်းပေးနိုင်ပါတယ်။
    အဲဒီနေရာမှာတော့ ဘာသာရေးက အသုံးကျအဘိုးတန်ပါတယ်။

    အပေါ်က သူကြီးအဆိုကိုတော့ (ပြောလို့မနိုင်မှန်းသိပေမယ့်) တနေ့ ပြန်ငြင်းပါဦးမယ်။ 🙂

    • MaMa

      January 29, 2012 at 11:13 pm

      (အပေါ်က သူကြီးအဆိုကိုတော့ (ပြောလို့မနိုင်မှန်းသိပေမယ့်) တနေ့ ပြန်ငြင်းပါဦးမယ်။)
      စောင့်မျှော်အားပေးပါဦးမယ်။
      🙂

    • Khin Latt

      January 30, 2012 at 4:12 am

      ဦးဦးပါလေရာ ရေ
      ကျေးဇူးပြုပြီး မြန်မြန်လေး ဗျို့။
      ကျွန်မတို့ လဲ အနောက်မှာ စစ်ကူ ဝင်ဖို့ စောင့်နေပါ့မယ်။ 😉

      • zarlay

        January 30, 2012 at 1:47 pm

        ဟုတ်ကဲ့ စစ်ကူလိုရင်ခေါ်ပါနော်

    • weiwei

      January 30, 2012 at 9:13 am

      ဦးဦးပါလေရာကို ကျေးဇူးတင်ပါတယ် …
      ကျွန်မမျက်စိရှေ့တင်ပဲ မျိုးဆက်တစ်ဆက်ပြောင်းနေပါပြီ … ကျွန်မတို့အလုပ်တွေက သားစဉ်မြေးဆက် အလုပ်ဆက်သွင်းခွင့်ရှိနေတာဆိုတော့ သူတို့လဲ အဖေ့ခြေရာလိုက်နင်းကြရပါတယ် … အခုမျိုးဆက်မှာ ဝင်ငွေနဲနဲပိုရကြပေမယ့် စိတ်ဓါတ်ရေးရာပိုင်းမှာ ပိုဆိုးလာကြတယ် … အရည်အချင်းပိုင်းမှာလဲ အားနည်းလာတယ် … အသိဉာဏ်နဲ့ အတတ်ပညာပိုင်း ပိုညံ့လာတဲ့သဘောပါပဲ … ဒီလိုသာ ဆက်ညံ့နေရင် ပုဂ္ဂလိကပိုင် ကုမ္ပဏီအသွင်ပြောင်းတဲ့အခါ သူတို့အလုပ်ပြုတ်ပါလိမ့်မယ် … နောက်ပိုင်း အစိုးရက ကျောထောက်နောက်ခံမပြုနိုင်တဲ့အခါ ကိုယ်ပိုင်အတတ်ပညာကို အားကိုးလာရတဲ့အခါ အရည်အချင်းရှိတဲ့ လုပ်သားတွေ လိုအပ်လာတော့မှာမို့ ပညာရေးနဲ့ စာရိတ္တပိုင်း အခြေခံကောင်းဖို့ အရမ်းအရေးကြီးလာပါပြီ …

  • wathanmin

    January 30, 2012 at 10:25 am

    မမ
    ကျွန်မအိမ်က လမ်းမဘေးမှာပါ။
    အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ မြေကွက်လွတ်တွေ ရှိပါတယ်။ ပိုင်ရှင်က ရှိပြီး အိမ်မဆောက်သေးတဲ့
    မြေကွက်ပေါ့။
    ကြာလာတော့ အဲ့ဒီမှာကျူးကျော်တွေ ရောက်လာပါတယ်။
    မမပြောတဲ့အတိုင်း တစ်ထပ်တည်းပါပဲ။
    မိုးလင်း က မိုးချုပ် ရုန်းကန် လှုပ်ရှားနေရတာလဲ သူတို့၊ အဲ့လိုမအားရတဲ့ကြားထဲက
    အတင်းပြော ၊ ရန်ဖြစ်တာလဲ သူတို့ပါပဲ။
    ဒါပေမယ့်နော် ကျွန်မတို့ ရုံးနဲ့ ပတ်ဝန်းကျင်မှာဆိုရင် တစ်ယောက်နဲ့ တစ်ယောက်
    ပြသနာလေး တစ်ခုဖြစ်ရင်တောင် တစ်သက်လုံးမခေါ်မပြောနို်င်ကြတဲ့အထိ
    ကိုယ်တိုင်ဖြစ်ခဲ့ဖူးသလို၊ တွေ့လဲ တွေ့ခဲ့ဖူးပါတယ်။
    သူတို့ကတော့ အဲ့လို မဟုတ်ဘူး။ စိတ်ထားမြင့်မြတ်တယ်ပဲ ပြောရမလား ၊ စိတ်ကောင်းရှိတယ်ပဲ
    ပြောရမလား မသိဘူး။
    ခဏပဲ၊ ရန်ဖြစ်ထားပေမယ့်လဲ တစ်ယောက်ခက်ခဲတာ ရှိရင် တစ်ယောက်က ပြေးကူတာပါပဲ။
    သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ဆိုရင် ကျွန်မတို့က အလုပ်တွေများ၊စိတ်ဖိစီးမှု့တွေများ၊
    ရုံးပိတ်ရက်က မရှိနဲ့ ဖယောင်းမီးထွန်းဖို့တောင် အချိ်န်လုရပါတယ်။
    အဲ့ဒီအချိန်မှာ သူတို့တဲအိမ်လေးတွေမှာ တရုတ်မီးသီး ၊ မီးပန်း၊ မီးပုံးရောင်စုံလေးတွေနဲ့ ……………..
    တစ်ခါတစ်လေတော့လဲ သူတို့ကိုသနားမယ့်အစား
    သူတို့လိုတောင်ဖြစ်ချင်လာမိသလိုပါမမရယ်……….

  • ဆူး

    January 30, 2012 at 2:25 pm

    သဂျီးတော်တော် ဆိုးနေပါလား.. တခုခုဆို ဘာသာရေး လာလာ ခလုတ်တိုက်နေတော့တာပဲ။
    မိဘတွေ ပညာ မတတ်ရင် ပညာတန်ဖိုး မသိဘူး။
    သားသမီးတွေကိုလည်း ပညာသင်ဖို့ အားမပေးတာတို့ ဘာတို့ ဖြစ်လာမယ်။
    ဘာသာရေး အရ ၅ပါးသီလ ဆိုတာ ဘာလဲ သိပေမဲ့ လုံအောင် နေနိုင်ချင်မှ နေနိုင်မယ်။
    ကလေးတွေကိုကော သူတို့ ရှင်းပြ ပေးနိုင်ပါ့မလား..
    ပိုက်ဆံ ပေးမယ် ဆိုပြီး တရားဟောတာတွေ လုပ်ပြီး ဘာသာပြောင်းခိုင်းခြင်း ခံနေရလို့ ဘယ်နှစ်ယောက် ရှိကြပြိလဲ.. သန်းဂဏန်းလောက် ရှိနေပြီ။
    ဘာသာပြောင်းတယ် ဆိုတာ ဘာသာ တခုရဲ့ အနှစ်အရသာကို မသိလို့ပါပဲ။

    ဘာသာရေး ကို ပြုပြင်ဖို့ သိပ်မအော်နဲ့… ကိုယ့်ဟာကို ပြုပြင်နိုင်ဖို့ အရင်လေ့လာကြည့်ပါအုန်း။
    ဒီတိုင်းပြည်မှာ လူဦးရေရဲ့ ၉၀%ကျော်က ဗုဒ္ဓဘာသာ ကိုးကွယ်ကြတယ်။ ဒါပေမဲ့ တရားတွေ ဟောပြီး ရတဲ့ ပိုက်ဆံတွေကို အနူတွေ ကြည့်ရှုနေတဲ့ ဘုန်းကြီးတွေ ဆင်းရဲတဲ့ သူတွေကို ပရဟိတ လုပ်ငန်းတွေ သေချာ စနစ်တကျ လုပ်ပေးနိုင်ဖို့ ကြိုးစားနေတဲ့ ဘုန်းကြိးတွေ တရားဟော အပိတ်ခံရလို့ တရားပွဲတွေကို ဖျက်ဆီးပစ်တာတွေ အတွက် ဘယ်သူမှ ဒို့အရေး ထ မလုပ်သလို ဝိုင်းပြီးလည်း မတောင်းဆိုဘူး။ တရားပွဲတွေက ရတဲ့ အလှူငွေတွေကို ပရဟိတ လုပ်နေကြတာ ဘယ်လောက် ကောင်းလဲ.. တရားဟောတာ လူတွေ လိမ်မာဖို့ ကောင်းဖို့ ဟောတယ်။
    အလှူရတာကို ကောင်းတာ လုပ်ပေးတယ်။
    စတိတ်ရှိူး ဇတ်ပွဲ လုပ်ရင်တောင် လူတွေက အားပေးဖို့ အတွက် လက်မှတ်ဝယ်ရသေးတာပဲ…
    ဘုန်းကြီးလည်း သူ သိထား မှတ်ထားတာ သူ့ ခွန်သူ့အားနဲ့ တရားဟောရတာ သူလည်း မောမှာပေါ့..
    တရားပွဲကို ပိုက်ဆံနဲ့ လက်မှတ်ဖြတ်ပြီး သွားကြည့်စရာ မလိုဘူး.. လက်ချည်းပဲသွားပြီး လှူချင်မှလှူ ကိစ္စ မရှိဘူး။ ဒါလေး တခု ကြည့်ရဖို့ နားထောင်ရဖို့ ပိုက်ဆံ မပေးစပ်ရဘူး။ အလှူရှင်တွေက မုန့်ကျွှေးလို့ မုန့်တောင် ဘုန်းကြီး မကြွခင် လိုက်ကျွေးတယ်။ တရားပွဲတွေ ပိတ်တာကို ဘယ်သူ ထအော်ပြီး ပြောဖူးလဲ။
    စိတ်ဓါတ်တွေ ပျော့ညံ့မှုရဲ့ အဓိက တရားခံပဲ.. စိတ်ဓါတ်ရေးရာ ဆင်းရဲမှု ဆိုတာ ငွေကြေးမှုချမ်းသာ ဆင်းရဲနဲ့ မဆိုင်ဘူး။
    တလောက တာမွေမှာ မူဆလင် ကျောင်းတကျောင်း အပိတ်ခံလိုက်ရလို့ ကလေးတွေ ဆိုင်းဘုတ်ကိုယ်စီနဲ့ ထိုင်ပြီး တောင်းဆိုနေတာ ညနေပိုင်းမှာတင် နေ့ချင်း ပြန်ဖွင့်ပေးလိုက်တယ်။ ဒီဘီဗွီမှာတောင် ကလေးတွေ ဘုတ်ကိုင်ပြီး တောင်းဆိုနေတာ ပြလိုက်သေးတယ်။

    အဝေးရောက် နိုင်ငံရေး သမားတွေက အစိုးရကို လူမုန်းအောင် တမင်တကာ နိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်မရှိဘူး။ ဘာသာရေး နိပ်ကွပ်တယ် တခွန်းတည်းနဲ့ တင် တော်တော် ဟုတ်နေတာပဲ..
    တချို့ကိစ္စတွေ အစိုးရကို မုန်းအောင် ပိုလုပ်နေတာလို့ မြင်တယ်။
    ဘာသာရေးကို ဘာသာရေးလို့ပဲ မြင်ထားရမှာ အကြောင်းမဲ့ တိုက်ခိုက်တာတော့ မဟုတ်သေးဘူး။

    ကိုယ်တိုင် ဘယ်မိဘက မွေးလို့ ဘယ်ဘာသာ ကိုးကွယ်နေလဲ အရင်စမ်းစစ်ကြည့်ပေါ့။
    မိဘ ကိုးကွယ်တာ လိုက်ကိုးကွယ်ရတာ မကြိုက်လို့ ပြောင်းချင်တယ် ဆိုလဲ အချိန်မရွေးပါပဲ.. ပြောင်းနိုင်တယ်။ မွေးရာပါ အခွင့်အရေး မို့ ကိုးကွယ်ရပေမဲ့ ပြောင်းလိုက်လို့ မရဘူး ဆိုတာ မရှိဘူး။ ဒါဟာ လွတ်လပ်ခွင့် ပါပဲ။
    နိုင်ငံရေးက အလွတ်ရှုပ်ထွေးလို့ ဘာမှ မပြောလိုဘူး။

Leave a Reply