မောင်ပေ နောက်ကလိုက်ခြင်း (ကန်နံဘေးက တံတားလေး)














“မောင်ပေနောက်ကလိုက်ခြင်း(တံတားအိုကလေး)”
အခုရက်လူက နည်းနည်းလေးအပျင်းထူနေပါတယ်။
စိတ်ကူးပေါက်သမျှလမ်းသလား။
လမ်းသလားတိုင်းလက်ဆော့။
အဲတော့ပုံတွေက အများကြီး။
ဝေးဝေးလံလံတော့ မဟုတ်ကိုယ့်နားပါတ်ဝန်းကျင်ပါဘဲံ.။
ဟိုရက်ကတော့ အဲဒီပုံတွေထဲက နေပြီး ကိုယ်ဖာသာကိုယ်နာမယ်ပေးထားတဲ့
“ဖိုတိုအက်ဆေး”ဆိုပြီးပုံတွေက ကဏ္ဍတစ်ခုစီခွဲလို့တင်ပါတယ်။
တင်ရင်းကနေပျင်းလာတော့ ပုံမတင်ဘဲနားထား။
အဲဒီရက်အတွင်းမှာ ရိုက်ထားသမျှသောင်းပြောင်းထွေလာ(ဒီစာလုံးလေးက လူထုဦးလှဆီက ယူသုံးတာပါ)ကို ရှင်းတာရှင်းဖျက်တာဖျက်လုပ်နေပါတယ်။
အဲလိုဟိုပြောင်းဒီပြောင်းလုပ်နေရင်း ရိုက်ထားပြီး မတင်ရသေးတာတွေကို
ပြန်တွေတော့ တင်ဘို့ စဉ်းစားမိပါတယ်။
အဲဒီမှာ တက်သိမ်းအင်းက တံတားအိုလေးမြင်တော့မောင်ပေကိုသတိရမိပါတယ်။
ဒီနေရာလေးကို မောင်ပေတင်ဘူးတာကိုးဗျ။
အဲတော့ ပထမတစ်ခါ ရှင်ပင်ဆပ်သွားမှာ ကိုစိန်သော့နောက်ကလိုက်။
ဒုတိယတစ်ခါ မှန်ကန်ထဲက ငါးလေးမှာ မဝေနောက်ကလိုက်။
အခုတစ်ခါ တံတားအိုလေးမှာ မောင်ပေနောက်ကလိုက်။
ကဲ ကျနော့်ရှေ့ကသွားသူများ နောက်ကို ကျနော်ကတော့ လိုက်နေမှာပါဘဲ။
ပြန်စဉ်းစားမိတော့ နောက်တစ်ခါ ဘယ်သူ့နောက်ကလိုက်ရင်ကောင်းမလဲလို့။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး
(21-3-2012)
26 comments
water-melon
March 22, 2012 at 8:16 am
သများနောက်ကတော့ မလိုက်ပါနဲ့တော်
လိုက်လို့ကတော့ မိတ်ကပ်လိမ်း စတိုကင်နဲ့ တစ်ကိုင်းကြိုးဝတ်ခိုင်းပြီး
ရှောက်သီးဆေးပြားရောင်းခိုင်းမှာ
မာမီပေါက် အဖွဲ့ဝင်ချင်ရင်ပြောနော် အားမငယ်နဲ့
မန်းလေးက မာမီကင်းဖရဲရှိတယ်
MaMa
March 22, 2012 at 8:49 am
ကျမကတော့ နေရာမရွေ့ပဲ စိတ်ကူးနဲ့ပဲ လိုက်ဖြစ်နေတယ်။ အဖြစ်မရှိတာများ ပြောပါတယ်။ 🙁
ကြောင်ကြီး
March 22, 2012 at 9:01 am
လမ်းမသိ ဘယ်ဒူ့နောက်လိုက်…
ဦးပေါက်ကတော့ မောင်ပေကြိုက်…
ကြောင်ကြီးထွက်ရပ် နိဗ္ဗာန်ဆိုက်…
သဂျီးနွားကင်ကိုက်…
Gipsy
March 22, 2012 at 9:17 am
နွားကင် အကိုက်မှာ
မကြိုက်ကွာ
သူပြောလေတော့တာ.
ဟင်းနော်..ဟင်းနော်
မျက်စောင်းထိုး
ဂျီး စိတ်တွေဆိုး ….။
chel gyi
March 22, 2012 at 1:09 pm
အဲ့ဒါ ဘယ်မှာတုန်းဗျ…..
နွယ်ပင်
March 22, 2012 at 1:21 pm
လေးပေါက် ပုံလေးတွေက လှလိုက်တာ အရမ်းပဲ
ရာင်စုံတံတားလေးရဲ့မြင်ကွင်းကျယ်ပုံလေးကို အကြိုက်ဆုံးပဲ ……….
လင်းဝေ
March 22, 2012 at 2:11 pm
ကိုပေါက်ကြီး တက်သိမ်းအင်း လား တက်သေးအင်းလား။
ကိုပေါက်က အဲဒီနားနေတာဆိုတော့ အမှန်ပိုသိမှာမို့ပါဗျာ။
မောင်ပေ့နောက်လိုက်ရင်တော့ ၇၃လမ်းထောင့်က ဆိုင်ကို ရောက်သွားမယ်ထင်တယ်ဗျ။
ကိုပေါက်(မန္တလေး)
March 22, 2012 at 4:17 pm
ကိုလင်းရေ
အမှန်က တော့ တက်သိမ်းအင်း ဗျ..
ဘုရင့်လှေတော်တွေရဲ့ တက်တွေကို သိမ်းတာဆိုဘဲ။
အများနုတ်ကျိုးတာကတော့ တက်သေးအင်း။
မောင်ပေက ဆိုင်ပြောင်းသွားပြီ 73မထိုင်တော့ဘူး။
သူ့ကိုလူသိများလာလို့တဲ့။
windtalker
March 22, 2012 at 9:51 pm
အမှန်က ကိုလင်းဝေ က လမ်းမှားပြောရင်း လမ်းမှန်သွားတာ ဗျ ။
ဆူး
March 22, 2012 at 4:28 pm
ဆူးက ဓါတ်ပုံကို သေချာရိုက်ဖို့ စိတ်မရှည်ဘူး ဖြစ်နေတာ ဆိုးတယ်။
ကင်မရာ တလုံးကိုင်ပြီး ဟိုမှာ ရိုက်လို လုပ်လိုက် ဒီမှာ ရိုက်မလို လုပ်လိုက်နဲ့ နောက်ဆုံးတော့.. ကိုယ့်ပုံ ကိုယ်တောင် မရိုက်ဖြစ်ဘူး။
Ma Ei
March 22, 2012 at 4:56 pm
No.11 မှာ တံတားလေးက ယိုင်နေတော့ ပိုလှသွားတယ်နော်…
pooch
March 22, 2012 at 7:19 pm
လေးပေါက် အဲ့ဒီတံတားလေးက အခုထိကောင်းတုန်းပဲလား ။ ခိုင်သေးတယ်ပေါ့။
ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်
March 22, 2012 at 7:35 pm
ခနော်ခနဲ့တံတားလေးက လွမ်းစရာလေးဗျ . နော
မှုံဝါးဝါး အလင်းရောင်အောက်မှာ ဘယ်ဆီကိုလွမ်းရမယ်မှန်း မသိတော့လောက်အောင် ၊
ဟိုတံတားက ဦးပိန်တံတား ၊ ဒီတံတားလေးကို ဦးနဲ့ တံတားလို့ ခေါ်ချင်တယ် ၊
နဲ့ကျောက် နဲ့ကျောက်နဲ့မို့၊
TTNU
March 22, 2012 at 9:09 pm
ကိုပေါက်ရေ..
ဟိုတစ်ချိန်ကတံတားအို
ခုတော့နုနယ်ပျို
အသစ်အသစ်ဖြစ်ပြီကို။
ကိုပေါက်(မန္တလေး)
March 22, 2012 at 9:31 pm
ဒီတံတားနဲ့ မာမီမန်းတာမြင်တော့
နုပျိုလာသော တံတားအိုဆိုတဲ့ ကဗျာလေးက နေသီချင်းဖြစ်သွားတာကို သတိရမိတယ်။
အဲဒီအထဲမှာပါတဲ့
တစ်ချိန်ကဆို…………………….ဆိုတဲ့သီချင်းလေးအစမှာ သံရှည်ဆွဲပြီး ဆိုသွားတာကို သတိရမိတယ်။
နောက် တစ်အိမ်တစ်ချပ်ပျဉ်တွေရသမျှကို…………..ဆိုတဲ့
ပေါင်းစည်းခြင်းရဲ့သဘောလေးကိုနားလည်မိတယ်မာမီရေ။
Mလုလင်
March 22, 2012 at 9:52 pm
အဲ့ တံတား က သုံးလို့ ရသေးလား .. ဦးပေါက် …
windtalker
March 22, 2012 at 9:55 pm
မောင်ပေ့နောက်ကို အပျိုတွေလိုက်
ကိုပေါက် ဓါတ်ပုံရိုက်
အမိုက်စားမို ့မောင်ပေကြိုက်
ကိုပေါက် ထိုင်ပြီးငိုက်
ကိုပေါက်(မန္တလေး)
March 22, 2012 at 10:25 pm
မယ်ပုတို့ လုလင်တို့ရေ အဲဒီတံတားလေးက သုံးလို့ရပါသေးတယ် ။
နည်းနည်းယိုင်တာကို ကျနော်က ပိုယိုင်သယောင်ထင်ရအောင် စောင်းလိုက်လို့ပါ။
လျှောက်လု့ိရမရ သိချင်ရင် မောင်ပေ့ကို မေးကြည့်…………..
surmi
March 22, 2012 at 11:44 pm
ကိုပေါက်ရေ ….
ဒီတခါ ကျွန်တော.နောက်လိုက်ပြီး ဂျလေဘီ လိုက်ရောင်းဗျာ ….။
padonmar
March 23, 2012 at 4:19 am
ကိုပေါက်ရေ
တီချယ်ကြီးမန့်တဲ့ သီချင်းလေး ကိုပေါက်ပြောမှ သတိရတယ်။
မြန်မာ့အသံက လွှင့်ခဲ့တဲ့ အချစ်သီချင်းမဟုတ်သော်လည်း လူတွေ နှစ်သက်ခဲ့တဲ့ သီချင်းလေးတွေ အများကြီးနော်။
လက်ပံပွင့်ကောက်လိုပေါ့။
………………………………………………
ကိုပေါက်ရေ
ကိုဘလက်ရဲ့ ချိုပေါ့ကျ ၆မှာ
MaMa says:
ရွာထဲက ဂီတ ပရော်ဖက်ဆာစုံတွဲ ပေါက်ချောဦးဆောင်သော အဖွဲ့ကြီးကို ကြိုတင်ပြီး တောင်းဆိုထားရဦးမယ်။
ပန်းတနော်ခရီးစဉ်ကျရင် ခင်ဝမ်းသီချင်းတွေကို ကြားချင်ပါတယ် ဗျို့…………… တဲ့
မမပြောသလို
ပန်းတနော်ခရီးတွက် သီချင်းရွေးထားနော်။
ကိုပေါက်ကို ခရီးနဲ့လိုက်ဖက်သော သီချင်းတွေရွေးခိုင်းပြီး ကိုဘလက်ကို အဆိုကျင့်ခိုင်းထားရမယ်။
ကားပေါ်ကျမှ ဟိုသီချင်းမရဘူး၊ဒီသီချင်းမရဘူးမလုပ်နဲ့၊ စွမ်းဇာနည်လို ၅ပုဒ်ပဲဆိုပြီးလည်း မပြန်သွားနဲ့။
ကဲ နှစ်ယောက်တိုင်ပင်ပြီး ရွေးထားပေးနော်။
ကိုပေါက်(မန္တလေး)
March 23, 2012 at 8:56 am
ရတယ် မမရေ
ကျနော်ကတော့ ပုံပေါ်မှအော်တတ်တာနော်။
ကာရာအိုကေမှဆိုတတ်တာပြောတာပါ။
ဆိုအုံးမှာ………………………..
အကြိုက်ဆုံးသီချင်းက တော့ ပြည်တော်ဝင် သီချ်င်းပါ။
အိမ်မှာ အမြဲ့ဆိုတယ်လေ။
ဒါမျိုးက သင်္ဘောနဲ့သွားရရင်ပိုပျော်စရာကောင်းတယ်။
MaMa
March 23, 2012 at 9:04 am
ဟာမိုနီအဖွဲ့လည်း လေ့ကျင့်ရေး ဆင်းထားပါကြောင်း။ 😀
ချိုမိုင်မိုင်အက ကျင့်နေတဲ့ အနုပညာကြေးကြိုတင်တောင်းတဲ့ မင်းသားကြီးကိုလည်း ပါဝင်အားဖြည့်ဖု့ိ အကူအညီတောင်းလိုက်ပါတယ်နော်။
ကိုပေါက်(မန္တလေး)
March 23, 2012 at 9:38 am
မမာရေ နောက်ရက်ကော်နက်ရှင်ကောင်းရင်
မြန်မာအသံခေတ်က နာမည်ကျော် အဖွဲ့လိုက်သီချင်းလေးတွေ
ပို့ပေးပါအုံးမယ်။
မြန်မာပြည်သားတို့
ပန်းတိုင်းပွင့်ပါစေတို့လိုသီချင်းတွေပေါ့။
ကိုပေါက်(မန္တလေး)
March 23, 2012 at 1:38 pm
ဒါဆိုရင်မထူးဘူးမမရေ
ရွာသူတွေကို ပန်းပွားအက ကခိုင်းရင်မကောင်းဘူးလားဗျာ။
ဖားသက်ပြင်း
March 23, 2012 at 1:42 pm
အိုး.. ….
ခေါင်းပေါင်းမပေါင်း ချိတ်ထမိန် မဝတ်ဘဲကို
လက်သီးလက်မောင်း တန်းပီးသကာလ….
ထောက်ခံ အပ်ပါသည်..ထောက်ခံ အပ်ပါသည်…
သံချပ် အဖွဲ့ ရဘီ..
သီချင်း အဖွဲ့ ရဘီ..
ပန်းပွား အဖွဲ့ ရဘီ..
သများက ပိတ်သတ်ပဲ လုပ်တော့မယ်….
အာဟိ..
😀
ကိုပေါက်(မန္တလေး)
March 23, 2012 at 1:54 pm
အောင်မာ ရမလား
ဘုန်းကြိးဝတ်ရင်ဝတ်
မဝတ်ဘဲ ပိတ်သတ်လုပ်လို့ကတော့ ကွာ
ပိတ်သတ်ထဲ့လိုက်မှာပေါ့ကွာ