အမေစုကိုရည်ရွယ် တိုက်ခိုက်ထားတဲ့ မေးခွန်းများ

baby skylineMarch 25, 20121min11860

အောင်ပန်းမှာ အမေစုကို အပုတ်ချတိုက်ခိုက်တဲ့စာနဲ့အတူ လိုက်ပစ်ထားတဲ့ VCDခွေထဲမှာ မေးခွန်း၂၁ခုကိုမေးထားပါတယ်။

မေးခွန်းတွေ ခုက—

၁။တိုင်းပြည်ကောင်းဖို့လုပ်မယ်လို့ ပြောပြီးစီးပွားရေးပိတ်ဆို့မှုကို ဆက်ပိတ်ဖို့ ပြောနေတာ ဘာကြောင့်လဲ?

၂။၂၀၀၈ အခြေခံဥပဒေအရ မဲမပေးဘဲ နေခွင့်ရှိတယ်လို့ ပြောတဲ့ဒေါ်စု အခု NLD ကိုမဲပေးဖို့ ပြောနေတာ ဘာကြောင့်လဲ?

၃။စည်း/ကမ်းမဲ့ မငိးမဲ့စရိုက်ဖြစ်နေတာ မထိမ်းဘဲ မင်းမဲ့စရိုက်ဆန်ဆန် လမ်းပေါ်တက်တဲ့သူတွေကို ထောက်ခံတဲ့သူတွေလို့ ဒေါ်စုထင်နေသလား?

၄။ဥပဒေ စိုးမိုးရေးတရားဟောပြီး ဒေါ်စုကိုယ်တိုင် လမ်းဖြတ်သန်းခတွေ မပေးဘဲ ဥပဒေချိုးဖောက်နေတာ ဘာကြောင့်လဲ?

၅။အမေစုကို ချစ်တယ်လို့ဆိုပြီး ဘာလို့ဂျင်ကလိ နဲ့ဝိုင်းဆော်ကြတာလဲ?

၆။မိန်းမ ၃ယောက်ဘဲရှိတဲအိမ်မှာ အင်းယားကန်ကို လက်ပစ်ကူးပြီး ဝင်လာတဲ့ ရက်တောနဲ့ ၂ ရက်အတူနေပြီး ဘာလုပ်နေကြလဲ?

၇။ပုဒ်ရဟန်းမင်းကြီးကို ဒူးတုပ်လက်အုပ်ချီတဲ့ ဒေါ်စု ဗုဒ္ဓစွယ်တော်ကို ဘာလို့တခါမှ လာမဖူးတာ ဘာကြောင့်လဲ?

ဂ။ဗုဒ္ဓဘာသာမှန်ရင် MDYရောက်တိုင်း ဘုရားကြီးကို မဖူးဘဲမနေနိုင်ပါ။ ဒေါ်စုတော့ ဖူးဖို့မေ့သွားတယ် ထင်တယ်?

၉။လွတ်လွပ်စွာ ပြော/ရေးခွင့်ရှိတယ်ပြောပြီး ငါးမင်းဆွေကို တရားစွဲတာ

ဘာကြောင့်လဲ?

၁၀။စစ်ပွဲတွေကို ရပ်ဆိုင်းအောင် မလုပ်ဖူးဘဲ ့ငြိမ်းချမ်းရေး နိုဘယ်ဆုရတာဘာကြောင့်လဲ?

၁၁။နှစ်ပေါင်း၃ဝလောက် နိုင်ငံခြားမှာနေပြီး လူထုအတွက် ဘာလုပ်ပေးဖူးသလဲ?

၁၂။ဘာကြောင့် နိုင်ငံခြားသားကို ယူရတာလဲ?

၁၃။ဗိုလ်ချုပ်မျိုးဆက် တိမ်ကော သွားတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ?

၁၄။မျိုးဆက်ပျောက်တဲ့အပေါ် ဒေါ်စုဘယ်လို စဉ်းစားပါသလဲ?

၁၅။ဒေါ်စုသား ဗိုလ်ချုပ်မြေးတွေ ဘာကြောင့် ဗမာစကား မပြောတတ်တာလဲ?

၁၆။ဒေါ်စုကို အတုယူပြီး ဒီနေ့လူငယ်တွေ နိုင်ငံခြားသားကိုယူနေတဲ့ ပြသနာ ဘယ်လိုရှင်းကြမလဲ?

၁ရ။စန္ဒာမင်းနဲ့ ကိုဌေးကြွယ်တို့ ၈-၂-၂၀၁၂ မှ ၁၀-၂-၂၀၁၂ ထိ ပုဂံ ဟိုတယ်မှာ living together နေတာကို သိကြပါသလား?

၁ဂ။နိုင်ငံခြားသားတွေနဲ့ တွေ့ချိန်မှာ ဒေါ်စုဘာလို့ လက်အုပ်ချီရှိခိုးသလဲ၊ ဗိုလ်ချုပ်ရော နိုင်ငံခြားသားတွေနဲ့ တွေ့ရင် လက်အုပ်ချီပါသလား?

၁၉။ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေကို အလုပ်/ကိုင် မရှာပေးဘဲ ပါတီရံပုံငွေ အတွက် ဓါတ်ပုံ ရောင်းစားနေတာ ပြည်သူတွေ အတွက် အပိုကုန်ငွေ မဖြစ်ဘူးလား?

၂၀။ဘုန်းကြီးတွေ ဒေါ်စုဓါတ်ပုံကို သင်္ကန်းထိပ်မှာ ချိတ်ပြီး ဆန္ဒပြတာ တခြားဘာသာဝင်တွေ အထင်သေးမှာ ဒေါ်စုစိတ်မပူဘူးလား?

၂၁။၉၇-၉၈က မမနဲ့မောင်လေး သက္ကသိုလ် ရိပ်သာလမ်းအိမ် ကွန်ပြူတာရုံးခန်းမှာ ကော်ဇော ခင်းပြီး ချစ်ရည်လူးတဲ့ ဇာတ်လမ်းမှာ မောင်လေးက ဘယ်သူလဲဆိုတာ ဒေါ်စု ဖွင့်ဟဝန်ခံရဲပါသလား?

ဒီမေးခွန်း ၂၁ ကို အကောငိးဆုံး ဖြေဆိုနိုင်တဲ့သူကို ဆုတော်ငွေ မြောက်များစွာချပါမယ်လို့ စိန်ခေါ်ထားပါတယ်။

အဖြေတွေကို DEMOHERO1500@gmail.com နဲ့ demokaunglay@gmail.com ကိုပေးပို့ နိုင်ပါတယ် လို့လည်း လိပ်စာထည့်ပေးထားပါတယ်။

60 comments

  • Khin Latt

    March 25, 2012 at 9:19 pm

    အဲဒီ မေးခွန်း ရဲ့ အဖြေ တွေ က ပြည်သူ တွေ ကို ငရဲတွင်း ထဲ က ဆွဲထုတ်နိုင်မှာမို့လား?
    အဲဒါတွေ သိတော့ ရော
    ကျွန်မတို့ တိုင်းပြည် နဲ့ နိုင်ငံသားတွေ မှာ ဘာတွေအကျိုးအမြတ် ရသွားမှာလဲ?

    အဲဒီ မေးခွန်း တွေ ကို
    တိုင်းပြည် ရဲ့ ပိုက်ဆံတွေကို အရှက်မရှိ ခိုးပြီး ကြီးပွါးနေတဲ့
    အရည်အချင်း မရှိဘဲ မျက်နှာပြောင်တိုက် အာဏာ နဲ့ အုပ်ချုပ်နေတဲ့
    သူတွေ ကို “ဘယ်လိုလုပ် ဖြုတ်ချပစ် ရမလဲ” ဆိုတဲ့ မေးခွန်း လောက် စိတ်မဝင် စား ပါကွယ်။ 😉

    ဒါကြောင့် အဲဒီ မေးခွန်းမေးသူ တွေသာ ကိုယ်ဟာကို လိုချင်တဲ့ အဖြေ ကို စိတ်ချမ်းသာသလို ယူကြပါ။

    ပြည်သူကိုချစ် တဲ့၊ ပြည်သူကချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာချိန်မှာ
    လက်ရှိ အုပ်ချုပ်နေတဲ့ နေရာတွေ ကနေ ဆင်းပေးဖို့ အတွက် ကိုတော့
    အထုပ်အပိုး သာ ပြင်ထားကြပါလို့ စေတနာ နဲ့ နှိုးဆော် ပေးလိုက်ပါတယ်။

    သွေးရူးသွေးတန်း တော့ မဖြစ်ကြနဲ့နော်။
    စိတ်အေးအေးထား။ 😆

  • Patriot

    March 25, 2012 at 9:19 pm

    ခင်ဗျား ကိုလဲမသိလို့ မေးအုံးမယ် ခင်ဗျား ကကော ဘာရည်ရည်ရွယ် ချက်နဲ့ဒါ တွေ ကိုဒီမှာလာတင် ရတာလဲ?

    • Swal Taw Ywet

      March 26, 2012 at 12:50 am

      Yes, I also agreed with you, Patriot.
      So… Dear…. Baby,
      Can you answer Patriot’s question?
      What is your Main Aim?
      What do you need from us?

      With respect,
      Swal Taw Ywet.

  • ကိုရင်မောင်

    March 25, 2012 at 9:27 pm

    ကိုယ်ကျိုးရှာအမြတ်ထုတ်တိုင်းပြည်ဆင်းရဲတွင်းထဲနက်သထက်နက်အောင်
    လုပ်ခဲတဲ့မင်းတို့ရဲ့ပထွေးတွေရဲ့လုပ်ရပ်ကျတော့
    မေးစရာမေးခွန်းတွေမရှိကြတော့လို့လား…??????

  • အသူရာ

    March 25, 2012 at 10:23 pm

    တို့တိုင်းပြည်မှာ ကြံ့ဖွတ်က သူခိုးတွေ နေရာကောင်းရနေတာဘာလို့လဲ ?
    စိန်စီတဲ့ မင်္ဂလာပွဲမှာ လက်ဝတ်ပစ္စည်းတွေငှားတဲ့မိသားစုကို သတ်သွားတဲ့တရားခံကို မဖော်ထုတ်နိုင်တာဘာလို့လဲ ?
    တိုင်းပြည်လူထုက ဆင်းရဲငတ်နေတာများပြီး ၊ ထိပ်ပိုင်းကလူဂျီးဒွေက မီလျံနာတွေဖြစ်နေတာဘာကြောင့်လဲ?
    ဒါတောင် နမူနာမေးခွန်းတွေပဲရှိသေးတယ် ။

  • minn zaw

    March 25, 2012 at 10:52 pm

    MG ရွာသူား တွေ အနေနဲ့ တိတိပပ အဖြေမပေးနိုင်ပဲ လုံးဝ မဖြေလိုက်ကြပါနဲ့။

    အရေးကြီးပါတယ်။

    သူတို့ရည်ရွယ်ချက်ကိုက

    ၁။ အမေစု အပေါ် ပြည်သူတွေ အယုံကြည် မဲ့စေလိုခြင်း

    ၂။ အမေစုထောက်ခံတဲ့ အင်အားစုများမှ အပေးသောအဖြေများကို

    ကိုးကား၍ (စကားထဲက ဇာတိပြ ပမာ) အတွင်းစကားများ အဖြစ် ဝါဒဖြန့်လိုခြင်း

    ၃။ NLD ကိုထောက်ခံသူများ လျော့ကျစေလိုခြင်း

    ၄။ (ထွက်ပေါက်မရှိသော ခွေးသခိုးများ မှ လွတ်လမ်း ရရန် ပြန်ဟောင်ခြင်းဖြစ်ပါသည်။)

    ထို့ကြောင့် မေးခွန်းအားလုံးကို မှန်ကန်စွာ မခြေပ နိုင်ပဲ မည်သူမျှ မဖြေ ကြရန် အသိပေးအပ်ပါသည်။)

    မေးခွန်း၏ မူရင်းပိုင်ရှင်အား ပြောလိုပါသည်။ သိလိုလျှင် ကိုယ်တိုင်သွားမေးပါ။

    ကျွန်တော်တို့ အားလုံးက အဲဒါတွေကို စိတ်မဝင်စားပါ။ အဲဒဒီမေးခွန်းတွေကိုယုံလဲမယုံပါ။

    မင်းတို့တွေ ချောင်ပိတ်မိနေလို့ အမေစု့ နဲ့ ငါတို့ကို ပြန်ဟောင်တယ် ဆိုတာတော့ သိပါတယ်။

    ခွေးလှေး ခုန်လို့ ဖုန်မထ ပါဘူးကွာ။

  • shwe kyi

    March 25, 2012 at 11:20 pm

    ရွှေကြည်က member အသစ်ပါ။ အရင်ဝင်ဖတ်ရုံဖတ်တာပါ။ အခုမှရေးချင်လို့ မှားတာရှိရင်ခွင့်လွှတ်ပါ။
    Khin latt ရေးသွားတာကိုအရမ်းသဘောကျလို့ပါ။ ရွှေကြည်ပြောချင်တာတွေ သူအကုန်ပြောသွားတာပါ။
    ရွှေကြည် ဝင်ဖတ်တုန်းက comment တွေမရှိလို့ ရေးချင်လို့ register လုပ်နေတုန်း 6 ခုတောင်ဝင်နေပြီ။
    ကိုရင်မောင်ရေးတာလည်းအရမ်းကိုပြောင်မြောက်ပါတယ်။ လုံးဝထောက်ခံပါတယ်။

  • moe moe

    March 25, 2012 at 11:28 pm

    ဒီကွန့်မန့်ကိုရေးဖို့တော်တော်လေးသတိ္တမွေးခဲ့ရတယ်ဗျာ။ ဘာလို့လည်းဆိုရင်စစ်အစိုးရလက်ထက်မှာတုန်းက စစ်သားမကောင်းကြောင်းမပြောရဲသလိုပဲ အခုအချိန်မှာလည်းအမေစုမကောင်းကြောင်းမပြောရဲဘူးဗျ။ ဘာလို့လည်းဆိုတာတော့အားလုံးသိမှာပါ။ ဘာပဲဖြစ်ဖြစ်ပါဒီမေးခွန်းတွေကိုတော့ဖြေသင့်ပါတယ်။ အရင်စစ်အစိုးရလက်ထက်မှာသူတို့မဟုတ်တာလုပ်ထားရင်ဘာမှရေရာအောင်မဖြေရှင်းပေးနိုင်ဘူး။ အခုလည်းမဖြေရှင်းနိုင်ရင် ကျွန်တော်တို့အမေစုကိုစိတ်ခုနေမိမယ်ထင်။ အမေရယ်အမေဘက်သာမှန်နေရင် ဒီကောင်လေးတွေ လက်သရမ်းလို့မရအောင်ဖြေပေးပါဗျာ။ ကျားကြီးကြောက်လို့အမေ့ကိုအားကိုးနေတာပါ။

    • Swal Taw Ywet

      March 26, 2012 at 12:46 am

      Dear ???? Moe Moe,
      Don’t think MG villagers as fools.
      Do you know Thaung Wai Oo’s books? There is a proverb for the war.
      ” DON’T DANCE WITH THE ENEMY’S TUNE “.
      OK?
      Sorry Moe Moe.
      Now you are at the wrong place.
      Please…. take care.

      With respect,
      Swal Taw Ywet.

      • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

        March 29, 2012 at 9:33 pm

        that`s right my br
        when do you come back to motherland?

  • moe moe

    March 25, 2012 at 11:34 pm

    ဒီမေးခွန်းတွေကိုအမေစုကိုယ်စား ဒီအကြောင်းတွေရဲ့အဖြေကိုတိတိကျကျသိတဲ့သူရှိရင်ဖြေပေးလိုက်ပါ။ ဒီကောင်တွေလက်မသရမ်းရဲအောင်ပေါ့။

    • myanmarcitizen

      March 26, 2012 at 4:30 pm

      ဖြေစရာကိုမလိုတဲ့မေးခွန်းတွေ အနှစ်သာရမှမရှိတာ။ လက်မရမ်းတာ မရမ်းတာက သူ့ကိစ္စ။ နာမည်မဖော်ရဲတဲ့ ငကြောက်တွေကို ဂရုစိုက်စရာမှမလိုတာ။

  • shwe kyi

    March 25, 2012 at 11:44 pm

    ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ကတော့ပြတ်ပြီလို့တော့မဆိုနိုင်ဘူးထင်တယ်နော်။
    ဦးအောင်ဆန်းဦး လည်းရှိသေးတယ်လေ။

  • minn zaw

    March 25, 2012 at 11:54 pm

    ဒီမေးခွန်းတွေရဲ့ တကယ်ပိုင်ရှင်ကို စိမ်ခေါ်ပါတယ်။

    ၁။ မေးခွန်းရှင်(တကယ်မေးခဲ့သူ ဖြစ်ကြောင်း အာမခံရပါမည်။)နဲ့ ကျွန်တော်
    အချိန်တစ်ခု ညှိနှိုင်းသတ်မှတ်ပါမည်။
    ၂။ သင့် မေးခွန်းများအတွက် သက်သေ သာဓက အစစ်အမှန် ရှိရပါမည်။

    ၃။ ကျွန်ုပ် ဘက်မှလဲ ခိုင်လုံစွာ ပြန်လည်ဖြေရှင်းပါမည်။လိုအပ်လျှင် မေးခွန်း
    ပြနထုတ် ပါမည်။

    ရှံးသောသူ နှစ်ဘက် ပရိပ်သတ် ရှေ့ မှာ ကိုယ့်ကိုကိုယ် သတ်သေပြ ကြေး ။

    သတ္တိရှိရင် အကြောင်းပြန်ပါ။

    မှတ်ချက်။ ။ hero လုပ်ချင်းမဟုတ်ပါ။ ပါးစပ်သရမ်းသူကို စိမ်ခေါ်ပါသည်။

    ပုံ/
    မင်းဇော်

    • shwe kyi

      March 26, 2012 at 12:01 am

      ကိုမင်းဇော် စိတ်လျှော့ပါနော်။ ရွှေကြည်တို့အားလုံးကို ဒေါသထွက်အောင်လုပ်နေတာ။ သူတရားသူစီရင်ပါလိမ့်မယ်။

    • Red Devil

      March 26, 2012 at 3:44 pm

      မိုက်တယ်.. ကြိုက်တယ် ..
      ဒါပေမယ့် ခွေးနဲ့တော့ ဖက်မကိုက်ပါနဲ့ အကိုရာ
      ဒီကောင်တွေကို ခွေးနဲ့နှိုင်းရတာတောင် ခွေးသိက္ခာကျတယ်.

  • moe moe

    March 26, 2012 at 12:19 am

    ကိုမင်းဇော်ရဲ့စိတ်ဓါတ်တော့လေးစားတယ်ဗျာမဟုတ်ရင်မခံဘူးပဲ။ ကဲအပေါ်က လက်သရမ်းထားသောငတိများဘယ်လိုလည်း သတိ္တရှိလားတို့အမေစုကိုယ်စားဖြေမယ်တဲ့

  • moe moe

    March 26, 2012 at 12:22 am

    ကွန့်မန့်ဘေးမှာ -1 ဆိုတာကအမှတ်လျော့တာလား?
    အမှတ်လျှော့တာဆိုရင်ဘာလို့လည်း။
    အမှားလေးတော့သိပါရစေဗျာ

    • Swal Taw Ywet

      March 26, 2012 at 12:39 am

      Yes, Dear ??? Moe Moe,
      You use a wrong place to ask.
      Dear… Who is the asking person? Did he or she dare to face the truth?
      I don’t think so because He or She does not show his/ her real name. Correct?
      We, MG villagers are lovers of the truth.
      We, MG villagers are the family not only ONLINE but also outside.
      So.. there is no secrets / hidden in closed villagers.
      We could not answer the questions because we don’t know the questioners. OK?
      Please….check by yourself first = you should ask or not?
      OK?

      With respect,
      Swal Taw Ywet.

  • Swal Taw Ywet

    March 26, 2012 at 12:27 am

    Dear Baby Skyline,
    WHO ARE YOU? And what are you ( a slave of military junta )?
    WHY YOU POST LIKE THIS ?
    We ( MG villagers ) are not the fools.
    Most of / Real MG villagers are the persons who love the TRUTH and FAIR.
    Dear Baby,
    As your nick name, you should stay as a baby. OK?
    Please …..take care.

    With respect,
    Swal Taw Ywet.

  • Mလုလင်

    March 26, 2012 at 1:05 am

    10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။
    – စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။
    Baby Skyline ဆိုတဲ့ ပိုစ့်ပိုင်ရှင် ရေ … ဦးဆောင် ဆွေးနွေးပါဦးကွယ်။ ဟို ပိုစ့်က စာ ဒီပိုစ့် ကို copy, paste လုပ်တာကတော့ ကျွန်တော့ စိတ်ထင် (စိတ်ထင်) အောက်တန်းကျ လွန်းပါတယ်လေ။ myanmar express မှာ အဲ့ဒီ့ ပိုစ့်ကို တွေ့လိုက်သလားလို့ပါ လေ။
    အသက် နဲ့လိုက်တဲ့ကိုယ်အလေးချိန် ရှိကြပါစေလို့ ဆုတောင်းရင်း …
    Mလုလင်

  • Swal Taw Ywet

    March 26, 2012 at 1:13 am

    Dear Tha Gyee, U Kai,
    We should do some remark on the main Post.
    The same issue as last month – Fighting post to EMG.
    It will effect on MG’s image.
    Please…… take any action ASAP.

    Let’s try our best for our mother land, Now start from our village’s pages.
    With respect,
    Swal Taw Ywet.

  • arkar min

    March 26, 2012 at 3:17 am

    ၁.တိုင်းပြည်စီးပွါးရေးက လူတစုလက်ထဲပဲရှိပြီး ပြည်သူလူထုကိုတကယ်ကျေးဇူးပြုမဲ့စီးပွါးရေးမဟုတ်ပဲ ကိုယ်ကျိုးရှာ၊တဲ့ တကိုယ်ရေစီးပွါးရေးဖြစ်နေလို့ဆိုတာအားလုံးသိတယ်။

    ၂။ဟုတ်တယ်လေ ၂၀၀၈ တုံးကခိုးမဲတွေနဲ့နိုင်တာလေ။ဘယ်ပြည်သူလူထုကရောစိတ်ဝင်တစားမဲပေးဖူးလို့လဲ။
    ခုချိန်မှာ ကိုယ်မတတ်နိုင်လဲတတ်နိုင်တဲ့ဘက်က ၁၀၀% မရလည်း ဘယ်လောက်ရရ ပြည်သူအတွက် ရရာနေရာဝင်မယ်ဆိုတဲ့ မလျှော့တဲ့ စိတ်ဓာတ်ကိုပြည်သူသိတယ်။
    ဘယ်သူအတွက်လုပ်နေတယ် ဆိုတာပြည်သူသိတယ်။(ဒါတောင်သွေးရူးသွေးတန်းနဲ့ကြောက်ချီးပန်းနေကြတာလေ)(ငါမရလည်းပတ်မကြီးထိုးမယ်)ဆိုတဲ့ အောက်တန်းစားတွေနဲ့တော့ ကွာပါ့။

    ၃။လမ်းပေါ်မှာ ခိုးဆိုးသောင်းကျန်းနေတာမဟုတ်ဘူး။လမ်းပေါ်မှာ ဘယ်သူကိုမှမိုက်ရိုင်းစော်ကားနေတာမဟုတ်ဘူး။ ပြည်သူကိုစော်ကားတာသာ မင်းမဲ့စရိုက်လေ။နားမလည်ဘူးလား။

    ၄။ဟုတ်လား ဘယ်သူပြောတာလဲ? ဘယ်ဂိတ်ကမှ ဘာပိုက်ဆံမှမပေးရပဲ။အလကားဖွင့်ပေးတာတွေ့ဘူးလား။ဖွင့်ပေးရင်လည်း ဖွင့်ပေးတဲ့သူက ချစ်လို့လေးစားလို့ပဲ ဖြစ်မှာ။
    ၅။ဪ။ရှင်းရှင်းလေး လူလိုနားမလည်တဲ့သူပေါ့။ကိုယ်ဘဝကဘယ်ဘဝရောက်နေလဲဆိုတာမသိတဲ့သူ(ချီးစားခွေး၊ခွေးရူး)ဒါတွေပဲဖြစ်မှာပါ
    ။ခွေးရူးဆိုတာတော့ ဘယ်နေရာမှာမဆိုရှိမှာပါ။တခုတော့သတိထားပေါ့။ခွေးရူးပြီဆိုတာသိရင် သတ်ရတယ်လေ။ဒါမှလူကောင်းကိုဒုက္ခမပေးမှာရှင်းလား။ ၆။မေးခွန်းမေးတဲ့သူ မှာရှိတဲ့ အမေတွေ၊ညီမတွေကို၊ယက်တောနဲ့နှစ်ညလောက်ထားကြည့်လိုက်လေ။သိချင်ရင်။

    ၇။ဘုန်းကြီးတွေကိုသတ်လိုက်။ရှိခိုးလိုက်။လုပ်နေတဲ့သူတွေ ကြတော့ကော ပဉ္စနန္တိရကံထိုက်မှာမကြောက်ကြဘူးလားမသိဘူးနော်။သေရင်အဝိစိပဲ။

    ၈။မဟုတ်တာလုပ်ထားကြတဲ့သူတွေသာ ဘုရားရိုက်မှာကြောက်ရတာလေ။ကြားဖူးလား။ရသေ့စိတ်ဖြေဆိုတာ။
    တချို့ဆို တီဗွီထဲမှာ ရောက်ရောက်ချင်း ဘုရားဖူးရတာနဲ့။
    မဟုတ်တာလုပ်ပြီး ဘုရားဦးကုန်းချလည်း ဘုရားကမကယ်ဘူး။အကုသိုလ်ကများနေပြီလေ။

    ၉။ဪ ခက်လိုက်တာ။မှန်တာရေးတဲ့ ဂျာနယ်တွေတောင်တရားစွဲခံထားရတာ။
    မမှန်တာရေးရင်တော့ဘာပြောကောင်းမလဲ။ရေးရင်လဲရှင်းရဲရမယ်လေ။မှန်လား၊မမှန်လားဆိုတာ။တရားရုံးမှာ။

    ၁၀။ခက်တယ်။ကလေးကလားမေးခွန်းတွေ။ငြိမ်းချမ်းရေးမရအောင်လုပ်နေတာက ဘယ်သူတွေလဲ?ဘယ်သူတွေကစစ်ပွဲကိုဖန်တီးနေလဲ?
    ငြိမ်းချမ်းတယ်ဆိုတာ စစ်ပွဲတွေအတွက်မကပဲ တမျိုးသားလုံး ဖိနှိပ်မှူ့ကနေလွတ်အောင်လုပ်တာ။
    ချုပ်ချယ်မှူ့အောက်ကနေလွတ်အောင် ။လူကိုလူချင်းတန်ဖိုးမထားမှူ့တွေကလွတ်နေအောင်လုပ်တာ
    ။ပြည်သူသည်သာနိုင်ငံတော်၏အချုပ်အချာအာဏာဖြစ်သည်ဆိုတဲ့စကားကိုအကောင်အထည်ဖော်နေတာ။ဒါဟာငြိမ်းချမ်းရေး။(peace)ဆိုတာမှတ်ထားလိုက်။မသိရင်။

    ၁၁။ခု လွတ်လပ်ရေးရတာ ၆၄ နှစ်အတွင်းမှာ ပြည်သူ့အတွက် ၊ပြည်သူကယုံတဲ့ သူ။အားကိုးတဲ့သူ ဘယ်သူဆိုတာသိတဲ့သူလက်ညှိုးထောင်ပါ။

    ၁၂။၁၃။၁၄။၁၅။ဒီမေးခွန်းတွေက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်ရဲ့ဇနီး ဒေါ်ခင်ကြည်ကို မြန်မာပြည်မှာမနေရအောင်ချီးမြောက်သလိုလိုနဲ့
    နိုင်ငံခြားမှာ သံအမတ်အဖြစ်ပို့လိုက်ကြ ပြီးနိုင်ငံကို အဆင်းရဲအမွဲတေဆုံးဖြစ်အောင်။နိုင်ငံမျိုးဆက် ပြည်သူတွေကိုကော ဘယ်နေရာရောက်ရောက် လူတောမတိုးအောင်
    ။နိုင်ငံတကာမှာ လူလူချင်း လေးစားမခံရအောင်။နိမ့်ကြအောင်လုပ်ခဲ့ကြတာ ကော ဘယ်သူတွေလဲ။ဒီအဖြေကိုအရင်ဖြေမှဒီမေးခွန်းရဲ့အဆုံးကိုရောက်မှာ။စောက်ရူးရဲ့။

    ၁၆။ဘာကိုရှင်းချင်တာလဲ။နိုင်ငံဆင်းရဲလို့အိမ်နီးနားချင်းနိုင်ငံတွေမှာဖာဖြစ်ရတယ်မြန်မာမတွေ။မယားငယ်ဖြစ်ရတာတွေ။
    လူကုန်ကူးခံနေရတာတွေကိုကောဘယ်လိုလုပ်မှာလဲ။?

    ၁၇။ဒါကပုဂ္ဂလိကမေးခွန်းပါ။သိချင်ရင်တော့ကိုယ်တိုင်မေးလိုက်ပါ။

    ၁၈။ဒါကတီဗွီထဲကြည့်လိုက်လေ။ခိုးချင်ချင်၊မခိုးချင်ချင်။နေရာတကာ လူတိုင်းကိုလက်အုပ်ချီခိုင်းနေတာ။ဘယ်မသာကောင်တွေလဲမသိဘူး။

    ၁၉။ခုတလော ဝန်ကြီးဌာနတော်တော်များများ ငွေအလွဲသုံးစာလုပ်နေတာကို ဂျာနယ်တွေထဲရှာဖတ်လိုက်။
    ပိုရှင်းသွားမယ်။ဘယ်လောက်ဆိုတာ။လွတ်တော်ကတောင်သိနေလို့ ဘတ်ဂျတ်တွေဖြတ်ချနေတာ။

    ၂၀။ဘုန်းကြီးတွေကို ကတုန်းခေါက်လိုက်၊ထိပ်ပုပ်လိုက်လုပ်နေတာကြတော့ကော။ကမ္ဘာမှာ အရုပ်ဆိုးတဲ့ သတင်းဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာတုန်းက
    ဘုန်းကြီးတွေကို တုတ်နဲ့ရိုက်ဓားနဲ့ပြီးတော့ ဘုန်းကြီးတွေက ထိုင်ရှိခိုးတောင်းပန်ပုံတွေက ကမ္ဘာကတောင် ဝမ်းနည်းဒေါသဖြစ်ရတယ်။

    ၂၁။သတိ္တရှိရင်တော့ကိုယ်တိုင်မေးလိုက်တာအကောင်းဆုံးပဲ။

    ဒေါသထွက်လွန်းလို့ ဖြေလိုက်မိတာပါ။မှားသွားရင်ခွင့်လွှတ်ပါသူကြီးရယ်။မခံနိုင်လွန်းလို့။နောက်ဆို ခွေးဟောင်လည်း အသာထိုင်ကြည့်တော့မယ်။
    လမင်းကိုခွေးဟောင်လည်း နောက်ဆုံးလမင်းကတော့ပြုံးပြုံးလေးပါပဲ။ခွေးပဲမောပြီးသေမှာလေ။

    မေးခွန်း၏အဖြေကိုဖတ်ရာတွင် မေးခွန်းကိုကြည့်၍ဖတ်ပါရန်။

  • Khin Latt

    March 26, 2012 at 3:54 am

    ကြည့်ရတာ တမင်သက်သက် ရွာထဲလာပြီး အမှိုက်လာဖွ နေကြသလားဘဲ။

    ကိုမိုးမိုး ရေ
    ~~ အခုအချိန်မှာလည်းအမေစုမကောင်းကြောင်းမပြောရဲဘူးဗျ ~~~
    ဆိုတာ ဒီမှာမဟုတ်ပါဘူးလို့ တွေးထားပါ။

    သူ့အားနည်းချက်တွေ ကို မြင်ရင်လဲ ကျွန်မတို့သူ့ကိုတိုက်ရိုက် စေတနာ အပြည့်နဲ့ ဝေဖန် ပေးပါမယ်။
    ဒေါ်အောင်ဆန်းစုကြည် ကလဲ သူ့ကို ဝေဖန်မှု တွေ ကို ဝမ်းသာအားရ ကြိုဆိုပါတယ်။
    သူမှားရင် ချက်ချင်းပြင်ဖို့ ဝန်မလေးပါဘူး။
    သူ့ကို ချစ်တဲ့ သူတွေ နဲ့ သူ့ကြားမှာ မဝေဖန် ရဲတဲ့ အကြောက်တရား ဆိုတာမရှိပါဘူး။
    ဒီတော့ ကိုမိုးမိုး ရော၊ ဒီ မေးခွန်းတွေ ကို တင်ပြီး မေးခဲ့တဲ့သူရော စိတ်မပူ ပါနဲ့။
    ကျွန်မတို့ အားလုံးဟာ ဦးနှောက်ဆေး ထားခံရသူတွေ မဟုတ်ပါဘူး။
    အဲဒီ မေးခွန်း တွေ ကို မသိခဲ့တာလဲ မဟုတ်ပါဘူး။
    ရှင်းရှင်း ပြောရရင် ကျွန်မ တို့ ဟာ အရင်ကလို အကြောက်တရား နဲ့ ရှင်သန် နေသူတွေ မဟုတ်တော့ ပါဘူး။
    ကိုယ့်အထက် အရာရှိကို မှားတာထောက်ပြ ပြီး ဟုတ်မှန်ရာကို ပြန်မပြောရဲ တဲ့သူတွေ မဟုတ်ပါဘူး။
    နွားခြေရာခွက် လို နေရာကျဉ်းကျဉ်း လေးထဲ က အကြောင်း သေးသေး လေး ကို ဘဲ သိပြီး တစ်ခြားအကြောင်း တွေကို မျက်စိပိတ် နားပိတ် ခံထားရသူတွေ မဟုတ်ပါဘူး။
    တရားမှု၊ မတရားမှု၊ အားလုံးကို စဉ်းစား ချင့်ချိန်နိုင်တဲ့ ပညာ အဆင့်အတန်း ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေကြသူ တွေပါ။
    လောက မှာ နိုင်သူစားစတမ်း အနိုင်ကျင့်ပြီး လူလူချင်း စာနာထောက်ထား တတ်မှု ကင်းနေတာတွေ ကို မကြိုက်ကြ ဘဲ လူတိုင်း ကို စာနာစိတ်ထားဖို့ ကြိုးစားနေသူ တွေပါ။
    ဒေါ်အောင်ဆန်းစုကြည် ကို မျက်စိမှိတ်ပြီး ဘာမှမသိဘဲ အတင်းထောက်ခံ သူတွေ ထဲမှာ ကျွန်မတို့ မပါဘူး။
    အားကိုးသင့်လို့၊ အားကိုးထိုက်လို့ အားကိုးတာ။ ထောက်ခံတာ။
    ရှင်းရှင်းပြောရရင် မေတ္တာပေးလို့ မေတ္တာရတာ။
    ဒီအချက်က အရေးကြီးပါတယ်။ မမေ့ စေလိုပါဘူး။

    လူတိုင်း အပြစ်ကင်း၊ အမှားမကင်းပါဘူး။
    ကျွန်မ လဲ သိတတ်စ အရွယ်ထဲ က အမှား တွေ မလုပ်ဘူးတာ ဘယ်ရှိပါ့မလဲ။
    တစ်ခုမက ထပ်ခါ ထပ်ခါ ပါဘဲ။
    ရှင် လဲ ခြောက်ပြစ်ကင်း သဲလဲစင် တော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်မဟုတ်လား။
    ဒီလို ဘဲ ဒေါ်အောင်ဆန်းစုကြည် လဲ အမှားမကင်းနိုင်ဘူး။ သူလဲ လူဘဲ။ ရဟန္တာမှ မဟုတ်ဘဲကွယ်။
    အများပြည်သူ ကို မထိခိုက် တဲ့ အကြောင်း တွေဖြစ်ရင် ဦးသန်းရွှေဘဲ ဖြစ်ဖြစ်၊ ဦးသိန်းစိန် ဘဲဖြစ်ဖြစ်၊ ဦးရွှေမန်းဘဲ ဖြစ်ဖြစ်၊ ဦးအောင်သောင်း ဘဲဖြစ်ဖြစ်၊ ဦးကျော်ဆန်း ဘဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် ဘဲ ဖြစ်ဖြစ် သူ့ကိုယ်ပိုင် အခွင့်အရေး မို့ သူတို့ ဟာသူတို့ ဘာလုပ်လုပ် ကျွန်မတို့ လက်ညိူးထိုး ပြီး မကောင်းကြောင်းတွေပြော၊ အပုတ်ချစရာ မလိုပါဘူး။ မဟုတ်လား။

    ဒါပေမဲ့ အများပြည်သူ တွေ ကို စိတ်ဓာတ်ရေးရာ တိုးတက်ဖို့၊ လူမှုရေးရာ ဖွံ့ဖြိုးဖို့၊ နေထိုင်မှု အဆင့်အတန်း မြင့်မားဖို့ တွေ ကို လုပ်မပေးဘဲ ကိုယ့်တစ်ကိုယ်ကောင်း ချမ်းသာ ရေး ကိုဘဲ ကြည့် နေ ကြ တဲ့ သူတွေ ကြောင့် ကျွန်မတို့ ပြည်သူတွေ ဘက်စုံဆင်းရဲတွင်း နက်နေရတာ ကို
    ရှင် သိသလား? (မသိဘူး ဆိုရင် လဲ ပြောပါ။)
    သိတယ် ဆိုရင် ဒါဟာ တိုင်းပြည် ကို အုပ်ချုပ်မှု စနစ် မမှန်လို့ ဆိုတာ ကို ရော နားလည်လား ? (နားမလည် ရင်လဲ ပြောပါ)
    နားလည်တယ် ဆိုရင် ဒီစနစ် ကို ပြောင်းဖို့ လိုပြီ ဆိုတာကို လက်ခံလား?
    လက်ခံ ရင် အဲဒီလို စနစ်ကို ပြောင်းနိုင်ဖို့ ကျွန်မတို့ မှာ ခေါင်းဆောင်ကောင်း လိုတယ် ဆိုတာ သိရဲ့လား?
    အဲလို သိရင် အခုလောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကလွဲလို့ တစ်ခြား ဘယ်သူ ရှိပါလဲ?
    လက်ရှိ အခြေအနေကို ကောင်းအောင်၊ ပြည်သူ လူထု ကို ဆင်းရဲတွင်း က ထွက်ဖို့ ပြည်သူအတွက် ကို ရှေ့တန်း တင် စဉ်းစားပေး ကြိုးစား နေတာ ဘယ်သူရှိပါလဲ?
    အခု ဒေါ်အောင်ဆန်းစုကြည် ကို အသားလွတ် တိုက်ခိုက်တာဟာ ပြည်သူကို ပါ တိုက်ခိုက် နေတာ ဆိုတာ သဘောပေါက်ရဲ့လား?

    ဒီမှာ ဆက်ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်သူ လူတန်းစား ၃မျိုး ကို တွေ့နိုင်ပါတယ်။
    (၁) တိုင်းပြည်ဘဏ္ဍာ ကိုယ့်ဟာ မှတ်ပြီး သုံးနေကြ သူတွေ မို့ တိုင်းသူပြည်သားတွေ ကောင်းစား ရင် သူတို့ စားကွက် ပျောက်မှာမို့ တိုင်းပြည် ကို မတိုးတက်စေလိုသူတွေ
    (၂) ပြည်ပမှာ နိုင်ငံရေးခိုလှုံဖို့ အလှည့်မကျသေးတာမို့ ဟိုမရောက် ဒီမရောက် ဖြစ်ပြီး တိုင်းပြည်အေးချမ်းသွားရင် နေရာ ပျောက်မှာစိုးတာမို့ တိုင်းပြည် ကို မတိုးတက်စေလိုသူ တွေ
    (၃) အာဏာရှင်တွေဆီက လာဘ်လာဘ မျှော်ကိုးပြီး အထက်ဖား အောက်ဖိတတ်သူတွေ
    အဲဒီ ၃မျိုး က ဒေါ်အောင်ဆန်းစုကြည် ကို အသေမုန်းနေပါတယ်။
    မရရတဲ့ နည်း နဲ့ ခြစ်ချုပ်ပြီး ကဲ့ရဲ့ အပြစ်တင်ပါမယ်။

    နိုင်ငံထဲက ထမင်းစားဖို့ကို အနိုင်နိုင် ရုန်းကန်နေရသူ တွေ နဲ့ သူတို့ ဘဝ ကို စာနာတတ်ကြ သူတွေ က တိုင်းပြည် ကို တိုးတက်စေလိုပါတယ်။
    မြန်မာပြည် ကိုချစ်ပြီး ကိုယ့် လူမျိုးတွေ ကမ္ဘာ့ အလည်မှာ တင့်တယ်စေလိုတဲ့ စေတနာ ရှိသူ တွေ က တိုင်းပြည် ကို တိုးတက်စေလိုပါတယ်။
    ဒီတော့ တိုင်းပြည် ကို တိုးတက်စေလိုသူတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံပါတယ်။

    ဒီတော့ အတိုချုံးရရင် ကိုမိုးမိုး ရော၊ ဒီ မေးခွန်းတွေ ကို တင်ပြီး မေးခဲ့တဲ့သူရော
    ရှင်တို့ ဘယ်လို လူစားမျိုး တွေလဲ။
    ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တကယ်ချစ်တာလား။
    အရိုးအရင်း စားရဖို့ ကျွန်မတို့ဆီ လာပြီး ရန်စ နေတာလား။
    စဉ်းစားပါ။
    ရိုးရိုးသားသားနဲ့ ပြည်သူလူထု ကိုတကယ် ဘဲ ချမ်းသာစေချင်တယ်။
    တိုင်းပြည်ကို တကယ်တိုးတက် စေချင်တယ် ဆိုရင် …….
    အဲဒီ အနှစ်မရှိတဲ့ ပညာမဲ့ စကားတွေ ကို မေးမနေဘဲ တကယ် လက်တွေ့ လူထု ကို အာဏာရှင် စနစ်ဆိုး အောက်က ဆွဲထုတ်ဖို့ ကြိုးစားပါလို့ ပြောချင်ပါတယ်။

    ကဲ ရှင်တို့ ဘက်က မှန်တယ် ဆိုရင် ဆက်ပြီး ဝင်ဆွေးနွေးပါ။

    • Patriot

      March 26, 2012 at 7:49 am

      ကျေးဇူးတင်ပါတယ် အရီးလတ်ရေ ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေ ကိုစနစ်တကျ နဲ ထိထိမိမိ ပြောသွားလို့

    • shwe kyi

      March 26, 2012 at 8:59 am

      မခင်လတ်ပြောသွားတာ အရမ်းကောင်းလွန်းလို့ မျက်ရည်တောင်လည်မိပါတယ်။
      အရမ်းပိုင်နိုင်ပါတယ။် လေးစားပါတယ်။

  • kai

    March 26, 2012 at 5:29 am

    ဆုတော်ငွေ မြောက်များစွာဆိုတာ.. မြန်မာငွေ ၂ကျပ်ခွဲတဲ့..
    သတိထားမိကြဖို့ပြောပြတာပါ… 😆

    ကော်မန့်တခု.. ကျုပ်က.. ၁ဝကျပ်ထွက်နေတာနော…
    ၂၂ခုဆိုတော့.. ၂၂ဝကျပ်ဖစ်နေပီ..

    အနိစ္စ..ဒုက္ခ.. 👿

  • Foreign Resident

    March 26, 2012 at 7:07 am

    baby skyline ရေ
    အဘ ရဲ့ စဉ်းစားကြစေလိုပါတယ် ( ၁၄ ) ( အမေစု ) Post နှင့်
    နဲနဲ တို့ထိထားပါတယ်ကွယ် ။ အားပေးကြပါအုန်း ။

  • minn zaw

    March 26, 2012 at 7:20 am

    မခင်လတ်ကိုတော့ လေးစားသွားပြီဗျာ။ ကျွန်တော်တို့ အားလုံးရဲ့ ကိုယ်စား

    ပညာရှိ ပီပီ တုန့်ပြန်သွားတာပါ။ ကျေးဇူပါ။ လေးစားပါတယ်။

  • Ko out of...

    March 26, 2012 at 9:15 am

    ကနေ့လူသားတွေဟာ… လူနဲ့ရောဂါ၊ ဧည့်သည်နဲ့ အိမ်ရှင်၊ အပင်နဲ့နွယ်ခြုံ..ခွဲခွဲခြားခြား မမြင်သေးသမျှ..
    ဆက်ဆံရေးမှာ အဆင်ပြေမှာ မဟုတ်ပါဘူး..တကယ်တော့ ရောဂါ၊ ဧည့်သည့်၊ နွယ်ခြုံ စသည့်ရန်သူကို ခွဲခြားမြင်ပြီးမှ..မေးခွန်တွေမေးသင့်တယ်..

    ပွေးဝဲယားနာ ပျောက်ဆေးငြော်ငြာတဲ့ လူဟာ…ကိုယ့်ရဲ့မျက်နှာမှာ..ပွေးဝဲယားနာ အပြည့်နဲ့ ယားနားပျောက်ဆေးလို့ ဘယ်လောက်အော် အော် သူများယုံမှာ မဟုတ်ပါဘူး… အခုလည်းကိုယ်မေးတဲ့ မေးခွန်းတွေဟာ ကိုယ်ရဲ့မျက်နှာကို ဖေါ်ပြနေပါတယ်…

    တကယ်တော့ လူအကောင်ကိုကြည့်ပြီးမေးခွန်းထုတ်ရမှာ မဟုတ်ပါဘူး..မူလုပ်ရပ်(အမှု) ကိုကြည့်ပြီး
    မေးသင့်တယ်..တချို့မေးခွန်းတွေဟာ လူအကောင်ကို တိုက်ခိုက်ပြီးမေးနေသလိုဘဲ?..

    လူတွေဟာရိုင်းတယ် ရိုင်းတယ်လို့ပြောတာ တကယ်တော့ လူရဲ့ ကာယ၊ဝစီ၊မနောကရိုင်းတာ..ထိုနည်း၎င်းဘဲ ယဉ်ကျေးတာလည်း ကာယ၊ဝစီ၊မနောက ယဉ်ကျေးလို့ပါ..
    ဒါကြောင့်လူတွေသာ ဒီကာယ၊ဝစီ၊မနော ဆိုတဲ့ကံ ကိုကောင်းကောင်း အသုံးချတတ်ရင်..လူလောက ငြိမ်းချမ်းမှာ..

    အခုလည်း အမေစု နိုင်ငံခြားသားယူတာ…သူ့သားသမီး မြန်မာစကားမတတ်တာ.. လူကိုကြည့်ပြီးမေးတဲ့ မေးခွန်းလို့မြင်ပါတယ်.. အမှန်တော့ လူသားတွေရဲ့ မငြိမ်းချမ်းတဲ့ အမှုလုပ်ရပ်ကို ဘယ်လောက် ဖြေရှင်းပေးနိုင်လည်း ဆိုတာကိုကြည့်ရမှာ..ကုလသမဂ္ဂအဖွဲ့ဟာ လူမျိုးကြည့်ပြီး ပြဿနာ တွေဖြေရှင်းတယ်လို့ထင်လား?..

    တကယ်လို့ အမေစုဟာ နိုင်ငံခြားသားကို ယူလို့မရဘူးဆိုရင်… ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့
    လူမျိုးပေါင်း ၁၃၅ မှာလည်း ယူလို့ မရဘူးဖြစ်ရမယ်.. မြန်မာ တိုင်းရင်သားကို မယူနိုင်တော့ဘူးလား? တိုင်းရင်သားတွေလည်း မြန်မာကို မယူနိုင်တော့ ဘူးလား?

    ဒါတွေဟာ ဘောင်ကျည်းလွန်းပါတယ်… ဒီမိုကရေစီကို တက်လှမ်းချင်တဲ့ လူဟာ ဒီဘောင်ကိုကျော်ရပါတယ်… ရိုးရာအစဉ်အလာက. ဘောင်ခတ်ထားလို့ ဒို့နိုင်ငံနောက်ကျနေတာ ..စဉ်းစား ဖို့လိုနေပြီ?….

  • ကိုရင်မောင်

    March 26, 2012 at 9:36 am

    ရွာသူားတွေကိုယ်စားဖြေပေးသွားတဲ့မခင်လတ်ကို
    ကျေးဇူးတင်ပါတယ်….

  • Phaung Phaung

    March 26, 2012 at 10:34 am

    ဒီမေးခွန်းတွေကြောင့် အမေစုကို အကြည်ညိုပျက်မသွားပါဘူး… မေးခွန်းတွေကိုမြင်ကတည်းက မေးခွန်းရှင်ရဲ့
    စိတ်ဓါတ်ဘယ်လောက်အောက်တန်းကျသလဲဆိုတာ မြင်သွားပြီးသွားပြီ….
    -လူပါးစပ်ကထွက်တဲ့မေးခွန်းတွေမှဟုတ်ရဲ့လား…????.
    -နင်တို့ဗိုလ်သန်းရွှေက ဒီမေးခွန်းတွေအတွက် ဘာတွေပေးထားသလဲ…????
    -တိုင်းပြည်တိုးတက်ပြီး နင်တို့လိုဗိုလ်ချုပ်အစေအပါးတိရိစာ္ဆန်တွေ စားစရာရှားပါးသွားမှာကို အလွန်အမင်းစိုးရိမ်နေသလား ????
    -တစ်တိုင်းပြည်လုံးရဲ့ သယံဇာတတွေ အိတ်ထဲထည့်ထားပြီး မျိုဆို့ထားတာတောင် မဝသေးဘူးလား ????

    နင်တို့လိုလူတစ်စု (တပ်ချုပ်အပါအဝင်) လူလယ်ကောင်မှာကြိုးတုပ်ပြီး မကျေနပ်တဲ့ပြည်သူများတစ်ဦးကို ခဲအသေးတစ်လုံးစီပစ်ပေါက်နိုင်ပါတယ်ဆိုရင် ရန်ကုန်မြို့တစ်မြို့ထဲတင် ခဏလေးနဲ့သေသွားနိုင်တယ်…
    နားလည်လား ….. ဒီထက်ဆက်ပြီး ပြည်သူ့မေတ္တာမခံယူချင်ပါနဲ့တော့…. ဗမာလူမျိုးစစ်ရင် ဒီလောက်
    ယုတ်မာရရင်တော်တော့ပေါ့… လူဖြစ်ပြီး တိရိစာ္ဆန်လို့မသတ်မှတ်ခံချင်ရင်

  • cobra

    March 26, 2012 at 2:23 pm

    အကုန်လုံးပြောပီးသွားပီလား
    နာလည်းပြောစရာမကျန်တော့ဘူး
    နောက်မှပေါင်းပြောတော့မယ်
    ဒါဗြဲ………။

  • moe moe

    March 26, 2012 at 2:39 pm

    မခင်လတ်ရေ..
    ကျွန်တော်ဘယ်လိုလူမျိုးလည်းဆိုတာကတော့ ဗမာလူမျိုးပါ။စနစ်ဆိုးတစ်ခုရဲ့သားကောင် ဘွဲ့ရ အလုပ်လက်မဲ့ မိဘအမွေထိုင်သုံးနေသောလူငယ်၊ သတင်းထောက်တစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူပါ။
    ခင်ဗျားပြောတဲ့လူတန်းစား(၃)မျိုးထဲမှာမပါတာတော့သေချာပါတယ်။
    ကျွန်တော်ပြောခဲ့တယ်ခင်ဗျားပြောသလိုအပြောခံရမှာကြောင့်အမေစုမကောင်းကြောင်းမပြောရဲတာပဲ။
    မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အမေစုအကြောင်းအဆိုးအကောင်သိချင်လို့မေးတာကိုအပြစ်မြင်ကြတဲ့ အတွက် စိတ်မကောင်ဖြစ်မိပါတယ်။

    • Khin Latt

      March 26, 2012 at 4:44 pm

      ကိုမိုးမိုး

      ကျွန်မ အနေနဲ့ ဘယ်သူ ဘယ်ဝါ ပုဂ္ဂိုလ် စွဲပြီး တိုက်ခိုက်ပြောဆိုဖို့ ဆန္ဒ မရှိရိုး အမှန်ပါဘဲ။
      ရိုးရိုး ရှင်းရှင်းလေးပါ ဘဲ။
      ဆင်းရဲ တဲ့ လူထု အတွက် နဲ့ ကြိုးစားပေးမဲ့ သူ ဘယ်သူ့ကို မဆို ပူးပေါင်းချင်ပါတယ်။
      ဒါပေမဲ့ ဆင်းရဲ တဲ့ လူထု အတွက် မဟုတ်ဘဲ ငါကောင်းစားရေးဝါဒီ သမားတွေ၊ အာဏာရှင် တွေ အတွက် ကာကွယ်ပေးနေတဲ့အကြောင်း မှန်သမျှကို တော့ ဖယ်ရှား ရပါမယ်။
      မဟုတ်လား။

      ကိုမိုးမိုး က လူသစ်အနေနဲ့ စဝင်လာချိန်မှာ ဒီလို ငါကောင်းစားရေးဝါဒီ သမားတွေ ရဲ့ လေသံ အထိုးအနှက် Post မှာ မှ ရှင်က ဝင် လာတာကိုး။
      ဒီတော့ ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် ဖြစ်ပြီး ကျွန်မ တစ်ဖက်သတ် ပြောခဲ့တာလို့ ထင်ခဲ့ရင် ကျွန်မတောင်းပန်ပါတယ်။
      ဒီ Site ထဲမှာ တစ်ခြား စိတ်ဝင်စားနိုင်တဲ့ Post တွေ အမျိုးစုံ အများကြီးပါ။
      ကိုမိုးမိုး အနေနဲ့ အဲဒီ Post တွေ မှာလဲ ဝင် ဆွေးနွေးနိုင်ပါတယ်လို့ ဖိတ်ခေါ်ပါတယ်။

      နောက်တစ်ခု ကတော့ ကျွန်မ တကဲ့ စေတနာ နဲ့ ပြောတာပါ။
      တစ်မျိုး မထင်ပါနဲ့။
      “သတင်းထောက်” ဖြစ်ချင်တဲ့ လူငယ်တစ်ယောက် ဟာ သူများ ပြောတာကိုမှကြားရအောင် စောင့်ပြီးနားထောင် မနေသင့်ပါဘူး။
      “ပြောပြပေးပါနော်။ သိချင်လို့ ပါ” ဆိုတာ မူကြိုကလေးငယ် လေး ဘဝ မှာ ကျန်ခဲ့ဖို့ သင့်ပါပြီ။
      ကိုယ့်ခွန်ကိုယ့်အားသုံး ပြီးသတင်း အချက်အလက် ကို ကြိုးစားယူပါ။
      အဲလို ယူရာမှာလဲ တစ်နေရာထဲ ရှုဒေါင့် တစ်မျိုး ထဲ က မဟုတ်ဘဲ ဘက်ပေါင်းစုံ လေသံပေါင်းစုံ ကနေ ရအောင် ကြိုးစားပါ။
      ပြီးမှ ကိုယ့်ရဲ့ ကိုယ်ပိုင် အသိဉာဏ် နဲ့ ဟုတ်/မဟုတ် ချင့်ချိန် တွေးခေါ်ပါ။
      တစ်ခုတော့ ရှိတယ်။
      စာမျိုးစုံ ကို များများဖတ် နေဖို့တော့ လိုမယ်။
      ဒီဂေဇက် မှာ ဒီလို ပုံစံရဖို့ ကို လေ့ကျင့် နေကြတာမို့ ကိုမိုးမိုး ကို လဲ စိတ်ဝင်စားရာ Post တွေမှာ ဝင်ရောက်ဖတ်ရှု ပါဝင် ဆွေးနွေးဖို့ နွေးထွေး စွာ ဖိတ်ခေါ် ပါတယ်။

      နောက်ဆုံး တစ်ချက်ကတော့ ဒီ ရွာသူ/သား တွေ ဟာ လူမှု ကျင့်ဝတ် စိတ်ဓာတ်ရေးရာမှာ အဆင့်အတန်း မြင့်သည်ထတ်မြင့် ဖို့ ကြိုးစား နေတာပါ။
      ကျွန်မတို့ နိုင်ငံ က စာမသင်နိုင် ကလေးငယ်တွေ၊ ဆေးမကုနိုင်တဲ့ နာမကျန်းသူတွေ၊ တိုးတက်ရေး လမ်းပိတ် နေတဲ့ အလုပ်လက်မဲ့ လူငယ် တွေ၊ ငွေနောက်လိုက်ရင်း ဘဝ ပျက်နေတဲ့ မိန်းကလေးတွေ အများကြီးပါဘဲ။ သူတို့ အားလုံး အတွက် ကျွန်မတို့ ရပ်ပေးနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့။
      အဲဒီလိုလူ တွေ က ဒီတော့ ကျွန်မတို့ တွေ က ကျွန်မတို့ ကို ဦးဆောင်ဖို့ အရည်အချင်းရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်မှာ ရှိရပါမယ်။ မဟုတ်လား။

      ဒီတော့ ကျွန်မတို့ အားလုံး အဆင့်အတန်း မရှိတဲ့ တစ်ဖက်သား ကို တဖက်သတ် ရေး/ပြော တဲ့ အပြောအဆို အရေးအသား အားလုံးကို ရှောင်ဖို့ ကြိုးစားပါတယ်။
      ဒါမှ ကိုယ်အားပေးသူ ရဲ့ ဂုဏ်ကို မြင့်စေနိုင်မှာမို့ပါဘဲ။ 🙂

      • amatmin

        March 26, 2012 at 5:37 pm

        အရီးလတ်ရေ ..
        ဒီပို့စ်အကြောင်းကိုတော့ အလေးထားပြီးမပြောတတ်တော့ပါဘူး..
        အရီးရှင်းပြထားတာတွေက အတော်ပြည့်စုံနေတာကိုး..
        ဒါပေမဲ့ ဒီပို့စ်ကိုမှီပြီး ဖြစ်လာရတဲ့ အရီးကွန်းမန့်ကြောင့်သဂျီးရွာကြီးရဲ့ဦးတည်ရာ လမ်းကြောင်းနဲ့
        ရွာသူားတွေ အနေနဲ့ ထားသင့် ရှိအပ်တဲ့ တဲ့စိတ်ဓါတ်လေးတွေ အကြောင်း
        ရှင်းပြထားတာအတွက် လေးလေးနက်နက်မှတ်သားရပါတယ်…

      • shwe kyi

        March 27, 2012 at 12:52 pm

        မခင်လတ်ရေ သူတို့ခေါ်သလိုအရီးလတ်လို့ ခေါ်ပါရစေ။
        ရွှေကြည်လည်း ဒီဆိုက်ကိုဝင်ဖတ်နေပေမယ့် စည်းကမ်းတွေသိပ်မသိသေးဘူး။
        အခုမှဝင်ဖတ် ကြည့်နေရတယ်။ အစ်မတို့ ရည်ရွယ်ချက် အရမ်းကောင်းပါတယ်။
        ရွှေကြည် အထင်ကြီး မိပါတယ်။ အမှန်အတိုင်းပြောကရင် အရင်က ဒီလောက်မလေးနက်
        ဘူး ထင်ခဲ့မိပါတယ်။ သူငယ်ချင်းက ဖတ်နေတာတွေ့လို့ ဝင်ဖတ်မိရင်းက comment ပေး
        ချင်လွန်းလို့ member ဝင်လိုက်တာပါ။ ရွှေကြည် ဘာမှသိပ်မသိပါဘူး။ ရွှေကြည်ကိုလည်း
        တွဲခေါ်ပေးပါလို့ တောင်းပန်ပါတယ်။ အားလုံးကိုပါ ပြောတာပါ။ မှားတာရှိရင်လည်း ခွင့်လွှတ်ပါ။

    • Mလုလင်

      March 26, 2012 at 5:05 pm

      သူကြီး ရေ .. ဒီမှာ လာပြောနေတယ် >>>>>>>> စနစ်ဆိုး တဲ့ <<<<<<<<
      မြန်မာနိုင်ငံသား တစ်ယောက် ဘွဲ့ရ ပညာတတ် တစ်ယောက် က.. အဆိုးအကောင်းသိချင်လို့ မေးတယ် တဲ့ … ကျွန်တော့် ကိုတော့ မိဘ များက အမေစု အကြောင်း ပြောပြ ကြပါတယ် … လက်ဆင့်ကမ်း တယ် ခေါ်မှာပေါ့နော့။ နွေးထွေးစွာ ကြိုဆိုပါတယ်နော့ .. ဒီ site မှာ ပဲ ထပ်ထပ်ပြီး လက်သွေးပါဦးလို့ …. သတင်းထောက်ဖြစ်ဖို့ ကြိုးစား နေတဲ့သူက အဲလို လိုက်မေးပြီး … သူတပါး ပါးစပ် မှာလမ်းဆုံး နေတာကိုတော့ နဲနဲ အံ့ဩတယ် ဗျို ့ …..

      အသက်နဲ့လိုက်တဲ့ကိုယ်အလေးချိန် ရှိကြပါစေဗျာ…..
      Mလုလင်

  • ရွှေဘိုသား

    March 26, 2012 at 2:54 pm

    ပို့စ်ပိုင်ရှင်က သိချင်တာလား အခြားဖွတ်ပါတီက သိချင်တာလားတော့မသိဘူး မေးခွန်း ၂ဝ ထဲက ၁ ခုကိုတော့ ဒေါ်စုဖြေထားတာလေး ကျနော်ဖတ်ဖူးတာ ပြန်ဖောက်သည်ချချင်ပါတယ်

    မေးခွန်း နံပါတ် ၁၂ က ဘာ့လို့နိုင်ငံခြားသားကို လက်ထပ်တာလည်း?
    ဆိုတာကို ကျနော်သိရသလောက် ဒေါ်စုပြန်ဖြေတာလို့လူကြီးတွေပြောတာလေးကို ပြန်ပြောပြချင်ပါတယ်
    ၁၉၈၉ ခုနှစ်ကဆိုလားပဲ ဒေါ်စုက လူထုနဲ့တွေ့ဆုံပွဲလုပ်တာ လူထုက ညစာစားပွဲလေးလုပ်ပေးပါသတဲ့
    အဲဒီညစာစားပွဲမှာ ထောက်ခံသူတစ်ယောက်က သိချင်သဖြင့် အခုမေးခွန်း ၁၂ အတိုင်းမေးလိုက်ပါသတဲ့
    အဲဒီမှာ ဒေါ်စုပြန်ဖြေတာက ကျမတို့မိသားစုနှင့်ကျမတို့ဘဝကို အာဏာရှင်စနစ်ဆိုးကြီးက တိုင်းတစ်ပါးပို့ထားပါတယ် ကျမအရွယ်ရောက်လာတော့ မိန်းမသားပီပီ အားကိုးရှာချင်စိတ် ချစ်တတ်တဲ့စိတ် အချစ်ခံချင်တဲ့စိတ်တွေဖြစ်ပေါ်လာတဲ့အချိန်မှာ ကျမဘေးနားမှာလိုက်ကြည့်လိုက်တော့ နိုင်ငံခြားသားတိုင်းတစ်ပါးသားတွေပဲရှိပါတယ် အဲဒီထဲကမှ ကျမကအသင့်တော်ဆုံးထင်တဲ့သူကိုရွေးချယ်လိုက်တာပါ တစ်ခုရှိတယ် အဲဒီအချိန်မှာသာ ရှင် ကျမဘေးမှာရှိနေရင် ရှင့်ကိုရွေးချယ်မိလောက်တယ်လို့ ရိုးသားစွာဖြေဖူးပါတယ်ခဗျာ အင်တာနက်စာမျက်နှာတွေမှာလည်းဖတ်ခဲ့ဖူးပါတယ် အဲဒီတော့ အာဏာရှင်ပဲအပြစ်ပေါ့ဗျာ ခေတ်အဆက်ဆက် ကျောင်းသားတွေသတ်တာ ဘုန်းကြီးတွေသတ်တာ

  • ငပွကြီး

    March 26, 2012 at 4:01 pm

    ဒီမေးခွန်းတွေက ပိုစ့်တင်သူကိုယ်တိုင်မေးတာမဟုတ်ဘဲ တခြားသူမေးတာကိုသူကရှာရှည်ပြီးတင်လိုက်ပုံရတယ်
    ဘာပဲဖြစ်ဖြစ်လေ ဒီလိုပိုစ့်မျိုးတင်လို့ ဘယ်သူ့အတွက်များ အကျိုးရှိနှိင်မလဲ ကိုယ့်အတွက်ရော တပါးသူအတွက်ရော ဘယ်သူမှအကျိုးမရှိဘူးဆိုရင် နောက်ဒါမျိုးမတင်တော့ပါနဲ့ ထမင်းစားပွဲထဲကို ခွေးချေးယူလာသလိုဖြစ်တော့မပေါ့
    ဒီမေးခွန်းတွေကိုလေ့လာကြည့်ရတာ ခပ်နိမ့်နိမ့်ရပ်ကွက်ထဲက ရန်ဖြစ်ရင်အော်ကြီးဟစ်ကျယ် နှိင်ရင်ပြီးရောရှောက်ပြောနေတဲ့ စကားလုံးတွေအဆင့်လောက်ပဲမြင်မိတယ်
    ဆိုတော့ baby skyline ကိုအကြံပြုချင်တာက ကိုယ်တိုင်ရေးတာမဟုတ်ရင်ဒီလို ခွေးချီးမျိုးနောက်ကို ထမင်းဝိုင်းထဲယူမလာပါနဲ့
    moe moe ကိုအကြံပေးချင်တာက မတူသောအတွေးနဲ့ ထမင်းဝိုင်းထဲက ခွေးချီးကို မြည်းစမ်းကြည့်ဖို့မကြိုးစားပါနဲ့
    မြတ်စွာဖုရားပွင့်တာတောင် ဖျက်တဲ့သူရှိသေးတာဘဲ အမေစုကဘာမို့လို့လဲ ဒီလောက်တော့အဖျက်ရှိကြမှာပေါ့ အပင်တောင်မြင့်လေ လေတိုက်တဲ့ဒဏ်ပိုခံရလေဘဲ မလား
    အဲဒီတော့..အမေစုကိုလဲ အပေါ်က လေတွေလဲတိုက်ကြမှာပဲ အောက်က ခွေးဝဲစားတွေ ကလဲကိုက်ကြမှာပဲ အပေါ်က ငှက်ဆိုးတွေ လိုက်သလို အိမ်သာအောက်က ချီးစားတဲ့ ဝက်သိုးတွေကလဲ ကိုက်ကြမှာပါပဲ
    ဂရုစိုက်စရာမရှိသလို မစိုက်ပြန်ရင်လဲ အမိူက်ကစ ပြသာဒ်မီးလောင် ဆိုသလိုပစ်ထားလို့လဲမဖြစ်ပြန်ဘူး
    ဆိုတော့…ဒီလို ပယောဂတွေကို ခံနှိင်ဖို့တော့လိုတယ်နော်…

  • Red Devil

    March 26, 2012 at 4:20 pm

    အိမ်ကြက်ချင်း အိုးမဲသုတ်ခံရသလို ဖြစ်နေပြီိဗျ ..မေးခွန်းမေးတဲ့သူက တစ်ယောက်ပါ.. ကို zaw zaw ပြောထားတာကိုလည်း ဖတ်ကြည့်မိပါတယ် ကို zawzaw ပြောတာက (—-အရင်စစ်အစိုးရလက်ထက်မှာသူတို့မဟုတ်တာလုပ်ထား ရင်ဘာမှရေရာအောင်မဖြေရှင်းပေးနိုင်ဘူး။ အခုလည်းမဖြေရှင်းနိုင်ရင် ကျွန်တော်တို့အမေစုကိုစိတ်ခုနေမိမယ်ထင်။ အမေရယ်အမေဘက်သာမှန်နေရင် ဒီကောင်လေးတွေ လက်သရမ်းလို့မရအောင်ဖြေပေးပါဗျာ။—)

    ကိုzawzaw လိုချင်တာက ဒီအတွက် မှန်ကန်တဲ့ ဖြေရှင်းချက်တွေ လို့ထင်ပါတယ်။ သူက စိတ်ခုနေမိမှာ စိုးတယ် လို့လဲ ပြောထားတဲ့အတွက် အမှန်တရားကို လိုချင်လို့ မေးမိတယ်လို့ထင်ပါတယ်. ကို zawzaw ကို အပြစ်သိပ်မတင်ကြစေလိုပါဘူး.. ဒါပေမယ့်ကို zawzaw ရေ လူတိုင်းက အမေစုကို ချစ်နေတာဟာ ချွင်းချက်မရှိ ချစ်နေတာမို့လို့ အကြောင်းပြချက်တွေ.. ဖြေရှင်းချက်တွေ မလိုဘူးဗျ.. အဖြေကဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ အမေစုပေါ်မှာ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး..

    • Khin Latt

      March 26, 2012 at 4:49 pm

      “ကိုမိုးမိုး” မဟုတ်လား။
      ဘယ်က “ကို ဇော်ဇော်” က ပါလာ ပြန်တာလဲ ကွယ်။
      နာမည် တွေ ပေးတာ များပြီး ရောကုန်ပြီထင်ရဲ့။ jk 😉

      • Red Devil

        March 29, 2012 at 6:28 pm

        အင်း ဟုတ်သားပဲ.. အို..ဇော်ဇော် တွေ မိုးမိုးတွေက အရေးမကြီးပါဘူး တွေပဲဟာ.. သိရင်ပြီးတာပဲ ဟီး

      • Red Devil

        March 29, 2012 at 6:28 pm

        အင်း ဟုတ်သားပဲ.. အို..ဇော်ဇော် တွေ မိုးမိုးတွေက အရေးမကြီးပါဘူး nick name တွေပဲဟာ.. သိရင်ပြီးတာပဲ ဟီး

  • nganyi11

    March 26, 2012 at 5:03 pm

    ကျွန်တော်ထင်မြင်ချက်လေး တင်ပြပါရစေ။ အမှားပါရင်လည်းခွင့်လွတ်ပါ။ လူတစ်ယောက်အပေါ် အများကချစ်တယ်ဆိုတာ အကြောင်းမဲ့သက်သက်တော့မဟုတ်ပါဘူး။ သူ အများပြည်သူတွေပေါ်ဘယ်လောက်လုပ်ပေးခဲ့တာပေါ်မှာ မူတည်ပါတယ်။ ခင်ဗျားကိုတိုင် စဉ်းစားကြည့်ပါ။
    ခင်ဗျားရဲ့ ခင်ပွန်း (သို့ ) ဇနီး ၊ သား ၊ သမီး ကိုစွန့်ပြီး ထောင်ထဲမှာ ၂၂ နှစ်လောက်နေနိုင်လား…?
    အမေ စု က အများ ကိုချစ်လို့ အများက အမေ စု ကိုချစ်တာ ၊ ဒါဟာရှင်းပါတယ်။
    baby skylin မေးထားတဲ့မေးခွန်းတွေ ကို စိတ်မဝင်စားပါဘူး ။ ဘာလို့လဲဆိုတော့ အဲဒီမေးခွန်းတွေ သိတော့
    တိုင်းပြည်က အခြားနိုင်ငံတွေထက် တိုးတက်လာမှာလား ၊ ပြည်သူပြည်သားတွေ ဘဝ တောက်ပြောင်လာမှာလား ။ ကျွန်တော်တို့ဟာ လက်တွေ့ ဘဝ ကို ကြည့်ရပါမယ်။ အမေ စု ကိုယုံကြည်လို့ ထောက်ခံပါတယ်၊ အားပေးပါတယ် ။ ကျွန်တော်အထင် ဒါဟာ ရိုးသားပါတယ်။

  • chityimhtoo

    March 26, 2012 at 5:39 pm

    ခုမေးခွန်းထုတ်နေတဲ့ကောင်ကကော ဘာလုပ်ပေးနိုင်လို့လည်း….တောက်ခွေးမသား…မင်းမိသားစုတောင်မင်းပြောလို့ဆိုလို့ ရသလား…သန်း၅ဝသောပြည်သူတွေ နလပိန်းတုန်းတွေမဟုတ်ဘူးကွ…ခူရခါး….ပြောရင်ပေါက်ကွဲလာပြီ။အရည်အချင်းရှိရင် အရည်အချင်းတွေထုတ်ပြကွ…လီးလိုမေးမနေနဲ့

  • myohtat

    March 26, 2012 at 9:28 pm

    ခွေးဟာ သူ့သခင်အတွက်သစ္စာရှိစမြဲပါ …
    ကောင်းတာတွေ ဆိုးတာတွေတော့ .. သူဘာမှမသိပါဘူး …
    ဘာမှမစဉ်းတတ်တဲ့ ခွေးလိုကောင်တွေအများကြီးရှိပါတယ် …
    သခင်တွေအတွက်ဆို … ဟောင်ရမလား .. ကိုက်ရမလား ..
    အခု .. ဟောင်နေပြီ .. ကိုက်ဖို့ဘဲကျန်တော့တယ် ..
    အားလုံး .. အသိ … သတိ .. ရှိကြပါ …

  • moe moe

    March 26, 2012 at 11:47 pm

    မခင်လတ်ရေ..
    ကျေးဇူးတင်ပါတယ်။အခုုလိုသင်ပြပေးတဲ့အတွက်၊ကျွန်တော်ကြိုးစာနေပါတယ်။

    • Khin Latt

      March 27, 2012 at 2:29 am

      ကျွန်မက ဆွေးနွေးပေးတာပါ ကိုမိုးမိုးရယ်။ သင်ပြတာ မဟုတ်ရပါဘူး။ 😀

      ဒီမှာ ဒီလိုဘဲအပြန်အလှန် ဆွေးနွေးကြရင်း ပညာ ဗဟုသုတတွေ တိုးပါတယ်။
      ကျွန်မလဲ ရွာထဲရောက်မှ ကိုယ် အရင်က မသိတာတွေသိလာ ရပါတယ်။

      အခု ကျွန်မတို့ရွာမှာ တရားမျှတမှုဘက်က ရပ်တည်ပေးချင်တဲ့ သတင်းထောက် ဖြစ်ချင်တဲ့ ရွာသား လေး တစ်ယောက် တိုးလာလို့ တကယ်ဝမ်းသာပါတယ်။
      ကျေးဇူးလဲ တင်ပါတယ်။
      ကို မိုးမိုး ရဲ့ Post လေးတွေကိုလဲ အားလုံးက မျှော်နေကြပါတယ်။ 🙂

  • arkar min

    March 27, 2012 at 12:57 am

    So glad to hear this bz we love and appreciate the truth..:):):)

  • baby skyline

    March 27, 2012 at 6:51 pm

    အကို ၊ အမ တို့အားလုံးကို ကျမလေးစားပါတယ်ရှင်။
    အကြံပြု ဝေဖန်ပေးသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
    ကျမသည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး၊ လက်ရှိအချိန်မှာ မဲအောင်နိုင်ရေးအတွက် နေ့စဉ်ရွာများကို ကွင်းဆင်းနေရပါတယ်။
    ယခုအချိန်မှာ မဲအောင်နိုင်ရေးအတွက် အချိန်အလွန်အရေးကြီးနေသည့်အတွက်
    ကျမဒီ post ကိုဘာအတွက်တင်မိသည်ကို နောက်မှ ရှင်းပြပေးပါမယ်၊ ဒီ post အတွက်တောင်းပန်စေလိုလျှင် တောင်းပန်ပါမယ်။
    ကျမရဲ့ post မှာလိုအပ်ချက်တွေ ပါသွားတဲ့အတွက် ဦးစွာတောင်းပန်ပါတယ်ရှင်။
    အားလုံးကို လေးစားစွာဖြင့် ကျေးဇူးအထူး တင်ပါတယ်ရှင်။

    • Khin Latt

      March 28, 2012 at 3:36 am

      မင်းစကား ကို မကြိုက်လို့ အနီ ပေးထားပါတယ်။

  • Khin Latt

    March 28, 2012 at 3:35 am

    baby skyline ရေ

    စ ပြီး မှတ်ချက်ပေးလိုက်မိမှတော့ စိတ်ပျက်စွာ နဲ့ ဆက်ပြီး နဲနဲ ပြောချင်ပြန်ပါတယ်။
    တော်ကြာ ဘာမှမပြော ဘဲ ငြိမ်နေလိုက် မိရင် NLD နာမည် ပါတာ နဲ့ ဘာပြောပြော လက်ခံ နေတယ် ထင်မှာ စိုးလို့ပါ။

    ပထမ ဆုံး Baby လို့ နာမည်မှာ မြင်လိုက် လို့ “ကလေး များ နဲ့ စကားပြောဆိုခြင်း” အကြောင်း ကို သွားတွေး မိရင်း အဲဒါကို စ ပြောချင်ပါတယ်။
    ဥပမာ တစ်ခု ပြရရင် တော့
    အိမ်က လူသွားလမ်းပေါ်မှာ တံမျက်စီးကြီး ကို ချထားတာ တွေ့ရတယ်။
    အနားမှာ ကလေးတွေ ကစားနေတယ်။
    အမေက အပြင်သွားတယ်။
    အဲဒါကို အဖေ လုပ်သူက “ဟေ့ ကလေးတွေ တံမျက်စီးကြီး ကို လမ်းသွားတဲ့ နေရာမှာ ဘာလို့ချ ထားတာလဲ၊ နေရာမှာ ပြန်ထားလိုက် လို့” လို့ ပြောလိုက်တယ်။
    ဒီတော့ ကလေး တစ်ယောက် က “အဲဒါ အမေ လုပ်ထားတာ” လို့ ပြန်ပြောတယ်။
    အမှန် က သူတို့ ဖွထားတာ။
    အဖေ က ကလေးတွေ ကို ဘယ်လို ပြန်ပြီး တုန့်ပြန် သင့်သလဲ။
    အမေ့ နာမည်သုံး လိုက်တာ နဲ့ ဘာမှမပြောတော့ ဘဲ နေရမလား။
    “မင်း အမေ က အပြင်သွားနေတာ။ အဲဒါ သူလုပ်တာမဟုတ်ဘူး။ မညာနဲ့။”
    လို့ ကိုယ်အသေအချာ မမြင်လိုက်ဘဲ ကလေး နဲ့ ငြင်းခုံ ပြောမလား။

    ကျွန်မသာ ဆိုရင်တော့ ကလေးတွေ ကို နင်တို့ ညာတာလို့တော့ မပြောချင်ပါဘူး။
    ကလေး ဆိုတာ ကလေးအတွေး ဘဲ တွေးမှာပေါ့။
    ဒီတော့
    “ကောင်းပြီ။ လမ်းပေါ်ရောက် နေတဲ့ တံမျက်စီး ကို တစ်ယောက်ယောက်က မမြင်ဘဲ ခလုတ်တိုက်နိုင်တယ်။ ဒီတော့ အဲဒါဟာ မသင့်တော်ဘူး။
    နောက်တစ်ခါ အမေ လုပ်တာ တွေ့လိုက် ရင်လဲ အမေ ဒီလို မလုပ်နဲ့။ အဲဒီလို ထားတာ အန္တရာယ် ရှိတယ် လို့ ပြောလိုက်။ အခုတော့ မင်းတို့ အဲဒါကို လမ်းပေါ်ကနေ ဖယ်လိုက်ပါ”
    လို့ ပြောပါ့ မယ်။
    ရည်ရွယ်ချက် က
    (၁) လူသွားလမ်းပေါ် အန္တရာယ် မဖြစ်ဖို့
    (၂) ဟုတ်မဟုတ် မသေချာတဲ့ အကြောင်းကို အချိန်ကုန်ခံ အငြင်းမပွါးဖို့
    (၃) နောင်ကာလ မှာ ဒါမျိုး ကို သူတို့ ထပ်မကျူးလွန်အောင် သတိပေးနိုင်ဖို့
    ဒါတွေ အဓိကကြောင့်ပါ။

    အခုလဲ အဲဒီလို ဘဲ
    ဘယ်သူ က ဘာ ရည်ရွယ်ချက် နဲ့ ဒီ မေးခွန်း တွေကို တင်တင် ဒါဟာ အမှိုက်ပါဘဲ။ အဲဒါကို လက်မခံပါဘူး။
    အမှိုက်ကို အမှိုက် လို့သာ ပြောရပါမယ်။

    ဒီတော့
    NLD မဟုတ် တဲ့ အခြားအဖွဲ့အစည်း (သို့) လူတစ်ယောက် က Post လာတင်ပြီး NLD ကတင်တာပါ ဆိုပြီး သူများနာမည် သုံးရင် ငါဟာ ကလေးဦးနှောက် ဘဲ ရှိပါလား လို့ တွေးပြီး ကိုယ့်ဦးနှောက် ကို နဲနဲ ထပ်မြှင့် လိုက်ပါဦး။
    သူများမသိတောင် “ငါဟာ ကလိန်ကကျစ် လုပ်တတ်သူပါလား” ဆိုပြီး ကိုယ့်ကိုယ်ကို ပြန် ဆင်ခြင်လိုက်ပါ။
    “ရှက်တတ်ပါ။” “ရှက်တတ်ပါ။” “ရှက်တတ်ပါ။”

    NLD က ဆိုရင် လဲ –
    မင်း အနေနဲ့ စည်းရုံးရေး ဆင်း နေတာလေးကို ရပ်လိုက်ပါ။
    ပြီးတော့ “ငါဘာလဲ၊ ဒီလို အရေးကြီးတဲ့ အလုပ်ကို လုပ်ဖို့ ငါ့မှာ အစွမ်းအစ တကယ် ရှိရဲ့လား။”
    လို့ ဆင်ခြင်ပါ။
    မင်းရေးတဲ့ ~~ ကျမရဲ့ post မှာလိုအပ်ချက်တွေ ပါသွားတဲ့အတွက် ~~~
    ဆိုတာနဲ့ တင်
    မင်း မှာ အရည်အချင်း လုံးဝ မရှိကြောင်း ပြနေလို့ပါ။
    အများနဲ့ လုပ်ရတဲ့ တကဲ့အရေးကြီး တဲ့ အဖွဲ့အစည်း မှာ ကိုယ်လုပ်ချင်တာ ကို ကိုယ့် စိတ်ကူး ရသလို PLAN မရှိဘဲ ထလုပ် တဲ့ သူ မို့ ဘယ်လိုမှ အထင်ကြီး လို့ မရနိုင်ပါဘူး။
    အရေးကြီးတာကို ထပ်ပြောပါမယ်။
    ဒေါ်အောင်ဆန်းစုကြည် မို့ ၊ NLD မို့ ဆိုပြီး မျက်စိမှိတ် အားပေးနေတာ မဟုတ်ပါဘူး။
    တိုင်းပြည်ကို ဆင်းရဲတွင်းထဲ က လွတ်အောင် လုပ်ပေး နေတယ် ဆိုတာကို ယုံကြည်လို့ပါ။
    NLD ထဲမှာ ကို့ရိုးကားယား အဆင့်အတန်း မရှိ လုပ်နေသူတွေ ရှိရင်လဲ ကျွန်မ ပါးစပ် ပိတ်ထားမှာ မဟုတ်ပါဘူး။
    စုန်းပြူး ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။
    တိုင်းပြည်ကောင်းအောင် လုပ်ဖို့ရာမှာ အဲဒါတွေ ကို ထောက်ပြ ပြောဖို့ ကျွန်မ တို့ ရပ်တည် နေတာပါ။

    အမှန်တော့ ကျွန်မ အနေနဲ့ ဒီ Post တင်သူဟာ NLD က ဆိုတာကို ၉၉.၉၉% မယုံပါဘူး။
    ဒါပေမဲ့ Fair ဖြစ်အောင် နှစ်ဖက်လုံး ကိုု ဝေဖန်ပါတယ်။

  • နေဝန်းနီ

    March 28, 2012 at 9:15 pm

    အင်းးး အဲသဟာ psy-war ဆိုက်ဝါး လို့ ခေါ်တယ်ကွယ့်…..။ စိတ်ဓါတ်စစ်ဆင်ရေးဌာနက ထွက်လာပုံပဲ…။ နေဝန်းနီတို့ကတော့ ဒါမျိုးကိုအောက်လမ်းနည်းလို့ ခေါ်တယ်…။ လွှတ်ကြောက်စရာကောင်းတာ….။ ဟိုအင်း အိုင်လက်ဖွဲ့နဲ့ လုပ်တဲ့အောက်လမ်ူနည်ူက သိပ်ကြောက်ဖို့ မကောင်းဘူး …။ ဖနောင့်နဲ့ပေါက်ပြီး သေးနဲ့ပန်းလိုက်ရင်ပျောက်ကရော…။ ဒါက စိတ်ဓါတ်ကိုတွေဝေသွားအောင် မှိုင်းတိုက်တာ…။ လူဆို တာ ဘယ်သူမှအပြစ်ကင်းနိုင်တာမှမဟုတ်…။ ဖြစ်ချင်ဖြစ်ခဲ့မှာပဲ ရှိချင်လည်း ရှိခဲ့မှာပဲ…။ ဒါပေမဲ့ တရုတ်လက်ထဲကိုတိုင်းပြည်လက်ညိုးထိုးရောင်းစားနေတဲ့ သဒေါင်းစားတွေထက် သာမယ်ထင်လို့ ထောက်ခံနေတာ လူထု က ….။ ကနေ့လူထုက ပြောချင်ရာပြော ယုံချင်မှယုံမှာ မအတော့ဘူး….။ သမိုင်း ကိုသိနေပြီ………..

  • နေဝန်းနီ

    March 28, 2012 at 10:17 pm

    ငါးထောင်တန်ကြဲတဲ့ ငါးလုံး (ဓာတ်ပုံ – နေပြည်တော်ဘောလုံးအသင်း)

    ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ပါတီမဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းက ကျပ်ငွေ ငါးထောင်တန်၊ တထောင်တန်တွေကို တက်ရောက်လာတဲ့ လူထုထဲ ကြဲဖန့်ခဲ့ပါတယ် တဲ့။ ကွယ်လွယ်ရွာခံများက ပြောပါတယ်။

    ကွယ်လွယ်ရွာ၊ မြစန္ဒရပ်ကွက်၊ ဘုရားကြီးဝန်း ဓမ္မာရုံအတွင်း လုပ်တဲ့ ဟောပြောပွဲအပြီးမှာပါ။

    “ဘယ်လောက်လောက် ရှိမလဲတော့ မခန့်မှန်းတတ်ဘူး။ တစ်ထောင်တန်တွေကို သုံးခါ ကြဲချတယ်။ ငါးထောင်တန်တွေကို တစ်ခါကြဲချတယ်” လို့ ကွယ်လွယ်ရွာသားတဦးက ဧရာဝတီသို့ပြောသည်။

    ဒီပွဲကို ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အတူ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်း အစိုးရ အဖွဲ့ဝင် ဦးဝင်းကိုကိုတို့လည်း တက်ရောက်ခဲ့ကြပါတယ်၊ “လျှပ်စစ်မီး ရရှိရေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူရေး” လို့ အမည် တပ်ပြီး တအိမ်၊ တယောက် မလာမနေရ ဖိတ်ခေါ်တယ်၊ ကြံခိုင်ရေးပါတီကို မဲထည့်ဖို့ စည်းရုံးဟောပြောခဲ့တယ်လို့ ရွာခံများကပြောပါတယ်။

    “ဟိုရောက်တော့ ဝန်ကြီးက လျှပ်စစ်မီးကိစ္စလည်း မပြောဘဲနဲ့။ ကျနော်တို့ ကွယ်လွယ်ရွာသားတွေဟာ ဖြိုးကိုကိုတင့်ဆန်းရဲ့ ထမင်းနဲ့ မကင်းကြဘူး၊ ငွေနဲ့ မကင်းကြဘူးပေါ့။ အဲဒီတော့ ဦးဖြိုးကိုကိုတင့်ဆန်းကို မဲပေးရမယ် ဆိုပြီး မဲဆွယ်တာပေါ့” လို့ ရွာသားတဦးက ပြောပြပါတယ်။

    မြောင်းမြမြို့နယ် ကျေးရွာတချို့မှာ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးဖြိုးကိုကိုတင့်ဆန်း တို့က လူမှုရေးလုပ်ငန်းများ အကြောင်းပြပြီး ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိရေး မဲဆွယ်စည်းရုံး နေတယ် လို့ NLD မြောင်းမြမြို့နယ် မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးဝင်းဆွေ က ဧရာဝတီကို ပြောပါတယ်။ အင်္ဂါနေ့မနက်ပိုင်းကလည်း ပျဉ်ရွာမှာ အဲဒီလို လုပ်ခဲ့တယ် တဲ့။

    ဒါဟာ တရားမဝင်မဲဆွယ်စည်းရုံးတာဖြစ်တယ်၊ မှတ်တမ်းယူထားတယ်၊ ဓာတ်ပုံတွေ၊ အသံဖိုင်တွေ ရှိတယ် လို့ ဦးဝင်းဆွေက ဆက်ပြောပါတယ်။

    မလာမနေရ အမိန့်တော်ချမှတ်တာ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးဖြိုးကိုကိုတင့်ဆန်း တို့တင် မကပါဘူး၊ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး မန်းသန်းရွှေ ဆိုသူလည်း ပါပါတယ်။ ဗိုလ်သန်းရွှေနဲ့ နာမည် ၁၀၀% တူတော့ သူလည်း တန်ခိုးထက်ဟန်တူပါရဲ့။

    မတ်လ ဒုတိယပတ်ထဲမှာ ဝန်ကြီး မန်းသန်းရွှေက မြောင်းမြမြို့နယ် ငှက်ပျောတော၊ လပွတ်ကုလားကျေးရွာ ဒေသခံများကို တအိမ်တယောက် မလာမနေရ ဆင့်ခေါ်တယ်၊ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တော်ကြီး ဦးဖြိုးကိုကိုတင့်ဆန်းကို မဲထည့်ကြဖို့ စည်းရုံးတယ် တဲ့၊ ဒေသခံများက ပြောပါတယ်။

    ကြားဖြတ်ရွေးကောက်ပွဲ မြောင်းမြ မဲဆန္ဒနယ်မှာ သူ့ ပြိုင်ဘက်များကတော့
    NLD ပါတီ – မန်းဂျော်နီ
    NDF ပါတီ – ဦးအောင်မျိုးလှိုင်တို့ ဖြစ်ပါတယ်။

    NLD နဲ့ NDF ပါတီကိုယ်စားလှယ်များလည်း ငါးလုံးကို အားကျပြီး ပိုက်ဆံကြဲရင် ဒေသခံတွေအတွက်တော့ သိပ်ကောင်းမှာပေါ့လို့ တချို့က ဆိုပါတယ်။ ဒါပေမယ့် ဒီပါတီ ၂ ခုမှာ ပါဝင်သူများက နှစ်ရှည်လများ နိုင်ငံရေးလုပ်လာလို့ ဝင်ငွေမရှိ အကြွေးတွေပဲ ပိနေတယ်၊ ငါးထောင်တန် မပြောနဲ့ ငါးကျပ်တန်တောင် မကြဲနိုင်ပါဘူး တဲ့။

    ငါးလုံးအကြောင်း ပြန်ဆက်ရရင် –

    ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းဟာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ အားကစားဝန်ကြီး ဌာန တို့ကို အပိုင်စား ရတော်မူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းရဲ့ သားတော်မောင် ဖြစ်ပါတယ်။

    ဦးတင့်ဆန်းက ပြီးခဲ့တဲ့လ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြောင်းမြမြို့ စည်းရုံးရေး ခရီးမှာ ဟောပြောမယ့် ဘောလုံးကွင်းတွေကို ငှားရမ်းတော့ ဟင့်အင်း လို့ ပြောခဲ့သူပါ။

    ကျော်ခ ရေးသားသည်။ ဧရာဝတီ ဘလော့ဂ်
    http://www.thithtoolwin.com/2012/03/blog-post_4389.html

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 29, 2012 at 10:13 pm

    အလိုလေး နယူးတွေနယူးတွေ သီအိုးလ်ဒီးတွေကလိုက်ရှင်းပြနေရတယ်
    ရွာထဲဝင်လာတာကြိုဆိုပါတယ် ဒါပေမယ့် ပညာတတ်ခေတ်လူငယ်တွေဖြစ်ပြီး စဉ်းစားချဉ့်ချိန်သုံးသပ်ဆင်ခြင်
    နိုင်စွမ်းရှိမှပို့စ်တစ်ခုဆိုတာဖြစ်ပေါ်ပါတယ် ပို့စ်တစ်ခုကွန်မန်းတစ်ခုရေးမယ်ဆိုရင်ကိုယ်ရေးမယ့်အတိုင်းအတာ
    ဟာဖြင့်ဘယ်အထိတာသွားတယ် ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာဝေခွဲသုံးသပ်သင့်ပါတယ်
    ကြားဖူးတယ်မလား တံတားအိုမှောင်ကိုမလျောက်နဲ့စကားကိုတောင်လိုမမောက်နဲ့လို့ပြောတဲ့စကားပုံလေးလို
    ထမင်းကိုကုန်အောင်စားစကားကိုကုန်အောင်မပြောကြပါနဲ့ကွယ် ရောမရောက်ရင်ရောမလိုကျင့်ရတယ်
    ကွယ့် ပို့စ်ပိုင်ရှင်ကော မသိလို့မေးတဲ့သူတွေကောတော်တော်များများဟာနယူးမန်ဘာတွေလို့သိရပါတယ်
    ပို့စ်တင်ခါနီး လမ်းညွန်တွေသေချာဖတ်ခဲ့ရဲ့လား စည်းကမ်းချက်တွေသေချာနားလည်ခဲ့ရဲ့လားကွယ်တို့ရယ်
    မဖတ်မရှုဘဲဝင်လာတဲ့သူတွေဆိုရင်တော့ ကို်ယ့်ကိုမြုပ်မယ့်သေတွင်းမှာ ဤကျင်းထဲတွင်ရတနာများရှိ
    တယ်ဆိုယုံနဲ့မမေးမမြန်းခုန်ဆင်းမယ့်သူတွေပဲဖြစ်လေတော့မယ်ကွယ် ဂေဇက်ကသေတွင်းမဟုတ်ပေမယ့်
    ဒီနေရာက ပြည်ပရောက်ပညာတတ်တွေနဲ့ပြည်တွင်းကအသိမိတ်ဆွေတွေပညာဖလှယ် ရင်းသတင်းမေး
    ကြတဲ့ရွာကြီးတစ်ရွာဖြစ်ပါတယ် ရွာထဲကိုဝင်ချင်သလိုဝင်ပြီးထွက်ချင်သလိုထွက်နေကြပေမယ့် ဒီပေါ်ရောက်လာတဲ့ သူအများစုကတော့ မိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့လူမျိုးမိမိရဲ့ဘာသာတရား မိမိတို့ရဲ့နိုင်ငံ
    ကြီးကိုတိုးတက်အောင်လုပ်ဖို့အတွက် ကြံဆောင်နေကြတဲ့သူတွေပါပဲ ဒီလိုလူတွေထဲမှာကိုယ့်ထက်
    တတ်ကျွမ်းတဲ့ပညာရှင်တွေ နားလည်တဲ့ပညာရှိတွေလည်းပါနေပါတယ် ကိုယ်လုပ်လိုက်တဲ့အပြုအမူ
    ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဘယ်အတိုင်းအတာကိုသွားကြတယ် ဆိုတာပညာရှိတွေကမေးမ
    ကြည့်ပေမယ့်တွေးကြည့်ယုံနဲ့သိကြပါတယ်ကွယ် လမ်းမှန်တွေကိုလည်းညွန်ဖို့အသင့်စောင့်ဆိုင်းနေကြပါ
    တယ် လွတ်လပ်စွာပြောရေးဆိုခွင့်ပေးထားတယ်ဆိုပေမယ့် ခြောက်လမ်းသွားလမ်းမပေါ်မှာ ပလာတာ
    ရိုက်သလို ဟိုရမ်းဒီရမ်းရမ်းပြောကြမယ်ဆိုရင်တော့ ဒီရွာကြီးထဲကငြိမ်းချမ်းတဲ့လွတ်လပ်တဲ့ အနှစ်သာရများ
    ပျောက်ကုန်မှာဖြစ်တဲ့အတွက် ကွန်မန်းတစ်ခုပို့စ်တစ်ခုတင်မယ်ဆိုရင်ကိုယ်တင်တဲ့ကွန်မန်းတွေပို့စ်တွေကို
    ဘယ်လိုပြန်ဖြေရှင်းမယ်ဆိုတဲ့အတွေးမျိုးလေးထားသင့်ပါတယ် ကိုယ်ပြုတဲ့အမှုကိုတာဝန်ယူဖြေရှင်းနိုင်ခြင်း
    မပြုနိုင်ကြတဲ့သူဆိုရင်တော့ အိမ်မှာနေရင်းကိုယ်ပါတဲ့ချေးကိုယ်စအိုမှာပေနေသေးလားပြောင်ပြီလား
    အိမ်သာခွက်မှာကောတင်ကျန်နေလားဆိုတာပြန်ဆန်းစစ်ပြီးမှ ရွာထဲကိုဝင်စေချင်ပါတယ်။
    လွတ်လပ်စွာသဘောထားကွဲကြပါ ဒါပေမယ့်လမ်းမှားလို့တစ်ခါလမ်းညွန်ပြီးရင် လမ်းမှန်ကိုတည့်မတ်စွာ
    ပြန်ပြင်လျှောက်တတ်ရပါမယ် ဘာလို့လဲဆိုတော့ ဒီမှာဝင်ရေးတဲ့ဝင်ဖတ်တဲ့သူတွေအားလုံးကို စဉ်းစားနိုင်
    စွမ်းဆင်ခြင်တုံတရားတွေပြည့်ဝတဲ့သူတွေလို့မှတ်ယူကြတာမို့ပါ တစ်ခါသေဖူးပျဉ်ဖိုးနားမလည်တဲ့သူများ
    ဖြစ်နေကြရင်တော့ နောက်တစ်ခါအသုဘကိုဂုန်နီအိတ်နဲ့ပို့ခံရနိုင်တယ်ဆိုတာတွေးထားသင့်ပါတယ်
    ရွာထဲကလူကြီးတွေလည်းမောနေကြပြီ ရှင်းပြရလွန်းလို့ လူငယ်တွေလည်းနောက်ဝင်လာတဲ့အသစ်များကို
    တွဲခေါ်ရလွန်းလို့ပန်းလှပါပြီ နားလည်ကြပါတော့ကွယ်နယူးလေးများရယ် နယူးတွေအတွက်ဖရက်ရှာဝဲလ်
    ကမ်းလုပ်ပေးမယ့်ပို့စ်တက်လာဖို့တောင်အတော်ကိုစဉ်းစားယူနေရတဲ့အခြေအနေကိုရောက်လာပြီဖြစ်တဲ့
    အတွက် ကွန်ပျူတာမျက်နှာပြင်ပေါ်မှာမန်းဂေဇက်ဆိုတဲ့စာမျက်နှာက ပို့စ်ရေးတဲ့နေရာကွန်မန်းပေးတဲ့
    နေရာများမှာ ကာဆာပေါ်နေပြီး ကီးဘုတ်တွေပေါ်လက်ရောက်ဖို့ကြိုးစားမယ်ဆိုရင်တော့ ကျွန်တော်ပြော
    သလို ဆင်ခြင်တုံတရားလေးများအရင်ရှေ့ထားပြီး စည်းချက်မှန်ကန်တဲ့ကီးဘုတ်ရိုက်သံလေးတွေလုပ်ကြ
    ပါလို့တိုက်တွန်းအကြံပေးပြောကြားလိုက်ရပါတယ်။
    သူကြီးရေ ရွာရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆိုင်းဘုတ်ကြီးကြီးထောင်ပြီးကြေငြာရတော့မယ်ထင်ပါ့ဗျာ….
    အားလုံးသောရွာသူားအပေါင်းကိုလေးစားလျက် …………..ရှမ်းပြည်သား(တောင်ပိုင်း)

Leave a Reply