Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူတွေအားလုံးဟာ အတူတူပါဘဲ?…

Ko out of...March 26, 20121min2519

ကမာ္ဘပေါ်မှာ လူတွေဟာ…
လူမျိုးစွဲ၊ ဒေသစွဲ၊ ဇာတ်နှိမ့် ဇာတ်မြင့်၊ အသား အရောင်၊ သူဋ္ဌေးသား ဆင်းရဲသား၊အုပ်ချုပ်သူလူတန်းစား အုပ်ချုပ်ခံ
လူတန်းစား၊ ကိုယ်နဲ့ အသွေးအသားမတော်စပ်တဲ့လူ မပေါင်းသင်းနဲ့ အဖေါ်မလုပ်နဲ့ ..စသည်စသည်ဖြင့် ဘယ်လောက်ပင်
အမျိုးမျိုးခွဲခြားသတ်မှတ်သော်လည်းတကယ်လက်တွေ့ ဘဝမှာ
ခွဲခြားဆက်ဆံလို့ မရဘဲ သဘာဝအရ တူညီနေတာတွေ
အများကြီး ရှိပါတယ်…

လူသားတွေအားလုံးဟာ နေ့စဉ်နဲ့အမျှ ပျော်ရွှင်ခြင်း၊ ဆင်းရဲခြင်း၊
ရောဂါအမျိုးမျိုး ခံစားရခြင်း စသည့် လောကဓံ တရားတွေကို တလှည့်စီ ခံနေကြရတယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး..

မိမိတွေးခေါ် ယူဆထားတဲ့ အမြင်လေးပါ..

ဥပမာ…ဆေးရုံသို့ ရောက်လာတဲ့ သူဋ္ဌေးသားလူနာ တစ်ဦးဟာ…. အရေးပေါ် သွေးလိုအပ်နေပြီဆိုပါတော့…
အဲဒီ အသက်ရှင်ဖို့ အရေးကြီးတဲ့ အချိန်မှာ..
ကိုယ့်ရဲ့အစွဲ၊ကိုယ့်ရဲ့အတ္တ၊ကိုယ့်ရဲ့မာန ကိုရှေ့တန်းတင်ပြီး..ဒါမရှိ ဆင်းရဲသားရဲ့သွေးသားဘဲ ဆိုပြီး ခွဲခြားနေမယ်၊
ငြင်းဆန်နေမယ်ဆိုရင် အသက်သေဖို့ဘဲရှိတယ်?…

– အဟာရပြတ်ပြီး သေတော့မည့် ဆင်းရဲ့သား လူနာတစ်ဦးဟာလည်း..ကိုယ့်ရဲ့အစွဲ၊ကိုယ့်ရဲ့အတ္တ၊ကိုယ့်ရဲ့မာန ကိုရှေ့တန်းတင်ပြီး..ဒါဘယ်လူကုန်ထံ၊ဘယ်သူဋ္ဌေးသားရဲ့ အကူညီဘဲဆိုပြီး.. ခွဲခြားနေမယ်၊ ငြင်းဆန်နေမယ်ဆိုရင် အသက်သေဖို့ဘဲရှိတယ်?…

ထို့အတူဘဲ..
ကျောက်ကပ် အစားထိုးဖို့ အရေးကြီး လိုအပ်နေတဲ့ လူနာ တစ်ဦးဟာလည်း ဘယ်လူမျိုး၊ဘယ်ဘာသာ၊ ဘယ်အသားရောင်နဲ့ တည်ဆောက်ထားတဲ့ ကျောက်ကပ်ဘဲဆိုပြီး ခွဲခြားနေမယ်ဆိုရင်
အသက်သေဖို့ ဘဲရှိတယ်?..

နောက်တခု..
အချစ်နဲ့ ပတ်သက်လာရင်လည်း ကိုယ့်နဲ့တူတဲ့လူမှ၊ ကိုယ့်လူမျိုးမှ ဆိုပြီး ကျန်တဲ့လူမျိုးတွေကိုတွေ့ပေမဲ့ ကိုယ်ရဲ့နှလုံးသားက မချစ်နိုင်ဘူးဆိုတာမှ မဟုတ်တာ?…တကယ်လို့ ကိုယ်နဲ့မတူတဲ့ ဘာသာခြား၊ လူမျိုးခြား၊ ဒေသခြား၊ အသားရောင် မတူလို့ မချစ်နိုင် ဘူးဆိုရင် နှလုံးသားမရှိတဲ့လူ… ကိုယ့်ကိုယ်ကို
လိမ်တဲ့လူဘဲ ဖြစ်မှာပါ?…

ထူးအိမ်သင်ရဲ့ သီချင်းထဲက စာသားလေးကို သတိရမိတယ်…

-နေထိုင်ရာဒေသနဲ့ အသားရောင်တွေမတူလည်းဘဲ
ရင်ခုန်နေတဲ့ နှလုံးသားက အတူတူပါ..တစ်ယောက်ထဲပါတဲ့..

ီဒါကြောင့်…လူသားတွေ ဘယ်လောက်များများ အားလုံး ထပ်ပြီးကြည့်ရင်၊ ခြုံပြီးကြည့်ရင် ခွဲခြားလို့
မရတဲ့တူညီမှုလေးတော့ရှိပါတယ်…

ဒီတူညီမှုလေးတွေကို အားလုံးမမြင်နိုင်တာရင်တောင်မှ နည်းနည်းမြင် နည်းနည်းငြိမ်းချမ်းမှာပါ…သာယာငြိမ်းချမ်းတဲ့ လူ့လောကကြီး တည်ဆောက်နိုင်ကြပါစေ…

9 comments

  • ကြောင်ကြီး

    March 26, 2012 at 10:09 am

    တူမတူဆိုတာ အခြေအနေ အချိန်အခါ ဖြစ်ရပ် ကာလဒေသအပေါ် မူတည်ပါတယ်။ လတ်တလော သမိုင်းမှာတော့ လူတန်းစားညီမျှရမည်ဆိုတဲ့ ဆိုရှယ်လစ် ကူမြူနစ် အရင်းမဲ့စနစ် ကျဆုံးသွားတာ အထင်အရှားပါ။ ရုပ်ပိုင်းဆိုင်ရာထက် နာမ်ပိုင်းခံစားမှုပိုင်းနဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ရုပ်ဝတ္ထုပိုင်း (ရုပ်ရူပကာ၊ ဓနဥစ္စာ၊ အသိညဏ်ပညာ) ပိုင်းမှာ ကံအလျောက် ကွဲပြားနေဂျလို့ သူတော်စင် မဟုတ်သူ ပုထဇဉ်များအတွက် အတူတူပဲလို့ လက်ခံကျင့်သုံးဖို့ ခက်ပါလိမ့်မယ်။ အကျင့်သီလ စင်ကြယ်သူများတောင် မသူတော် လူယုတ်မာ လူဆိုးများနဲ့တွေ့ရင် စိတ်ဆင်းရဲဂျ ရှောင်ဖယ်ထွက်ကြသေးတာပဲ။ ကိလေသာ အာသဝေါ ကုန်စင်သွားမှသာ အားလုံးကို ပညတ်ခွာနေနိုင်ပါလိမ့်မယ်။ ဒါတောင် ရဟနာ္တများ ပုထုဇဉ်များနဲ့ ဝေးရာတောတောင်ထဲ ဖြစ်နိုင်ရင် စွန့်ခွာနေကြတယ်။ ပစ္စုပ္ပန်ဂိုဏ်းသား အရိယာများကတော့ ကိုဘေးနွားကင်စား ဘီယာသောက်ပြီး လူ့လောကထဲ အဆင်ပြေပြေ နေနိုင်ဂျတယ်ဆိုလား…။
    သဂျီးစိတ်ချမ်းသာအောင် စကားကပ်ပြောဒါပါနော်… ဆိုလိုရင်းကို နားလည်ပါ၏..။

  • Ko out of...

    March 26, 2012 at 12:56 pm

    တရားဂုဏ်တော် (၆)ပါးမှာပါတဲ့ နံပါတ် (၃) အချက်ဖြစ်တဲ့… ဓမ္မဂုဏ်ရည်ဟာ မှန်ကန်တဲ့ သစ္စာ ပြကွက်ပါ…အကာလိကော – ကာလ၊ဒေသ၊ပုဂ္ဂလ မရွှေးမှန်ကန် ရမှာပါ…ကျင့်ရမည့် အချိန်၊ ကျင့်ရမည့်နေရာ၊ ဘယ် ပုဂိ္ဂုလ်ကရတယ်/မရဘူး ဆိုတာမရှိ ပါဘူး…ဒီခေတ်ကာလမှမှန်ကန် နောက်ကာလ ကျမမှန်ဘူး၊ သစ်ပင်အောက်၊ဂူထဲ ကျင့်မှ တရားရတယ်..ဘာသာဝင်ပုဂိ္ဂုလ်တွေကျင့်မှ တရားရနိုင်တယ် တခြားလူတွေကျင့်ရင်မရဘူး ဆိုရင် ဘုရားတရား မဟုတ်လို့ပါ..

    ဥပမာ…ရေဟာ အငတ်ပြေစေတဲ့ သဘာဝရှိတယ် ဆိုရင် … ဒီရေဟာ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်ပုဂိ္ဂုလ် ဘဲသောက်သောက် အငတ်ပြေမှစေရမှာပါ.. တရားမှန်ရင် လည်းဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်ပုဂိ္ဂုလ် ဘဲကျင့်ကျင့် ရနိုင်ပါတယ်.. ကျင့်သုံးတဲ့ လူနဲဘဲ ဆိုင်ပါတယ်…

    ဘုရားဟာ သူတရားရပြီး…လူတောထဲမှဘဲနေပါတယ်..ဒါကြောင့်သူ့တပည့် ရဟန်း ၆ဝကို တနေရာ တစ်ပါးဆီကြွပြီး..သိတဲ့တရားတွေနဲ့ လူသားတွေကို…အကျိုးစီးပွါးဖြစ်ဖို့ ၊ချမ်းသာဖို့၊ အစဉ်သနားစောင့် ရှောက်ဖို့ မှာကြားခဲ့ တာဘဲ…

    • gabar

      March 26, 2012 at 1:53 pm

      အရမ်းကို တန်ဖိုးရှိပါတယ်ဗျာ…

    • ကြောင်ကြီး

      March 27, 2012 at 11:32 am

      အဲဒီ ဓမ္မဂုဏ်တော်က မှန်ပေမဲ့ လူတွေက မမှန်ဘူးလေ.. ဥပမာ – ဓမ္မသည် အဓမ္မကို နိုင်ရမယ်ဆိုတာ လူတိုင်းပြောတယ်။ ဟုတ်လည်းဟုတ်ရမယ်.. လက်တွေ့မှာ အမြဲမဟုတ်ဖူးလေ..။ ဒါဆိုရင် အဲဒီစကား မှားသလိုဖြစ်နေပြီလား။ အမှန်တရားဆိုတာ အမြဲမှန်ပေမဲ့ လိုက်နာကျင့်သုံးသူတွေ မမှန်လို့ရှိရင် အမှန်တရားက လောကအတွက် အသုံးမဝင်သလို ဖြစ်သွားတယ်။ အဲဒါကိုပဲ ခေတ်ဓလေ့ထုံးစံလို့ခေါ်တယ်၊ ပယ်လို့မရဘူး၊ ကျေးပိုင်ကျွန်ပိုင်ခေတ်မှာ ကျေးကျွန်ထားကြတာ အဲဒီခေတ်ရဲ့ ထုံးစံ၊ ပဒေသရာဇ်ခေတ်မှာ ဘုရင်ရူးရူးတာ ထုံးစံပဲ၊ ကျွန်နဲ့သခင်အတူတူပဲ၊ ဘုရင်ကို ပါလီမန်က ဝေဖန်ရမယ်လို့ အဲဒီခေတ်မှာ ပြောတဲ့သူ လည်အဖြတ်ခံရမယ်။ အဲသလိုပဲ ပြောင်းလဲလာတဲ့ခေတ်ကို လိုက်မပြင်ဘဲ စနစ်ဟောင်းကို ဖက်တွယ်ထားတဲ့အခါ အကြမ်းဖက်ပြောင်းလဲခြင်းခံရပြန်တယ်။ ဓမ္မဂုဏ်တော်နဲ့ စပ်ဆက်လို့လဲ အဲဒီသဘောပဲ။ ရတဲ့အချိန် မှန်တဲ့အချိန်ရှိသလို ပျောက်ကွယ်ပေးရတဲ့အချိန်လည်း ရှိတယ်။ အမှန်ပြောင်းသွားတာ မဟုတ်ဘူး၊ အမှန်ပျောက်သွားတာ။

  • ကြောင်လေး

    March 27, 2012 at 7:21 am

    လေးလေးစားစား ဖတ်ရှုသွားပါတယ်ခင်ဗျာ။

  • Ko out of...

    April 2, 2012 at 8:59 pm

    မင်္ဂလာပါ ကြောင်ကြီး…

    ကိုပါးနီးကပ်ဟာ ကမာ္ဘကြီးလုံးတယ်ဆိုတာ ပြောလို့ အသတ်ခံလိုက်ရပါတယ်… သူဟာ ကမာ္ဘကြီးလုံးတယ်ဆိုတဲ့ အမှန်ကိုဖေါ်ထုတ်သူဘဲ… သူသေသွားသော်လည်း အမှန်တရားဖြစ်တဲ့ ကမာ္ဘကြီးလုံးတာ မပျောက်သွားဘူး… ကျွန်တော်က ကိုပါးနီးကပ်လို သတိ္တ မရှိပါဘူး…

    အမှန်တရားကို ဖေါ်ထုတ်ပေးတဲ့ အာဇာနည်၊အမှန်တရားအတွက် အနှစ်နာခံတဲ့လူတွေကို ထောက်ခံသူပါ…

    အရင်ခေတ်ကာလတုံးက ခေါင်းအဖြတ်ခံ ရပေမဲ့ ယခုကမာ္ဘကြီးပြောင်းသွားပါပြီ..လူ့ယဉ်ကျေးမှုတွေလည်း အဆင့်မြင့် တိုးတက်ပြောင်းလဲ လာပါပြီ.. သိပ်လည်းမကြောက်လိုအပ်ပါတယ်…အမှန်တရားကို ရဲရဲဝံ့ဝံ့ ဖေါ်ထုတ် ဖို့ အချိန်တန်ပါပြီ…

    ရေလှိုင်းဟာ အမှန်တရားဖြစ်တဲ့ လှေငယ်လေးကို အချိန်မရွှေး ပင်လယ်သမုဒ္ဒရာ ကြမ်းခင်းအောက်ကို စွဲနှစ်နိုင်တယ် ဆိုတာလည်း လက်ခံပါတယ်…သတိရှိစွာနဲ့ ဒီလှေငယ်နဲ့တူတဲ့ အမှန်တရား မပျောက်ကွယ်သွားအောင် အမှန်တရားကို ဖေါ်ထုတ်ပေးတဲ့ လူတွေနဲ့ အတူ ဝိုင်းဝန်းပြီး တတ်နိုင်တဲ့ ဖက်က ကြိုးစားပြီးလှော်ခတ်တဲ့ သူပါ…

    • ကြောင်ကြီး

      April 3, 2012 at 10:10 am

      ခေတ်ပြောင်းတယ် မပြောင်းဘူးဆိုတာ ခေတ်လူသားတွေအဖို့ ပြောရသိပ်ခက်တယ်။ ကျားကစားသူက အမြဲတမ်း ကျားကွက်ကို မြင်နိုင်တာ မဟုတ်ဘူး။ ပြီးသွားတဲ့ ဖြစ်ရပ်တွေကိုကြည့်ပြီးမှ ပညာရှင်များက ကောက်ချက်ချ စာတမ်းပြုစု၊ သီအိုရီများ ထုတ်ကြတယ်။ ဖြစ်နေချိန်မှာ တပ်အပ်သိသူ အတော်ရှားမယ်။ အခုလည်း ဒီလိုပေါ့ဗျာ ခေတ်ကြီးပြောင်းသွားပြီလို့ ပြောနေတာပဲ… ဘယ်နည်းဘယ်ပုံ ပြောင်းနေသလဲ၊ သမားရိုးရ ဓမ္မသဘောအတိုင်း ပြောင်းနေတာလား၊ ပုံစံအသစ် အခင်းအကျင်း အသစ်ဖြစ်ဖို့ ပြောင်းနေတာလား၊ ကိုယ်ကပဲ ပြောင်းချင်ဇောများနေသလား နောင်မှသိမယ်…။ ကိုယ့်အထွာနဲ့ကိုယ်တော့ ထင်နေဂျတာပေါ့ဗျာ.. မှန်မမှန် ဘယ်လောက်ဟုတ်မဟုတ်ကို ဖြစ်လာမှ သိနိုင်မယ်၊ အဲကြတော့လည်း ဒါကြောင့်ဒီလို ဖြစ်တာကွလို့ ပြောဂျဒါပေါ့…။

  • aye.kk

    April 3, 2012 at 6:19 am

    မိုးကုတ်ဆရာတော်ဘုရားကြီးရဲ ့
    အဆုံးအမဩဝါဒစကားရှိပါတယ်..
    “လူဟာလူလိုသိဘို ့ရာလွယ်တယ်မထင်နဲ ”့ဆိုတာကိုပါ။
    ဒီစကားကိုကျွေးမေမေကအမြဲဆုံးမဘူးလို ့ပါ။
    ဆရာတော်ဥူးသုမင်္ဂလက..
    “ဓမ္မကြီးစိုးရင်၊အဓမ္မပျောက်မယ်”
    “အဓမ္မကြီးစိုးရင်၊ဓမ္မပျောက်မယ်”
    ဒီစကားကအရမ်းမှန်တယ်ဆိုတာကိုကျမကလက်ခံထားတယ်။
    လောကမှာရေများရေနိုင်၊မီးများမီးနိုင်ဆိုသလိုကျမမိသားစုကိုယ်တွေ့ကြုံခဲ့ရတဲ့သာဓကတွေ
    ရှိခဲ့ပါတယ်လို ့ကျမရဲ ့အမြင်လေးကိုပြောပြလိုက်ပါရစေ..။။

  • manawphyulay

    April 3, 2012 at 10:09 am

    နေရာဒေသ အသားအရောင်မတူလည်းပဲ အိုဘားမားတောင် သမ္မတ ဖြစ်သေးတာပဲ။ အတူတူတွေပါပဲ….

Leave a Reply