Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သင်္ဘောသားတွေဟာထွက်ပေါက်မရှိချောင်ပိတ်အရိုက်ခံနေရ

Maung MinMarch 28, 20121min48013

သို ့

သမ္မတကြီးခင်ဗျား-

ကျွန်တော်တို့သင်္ဘောသားတွေဟာထွက်ပေါက်မရှိချောင်ပိတ်အရိုက်ခံနေရပါတယ်ဆိုတဲ့ အကြောင်းကို တိုင်ကြားလိုပါတယ်ခင်ဗျား…

ကျွန်တော်တို့သင်္ဘောသားတွေဟာနိုင်ငံခြားသင်္ဘောလိုင်းတွေမှာတာဝန်ထမ်းဆောင်ပြီးနိုင်ငံတော်အပေါ်အခွန်ကျေနေတဲ့သင်္ဘောသား(၃၀၀၀)ဦးရေကို(၂၀၀၇)ခုနှစ်အထက် မော်တော်ယာဉ်များတင်သွင်း ခွင့်ပြုခဲ့တာကြောင့်ကျွန်တော်တို့သင်္ဘောသားအများစုဟာမိမိတို့တင်သွင်းလိုတဲ့ကားများကို ပြည်ပလေ လံများ မှ၎င်း၊ ဂျပန်နိုင်ငံရှိ Show Rooms များမှတိုက်ရိုက်ကြည့်ရှုပြီး ကြိုက်နှစ်သက်ရာကား များကို ဝယ်ယူခဲ့ပါတယ်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ်၊ ဆိပ်ကမ်းရှင်းလင်းခြင်းကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိနေစဉ် မိမိတို့ဝယ်ထားသောကားများမှာ ထုတ်ယူလို့မရဘဲ ဖြစ်နေပါတယ်။

ထုတ်ယူလို့မရတဲ့အကြောင်းရင်းကတော့ (၂၀၀၇) ခုနှစ်ဖြင့် တင်သွင်းလာတဲ့မော်တော်ယာဉ် တွေကို ဆိပ်ကမ်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတွေက စစ်ဆေးရာ (၂၀၀၆) ခုနှစ် ထုတ်မော်တော်ယာဉ်တွေဖြစ်တယ်ဆိုပြီး ထုတ်ခွင့် မပြုဟုပြောပါတယ်။

အဲ့ဒီကိစ္စရပ်အပေါ် ကျွန်တော်တို့က နားမလည်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ပြည်ပမှ မော်တော်ယာဉ်တွေကို ဝယ်ယူရာမှာ နိုင်ငံတော်က ထုတ်ပြန်ချက်များနဲ့ အညီ အောက်ပါ အချက်အလက်များကို စီစစ်ပြီး သင်္ဘောတင်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(၁)    International ကဝယ်ယူလို့ရတဲ့လေလံစာရွက်မှာ မော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့ ထုတ်လုပ်တဲ့ခုနှစ်ကို ဖေါ်ပြထားတာ (2007) ဖြစ်ပါတယ်။

(၂)    မော်တော်ယာဉ်ကို လေလံက ဝယ်ယူပြီး၊ ဂျပန်နိုင်ငံမော်တော်ယာဉ်လိုင်စင်ကို ဖျက်သိမ်းခြင်းစာရွက်တွင်လည်း ထုတ်လုပ်တဲ့ခုနှစ်ကို (2007) ဟုဖေါ်ပြ ထားပါတယ်။

(၃)    သင်္ဘောတင်ဆောင်ရာတွင်လည်း ပြည်ပသို့ တင်ပို့သည့် စာရွက်တွင် မော်တော်ယာဉ် ထုတ်လုပ်တဲ့ခုနှစ် ဟာ (2007) ဖြစ်ပါတယ်။

ဒီစာရွက် စာတမ်း အထောက်အထားတွေနဲ့ အညီထုတ်လုပ်တဲ့ ခုနှစ်ကို (2007) နှစ်လို့တိကျတဲ့ကားတွေကို ဆိပ်ကမ်းအကောက်ခွန်ဦးစီးဌာနက ဘယ်အချက်အလက်တွေနဲ့ စစ်လိုက်လဲတော့မသိဘူး။ (2007) ထုတ်ကားက (2006) ထုတ်ဖြစ်သွားလို့ ထုတ်မရဘူး ဖြစ်နေတယ်။ သူတို့ထုတ်လုပ်တဲ့ခုနှစ်ကို ပေတံအဖြစ်စံသတ်မှတ်တိုင်းတာတဲ့ အချက်အလက် တွေကိုလည်း ကျွန်တော်တို့ သိရှိအောင် ထုတ်ပြန်ထားချက်မျိုးလည်းမရှိဘူး။ Public Announce လုပ်ထားတာမျိုးလည်း မတွေ့ရဘူး။ သူတို့ (၃)၊ (၄)ဦးရဲ့ဆုံးဖြတ်ချက်နဲ့ မင်းတို့သွင်းလာတဲ့ကားတွေကငါတို့စည်းမျည်းနဲ့မညီကြောင်းပြောဆိုပါတယ်။

ထုတ်ယူချင်ရင် CIF ကားတင်သွင်းတန်ဘိုးရဲ့ (၃) ဆဖြစ်တဲ့ သိန်း (၁၂၀)ယူလာခဲ့၊မပါရင် မင်းတို့နဲ့အချိန်ပေးပြီးစကားမပြောချင်ဘူးဟုအကောက်ခွန်အရာရှိတစ်ဦးမှပြောပါသည်။

အခုသင်္ဘောသားတွေ အတွက်ဆိုရင် တင်သွင်းလာတဲ့ကားတွေက 1300CC အောက် ကားတွေ၊ ဈေးနှုန်းသက်သာတဲ့ ကားတွေကို အိုးပစ်အိမ်ပစ် အသက်နဲ့ ရင်းပြီးစုထားတဲ့ ငွေလေးတွေနဲ့ တင်သွင်းလာကြတာဖြစ်လို့ သတ်မှတ်တဲ့ဒါဏ်ကြေး ပေးဆောင်ဖို့အတွက် တင်သွင်းလာတဲ့ CIF ကားတန်ဘိုးရဲ့ (၃) ဆဖြစ်တဲ့ သိန်း (၁၂၀) ကိုပေးဆောင်ဖို့ ကျွန်တော်တို့မှာလည်း ပိုက်ဆံမရှိကြတော့ဘူး၊ ပေးဆောင်ရမဲ့ ငွေလည်းများတယ်။ ပြောရရင် ဒါဏ်ကြေးပေးဆောင်ဖို့ အခက်အခဲမျိုးစုံရှိနေတယ်။ ကျွန်တော်တို့အနေနဲ့ကိုယ်ဝယ်တဲ့ကားကို်မရွေးနိုင်တော့ဘူး။

အခုဟာလည်း (၂၀၀၇) ခုှနှစ်ထုတ်လို့ တင်ပြခဲ့တဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ရိုးသားစွာ ဝယ်ယူတင်သွင်းလာကြခြင်း ဖြစ်ပါတယ်။မည်သူမှ ၂၀၀ရ Model သွင်းခွင့်ရဒါကိုမော်ဒယ်နိမ့်တဲ့ ၂၀၀၆ Model ကိုတင်သွင်းလာမည်မဟုတ်ပါဘူး။

သမ္မတကြီးမှမိမိနိုင်ငံသားများအတိဒုက္ခရောက်နေသည်ကိုကူညီဆောင်ရွတ်ပေးသင့်ပါတယ် ဆိုတဲ့အ ကြောင်းကိုထွက်ပေါက်မရှိချောင်ပိတ်အရိုက်ခံရသောသင်္ဘောသားများကိုယ်စားအသနားခံ တင်ပြအပ် ပါတယ်။

                                                            လေးစားစွာဖြင့်

                                                                                    ကိုမင်းကျော်စိုး

                                                                                    CDC-၁၀၃၉၄

                                                                                    ကျိုက်မရော၊မွန်ပြည်နယ်

13 comments

  • htoosan

    March 28, 2012 at 9:41 pm

    ကျွန်တော်ကြားဖူူးသလောက်ပြောရရင် အကောက်ခွန်တွေက အတော်လူလည်ကျပါတယ်။
    ခုံ ၊ ခါးပါတ် ၊ ဖြူးစ်ဘောက် တွေကိုလဲ ကြည့်လေ့ရှိပါတယ် ။ အဲ့ဒီမှာ ခုနှစ်တွေပါပါတယ် ။ ချပေးထားတဲ့ ပါမစ်မော်ဒယ် နဲ့ အဲ့ဒီမှာရေးထားတာ မတူ လို့ကတော့ ဆောရီးပါ ။ စာရွက်မှာ ဘယ်လောက်ရေးရေး သူတို့တိုက်ကြည့်တဲ့ နေရာ တွေ မှာ တစ်ခုလောက် မတူရင်တော့ ဒါဏ် နဲနဲနဲ့ပြီးပါတယ် ။ ကိုယ့်ဆရာကား သူတို့ကြည့်တဲ့ နေရာ အားလုံး ၂၀၀၆ ဖြစ်နေလို့ ဖြစ်မယ်ထင်ပါတယ်။
    ဒါဏ်ငွေ တစ်သိန်းကလည်း မချ မနေ ချတာပါ ။ တာယာ မကောင်းလို့ ၊ စက်ခန်းသန့်ရှင်းရေးမကောင်းလို့ စသဖြင့် ဒါဏ်ကို ကားအားလုံး မပေးမနေရ ပေးရပါတယ် ။ အဲ့ဒီလိုဖြစ်မှာစိုးလို့ တာယာ လဲလာရင် ၊ ဘက်ထရီအိုး အသစ်ထည့်လာရင် recondition လုပ်ထားတယ် ဆိုပြီး ချတဲ့ ဒါဏ်က ပိုများတယ် ဆိုပါတယ်။

  • koaung

    March 28, 2012 at 10:17 pm

    မြန်မာပြည်မှာကိုယ့်ပြစ်စည်းကိုယ် ဆိပ်ကမ်းကထုက်ရတာကကျားမြီးဆွဲရသလိုပဲ ကြုံဘူးတယ်ဟိုဟာမဟုတ် ဒီဟာမဟုတ်နဲ့
    ခုများဒေါ့ အပ်တချောင်းတောင်မသွင်းချင်အောင်ဘဲ

  • Gipsy

    March 28, 2012 at 11:02 pm

    အဲဒါ….ငွေ ကြိုးနီ စနစ်..
    . အဲဒါ ပိုက်ပိုက် ကြိုးနီစနစ်…
    .ကယ်ပါ ကြိုးနီစနစ်….
    သူတောင်းစား အကြီးစားတွေပါ….။

  • paw tar

    March 29, 2012 at 7:52 am

    this is myanmar (TIM) blooddimonds ကားထထဲက စာသားလေး ကြိုက်လို့သူသုံးလိုက်တယ်
    မြန်မာပြည်မှာ ဒီလိုပဲ။

  • Thel Nu Aye

    March 29, 2012 at 8:56 am

    ကျွန်မလဲသိချင်နေတာ။ ကားတစီးမှာ သူ့အင်ဂျင်နံပါတ်နဲ့ ဖရိန်နံပါတ်ကအဓိကပဲမဟုတ်ဘူးလား။ အဲဒါတူရင်ပြီးပြီပဲဟာကို ခါးပတ်ကဘာဆိုင်လို့လဲ။ ခုံတို့၊ ခါးပါတ်တို့ဆိုတာ လဲလို့ရတာပဲမဟုတ်လား။ သူတို့ဆီမှာလဲ ဒီကားတွေကအဟောင်းတွေပဲဟာ။

    • htoosan

      March 29, 2012 at 12:04 pm

      ဥပဒေကို တိတိကျကျ တဝေမတိမ်းလိုက်နာ တာလေ…. မရလို့ ပါ အမရယ်… 😀 😀
      ရ ရင် လုပ်ပေးမှာပါ … 😀

      • Thel Nu Aye

        March 29, 2012 at 4:22 pm

        ”မရလို့ ပါ အမရယ်… ရ ရင် လုပ်ပေးမှာပါ …” ပိုက်ဆံလားဟင်င်င်င်င်င်င်င်

        • Neos

          July 13, 2012 at 9:13 pm

          ဟုတ်ပါတယ် ကားတစီးမှာ သူ့အင်ဂျင်နံပါတ်နဲ့ ဖရိန်နံပါတ်ကအဓိကပါ။ သူတို့ ပုဒ်မ-လေး ထဲ မဝင် ဝင်အောင်လုပ်နေတာ၊ မတရားညှစ်ပြီး စားခြင်နေကြတာပါ။

  • minnannawar

    March 29, 2012 at 11:35 am

    ၂၀၀ရထုတ်ကားတစ်စီးဖြစ်လာဖို့ ၂၀၀၆ကထုတ်ထားတဲ့ပစ္စည်းတွေနဲ့ ဆင်ရတာမဟုတ်ဖူးလား။
    ၂၀၀ရထုတ်ကားမှာ ၂၀၀၈ပစ္စည်းတွေ နဲ့ဆင်လို့ရလား။ ဘာဦးနှောက်နဲ့လုပ်နေကြတာတုံး။
    ကိုယ့်မိသားစုနဲ့ခွဲခွာပြီး၊ သားတစ်ကွဲ မယားတစ်ကွဲ ရှာထားတဲ့ ငွေနဲ့ ကားသွင်းလာတာကို မတရားညှစ်ပြီး စားခြင်ကြလား။
    ၁၀၅မိုင်ကိစ္စလို အစုလိုက်အပြုံလိုက် ဝတ်လည်ကြအုံးမယ်။ အကောက်ခွန်များသတိထားကြပါ။
    သင်္ဘောသားပိုက်ဆံဆိုတာ ချွေးနဲ့သွေးနဲ့ရှာထားတာ၊ မတရားမလိုချင်ပါနဲ့။

  • Mon Kit

    March 29, 2012 at 1:02 pm

    သံသရာ မကြောက် ဝဋ်မကြောက်ဟာတွေ….
    သူရို့တွေ ဒီဘဝ သူများ မသထာရေစာစားပြီး အန်ဖတ်စို့ သေရင်သေ.. သူခိုးခိုးခံရရင်ခံရမယ်… မီးဘေးတွေ့ပီး ဆုံးရှုံးရင် ဆုံးရှုံး.. မတရားသမျှယူထားတာတွေ ဘယ်တော့မှ တည်မြဲမယ် မထင်နဲ့…
    နောင်ဘဝ ကျွေးရှင်တွေဆီ ခိုင်း နွားဘဝနဲ့ ကျွေးလာဆပ်လိမ့်မယ်……

  • ster kyawkyaw

    March 29, 2012 at 2:49 pm

    တိကျ ချင်တဲ.အချိန် အရမ်းတိကျတယ်။ သူတို.လုပ်ချင်ရင်တော. အကုန်ရတယ်။

  • kai

    March 29, 2012 at 4:19 pm

    တကယ်က.. ကားမှာလူလိုပဲ.. မှတ်ပုံတင်နံပါတ်ပါတယ်.. VIN နံပါတ်ခေါ်ပါတယ်.

    http://en.wikipedia.org/wiki/Vehicle_Identification_Number
    A Vehicle Identification Number, commonly abbreviated to VIN, is a unique serial number used by the automotive industry to identify individual motor vehicles. VINs were first used in 1954.[1] From 1954 to 1981, there was no accepted standard for these numbers, so different manufacturers used different formats.

    How to Read a Japanese Vehicle Identification Number

    Identify the 10th character of the VIN. Characters first cycle through the alphabet (A-H, J-N, P, R-T, W-Y) and then the numbers (1-9) to represent the vehicle model’s year. With 30 possible characters, “A”, for example, represents the year 1980 and 2010.

    Read more: How to Read a Japanese Vehicle Identification Number | eHow.com http://www.ehow.com/how_6112680_read-japanese-vehicle-identification-number.html#ixzz1qUwoh5GK

    အဲဒါ.. ဖရိမ်မှာလည်း အသားတံဆိပ်နဲ့..အသေရိုက်ထားသလို.. ခါးရှေ့တံခါးဘောင်မှာလည်းရှိတတ်ပါတယ်..
    (ယူအက်စ်မှာတော့.. စက်နဲ့.. စကန်င်လုပ်လို့ရအောင်… ကားရှေ့မှန်အောက်ထောင့်မှာ ရေးထားတဲ့နံပါတ်ပြားကပ်ထားပါတယ်.)
    အဲဒီနံပါတ်ကို.. ဆော့ဖ်ဝဲထဲထည်ပြီးကြည့်ရင်.. ကားအကြောင်းအကုန်ထွက်လာတာပါ..
    အဲဒီဆော့ဝဲလ်မျိုးက.. ကားထုတ်တဲ့ကုမ္မဏီတွေက.. (ကတ်စတန်လိုမျိုး..) အစိုးရက.. တရားဝင်တောင်းရင်ပေးပါတယ်..
    ကားမိုဒယ်နှစ်ချုပ်စာအုပ်လည်း ပေးပါတယ်..။
    ကြည့်နည်းသိရင်.. ကိုယ်တိုင်မော်ဒယ်နှစ်လည်းကြည့်လို့ရပါတယ်..။ (အပေါ်ကလင့်ခ်မှာ ကြည့်နည်းပြောထားပါတယ်)

    .. ဖြျတ်လို့ရတဲ့.. ခါးပါတ်.. ဖြူစ်ဘောက်စ်က ခုနှစ်တွေက ကားထုတ်တဲ့နှစ်အမှန်မဟုတ်ပါ..။
    အော့ဖ်ရှင်တွေဖြစ်ပြီး.. ဖြုတ်လဲလို့ရလို့ပါ…။
    ဆိုတော့..
    ကတ်စတန်ကလူတွေကို.. ဖရိမ်က..နံပါတ်ကို.. ယူ..။
    အင်တာနက်ထဲရှာ.. အကြောင်းပြချက်အတိအကျနဲ့..၂၀၀ရဖြစ်ကြောင်းပြောပြီး.. ဒါတောင်မှ လက်မခံရင်.. မလုပ်ရင်..တရားစွဲမယ်သာ လုပ်တော့ဗျို့..။

  • Khaing Khaing

    March 29, 2012 at 9:47 pm

    အိုတော်လိုက်တာ သင်္ဘောသားတွေဘက်က ရေးပေးနေတယ်တော့ သများက အပြည့်အဝအားပေး နေပါတယ်ချင့် အခုတော့ အခွန်မဆောင်ကင်းလွတ်ခွင့်ပေးထားတယ် နောက်ဘယ်တော့များအခွန်ဆောင် ခိုင်းဦးမလဲ ရင်တထိပ်ထိပ်နဲ့စောင့်နေရပါတယ်ချင့် ဒေါ်လှကလည်း ဈေးကျတော့ သများတု့ိ အမျိုးတွေ အတွက် တွက်ခြေမကိုက်ဘူးဖြစ်နေပါတယ်ချင့် …… မောင်မင်းရေ များများသာဆက်ရေးပါဗျို့ ….

Leave a Reply