စဉ်းစားလို့မရပါ
အခုလက်ရှိမြန်မာနိုင်ငံမှာ စာအုပ်ကြီးအတိုင်းလုပ်တာ သိပ်မရှိတော့ဘူးလို့ထင်ပါတယ်။ လုံးဝမရှိတော့ဘူးလို့တောင် ယူဆရမလိုဖြစ်နေပါတယ်။ ဘယ်ရုံးဋ္ဌာန ကိုပဲသွား သွား အစ်ကိုရယ် အစ်မရယ် ကြည့်လုပ်ပေးပါဆိုရင် အားလုံးအဆင်ပြေအောင် ကြည့်လုပ်သွားတော့တာပဲ။ ကိုယ်တွေကလဲ သူတို့ကိုကြည့်လုပ်ပေးရသပေါ့။ ရုံးပိုင်းဆိုင် ရာ ထုပ်ပြန်ထားတဲ့စည်းကမ်းဆိုတာကလဲ နံရံပေါ်မှာပဲရှိတော့တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဒီလထဲမှာပဲဖြစ်သွားတဲ့ မလိုအပ်တဲ့ နေရာမှာ စာအုပ်ကြီးအတိုင်း လုပ်ခံလိုက် ရတဲ့ အဖြစ်ကို ပြောပြချင်သွားတယ်။
ဟိုတနေ့ကမှ အစ်ကိုဆုံးသွားတဲ့မိတ်ဆွေတယောက်ရဲ့ တယောက် အကြောင်းပါ။ သူ့အစ်ကိုက ကင်ဆာနောက်ဆုံးဆင့်ပေါ့။ မရနိုင်တော့လို့မိသားစုက အိမ်ပြန်ခေါ်ထား တာ။ ဒါပေမဲ့ မဆုံးခင် ၁ လလောက်အလိုမှာ ဆီးမသွားနိုင်တော့ပါဘူး။ အိမ်နားက ဆရာဝန်ခေါ်တော့လဲသူက ဆေးရုံပဲ လွှတ်တယ်။ ဆီးပိုက်ထဲ့လို့လဲမရတော့လို့ပေါ့။ ဒါနဲ့ လူနာကလဲ ကင်ဆာကြောင့်ကိုက်တာရော ဆီးမသွားနိုင်လို့ ခံရတာရောနဲ့ ပျော့နေပြီပေါ့။ အဲဒါနဲ့မိသားစုကလဲ ရန်ကုန်ဆေးရုံကြီးအရေးပေါ် ကို ခေါ်သွား တာပေါ့။ သော ကြာနေ့ ညပေါ့။ ရောက်တော့ သူတို့ ဗိုက်ဘေးကနေ ဖောက်ချလိုက်တာ ဆီးတွေ ရေသန့် ၃ ပုလင်းခွဲလောက်ထွက်လာ ပြီး လူနာလဲ နှစ်နှစ်ချိုက်ချိုက် အိပ်သွား လိုက်တာ။ မိသားစုကစိတ်ချမ်းသာတာပေါ့။ အဲလိုမအိပ်ရတာကြာပြီတဲ့။ အဲဒါနဲ့ နောက်နေ့ စနေနေ့ကျတော့ ဆေးရုံတင်ထားချင်တယ်။ အိမ်မှာဆို အရေး ဟယ်အကြောင်းဟယ်မလုပ်တတ်ဘူး ဆိုတော့ ဆေးရုံ ကပြောတယ်။ ဗုဒ္ဓဟူးနဲ့ သောကြာနှစ်ရက်ပဲ ဆေးရုံတက်လူနာလက်ခံတာမို့ ဒီနေ့စနေဖြစ်သွားလို့မရပါဘူးတဲ့။ စာအုပ်ကြီး အတိုင်းပဲနော်။ ဘယ်လိုမှပြောလို့မရဘူး။ ကင်ဆာနဲ့ နောက်ဆုံးအချိန်ရောက်နေတဲ့လူနာ ကိုနော်။ ဂျပန်ဆေးရုံကိုသွားပါဆိုတော့ လူနာနဲ့ ဂျပန်ဆေးရုံကို သွားတော့ ဘာဖြစ်တာလဲဆိုတော့ ဆီးမသွား နိုင်လို့ပြောပြတာပေါ့။ ဆေးရုံတင်ချင်ပါတယ်ပေါ့။ ကင်ဆာလဲဖြစ်နေပါတယ်ပေါ့။ အဲဒီတော့လဲ စာအုပ်ကြီးလာပြန်ရော။ လူနာလက်ခံရက်က တနင်္လာ နဲ့ ဗုဒ္ဓဟူး မို့ စနေ လက်မခံပါတဲ့။ တောင်းပန် တော့ ဆီးနဲ့ပါတ်သက်တာ ပဲကြည့်ပေးလိုက်တယ်။ ဟိုဘက်ဆေးရုံကအကုန်လုပ်ပေးပြီးပြီမို့ သူတို့ ထွေထွေထူးထူးလုပ်စရာမရှိပါဘူး။ ဒီလိုပဲ ကုတင်ပေါ်တင်ပေးထားပြီးသက်သာတော့ပြန်ခိုင်တယ်။ တနင်္လာနေ့ ဆေးရုံတင်ချင်တယ်ဆိုတော့ အခုက ဆီးရောဂါ နဲ့လာတာမို့ ဆီးရောဂါ ပဲကုပါမယ်တဲ့။ ဆီးရောဂါလောက်နဲ့တော့ ဆေးရုံက လက်မခံပါဘူး တဲ့။ ကင်ဆာနဲ့ဆေးရုံလာတာမဟုတ်လို့ ကင်ဆာကိုတော့ မကြည့်ပါဘူးတဲ့။ လူနာ ကတော့မျော့နေပြီ။ ဒါနဲ့အိမ်ပြန် ဗုဒ္ဓဟူးနေ့ကျမှ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ်ဖက်က မတင်ပဲ ဆေးကုသဆောင်ဘက် ကနေကင်ဆာမှတ် တမ်းနဲ့တင် မှလူနာ ကိုလက်ခံလိုက်ပါတယ်။ ( ဆရာဝန်တဦးတည်းကို by name နဲ့အပ်ထားတာလဲမရှိပါဘူး။ အဲလိုအပ်ထားလို့ မကုတာဆိုလဲ လက်ခံလို့ရပါတယ်။ )
ကျွန်မမေးချင်တာက လူနာတယောက် အရေးပေါ်ဖြစ်လို့လာရင် အထွေထွေရောဂါကုဆေးရုံဆိုတာ လာတဲ့ရောဂါနဲ့တင်မကပဲ သူ့မှာရှိတဲ့ ရောဂါ( အခုမှတွေ့တာပဲဖြစ်ဖြစ်၊ အရင်ကဖြစ်နေတာပဲဖြစ်ဖြစ် ) အားလုံးကို ကုပေးရမှာမဟုတ်ဘူးလား။ အရင်ကတော့ ကင်ဆာဖြစ်နေတာပါ။ အခုကတော့ဆီးမသွား နိုင်လို့ဆိုရင် ဆီးရောဂါကော ကင် ဆာကောကုရမယ်လို့ကျွန်မထင်ပါတယ်။ ကုသင့်တယ်လို့လဲ ယူဆပါတယ်။ နောက်ပြီးအပန်းဖြေဖို့ ဆေးလက်မှတ်လိုချင်လို့ ဆေးရုံလာတက်တဲ့လူနာ မဟုတ်ပဲ နေ့လား ညလားဖြစ်နေတဲ့နောက်ဆုုံးအချိန်လူနာကို ဟိုနေ့တင်လို့မရပါဘူး ဒီနေ့မှလက်ခံပါမယ်ဆိုပြီး စာအုပ်ကြီးအတိုင်းလုပ်သင့်ပါသလား။ ကျွန်မစဉ်းစားတာက ဒီဆေးရုံ ဟာ သေခါနီးဆဲဆဲ ရောဂါ အပြင်းအထန်ခံစားနေရတဲ့လူနာကို ဘာ့ကြောင့်စာအုပ်ကြီးလုပ်တာလဲ။ “စည်းကမ်းအတိုင်းပဲကျွန်မတို့ ကျွန်တော်တို့ကတော့” ဆိုရင် ဒီလို လူ့အသက်နဲ့ရင်းရတဲ့ဆေးရုံတခုထဲ ဘာလို့စာအုပ်ကြီးဖြစ်ရ တာလဲ။ အရေးပေါ် နောက်ဆုံးအချိန်ရောက်နေတဲ့လူနာကို သက်သက်သာသာဖြစ်သွားအောင် အရေးတယူ မလုပ်ပဲ စည်းကမ်းအတိုင်းပဲလုပ်ပါတယ်။ သတ်မှတ်ချက်ပါ ဆိုတဲ့စကားတွေဟာ တခြားဋ္ဌာန မှာဆိုရင်လက်ခံနို်င်စရာဖြစ်ပေမဲ့ ဒီလိုဆေးရုံကြီးမှာကြားလိုက်ရတော့ နဲနဲများမယောင်ရာ ဆီလူးဖြစ်နေသလားလို့ပါ။
မည်သူတဦးတယောက်ကိုမှမထိခိုက်စေလိုပါ။ စဉ်းစားမရသောကြောင့်ရေးလိုက်ခြင်းဖြစ်ပါတယ်။
18 comments
chityimhtoo
March 30, 2012 at 9:21 am
ဒီလိုဆရာဝန်တွေက လူနာပေါင်းမြောက်များစွာ အမြဲတမ်းတွေ့ကြုံနေရတော့ သူတို့အတွက်ကထမင်းစားရေသောက်ဘဲ။သူတို့မျက်စိထဲမှာ မေတ္တာဆိုတာမရှိတော့ဘူး စေတနာဆိုတာမရှိတော့ဘူး….အိုခြင်းနာခြင်းသေခြင်းကိုကြောက်လို့လူတွေတရားရကျတာဆိုပေမဲ့ …သူတို့အတွက်ကတော့ နာခြင်းကိုလည်းမမှူ့တော့ ဘူး ကိုယ့်ရှေ့မှာလူတစ်ယောက်သေသွားလည်း သံဝေဂဆိုတာမရှိတော့ဘူး။တရားမရတဲ့ အထဲမှာ သူတို့ ထိပ်ဆုံးကပါတယ်။
အသူရာ
March 30, 2012 at 9:34 am
ရေဖြန်းရင် လန်း၏
Thel Nu Aye
March 30, 2012 at 11:05 am
ရေဖြန်းလို့လဲမရ။ စည်းကမ်းပါတဲ့။
windtalker
March 30, 2012 at 10:20 am
ဒီလို ကိစ္စမျိုးဟာ လုံးဝ မရှိသင့်တော့ပါဘူး။
လွှတ်တော် ဲမှာ ဆွေးနွေးနိုင်ပါစေဗျာ။
Thu Wai
March 30, 2012 at 11:13 am
ပြီးခဲ့တဲ့ တစ်လလောက် က company မှာ အခန်းတွေဖွဲ့တဲ့ လက်သမားလေး မတော်တဆဖြစ်ပြီး ခြေထောက်ကွဲသွား တာ ဆေးရုံကြီးသွားတော့ ရဲက ဟိုစစ်ဒီစစ် နဲ့ သွေးတွေထွက်နေတာကိုဒီအတိုင်းထားထား တာ နှစ်သောင်းပေးလိုက်ရတယ် ပြီးတော့သူငယ်ချင်းတစ်ယောက် ရန်ဖြစ်တာ ဗိုက်ကို ပုလင်းကွဲနဲ့ အထိုးခံရတယ် အူတွေထွက်နေတာ ကို ရဲထောက်ခံချက် စခန်းမှာသွားပြန်ယူခိုင်း လို့ ဆေးရုံကြီးကရဲကို သုံးသောင်းပေးလိုက်ရတယ် အဲဒါတွေကတော့ ကူညီပါရစေဆို တဲ့ ဦးဦးတွေ က အရေးကြုံရင်မန်းမှုတ်ပေးတာတွေပါပဲ ဟိုဟာက အကင်းပဲရှိပါသေးတယ်
etone
March 30, 2012 at 4:31 pm
Thu Wai ရေ … ဒီကိစ္စနဲ့ ပတ်သတ်လို့ … လုပ်ပုံလုပ်နည်း အနည်းငယ်နားလည်နေတာကြောင့် .. နည်းနည်း ဆွေးနွေးပါမယ် … ။
သွေးထွက်သံယို ကိစ္စတွေမှာ … ဆေးရုံက မှုခင်းဌာနနဲ့ .. ရဲတွေရဲ့ စစ်ဆေးမှု ခံယူရပါတယ် … ။ ခုရှုပ်မှ နောင်ရှင်းဆိုသလိုပေါ့ .. အရင်စစ်ဆေးရပါတယ် … ။
ချော်လဲလို့ … ခေါင်းကွဲသွားတာမျိုး … ဆေးရုံမှာ သွားချုပ်မယ်ဆိုလျှင်တောင်မှ … တကယ်ချော်လဲတာလား … ၊ သူများရိုက်တာလား ၊ လင်မယား ရန်ဖြစ်သလား … ဘယ်သူ့ပယောဂကြောင့် လဲတာလဲ … စသဖြင့် သေချာအောင် စစ်ဆေးရပါတယ် … ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ထွက်ဆိုချက်ပေါ်မူတည်ပြီး … ဆေးစာရေးရလို့ပါ … ။ တစ်စုံတစ်ယောက်ကြောင့် ထိခိုက်ပေါက်ပြဲတာမျိုး ကျိုးကြေသွားတာမျိုးဖြစ်ခဲ့မယ်ဆိုလျှင် …အစိုးရ အသိမှတ်ပြု ဆေးရုံတစ်ခုခုရဲ့ … မှုခင်းဌာနက ဆေးစာမပါပဲ … ရဲစခန်းမှာ အမှုဖွင့်လို့မရပါဘူး … ။ ဆေးရုံက စစ်ဆေးတယ်ဆိုတာကလည်း … ကာယကံရှင်ရဲ့ ထွက်ဆိုချက်ပေါ်မူတည်ပြီးရယ် … ရတဲ့ဒဏ်ရာအခြေနေရယ်ပေါ် သုံးသပ်ပြီး ဆေးစာရေးရတာဖြစ်တဲ့အတွက်ကြောင့်ပါပဲ .. အမှုခင်းဖြစ်လာခဲ့လို့ … စခန်းကတဆင့် တရားရုံးထိ တက်ရမယ့် အမှုတွေမှာ … ဆေးစာကလည်း အကျုံးဝင်လာသလို .. ဆေးစာရေးပေးတဲ့ မှုခင်း ဆရာဝန်ကိုယ်တိုင် … တရားရုံးထိ သွားပေးရပါတယ် … ။ ဒါကြောင့် … ဆေးစာရေးမယ့်လူတွေ/ဆေးရုံ အနေနဲ့လည်း .. သေချာအောင် အရင်စစ်ဆေးတာပါ … ။
လုပ်နည်း လုပ်ထုံးအရ ရဲစခန်းကလည်း … ဒီတိုင်းလက်မခံတာ … ဆေးစာပါမလာတာကြောင့်ပါ ..။ တစ်ချို့ လူတေ ွ.. အလုပ်ရှုပ်မှာစိုးလို့ သူများက ရိုက်သွားတာတောင် ကိုယ့်ဘာသာ ကိုယ်ဖြစ်တာပါဆိုပြီး … ပြောကြတယ် … ဆေးစာထဲ အဲ့ဒီအတိုင်းရေးတာပေါ့ … ။ နောက်မှ … ဆေးဖိုးလျှော်ကြေးလိုချင်လို့ … သူများရိုက်တာပါ ကိုယ့်ဘာသာကိုယ်ဖြစ်တာ မဟုတ်ပါဘူး .. ပြန်ပြင်ချင်ပါတယ်ဆိုတာမျိုးတွေ ဖြစ်လာရော … ။ အဲ့ဒါမျိုးတွေဆို …ဘာမှပြန်လုပ်ပေးလို့မရတော့ဘူးလေ …ဆေးစစ်ချက်ယူကတည်းက မှုခင်းရုံးမှာစာရင်းဝင်သွားပြီ…နောက်ပိုင်းအဆင့်ဆင့်တရားရုံးထိတက်လည်း … ဒီအတိုင်းပဲဖြစ်တော့မှာ … ။
အခု Thu Waiပြောခဲ့တဲ့အထဲမှာ ….ဆေးရုံရဲကစစ်တာ အဲ့ဒါကြောင့်ပါ။စခန်းသွားပြီးအမှုဖွင့်တော့လည်း ဆေးစစ်ချက်ယူခိုင်းတာ လိုအပ်လို ့ပါ… ။ ဒါပေမယ့်လည်း .. တကယ့်သေရေးရှင်ရေး သွေးထွက်သံယိုအော်ပရေးရှင်ဖြစ်လာခဲ့လျှင်တော့ … အရင်ဆုံး ဒဏ်ရာကိုကြည့်ပြီး သွေးထွက်မလွန်ဖို့ရယ်အော်ပရေးရှင်းလုပ်ဖို့ရယ် အရင် စီစဉ်ပေးမှာပါ …ပြီးမှ အမှုဟုတ်မဟုတ်ပြန်လိုက်ရတာမျိုးပါ …။ဒဏ်ရာကို လာပြချိန်မှာ အစိုးရဆေးရုံက စစ်ဆေးလို့ထွက်လာတဲ့ ဆေးစစ်ချက်က တရားတပေါင်ရင်ဆိုင်တဲ့အခါ …အရေးကြီးလို့ပါပဲ။
သင်္ကြန်လိုမျိုးအချိန် မတော်တဆတိုင်နဲ့ခေါင်းနဲ့ စောင့်လို့ ခေါင်းကွဲလျှင်တောင် .. ဘယ်ဗရိုက်ဗိတ်ဆေးခန်း ၊ ဘယ်ဆေးရုံကမှ မချုပ်ပေးရဲပါဘူး …စီမံချက်ကြောင့် …အစုးိရဆေးရုံကိုပဲလွှတ်ပါတယ် …။အာရှတော်ဝင် ၊ ဗဟိုစည် ၊ ရှင်ပါဂူ ၊ အကယ်ဒမီ .. ပြေးလိုက်ရတာလေးငါးခုပဲ .. ဆေးရုံကြီးကိုပဲ လွှတ်နေလို့ … သင်္ကြန်ရက်တွေပြီးမှသာ ..ဆေးရုံတွေသွားပြရဲကြတာ… ကိုယ်တွေ့မြင်ဖူးတယ် …. ။
လူအတော်များများက အချိန်ကြန့်ကြာမှု မရှိစေချင်ဘူး ..လုပ်ငန်းအဆင်ပြေပြေပြီးချင်တဲ့ .. ဒါကြောင့် လာဘ်ထိုးတာမျိုး ၊ မုန့်ဖိုးပေးတာမျိုးလုပ်တယ် .. အဲ့ဒီမှာတင် .. လောဘဝင်သွားပြီးနောက်လူတွေက မုန့်ဖိုးမပေးလျှင် ရစ်တာတို့ ပညာပြတာတို့ ဖြစ်လာရော … ဒီတော့ ..ကိုယ်တစ်ယောက်တည်း အဆင်ပြေဖို့အတွက်… အကျင့်လုပ်ပြီး ပိုက်ဆံမပေးပါနဲ့ … သူတို့အလုပ်သူတို့လုပ်ပါစေ … ။ လိုအပ်တာထက် ကြန့်ကြာမှုမျို းအဆင်မပြေတာမျိုးရှိလျှင်တော့တာဝန်ရှိသူတွေ အက်ရှင်ယူနိုင်သူတွေနဲ့ ထိပ်တိုက်စကားပြောရတော့မှာပေါ့လေ … ။ 😆
မွန်မွန်
March 30, 2012 at 11:58 am
ရူးနေကြတာ…ဆေးရုံအကြောင်းပြောရင် အကုသိုလ်များတယ်…
KoNyeinChan
March 30, 2012 at 2:05 pm
မဖြစ်သင့်ဘူးနော်.. လူလူချင်း စာနာတရားထားသင့်တယ်.. ဆေးရုံဆေးခန်း အချုပ်ထောင်ဆိုတာ မစည်ကားအပ်တဲ့အရပ်ဘဲ.. ဘယ်သူကမှ ဘယ်အချိန်နာမယ် သေမယ် ဘယ်ကြိုသိနိုင်မလဲ.. ဘဝအတွက်အရေးကြီးဆုံးအချိန်တွေမို ့သာ ရောက်နေကြရတာ.. ဘယ်သူမှ ပျော်ပွဲစားထွက်သလိုမျိုး သွားနေကြတာမဟုတ်ဘူး.. လူကြီး(မြန်မာပြည် ဝန်ထမ်းတွေအခေါ် အဘ) အသိုင်းအဝိုင်းထဲကဆိုရင်တော့ ၂၄ နာရီ ပိတ်ရက်မရှိ တင်ခွင့်ရနေမှာ.. တချို ့ဆို အထက်လူကြီးက နည်းနည်းပြောလိုက်တာနဲ ့ အောက်က ဘောမသူတွေက ပိုပိုကဲကဲလုပ်နေကြတာ..
etone
March 30, 2012 at 3:40 pm
အင်း … ထူးတော့ … ထူးတယ် အစ်မရေ … အဲ့ဒီလိုဟာတွေ ရှိသေးတယ်လား … ။ ကြားရတာ စိတ်မကောင်းစရာပါပဲ … ။ လူနာမို့လို့ ဆေးရုံလာတာကို .. နေ့ရွေးပြီးလက်ခံတယ်ဆိုတာ .. ကြားလို့တောင်ကောင်းသေးရဲ့လား … ။ လစာယူပြီး ကိုယ့်တာဝန်ကိုယ်မကျေချင်ဘူး … သူတို့မို့ မရှက်တယ် … ။ 👿 ဒါနဲ့.. အရေးပေါ်ကို သွားတာလား …. ဝက်ဒ်ထဲကိုသွားတာလားဟင် …
ကျွန်မထင်တာကတော့ …. အောက်ဆိုက်လိုချင်လို့ (မည်သူ့ကိုမှ စော်ကားလိုစိတ်မရှိပါ ) သက်သက် ဂွင်ဖန်တယ် ထင်ပါတယ် ။ ဆေးရုံကို အပြင်မှာ ပြနေတဲ့ ဆရာဝန်ရဲ့ လွှဲစာ …ရဖာရယ်လ်လိုမျိုး မပါတဲ့လူနာကို သက်သက်ပညာပြတယ်လို့ ထင်ပါတယ် … ။ တာဝန်ကျ ဆရာဝန်လား ၊ ဆေးရုံက စာရေးမတွေလား ၊ နပ်စ်တွေလား …. ။ နာမကျန်းဆိုတာမျိုးကို ကြိုတင်တွက်ဆလို့ မရနိုင်တာမို့ .. ဆေးရုံတင်တဲ့ ရက်ကိုလည်း .. ဘယ်နေ့မှ တက်ဆိုပြီး သတ်မှတ်လို့ မရနိုင်ပါဘူး … ။ ဆေးရုံလာတဲ့ လူနာကို ..ဟောက်လွှတ်တာမျိုး .. လက်မခံတာမျိုးလည်း လုပ်လို့မရပါဘူး .. ။ လူနာဘက်က .. ထက်တဲ့လူမျိုးပါလာလျှင်…. အခြေတင်ဖြစ်ရပါတော့မယ် … ။
အစ်မရေ … အဲ့ဒီလို အတွေ့ကြုံမျိုးတစ်ခါဖြစ်ခဲ့ဖူးပါတယ် … ။ ကျွန်မတို့ဆေးခန်းက … တချို့လူနာတွေကို လိုအပ်လျှင် လိုအပ်သလို စစ်ဆေးမှု ခံယူဖို့ .. ငွေကြေးအကုန်ကျ သက်သာမယ့် ဆေးရုံကြီးကို … referral letter ရေးပြီး လွှဲပေးရပါတယ် … ဓါတ်မှန်ရိုက်ချင်လို့ ၊ တီဘီစစ်ချင်လို့စတဲ့ အသေးဖွဲလေးတွေကအစ … သွေးအန်တာများပြီး သွေးသွင်းရမယ့်လူတွေ ၊ ကင်ဆာဖြစ်လို့ အော်ပရေးရှင်းလုပ်ရမယ့် လူတွေအထိ … လိုအပ်လျှင် လိုအပ်သလို ဆေးရုံကြီးကို လွှဲစာရေးပေးပါတယ် … ။ အတော်များများကတော့ .. အဆင်ပြေပေမယ့် .. ပြီးခဲ့တဲ့ လေးငါးလတုန်းက … စုံတွဲတစ်တွဲသွားတဲ့အခါ … အခုလိုမျိုးဟောက်စားတွေနဲ့ တိုးခဲ့ပါသတဲ့ … ။ အဲ့ဒီစုံတွဲက … ရောဂါအထွေထူးမရှိပေမယ့် .. မိန်းမဖြစ်သူမှာ ကိုယ်ဝန်ရှိနေပါတယ် … ဒါပေမယ့် မိန်းမဖြစ်သူက .. .. အရင်ကပြဖူးတဲ့ဆေးခန်းကဆရာဝန်ညွှန်လို့ လေးဖက်နာပိုးအတွက် ဆေးသောက်နေရပါတယ် ၊ ဒီကြားထဲ အဲ့မိန်းမက .. လည်ပင်းလည်းကြီးနေပါသေးတယ် … ။ (လေးဖက်နားပိုးအဲ့လောက်ပမာဏက မသောက်လည်းရပေမယ့် ) သောက်ပြီးလျှင် ဆေးက … နှစ်နဲ့ချီသောက်ရတာပါ … ကိုယ်ဝန်လွယ်ချိန်မို့ လေးဖက်နာပိုးအတွက်သောက်နေတဲ့ဆေးကို ရပ်သင့်မရပ်သင့် .. ဆေးရုံက ဆရာကြီးတွေနဲ့ သွားတိုင်ပင်စေခဲ့တာပါ … ။ သူတို့သွားတဲ့နေ့က စနေနေ့မျိုးပါ …. ။ ဝင်လာကတည်းက … စာအုပ်လုပ်တဲ့လူကရစ်ပါတယ် … သူတို့ကလည်း ..လူက ဘာမှ မဖြစ်ဘူး ဒီဆေးကို ဆက်သောက်သင့်မသောက်သင့်နဲ့ လည်ပင်းကြီးတာအတွက် လာဆွေးနွေးတာပါဆိုတော့ … ဘာမှ မဖြစ်လျှင် မလာနဲ့ ရှုပ်တယ်တဲ့ လေ … ။ ကဲ ……. ကြည့်ဦးအစ်မရေ … ဒါပြောရမယ့် စကားလားနော် … ဘယ်သူက အားလို့ ယားလို့ ဆေးရုံကိုလာချင်ကြပါမလဲ အကြောင်းရှိလို့သာ လာကြတာပါ … ညီမသာဆို … ခွန်းကြီးခွန်းငယ်နဲ့ အတော် စကားများခဲ့မှာ အသေချာပါပဲ …. ။ သူတို့ကို စောင့်ကြီးအောင့်ကြီးနဲ့ … ခနဲ့သလို ရွဲ့သလိုပြောတာလည်း လွန်ပါရော … ။ ဆေးရုံဘက်ကို ပြန်မေးကြည့်တော့မှ … စနေလိုနေ့မျိုး၊ ပိတ်ရက်မျိုးဆို တာဝန်ကျဆရာဝန်တွေလောက်ပဲ ရှိတာမို့ … စာရေးမတွေ မင်းမူနေတာပါတဲ့လေ … ။
စာရေးမပဲဖြစ်ဖြစ် ၊ နပ်စ်တွေပဲ ဖြစ်ဖြစ် ၊ ဆရာဝန်တွေပဲ ဖြစ်ဖြစ် …. ဘယ်သူတွေပဲဖြစ်ဖြစ် … ကိုယ့်တာဝန်ကိုယ်ကြေကြရပါမယ် … ။ ကိုယ့်ဆီရောက်လာတဲ့ လူကို ကျောသားရင်သားမခွဲခြားပဲ … စေတနာနဲ့ ကူညီဖေးမပေးသင့်တာပါ ။ …. အစ်မရေ … အတိကျသာဆို … ဆေးရုံအုပ်နဲ့ တိုုက်ရိုက်တောင် ဝင်တွေ့သင့်ပါတယ် … ။ တစ်ယောက်ယောက်ကသာ နမူနာအနေနဲ့ … စလုပ်မယ်ဆို နောက်ပိုင်းလူတွေ ဒီလို ဒုက္ခတွေမခံစားရတော့ပါဘူး … ။
လူသားချင်းစာနာထောက်ထားတတ်ကြလျှင် သိပ်ကောင်းမှာပါပဲ … ။ 🙄
Thel Nu Aye
March 30, 2012 at 6:09 pm
ပထမ ဆီး မသွားနိုင်လို့ အရေးပေါ်ဖြစ်တုန်းကတော့ အရေးပေါ်ဖက်ကသွားတာပေါ့။ နောက်သူ တို့က ဒီလိုလက်မခံဘူးဆိုတော့ နောက်တခါတင်တော့ ဝက်ဒ်ထဲကသွားရတာပေါ့။ အစ်မဖြစ်စေ ချင်တာကတော့ ဒီလိုဆေးရုံတွေဟာ အခြေခံလူတန်းစားတွေ အားကိုးနေရတာပါ။ ဘယ်နေ့ မဆိုလိုအပ်ရင်ဆေးရုံတင်နိုင်ရမယ်လို့ တွေးမိပါတယ်။ သူတို့ အခက်အခဲက လူနာရဲ့ဝေဒနာ နဲ့ လူနာရှင်တွေ ရဲ့သောကလောက်မကြီးနိုင်ဘူးလို့ထင်မိပါတယ်။
kai
March 30, 2012 at 3:42 pm
အဲဒီကုသခ..ဆေးရုံတင်ခ.. ဆေးရုံကုတင်မှာအိပ်နေခ.. ပိုက်ပိုက်တွေက.. ဘယ်ကလာသလဲ..လာမှာလည်း စဉ်းစားတွေးမိဖူးလား…
ဆိုတော့…
ယူအက်စ်က ဆေးရုံတွေကလည်း.. နှင်ချတာ.. မကြည့်တာ… ကောင်းကောင်းကို လုပ်ပါကြောင်း..
Thel Nu Aye
March 30, 2012 at 9:35 pm
အင်းသဂျီးရေ မြန်မာနို်င်ငံရဲ့ ဒုတ်ခတွေကို ပြောရရင်တော့ ကုန်နိုင်ဖွယ်မရှိတော့ပါဘူး။ အသက်တိုတယ်ဆိုတာကလဲ ဒေါသတွေကြောင့်ပါမယ်ထင်တယ်။ နေရာတိုင်းဒီလိုဒေါသတွေ
ဖြစ်ဖြစ်နေရတော့ အသက်တိုသွားတယ်နဲ့တူပါတယ်။
kai
March 31, 2012 at 4:58 am
ရွေးကောက်ပွဲလုပ်ရတဲ့.. ဒီမိုကရေစီနိုင်ငံမျာ.. ဒါမျိုးတွေကို.. ပြုပြင်ဖို့.. လျှော့နည်းစေဖို့.. လူထုကြိးက.. ၄-၅နှစ်တခါ.. အခွင့်အရေးရပါတယ်..။
ရွေးကောက်ပွဲပါ..
အဲဒီမှာ.. အရွေးကောက်ခံမဲ့..အမတ်ဟာ… ရွေးကောက်ပွဲကတိဆိုတာပေးရတာပါ..။
ကတိမပေးရင်..ပေးဖြစ်အောင်.. မေးယုံပါပဲ..
ဥပမာ.. ကျမ်းမာရေးအတွက်.. ဘက်ဂျက် ၁ဝဆတိုးပေးမလား.. ပညာရေး.. ၅ဆတိုးပေးမလား..
လူမှုဖူလုံရေး.. လုပ်ပေးမလား..
စသဖြင့်ပေါ့.။.
ကျမ်းမာရေးဝန်ဆောင်မှုကောင်းစေချင်ရင်..ကျမ်းမာရေးဘက်ဂျက်ရှိမှ ဖြစ်တာပါနော..
မလုပ်ပေးမဲ့သူ.. မရွေးမိဖို့ ..အင်မတန်အရေးကြီးပါတယ်..။
မှားရင်.. အနည်းဆုံး ၅နှစ်.. လှိမ့်ပိတ်ခံရတာမို့ပါ..
ရွေးကောက်ပွဲဟာ.. အင်မတန်အရေးကြီးတယ်..
အဲဒီအချိန်လေးပဲ.. လူထုကို.. လုပ်လိုရာလုပ်နိုင်တဲ့.. လက်နက်ပေးတာဖြစ်ပါတယ်..။
အဲဒီအချိန်မှာ.. ပြတ်ပြတ်သားသား မလုပ်မိရင်.. ကြောက်နေခဲ့ရင်.. တွေဝေနေရင်… ဘယ်သူမှ ပြန်မခံရပါဘူး..
ကိုယ့်ကိုယ်တိုင်.. ပြန်ခံရတာဖြစ်ပါတယ်..
ဆိုတော့…
၁ရက်နေ့မှာ.. လုပ်ပေးမဲ့.. လူထုအသံနားထောင်မဲ့သူကို.. ရွေးပါ..။
မဲပေးပါ..။ ❗
မဲပေးရတဲ့.. နယ်ထဲမပါရင်.. အဲဒီနယ်ထဲက.. မိတ်ဆွေ..အသိ..ကို တိုက်တွန်းပါ..
ဖုံးတချက်ဆက်ပါ…
စကားတခွန်းပြောပါ..
alinsett
March 30, 2012 at 7:55 pm
မေးသင့်တယ် ။ မြန်မာနိုင်ံငံမှာက တလွဲတွေ..ပဲ.ဖြစ်နေတာ ။ နားမလည်နိုင်လောက်အောင် လွဲနေတာ ။
ကိုယ် နားမလည် နိုင်တာကို နားမလည်တဲ ့အရာ လို ့ပဲ… ထား
လို က်ရုံပဲ..လုပ်နိုင်တော့မှာလား..လို ့လဲ..မေးချင်သေးတယ် ။
သဲနုအေးရေ……
ပို့ ့စ်လေးအတွက် ကျေးဖူးပါပဲ။
padonmar
March 30, 2012 at 9:47 pm
ဖတ်ကြည့်ပါနော်။ငွေစန်းရောင် (ဒေါက်တာစိုးမင်း)ရဲ့ ဆရာဝန်ဖက်ကရှေ့နေလိုက်မယ် စာအုပ်မှ
ပေတများ
.by Soe Min on Sunday, August 14, 2011 at 2:02pm ·. ဆေးရုံဆေးခန်း ဝန်းကျင်ဆိုတာ သူနာသူသေတို့ ဝင်လာမစဲ တသဲသဲ နေကြတာမို့
အပါယ်ဘုံသား ဖုတ်၊ ပြိတ္တာ၊ တစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာတို့လည်း ရှိနေမှာမလွဲပဲလို့ ထင်ကြပါ
လိမ့်မယ်။ ကိုယ်တိုင်ရော မြင်ဖူး၊ ကြုံဖူးပါသလားလို့မေးရင်ဖြင့် မမြင်အပ်သော ပုဂ္ဂိုလ်သတ္တဝါများမို့
မမြင်ဖူးသာ်ငြားလည်း ကိုယ့်မျက်စိထဲမှာ အရှင်လတ်လတ် မြင်မိ၊ ကြုံမိလိုက်လေတဲ့ အပါယ်ဘုံသား
ပေတများကိုတော့ ဆေးရုံတက်ဖူးသူတိုင်း ဆုံမိကြပါလိမ့်မယ်။ လူတိုင်းကို ဝါးလုံးရှည်နဲ့ရမ်းပြီး
မညှာမတာ ချိုးချိုးဖဲ့ဖဲ့ မပြောချင်ပါဘူး။ ကောင်းတဲ့လူတွေလည်း ရှိတော့ရှိတာပေါ့။ ဒါပေမယ့်
မကောင်းတဲ့ အဲဒီအုပ်စုတွေက တစ်နေ့တခြား ပွားများလာပြီး သူတို့ကိုယ်သူတို့လည်း အဲ့ဒီဘဝ
ရောက်နေမှန်း မသိကြလို့ရယ်။ အဲဒီသတ္တဝါတွေကိုမွေးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတဲ့
အောက်လမ်းဆရာ တစ်ချို့ကို တွေ့နေရလို့ရယ် ကြောင့် သံပုံးတီး၊ တောထုတ် လုပ်လိုက်ရပါတယ်။
အသည်းအသန် နာဖျားမကျန်းဖြစ်လို့ ဆေးရုံတက်နေရတဲ့လူနာရဲ့ အောက်ခြေသိမ်း
ဝေယျာဝစ္စနဲ့ သန့်ရှင်းရေးလုပ်ပေးရင်း သူတို့က သဒ္ဒါလို့ကျွေးတဲ့ မုန့်ဖိုး၊ ပဲဖိုးလေးနဲ့ စားရသောက်ရတဲ့
ဆေးရုံအလုပ်သမားဘဝဟာ တကယ်တော့ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အသက်မွေးမှုတစ်ခုပါ။
သို့သော်ငြားလည်း ပညာကမတတ်၊ အသိတရားကမရှိ၊ အသုံးချသူတွေက အသုံးချခံရရင်းကနေ
မတတ်ကောင်းတဲ့ အတတ်တွေ တတ်ကုန်တဲ့အခါမှာတော့ ငရဲအိုးထဲဇောက်ထိုးကျမယ့် တသက်လုံး
လူမွှေးတောင်မပြောင်ပဲ အကုသိုလ်တွေသာ အထပ်ထပ်တက်လာတဲ့ ဘဝကိုရောက်လို့လာပါတယ်။
အထောက်အထားမရှိပဲ ရမ်းသမ်းပြီး မစွပ်စွဲပါနဲ့လို့ ပြောမှာစိုးလို့ အထောက်အထားနဲ့ပဲ ပြောပါမယ်။
သမီးကိုမွေးတုန်းက လူနာခန်းဝကနေ ခြေလှမ်း (၂၀) ပြည့်အောင် မလှမ်းရတဲ့ ခွဲခန်းထဲကိုလှည်းနဲ့
တွန်းပို့ရတဲ့ အလုပ်သမားခဟာ တစ်ယောက်ကို (၂၅၀ဝိ/) နဲ့ လေးယောက်တွန်းရတာမို့ (၁၀၀၀ဝိ/)ပါတဲ့။
အဲဒီအချိန်က ကျွန်တော့်ရဲ့ ဆရာဝန်လစာက (၇၅၀ဝိ/-) ပါ။ ကိုယ့်ကို ဆရာဝန်မှန်းလည်း သူတို့အားလုံး
သိကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အချစ် ဈေးမဆစ်နဲ့။ အဲဒါထုံးစံပါ။ ပိုမယူပါဘူး။ ဓါတ်လှေကားနဲ့က
သယ်ရတဲ့ အဆောင်ပြောင်းလူနာဆို ဒီဈေးနဲ့မရပါ။ ကျေနပ်လောက်အောင်မပေးနိုင်လို့ ဆောင့်ကြီး
အောင့်ကြီး တွန်းတိုက်နေရင် ခွဲခန်းထဲကထွက်ကာစ မေ့ဆေးမပြယ်သေးတဲ့လူနာ နာနေမှာစိုးလို့
စကားကြောရှည်မနေတော့ပါဘူး။ လူနာတိုင်း အဲဒီလိုချည်းပါပဲ။ သူတို့ကိုကြောက်လို့မဟုတ်ပေမယ့်
ကိုယ်ဆက်နေရဦးမှာ သူတို့ပတ်ဝန်းကျင်မှာဖြစ်ပြီး ပြဿနာမဖြစ်ချင်တာနဲ့ ပေးသွားကြတာပါပဲ။
နှမျောတွန့်တိုတဲ့စိတ်တော့မရှိပါဘူး။ ဒါပေမယ့် စေတနာတော့ တစက်မှမရှိတာအမှန်ပါ။ အလုပ်သင်
ဆရာဝန်ဘဝကတည်းကကြုံတွေ့ခဲ့ရတဲ့ အဲဒီလိုလူမျိုးတွေဟာ အခုကိုယ့်လုပ်သက် (၁၅)နှစ်ကျော်လာတဲ့
အထိလည်း ပျောက်မသွားပါဘူး။ တင်းတင်းကျပ်ကျပ်ကိုင်တွယ်တဲ့ အုပ်ချုပ်သူလက်ထက်ရောက်ရင်
ခဏငြိမ်သွားတယ်။ နောက်တော့ရောဂါဟောင်း ပြန်ပေါ်တာပါပဲ။
လောက်ကိုင်ကိုရောက်တဲ့အခါ ပထမဦးဆုံးခွဲစိတ်ရတဲ့လူနာဟာ အူကျရောဂါနဲ့ ဦးပဇ္ဇင်းလေး
တစ်ပါးပါ။ သံဃာတော်လည်းဖြစ်တာမို့ ဆေးဖိုးဝါးခကလွဲလို့ ဘာအထောက်အခံမှမရှိပါစေနဲ့လို့ မှာထားတဲ့
ကြားက နောက်မှသတင်းပြန်ကြားတဲ့အခါ “အပြင်မှာ ခွဲတာနဲ့ဘာမှမထူးဘူး” လို့ ဆိုပါသတဲ့။ သေချာပြန်
မေးကြည့်တော့ ခွဲခန်းအထွက်မှာ အဝတ်လျှော်ခဆိုပြီး အလုပ်သမားတစ်ယောက်က တရုတ်ငွေ(၁၀၀)ယွမ်နဲ့
လေးယောက်စာ တောင်းသွားပါသတဲ့။ မြန်မာငွေ ခြောက်သောင်းခွဲလောက်ကျပါတယ်။ ချက်ချင်းအစည်း
အဝေးလုပ်ပြီး အားလုံးခေါ်စစ်တော့ “လူနာက သထာလို့ပေးတာ မယူရဘူးလား”တဲ့။ အစည်းအဝေးပြီးတာနဲ့
ငိုယိုတောက်ခေါက်နေကြပြီ။ “ချဉ်ပေါင်နဲ့ဝက်သား လဲချင်သပဆိုလည်း လဲပလိုက်မယ်။ သူသာမှန်အောင်နေပါ”
လို့ကြိမ်းသဗျား။ ဆရာဝန်ကို အဲသလို ကလန်တဲ့အလုပ်သမားများဟာ သူတို့ကို
အုပ်ချုပ်တဲ့ ဆေးရုံအုပ်ကိုရော ဘယ်လိုဆက်ဆံတယ်ထင်ပါသလဲ။ ရွာတွေကို ကာကွယ်ဆေးထိုးဆင်းတုန်းက
အကူလိုက်သွားရတဲ့ ပိုက်ဆံတွေခွဲမပေးလို့ဆိုပြီး အိမ်ရှေ့က စောင်းဆဲကြတာပါ။ ရဲစခန်းတိုင် အမှုဖွင့်ရုံပဲ
ရှိတော့တာမို့ အဲဒီအလုပ်တော့မလုပ်ခဲ့ပါဘူး။
သူတို့တတွေ ဘာဖြစ်လို့ ဒီလိုသောင်းကျန်းရသလဲဆိုတာကတော့ ဆရာဝန်တွေအကြောင်းကို
နောကျေနေလို့ပါ။ ရောက်တာနဲ့ လူနာတွေလူနာစောင့်တွေကို ကိုယ့်ဆီခေါ်လာမယ်။ အတင်း ကန်တော့ခိုင်းမယ်။
ဒီဆရာဝန် အချိုကြိုက်သလား၊ အချဉ်ကြိုက်သလား အကဲခတ်တယ်။ ကိုယ်က သူတို့ကိုမမွေးရပဲ သူတို့က
အရင်ကိုယ့်ကို မွေးယူပါလိမ့်မယ်။ သူတို့ကို သရဲမွေးသလိုမွေးပြီး မြှောက်စား၊ ဟောက်စားလုပ်မယ့်
ဆရာဝန်တွေနဲ့ တွေ့လို့များကတော့ ပွဲသိမ်းတာပါပဲ။ ပညာတွေအများကြီးတတ်ထားတဲ့ ဆရာဝန်ကိုယ်၌က
ဆင်ခြင်တုံတရားမရှိမှတော့ ဘာပညာမှမတတ်တဲ့ အလုပ်သမားတွေ ဘယ်လောက်ထင်တိုင်း ကြဲကြမယ်
ဆိုတာ တွေးသာကြည့်ပါတော့။ အဲဒီလို မကင်းရာမကင်းကြောင်း ရှိခဲ့သူများဟာ စောစောကပြောခဲ့သလို
အရက်မူးပြီး ကလော်တုပ်နေတော့လည်း မကြားချင်ယောင် ဆောင်နေကြရတာပေါ့။ ကျောင်းဒရဝမ်
တိုင်လိုက်လို့ မြို့နယ်ပညာရေးမှူးကြီး ပြုတ်သွားတဲ့ အဖြစ်မျိုးတွေကို လေးတန်းလောက်ကတည်းက
မြင်ဖူးထားပြီးသားပါ။ အဲ့ဒါကြောင့် ဆူးကြားကဘူးခါး ဘဝမျိုးမရောက်အောင် သရဲလည်းမမွေးကြပါနဲ့။
သရဲက ကျွေးတဲ့မွေးတဲ့အပင်းတွေလည်း မဝင်ပါစေနဲ့လို့ သတိပေးချင်ပါတယ်။
အားလုံးကို မကောင်းဘူးပြောလို့တော့ မတရားဘူးပေါ့။ သူတို့ထဲမှာလည်း ကောင်းတဲ့
သူတွေရှိသလို အဲဒီမကောင်းတဲ့လူတွေလည်း ထိမ်းသိမ်းအုပ်ချုပ်တဲ့လူ ကောင်းရင်တော်ရင် လူကောင်း
ပြန်ဖြစ်သွားပါတယ်။ ပညာမတတ်တဲ့သူကို လိမ္မာအောင် အုပ်ချုပ်ရတာ သွန်သင်ရတာဟာ ပညာတတ်
ကြီးတွေကို ရေကင်းပြရတာလောက်မခက်ခဲပါဘူး။ ဒါပေမယ့်လည်း သူတို့ကို ထိန်းသိမ်းကွပ်ကဲအုပ်ချုပ်
ပဲ့ပြင်ပေးမယ့်သူဆိုတာ သိကြားမင်းကြီးရဲ့ ဝရဇိန်လက်နက်လိုပါပဲ။ ရှိမှရှိပါမလားလို့ သံသယဖြစ်မိတာ
အခါခါပါ။ မကောင်းတဲ့အကျင့်ဆိုတာမျိုးဟာ ကူးစက်ရောဂါတွေထက်ကို အကူးအစက်မြန်တတ်တော့
သူတို့အကျင့်တွေက သူတို့အထက်က လူတွေဆီကိုကူးကုန်တာ မကြာခဏပါ။
အတန်းဖော်သူငယ်ချင်းတစ်ယောက်ဟာ ကရင်ပြည်နယ်နယ်စပ်က မြို့လေးတစ်မြို့မှာ
တာဝန်ကျတဲ့အခါ လက်ယားယားနဲ့ လာသမျှထိုင်ခွဲလို့ချည်း နေခဲ့ပါတယ်။ တစ်နှစ်လောက်နေလို့
အတိုင်အတောတွေ တက်လာတော့မှ သူခွဲထားသမျှကို ဘောက်ချာဖြတ်သိမ်းနေတဲ့ အပြာဝတ်ကြီးက
တိုက်ဆောက်ကားစီးပြီး တာ့တာပြလို့ အလုပ်ထွက်သွားပါတယ်။ ချိန်ခွင်ပေါ်တက်ထိုင်လောက်အောင် အ တဲ့
ဆရာဝန်တွေကလည်း သိပ်တော့မရှားလှပါဘူး။ အဲဒါကြောင့် ခွဲစိတ်ဆရာဝန်ဖြစ်လာရတဲ့ဘဝမှာ ကိုယ့်ကို
လက်ညိုးထိုးပြီး ရောင်းစားမယ့် ဓါးပြများလို နင်တစ်စုငါတစု ဝေပုံချစားမယ့်သူတွေကို အင်မတန်
ကြောက်ပါတယ်။ ဒါကြောင့် ဘူတန်မှာသွားအလုပ်လုပ်တာပါ။ အဲဒီမှာ ဒီကိစ္စတွေ ဘာမှမရှိတော့ အနည်းဆုံး
နှစ်နှစ်တော့ အကုသိုလ်လည်းကင်း စိတ်လည်းချမ်းသာခဲ့ပါတယ်။
ဒီလိုလူတွေ ဘာလို့ ဒီလိုရှိနေရတာလည်းလို့ အရင်းစစ်ရင်တော့ အမြစ်မြေကလို့ပဲ မြင်ဦးမှာပါ။ အပြင်ဆေးခန်းကြီးတွေမှာလည်း ဒဒီလိုပဲ ခွဲစိတ်ကုသလုပ်ကိုင်နေကြတာပါပဲ။ ဘယ်မှာပြဿနာတက်လို့တုန်း။
ဘယ်သူက ကြားထဲက ဝင်တောင်းရဲလို့တုန်း။ ဆေးရုံတွေမှာကျတော့ ဆေးဝါးပစ္စည်း ကိရိယာ လိုအပ်သမျှကို
အပြင်ကဝယ်ယူရတာ ပြဿနာမရှိပါဘူး။ ဝန်ဆောင်မှုပိုင်းရောက်တဲ့ အခါကျတော့ “မယူရဘူး” နဲ့
“ကျေးဇူးသိတတ်တာပါ” ဆိုတာနဲ့ အကြားက ဝေဝါးဝါးနယ်ပယ် တစ်လျှောက်မှာ ဖြစ်ချင်တိုင်း ဖြစ်နေရတာပါပဲ။
ဒါဆိုလည်း ရှင်းပါတယ်။ ကင်းအောင်နေလိုက်ကြတာပေါ့လို့ ပြောလို့လည်း မရပြန်ပါဘူး။ ဘာဖြစ်လို့ဆိုတော့
လုပ်ရတဲ့အလုပ်ဟာ ကိုယ်တစ်ယောက်တည်းနဲ့ပြီးတဲ့ကိစ္စ မဟုတ်ပေတော့ ကိုယ်ကကင်းပေမယ့် သူများကိုလည်း
ကြည့်ရပါသေးတယ်။ “ဌာန အကြီးအကဲဆိုတာ လက်အောက်ငယ်သားကို စားပေါက်ပိတ်အောင် မလုပ်ရဘူး။
ရှာကျွေးသင့်တာပေါ့” ဆိုတာ သူတို့ဟာသူတို့တစ်ထစ်ချ ယုံကြည်ထားတာပါ။ “ဒီလခနဲ့ သူတောင်လောက်အောင်
စားနိုင်လို့လား” လို သိသိသာသာအသံတွေ ပေးကြပြန်ပါတယ်။
နောက်ဆုံးတော့ ဆေးရုံမှာလုပ်ရကိုင်ရတာတွေ အဆင်မချောတော့ပါဘူး။ လူနာက အဆောင်
ထဲမှာ ကလေးခေါင်းထွက်လာလဲ ဆရာဝန်ခေါ်မပေးတော့ဘူး။ အရေးပေါ် ခွဲရစိတ်ရမယ်ဆိုရင်လည်း ဘယ်သူမှ
အကူဝင်မပေးတော့ဘူး။ “ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွားမကျောင်းနိုင်ဘူး” ပြောင်ပြောင်ပြောလွှတ်ပါတယ်။
အဲဒါကိုယ်က သူတို့ပြန်ပြီး တိုင်ရတောရလောက်အောင် အပင်းဝင်မထားလို့သာပါ။ သူတို့နဲ့အပြိုင် ကျားစီး ဖားစီး
နဘားပါးယားရိုက်စားနေတဲ့သူဆို အားလုံးလက်မှတ်တွေထိုးပြီးတိုင်လိုက်ကြတာ မလေးရှားရောက်သွားရော။
ရှိသမျှဘုရားသခင်တွေအားလုံးကိုတိုင်တည်ပြီး ပြောဝံ့ပါတယ်ဗျာ။ ငါသာအကောင်း ဘယ်သူမှမကောင်းဆိုတဲ့
စာမျိုးတွေ တစ်လုံးတစ်ပါဒမှ မရေးလိုပါဘူး။ ကျက်သရေယုတ်လွန်းလို့။ ကိုယ့်ကိုယ်ကိုလည်း ကောင်းတယ်လို့
ဘယ်တုန်းကမှ မမြင်ပါဘူး။ ဒါပေမယ့် ဒီအကြောင်းတွေဟာ ဆရာဝန်နဲ့လူနာ၊ လူနာရှင်တွေအကြားမှာ
သောက်ကျိုးနည်းလောက်အောင် နားလည်းမှုတွေ လွဲမှားကုန်တာမို့လို့ ဆရာဝန်နေရာကနေပြီး ဝင်တွေးကြည့်
နိုင်အောင် သဘောကိုပြောပြတာပါ။
တစ်ခုတော့ စဉ်းစားကြည့်စေချင်ပါတယ်။ မြန်မာပြည်မှာ အချမ်းသာဆုံးဆိုတဲ့ ဆရာဝန်တွေ
မြင်ဖူးပါလား။ ဘယ်နှစ်ယောက်လောက်များရှိပါလိမ့်။ သူတို့တစ်သက်လုံး ရှာဖွေစုဆောင်းထားသမျှတွေဟာ
အရာကျသွားတဲ့ လူကြီးတစ်ယောက်နဲ့ မယားငယ်အိမ်က ပိုင်ဆိုင်မှုလောက်တောင်မရှိပါဘူး။ မယုံရင်
အဲဒီပစ္စည်းတွေ လေလံပွဲလုပ်တာရောက်ဖူးတဲ့သူကိုမေးကြည့်။ အင်္ဂလန်မှာ အဋ္ဌမမြောက် ဟင်နရီဘုရင်က
ဆာသောမက်စ်မိုးကို သက်သေလိမ်နဲ့ ပြစ်ဒဏ်ဒီရင်တဲ့အခါမှာ သောမက်စ်မိုးက အဲဒီ သက်သေရဲ့ ရင်ဘတ်က
တံဆိပ်ကလေးကို “အဲဒါ ဘာပါလိမ့်” လိုမေးသတဲ့။ “ဝေလနယ်ရဲ့ တရားသူကြီး ရာထူး” လို သိလိုက်တဲ့အခါ
ကျတော့ “ဪ . . . ဝေလနယ်ကလေး တစ်နယ်အတွက်နဲ့များကွယ်” လို ဆိုပါသတဲ့။ အမှန်တရားအတွက်
ဆိုရင် ကမာ္ဘကြီးတစ်ခုလုံးနဲ့တောင် မလဲရဘူးမဟုတ်လား။ ဝေလနယ်ဆိုတာ တကယ်တော့
မသေးလွန်းဘူးလားခင်ဗျာ။
.
Thel Nu Aye
April 1, 2012 at 1:05 am
ကောင်းလိုက်တာ အန်တီpadonmarရယ်။ ကျေးဇူးပါ။ တန်ဖိုးရှိတဲ့စာစုလေးမို့ ကူးထားလိုက်ပါတယ်။ အင်းဒီစာထဲကလိုဆိုရင်တော့ လဲ ပေါက်ပင်ဘာကြောင်းကိုင်းရတယ်ဆိုတဲ့ ဂျာအေးသူ့အမေရိုက်တဲ့ ငယ်ငယ်ကကဗျာလေးကိုပြန်ရွတ်ရမလိုဖြစ်နေပါတယ်။
three colors
March 31, 2012 at 12:07 am
အရေးကြီးတဲ့ ဓါးထိုးမှူ၊ ရိုက်မှူ ဖြစ်တဲ့ လူနာကို ဆေးခန်းတွေက မကုရဲတာ၊ မကုသေးပဲ ရဲအမှူ အရင်ဖွင့်ခိုင်းတယ်ဆိုတာ တကယ်လား????တကယ်ဆိုရင်တော့ အဲဒီလုပ်ထုံးလုပ်နည်းကြီးကိုတော့ ပြင်သင့်တယ်၊ အချိန်စောင့်နေရရင် လူနာ သေစရာ ရှိသေသွားမှာပေါ့၊ အသက်ကယ်တာကို အရင်လုပ်ရမှာလေ၊
kai
April 1, 2012 at 8:15 am
ယူအက်စ်မှာ ၉၁၁ ဖုံးဆက်ရင်… ရဲကား၊ ဆေးရုံကား၊ မီးသတ်ကား ၃မျိုးစလုံးလာတယ်..
လိုလိုမလိုလိုပေါ့…။ မလိုပဲ.. အားယားတိုင်းခေါ်နေရင်.. ပိုက်ပိုက်လျှော်ရတယ်..။
That 911 call for medical emergencies will cost you – DailyFinance
http://www.dailyfinance.com/…/that-911-call-for-medical-emergencies-will...
Feb 25, 2010 – Yes, you residents will have to pay the city $300 if you call 911 — but only if you call because of a medical emergency. Phew, right? That could …
သူ့အလုပ်သူလုပ်ကြတယ်..။ လုပ်ရတာပါ..။
ဥပမာ..
ဓါးထိုးမှုမှာ လူနာကို ဆေးခန်းက.. အသည်းအသန်ဖြစ်လို့ကုတယ်ဆိုပါတော့…
မတော်သေသွားရင်.. ဘယ်သူက.. ဘယ်လိုအမှုဖွင့်ပြီး.. ဘယ်သူကတာဝန်ယူရမှာလည်း..
မသေရင်လည်း.. လက်ရာခြေရာ..သက်သေတွေပျောက်ပျက်ကုန်မှာပေါ့..
ဆရာဝန်က.. ကယ်လည်းကယ်ရသေး.. သက်သေလိုက်ဖို့အချိန်အကုန်ခံရဦးမှာလား..
တရားရေးတက်ရင်.. ဘယ်သူက..ဘယ်လိုလုပ်ရမှာလည်း..
ဆိုင်ရာ ပရောဖက်ရှင်နယ်တွေဟာ.. ဆိုင်ရာနယ်မှာ ပရိုဖြစ်အောင်ပဲလုပ်သင့်/လုပ်ရတာပါ..