ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ – (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ)

ကျေးဇူးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ ကို comment တွင် သိသူများကတင်ပေကြပါ။ တခုတဲမှာ စုစုစီးစီး ဖတ်ချင်လို့ပါ။ ကျေးဇူးအထူးတင်ပါတယ်။

မှတ်ချက်။ ။ (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ)
လို့.. ခေါင်းစဉ်ထဲထည့်ပေးလိုက်ပါတယ်..။

— Kai —

213 comments

  • shwe kyi

    April 1, 2012 at 4:45 pm

    နေရာဘယ်လောက်များနိုင်လဲမသိဘူးနော်။ သိချင်နေပြီ။

  • seaman

    April 1, 2012 at 5:08 pm

    The Voice Weekly
    ကန်တော်လေး မဲရုံ၌ သတင်းမီဒီယာများနှင့် မဲရုံမှူးများ အခြေတင်ဖြစ်ပွား

    ရန်ကုန်၊ ဧပြီ ၁ ( 5 : 03 )

    ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် ၊ ကန်တော်လေး အနောက် မဲရုံ အမှတ် ၃၌ ဆန္ဒမဲ ရေတွက်သည်ကို ပြည်ပသတင်းမီဒီယာ သမားများနှင့် ရွေးကောက်ပွဲ အကဲခတ် လေ့လာသူများအား ဝင်ရောက်ခွင့် မပြုသောကြောင့် မဲရုံမှူးနှင့် သတင်း မီဒီယာသမားများ အခြေတင်ဖြစ်ပွားလျက်ရှိပြီး မဲရုံမှူးက ရဲတပ်ဖွဲ့ကို ခေါ်ယူထားကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

  • seaman

    April 1, 2012 at 5:09 pm

    သက်တန့်ချို
    လှည်းကူး ဈေးကြီးရပ်ကွက် မဲရုံ ၁

    NLD – 772 ( ဆန္ဒပြုသူ ) ၈၃၇

  • seaman

    April 1, 2012 at 5:09 pm

    Yangon Media Group
    မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်တွင်ရွိသော မဲရုံ (၁)၊(၆)၊(၇)၊(၁၀)၊(၁၂) တို့တွင် NLD ပါတီ အ့နိုင်ရရွိထားကြောင်းသိရသည်။ အဆိုပါ ၃ ရပ်ကွက်တွင် မဲရုံပေါင်း ၁၁၈ ရုံရွိကြောင်းသိရသည်။

  • seaman

    April 1, 2012 at 5:10 pm

    The Voice Weekly
    ဒဂုံဆိပ်ကမ်းတွင် ရေတွက်ပြီးမဲရုံများ၌ NLD မှ အနိုင်ရရှိဟုဆို
    ရန်ကုန် ဧပြီ ၁
    ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ယုဇနဥယျာဉ်မြို့တော်တွင် စုစုပေါင်း မဲရုံ ၁၈ ရုံရှိရာ မဲရေတွက်ပြီးစီးသွားသော မဲရုံ ၁ဝ ရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် က အနိုင်ရရှိထားကြောင်း NLD မဲရုံကိုယ်စားလှယ်များ၏ အတည်ပြုချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရုံးအဖွဲ့ မှူး ဦးထွန်းဝက The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

  • seaman

    April 1, 2012 at 5:11 pm

    Popular Myanmar News Journal
    နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်တွင် မဲပေးခွင့်ရှိသူ ၃၀ဝ ဝန်းကျင်ရှိသည့်အနက် NLD- ၁၈၄ မဲ၊ USDP – ၆၁ မဲနှင့် ပယ်မဲ -ရ မဲဖြစ်ကြောင်း နေပြည်တော်သတင်းထောက်မှ သတင်းပေးပို့။

  • seaman

    April 1, 2012 at 5:12 pm

    သက်တန့်ချို
    ကျွန်းလှ မြို့နယ် ဆားကွင်း

    NLD – 204
    ပြည်ခိုင်ဖြိုး -55

  • seaman

    April 1, 2012 at 5:13 pm

    သက်တန့်ချို
    ပုလဲမြို့နယ်နောက်ဆုံးရအခြေအနေ

    တောသာမဲရုံတွင် NLD ပါတီမှ ၂၀ဝ မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ၂ဝမဲ၊
    ညောင်ပင်သာမဲရုံတွင် NLD ၂၆၄မဲ၊ ပြည်ခိုင်ဖြိုး ၅၈မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၂ မဲ၊ ပယ်မဲ ၈မဲ
    ရှိုးမဲရုံတွင် NLD ၂၃၁မဲ၊ ပြည်ခိုင်ဖြိုး ၂မဲ၊
    … ကိုကိုကုန်းမဲရုံတွင် NLD ၁၃၈မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃မဲ၊
    ကြို့ပင်မဲရုံတွင် NLD ၁၅၅မဲ၊ ပြည်ခိုင်ဖြိုး ၆၄မဲ၊

  • ကိုရင်မောင်

    April 1, 2012 at 5:14 pm

    ခွတ်ဒေါင်းလေးရေအပြတ်အသတ်နိုင်အောင်ခွတ်နေတာတွေ့နေရတော့
    ဝမ်းသာလိုက်ပါဘိ……
    ခြေသေ့င်္ကြီးကတော့ဖင်ထိုင်ရဲ့ကနေထကိုမထနိုင်တော့ပါ…….
    အဲ့ဒါမှတို့ပြည်သူပြည်သားတွေကွ……..

  • seaman

    April 1, 2012 at 5:14 pm

    သက်တန့်ချို
    မကွေး ရွာသစ် ကြို ရပ်ကွက် မဲရုံ ၃

    NLD – 135
    ပြည်ခိုင်ဖြိုး – 12

    … ဒါလည်းအပြတ်အသတ်ပဲ း)

  • seaman

    April 1, 2012 at 5:15 pm

    သက်တန့်ချို
    တန့်ယန်မြို့နယ် အမှတ် ၄ မဲရုံ

    NLD – 344

    အနိုင်ရ

  • seaman

    April 1, 2012 at 5:15 pm

    သက်တန့်ချို
    ကျောက်ပန်းတေင်း သာယာအေးမဲရုံ ၁

    NLD – 600
    ပြည်ခိုင်ဖြိုး – 25

    … အပြတ်အသတ်ပါပဲလား ကွယ်

  • seaman

    April 1, 2012 at 5:16 pm

    The Voice Weekly
    ကော့မှူး မဲဆန္ဒနယ်၌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိ

    ကော့မှူး၊ ဧပြီ ၁ ( 5 : 08 )

    ဆန္ဒမဲပေးပိုင်ခွင့် ရှိသော ရှစ်သောင်း ခုနှစ်ထောင်ကျော် ရှိသော ကော့မှူး မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိကြောင်း အဆိုပါ မဲဆန္ဒနယ်သို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

    ရေတွက် ပြီးစီးသော မဲရလဒ်များအရ ဆန္ဒမဲ ထက်ဝက်ကျော်ကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သဖြင့် NLD ပါတီ ဝင်များမှာ ကော့မှူးမြို ့၌ လှည့်လည် အောင်ပွဲခံ၍ ရန်ကုန်မြို ့သို့ ပြန်လာပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က ထပ်မံ သတင်းပေးပို့သည်။

    မဲရုံပေါင်း ၁၂ဝ ကျော်ရှိသော ကော့မှူး မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၇ဝ ခန့်အား ရေတွက် ပြီးစီးပြီဖြစ်ကြောင်း The Voice Weekly သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

  • seaman

    April 1, 2012 at 5:17 pm

    7Day News Journal
    ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ လုံးဝရယူခွင့် မပြုကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်ဟု ယခုသတင်းရရှိ သည်။ အဆိုပါစာကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့သို့ ယခုလ ၂၉ ရက် ရက်စွဲ၊ စာအမှတ်(၂) ၄/ ရကပ/ ကမရ ဖြင့်ထုတ်ပြန်ခြင်းဖြစ်သည်။
    အထက်ပါကဲ့သို့ ခရိုင်အဆင့်အထိ ကော်မရှင်များထံမှ သတင်းရယူခ…ွင့်မပြုဘဲ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများ၏ အတည်ပြုစာရင်းကိုသာ ရယူကြရန်သာဖြစ်ကြောင်း ရေးသားထားသည်။
    ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သတင်းတပ်ဖွဲ့၊ စရဖအပါအဝင် သတင်းရယူလိုသော အဖွဲ့အစည်းများ အနေဖြင့် မဲရုံ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ကော်မရှင်ခွဲများထံမှ ကြားဖြတ်သတင်းရယူလိုပါက မဲရေတွက်ခြင်းလုပ်ငန်းကို အနှောက်အယှက်ဖြစ်စေသည့်အပြင် အချက်အလက်ကိန်းဂဏန်းများယွင်းမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။
    ထို့ကြောင့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲရရှိမှုနှင့် ရွေးကောက်ပွဲရလဒ်အခြေအနေများကို သိရှိလိုပါက တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ရုံးများသို့သာ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ဆက်လက်ညွှန်ကြား ကြပ်မတ်ပေးပါရန် အကြောင်းကြားပါသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌကိုယ်စား တစ်ဦးကလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
    ““ဒါဆိုရင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ညွှန်မှူးလက်မှတ်ထိ်ုးထုတ်ပေးလိုက်တဲ့ သတင်းထောက်တွေအတွက် သတင်းယူခွင့်ဆိုတဲ့ ကဒ်ပြားကြီးက အလကားပဲပေါ့””ဟု ပြည်တွင်းဂျာနယ်တစ်စောင်မှ သတင်းထောက်တစ်ဦးကပြောသည်။

  • seaman

    April 1, 2012 at 5:17 pm

    7Day News Journal
    Update 5:12
    ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအုပ်စု၊ ထန်းတောတိုက်ကျေးရွာနေ ကိုဇော်လင်း ၂၅ နှစ်၊ ကိုတောက်ထွန်း ၃ဝ နှစ်တို့ညီအစ်ကိုနှစ်ဦးသည်

    မဲပေးရန်အတွက် မင်းတိုင်ပင်ကျေးရွာမဲရုံသို့သွားခဲ့ရာ မဲစာရင်းထဲတွင် ၎င်းတို့အမည်မပါရှိ၍ မှတ်ပုံတင်ကိုင်ကာ

    မဲရုံရှေ့တွင်တစ်နေကုန်ထိုင်စောင့်နေခဲ့သည်။ ထိုသို့ထိုင်စောင့်နေစဉ် ထန်းတောတိုက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းက မဲပေးချင်လျှင်လိုက်ခဲ့ဟုဆိုကာ မဲရုံမပိတ်မီ ထိုသူနှစ်ဦးကို မဲရုံရှေ့မှရွာဘက်သို့ခေါ်ဆောင်သွားကာ လက်သီးဖြင့်ထိုးခဲ့သည်ဟုဆိုသည်။ လက်သီးဖြင့် အထိုးခံရနှစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ယနေ့ ၄ နာရီ ၅ဝ မိနစ်အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းအား ပုလဲမြို့နယ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်ဟုသတင်းရရှိသည်။

  • seaman

    April 1, 2012 at 5:18 pm

    သက်တန့်ချို
    ပဲခူးတိုင်း သနပ်ပင်မြို့ သနပ်ပင် အောက်စု ရပ်ကွက်မဲရုံတွင် NLD ၅၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၂ မဲ၊ တစည ရ မဲနှင့် ပယ်မဲ ၄၁ မဲ။

    EMG Updates

  • seaman

    April 1, 2012 at 5:19 pm

    သက်တန့်ချို
    လက်ပံတန်းမြို့နယ်အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်မှ ရရှိသောအချက်အလက်များအရ ကျေးရွာ(၂၀)တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ထားပြီးဖြစ်ကြောင်းသိရ

    EMG ရေ ကျေးဇူဗျို့ အခြေအနေက အရမ်းကောင်းနေပြီ

  • seaman

    April 1, 2012 at 5:19 pm

    သက်တန့်ချို
    ပွင့်ဖြူမြို့နယ် NLD ၅၄၆ ၊ ဗောဓိကုန်း တွင် ၂၂၈ ၊ ဆည်တော်တွင် ၆၀ရ ၊ ကြီးအုံကြီးဝ တွင် ၁၅၇၊ ညောင်ကုန်း ၁၅၅ ၊ မကျည်းအုံ တွင် ၄၂၅၊ မကျည်းကုန်း ၁၂၆၊ အနောက်ပိုင်း ရပ်ကွက်တွင် ၅၄၅ ၊ အင်းကုန်းတွင် ၂၃ရ မဲတို့ဖြင့် NLD ပါတီက အနိုင်ရရှိထားကြောင်း သိရသည်။
    ပွင့်ဖြူမြို့နယ်တွင် ပျမ်းမျှ ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိမည် ဟု NLD ပါတီက ခန့်မှန်းထားကြောင်း သိရှိရသည်။

    EMG Updates

  • seaman

    April 1, 2012 at 5:21 pm

    Myanmar News Now
    မဲစာရင်းရလဒ်

    ဧပြီ ၁၊ ၂၀၁၂ (YPI)

    ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်ဇုန်မဲဆန္ဒနယ်

    NLD ၁၈၄ မဲ
    USDP ၆၁ မဲ
    ပယ်မဲ ၇

    ကော့မှူးမြို့နယ်၊ ဒညင်းဆိပ်ကျေးရွာအုပ်စု

    NLD ၄၃၄ မဲ
    USDP ၂ရ မဲ

    ကော့မှူးမြို့နယ်၊ ဖျာမွှတ်ကျေးရွာ

    NLD ၂၀၈ မဲ
    USDP ၃၂ မဲ

    လတ်တလော မဲရေတွက်နေသည့် ရလဒ်များ

  • seaman

    April 1, 2012 at 5:21 pm

    Mizzima – News in Burmese
    မှတ်ပုံတင်အတုဖြင့် ဒဂုန်ဆိပ်ကမ်းတွင် မဲထည့်နေ၍ တိုင်ကြားထား

    ဖနိဒါ | ချင်းမိုင် (မဇိ္ဈမ) တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁ရ နာရီ ဝ၁ မိနစ်

    ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၇၆ ရပ်ကွက် မဲရုံ ၁ တွင် ကြံ့ခိုင်ရေးပါတီမှ မှတ်ပုံတင်အတု၊ အိမ်ထောင်စုဝင် အတုတို့ဖြင့် မဲထည့်နေသဖြင့် တိုင်းကော်မရှင်ထံ တိုင်ကြားထားသည်ဟု ဗကသ ကျောင်းသား ခေါင်းဆောင် ဒီငြိမ်းလင်းက မဇ္ဈိမကို ပြောသည်။

    “သံလျင်ကနေ မဲရုံလည်း ရောက်ရော အတုတွေနဲ့ မဲထည့်ခိုင်းတယ်။ ကြံ့ခိုင်ရေးက ထည့်ခိုင်းတာပါ။ ကတ်ပြား အသစ်တွေ လဲပေးတာတို့ ရှိနေပါတယ်။ ဓါတ်ပုံ မှတ်တမ်းတွေ ရှိပါတယ်။ ကော်မရှင်ကို အကြောင်းကြား ထားတယ်။ ကော်မရှင်က ပြန်ပြီး စိစစ်ပေးမယ်လို့ ပြောပါတယ်”ဟု ကိုဒီငြိမ်းလင်းက မဇ္ဈိမကို ပြောသည်။

    သံလျင်မြို့နယ်အတွင်းမှ ရွာသားအချို့ကို ကြံ့ခိုင်ရေးပါတီက ခေါ်လာပြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မဲထည့်ခိုင်းခြင်း
    ဖြစ်ပြီး ၎င်းတို့ကို သံလျင်မြို့မှ ဦးဌေးဝင်း ဆိုသူထံ ယနေ့ ညနေ ၆ နာရီတွင် ကျပ် ၃,ဝဝဝ လာရောက် ထုတ်ယူရန် ကြံ့ခိုင်ရေးဘက်မှ ပြောဆိုထားသည်ဟု ဒီငြိမ်းလင်း က ဆိုသည်။

    ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါက်တာမျိုးအောင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးအောင်ဝင်း၊ တစည ပါတီမှ ဦးကြီးမြင့်နှင့် ဒီမိုကရေစီပါတီသစ်ပါတီမှ ဦးဝင်းရွှေ တို့ ယှဉ်ပြိုင်နေသည်။

  • seaman

    April 1, 2012 at 5:22 pm

    သက်တန့်ချို
    ဝိုးးးးးးးးးးးးးးးးးးးးးးအောင်မြင်သွားပြီ ဗျို့

    ကော့မှူးမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ စုစုပေါင်း ၃ဝ လုံးတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

    EMG Updates !!

  • အိမ်လွမ်းသူ

    April 1, 2012 at 5:22 pm

    အမေစုရဲ့ကော့မှူးမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ စုစုပေါင်း ၃ဝ လုံးတွင် အနိုင်ရရှိသွားပြီး ဖြစ်ကြောင်း သိရပါတယ်။ congratulation ပါအမေရေ…….

  • seaman

    April 1, 2012 at 5:23 pm

    သက်တန့်ချို
    ဝါးခယ်မမြို့နယ်ရှိ နောက်ဆုံးသတင်းများ

    ဆေးရုံမဲရုံတွင် NLD ၆၅ရမဲ၊ ပြည်ခိုင်ဖြိုး ၁၀၉မဲ၊ တစညပါတီ ၁ရမဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၃မဲ၊

    ဈေးမဲရုံတွင် NLD ၂၄၈မဲ၊ ပြည်ခိုင်ဖြိုး ရမဲ၊ တစညပါတီ ၃မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၃မဲ၊

    EMG Updates

  • seaman

    April 1, 2012 at 5:25 pm

    Yangon Press International
    ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာပြီ

    လတ်တလော မဲရေတွက်မှု ရလဒ်များ

    ဧပြီ ၁ ရက်၊ ညနေ ၅နာရီ ၉မိနစ်

    ကော့မှူးမြို့နယ်တွင် ယခုအချိန်ထိ ရေတွက်ရရှိသည့် ရလဒ်များကို ထောက်ချင့်၍ ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာသွားပြီဟု ဒီချုပ်မှ ခန့်မှန်းထားသည်။

    မိတ္ထီလာမြို့နယ် ဆိုင်းတန်းရပ်ကွက် ဒီချုပ် ၂၇၇၊ ကြံ့ခိုင်ရေး ၃၂၊ ဒေါ်မြင့်မြင့်အေး ၄၊

    မိတ္ထီလာမြို့နယ် နန်းတော်ကုန်း ရပ်ကွက် ဒီချုပ် ၃၆၅ ၊ ကြံ့ခိုင်ရေး ၈၈၊ ဒေါ်မြင့်မြင့်အေး ၂၁၊ ဦးဝင်းဇော် ရ မဲ တို့ဖြစ်သည်။

    မန္တလေး၊ မဟာအောင်မြေ မဟာအောင်မြေ မြို့နယ် ဦးအုန်းကြိုင် မဲ ၅၀ဝ ၊ ၆၀ဝ ရသည့်အချိန်တွင် ကြံ့ခိုင်ရေးမှ ၅၀၊ ၆ဝ သာရရှိသည်ဟု လတ်တလော ရေတွက်မှုများအရ သိရသည်။ ပြင်ဦးလွင်တွင်လည်း ဒီချုပ်ကိုယ်စားလှယ် ဦးကျော်သီဟက အလားတူ ၁ဝ ဆဝန်းကျင် အသာရနေသည်ဟု သိရသည်။

  • seaman

    April 1, 2012 at 5:26 pm

    သက်တန့်ချို
    အဖြေမထွက်ခင်က နိုင်ပြီးသားဖြစ်သည် း))

    တန့်ယန်းမြို့နယ်အမှတ် ၁ ရပ်ကွက်မဲရုံတွင် NLD အနိုင်ရရှိကြောင်း မဲစာရင်းမထွက်မီ သိရှိရပြီဖြစ်သည်။

  • seaman

    April 1, 2012 at 5:28 pm

    #
    Popular Myanmar News Journal
    မဟာအောင်မြေမြို ့နယ် ရှိ စင်္ကြာနွယ်စင်၊ ဒေးဝန်းအရှေ ့၊ မဟာမြိုင် စသော ရပ်ကွက်ကြီး ၃ ရပ်ကွက်တွင် NLD ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် မဲအများဆုံး ဖြင့် အနိုင်ရရှိကြောင်းသိရသည်။

    #
    သက်တန့်ချို
    ပခုက္ကူမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပိုက်ကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

  • MaMa

    April 1, 2012 at 5:29 pm

    ပုဗ္ဗသီရိ အခြေအနေရော မသိရသေးဘူးလား ဗျို့….

    • အိမ်လွမ်းသူ

      April 1, 2012 at 6:12 pm

      ပြည်ခိုင်ဖြိုးပါတီ ဝဏ္ကကျော်ထင်- စည်သူ-ဦးသာဌေး နှင့် NLD ပါတီ အဆိုတော် ဇေယျာသော် တို့ ဝင်ယောက် ယှဉ်ပြိုင်အရွေးချယ်ခံသည် ပုဗ္မသီရိမြို့နယ်၏နောက်ဆုံးရ မဲသတင်းအခြေအနေမှာ NLD ၆ဝ % ပြည်ခိုင်ဖြိုး ၄ဝ % ရပ်တည်လျှက်ရှိသည်ဟု နောက်ဆုံးရသတင်းအဖြစ် သိရှိရသည်။

      သစ်ထူးလွင်

  • seaman

    April 1, 2012 at 5:33 pm

    The Voice Weekly
    NLD ပါတီ မော်လမြိုင် မဲရုံ အမှတ် ၃ တွင် အနိုင်ရရှိ

    မော်လမြိုင်၊ ဧပြီ ၁ ( 5 : 20 PM )

    မွန်ပြည်နယ်ရှိ တစ်ခုတည်းသော မဲဆန္ဒနယ် ဖြစ်သည့် မော်လမြိုင်မြို ့၊ ကွင်းရပ် ရပ်ကွက် မဲရုံ အမှတ် ၃ တွင် မဲပေးခွင့်ရှိသူ ၆၇၆ဦး မဲလာပေးသူ ၅၅၅ ဦး၊ ကြိုတင်မဲ ၆ဦး၊ပယ်မဲ ၁၆ မဲရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၄၅၆ မဲ ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ၈ဝမဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁၂မဲ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ၂၁မဲ အသီးသီးရရှိခဲ့ကြောင်း သွားရောက် သတင်းသွားရောက်ယူနေသူ The Voice Weekly သတင်းထောက်က တိုက်ရိုက် သတင်းပေးပို့သည်။

  • htoosan

    April 1, 2012 at 5:35 pm

    အခုထိ ကြားရတဲ့ သတင်းတွေကတော့စိတ်ချမ်းသာ စရာ ကောင်းနေပါတယ်။ ရုပ်ပျက်ဆင်းပျက် အသံမကြားရလို့ ဝမ်းသာပါတယ် ။ အခု ၅း၃ဝ ထိပေါ့လေ။

  • seaman

    April 1, 2012 at 5:46 pm

    Mizzima – News in Burmese
    မင်္ဂလာတောင်ညွန့် မြို့နယ် NLD မဲအခြေအနေ

    ရဲမင်း| ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁ရ နာရီ ၃၅ မိနစ်

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်ဖြူဖြူသင်း ဝင်ရောက် ယှဉ်ပြိုင်ရာ ၎င်းရရှိနေသည့် မဲအရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

    ကြိုတင်မဲပေါင်း ၇၁ တွင် NLD = ၂၈ မဲ။

    မင်္ဂလာတောင်ညွန့် ကန်ရှေ့မဲရုံအမှတ် ၁ တွင် လာရောက်မဲသူဦးရေ ၈၂၂ ဦးအနက် NLD = ၇၅၄ မဲ။

    တောင်ညွန့်ကြီး မဲရုံအမှတ် ၅ တွင် လာရောက်မဲသူဦးရေ ၇၅၂ ဦးအနက် NLD = ၆၃၆ မဲ။

    မဲရုံအမှတ် ၃ တွင် လာရောက်မဲသူဦးရေ ၈၆ဝ အနက် NLD = ၇၃ဝ မဲ။

    (ဆက်လက်ဖေါ်ပြပါမည်)

  • seaman

    April 1, 2012 at 5:48 pm

    Popular Myanmar News Journal
    ပြည်ခိုင်ဖြိုးပါတီ ဝဏ္ကကျော်ထင်- စည်သူ-ဦးသာဌေး နှင့် NLD ပါတီ အဆိုတော် ဇေယျာသော် တို့ ဝင်ယောက် ယှဉ်ပြိုင်အရွေးချယ်ခံသည် ပုဗ္မသီရိမြို့နယ်၏နောက်ဆုံးရ မဲသတင်းအခြေအနေမှာ NLD ၆ဝ % ပြည်ခိုင်ဖြိုး ၄ဝ % ရပ်တည်လျှက်ရှိသည်ဟု နောက်ဆုံးရသတင်းအဖြစ် သိရှိရသည်။

  • Foreign Resident

    April 1, 2012 at 5:48 pm

    ကော့မှုး မြို ့ နယ်တွင်ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိသည် ဟု
    NLD ပါတီက ကြောငြာလိုက် သည် ဟု သိရှိ ရသည်။
    (ကော့မှုး မြို ့ တွင် ဆန္ဒမဲ ပေး သူ အားလုံး ၏ ၉ရ.၃ ရာခိုင်နှုန်း ကို NLD မှ ရရှိ)

  • htoosan

    April 1, 2012 at 5:49 pm

    ပခုက္ကူ စစ်တပ်က မဲရုံနှစ်ခုမှာလည်း NLD အပြတ်အနိုင်ရပါတယ်တဲ့။

  • Foreign Resident

    April 1, 2012 at 5:50 pm

    ပခုက္ကူမြို့
    =============
    တပ်မ ၁၀၁၊ မဲရုံတွင် NLD ၆၇ဝ မဲ၊ ပြည်ခိုင်ဖြိုး ၃ဝ မဲ၊
    ခလရ ၂၅၉ မဲရုံတွင် NLD ၂၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၃ မဲ

    • အိမ်လွမ်းသူ

      April 1, 2012 at 5:57 pm

      ကြံ့ခိုင်ရေး ကလူကြီး ဆိုသူတွေရေ စစ်တပ်ထဲမှာ တောင်ဒီလို အပြတ်အသတ် ရှုံးနေပြီဆို ရင် ခင်ဗျားတို့ရဲ့ policy ကိုပြန်ပြီး review လုပ်သင့် နေပြီ၊ အဲဒီလို မှမဟုတ်ရင် 2015 မှာ ခင်ဗျားတို့ဒါ့ထက် ပိုဆိုးမယ်။

  • seaman

    April 1, 2012 at 5:53 pm

    Popular Myanmar News Journal
    မြင့်မိုရ်တောင် မဲရုံ အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၁၉၂၅ ဦးရှိသည့် အနက် ၉၉၉ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ ၁ မဲ ရှိကြောင်းသိရသည်။
    မဲစာရင်းရလာဒ်မှာ
    NLD ပါတီ – ၈၁၆ မဲ
    ပြည်ခိုင်ဖြိုးပါတီ – ၁၁၄ မဲ
    တစည ပါတီ – ၁ရ မဲ
    … NDF – ၉ မဲ
    ပြည်သူ ့ဒီမိုကရေစီပါတီ – ရ မဲ

    တစ်သီးပုဂ္ဂလ ဦးကျော်ကျော် – ၂ မဲ
    တစ်သီးပုဂ္ဂလ ဦးညွန် ့ဦး – ၁ မဲ

    ပယ်မဲများမှာ ၃၃ မဲရှိကြောင်းသိရသည်။

  • char too lan

    April 1, 2012 at 5:53 pm

    အထက်က ကြိုးစားပန်းစားတင်ပေးတဲ့ အမျိုးတွေအားလုံးကို
    ကျေးဇူးအများးးးးကြီးးးးးးးးးတင်ပါတယ် ။။။။။။။။
    တင်ထားသမျှအားလုံးကို ဝမ်းသာအားရကူးပီး Print ထုတ်သွားပါတယ်
    ကျေးချူးဂဘာ 😀

  • seaman

    April 1, 2012 at 5:54 pm

    7Day News Journal
    Update 5:45
    စစ်ကိုင်းမြို့တွင် မဲရုံ ၁၁၉ ရုံရှိသည့်အနက် ရေတွက်ပြီးမဲရုံ ၃၉ ရုံတွင် NLD မှ ၃၈ ရုံတွင် မဲအပြတ်အသတ်နှင့် အနိုင်ရ။ သတင်းများကို ဆက်လက်ဖော်ပြပါမည်

  • Foreign Resident

    April 1, 2012 at 6:02 pm

    ” သူငယ်ချင်းရေ ၊ စိတ်ပူမနေစမ်းပါနှင့်
    ငါကဖြင့် စိတ်ကို မဝင်စားဘူး ။ အကွက်တွေက ရိုးလွန်းလို့ ။
    အမှန်က အမေစု ကို လွှတ်တော်ထဲကို ဆွဲခေါ်ချင်နေတာ
    သူတို့ဖက်က တပိုင်း မဟုတ်ဘူး ၊ နှစ်ပိုင်းလောက်ကို သေနေတာ ။

    အမေစု လွှတ်တော်ထဲရောက်မှသာ
    ( ၁ ) သူတို့ရဲ့ Legitimacy ကို နိုင်ငံတကာက Endorse လုပ်မှာ ။
    ( ၂ ) အမေစုက Endorse လုပ်ပေးမှ သာ Sanction တွေက Lift မှာ ။

    အဲဒီ Sanction တွေ ရှိနေသရွေ့ ဒီတိုင်းပြည်ကို ချမ်းသာ တိုးတက်အောင်
    ဘယ်လိုမှ ဆက်လုပ်လို့ မရတော့ဘူး ဆိုတာ သူတို့သိနေပြီ ၊ လည်ပင်းလည်း အစ်နေပြီလေ ။

    ပိုဆိုးတာက ဟိုဘက်ကပိတ်လေ ဒီဘက်က တရုတ်ကြီးကျွန်ဖြစ်လေ နှင့်
    တဖြေးဖြေးနှင့် တိုင်းပြည်က ခြောက်ထဲနီးလာပြီလေ ။

    အမေစု ကိုမှ သူတို့ မခေါ်နိုင်ရင် ၊
    သူတို့ကော တိုင်းပြည်ကော No Way Out ပဲ ။
    စိတ်မပူနှင့် ၊ သူတို့ အမေစု ကို အပါကို စောင့်ခေါ်မှာ ”

    အပေါ်က စာသားလေးတွေကတော့ ၊
    အဘ သူငယ်ချင်းကို အဘ ပြောခဲ့တဲ့ စကားလေးပါကွယ် ။
    အဘ အမေစု နိုင်မယ်ဆိုတာ သိပြီးသားပါ ။ ရင်မခုန်ခဲ့ပါဘူး ။

    ဒါပေမယ့် ၊ အခုမြင်နေရတဲ့ အခင်းအကျင်းက
    Landslide Victory ဖက်ကို ဦးတည်နေပါပြီ ။

    ” လှိုက်လှိုက် လဲလဲ ကို ဝမ်းသာမိပါတယ် အမေ ရယ် ”
    ” ရင်ထဲကို ၊ ဆို့နင့် မွန်းကျပ် လာတဲ့ အထိပါပဲ ”

    Freedom News Group(Burma) Said ;
    အမျိုးသား ဒီမိုကရေစီ အဖွဲ ့ ချုပ် ဝင်ရောက်ယှဉ်ပြိုင်သည့် နေရာ အား လုံး
    အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် မှ အနိုင် ရရှိ နိုင်သည် ဟု မဲ ပေး သူများ က သုံးသပ် ။
    ကချင် ပြည် နယ်တွင် မဲပေး ခွင့် ရရေး ရှေ့ တစ်ပတ် အတွင်း ဆန္ဒပြ ကြမည် ဟု သိရသည်။
    ကချင် ပြည်သူ လူထု အားထောက်ခံ သောအားဖြင့် ရန်ကုန်၌လည်း ဆန္ဒပြ ကြမည်။

  • seaman

    April 1, 2012 at 6:04 pm

    7Day News Journal
    Update 5:45
    စစ်ကိုင်းမြို့တွင် မဲရုံ ၁၁၉ ရုံရှိသည့်အနက် ရေတွက်ပြီးမဲရုံ ၃၉ ရုံတွင် NLD မှ ၃၈ ရုံတွင် မဲအပြတ်အသတ်နှင့် အနိုင်ရ။ သတင်းများကို ဆက်လက်ဖော်ပြပါမည်

    Popular Myanmar News Journal
    ရဲမွန်တောင် မဲရုံ အမှတ် ၃ တွင် မဲပေးခွင့်ရှိသူ ၁၉၉၉ ဦးရှိသည့် အနက် ၈၉၈ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ မရှိကြောင်းသိရသည်။
    မဲစာရင်းရလာဒ်မှာ
    NLD ပါတီ – ၇၅၃ မဲ
    ပြည်ခိုင်ဖြိုးပါတီ – ၆၃ မဲ
    တစည ပါတီ – ၁၁ မဲ
    … NDF – ရ မဲ
    ပြည်သူ ့ဒီမိုကရေစီပါတီ – ရ မဲ

    ပယ်မဲများမှာ ၅၅ မဲရှိကြောင်းသိရသည်။

  • seaman

    April 1, 2012 at 6:09 pm

    Yangon Media Group
    သုံးခွ မဲဆန္ဒနယ်သာဂရ NLD ၂၂၁ မဲ ၊ USDP ၁၁၅ မဲ၊ လူ့ဘောင်သစ်ပါတီ ၆မဲ ၊ NDF ပါတီ ၁၃ မဲ ၊ ပယ်မဲ ၄ဝ နှင့် ကြိုတင်မဲ ၆ မဲရှိကြောင်း သိရသည်။
    ကျားဘို တွင် NLD ၂၅၉ မဲ၊ USDP ၁၀၂ မဲ ၊ NDF ၈ မဲ ၊ လူ့ဘောင်သစ်ပါတီ ၁၃ မဲ၊ ပယ်မဲ ၂၁ မဲ၊ နှင့် ကြိုတင်မဲ ၉ မဲ ရှိကြောင်းသိရသည်။
    သိုက်တူးကန် တွင် NLD ၁၁၂၁ မဲ၊ USDP ၈၅ မဲ ၊ NDF ၁၆ မဲ၊ လူ့ဘောင်သစ် ၆ မဲ ရရှိကြောင်း သိရ။ သခွတ်ကန်တွင် NLD ၂၈၈ မဲ၊ USDP ၈၄ မဲ၊ NDF ၁၃ မဲ၊
    လူ့ဘောင်သစ် ၄မဲ၊ ပယ်မဲ ၄ရ မဲ ၊ နှင့် ကြိုတင်မဲ ရ မဲရှိကြောင်း သိရသည်။
    ညောင်လေးပင် တွင် NLD ၃၀၁ မဲ ၊ USDP ၉၂ မဲ ၊ NDF ၁၅ မဲ ရရှိ၊ လူ့ဘောင်သစ်ပါတီ ၂ မဲ ရရှိကြောင်းသိရသည်။
    ၉ရပ်ကွက် NLD ၆၂ရ မဲ ၊ USDP ၁၄၆ မဲ ၊ NDF ၁၄ မဲ ၊ လူ့ဘောင်သစ်ပါတီ ၃မဲ၊ နှင့် ကြိုတင်မဲ ၁၂ မဲရှိကြောင်း သိရသည်။

Leave a Reply