ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ – (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ)

ကျေးဇူးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ ကို comment တွင် သိသူများကတင်ပေကြပါ။ တခုတဲမှာ စုစုစီးစီး ဖတ်ချင်လို့ပါ။ ကျေးဇူးအထူးတင်ပါတယ်။

မှတ်ချက်။ ။ (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ)
လို့.. ခေါင်းစဉ်ထဲထည့်ပေးလိုက်ပါတယ်..။

— Kai —

213 comments

  • အိမ်လွမ်းသူ

    April 1, 2012 at 1:18 pm

    12:30 Eleven Media မှာဖတ်ရသောသတင်းအရ ဒေါ်အောင်စမ်းစုကြည်ရဲ့ ကော့မှူးမြို့နယ် ရေကျော်ရပ်ကွက် ညောင်လုံကျေးရွာတွင် ထွက်ပေါ်ခဲ့သော မဲရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ရ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ရ မဲ ရရှိခဲ့ကြောင်း သိရပါသည်။

  • ဆူး

    April 1, 2012 at 1:21 pm

    ညနေ ၄နာရီ ကျော်မှာ သိရမဲ့ အဆုံး အဖြတ် သတင်းလေးကို စောင့်မျှော်နေပါသည်။

  • shwe kyi

    April 1, 2012 at 1:28 pm

    ပခုက္ကူခရိုင်မြစ်ခြေမြို့ ရွာသာအေးရပ်ကွက်တွင် ပြည်သူများအား ကြံ့ဖွတ်မှ တစ်အိမ်ထောင်
    ၈၀၀၀ဝ ကျပ်ကို နှစ်ကျပ်တိုးဖြင့် ချေးပြီးမဲဆွယ် ပြီး၎င်းရပ်ကွက်မှ ကြံ့ဖွတ်ကိုမဲပေးခဲ့ကြောင်း ကြားသိရပါတယ်။ အများစုက NLD ဆိုပေမယ့် လူနည်းစုက ကြံ့ဖွတ် ပေးခဲ့ကြောင်းကြားသိရပါတယ်။
    ရင်ပူရပါတယ်။ မသိနားမလည်သောပြည်သူတွေကိုနည်းမျိုးစုံဖြင့် စည်းရုံးနေကြပါတယ်။
    တရားမျှတမှု လုံးဝမရှိပါဘူး။ ဖယောင်းသုတ်ထားတာတွေလည်း ဖတ်နေကြားနေရပါတယ်။
    ကော့မှူး မှာလုံးဝ ရှုံး လို့မဖြစ်ပါ။ ကြိုတင်မဲကိုလည်းစိုးရိမ်မိပါတယ်။ အိမ်မှာထိုင်နေပြီး ဘာမှမတတ်နိုင်လို့စိတ်ပျက်မိပါရဲ့။ မဲလည်းပေးလို့မရ သူများတွေကိုပဲလိုက်မေးရင်းရင်ခုန်နေရပါတယ်။ဓ
    အားလုံးဆုတောင်းကြပါဦး။ ဆုတောင်းရုံကလွဲပြီးဘာမှမတတ်နိုင်တော့ပါ။ စဉ်ဆက်မပြတ်သတင်းနားစွင့်လျှက်

  • အိမ်လွမ်းသူ

    April 1, 2012 at 1:33 pm

    1:00 PM ,အခု လက်ရှိ Web Sites မှာဖတ်ရတဲ့ သတင်းများ အရ ( တချို့နေရာများမှာ မဲမသမာ မှူ့များရှိနေသော်လည်း ) နေပြည်တော် တပ်နယ်များရဲ့ မဲရုံ များမှလွဲ ပြီး ကျန်တဲနေရာ များမှာ NLD ကအခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။​

  • Burmese or Chinese

    April 1, 2012 at 1:43 pm

    Eleven Media Group
    ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင်
    ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂၁ မဲ၊
    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇ရ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇ဝ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ဝရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။

    • ဗိုက်ကလေး

      April 1, 2012 at 1:56 pm

      ကြိုက်တယ်ကွာ
      ရေလည်ခိုက်သွားပြီ
      အကုန်လုံး အဲသလို အပြတ်အသတ် ဖြစ်နေရမယ်
      ရို ့ရို ့..ရို ့..ဗဲဒီးဂွတ်

  • Burmese or Chinese

    April 1, 2012 at 1:44 pm

    Eleven Media Group
    နေ့လည် ၁၂း၄ဝ မိနစ် သတင်းများအရ ကလောမြို့နယ် ဟဲဟိုး၊ ပဲယင်းတောင်ကျေးရွာအုပ်စု၊ ပေါင်းတင်ကျေးရွာ မဲရုံ အမှတ် (၂)တွင် မဲပေးခွင့်ရရှိသူ ၃၄၃ ယောက်ရှိ။ မဲစာရင်းရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုးမှ ၅၂မဲ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၂၂မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅မဲ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၉ မဲ၊ ပဲမယ် ၇၆ မဲ ဖြစ်သည်။ အမက ၁၂ အောင်ပန်းမဲရုံ မဲရုံရှေ့တွင် မဲပေးခွင့်စာရင်းတွင်မပါရှိ၍ မကျေမနပ်ဖြစ်နေသူ အချို့ရှိနေပြီး ထိုသူများမှ မဲရုံမှုူးကို ဝင်ပြောမည်လုပ်နေ၍ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက မဲပေးခွင့်ရှိသူများကျန်ရှိနေပြီး မဲရုံပိတ်ခံရမည်စိုး၍ အငြင်းပွားမှုမလုပ်ရန် မေတ္တာရပ်ခံ၍ အဆင်ပြေသွားသည်ဟု သိရှိရသည်။

  • က်ိုကိုအိုဗာ

    April 1, 2012 at 1:47 pm

    မရမ်းကုန်းမြို့နယ် ရ ရပ်ကွက်အတွင်းရှိ အမှတ် ၁-၂ မဲရုံသို့ ဇနီးသည်၊ သားဖြစ်သူ တို့နှင့်အတူ နံနက် ၉ နာရီ ဝန်းကျင်တွင် လာရောက် မဲထည့်ခဲ့သည့် ဦးခင်ညွှန့်အား မီဒီယာများက မည်သည့်ပါတီကို မဲပေးခဲ့သနည်းဟု
    မေးမြန်းရာ အများ ကြိုက်နှစ်သက်သည့် ပါတီကို မဲပေးခဲ့သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

    “အများကြိုက်ပါတီကို မဲပေးသည်” ဟုသာ ဦးခင်ညွှန့်က ပြောဆိုခဲ့သော်လည်း သားဖြစ်သူ ကိုဇော်နိုင်ဦးကမူ “ခွပ်ဒေါင်းပါတီ” ကို မဲပေးခဲ့သည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

  • aye.kk

    April 1, 2012 at 1:48 pm

    ရင်တွေလည်းခုန်..
    နှလုံးတုံလို ့..
    အကုန်ခွပ်ဒေါင်းသာလျှင်နိုင်ပါစေသတည်း။။

  • အိမ်လွမ်းသူ

    April 1, 2012 at 1:59 pm

    ဟုတ်တယ် ကို ရေ စိတ်လှုပ်ရှား လားမ ရှားလား မနက် 7:00 နာရီ ထဲက ကွန်ပြူတာ ရှေထိုင်ပြီး web site တွေလိုက်ကြည်နေတာ အခု 3:30 ဖြစ် နေပြီ ထမင်းမစားရ သေးဘူး။

    • Burmese or Chinese

      April 1, 2012 at 2:05 pm

      မာမီက လည်း ညနေ 5:00 နာရီ ထဲက ကွန်ပြူတာ ရှေထိုင်ပြီး website တွေလိုက်ကြည်နေတာ အခု 12:35 ဖြစ် နေပြီ

      • shwe kyi

        April 1, 2012 at 2:17 pm

        အတူတူပါပဲရှင်ရွှေကြည်လည်းထမင်းတောင်မချက်ရသေးဘူး။ အခုမှအခန်ဖော်ဆီကတောင်းစား
        မလို့ကို အခုထိ PC ရှေ့ကမခွာနိုင်သေးဘူး။ ၄ နာရီ မြန်မြန်ထိုးပါတော့။ သိချင်လှပြီ။

  • Burmese or Chinese

    April 1, 2012 at 1:59 pm

    အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် စာရေးဆရာကြီး ဒဂုန်တာရာသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ မဲပေးခဲ့သည်ဟု NLD မဲရုံကိုယ်စားလှယ် ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။
    “မဲလာထည့်တော့ ဆရာကြီးက မျက်စိမမြင်လည်း မမြင်ဘူး။ ဆရာကြီးရဲ့ အိမ်က မိသားစုတွေက ဆရာကြီးကို တွဲခေါ်သွာပေးပါတယ်။ လျှို့ဝှက် ဆန္ဒပြုခန်းမှာ မဲရုံမှူး ကိုယ်တိုင်က ကျမလည်း ကြည့်နေပါတယ်။ ဆရာကြီး ပါတီ ငါးခုရှိတယ်။ ဘယ်ပါတီကို ဆန္ဒပြုချင်သလဲဆိုတာ ကျမတို့ရှေ့မှာ မေးပါတယ်။ ဆရာကြီးက ‘NLD ကို ပေးပါ’ ဆိုတော့ မဲရုံမှူးကိုယ်တိုင် NLDကို အမှန်ခြစ်ပေးပါတယ်” ဟု မဲရုံအတွင်း ဝင်ရောက်ကြည့်ရှု့ခွင့်ရသူ ဒေါ်ခင်မိုးမိုးကပြောသည်။
    ဆရာကြီးဒဂုန်တာရာသည် ကလောမြို့နယ် ရွာငံစုရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း အမှတ် ၁၄ တွင်ဖွင့်လှစ်ထားသည့် မဲရုံတွင် လာရောက် မဲပေးသွားခြင်းဖြစ်သည်။(မဇ္ဈိမ)

  • Burmese or Chinese

    April 1, 2012 at 2:00 pm

    Eleven Media Group
    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် မြန်အောင်ကျောင်းသား သပိတ်ခေါင်းဆောင် ကိုထွန်းမြင့် (ခ) ကိုထွန်းထွန်း ၏ မိခင် (လေငန်းရောဂါသည်) သည် မဲရုံသို့မသွားနိုင်သဖြင့် မဲလာရောက် ရယူပေးပါရန် တောင်းဆိုသည့်အပေါ် အမှတ်(၃)ရပ်ကွက် မှ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိသဖြင့်မြို့ခံအချို့မှ သွားရောက်မဲထည့်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
    အဆိုပါ လေငန်းဝေဒနာသည်၏ သားဖြစ်သူသည် ၈၈ ခုနှစ် မြန်အောင် ကျောင်းသားသပိတ် ခေါင်းဆောင် ကိုထွန်းမြင့် (ခ) ကိုထွန်းထွန်း ဖြစ်ပြီး ယခင် စစ်အစိုးရ လက်ထက်တွင် ဝရမ်းထုတ်ခံထားရသူဖြစ်သဖြင့် ယခုအချိန်ထိ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။ သားဖြစ်သူနှင့်ဆက်စပ်ပြီး နေအိ်မ်အကျယ်ချုပ်ဖြင့် ၆လ ကျခံရဖူးသူလည်း ဖြစ်ကြောင်း သိရသည်။ ခင်ပွန်းဖြစ်သူမှာလည်း ဟင်္သာတဇာတိ မော်ကွန်းဝင် ပထမအဆင့်ရ သခင်လှရွှေ (ခ) ဦးမြတ်စိုး ( ကွယ်လွန် ) ဖြစ်ကြောင်း သိရပါသည်။
    အမေ ကြိုတင်မဲကို မထည့်ချင်ဘူး။ အမေကိုယ်တိုင် သွားပြီးတော့ မဲထည့်မှာပါ။ သားလုပ်သူတောင် မိသားစုနဲ့ အခုထိ နှစ် ၂ဝ ကျော်ခွဲပြီး လူထုအတွက် ပေးဆပ်နိုင်သေးတာ အမေကဘာလို့ မလုပ်နိုင်ရမှာလဲ။ အမေ အသက်ရှင်နေတာဟာ အမေ့သားစိတ်နဲ့ပါ။ အမေ အသက်ရှင်နေတာဟာ ပြည်သူ့အတွက်ပါပဲ ဟု ပြောကြားခဲ့ပါတယ်။

  • Burmese or Chinese

    April 1, 2012 at 2:07 pm

    ပုလဲမြို့နယ် ကန်သာရွာ NLD အနိုင်ရ
    (မဇ္ဈိမ) ၁၄ နာရီ ဝ၁ မိနစ်
    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်သာရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ မဲအပြတ်ဖြင့် အနိုင်ရ သွားကြောင်း NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင် က ပြောသည်။
    ကန်သာရွာတွင် မဲလာရောက်ပေးသူ ၁၆၅ ဦးရှိပြီး နေ့လည် ၁ နာရီတွင် မဲပေးမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း ပြောသည်။
    “တရွာကတော့ ဝင်လာပြီ။ ၁၆၅ မဲ အဲဒီ ကန်သာယာရွာမှာ ပေးရမှာ။ အဲဒီမှာ အန်တီ ၁၆၃ မဲ ရပြီးတော့ ပယ်မဲ ၁ မဲနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၁ မဲ ရတယ်။ လောလောဆယ်တော့ ဒီတရုံပဲ ဝင်သေးတယ်။ ကျန်တာတွေတော့ စာရင်း မရသေးဘူး” ဟု NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင် က ပြောသည်။

  • Burmese or Chinese

    April 1, 2012 at 2:09 pm

    ကော့မှူး လေကာတပ်မဲရုံ မဲပေးမှု ပြီးစီး
    ကော့မှူး၊ ဧပြီ ၁ ( ၂ : ဝဝ ) The Voice
    ကော့မှူးမြို ့နယ်၊ မျောက်ချောင် ကျေးရွာ အုပ်စု လေကာတပ် မဲရုံတွင် မဲပေးနိုင်သူ ဦးရေမှာ ၁၃၂ ဦးရှိပြီး အမှန်တကယ် ဆန္ဒမဲ လာရောက် ပေးခဲ့သူ အရေအတွက်မှာ ၁၂၈ ဦးရှိကြောင်း၊ ကျန်လေးဦးမှာ ကြိုတင်မဲ ထည့်ဝင်ခဲ့ကြောင်း ကော့မှူးမြို ့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ကိုလင်းဇော်က The Voice Weekly သို့ပြောကြားသည်။
    မဲရုံ၏ မဲအရေအတွက် စာရင်းကို ရေတွက်ခြင်းမရှိဘဲ လက်မှတ်ထိုး ချိတ်ပိတ်၍ ကော်မရှင်ရုံးသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

  • mgkooo

    April 1, 2012 at 2:09 pm

    ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ
    Saturday, 31 March 2012 22:09
    AddThis Social Bookmark Button

    ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် လစ်လပ်မဲဆန္ဒနယ် (၄၀)ကျော်တွင် ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်များ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရသတင်းများကို ဤနေရာတွင် မိနစ်အလိုက် အချိန်နှင့် တစ်ပြေးညီ စုစည်းဖေါ်ပြအပ်ပါသည်။ ထို့အတူ https://www.facebook.com/ElevenMediaGroup တွင်လည်း နောက်ဆုံးရသတင်းများကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးထားပါသည်။

    1 April 2012 1:54 PM

    ပုလဲမြို့နယ် ကန်သာယာကျေးရွာတံင် မဲပေးနိုင်သူ ၁၆၅ ဦးရှိသည့်အနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၆၃ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲ ၁ မဲဖြစ်ကြောင်း သိရပါသည်။

    1 April 2012 1:50 PM

    စာရေးဆရာကြီး ဒဂုန်တာရာက အောင်ပန်းမြို့နယ်၊ ရွာငံစိုကျေးရွာ၊ အမက(၁၄)မဲရုံတွင် မဲပေးခဲ့သည်ဟု သတင်းရရှိသည်။

    1 April 2012 1:48 PM

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် မြန်အောင်ကျောင်းသား သပိတ်ခေါင်းဆောင် ကိုထွန်းမြင့် (ခ) ကိုထွန်းထွန်း ၏ မိခင် (လေငန်းရောဂါသည်) သည် မဲရုံသို့မသွားနိုင်သဖြင့် မဲလာရောက် ရယူပေးပါရန် တောင်းဆိုသည့်အပေါ် အမှတ်(၃)ရပ်ကွက် မှ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိသဖြင့်မြို့ခံအချို့မှ သွားရောက်မဲထည့်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

    အဆိုပါ လေငန်းဝေဒနာသည်၏ သားဖြစ်သူသည် ၈၈ ခုနှစ် မြန်အောင် ကျောင်းသားသပိတ် ခေါင်းဆောင် ကိုထွန်းမြင့် (ခ) ကိုထွန်းထွန်း ဖြစ်ပြီး ယခင် စစ်အစိုးရ လက်ထက်တွင် ဝရမ်းထုတ် ခံထားရသူဖြစ်သဖြင့် ယခုအချိန်ထိ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။ သားဖြစ်သူနှင့်ဆက်စပ်ပြီး နေအိ်မ်အကျယ်ချုပ်ဖြင့် ၆လ ကျခံရဖူးသူလည်း ဖြစ်ကြောင်း သိရသည်။ ခင်ပွန်းဖြစ်သူမှာလည်း ဟင်္သာတဇာတိ မော်ကွန်းဝင် ပထမအဆင့်ရ သခင်လှရွှေ (ခ) ဦးမြတ်စိုး ( ကွယ်လွန် ) ဖြစ်ကြောင်း သိရပါသည်။ အမေ ကြိုတင်မဲကို မထည့်ချင်ဘူး။ အမေကိုယ်တိုင် သွားပြီးတော့ မဲထည့်မှာပါ။ သားလုပ်သူတောင် မိသားစုနဲ့ အခုထိ နှစ် ၂ဝ ကျော်ခွဲပြီး လူထုအတွက် ပေးဆပ်နိုင်သေးတာ အမေကဘာလို့ မလုပ်နိုင်ရမှာလဲ။ အမေ အသက်ရှင်နေတာဟာ အမေ့သားစိတ်နဲ့ပါ။ အမေ အသက်ရှင်နေတာဟာ ပြည်သူ့အတွက်ပါပဲ ဟု ပြောကြားခဲ့ပါတယ်။

    1 April 2012 1:42 PM

    ပခုက္ကူမြို့နယ်တွင် ပေးထားသည့် ကြိုတင်မဲများမှာ မျှတမှုရှိကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်မူမူခိုင်၏ ပြောကြားချက်များအရ သိရသည်။ မြိုင်မြို့နယ် ၊ အမှတ်(၂) ရပ်ကွက်၊ နံ့သာမြိုင်ခန်းမ မဲရုံတွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၁၆၃ဦး ရှိသည့်အနက် လက်ရှိအချိန်အထိ မဲပေးပြီးသူ ၈၈ဝကျော် (၈ဝ ရာခိုင်နှုန်းကျော်) မဲပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

    1 April 2012 1:26 PM
    w57_03_46
    British Embassy မှ သတင်းလာရောက်ယူသော Mr. Joe Fisher အား ဒါးပိန်မြို့တွင် တွေ့ရစဉ်
    w57_03_47
    ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်မြတ်သူမှပြည်သူများအား မဲစာရင်း နံပါတ်ပါဝင်သော စာရွက်များဝေငှရာတွင် ကျောဘက်တွင် ပုံပါအတိုင်း ပါတီတံဆိပ်နှင့် အမှန်ခြစ် ပါဝင်နေပါသည်။ NLD မှအလားတူစာရွက်များ ဝေငှသော်လည်း ကျောဘက်တွင် မည်သည့်အရာမှ မပါဝင်ပါ။ (အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ခရိုင်ကော်မရှင်မှ ဒေါက်တာအောင်မြတ်သူကို ဥပဒေနှင့် ညိစွန်းသည်ဆိုပြီး ပယ်သွားရန် စီစဉ်နေသည်ဆိုသော သတင်းထွက်နေပါသည်။)

    w57_03_48

    1 April 2012 1:26 PM

    ပခုက္ကူမြို့နယ်အတွင်းရှိ မဲရုံတစ်ရုံတွင် သတင်းထောက်မဟုတ်သည့် အမျိုးသားလူငယ်တစ်ဦးမှ မဲရုံအား ဓါတ်ပုံရိုက်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ခေတ္တထိန်းသိမ်းခဲ့ပြီး လက်ရှိတွင် ပြန်လည်လွှတ်ပေး လိုက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

    1 April 2012 1:19 PM

    မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်မဲရုံ(၁)၊ (၂)နှင့် (၃)တွင် မဲပေးပိုင်ခွင့်ရှိသူများမှ မဲစာရင်း မပါရှိသောကြောင့် ဒေါသထွက်နေကာ စိတ်ပျက်ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါမဲရုံများတွင် မဲပေးပိုင်ခွင့်ရှိသူ အများအပြား ကျန်ရစ်ခဲ့သဖြင့် မဲရုံသို့ ဧပြီ၁ရက်နေ့အထိ နေ့စဉ် အခေါက်အခါခါ ကြည့်ခဲ့ပါသော်လည်း မပါရှိကြောင်း၊ မိမိနှင့် မိမိ မိသားစုပါ မဲစာရင်းတွင် မပါဝင်သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် အကြောင်းကြားခဲ့သော်လည်း တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ဖြစ်ရပ်မျိုး ရပ်ကွက်အသီးသီးမှ မဲပေးနိုင်သည့် မဲရုံတိုင်းတွင် ဖြစ်နေကြောင်းလည်း ကြားသိရပါသည်။

    စာရင်းအတိအကျ မသိသေးသော်လည်း အိမ်ထောင်အစုလိုက် ကျန်ခဲ့တာမျိုး၊ ခင်ပွန်းက မဲစာရင်းတွင် ပါသော်လည်း ဇနီးက မဲစာရင်းတွင် မပါကြောင်း၊ စသည့် အကြောင်းကြောင်း အမျိုးမျိုးကြောင့် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် မရရှိနေကြောင်း သိရသည်။ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်မဲရုံ(၁)ရှေ့တွင် ထိုရပ်ကွက်၌ နေထိုင်လာသည်မှာ သူမတစ်သက်ရှိပြီ ဖြစ်သော်လည်း မဲစာရင်းတွင် မပါဝင်ခဲ့ခြင်းကြောင့် စိတ်ပျက်ဝမ်းနည်းမိကြောင်းကို “၂၀၁ဝတုန်းက မဲမပေးခဲ့ဘူး။ ရပ်ကွက်ရုံးမှာပဲ မဲစာရင်းကပ်တယ်။ မဲပေးရမယ့်မဲရုံကိုတော့ မတ်လ၃၁ရက်နေ့ကမှ ကပ်တယ်။ စာရင်းမပါလို့ သွားပြောတော့ မရတော့ဘူး ဆိုပြီးပြောတယ်။ အဲဒါလည်းဇွဲမလျော့ပါဘူး။ ဒီနေ့မှတ်ပုံတင်ယူပြီး စာရင်းကို ထပ်ခါထပ်ခါကြည့်ပါတယ်။ မပါတော့ တော်တော်လေး ဝမ်းနည်းမိပါတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲကို မဲအရမ်းပေးချင်တာပါ။ အမှန်တိုင်းပြောရင် တော်တော်လေး ဒေါသထွက်ပါတယ်။ အခွင့်အရေး ဆုံးရှုံးတယ်လို့ ယူဆပါတယ်။ ကျွန်မလို မဲစာရင်းမပါတဲ့သူတွေ အတိအကျမသိမေယ့် ဒီအိမ်ကလည်း မပါဘူး။ ဟိုအိမ်ကလည်း တစ်အိမ်လုံး ကျန်ခဲ့ဆိုပြီး မနက် မိုးလင်းကတည်းက ကြားနေရပါတယ်” ဟု ရွေဂဲပွား ရပ်ကွက်တွင် နေထိုင်သူ အသက်၂၈နှစ်အရွယ် မစန်းစန်းဝင်းက ဆိုသည်။

    ရဲမွန်တောင်မဲရုံ(၂)တွင် မဲစာရင်းပါမပါ ကြည့်ရှူသူဦးရေမှာ မဲလာရောက်ပေးသူ ဦးရေထက် များပြားကာ မဲစာရင်း မပါရှိသောကြောင့် မဲမပေးရဘဲ လှည့်ပြန်ရသူများစွာ ရှိကြောင်းလည်း မြင်တွေ့နေ ရပါသည်။ တစ်ချို့မှာပန်းရံ၊လက်သမား နေ့စား အလုပ်သမားများမှာ မဲပေးနိုင်ရန် အလုပ်ဖျက်၍ လာရောက်သော်လည်း မဲစာရင်း မပါဝင်သောကြောင့် မဲပေးခွင့် မရရှိခဲ့ကြောင်း သိရသည်။ မဲပေးပိုင်ခွင့် ရှိပါလျက်နှင့် မဲမပေးရခြင်းနှင့် ပတ်သက်၍ “ ၂၀၁ဝတုန်းက အိမ်တိုင်ယာရောက် မဲစာရင်းလာကောက်တယ်။ မဲပေးခွင့်စလစ် လာပေးတယ်။ ကျွန်တော်တို့က နေ့စား ပန်းရံအလုပ်သမားတွေပါ။ ကြိုပြီး လာကြည့်ဖို့ အချိန်လည်းမရတဲ့ကြားက မတ်လ ၄ရက်၊ ၅ရက်ကတည်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပြောပေမယ့်လည်း ပါမှာပါ။ သေချာကြည့်ပါဆိုပြီးပဲ ပြောတယ်။ ကျွန်တော်တို့က ဒီရပ်ကွက်မှာ နေတာနှစ်၂ဝကျော် ကြာပါပြီ။ ဒါပေမယ့် အိမ်ပိုင်ဆိုင်မှုမရှိဘဲ ကျူးသဘောမျိုး ဖြစ်နေတော့ အရမ်းကြီးလည်း မပြောရဲပါဘူး။ အဲဒီလိုနဲ့ ဒီနေ့ မဲပေးမယ့်နေ့ အလုပ်ဖျက်ပြီး တခါတည်း လာလိုက်တာပါ။ အခုမဲစာရင်းထဲမှာ မပါတော့ မဲမပေးခဲ့ရပါဘူး။ ကျွန်တော့်လိုပဲ ကျွန်တော့်သူငယ်ချင်းတွေလည်း မဲစာရင်းထဲမှာမပါပါဘူး” ဟု ဦးမောင်ဝင်း၊ ကိုမောင်မောင် ရဲမွန်တောင် ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။ လစ်လပ်မဆန္ဒနယ်တွင် ပါဝင်သည့် မဟာအောင်မြေမြို့နယ်တွင် ပါဝင်မဲပေးနိုင်ရန် ပုံစံ(၁၀) ပြောင်းလဲလျှောက်တာတောင် မဲပေးခွင့်မရရှိကြောင်း သိရသည်။

    မန္တလေးမြို့ရှိ မဲရုံများတွင် စည်ကမ်းပိုင်းအရ တင်းကျပ်မှုများ မရှိကြောင်း သိရသည်။ သို့သော်မဲပေးရာတွင် အသုံးပြုသည့် ဖောင်တိန်များတွင် အရောင်အနီဖြစ်နေပြီး မှင်ခြစ်ပါက အပြာရောင်ထင်ခြင်း၊ အရောင်စုံပါသည့် ဖောင်တိန်များ ထားရှိပေးခြင်း၊ မဲရုံတစ်ရုံထဲတွင် ထားရှိသည့် ဖောင်တိန်ပုံစံကွဲပြားခြင်းကြောင့် မဲပေးသူများ အနေဖြင့် မှင်နီဖြင့် ခြစ်မိခဲ့သည်ဟု ပြောဆိုမှုများရှိနေကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအချုပ်မှ ကိုယ်စားလှယ်တစ်ဦးက “ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ အနေနဲ့ မဲရုံမဖွင့်ခင်ကတည်းက ဖောင်တိန်တွေကို စစ်ဆေးခဲ့ပါတယ်။ အပြာရောင်ထွက်တယ်။ မင်လိုက်တယ်။ ပုံမှန်အတိုင်းပါပဲ။ အခုလို မဲလာရောက်ထည့်တဲ့ လူတွေပြောစကား မှန်ကန်မှု ရှိမရှိကတော့ မဲရေတွက်တဲ့အခါ အဖြေပေါ်မှာပါ” ဟု ပြောကြားခဲ့သည်။

    1 April 2012 1:17 PM

    ပုလဲမြို ့နယ် လှော်ကားကြီးကျေးရွာမှ နာတာရှည်ရောဂါရှင် အဘိုးအိုတစ်ဦး ကြိုတင်မဲပေးအပြီး ၈နာရီခန် ့ အကြာတွင်ကွယ်လွန် ပုလဲမြို ့နယ် လှော်ကားကြီး ကျေးရွာမှ နာတာရှည် ရောဂါရှင် အဘိုးအိုတစ်ဦး ကြိုတင်မဲပေးအပြီး ၈နာရီခန့်အကြာတွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။ ကွယ်လွန်သွားသူမှာ လှော်ကားကြီးရွာနေ ဦးစံလွင် (၇၇) နှစ်ဖြစ်ပြီး မတ်လ ၃ဝ ရက် နံနက် ၁ဝနာရီခွဲခန့်တွင် မဲပေးခဲ့ပြီး အဆိုပါနေ့ ညနေ ၆ နာရီခွဲတွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။ “အဖေ ကနာတာရှည်ရောဂါဖြစ်နေတာ ၁၅ နှစ်လောက်ရှိပြီ။ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားတယ်။ ၂၀၁ဝ တုန်းကလည်း ကြိုတင်မဲထည့်ပြီး အဲဒီတုန်းကတော ့ မင်းတို့ထည့်ချင်တဲ့ပါတီကို ထည့်ပါလို့ပြောတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီထည့်မလဲမေးတော ့ NLD က ဒေါ်ခင်စန်းလှိုင်လို ့ပြောတယ်။ ၃ဝရက်နေ့ညနေက ကြိုတင်မဲအတွက် ကော်မရှင် ၅ ဦးလာတော့ အဖေ မောနေလိမ့်မယ် ။ ဘာထည့်မလဲ။ ခြင်္သေ့လား ဒေါင်းလား ပဲပြောဆိုတော ့”ဒေါင်း….”ဆိုပြီး တစ်ခွန်းတည်းပြောပြတယ်။ ညနေ ၆နာရီခွဲလောက်မှာ ဆုံးသွားတယ်။ ၃၁ ရက်နေ့မနက်မှာ ကိစ္စကုန်တယ်”ဟု လှော်ကားကြီးရွာမှ ဦးစံလွင်ဧ။် သမီးကပြောပြခဲ့သည်။ “အဘွား ကတော့ ဒီနေ့ပဲ မဲပေးခဲ့တယ်။ ကွယ်လွန်သူခင်ပွန်းက ကြိုတင်မဲအတွက် တတွတ်တွတ်ပြောခဲ့လို့ သူ့ဆန္ဒ ပြည့်လို့ကျေနပ်တယ်။ ကြိုတင်မဲပေးပြီးကတည်းက သူ့ကို ရွာကတောင် ဝိုင်းပြောင်ကြတယ်။ မဲပေးဖို ့စောင့်တာလားလို့။ သားသမီးရ ယောက်ရှိတယ်။ မဲထည့်ချိန်မှာ သွေးပေါင် က ၆ဝ နဲ့ ၄ဝ ရှိပြီး ညနေကျ ဆုံးတာပဲ။ မဆုံးခင်ရက်ပိုင်း အလိုမှာ နားထဲမှာ အိုးဝေ ….ဆိုပြီး အသံကြားနေရပြီး တစ်ရွာလုံး အိုးဝေဖြစ်နေပြီ …လို ့ ပြန်ပြောပြခဲ့သေးတယ်” ဟူ၍ ဦးစံလွင်ဧ။်ဇနီး အဘွားဒေါ်ညိုက ပြောပြခဲ့သည်။

    1 April 2012 1:15 PM

    ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင် ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂၁ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇ရ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇ဝ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ဝရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။

    1 April 2012 1:14 PM

    ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာတွင် မဲပေးခွင့်မရသူ ၃၅ဝကျော် ရှိကြောင်း တွေ့ရသည်။ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ပွင့်ဖြူတစ်မြို့နယ်လုံးတွင် ၅၀%ကျော် မဲပေးပြီးဖြစ်ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဦးတင့်လွင်က “နိုင်မယ်လို့ ယုံကြည်ထားတယ်။ အောက်ခြေအထိ ဆင်းထားတာမို့လို့ပါ။ ကျွန်တော်က ဒီနယ်သားလည်း ဖြစ်ပါတယ်။ ကျွန်တော်လဲ အခုမဲပေးပြီးသွားပါပြီ။ ရွာတွေအထိ လိုက်ဆင်းကြည့်ရာမှ မဲပေးခွင့်ရှိတဲ့သူ မဲပေးခွင့်မရတာ သေပြီးသားသူ မဲစာရင်းထဲမှာ ပါတာ အများကြီး တွေ့ရပါတယ်။ ဒါပေမယ့် အခုက အရင်တစ်ခေါက်ထက် ပိုပြီး လွတ်လပ်မျှတတယ်၊ အရင်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ ဌာနဆိုင်ရာတွေက မျက်နှာထိ မျက်နှာထားနဲ့ဆိုတော့ ပြည်သူတွေက ကြောက်ကြတယ်။ အခုတော့ ပိုအဆင်ပြေလာတယ်လို့ ဆိုရမှာပါ။” ဟု ပြောကြားခဲ့သည်။ ပွင့်ဖြူမြို့နယ် မုန်းဇလဲ ကျေးရွာတွင် မနက် ရ နာရီ ၄မိနစ်၌ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ဦးမြင့်စိုး မနက် ၈ နာရီ ၂၉ မိနစ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် မနုနုအောင် တို့သည် မဲရုံအတွင်း မဲစာရင်းခုံ နံပတ် ၁ ၌ ထိုင်ကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်ဟု သိရသည်။ ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းများနှင့် Myanmar Egress မှ လူများတွဲဖက်လိုက်ပါလျက် ရှိသည်ဟု သိရသည်။ ပွင့်ဖြူမြို့နယ်သို့ ပြည်ထောင်စုကော်မရှင် အဖွဲ့ဝင်တစ်ဦး လာရောက် ကြည့်ရှုခဲ့သည်ဟုလည်း သိရှိရသည်။

    1 April 2012 1:11 PM

    နေ့လည် ၁၂း၄ဝ မိနစ် သတင်းများအရ ကလောမြို့နယ် ဟဲဟိုး၊ ပဲယင်းတောင်ကျေးရွာအုပ်စု၊ ပေါင်းတင်ကျေးရွာ မဲရုံ အမှတ် (၂)တွင် မဲပေးခွင့်ရရှိသူ ၃၄၃ ယောက်ရှိ။ မဲစာရင်းရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုးမှ ၅၂မဲ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၂၂မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅မဲ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၉ မဲ၊ ပဲမယ် ၇၆ မဲ ဖြစ်သည်။ အမက ၁၂ အောင်ပန်းမဲရုံ မဲရုံရှေ့တွင် မဲပေးခွင့်စာရင်းတွင်မပါရှိ၍ မကျေမနပ်ဖြစ်နေသူ အချို့ရှိနေပြီး ထိုသူများမှ မဲရုံမှုူးကို ဝင်ပြောမည်လုပ်နေ၍ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက မဲပေးခွင့်ရှိသူများ ကျန်ရှိနေပြီး မဲရုံပိတ်ခံရမည်စိုး၍ အငြင်းပွားမှုမလုပ်ရန် မေတ္တာရပ်ခံ၍ အဆင်ပြေသွားသည်ဟု သိရှိရသည်။

    w57_03_45
    မော်လမြိုင်မရမ်းကုန်းမဲရုံ-၁တွင် အင်ဒိုနီးရှားသံအမတ်ကြီး HE MR. SEBASTIANUS SUMARSOA အဖွဲ့လေ့လာစဉ်၊

    w57-03-45
    မော်လမြိုင် ပန်းပဲတန်းမဲရုံ-၁တွင် အင်ဒိုနီးရှား သံအမတ်ကြီး မေးမြန်းနေပုံ

    1 April 2012 12:47 PM

    သုံးခွမြို့ပေါ်တွင် နေ့လည် ၁၂နာရီခွဲထိ မဲပေးခွင့်ရှိသူဦးရေ ၃ ပုံ ၂ ပုံ မဲပေးပြီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

    1 April 2012 12:44 PM

    “၂၀၁ဝ ရွေးကောက်ပွဲတုန်းတော့ မြကုန်းကျောင်းတိုက်မှာ ရဟန်းဝတ်နေလို ့မပေးခဲ့ရဘူး။ ဒီနေ့တော့ သွားထည့်ဖြစ်တယ်။ စိတ်ဝင်စားသူတွေလည်းများတယ်လေ။” ဟူ၍ ပုလဲမြို့မှ ဦးတင်မောင်ဝင်းက ပြောပြခဲ့သည်။ ပုလဲမြို ့ပေါ်တွင် မဲရုံ ၂ ရုံ ရှိရာ ပုလဲမြောက်ပိုင်းရပ်ကွက်မဲဆန္ဒ နယ် (၁)တွင် မဲပေးနိုင်သူ၁၄၈၄ ယောက်ရှိကြောင်း ပုလဲမြို ့မှ ရပ်/ကျေး ကော်မရှင် ဥက္ကဌ ကိုမြတ်မိုး ကပြောပြခဲ့သည်။ ပုလဲတောင်ပိုင်း မဲဆန္ဒနယ် ၂ တွင် မဲပေးနိုင်သူ ၁၄၆၄ ရှိပြီး ကြို တင်မဲ ၆၄ မဲ ရှိကြောင်း ရပ်/ကျေး ကော်မရှင် ဥက္ကဌ ဦးလှရွှေက ပြောပြခဲ့သည်။

    1 April 2012 12:40 PM

    တန့်ယန်းမြို့နယ် (၈) ရပ်ကွက်တွင် မဲပေးခွင့်ရှိသူ (၆၉၉) ဦးရှိပြိး ၁၂း၁၅ မိနစ်ထိ ကြိုတင်မဲ ၁ဝ မဲ အပါအဝင် (၃၄၆) ဦး ပေးပြီးသွားပြီဖြစ်ကြောင်း။ (၉) ရပ်ကွက်တွင် မဲပေးခွင့်ရှိသူ (၁၄၂၆) ဦးရှိပြီး ၁၂း၁၅မိနစ်တွင် မဲပေးပြီးသူ (၅၄၈) ဦး နှင့် ကြိုတင်မဲ ၁၄ မဲ ရှိပြီဖြစ်ကြောင်း။ ၁ဝ ရပ်ကွက် မဲပေးခွင့်ရှိသူ (၉၆၆) ဦးရှိပြီး ၁၂ ခွဲအချိန်ထိ ဦးရေ (၅၀၀)ကျော်နှင့် ကြိုတင်မဲ ၄ရ မဲ ပေးပြီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

    1 April 2012 12:33 PM

    ပုလဲမြို့နယ်တွင် ကျေးရွာအုပ်စု ၅၉ အုပ်စု ၊မဲရုံပေါင်း ၁၁ဝ ရှိပြီး ကြို တင်မဲ ၁၃၈၄ မဲခန် ့ရှိခဲ့ကြောင်းသိရသည်။ “လက်ပန်းကန် လိုရွာမျိုး မှာ ရှမ်းပြည်နယ်ကို လက်ဖက်ခူးသွားကြတော့ “ကြိုတင် မဲပေးသူတွေများတယ်။ ပုလဲအနောက်ဘက်ပိုင်းရွာတွေ မှာ လက်ဖက်ခူးသွားတာ များတယ်။ ၃ဝ ရက်ရဲ ့ အစောပိုင်းသွားသူတွေအတွက်တော ့ကြိုတင်မဲမပေးလိုက်ရဘူး။ မဲပွဲကို စိတ်ဝင်စား သူတွေများတယ်။

    NLDက ဒေါ်ခင်စန်းလှိုင်အတွက် အမေရေယာဉ် တင်ပေးသူတွေတောင် ရှိတယ်။၂၉ ရက်နေ က အနုပညာသမား တွေလာလိုက်လို့ရော မဲပေးဖို ့ပိုစိတ်ဝင်စားကြတယ်။” ဟူ၍ ပုလဲမြို ့ပေါ်မှ စိုပြေ ထမင်းဆိုင်မှ မခင်မေသန်း ကပြောပြခဲ့သည်။ ပုလဲမြို ့နယ် ပန်းရွာမှ အုပ်ချုပ်ရေးမှူး က “ပန်းရွာမှာ မဲပေးနိုင်သူ ၁၆၆၄ ဦးရှိပြီး မနက်ပိုင်း ၅ခွဲလောက် ကတည်း ကလူစု နေကြတယ်။ မနက် ဂနာရီခွဲမှာလူ ၇၀ဝ မဲပေးခဲ့ပြီး ဖြစ်တယ်။ ၂၀၁ဝ ရွေးကောက်ပွဲတုန်း ကလဲ စိတ်ဝင်စားခဲ ့ကြသလို အဲဒီတုန်း က ညနေ ၃ နာရီလောက်မှာအားလုံးနီးပါး မဲပေးပြီးကြပြီ။” ဟူ၍ ပြောပြခဲ့ သည်။ “ပန်းရွာ မှာက မဲပေးဖို့တော အလုပ်ဖျက်သူတွေများသလို မနက်စောစောမဲပေးပြီးတောသွားသူတွေရှိတယ်။ အိမ်ခြေ ၅၀၅ လူဦးရေ ၂၈၀၅ လောက်ရှိတယ်။မဲစာရင်းမှာ ပါနေပြီး မဲပေးမရသူတွေရှိတယ်။” ဟူ၍ ပန်းရွာသားတစ်ဦးကပြောပြသည်။

    “မနက် ၆ ခွဲလောက်ကတည်းက မဲရုံကို မဲသွားပေးတယ်။ မဲနံပါတ် က ၇၁ ။ မဲရုံထဲမှာ ဘေးကလာမဲပေးတဲ ့ ဦးပြေအေးက ဆွဲလုပြီး ခြင်္သေ့မှာ အမှန်ခြစ်သွားတယ်။ စိတ်မကောင်းဘူး။ ဒေါင်းကို ပေးချင်တာ။”ဟု ပန်းရွာမှ မမိမာ ကပြောပြသည်။

    w57_03_43
    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နေပြည်တော်ရှိ ဇမ္ဘူသီရိမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မဲရုံ ၁ တွင် လာရောက် ဆန္ဒမဲ ပေးမှုအပြီးတွင် တွေ့ရစဉ်

    w57_03_44
    နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်ရှိ ဇမ္ဘူသီရိမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မဲရုံ ၁ တွင် လာရောက် ဆန္ဒမဲ ပေးနေစဉ်

    1 April 2012 12:29 PM

    မဲရုံဖွင့်လှစ်သည့် မနက် ၆ နာရီမှာ မွန်းတည့် ၁၂ နာရီအတွင်း မင်္ဂလာတောင်ညွှန့် မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်များအနက် ဒဂုံဆိပ်ကမ်းမြို့နယ်သည် မဲစာရင်း မှားယွင်းမှု အများဆုံး ဖြစ်သည်ကို တွေ့ရပြီ မဲမပေးရ၍ မကျေနပ်မှုအများဆုံး ဖြစ်ပွားနေသည့် မဲဆန္ဒနယ် ဖြစ်ကြောင်း သိရပါသည်။

    1 April 2012 12:28 PM

    ဒါးပိန်မြို့ရှိ မဲရုံများတွင် မဲစာရင်းများ တွဲလျက် မရှိခြင်းကြောင့် မဲစာရင်း မပါဝင်များ အနေဖြင့် ရပ်ကွက်ရုံးသို့ ထပ်မံသွားရောက်ပြီး ကြည့်ရှု နေရကြောင်း သိရပါသည်။ ထို့အပြင် ၂၀၀၈နှင့် ၂၀၁ဝ ပြည့်နှစ်တွင် မဲပေးခဲ့ သူများအနက် အချို့မှာ ယခု မဲပေးစာရင်း၌ ပါဝင် မလာခဲ့ကြောင်း သိရပါသည်။ မဲစာရင်းတွင် အမည်မပါဝင်မှုများအတွက် သက်ဆိုင်ရာ ကော်မရှင်သို့ အကြောင်း ကြားမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ စာရင်းမပါဝင်ခဲ့ကြောင်း သိရပါသည်။

    1 April 2012 12:27 PM

    ကော့မှူးမြို့နယ် ရေကျော်ရပ်ကွက် ညောင်လုံကျေးရွာတွင် ထွက်ပေါ်ခဲ့သော မဲရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ရ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ရ မဲ ရရှိခဲ့ကြောင်း သိရပါသည်။

    1 April 2012 12:26 PM

    မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မဲပေးခွင့်အရည်အချင်းနှင့် ပြည့်စုံသော်လည်း မဲမပေးရသူ ရာနှင့်ချီကာ ကျန်နေခဲ့၍ မဲပေးခွင့်ရရှိရန် မြို့နယ်ကော်မရှင်တွင် ကြိုးပမ်းနေကြရကြောင်း သတင်းရရှိပါသည်။ လက်ရှိတွင်မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စုအတွင်းရှိ သမ္ဗာန်ချိုင်နှင့်ညောင်လေးပင်ကျေးရွာနှစ်ရွာတွင် မဲပေးခွင့်ရှိသူ၁၂ဝမှာ မဲပေးခွင့်မရ၍ စုစည်းကာမြို့နယ်ကော်မရှင်သို့ တင်ပြရန်ပြင်ဆင်နေကြာင်း သိရ။ အဆိုပါကျန်ရစ်ခဲ့ရူသူများမှာ သန်းခေါင်စာရင်းမူရင်း၊ မှတ်ပုံတင်မူရင်းများ လက်ဝယ်ရှိပြီး ကျေးရွာတွင် နှစ်ပေါင်း နေထိုင်လာသူများဖြစ်ကြောင်း သိရသည်။ မြောင်းမြမြို့နယ်၊ မြို့ပေါ်တွင် မျက်မမြင် ၇၅ နှစ်အရွယ် မျက်မမြင် အဖွားအိုနှစ်ဦးဖြစ်သည့် ဒေါ်ယုံနှင့်ဒေါ်စောရီတို့ မြေးဖြစ်သူ၏ အကူအညီဖြင့် မဲသွားထည့်ရာတွင် မဲများမဲရုံမှူးမှ သူကိုယ်တိုင် ရေးခြစ်တင်လိုက်ကြောင်း သတင်းရရှိ။

    1 April 2012 12:19 PM

    ဖျာပုံရပ်ကွက် ၁၆ ရပ်ကွက် မဲရုံအမှတ် (၃) (၄)တွင့် ရှိတဲ့ မဲဆန္ဒရှင် ၁၀ဝ ခန့် မဲစာရင်းမပါရှိပဲဖြစ်နေကြောင်း။ ပထမထုတ်ပြန်ထားသည့် စာရင်းတွင် မပါရှိ၍ သွားပြောထားခဲ့သည့် လူအချို့လဲ အခု ပြန်ပါမလာကြောင်း။ ခွပ်ဒေါင်းအတွက် ဆန္ဒပြုလုပ်ရမည့်နေရာတွင် ဖယောင်းသုတ်ထားသည်ဟု မဲပေးခွင့်ရခဲ့သူ ဒေသခံအချို့ကပြောသည်။ ခရီးသွားရမည့်သူ၊ ပိုက်ချသွားမည့်သူအချို့သည် ကြိုတင်မဲထည့်ရန် ကြိုးစားသည့်အခါ ထည့်ခွင့်မရသည့်သူများ ရှိသည်ဟု သိရသည်။

    1 April 2012 12:15 PM

    ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ရှိသည့် မဲပေးခွင့်အတွက် ကြိုတင်ထုတ်ပြန်ထားသည့်စာရင်းတွင် ပါရှိသော်လည်း ယနေ့လာရောက်ပေးသည့်အခါ နာမည်မပါဝင်၍ မကျေမနပ်ဖြစ်နေကြကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မဲဆန္ဒရှင်များထံမှ သိရှိရသည်။ မှတ်ပုံတင်တွင် နံပါတ်မပီသသည့်အတွက် အိမ်ပြန်၍ သန်းခေါင်းစာရင်းပြန်ယူခိုင်းသဖြင့် အိမ်ပြန်ရသူများရှိနေကြောင်းလည်းသိရှိရသည်။ သန်းခေါင်စာရင်းတစ်ခုထဲပါဝင်သော မိသားစုတစ်စုထဲ၌ပင် မဲစာရင်းတွင် မပါဝင်သဖြင့် မဲမပေးရသူများရှိကြောင်း။ ကိုယ်အင်္ဂါကောင်းကောင်းမလှုပ်ရှားနိုင်သော်လည်း ကြိုတင်မဲပေးလိုက်ပါက မသမာမှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ကိုယ်တိုင်လာပေးသည့် ကိုယ်အင်္ဂါကောင်းကောင်းမလှုပ်ရှားနိုင်သူများ များပြားနေသည်ကိုလည်း တွေ့ရကြောင်း သိရှိရသည်။

    w57_03_42
    မဟာအောင်မြေ အနောက်ရပ်ကွက် မဲရုံ(၃)သို့ အိနိ္ဒယမှ မဏိပူရ၊ အာသံ ရွေးကောက်ပွဲ ကော်မရှင်မှ လာရောက်လေ့လာပုံ
    w57_03_41
    မဟာအောင်မြေ အနောက်ရပ်ကွက် မဲရုံ(၃)သို့ အိနိ္ဒယမှ မဏိပူရ၊ အာသံ ရွေးကောက်ပွဲ ကော်မရှင်မှ လာရောက်လေ့လာပုံ

    w57_03_40
    ပုလဲမြို့နယ် မဲပေးမှုမြင်ကွင်း

    1 April 2012 11:58 AM

    မင်းကင်းမြို့နယ်၏ နောက်ဆုံးအခြေအနေများ – မဲဆန္ဒပေါ်မှာ အမှန်ခြစ် ခြစ်လို့မရတဲ့ မဲစာရွက်များကို မဲရုံတွေက စာရွက်အသစ် မလဲပေးကြောင်းသိရ။ – ကြိုတင်မဲပေးသောအခါ မဲစာရွက်ပေါ်မှာ ရှိတဲ့ ခွပ်ဒေါင်းအကွက်မှာ ဖယောင်းသုတ်ထားတာ တွေ့ရတယ်။ – ကြိုတင်မဲစာရင်းကို မတ်လ ၃၁ နေ့ ညနေ ၆ နာရီမှာ နောက်ဆုံးပေးရမည်ဖြစ်သော်လည်း ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းမှ ကြိုတင်မဲစာရင်းများ ရရှိဟု မြို့နယ် NLD ကပြောသည်။ – အချို့ကျေးရွာများတွင် မဲပေးရာနေရာ၌ ကျေးရွာအုပ်ချူပ်ရေးမှုးများက စောင့်ကြည့်နေမှုများကြောင့် မဲပေးသူများသည် လွတ်လပ်စွာမဲပေးခွင့်ပုံစံမရရှိဟု ခံစားရ။ – ပုံစံ၁ရနဲ့ ၁၈ စာရွက်များကို ရပ်ကျေးကော်မရှင်က လက်မှတ်မထိုးပေးတဲ့ ကိစ္စများဖြစ်။ အဆိုပါ ဖြစ်ပွားရာ ရွာများသည် ညောင်ကိုင်းကျေးရွာ၊ ကန်ကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ ဝါးရဲကျေးရွာ၊ ဆည်ချောင်းကျေးရွာ၊ ယားကျေးရွာ၊ ကျောက်မှော်ကျေးရွာ၊ ကူလဲကျေးရွာ၊ ပိက္ခယားကျေးရွာ၊ ပသေးကျေးရွာ၊ ကြာပင်ကျေးရွာ၊ ကျော်ရွာ၊ တို့ဖြစ်သည်။

    1 April 2012 11:57 AM

    ကော့မှူးမြို့နယ် ပြည်တော်သာ ရပ်ကွက်ရှိ မဲရုံ၌ မဲဆန္ဒရှင် ဒေါ်တင်တင်အေး၏ မဲလက်မှတ်လက်တွင် အမှန်ခြစ်ရမည့် နေရာ၌ ဖယောင်းသုတ်ထားပုံစံ ဖြစ်နေပြီး မင်ချော် ခဲ့ခြင်းကြောင့် မဲစာရင်း လက်မှတ်အား ပြန်လဲပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း မဲရုံ တာဝန်ရှိသူများမှ လဲ မပေးခဲ့ကြောင်းနှင့် မဲလက်မှတ်မှာ တစ်ဦးလျှင် တစ်စောင်သာ ထုတ်ပေးခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရပါသည်။

    1 April 2012 11:55 AM

    ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာအချို့ ၁။ ကန်တော်လေး အနောက်ရပ်ကွက်ရှိ မဲရုံအမှတ် ၂ တွင် လူတစ်ဦးက ၃ ကြိမ် မဲထည့်ခဲ့ကြောင်း သိရသည်။ ၂။ ဖဆပလ ရပ်ကွက်ရှိ မဲရုံအမှတ် ၃ တွင် ကြိုတင် မဲစာရင်းများအား ဧပြီလ ၁ရက်နေ့ နံနက်၁ဝနာရီခန့်အထိ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ၃။ သာယာကုန်း ရပ်ကွက်ရှိ မဲရုံအမှတ် ၄ တွင် မဲပေးကြသူများအား စာရင်းတွင် လက်မှတ် ရေးထိုးခိုင်းခြင်းမရှိဘဲ မဲပေးစေခဲ့ကြောင်း သိရသည်။ ၄။ ကျီတော်ရပ်ကွက်ရှိ မဲရုံအမှတ် ၁ တွင် မဲပေးရမည့် နေရာတွင် ဖယောင်း သုတ်ထားခြင်းကြောင့် အမှန်ခြစ်၍ မရခဲ့ကြောင်း မဲပေးခဲ့သူအချို့မှ ပြောကြားခဲ့သည်။ ၅။ မလွှကုန်းရပ်ကွက်ရှိ မဲရုံအမှတ် ၂၊ ၃ တွင် ယခင် ထုတ်ပေးခဲ့သည့် မဲစာရင်းနှင့် အတည်ပြုမဲစာရင်းမှာ ကွာခြားနေကြောင်း သိရှိရသည်။

    1 April 2012 11:50 AM

    မင်္ဂလာတောင်ညွန့် မြို့နယ်မှ NLD ကိုယ်စားလှယ်လောင်း မဖြူဖြူသင်း၏ ပြောကြားချက်များ ဒီနေ ့ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေက ခုလိုက်ကြည့်ရသလောက်တော့ တော်တော်လေး အခြေအနေ ကောင်းပါတယ်။ ဒါပေမယ့် စက်ဆန်းက မဲရုံ ၂ ရုံမှာ တော့ မဲပုံးတွေ ထားတဲ့ပုံစံလွဲနေတဲ့ အတွက် မြို့နယ်ကော်မရှင်ကို အကြောင်းကြား ထားပါတယ်။ အမှန်ဆိုရင် မဲပုံးက အရှေ့က၊ လူက အနောက်က ဖြစ်ရမှာ။ ခုစက်ဆန်းက မဲရုံ ၂ ရုံမှာ ပြောင်းပြန် ဖြစ်နေတယ်။ ခရိုင်ကောက်မရှင်ကလည်း ဝင်ကြည့်နေပါတယ်။ ဒါကလွဲပြီး ကျန်တဲ့နေရာတွေမှာ တော်တော်လေးကို အေးအေးဆေးဆေး ရှိပါတယ်။ ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ အရမ်းအားရတယ်။ ၁ဝမဲ ၁၅မဲထက် ပိုပြီးမကြားရဘူး။

    w57_03_39
    တပဝတီရပ်ကွက်မဲရုံတစ်ခုသို့ မဲလာပေးသော သက်ကြီးတစ်ဦး

    w57_03_38
    တပဝတီရပ်ကွက်ရှိမဲရုံတစ်ခုတွင် မဲပြားထုတ်ယူရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်

    w57_03_37
    သာယာအေးရပ်ကွက် မဲရုံအမှတ် ၂ တွင် မဲပြားထုတ်ယူရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်

    1 April 2012 11:42 AM

    တံတားဦးမြို့ပေါ်တွင် အမှတ် ၁ နယ်မြေ၊ အမှတ် ၂ နယ်မြေ၊ အမှတ် ၃ နယ်မြေ နယ်မြေ ၃ ခုရှိရာ မဲရုံပေါင်း ၁၆ ရုံရှိကြောင်း၊ ရွာပေါင်း ၁၆ရ ရွာ နှင့် ၆၄ အုပ်စုရှိပြီး မဲပေးနိုင်သည့် လူဦးရေ ၉ သောင်းကျော်ရှိကြောင်း သိရသည်။

    1 April 2012 11:40 AM

    “တွေ့ခဲ့ရတဲ့ တစ်လျှောက်လုံးမှာ မဲစာရင်း ချွတ်ချော်မှုက အများဆုံးပါပဲ။ နောက်ပြီးရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားသလိုပါပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး”ဟု ဟံသာဝတီ ဦးဝင်းတင်က စစ်ကိုင်းမြို့ ချင်းစုရပ်ရှိမဲရုံ၌ ရောက်ရှိနေခိုက် မေးမြန်းခဲ့တွင် ပြန်လည်ဖြေကြားသွားခဲ့သည်။

    w57_03_36
    ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မဲရုံတစ်ရုံတွင် မဲလာရောက်ပေးသူများအား တွေ့ရစဉ်

    w57_03_35
    ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မဲရုံတစ်ရုံတွင် မဲလာရောက်ပေးသူတစ်ဦးအား တွေ့ရစဉ်

    1 April 2012 11:31 AM

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နံနက် ၁၁ နာရီကျော် အချိန်တွင် နေပြည်တော်ရှိ ဇမ္ဘူသီရိမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မဲရုံ ၁ သို့ လာရောက် ဆန္ဒမဲ ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

    1 April 2012 11:28 AM

    ကျောက်ပန်းတောင်း မြို့နယ်တွင်း မဲပေးမှုနှင့် မဲရုံများ အခြေအနေ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်ကြီးများဖြစ်သော သာယာအေး၊ တပဝတီ၊ ဈေးကွက်သစ် ရပ်ကွက်များတွင် မဲရုံစဖွင့်ချင်း နံနက် ၆နာရီ အချိန်တွင်ပင် မဲလာရောက်ပေးသူ အချို့ရှိခဲ့ကြောင်း သိရသည်။ မဲရုံစဖွင့်ဖွင့်ချင်း နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် သာယာအေးရပ်ကွက်၏ မဲရုံအမှတ် ၅ တွင် အသုံးပြုနေသော မဲပြားများတွင် မဲထည့်ရသည့် မဲပြားများတွင် သက်ဆိုင်ရာ မဲကော်မရှင် တံဆိပ်ဝိုင်းမပါရှိဘဲ မဲရုံမှူးလက်မှတ်သာ ပါရှိခြင်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဇော်မြင့်မောင် မှ တွေ့ရှိခဲ့သောကြောင့် သတ်မှတ်စည်းကမ်းနှင့် မညီဟုဆိုကာ ယင်းမဲရုံတွင် မဲပေးခြင်းအား ခေတ္တရပ်ထားစေခဲ့ကြောင်း၊ ထို့နောက် ကျောက်ပန်းတောင်းမြို့နယ် ကော်မရှင်ဥက္ကဌ ထံသို့ ဆက်သွယ်မေးမြန်ခဲ့ရာ ကြိုတင်မဲပြားတွင်သာ ကော်မရှင်တံဆိပ်ဝိုင်းပါရှိပြီး ယခုပေးနေသည့် မဲပြားများတွင် ကော်မရှင်တံဆိပ်ဝိုင်း မပါရှိကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် ယင်းမဲရုံတွင် မဲပေးခြင်းအား ပြန်လည်ပြုလုပ်စေခဲ့ကြောင်း သိရသည်။

    မဲရုံများကို စာသင်ကျောင်း၊ ဓမ္မာရုံစသော နေရာများတွင် ဖွင့်လှစ်ထားပြီး အဆိုပါရပ်ကွက်များတွင် နံနက် ရ နာရီခွဲနှင့် ၉ နာရီခွဲကြားအချိန်တွင် မဲလာရောက်ပေးသူမှာ မဲရုံစဖွင့်သည့် အချိန်ထက် ပိုမိုများပြားကြောင်း သိရသည်။ သာယာအေးရပ်ကွက်၏ မဲရုံအမှတ်(၁)တွင် မဲရုံဖွင့်ဖွင့်ချင်း ပထမဆုံး မဲလာရောက်ပေးသူ တစ်ဦးက “ အိမ်မှာလည်း အလုပ်တွေရှိသေးတာနဲ့ မဲရုံဖွင့်ဖွင့်ချင်းမှာ မဲ လာပေးဖြစ်တာပါ။ မဲပေးတဲ့သူတွေထဲမှာ ကိုယ်က ပထမဆုံးဖြစ်နေတယ်။ မဲရုံထဲမှာ ပေါ့ပေါ့ပါးပါး ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးခွင့် ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်”ဟု ပြောပြခဲ့သည်။ မဲရုံများအနီး ပတ်ဝန်းကျင်တွင် လုံခြုံရေးပိုင်းအား တင်းတင်းကျပ်ကျပ် ချထားခြင်းမျိုး မရှိကြောင်း သိရသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို သက်ဆိုင်ရာမှ ကြေညာပေးခြင်းအား နည်းခဲ့ခြင်းကြောင့် အချို့မဲစာရင်း ပါဝင်သော်လည်း မသိရှိခဲ့ကြောင်း၊ အချို့မှာမူ မဲစာရင်းကပ်သည်ကို သိပြီးသွားကြည့်သော်လည်း မိသားစုအလိုက် မဲစာရင်းမပါဝင်သည့်ဖြစ်ရပ်များရှိနေသည်။

    “မဲစာရင်းကို ရပ်ကွက်ထဲမှာ ကြေညာတာမကြားရဘူး။ မနေ့ကညကလည်း မကြေညာဘူး။ ပြီးခဲ့တဲ့ ၂၀၁ဝ တုန်းကဆိုရင် ရပ်ကွက်ထဲမှာ မဲလာပေးဖို့ကို အသံချဲ့စက်နဲ့အသိပေးတယ်။ အခုတော့ အနားကပ်မှ မဲစာရင်းကို မနည်းလိုက်ရှာကြည့်ရတယ်။ အခုတော့ မဲထည့်ပြီးပြီ။ ထည့်ခဲ့တဲ့ပါတီကတော့ NLD ပေါ့ဗျာ”ဟု သာယာအေးရပ်ကွက်ရှိ မရုံအမှတ် ၄ သို့ မဲလာရောက်ပေးသူတစ်ဦးက နံနက် ၉ နာရီခွဲ အချိန်ခန့်က ပြောကြားခဲ့သည်။ “NLD ကိုမဲပေးပါတယ်။ ကျေကျေနပ်နပ်ကြီးကို မဲပေးခဲ့တာပါ။ မဲရုံထဲမှာလည်း မဲပေးရတာ အဆင်ပြေပါတယ်” ဟု တပဝတီရပ်ကွက်ရှိမဲရုံတစ်ခုသို့ လာရောက် မဲပေးခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က “ ဒီအခေါက် ယှဉ်ပြိုင်တဲ့နေရာမျာ မဲရုံ ကိုယ်စားလှယ် တွေရဲ့ အခြေအနေက မဆိုးဘူးလု့ိ့ပြောရမှာပါ”ဟု ပြောကြားခဲ့သည်။ တပဝတီရပ်ကွက်၏ မဲရုံအမှတ် ၁ တွင် မဲစာရင်းတွင် မပါဝင်သူတစ်ဦးက မဲရုံတွင် မဲလာပေးသည်ကို မဲရုံတာဝန်ရှိသူများက မဲစာရင်းတွင် မပါရှိခြင်းကြောင့် မဲပေးခွင့်မရှိကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်ကို မဲပေးသူ မကျေနပ်သဖြင့် မဲပေးသူနှင့် မဲရုံတာဝန်ရှိသူတစ်ဦး အကြား အချေအတင် စကားများမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    1 April 2012 11:27 AM

    ပုဗ္ပသီရိ မဲဆန္ဒနယ်တွင် သွားရောက်မဲပေးခဲ့သူ ကိုတင်မောင်ဝင်း အသက် ၂ဝ နှစ်သည် ၎င်း၏ ကိုယ်စား မဲပေးထားသူရှိပြီး ဖြစ်နေ၍ မဲပေးခွင့်မရရှိခဲ့ကြောင်း ၊ ရေးထိုးထားသည့် လက်မှတ်မှာလည်း ၎င်း၏ လက်မှတ် မဟုတ်ဘဲ တစ်ခြားသူတစ်ဦး၏ လက်မှတ်ထိုး၍ မဲပေးထားခြင်းဖြစ်ကြောင်း ပြောပြခဲ့ပြီး ယင်းကဲ့သို့ ကိုယ်စား မဲထည့်ထားမှုများ များစွာကြုံတွေ့နေရသည်ဟု သိရှိရသည်။

    w57_03_32
    တောင်ကြီးမြို့ မဲပေးမှုမြင်ကွင်း

    w57_03_33
    တောင်ကြီးမြို့ မဲ

  • Burmese or Chinese

    April 1, 2012 at 2:10 pm

    Eleven Media Group
    ပုလဲမြို့နယ် ပဲခင်းမ ကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၉၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင့်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၈ရ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၂၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၆ မဲ ရှိခဲ့ကြောင်း သိရသည်။

  • Burmese or Chinese

    April 1, 2012 at 2:11 pm

    Eleven Media Group
    ပုလဲမြို့နယ် ဇီးရင်းကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၈၂ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၆၁ မဲနှင့် ပယ်မဲ ၂ မဲ ရှိခဲ့ကြောင်း သိရပါသည်။
    7Day News Journal
    Update 1:57
    မကွေးမြို့ မကြီးကန်ကျေးရွာအုပ်စုအတွင်းရှိ ပုထိုးစမ်းကျေးရွာတွင် မဲပေးခွင့်ရသည့် လူဦးရေ ၃၃ရ ဦးရှိပြီး၊ NLD ပါတီမှ အနိုင်ရရှိသွားကြောင်း သိရသည်။
    NLD ပါတီမှာမဲအရေတွက် ၂၅ဝ ကျော်၊ ပြည်ခိုင်ဖြိုးမှ ၈ဝ ကျော်၊ တစညမှ ၂ မဲနှင့် NDFမှ ၁ မဲ အသီးသီးရရှိထားကြောင်း မကွေးမြို့ NLD အောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်စိန်က အတည်ပြုပြောကြားသည်

  • mgkooo

    April 1, 2012 at 2:13 pm

    နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များ PDF Print
    Sunday, 01 April 2012 14:04
    AddThis Social Bookmark Button

    နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များ

    ဧပြီ ၁ ၁၄:၀ဝ နာရီ

    – ပုလဲမြို့နယ် ကန်သာယာကျေးရွာတွင် မဲပေးနိုင်သူ ၁၆၅ ဦးရှိသည့်အနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၆၃ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲ ၁ မဲဖြစ်ကြောင်း သိရပါသည်။

    – နေပြည်တော် ဥတ္တရသီရိမြို့ရှိ မဲရုံအမှတ် ၇/၁၉ တွင် မဲပေးသူ ၁၉၉ ဦးရှိခဲ့ပြီး ကြိုတင်မဲ ၂၆ မဲ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မဲရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၉၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁ မဲ ရရှိခဲ့ကာ ပယ်မဲ ၁ မဲ ဖြစ်ကြောင်း သိရပါသည်။

    – ပုလဲမြို့နယ် ပဲခင်းမ ကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၉၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင့်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၈ရ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၂၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၆ မဲ ရှိခဲ့ကြောင်း သိရသည်။

    – ပုလဲမြို့နယ် ဇီးရင်းကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၈၂ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၆၁ မဲနှင့် ပယ်မဲ ၂ မဲ ရှိခဲ့ကြောင်း သိရပါသည်။

  • Burmese or Chinese

    April 1, 2012 at 2:17 pm

    Eleven Media Group
    ပုလဲမြို့နယ် ကန်သစ်ကျေးရွာ မဲရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၄ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄၁ မဲ ဖြစ်ကြောင်း သိရသည်။
    7Day News Journal
    Update 2:10
    မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံးမဲပေးပြီးဖြစ်သည့်အတွက် မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၅ မဲရှိခဲ့သည်ဟုသတင်းရရှိသည်။ အင်န်အယ်ဒီပါတီမှ ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှဦးအောင်ဝင်းကြည်တို့ ကျောက်ပန်းတောင်း မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံခဲ့သည်။

    Update : 2.10 pm ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉ဝမဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ရ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်

  • အိမ်လွမ်းသူ

    April 1, 2012 at 2:24 pm

    သတင်း တွေအရ ပုလဲ မြိုနယ် မှာ NLD က Landslide Victory ဟေ။ ပုလဲ မြိုသား တွေတော့ တာဝန် ကျေသွား ပြီပေါ့။

  • Burmese or Chinese

    April 1, 2012 at 2:27 pm

    ကျွန်တော် တိုင်းတစ်ပါးမှာ ကျောင်းတက်နေရလို ့ ဒီကြားဖြတ်ရွေးကောက်ပွဲအတွက် အရမ်းရင်တွေခုန်နေတယ် .. ခုဆိုည 1:00 နာရီတောင်ကျော်ပြီ .. လုံးဝအိပ်လို ့မပျော်ဘူး

  • Burmese or Chinese

    April 1, 2012 at 2:34 pm

    Eleven Media Group
    မဲရုံများ ပိတ်ရန် မိနစ် ၉ဝ သာ ကျန်ရှိတော့သဖြင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သတင်းထောက်များ အနေဖြင့် မြို့နယ်ကော်မရှင်ရုံးများသို့ သွားရောက် စောင့်ဆိုင်းကြရန် အမျိုးသားဒီမိုကရေစီ ရုံးချုပ်တွင် ဖွင့်လှစ်ထားသော News Stations မှ သတင်းထုတ်ပြန်ချက်များ ဆက်တိုက် ပြုလုပ်နေပါသည်။

  • အိမ်လွမ်းသူ

    April 1, 2012 at 2:35 pm

    ဟုတ်တယ် ကို Burmese or Chinese ရေ။ ရေခြား မြေခြား မှာရှိ နေတဲ အခြား သော မြန်မာလူမျိုး များလဲ ကျွန်တော်တို့ နဲ့ ထပ်တူ ရင်ခုန်စွာစောင့် စား နေကြမှာ အသေအချာ ပါပဲ။

  • Gipsy

    April 1, 2012 at 2:50 pm

    အားလုံး ရင်ခုံစွာ နဲ့ စောင့်မျှော်နေဆဲပါဗျား။
    မိုးနတ်မင်းကြီးရဲ့ အလိုတော်အတိုင်းဖြစ်ပါစေ ။

  • Burmese or Chinese

    April 1, 2012 at 2:50 pm

    Eleven Media Group
    ကလောမြို့နယ် ဟဲဟိုး ဘောဆိုင်း တံတာကန်း မူလွန် မဲရုံ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၁ဝ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသား ညီညွတ်ရေး ပါတီက ၁၂ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ရမဲနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာမူ အဆိုပါ မဲရုံ၌ မဲရရှိခဲ့ခြင်း မရှိကြောင်း သိရသည်

  • Uncle Lay

    April 1, 2012 at 2:51 pm

    “ကော့မှူးက နောင်လုံရွာမှာ ဒေါ်စုနိုင်နေပြီ”

    ကော့မှူးမြို ့နယ် ရေကျော်ကျေးရွာအုပ်စု နောင်လုံရွာတွင် ယနေ့နေ့လည် ၁၂နာရီက မဲပေးခွင့်ရှိသူ အရေအတွက် ပြည့်သွားသည့်အတွက် မဲရုံပိတ်ပြီး ရရှိသည့် မဲများရေတွက် စာရင်းထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က (၂၁၇) မဲ ၊ ဒေါက်တာစိုးမင်းက (၃၇)မဲ ၊ ပယ်မဲ (၁)ဖြင့် ဒေါ်အောင်ဆန်း စုကြည်မှ အပြတ်အသတ်အနိုင် ရရှိနေကြောင်း သိရသည်။

    ကျဉ်တောင်ကန်ကျေးရွာအုပ်စု ၉ဝ ရာနှုန်းမဲပေးနိုင်
    နေပြည်တော်ကောင်စီနယ်မြေ ပုဗ္မသီရိမြို့နယ် ကျဉ်တောင်ကန်ကျေးရွာအုပ်စုကျဉ်တောင်ကန် အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံ၌ မွန်းလွဲ ၁၁ ခွဲဝန်းကျင်ခန့်တွင် ပေးခွင့်ရှိသူ အားလုံး၏ ၉ဝ ရာနှုန်းမဲပေးပြီးဖြစ်ကြောင်းသိရသည်။Popular News ဂျာနယ်က မဲရုံမှ ကိုက် ၅၀ဝ အကျော် ဧရိယာအတွင်း၌ မဲပေးပြီးထွက်လာသူ ဦးရေ ၂ဝ ခန့်အားစုံစမ်းမေးမြန်းရာ ပြည်ခိုင်ဖြိုးပါတီ အားမဲပေးခဲ့ကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။ ယင်းအချိန်ထိ မဲပေးခွင့်ရှိသူ ၉၃ဝ ဦးအနက် ၈၆၆ ဦးမှာ မဲပေးပြီးဖြစ်ကြောင်းသိရသည်။

    မြန်မာ့ဂုဏ်ရည်လမ်းရှိ NLD ရုံးသို့ ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးသည် ယနေ့နံနက် ဆယ်နာရီလေးဆယ့်ငါးမိနစ်အချိန်တွ
    င်ရောက်လာခဲ့သည်။
    ဦးတင်ဦးအား ယနေ့ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရာ “ကြိုတင်မဲနဲ့ပတ်သက်လို့နည်းနည်းပါးပါးရှိတယ်။ ကြိုတင်မဲတွေဘာတွေကတော့ အရင်လိုပါပဲ။ အသံတွေလဲကြားပါတယ်။ ဖယောင်းသုတ်တဲ့ ကိစ္စတွေလဲကြားပါတယ်။ နောက်တစ်ခုက မင်းတို့ကြိုက်တဲ့ NLD ကိုအမှန်ခြစ်လိုက်၊ ကျန်တာတွေကို အမှားခြစ်လိုက်ပေါ့ကွာ ဆိုတာတွေလဲကြားပါတယ်။ ခုလောလောဆယ်တော့ မဲအခြေအနေကိုပြောလို့မရသေးဘူး။ အလားအလာတော့ကောင်းပါတယ်။ ကျွန်တော်တို့မှန်းထားတာကတော့ တစ်ပြည်လုံးမှာ ၆ဝ ၆၅ ရာခိုင်နှုန်းလောက်နိုင်မယ်ထင်တာပဲ”ဟုပြောကြားခဲ့သည်။
    ၁၁ နာရီ ၂ဝ မိနစ်တွင် ပြန်လည်ထွက်ခွာသွားသည်။

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီး နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (မြို့မဈေး)အနီးရှိမဲရုံသို့မဲ
    ပေးရန်အတွက် ဧပြီလ (၁) ရက်နေ့ (၁၁)
    နာရီဝန်းကျင်ခန့်တွင်ရောက်ရှိ မဲဆန္ဒပြုခဲ့ကြသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီး မဲဆန္ဒပြုပြီးနောက် ၁၅မိနစ်ခန့်အကြာတွင်နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဇနီးတို့လည်းလာရောက်မဲ
    ဆန္ဒပြုခဲ့ကြောင်းသိရသည်။

    “ပြင်ဦးလွင် တွင် မဲပေးချင်သူများ ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒ ထုတ်ဖော်နေဟု သိရ”

    ပြင်ဦးလွင် ကျေးရွာများရှိ မဲဆန္ဒနယ် အချို ့တွင် မဲစာရင်းတွင် နာမည် မပါဝင်ခြင်းကြောင့် မဲပေးခွင့် မရသူများသည် ” ကျွန်မတို ့မဲပေးချင်ပါ တယ်ဆို သော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်မှုများ ရှိနေသည်ဟု ပြင်ဦးလွင်ရောက် သတင်းထောက် တစ်ဦးကပြောသည်။

    လှည်းကူးမြို ့နယ် ရဲမွန်ပညာရေးရုံးနှင့် ခမရ(၇၀၉)တွင် ဖွင့်လှစ်ထားသည့် မဲရုံများ၏ စုစုပေါင်း မဲစာရင်းရလဒ် များကို ယနေ့ နံနက် ၁ဝနာရီ ၁၅မိနစ် ခန် ့က ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။ ယင်းမဲစာရင်းမှာ ခမရ(၇၀၉) တွင် ပြည်ခိုင်ဖြိုးမှ ၁၆၄မဲ ၊ NLD မှ ၄မဲ ၊ ပယ်မဲ (၁၆)မဲဖြစ်ကြောင်း၊ ရဲမွန် ပညာရေးရုံးတွင် ပြည်ခိုင်ဖြိုးမှ ၁၂၈မဲ၊ NLDမှ ၈မဲ ဖြစ်ကြောင်းသိရသည်။

    ပခုက္ကူမြို့နယ် အမှတ်(၁၃)ရပ်ကွက် မဲအိုးတန်းရပ်ရှိ မဲရုံတွင် သက်ဆိုင်ရာမဲရုံမှူးမှ မဲပေးရာတွင် အသုံးပြုရန်အတွက် အစိမ်းရောင် ဘောပင်ကိုချထားပေးကြောင်း၊ မင်အစိမ်းဖြင့်မဲပေးခြင်းသည် ပယ်မဲဖြစ်ကြောင်းပြောဆိုမှသာလျှ
    င် မင်အရောင်ပြန်လဲပေးကြောင်း သတင်းရရှိသည်။

    Popular Myanmar News Journal

  • Burmese or Chinese

    April 1, 2012 at 2:52 pm

    Eleven Media Group
    ဟဲဟိုးမြို့နယ် ကျောက်ပေါက်ရွာ မဲရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၉မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၅ရမဲ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁ မဲရရှိခဲ့ပြီး ပယ်မဲ ၁၈ မဲ ရှိခဲ့ကြောင်း သိရပါသည်

  • Burmese or Chinese

    April 1, 2012 at 2:57 pm

    Eleven Media Group
    ကလောမြို့နယ် အောင်ပန်း၊ ထနောင်း၊ ကမ်းပါးနီမဲရုံ၌ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၃ရ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁ရ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၁ မဲနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၃ဝ ရှိခဲ့ကြောင်း သိရသည်။

  • Burmese or Chinese

    April 1, 2012 at 3:02 pm

    National League for Democracy
    လောင်းလုံမြို့နယ်မှအဖွဲ့ချုပ်ကိုယ်စားလှယ်ဦးအောင်စိုးမှာနေရာအများအပြားတွင်းအနိုင်ရရှိသွားပြီဟုသိရသည်။

  • Burmese or Chinese

    April 1, 2012 at 3:24 pm

    Eleven Media Group
    မကွေး TTC မဲရုံ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၆ဝ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂ မဲ ရရှိခဲ့ပြီး ပယ်မဲ ၅ မဲရှိခဲ့ကြောင်း သိရပါသည်

  • Burmese or Chinese

    April 1, 2012 at 3:28 pm

    Eleven Media Group
    ပွင့်ဖြူမြို့နယ်တွင် မွန်းလွဲ ၃ နာရီကျော် ဝန်းကျင်အထိ အကြမ်းဖျင်းအားဖြင့် ၇ဝ ရာခိုင်နှုန်းကျော် မဲပေးပြီးဖြစ်ကြောင်း သိရှိရသည်။
    ပွင့်ဖြူမြို့နယ် NLD အောင်နိုင်ရေး တာဝန်ခံ ဦးနေမျိုးကျော်က “နိုင်နေပြီဆိုတာ အကုန်သိနေပါပြီ။ ကျန်တဲ့အချိန်နဲ့ မဲရေတွက်တဲ့ အချိန်ကို အသေးစိတ် စောင့်ကြည့်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
    ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှ ဦးလှကြည်နှင့် ဒေါ်စိန်ကြည်တို့၏ စိတ်မနှံ့သည့် သားနှစ်ဦးကို ဒေါ်မြတ်ဆွေ ဆိုသူက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကြိုတင်မဲအဖြစ် ဦးလှကြည် မရှိစဉ် ဒေါ်စိန်ကြည်ထံမှ ကောက်ယူသွားရာ ဦးလှကြည်က အဓမ္မ မဲပေးရန် စေခိုင်းမှုဖြင့် တရားစွဲဆိုနိုင်မည်လားဟု ပွင့်ဖြူမြို့နယ် ဒီမိုကရေစီရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ကြောင်း သိရှိရသည်။

  • Burmese or Chinese

    April 1, 2012 at 3:36 pm

    လက်ရှိ NLD မှ ရရှိထားသည့် ပုလဲမြို့နယ်အတွင်းမှ မဲရေတွက်ပြီး ကျေးရွာများ၏ ရွေးကောက်ပွဲရလာဒ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
    (ပဲမင်းမ ကျေးရွာ)
    NLD ၂၉၃ မဲ ၊ ကြံခိုင်ရေးပါတီ ၁၈ရ မဲ၊ ပြည်သူ့ ဒီမိုကရေစီပါတီ ၂၅ မဲ၊ ပယ်မဲ ၁၆ မဲ
    (ကန်သာယာကျေးရွာ)
    NLD ၁၆၃ မဲ၊ ကြံခိုင်ရေးပါတီ ၁ မဲ၊ ပယ်မဲ ၁ မဲ
    (ကန်သစ်ကျေးရွာ)
    NLD ၂၅၄ မဲ၊ ကြံ့ခိုင်ရေးပါတီ ၂၄ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၃ မဲ၊ ပယ်မဲ ၄၁ မဲ
    (ဇီးယင်းကျေးရွာ)
    NLD ၂၈၂ မဲ၊ ကြံခိုင်ရေးပါတီ ၁၆၁ မဲ၊ ပယ်မဲ ၁ မဲ

  • Burmese or Chinese

    April 1, 2012 at 3:44 pm

    Eleven Media Group
    မန္တလေးတိုင်း မဟာအောင်မြေမြို့ရှိ သန်လျက် အရှေ့ရပ် မဲရုံ (၁) တွင် မဲပေးပြီး မဲလက်မှတ် ၈၀ဝနှင့် မဲရုံ (၂) တွင် မဲပေးပြီး မဲလက်မှတ် ၂၀၀ဝ စုစုပေါင်း မဲ ၂၈၀ဝ ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်ရန် မြို့နယ်ကော်မရှင်မှ ဆုံးဖြတ်ခဲ့ခြင်းအား ပြန်လည် စိစစ်ရန် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲလက်မှတ် ၂၈၀ဝ ကျော်မှာ မဲဆန္ဒရှင်များအား စတင်ထုတ်ပေးစဉ်ကပင် မဲလက်မှတ်မှာ အနည်းငယ် စုတ်ပြဲ လျက်ရှိနေပြီး အပြီးသတ် မဲရေတွက်ချိန်၌ အဆိုပါ မဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်ရန် မြို့နယ်ကော်မရှင်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

  • Burmese or Chinese

    April 1, 2012 at 3:48 pm

    ဖျာပုံတွင် အများအားဖြင့် လွတ်လပ်သန့်ရှင်းဟု NLD ပြော
    မဇ္ဈိမ\တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၃၉ မိနစ်
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖျာပုံမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက ယနေ့
    ရွေးကောက်ပွဲသည် အများအားဖြင့် လွတ်လပ်သန့်ရှင်းသည်ဟု မဇ္ဈိမကို ပြောသည်။ ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ မဲရုံပေါင်း ၃ဝ ကျော်ကို သွားရောက်လေ့လာခဲ့ပြီး “ယေဘူယျပြောရရင်တော့ အများစုကတော့ လွတ်လွတ်လပ်လပ် သန့်သန့်ရှင်းရှင်း အနေအထားမှာ ရှိပါတယ်။ တချို့ကျေးရွာ သုံးရွာလောက်တော့ မဲညစ်တဲ့ပုံတော့ တွေ့ရတယ်ပေါ့။ အဲဒါတွေကလည်း သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး” ဟု ဦးသိန်းဆွေ က မဇ္ဈိမကို ပြောသည်။
    NLD ၏ ကိုယ်စားလှယ်လောင်းအမည်ဘေး ဆန္ဒမဲပေးနိုင်သည့် ကွက်လပ်တွင် ဖယောင်းသုတ်ထားမှုများနှင့် ပတ်သက်၍လည်း ဖျာပုံမြို့နယ် NLD အောင်နိုင်ရေး ကော်မတီဝင် ကိုဇေယျာက “ကျနော်တို့ဆိကိုလည်း သတင်းပို့တာ ရှိပါတယ်။ ဒါပေမယ့် သတင်းအရင်းအမြစ်က သိပ်မခိုင်လုံဘူး ဖြစ်နေတယ်။ ကျနော်တို့က ဒီစာရွက်လည်း ရမထားတော့ အတည်ပြုနိုင်ဖို့က သက်သေအထောက်အထားလည်း မရှိဘူး။ ဒါပေမယ့် မြို့ပေါ်ရပ်ကွက် တခုနှစ်ခုလောက်နဲ့ ရွာ တရွာနှစ်ရွာလောက်မှာတော့ အဲဒီအနေအထား ရှိတယ်လို့ ပြောဆိုတာ
    တွေရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
    သို့သော် NLD ၏ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးကော်မတီဝင်လည်းသူ ဦးဉာဏ်ဝင်းက အဆိုပါ မဲမသမာမှုများ လစ်လပ် မဲဆန္ဒနယ် တော်တော်များများတွင် ဖြစ်ပေါ်နေသည်ဟု မဇ္ဈိမကို ပြောဆိုထားသည်။

  • Burmese or Chinese

    April 1, 2012 at 3:51 pm

    Eleven Media Group
    မကွေးတိုင်း စမ်းမကြီးအုပ်စုရှိ ကန်နီကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀ဝမဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈ဝ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
    မကွေးတိုင်းရှိ မိကျောင်းရဲတိုက်နယ် မန်းကျည်းစမ်း ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၆၄မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၈ မဲ ရရှိခဲ့ကြောင်း သိရသည်။

  • Burmese or Chinese

    April 1, 2012 at 4:09 pm

    Eleven Media Group
    မကွေးမြို့နယ် ရွာ (၁၀)ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအမျာစု ရရှိထားကြောင်း လတ်တလော သတင်း ရရှိထား သည်
    7Day News Journal–Update 4:00
    တောင်ငူမြို့ အမှတ် ၂ ရပ်ကွက်၊ မဲရုံ ၂ ရှေ့တွင် မဲပေးခွင့်မရရှိသူ လူ အယောက် ၃ဝ နီးပါးသည် နံနက် ၁၁ နာရီဝန်းကျင်ကတည်းက မဲပေးခွင့်ရနိုးဖြင့် မဲရုံမပိတ်ခင် ယခုအချိန်အထိ နေ့လည်စာပင်မစားမသောက်ဘဲ စောင့်ဆိုင်းနေကြသည်ဟုသတင်းရရှိသည်။ သို့ရာတွင်လည်း မဲပေးနိုင်ခွင့်အခြေအနေမရှိကြောင်း 7day News သတင်းထောက်က သတင်းပေးပို့ထားသည်။
    7Day News Journal
    Update-1-4-2012(3:55PM) ရေကျော်ကျေးရွာအုပ်စု၏ မဲရုံအမှတ်(၁)ဖြစ်သော ချောင်းဝကျေးရွာတွင် မဲစာရင်းအပြီးသတ်ရွေးတွက်ပြီးချိန်တွင် NLD မှ ၃၁၄မဲ၊ ပြည်ခိုင်ဖြိုးက
    ၁၆မဲ၊ ညီညွတ်ရေးနှင့်ငြိမ်းရေးပါတီက ၁မဲ၊ ပယ်မဲ ၈မဲရှိကြောင်း သိရသည်။ ရေကျော်ကျေးရွာအုပ်စုတွင် မဲရုံငါးရုံရှိသည့်အနက် မဲရုံ(၁)ဖြစ်သော ချောင်းဝကျေးရွာနှင့် မဲရုံ(၅)ဖြစ်သော နောင်လုံကျေးရွာနှစ်ရွာစလုံးက NLDက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေသည်။

  • shwe kyi

    April 1, 2012 at 4:28 pm

    ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွွှှတ်တော်မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ အခြေအနေကောင်းပြီး အနိုင်ရဖို့များတယ်လို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးသန့်တင်က ပြောပါတယ်။
    ရွေးကောက်ပွဲ အေးအေးချမ်းချမ်း မဲပေးနေကြတဲ့အကြောင်းနဲ့ မဲပြဿနာ တစုံတရာမရှိဘဲ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။
    မအူပင်မြို့နယ်ဟာ ၂၀၁ဝ ရွေးကောက်ပွဲမှာ နယ်စပ်စည်ပင်ဝန်ကြီးဟောင်းနဲ ့လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် အနိုင်ရတဲ့နယ်မြေ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ဒေါက်တာမျိုးသန့်တင်၊ အန်အယ်လ်ဒီက ဦးစိန်ဝင်း၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ခင်စုစုအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးမောင်မောင်သင်နဲ့ ခေတ်သစ်ပြည်သူ့ပါတီက ဦးသိန်းရွွှှေတို့ ယှဉ်ပြိုင်မှာပါ။ မအူပင်မြို့နယ်မဲဆန္ဒနယ် အမှတ် ၁ ဟာ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ ရှုံးနိမ့်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။

  • shwe kyi

    April 1, 2012 at 4:30 pm

    တပ်နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက အပြတ်သတ်နိုင်
    (မြန်မာစံတော်ချိန် ညနေ ၂ နာရီခွဲ )
    ပဲခူးတိုင်း တောင်ငူ၊ မန္တလေးတိုင်း ပြင်ဦးလွင်က တပ်နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်အနိုင်ရတယ်လို့ အဲဒီနယ်တွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်နေသူတွေက ပြောပါတယ်၊ ဒါပေမယ့် ကျေးရွာတွေမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရပါတယ်၊ အဲဒီမဲဆန္ဒနယ်တွေမှာ နယ်မိသားစုတွေဟာ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းတောင်မပြည့်ဘူးလို့ သိရပါတယ်၊

    မန္တလေးတက္ကသိုလ်မဲရုံမှူး မဲရုံမှာမရှိ
    မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်ထဲက မန္တလေးတက္ကသိုလ်က ဆရာဆရာမတွေကို တက္ကသိုလ်အာဏာပိုင်တွေက ရုံးပိတ်ရက် ဂျူတီချထားပြီးတော့ မဲပေးတာကိုလည်း အချိန်ကန့်သတ်ထားတယ်လို့ မန္တလေးတက္ကသိုလ်က ဆရာတဦးက ဒီဗွီဘီကို ပြောပါတယ်။

  • shwe kyi

    April 1, 2012 at 4:33 pm

    သီချင်းတစ်ပုဒ်၊ ထိပ်တုံးနဲ့ ဆုံးရှုံးသွားတဲ့ မဲပေးပိုင်ခွင့်
    ဧပြီ ၁၊ ၂၀၁၂ (YPI) (ချစ်ဦးမောင်)

    သီချင်းတစ်ပုဒ်ဆိုညည်းမိလို့ လူတစ်ယောက် ထိပ်တုံးခတ်ခံခဲ့ရပြီး ကြားဖြတ်ရွေးကောက်ပွဲမဲပေးခွင့် ဆုံးရှုံးစေခဲ့တယ်ဆိုရင် အဲဒီနေရာကို မြန်မာနိုင်ငံရဲ့ နေပြည်တော်လို့ခေါ်နိုင်ပါတယ်။

    အောင်ဆန်းဦး (၁၉ နှစ်) ဟာ မတ် ၂၆ ရက် ညနေ ၆နာရီ က အရက်ခပ်ထွေထွေဖြစ်နေချိန်မှာ NLD အောင်နိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ လားရှိုးသိန်းအောင်ရဲ့ “အမေစုပြန်လာပြီ” ဆိုတဲ့သီချင်းကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဂုန်မင်းအင်း ကျေးရွာအနီး ACE ကုမ္ပဏီက ဆောက်လုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီရုံးအနီးမှာ အသံကျယ်ကျယ်နဲ့ ဆိုခဲ့မိပါတယ်။

    ဒါကိုကြားသွားတဲ့ ACE ကုမ္ပဏီက နံပါတ်တုတ်တွေကိုင်ဆောင်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေက သူ့ကိုဖမ်းဆီးပြီး ထိပ်တုံးခပ်ခဲ့ပါတယ်။ နောက်တစ်နာရီခွဲအကြာမှာ ၎င်းရဲ့မိခင်က ငွေကျပ် သုံးထောင်နဲ့အာမခံပြီး လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။

    “မင်းကိုထမင်းကျွေးထားတာ ပြည်ခိုင်ဖြိုးကကျွေးထားတာ။ မင်းပြည်ခိုင်ဖြိုးအပေါ်မကောင်းဘဲ NLD အတွက်ပဲလုပ်နေရင် ငါတို့ဆီမှာ အလုပ်လုပ်လို့မရဘူး၊ နားလည်လား လို့ သူတို့(လုံခြုံရေး)ကပြောတယ်” လို့ အောင်ဆန်းဦးကပြောတယ်။

    ACE ကုမ္ပဏီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့်မပေးခဲ့တဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ပိုင်ဆိုင်တာဖြစ်ပါတယ်။

    အောင်ဆန်းဦးဟာ ဆေးသုတ်တဲ့အလုပ်သမားတစ်ဦးဖြစ်ပြီး သူ့မိခင်နဲ့အတူ ACE ဆောက်လုပ်ရေးရဲ့ အလုပ်သမားတန်းလျားမှာနေထိုင်သူဖြစ်ပါတယ်။ နောက်တစ်နေ့မှာ တော့ ၎င်းတို့သားအမိဟာ အလုပ်သမားတန်းလျားကနေ နှင်ထုတ်ခံရပြီး ဂုန်မင်းအင်းကျေးရွာထဲမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

    ၎င်းရဲ့နာမည်ဟာလည်း ကြားဖြတ်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းထဲကနေပယ်ဖျက်ခံလိုက်ရတယ်လို့ သူကပြောပါတယ်။

  • အိမ်လွမ်းသူ

    April 1, 2012 at 4:38 pm

    ကို Burmese or Chinese ရေအခု လို သတင်းတွေ ကိုတကူးတက တင်ပေးတဲ့ အတွက်ကျေး ဇူးတင်ပါတယ်။ ကျွန်တော်တို့ အတွက်က ကိစ္စမရှိ ပေမဲ ပြည်တွင်းက တချို့သူငယ်ချင်း တွေက တခြား website တွေဝင်ရတာ အခက်အခဲ ရှိတယ်လို့ ပြောလို့ ဒီနေရာ မှာစုစုစီးစီး ဖတ်လို့ ရအောင် request လုပ်တာပါ။

  • shwe kyi

    April 1, 2012 at 4:42 pm

    Update 3.38 pm ကော့မှူးမြို့နယ် ရေကျော်ကျေးရွာအုပ်စု မဲရုံအမှတ် ၁ တွင်NLD ၂၉၁ မဲပြည်ခိုင်ဖြိုးပါတီက ၄၅ မဲ၊ ပယ်မဲ ၂ မဲဖြင့် ရေတွက်ပြီးစီးကာ NLD အနိုင်ရသွားသည်။ ရေကျော်ရွာတွင် မဲရုံ ငါးရုံရှိသည့်အနက် တစ်ရုံတွင် ရေတွက်ပြီးစီးသွားခြင်းဖြစ်သည်။

Leave a Reply