နုုတ်ထွက်ပြီး အလွန်

ကထူးဆန္းApril 2, 20121min24422

ကထူးဆန်း လမ်းမဘက်ထွက်လာသည် ။ ဪ မနေ့ ကနဲ့ ဒီနေ့ မတူတော့ပါလားနော်ဟု။

မနေ့ က စီဂျေ ကထူးဆန်း။ ဒီနေ့ တပ်စရာ နာမဝိသေသ မရှိတော့ ။ ကထူးဆန်း သည် ကထူးဆန်းပြန်ဖြစ်သွားသည် ။

ဒါကိုတော့ စိတ်ထဲမကျေနပ်။ ညကလည်း ဒါနဲ့ ပါတ်သက်ပြီး မဒမ်ထူးဆန်းနှင့် စကား အခြေအတင်ပြောဖြစ်သည်။ မဒမ်ထူးဆန်း နောက်ဆုံးပြောလိုက်သော စကားက သူ့ မာနကိုတော်တော် ထိသွားသည်။ သို့သော် သူ့မှာ ပြန်ချေပရန်မရှိ။

ဟင် ပြောမရဆိုမရ ဝင်ချင်တော့လည်း ရှင်။ထွက်မယ်ကွ ထွက်ရမယ်ဆိုပြီး ထွက်တော့လည်းရှင်။ ရှင်သေရင် ကျွန်မသေရင် သတင်းစာထဲ နံမည်နဲ့ အသက် အပြင်ထည့်စရာဘာမှ မရှိတော့ဘူး။ ဟင့် သေရင် စီဂျေ ကတော်ဆိုပြီး နံမည်တပ်ရမလားမှတ်တယ်။ ခုတော့ ဘာမှ မရှိတော့ဘူး၊ သေရမှာတောင်ရှက်တယ်။

မဒမ်ထူးဆန်းပြောလိုက်သော စကားများကြားရင်း ကထူးဆန်း ဒေါပွသွားမိသည်။ ဟင်း ဂုဏ်မက်တဲ့ မိန်းမ။ ခောတ်ပြောင်းသွားပြီ။ အလုပ်တစ်ခုဟာ တာဝန်ကျေပြွန်မှု တာဝန်ခံမူတွေရှိနေ ယူရတယ် ဆိုတာ မသိတဲ့မိန်းမ ။ သေပြီးရင် ဘာမှ မသိတော့တာတောင် သေရမှာတောင်ရှက်ဆိုဘဲ။

တစ်ယောက်ထဲ တဗျစ်တောက်တော်ပြောနေသော ကထူးဆန်းရှေ့ ကိုသော်တာ့ခွေး နက်ကျား တစ်ကောင် အလိုက်မသိ အမြီးနှံ့ပြီးထွက်လာသည်။ ပြီး ရှေ့မှ ပြေးသွားပြီး ဓါတ်တိုင်ကို ဟိုနမ်း ဒီနမ်းလုပ်ကာ ခြေထောက်တစ်ချောင်းထောင်၍ သေးပန်းလိုက်သည်။

ဟင် ကြည့်စမ်း ကြည့်စမ်း ခွေးက အစ ငါ့ကို ပမာမခန့်လုပ်နေတယ်။ ဒေါပွပွဖြင့် ကထူးဆန်း ခဲကောက်ပြီး ထုမလို့လုပ်လိုက်ပြီးမှ အရှိန်သတ်လိုက်ရသည်။ ခွေးတွေ တိရစာ္ဆန်တွေကို ကြင်နာပါ ဆိုပြီး သူအကြမ်းရေးနေသော စာ သတိရသွား၍ဖြစ်သည်။ သူကြီးတို့ အမေရိကမှာဆို ထိုသို့ ခွေးကို နာကျင်အောင်လုပ်ပါက တိရစ္ဆာန်ညှင်းပန်းမှု့ ဖြစ် အရေးယူခံရ နိုင်ကြောင်း၊ မြန်မာနိုင်ငံမှာလည်း ထို ဥပဒေမျိုးရှိသင့်ကြောင်း သူရေးရန်တွေးထား သည်ကို သတိရလိုက်၍ဖြစ်သည်။

အမွှာ ညီအမ အိမ်ရှေ့ရောက်တော့ ကထူးဆန်း မျက်နှာလွှဲလိုက်သည်။ ဒီ ညီအမ နှစ်ယောက်ကို သူ ဓါတ်ပုံခိုးရိုက်ထားတာ မျက်နှာပူသည်။ ကထူးဆန်းမှာ ရွာထဲမှ ဓါတ်ပုံဆရာတွေ စိုင်ပြစ်မည် စိုင်ပြစ်မည် ပြောသံကြားနေ၍ သူလည်း စိုင်ပြစ်ချင်လာပြီး စိုင်ပုံတွေရိုက်ထားတာ မဒမ်ထူးဆန်းမြင်လျှင် မညိုညင်ရအောင် မြန်မာ အဝတ်အစားမဝတ်တဲ့သူတွေကို ရှုံ့ချချင်လို့ဟု ကြိုတင်ညာ ပြောထားရသေးသည်။ ပြောပြီး မကြာ ဒီညီအမ နှစ်ယောက် ဘောင်းဘီတို ကြပ်ထုပ် စကပ်တိုနံ့နံ့ တွေနှင့် အိမ်ရှေ့ မကြာ မကြာလမ်းသလားနေတာနဲ့ တကယ် ရိုက်တင်လိုက်မည် စိတ်ကူးကာ ခိုးရိုက်ထားလိုက်မိသည်။

သို့သော် သူကြီးက မြန်မာမ တွေ ပေါင်တုတ် ဗိုက်ပူ ဘောင်းဘီတို နှင့် လွန်စွာ ရုပ်ဆိုးကြောင်းပြောထားတာ သတိရ၍ ဆင်ကိုယ်ဖားခါး ညီအမနှစ်ယောက်ပုံတွေအား မတင်ဖြစ်သေး ။ သူတို့ ဘာမှ မသိဟု ကထူးဆန်းထင်နေပြီး မသိလို့ တော်သေးတယ် ဟု ကထူးဆန်း တွေးရင်း လ္ဘက်ရည်ဆိုင် ထဲဝင်လိုက် တော့ ကိုသော်တာ့ တွေ့လိုက်သည်။

စီဂျေကြီးလာထိုင် ..
မစီဂျေ တော့ပါဘူးကွ .. ငါ နုုုတ်ထွှက်လိုက်ပြီ .. သူငယ်ချင်း . ကထူးဆန်းက တိုးညှင်းစွာ ဆိုလိုက်သည်။

ဘာဖြစ်လို့လဲကွ .

ပြောရရင် တော့ကွာ ဟိုတလောက MITT မီးလောင်တယ် .. ငါ်လ္ဘက်ရည်ဆိုင်မှာ အာရိုက်နေတာနဲ့ မသိလိုက်ဘူး.. ငါ့ကို ရွာသူတစ်ယောက်က အမြန်သွားဖို့ အကြောင်းကြားနေတာ ငါမသွားနိုင်လိုက်ဘူးသူငယ်ချင်း .. စီဂျေ တစ်ယောက်အနေနဲ့ တာဝန်မကြေခဲ့ဘူးကွ.
ဲပြီး..အင်းယားကန်ဘောင် မနက်လေးနာရီခွဲ သတင်းသွားယူဖို့ ပျက်ကွက်နေတယ်ကွာ… ဒီလိုတာဝန်မကျေပြွှန်ဘဲနဲ့ စီဂျေနံမည် မခံချင်ပါဘူးကွာ..

ဒီလောက်နဲ့တော့မင်း မထွက်သင့်ပါဘူးကွ။

ကထူးဆန်း လ္ဘက်ရည်ကို နို့ဆီ အားလုံးပျော်ဝင်သွားအောင် ဇွန်းနှင့် သာသာ မွှေပေးရင်း ဆက်ပြောလိုက်သည်။

ခောတ်နဲ့ စံနစ်က ပြောင်းနေပြီ။ တာဝန်ယူပြီးရင် တာဝန်ခံနိုင်ရမယ်။ မအောင်မြင်ရင် အလုပ်ကနုတ်ထွက်ပေးရမယ်။ ငါတို့ဆီက တော့ တွေ့တိုင်းအတိုင်း မီးတွေ ရောင်းစားလို့တောင် မကုန်ဘူးပြောနေပြီး အခုမီး မပေးနိုင်လို့ အလှည့်ကျပေးရတော့မယ် ဆိုတော့ မသိချင်ယောင်ဆောင်နေတယ်။ ဘာဖြစ်လို့ပါ ဆိုတဲ့ အကြောင်းပြချက်လည်းမရှိ။ တောင်းပန်တာလည်းမရှိ။ ကိုယ်နဲ့ မဆိုင်သလို ခေါင်းရှောင်နေတယ်။ ဒါမျိုးလက်မခံနိုင်တော့ဘူးကွ။ သူများနိုင်ငံတွေ တွေ့တယ်မဟုတ်လား။ ရထားတိုက်တာနဲ့တင် ရထားဝန်ကြီးက သူ့မှာ တာဝန်ရှိတယ်ဆိုပြီး နုတ်ထွက်တာ။ ဒါကြောင့် ငါက နုတ်ထွက်တာကွ။ ပြီး ဒါထက်ဆိုးတာက ………

ပြောရင်း တန်းလန်း တစ်ချက်ရပ်ကာ ကထူးဆန်း လ္ဘက်ရည် တစ်ကျိုက်မော့သောက်လိုက်သည်။

လ္ဘက်ရည်ဆိုင်မှာ ရပ်ကွက်ဆိုင်ဖြစ်သည်နှင့် အညီ ရပ်ကွက်သားတွေ ၏ အာရုံအားလုံးက ကထူးဆန်းဘက်ရောက်နေကြသည်။ဒီလူကြီး ဘာအထူးအဆန်းတွေ ပြောဦးမလဲဆိုပြီး စိတ်ဝင်စားနေသည်။

တကယ်တော့ ..တကယ်တော့ကွာ … ကထူးဆန်း သက်ပြင်းတချက်မှုတ်ထုတ်လိုက်ပြီး ..

စီဂျေ အကြောင်း ဂဂဏဏ ငါဘာမှ မသိဘူး .. စီဂျေ ရဲ့ တာဝန်ဝတ္တရား၊ ၊ လိုက်နာစောင့်ထိန်းရမဲ့ စည်းကမ်း၊ ပြုကျင့်ရမဲ့ အပြုအမူ
၀​တ္တရား၊ ရှောင်ရှားရမဲ့ကျင့်ဝတ် .. ငါ ဘာမှ မသိဘူး ။

အဲ့ဒါတွေ မသိဘဲ သူများတွေ စီဂျေတိုင်း ငါစီဂျေနေလို့မဖြစ်ဘူး။ အင်တာနက်ပေါ် စာလေးရေးတတ်၊ဓါတ်ပုံရိုက်တတ်၊အမှန်တရား ချစ်တတ်ယုံနဲ့ မပြီးသေးဘူးထင်တာဘဲကွာ။

ပြောပြောဆိုဆို ခွက်ထဲကျန်သော လ္ဘက်ရည် အားလုံး မော့သောက်လိုက်သော ကထူးဆန်း မျက်လုံးတွင် မျက်ရည်ဝဲနေသည်ကို လူတိုင်းသတိထားမိလိုက်သည်။

ကထူးဆန်း တစ်ယောက် သူဘာကြောင့်နုတ်ထွက်ကြောင်းပြောပြပြီး ကျချင်လာသော မျက်ရည်ကို လူမမြင်ရန် သတင်းစာ ဟောင်းတစ်ခု ယူပြီး ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။

နားထဲတွင်လည်း မဒမ်ထူးဆန်း ၏ ” ရှင်သေရင် ကျွန်မသေရင် သတင်းစာထဲ နံမည်နဲ့ အသက် အပြင်ထည့်စရာဘာမှ မရှိတော့ဘူး” ဆိုတာ ပြန်ကြားယောင်ပြီး သေတဲ့ သူတွေ ဘာတွေများတပ်ထားပါလိမ့်ဟု အတွေးပေါက်ကာ နာရေး သတင်းများ လိုက်ဖတ်နေမိသည်။

သတင်းစာထဲတွင် BSC ဘာ ၊ ဘယ်နှစ်ခုနှစ် BA ဘာ ဘယ်နှစ်ခုနှစ် ဆိုတာတွေရော၊ ဘယ်ဌာန မှ ညွှန်ကြားရေးမှုး (ငြိမ်း) ဆိုတာတွေကော၊ ဘယ်ကုမ္မဏိ က စလို့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး နောက်ဆုံး အကြီမ် ဂုဏြ်ပိုင်နေကြသည်။ ဘွဲ့ ရမဟုတ်သော ကထူးဆန်းမှာ ထည့်စရာလည်း ဘွဲ့မရှိ။ဘယ်အစိုးရ ဝန်ထမ်းမှလည်းမဟုတ် ၊လုပ်တဲ့ ကုမ္မဏီကလည်း နုတ်နုတ်စုပ်စုပ်ဆိုတော့ ထည့်စရာမရှိ။ ဘုရား၊ရဟန်း၊သိမ်၊ကျောင်း ဒါယကာကြီး ၊ဒါယကာမကြီး ထည့်ရအောင်လည်း ဘုရားလည်းမလူ၊ဘုန်းကြီးလည်း မလူ၊ဂေဇတ်စုပေါင်း အလှုလဲ မလှုတဲ့ ဂွစာလူမျိုးဆိုတော့ ဒါလည်း ထည့်စရာမရှိ။ မဒမ်ထူးဆန်း ပြောချင်လည်းပြောစရာပင်။
နာရေး လျှောက်ဖတ်နေသော ကထူးဆန်းမှာ တစ်နေရာတွင် အတန်ကြာရပ်သွားပြီး စဉ်းစားနေသည်။တစ်စုံတစ်ခုကိုတွေ့ရှိသွားဟန် တူသည်။

ပြီး ဘယ်သူမှတောင် နုတ်မဆက်ဘဲ ကထူးဆန်းရုတ်တရက် ထွက်သွားသည်။ မြန်မြန်ဆန်ဆန် ဘာမှ မပြောဘဲ ထွက်သွားသော ကထူးဆန်းကိုကြည့်ကာ ဆိုင်ထဲမှလူများ ဘာဖြစ်သွားတာလဲ ဘာဖြစ်လို့လဲ မေးကျန်ရစ်ခဲ့ကြသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နောက်သုံးရက်ခန့်အကြာတွင် ကထူးဆန်းအိမ်ရှေ့ ၌ ဆိုင်းဘုတ်တစ်ခုတပ်ထားသည်ကိုတွေ့လိုက်ရသည်။

ကထူးဆန်း ( ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ၂၀၁၅) (တသီးပုဂ္ဂလ)
မဒမ်ထူးဆန်း ( ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်စားလှယ် ၊ ၂၀၁၅) (တသီးပုဂ္ဂလ)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ထုံးစံအတိုင်း ကိုသော်တာ့ကို ဝိုင်းမေးကြသည်။ ဘယ်လိုဖြစ်သွားတာလည်း ဟု။

နာရေးကြော်ငြာတစ်ခု မှာရေးထားတာတွေ့ပြီး လိုက်လုပ် တာတဲ့ ။။။။။။။။။

ပြီးပါပြီ။
ရွှင်လန်းချမ်းမြေ့ပါစေ။

22 comments

  • ဗိုက်ကလေး

    April 2, 2012 at 4:50 pm

    အူးလေး..အူးလေး
    ဓာတ်ပေါက်ချင်ယောင်ဆောင်ပြီး ရုတ်တရက်ထွက်သွားတာ လက်ဘက်ရည်ဘိုး မရှင်းခဲ့ဘူးဗျ
    အဲဒါ
    ဆိုင်ရှင်အုပေက မတောင်းနိုင်ရင် ကျနော့်လခထဲက ဖြတ်မယ်လုပ်နေပြီ

    ပုံ
    ဗိုက်ကလေး(တစ်ခြမ်းပုတ်ဂလ)
    တစ်သီးရှိတာ မိန်းမက တစ်ဝက်သိမ်းထားလို ့ တစ်ခြမ်းပဲကျန်တယ်

    • windtalker

      April 2, 2012 at 7:10 pm

      ဟို နှစ်လုံးကြ ခင်ဗျာ့ မိန်းမ က ဘယ်လို ဝက် တာတဲ့တုန်း ။
      ကျုပ် လက်ဆောင်ပေးတဲ့ သရက်သီးတွေ ကို ပြောတာနော…

    • htoosan

      April 2, 2012 at 10:22 pm

      ရွေးကောက်ပွဲ ုအမတ်ဖြစ်ရင် အုပေကို တစ်ဦးတည်း ဘွတ်ကီဒိုင် အနေနဲ့ အကာကွယ်ပေးထားမယ်။ ခုတော့ မယူနှဲု့ဦးလို့နော် …. 😀

      • ဗိုက်ကလေး

        April 5, 2012 at 6:11 pm

        အူးလေး..အထဲမှာ..
        ဂဃနဏ လို ့ပေါင်းရတယ်ထင်တယ်ဗျ
        ဘာရယ်ဟုတ်ပါဘူး..
        သင်္ကြန်ပရိုမိုးရှင်း ကွန်းမန် ့တစ်ဆယ်ပေးနေတယ်ဆိုလို ့ သတ်ပုံလိုက်စစ်နေတာ 😀

  • Foreign Resident

    April 2, 2012 at 5:04 pm

    ” မအောင်မြင်ရင် အလုပ်ကနုတ်ထွက်ပေးရမယ်။
    ငါတို့ဆီက တော့ တွေ့တိုင်းအတိုင်း မီးတွေ ရောင်းစားလို့တောင် မကုန်ဘူးပြောနေပြီး
    အခုမီး မပေးနိုင်လို့ အလှည့်ကျပေးရတော့မယ် ဆိုတော့ မသိချင်ယောင်ဆောင်နေတယ် ”

    Face Book မှာ ဖတ်မိတာလေး တစ်ခုပါ ။

    + အမောင် ဖွတ်ကြား တိုင်းပြည်အားကို ဘာများ မှာခဲ့လိုပါသနည်း ။
    + တောမှာ မီးခွက် ၊ မြို့မီးစက် နှင့် မဂ္ဂါဝပ်များစွာ ၊ ပိုလျှံပါ၍ ၊ ရောင်းစားခဲ့ကြောင်း ပြောပါလေ ။

    + သွားလေသူ ကိုဇော်မင်း အတွက် အိုင်ချင်း ။
    + ရေးသူ = ကိုရဲ ။

  • ဆူး

    April 2, 2012 at 5:12 pm

    ဒီမိုကရေစီ ခေတ်ကြီးထဲမှာ အမတ်လုပ်တာ ဂုဏ်ရှိတာပေါ့။ ဟိဟိ
    စိတ်ကူး ကောင်းတယ်။

  • amatmin

    April 2, 2012 at 5:45 pm

    စီဂျေ ကထူးဆန်း ရဲ့ ပို့စ်ကိုဖတ်အပြီး ပေါ့ပေါ့ပါးပါး မန့်ဖို့အတွက်
    login ဝင်ဖို့အလုပ်မှာ Citizen Journist(CJ) ဆိုတာကြီး ကိုတွေ့တော့ကာ..
    တွန့်သွားရပါလေရော..
    ဒါနဲ့ ကိုရင်နဲ့ ကျုပ်နဲ့ဆို ရွာထဲမှာ အမတ်နှစ်ယောက် ဖြစ်နေပါရော့ လား. 🙂

    • htoosan

      April 2, 2012 at 10:25 pm

      အောက်မှာ ဦးဦးပါလေရာကပါ တပ်မယ်တဲ့ .. သုံးယောက်ဖြစ်သွားပြီ …. 😀 😀
      ဦးဦးပါလေရာရေ ..တကယ်တွေ့ခဲ့မိပါသည်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 2, 2012 at 6:05 pm

    စီဂျေကြီး ၂၀၁၅ကျရင် ငါးထောင်တန်လောက်နဲ့မရဘူးနော်….
    ရွှေငါးတစ်စီးမဲဖောက်ပေးမည်လို့ပြောပြီးမဲဆွယ်တတ်မှရတယ်….
    နာမည်လေးလဲပြောဦး…..တော်ကြာ…. ဟိုသတင်းဟာသထဲကလို…..တလွဲနာမည်ဆုတောင်းပေးနေဦးမယ်
    ဘော်လုံးကွင်းတော့ယောင်လို့တောင်မဲဆွယ်ဖို့ကွင်းမငှားမိစေနဲ့ဗျ…ဒီတစ်လှည့်မရရင်နောက်တစ်လှည့်ကျန်သေးတယ်ဆိုပြီး…… ကွင်းငှားခွင့်ပိတ်ရင်ပိတ်ဦးမှာ…… သေတဲ့အထိများပိတ်မလားမသိဘူး….မိသားစု
    သင်္ချိုင်းလုပ်ဖို့ဆိုပြီး……ဂျင်ဂလိသမားတွေလဲကြိုရှာထားဦး…နိုင်မယ်မထင်ရင်ချောင်းလုပ်ကြံခိုင်းဖို့……..
    လက်ဆင့်ကမ်းစာရွက်တွေလဲကြိုရိုက်ထားဗျ…….ဘာတဲ့…….လေးဆိုလားငါးဆိုလား…ဆွေစောင်းကြီးကို
    လိုက်ဝေခိုင်းရအောင်…ဒီတစ်ခါလိုက်ဝေခိုင်းရင်တော့ပုဆိုးမဝတ်ခိုင်းပါနဲ့ဗျာ…
    ဂျင်းဘောင်းဘီလေးဘာလေး
    ဝယ်ပေးလိုက်ပါ…..ခါးပတ်လဲပတ်ခိုင်းဦးဒီခေတ်ဂျင်းဘောင်းဘီတွေကဇစ်မကြာမကြာပြုတ်နေတတ်တယ်။

    • htoosan

      April 2, 2012 at 10:38 pm

      ကိုခရေ
      ရွှေငါး …. သနားတယ် … ဟိုင်းဘရစ်ကားပေးမယ်..
      ဂျင်းဘောင်းဘီတော့ ဝတ်ခိုင်းဘူး …နာဂတွေလို ကမ္ဘာကျော်ဘောင်းဘိတို နဲ့ နွဲခိုင်းလိုက်မယ်… 😀 😀

  • ဦးဦးပါလေရာ

    April 2, 2012 at 8:13 pm

    “နာရေးကြော်ငြာတစ်ခု မှာရေးထားတာတွေ့ပြီး …”

    တကယ်အဲလိုရေးထားတယ်လား..။ ကျုပ်လဲ နာမည်နောက်အမြီးထည့်စရာမရှိတာအတော်ပဲ။ ဒီတခါဖိတ်စာရိုက်ရင် အဲလိုထည့်ရိုက်ဦးမှ… 😛

  • Khin Latt

    April 3, 2012 at 3:51 am

    ဟယ်
    စိတ်ကြီးတယ်၊ ကြည့်စမ်း၊
    တကယ်ကြီးကို လွှတ်တော်ထဲ ဝင်တော့မယ်ပေါ့လေ။

    ရီလိုက်ရတာ။
    ဘာပြောရမှန်းတောင် မသိတော့ဘူး။

    တစ်ခုတော့ သိချင်တယ်။
    အဲဒါ ရှင့်စိတ်ကူး မူရင်း ဟုတ်မဟုတ်?
    ဟုတ်များဟုတ်ရင်တော့ အဲဒါကို မူပိုင် အမြန်လုပ်ပေတော့။
    သုံးချင်သူ တွေ ဆီက လိုင်စင်ယူပြီး ရောင်းသာစား။
    သုံးနှစ် လောက် အေးဆေးထိုင်စားရုံဘဲ။ 😆

  • htoosan

    April 3, 2012 at 6:47 am

    အရီးလတ်ရေ.. နာရေးကြော်ငြာကတော့ တကယ်ကိုတွေ့လိုက်တာပါ.. ကိုယ်စားလှယ်တော့ မပါဘူးပေါ့။
    ငါးသိန်းနဲ့ မှတ်ပုံတင်ရင် ရွေးကောက်ပွဲ ဝင်လို့ ရတယ်လေ…. 😀

  • Onyx

    April 3, 2012 at 2:25 pm

    အဲသလို ဆို တို့လဲ လုပ်မယ် ချန်မထားနဲ့ ကထူးဆန်း ရေ ။ ဒါမှ တို့လဲ အမှီး ရှည်မှာ ။

  • kyeemite

    April 3, 2012 at 2:31 pm

    ကထူးဆန်းရဲ့ ထူးဆန်းသောအတွေးနဲ့အရေးကို
    ကြိုက်ပါ့ဗျာ..

  • kai

    April 3, 2012 at 3:01 pm

    ၂၀၁၅မှာ.. ဒေါ်အောင်ဆန်းစုကြည်အပြည့်အလုပ်လုပ်သွားရင်.. NLD က.. ခုံ ၃၀ဝလောက်ဆွဲနိုင်မယ်.. ထင်မိတယ်..
    တသီးပုဂ္ဂလတွေအတွက်နေရာမရှိလောက်ပါဘူး..

    ဆိုတော့…
    NLD ထဲ..ဝင်လိုက်ပေတော့… 😆

    စကားအတင်းစပ်.
    ယူအက်စ်မှာ. တနေ့က..လမ်းဘေး..ခွေးဆွဲပြီး ဘိုချာတိတ်လေးတယောက်လမ်းလျှောက်နေတာ..
    အဲဒါ… နောက်ကလျှောက်လာတဲ့..ကျုပ်ကိုမြင်တော့.. သူဆွဲထားတဲ့.. ခွေးပိစိက.. လန့်တော်မူတယ်လေ…
    အဲဒါ..
    အဲဒီငတိ.. ကျုပ်ကို.. နောက်ဆို..သတိထားသွားပါတဲ့.
    သူ့ခွေးလန့်သွားတယ်တဲ့လေ..

    အိုဘယ့်.. ခွေးအခွင့်အရေး…… :mrgreen:

    • Mr. MarGa

      April 3, 2012 at 4:34 pm

      ကောင်းကွာ
      ရွာသူကြီးတောင် ပြန်ဟောက်သွားတယ်
      အဲဒီကောင်လေးကို ရွာထဲခေါ်ထားချင်တယ်။

  • manawphyulay

    April 3, 2012 at 3:11 pm

    ကထူးဆန်း ( ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ၂၀၁၅) (တသီးပုဂ္ဂလ)
    မဒမ်ထူးဆန်း ( ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်စားလှယ် ၊ ၂၀၁၅) (တသီးပုဂ္ဂလ)

    သစ်သီးပုတ်တွေ ရောင်းတာ ခုထဲက ရောင်းနေတာမဟုတ်လား ဘယ်နှယ် ၂၀၁၅ မှ ထရောင်းရတာလဲ…..

  • nozomi

    April 3, 2012 at 3:33 pm

    ကိုထူးဆန်း လွှတ်တော်ထဲ ရောက်ရင် ကျွန်တော်တို့ ရွာသားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရအောင် တောင်းဆိုပေးပါ

    သူကြီးက အမေကြီးကားပေါ် ရောက်နေတယ်ဆိုပြီး အနိုင်ကျင့်နေပါတယ်

    • ဆူး

      April 3, 2012 at 5:58 pm

      ဟုတ်ပါတယ် ဗျို့ ထောက်ခံပါတယ်။
      ဥက္ကဠကြီးကို ထောက်ခံပါတယ်။

  • Thel Nu Aye

    April 3, 2012 at 6:35 pm

    တူ့ဟာတူ လွှတ်တော်ထဲတွားပီး ချယ်ရီ လိုချင်တာများ သများတို့လွှတ်လို့ဖစ်ရတေး။ ချယ်ရီ နှစ်စီးနဲ့ ဘာလုပ်မယ်များစိတ်ကူးတုန်း။

  • MaMa

    April 5, 2012 at 10:08 pm

    ကထူးဆန်း
    ( ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ၂၀၁၅) (တသီးပုဂ္ဂလ)
    မန်းဂေဇက် စီဂျေ (အငြိမ်းစား)
    (ပင်စင်လစာတွေ တိုးနေပြီ။ သဂျီးဆီက မပေးတဲ့ ပင်စင်လစာကို တိုးတောင်းပြီး လုပ်သက်ပင်စင်၊ သက်ပြည့်ပင်စင်တွေ ယူရမယ်။):lol:
    မဒမ်ထူးဆန်း
    ( ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်စားလှယ် ၊ ၂၀၁၅) (တသီးပုဂ္ဂလ)
    မန်းဂေဇက် စီဂျေ (အငြိမ်းစား) ကတော် (အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး)
    ထပ်ထည့်လို့ ရသေးတယ်လေ။
    ကိုယ့်ဂုဏ်ပုဒ်တွေကို မေ့ထားတာကိုးးးးးးးးးး 😆

Leave a Reply