ကော့မှူးမြို့နယ်ကိုအမေစုကို့အပ်လိုက်ပြီလို့ ဒေါက်တာစိုးမင်းပြောကြား…

chityimhtooApril 2, 20121min16317

အမေစုကိုအပ်လိုက်ပြီဟု ကော့မှူး ကြံ့ခိုင်ရေးအမတ်လောင်း ဒေါက်တာစိုးမင်းပြောကြား
ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်တဲ့ အမတ်လောင်း ဒေါက်တာစိုးမင်းက
ကော့မှူးမြို့နယ်ကအမေစုလက်ကိုအပ်လိုက်ပါပြီ။နိုင်ငံအချုပ်အခြာအာဏာတည်မြဲအောင်ဒေါ်အောင်
ဆန်းစုကြည်ဆက်လုပ်ပါလိမ့်မယ် သူ့အနေနဲ့ စောင့်ကြည့်နေမယ်လို့ ဒီဗီဘီကိုပြောပါတယ်။
လတ်တလော ခန့်မှန်းမဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် က ၇ဝရာခိုင်နှူန်း မှ ၈ဝရာခိုင်နှူန်းအနိုင်ရပြီးဒေါက်တာစိုးမင်းက ၂ဝ ရာခိုင်နှူန်းမှ ၃ဝ ကြားရမယ်လို့ခန်းမှန်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကရွာ၂ရွာမှာရှူံးနိမ့်တယ်လို့ဒေါက်တာစိုးမင်းကပြောပါတယ်။
ရွေးကောက်ပွဲအတွေ့အကြုံကတော့ ပြည်သူတွေကအမေစုကိုချစ်တာပဲလေ။ကော့မှူးမြို့နယ် ကအမေစုကိုအပ်လိုက်ပြီပေါ့။ကော့မှူးကလူတွေလည်းရှေ့ကိုစိတ်ချမ်းချမ်းသာသာနဲ့ ဆက်သွားလို့ရပြီပေါ့။အားလုံးကတော့အမေစုကိုယံတာပေါ့ ဒို့လည်းစောင့်ကြည့်နေမှာပါ။
ကော့မှူးမြို့နယ်ရှူံးနိမ့်သွားတဲ့ အပေါ်မှာလည်း စိတ်ထိခိုက်မှူ့မရှိဘူးလို့ဒေါက်တာစိုးမင်းကပြောပါတယ်။

အမေစုကိုအပ်လိုက်ပြီလို့ ကော့မှုး ကြံခိုင်ရေး အမတ်လောင်း ဒေါက်တာစိုးမင်း ပြောကြား

17 comments

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    April 2, 2012 at 10:26 am

    ဒီလိုပဲ ဖြစ်သင့်တယ် ။ ဖြစ်လဲ ဖြစ်ရမယ် ။ ပြည်သူ့လိုအပ်ချက်ကို အဖြည့်ဆည်းပေးနိုင်ဆုံး
    က အမေစု ပါပဲ မဟုတ်ပါလားခင်ဗျာ။ အချိန်အခါလဲ သင့်ပါပြီ။
    အာဏာရှင်အဖွဲ့ က မပေးချင်လဲ မရတော့ပါဘူး ။ ပေးရပါတော့မယ်။
    ဒီအဖြစ်မျိုးဟာ ကျွန်တော်တို့အပါဝင် တနိုင်ငံလုံးလိုအပ်ချက်ပါ။

  • koko

    April 2, 2012 at 10:33 am

    ဒေါ်စု နိုင်တာဝမ်းသာပါတယ်။ nld ကို လူတစ်ဦးတစ်ယောက်မရှိပဲ နိုင်ငံကိုခေါင်းဆောင်နိုင်တဲ့ ပါတ်ီ
    ဖြစ်အောင် တော့အမေစု လေ့ကျင့်ပေးဖို့လိုတယ်နော်။

  • MaMa

    April 2, 2012 at 10:42 am

    ဒေါက်တာစိုးမင်းကို ချီးကျူးပါတယ်။
    အမေစုကို စောင့်ကြည့်တာ၊ NLD ကို စောင့်ကြည့်တာလည်း ဖြစ်သင့်တာပဲပေ့ါ။
    အခုလို ပြောဆိုလိက်ခြင်းအားဖြင့် အကောင်းဆုံး အရှုံးသမားအဖြစ်ခံယူပြီး
    သူ့ရဲ့သဘောထားကြီးမှုကို ပြသလိုက်တာပေ့ါ။ 🙂

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 2, 2012 at 8:00 pm

      ဘဲရီးဂွတ် ဘဲရီးဂွတ်
      ဘဲရီး ဘဲရီး ဘဲရီးဂွတ်
      သောက်ကျိုးနဲဂွတ်

  • ကိုရင်မောင်

    April 2, 2012 at 11:16 am

    အတိုက်ခံပါတီဆိုတာ အာဏာရပါတီကိုစောင့်ကြည့်ရမှာသူတာဝန်ပါ……

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 2, 2012 at 8:03 pm

      အိုးးးးးးးယက်စ်
      အမေးဇင်း အိုင်ဒီယာ
      NLD မတ်စ်ထ် တူဘီ ဘဲရီးဘဲရီး ဂရုစိုက်ရမယ်
      အတိုက်ခံတွေ ဘာပြောမလဲဆိုတာ

  • ငပွကြီး

    April 2, 2012 at 12:29 pm

    “.ကော့မှူးမြို့နယ်ကိုအမေစုကိုအပ်လိုက်ပြီ” ဆိုတော့ နဂိုက သူပိုင်ထားတဲ့ မြို့နယ်လား..
    အမေစုကို အပ်ချင်လွန်းလို့ အပ်တာလား..(အပ်ခြင်လွန်းရင် အစောကြီးထဲက ဝင်မပြိုင်တော့ပါဘူး အပ်လိုက်ပါပြီလို့ပြောပါလား)
    ပြည်သူကဒီလောက်ထောက်ခံထားတဲ့ ပါတီကို သူက မအပ်လို့ကော ရမှာမို့လို့လား..
    ဘုရားကုန်းပေါ် ဆီ မှောက်ကျလို့ ဘုရားကို ဆီလူပါတယ်တော့မလုပ်နဲ့
    စောင့်ကြည့်နေမယ်ဆိုတာ အခြေအနေမကောင်းရင် လက်ခုပ်တီးဖို့လား..အဲဒိစကားအစား ဘေးကနေကူညီ ပံပိုးမယ် လက်တွဲလုပ်ဆောင်မယ်ဆိုရင် ဟုတ်သေး..
    ကျုပ်ကတော့ သဘောထားကြီးတဲ့ စကားလို့မမြင်ဘူး အရှက်ပြေပြောတဲ့စကားလို့ဘဲမြင်မိတယ်
    ပွဲမစခင်ကတည်းက ၉၉.၉ % ရှံးမယ့်ပွဲကို ဝင်ပြိုင်ရဲတဲ့ သတိ္တကိုတော့ ချီးကြူးမိပါတယ်….တနည်းအားဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိသောသူ (အထက်ကပြိုင်ဆိုပြိုင်ရတာကိုး) လို့လဲမြင်မိပါသေးတယ်..
    ဘာပဲဖြစ်ဖြစ် ပြိုင်ရဲသူတယောက်အနေနဲ့ လေးစားပါတယ်…သူပြောတဲ့ ကော့မူးမြို့နယ်ကို အပ်လိုက်ပြီဆိုတာတော့ ရင်ထဲကစကားလို့တော့ လက်မခံပါဘူး…

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 2, 2012 at 7:59 pm

      အနီပြဒယ်

  • etone

    April 2, 2012 at 4:52 pm

    မနိုင်လျှင် အရုံးပေး .. နှလုံးအေးတဲ့ဆေးတဲ့ … ဟိဟိ … ။ 😆

  • Thel Nu Aye

    April 2, 2012 at 5:39 pm

    ဘာပဲဖြစ်ဖြစ် သူကတော့လူကြီးလူကောင်းပဲလို့တော့သတ်မှတ်လို့ရသွားတာပေါ့။ ကြံ့တကာ့ကြံ့ထဲမှာ မတူကွဲပြားသောကြံ့ပေါ့။ ကြိုဆိုပါ၏။ နောင်တခေတ်မှာ NLD အမာခံတောင်ဖြစ်လာနိုင်ပါ၏။

  • chityimhtoo

    April 2, 2012 at 5:47 pm

    အင်းဒေါက်တာစိုးမင်းကိုတော့လေးစားပါတယ်။ပညာတတ်တစ်ယောက်လိုစိတ်ထားမျိုးထားတာ။ကြံ့ဖွတ်တွေထဲ
    မှာသူတစ်ယောက်ဘဲအသိဉာဏ်ရှိရှိစကားပြောတတ်တာ။

  • နေဝန်းနီ

    April 2, 2012 at 6:15 pm

    ကော့မှူးကိုပဲ အပ်သတဲ့လား???????? ပြည်သူတွေက မြန်မာတစ်ပြည်လုံးကို အပ်လိုက်တာ အဲဒိနွားက ခုထိသဘောမပေါက်ဖူးလား

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 2, 2012 at 6:26 pm

    “အားမတန်မာန်လျှော့” ဒီစကားလေးပဲနားထဲထပ်ကာထပ်ကာကြားနေသလားလို့ပါ…..
    သူပြောဖူးတဲ့စကားတော့ရှိတယ်…. သူ့ဆရာတွေကပြောတယ်တဲ့ …ဟေ့တပည့်မင်းရှေ့မှာတံတိုင်းကြီးတဲ့..
    သူကပြန်ပြောတယ်… ဟုတ်ကဲ့ဆရာဒါပေမယ့်ကျွန်တော့်မှာဟဲလ်မက်ကောင်းကောင်းတစ်လုံးရှိပါတယ်..
    တဲ့…ဝီးကလီးမှာဖော်ပြခဲ့ဖူးပါတယ်….. ဆိုတော့ကာ…… အားမတန်မာန်လျှော့..နိုင်ရင်တော့ကံပဲဆိုပြီး…
    မတတ်သာထပြိုင်…မနိုင်ရင်လူမုန်းမများအောင်.. ရသေ့စိတ်ဖြေစကားလေးကြိုတွေးထားပြီးတော့မှ…
    သဘောထားကြီးသူဆိုပြီး…… သိုးရေခြုံဝံပုလွေတစ်ကောင်များဖြစ်နေလေမလားတော့ပူမိသား…..
    ဘယ်တော့များနောက်ကျောဓါးနဲ့ကပ်ထိုးမယ်မသိ….. လက်ဝဲသုဿရအမတ်ကြီးပြောသလို…..ဘဲ့ပြားပင်လို
    လူတွေ………..

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 2, 2012 at 7:58 pm

      အနီပြတယ်ကွာ

      • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

        April 2, 2012 at 8:10 pm

        အကောင်းမြင်တတ်တဲ့စိတ်ကိုလေးစားမိပါတယ်……..
        ဟိုဆရာဝန်ကလဲအမှန်တကယ်ဝမ်းသာတာဖြစ်နိုင်ပါတယ်……
        ဒါပေမယ့်လူဟာလူပဲဗျ…… စိတ်ကိုဖောက်မမြင်နိုင်လေတော့ခက်ပါတယ်….
        အောင်နိုင်ဖို့ကအဓိကမဟုတ်ယှဉ်ပြိုင်ခြင်းသည်သာအဓိကလို့ပြောခဲ့တယ်စကားတွေလည်းရှိလေ
        တော့….. နီပါနီပါနီနိုင်ပါတယ်….လွတ်လပ်စွာသဘောထားကွဲလွဲခြင်း…ပွင့်လင်းစွားသဘော
        ထားကွဲလွဲခြင်းပဲ…….
        ဒါပေမယ့်ရှင်းရှင်းပဲပြောရရင်….. ဟိုလူဘက်ကစိတ်ထားအမှန်ဖြစ်ဖို့ဆိုတာ ရာခိုင်နှုန်းက
        40%နဲ့60%ပဲ….လုံးဝယုံကြည်လို့မရသေးဘူး…….

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 2, 2012 at 7:52 pm

    ဖရွန် မိုက်ကယ်ဂျော်နီအောင်ပု To ငပွကြီး says: အန် မိုင်ဆွန်ခ မင်္ဂလာတရာ;အော……….. says:
    ………………..
    ဒီပိုစ့် တက်လာပြီး ငပွကြီး say: ကို ဘူလဲတိဝူး အနီပြထားတာတွေ့မိပါတယ်
    ခုတော့ ဘားတွေဘာတွေနဲ့ဆိုတော့
    အင်းးးးးးးးးးးးးးးးးးးးးးးးးးး
    ခင်ဗျားတို့မှာ စောက်သုံးမကျတဲ့အတွေးခေါ်တွေရှိနေသေးပါလားလို့ အားမနာပါးမနာ
    ဝေဖန်ပါတယ်
    ခင်ဗျားတို့ရဲ့ စောက်သုံးမကျတဲ့ အတွေးတွေနဲ့ဆိုရင် မစားရတဲ့အမဲကို သဲနဲ့ပက်ရမလိုဖြစ်နေပြီ
    ဘယ်သူမဆို မိမိတို့ရဲ့ ရှုံးနိမ့်မှု့မှာ ကျေနပ်နိုင်ဘို့ ခက်ခဲပါတယ်
    သို့သော်
    သူရဲကောင်းဆန်ဆန် ပြုမူတဲ့သူတစ်ယောက်ကို ခင်ဗျားတို့စောက်သုံးမကျတဲ့
    အတွေးခေါ်တွေနဲ့ ပြောဆိုတာကို ထောက်ခံထားတာလေးတွေ သတိချပ်ကြဘို့
    တိုက်တွန်းပါတယ်
    အမေဒိဂန်သမ်မဒ တွေလည်းဒီလိုပါဘဲ နိုင်သွားတဲ့သူကို
    သူဟာတိုင်းပြည်တွက်ကောင်းအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ယုံဩည်ပါတယ်
    ဘာညာ ပြောကြတာတွေ ခင်ဗျားတို့လေ့လာပါ
    နိုင်တဲ့သူကလည်း ရှုံးတဲ့သူကို စတင်ပြီး လက်ဆွဲနှုတ်ဆက်တာတွေလေ့လာပါ
    လက်ဝှေ့ပွဲတွေလိုမှာတောင် နိုင်တဲ့သူက ရှုံးတဲ့သူကို မါ့ ချီပြီး ပြန်အလေးပြုတဲ့သဘောကို
    လေ့လာပါ
    ……………….
    အမေဒိဂန်နေ သဂျီးမင်းအား အဆိုပါ ကော်မန့်များကို မဖြေရှင်းခြင်းအတွက်
    မိုက်ကယ်ဂျော်နီအောင်ပု မှ
    ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး ကြမ်းကြမ်းတမ်းတမ်း မီးကုန်ရမ်းကုန် ကန့်ကွက်ရှုပ်ချလိုက်သှ်

  • ငပွကြီး

    April 2, 2012 at 8:27 pm

    ကိုအောင်ပု ပြောတာတွေကမှန်ပါတယ် ဒါပေမယ့် အခု ဒေါက်တာစိုးမင်း ပြောတဲ့စကားကိုသုံးသပ်ကြည့်ရင် ကိုအောင်ပုပြောသလို ရုံးသူကကျေနပ်စွာပြောဆိုတဲ့ပုံမပေါဘဲ ခနဲ့တဲ့လေသံ “စောင့်ကြည့်ရတာပေါ့ကွာ”ဆိုတဲ့ပုံစံပေါ်နေလို့ပါ အဲဒီအစား “ဒေါ်စုက နှိင်သင့်ပါတယ်” လို့တခွန်းထဲပြောရုံနဲ့တင် သူ့အတွက် အမှတ်များစွာပေးပြီးသား …အခုသူပြောတဲ့စကားကိုသေချာ လေ့လာရင် သဘောပေါက်မှာပါ
    မြန်မာစကားက အမျိူးမျိုးတွေးလို့ရပါတယ်…
    “””ကော့မှူးမြို့နယ်ကိုအမေစုလက်ကိုအပ်လိုက်ပါပြီ။နိုင်ငံအချုပ်အခြာအာဏာတည်မြဲအောင်ဒေါ်အောင်
    ဆန်းစုကြည်ဆက်လုပ်ပါလိမ့်မယ် သူ့အနေနဲ့ စောင့်ကြည့်နေမယ်”””
    ဒီစကားကိုစမ်းစစ်ရင် မင်းတို့ရွေးတဲ့ကိစ္စ သူ လုပ်နိင်လားဆိုတာ ငါစောင့်ကြည်ှုနေမယ် ဘာဖြစ်လာမလဲကြည့်ပေါ့ ဆိုတဲ့ပုံစံမျိုးပေါ်နေတယ်..အဲဒီအစား ကိုအောင်ပုပြောသလို ကောင်းကောင်းမွန်မွန် နားဝင်ချိုမယ့်စကားလေးသာဆိုရင် ဘာပြောစရာရှိမလဲ…

Leave a Reply