သံလွင်မြစ်လက်တက်ချောင်းလေးသို့ ခရီးစဉ်….(ဒုတိယပိုင်း)

 

 

ရွာသားများအားလုံးကိုဒီနေ့ပုံလှလှလေးတွေနဲ့ စာလေးတွေအောက်မှာတွဲတင်ပေးချင်တာ(ပုံသုံးပုံကတော့ ပုံဆိုးဆိုးကြီးတွေပေါ့နော်) သူကြီးမင်းရဲ့ဆာဖာမှာ ကျွန်တော့်ပို့စ်တွေကို

နှစ်ခါပြန်တင်ဖို့ပေးထားတဲ့ ဗိုင်းရပ်စ်ကိုက်နေတယ်ထင်တယ်… ဘယ်လောက်ပဲမှန်အောင်တင်တင် နှစ်ခါလောက်မှမလုပ်ရရင် … အိပ်ရေးအပျက်ခံပြီးမတင်ရင်… သူကြီးဆာဖာက

ဂေလာရီနဲ့ဟိုဘာညာဘညာဆိုတဲ့အကောင်ကြီးကသိပ်မကြည်လို့တင်မရဘူး….. ပုံသုံးပုံမှလွဲ၍ကျန်တာအကုန်လုံးကရှမ်းပြည်သားရဲ့ ဖန်တီးမှုလက်ရာစစ်စစ်သာဖြစ်ပါကြောင်း

potoshopဖြင့် frame စွပ်ခြင်းမှလွဲ၍ cropping မျှပင်မလုပ်ထားကြောင်းဝန်ခံပါသည်……  ကျန်သုံးပုံကတော့ကိုယ်တိုင်ဝင်အရိုက်ခံနေလို့မပြင်မဆင်တင်ပေးလိုက်ပါသည်…

ရွာသူရွာသားများ၏ဝေဖန်အကြံပေးခြင်းများကိုလည်းကွန်မန်းလေးများစောင့်စားခြင်းဖြင့်မျှော်လင့်နေပါသည်….

ခင်တဲ့လေးစားတဲ့ ဓါတ်ပုံတွေကတစ်ဆင့်ရှမ်းပြည်ကိုအလည်အပတ်ခေါ်သွားချင်တဲ့ မောင်ရှမ်း….. ရှမ်းပြည်သား(တောင်ပိုင်း)

ကျေးဇူးပြုပြီးရွာထဲမှဓါတ်ပုံပညာရှင်အပေါင်းကျွန်တော့်ပုံတွေကိုဝေဖန်ပေးကြပါခင်ဗျာ…. လိုအပ်တာရှိရင်လည်းသင်ကြားပေးကြပါ……

(ကျွန်တော်သည် ဓါတ်ပုံဆရာမဟုတ်သော ဓါတ်ပုံတပည့်မျှသာဖြစ်ပေတော့သည်)

17 comments

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 3, 2012 at 1:16 am

    သူကြီးမင်းတရား ဟိုဘက်ကမကောင်းတဲ့ပို့စ်ကိုဖျက်ပေးပါ….
    ဒီနေ့လည်းအိပ်ရေးပျက်ပြန်ပြီ…. ရွာသားတွေကိုကြည့်စေချင်တဲ့ဆန္ဒကတအားကိုပြင်းပျနေတော့….
    သူကြီးကျွန်တော့်ပုံတွေကိုကောမဝယ်ချင်ဘူးလား…. ကျွန်တော်လည်း ကိုယ်ရိုက်ထားတဲ့ပုံလေးကိုရောင်းပြီး
    ဦးပေါက်ပြောသလို မဆူးတို့သွားမယ့် ပန်းတနော်အလှူကိုလှူချင်တယ်………

  • KoNyeinChan

    April 3, 2012 at 4:33 am

    ရေစီးအတော်ကြမ်းပုံရတယ်.. ကျသွားလိုက်လို ့ကတော့ ….

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 3, 2012 at 9:12 pm

      ကျသွားတယ်ဗျ…. ရေပြန်ကူးတာဟိုဘက်ကမ်းကိုရောက်ရော.. မသေတာကံကောင်း…
      နံပါတ်တစ်ပုံကိုရိုက်ရင်း….လှိုင်းပုတ်လိုက်တာ ကျောက်တုံးကရေညှိနဲ့ချော်ပြီးရေထဲကျသွားတာ.
      ကိုယ့်ဆရာဘယ်လိုများသိပါလိမ့်…အဲဒါကြောင့်ဟိုတစ်နေ့ကပို့စ်မှာ…ကြိုးစားပန်းစားရိုက်ခဲ့လို့ပါ
      ဆိုပြီးခေါင်းစဉ်တပ်လိုက်တာ….

  • ဖားသက်ပြင်း

    April 3, 2012 at 7:02 am

    ပုံ၁နဲ့ ပုံ၄ က long exposure စမ်းကြည့်သင့်တယ် ထင်ရဲ့ဗျာ…

    အားပေးသွားပါတယ်…

    ခင်တဲ့
    ဂီ

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 3, 2012 at 8:47 pm

      ဂီဂီရေ…. ဘယ်လိုနည်းလမ်းလဲညွန်းပါဦး….ကျွန်တော်ကပရိုမဖြစ်သေးတော့ ဂီဂီပြောတာလေး
      နားမရှင်းဘူး…. ကျွန်တော်ကအခုမှလက်တည့်စမ်းနေတုန်း…….

  • ဆူး

    April 3, 2012 at 9:39 am

    ရှမ်းပြည် တောင်ပိုင်းသား ရေ.. အလှူမှာ လှူချင်တယ်လို့ စိတ်ဝင်စားတာ သိရလို့ ဝမ်းသာစွာ ကြိုဆိုပါတယ်။

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 3, 2012 at 8:56 pm

      တကယ့်ကိုစိတ်ရင်းနဲ့ပြောတာပါ မဆူးရေ….. သူကြီးကသာဝယ်မဝယ်မသိသေးဘူး…..

  • Shwe Tike Soe

    April 3, 2012 at 11:55 am

    ဓာတ်ပုံတွေ အရမ်းလန်းနေပါလား စိမ်းစိုနေတော့ စိတ်ထဲကို လန်းသွားတာပဲ.. အားပေးနေတယ်…
    နောက်လဲ လှုပ်ရှားအုံးနော့ …. 😀 😀

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 3, 2012 at 8:51 pm

      အားပေးပါဦးနော်……. စုံထောက်ကြီးကိုအောင်တိုက်ရေ…
      ကြောင်ဝတုတ်ဂိုဏ်းက မင်းမတ်ကိုဘယ်တော့ကြိုးစင်ပို့မှာလဲ……

  • အံစာတုံး

    April 3, 2012 at 12:08 pm

    မောင်ရှမ်းရေ့ ..
    နင့်ထဲမှာပါတဲ့ သစ်ပင်နဲ့ ပုံက ..
    နာတင်ခဲ့တဲ့ ‘မနှစ်က သကြ်န် ရွာပြန်ခဲ့စဉ်က’ ဆိုတဲ့ ပို့စ်ထဲမှာပါတဲ့
    သစ်ပင်နဲ့ တူနေသလားလို့ …

    ပုံတွေအတွက် ရှဲရှဲပါနော် …

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 3, 2012 at 9:20 pm

      ဟဲဟဲ အဲဒီ့ရွှေစင်ရုပ်ကိုရှမ်းပြည်ရွှေ့စိုက်လိုက်တာလေ…….
      ဒါ့ပေမယ့် ဇာဇာ့ပုံထဲကရွှေစင်ရုပ်ထက်သူကဖင်နဲနဲပိုကောက်တယ်…. ဝတ်မှုံရွှေရည်လေးအတိုင်း
      ပဲ……..

      • အံစာတုံး

        April 3, 2012 at 9:24 pm

        ဘာမှလည်း
        ဆိုင်ဘူး …
        ဝတ်မှုံချွေရည်လေး ဆိုလို့ …
        အဟိ … 😀

        လစ်ပီ မောင်ရှမ်းရေ ….

        • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

          April 3, 2012 at 9:27 pm

          အဟီးဆိုင်မလားလို့ပါ….. 😛

  • Khaing Khaing

    April 3, 2012 at 2:25 pm

    ဒုတိယပုံလေးက အေးချမ်းတယ်ကွယ် … ဒါ့ပုံထဲက ဝတုတ်ကောင်လေးကဘယ်သူလဲ …… အောက်ဆုံးက ဝတုတ်ကောင်းလေးရဲ့အပေါ်ကပုံက ပန်ချီဆွဲထားသလိုပဲ ……… အားပေးနေမယ်နော် …….

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 3, 2012 at 9:26 pm

      ဒုတိယပုံလေးကအေးချမ်းပေမယ့်သူ့ရာဇဝင်ကမကောင်းဘူးဗျ….
      အဲဒီ့တံတားလေးက လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်ကတစ်ခါကျိုးထားတယ်…နောက်ခြောက်နှစ်ကြာတော့တစ်ခါ
      ထပ်ကျိုးပြန်တယ်….အခုတော့ခိုင်ပြီထင်ပါရဲ့…. အရင်ပို့စ်ကပုံတွေက ဒီတံတားကျိုးတော့
      ယာယီတံတားထိုးရတဲ့နေရာလေးလေ……. ဒါ့ပုံထဲကဝတုတ်ကောင်လေးကတော့
      မခိုင်ရဲ့ချစ်ဆုံးလေး…ရှမ်းပြည်သားလေ….. မင်းသမီးနဲ့မတူဘူးလား…
      ယောက်ျားတွေကို ကြာပစ်တတ်တဲ့မင်းသမီးလေးနဲ့လေ….
      စတာပါ…. ကျွန်တော့်ပုံကို တွမ်ခရုနဲ့တူတယ်ဆိုပြီးသူကြီးမင်းများဝယ်မလားလို့တင်ပေးလိုက်တာ
      အဟီး…… 🙂 😀 😛 :]

  • Khaing Khaing

    April 3, 2012 at 10:13 pm

    အော်ပုံထဲက ကောင်လေးက မောင်လေးခလား ဟိုးတစ်လောက အက်ဗက်တာမှာတင်ထားတဲ့ ဆံနီနဲ့ ကောင်လေးကဘူလေးလဲ အို မခိုင်ကို ခေါင်းရှုပ်အောင်လုပ်ပြန်ပြီ ……… ဟုတ်ပမင်းသမီးနဲ့တော်တော်တူတယ် ဂိုဏ်ပေးကြမ်းပအေ ….. မောင်လေးခရေ ဓာတ်ပုံရိုက်တာတော့ရိုက် ပေ့ါ တော်ကြာရေထဲချော်ကျနေလို့ မခိုင်တို့တွေ ဒါ့ပုံတွေထပ်မကြည့်ရဘဲနေဦးမယ် ……… မောင်လေးခ ပုံတွေကို ဘယ်သူရိုက်ပေးတာလဲအေ …… ဝဏ္ဍခွာနီးလာဟင်………..

    ခင်မင်စွာဖြင့် (နောက်ပြောင်သွားပါသည်)
    Khaing Khaing

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 3, 2012 at 10:25 pm

      ကျွန်တော့်ဓါတ်ပုံတွေကို ညီဝမ်းကွဲတစ်ယောက်ရိုက်ပေးထားတာပါ….. အေဗာတာကပုံက
      ကျွန်တော်ငယ်တုန်းကပုံလေးပါ……ဆယ်တန်းလောက်တုန်းက အဲတုန်းကတော့ခပ်ဖြူဖြူ
      အခုတော့ကျောင်းတက်တုန်းက ဘော်လီဘောလက်ရွေးစင်ဖြစ်တုန်းက နေပူမရှောင်မိုးရွာမရှောင်
      လေ့ကျင့်ရင် မဲမဲသဲသဲဖြစ်သွားတာ…. သုံးနှစ်ဆက်တိုက် … တစ်နေ့ကိုနေပူ… လေးနာရီလောက်
      လှမ်းခံထားရတဲ့ပုံလေ…….
      ပုံတွေရိုက်ရင်းရေထဲကျသွားတဲ့ပုံက ကဒ်ပျက်သွားလို့မတင်လိုက်ရဘူး….
      အခုတင်ပေးလိုက်တဲ့ပုံက ရီကာဗာရီပြန်လုပ်လို့ရသမျှပုံလေးတွေပါ… ပုံတစ်ရာ့လေးပုံမှာ
      ခြောက်ဆယ်ကျော်ပဲပြန်ပါလာတော့တယ် ကင်မရာနှစ်လုံးနဲ့သွားကြတာလေ… ကင်မရာအစုတ်
      လေးနဲ့ရိုက်တဲ့ပုံကရေထဲကျပြီးရိုက်တဲ့ကင်မရာကိုဆယ်ရင်း သူပါရေစိုသွားတော့ ကဒ်ပဲပျက်သွား
      တာ…. ဒါနဲ့ဆိုကင်မရာရေထဲကျတာသုံးခါရှိပြီ…. ပရိုတစ်လုံးတော့သွားရှာပြီ…
      ဒီပုံလေးတွေက အိတ်ဆောင်ကင်မရာနဲ့ပဲရိုက်ထားတာ……

Leave a Reply