ကိုအောင်ပု မြှောက်ပေးလို့ ရေးတာပါ ။

Foreign ResidentApril 3, 20121min35534

ကိုအောင်ပု မြှောက်ပေးလို့ ရေးတာပါ ။

 

အဓိက ကတော့

” ရွေးကောက်ပွဲ ရလဒ် လှောင်ပြောင်ချက်လေးပါ ” Post မှာ

စစ်ကိုင်း ၊ မင်းလမ်း ကအိမ်မှာ

 

မင်းလမ်း

အမေစု = ၁၃၄၀

ကြံ့ = ၁၀၂

သနားတယ်ဟေ့ ။

 

လို့ရေးထားတဲ့ ဓါတ်ပုံလေးကို မြင်မိပြီး

အဘ က သတိပေးတဲ့ Comment ရေးခဲ့တာပါ

 

” NLD က အကုန်လောက်နီးနီး နိုင်လု့ိ သိပ်ပျော်နေကြတယ်ပေါ့လေ ။

အဘတော့ မပျော်ဘူး ။ ၆ဝ % လောက်ပဲ နိုင်စေချင်တာ ။

၂၀၁၅ မှာ သူတို့ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာ သိသွားပြီ ။

ခွေး တောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်သေးတာပဲ ။

သူတို့ ဘာလုပ်ကြမယ်ထင်သလဲ ။

၁။ ဒေါ်စု ကို ရှင်းထုတ် မလား ။

၂။ စစ်တပ် အာဏာ သိမ်းမလား ။

၃။ သူတို့ အေးအေးဆေးဆေး လေး အရှုံးပေး ထွက်သွာကြမလား ။

မတုံးကြပါနှင့် ရွာသူားတို့ ။ ဆင်ဆင်ခြင်ခြင် နေကြပါကွယ့် ။

အန္တရာယ် အငွေ့အသက်လေးများ မရမိကြဘူးလား ။

သူများ သွားသနားနေသေးတယ် ။

ကိုယ့်အလှည့်ကြမှ လုံးတီး နှင့် ခြေကျင်း နှင့် ဖြစ်နေမယ် “

 

အဲဒါကို မသဲနုအေးက ဒီလို အကြောင်းပြန်တယ် ။

Thel Nu Aye says:

“အန္တရာယ် အငွေ့အသက်လေးများ မရမိကြဘူးလား ။”

မရပါဘူး။ နိုင်ငံတကာနဲ့ထဲထဲဝင်ဝင်ဖြစ်လာလို့ မကြောက်တော့ဘူး။

ဖြစ်လာရင် အားကိုးစရာတွေရှိပြီ။ အရင်ကလိုတရုတ်ကြီးပဲအားကိုးစရာရှိတာမှမဟုတ်တာ။

အဘနော်။ သများတို့ပျော်နေတယ်။

 

နောက်တော့ အဘပုက မြှောက်တွန်းတွန်းတယ် ။

မိုက်ကယ်ဂျော်နီအောင်ပု says:

အဘ

ဆင်းဇားဂျဇေလိုဘာဒယ် ဘာညာ ရေးဘာ

အရေးကြီးနေဘီ

အဘ ရေးလေဗျာ

ဒီနေရာရောက်မှ အဘဂ ရူးခြင်ဟန်ဆောင်ရင်

အဘနဲ့ ကျုပ်နဲ့ လက်သီးပွဲဘဲ

ရေး အဘ ရေး

( အဘ ကျုပ် ရန်ဂုဏ်လာရင် ဒဘလင်းပေးဘို့ မမေ့နဲ့အုန်း 😀 )

 

အဘ အနေနှင့် ဘာတစ်ခွန်းမှ ထပ်မပြောလိုတော့ပါဘူး ။

Face Book မှာ တွေ့နေရတဲ့

လူတစ်စု အချင်းချင်း စကားပြောနေတာကို တခြားသူတစ်ဦးက

Screen Capture လုပ်ထားတဲ့ ဓါတ်ပုံလေး တစ်ပုံပဲ တင်ပေးမယ်နော် ။

( အဘ နှင့် သူတို့နှင့် ဘာမှ အဆက်အသွယ်မရှိဘူး နော် )


ကဲ ဒီကိစ္စမှာ အဘ Idea ထင်မြင်ယူဆချက် တစ်ခုမှမပေးတော့ဘူး ။

အဘ ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘူးနော် ။

ရွာသူားတို့ပြောတာပဲ နားထောင်တော့မယ် ။

 

ဝမ်းသာနေတဲ့ အပျော်လေးတွေကို

ဖျက်ဆီးသလို ဖြစ်သွားရင် Sorry ပါ ။

 

အဘ Foreign Resident ။

 

 

 

 

 

34 comments

  • Foreign Resident

    April 3, 2012 at 6:20 am

    စကားမစပ် ပါ ။

    ” ကျွန်တော်တို့ မန်းလေးမှာ ခုနကလေးတင်မှာ ၇၃လမ်းက ကြံ့ခိုင်ရေး ရုံးရှေ့ ပြန်လာတော့
    ထူးခြားတာ တခုကို တွေ့ခဲ့ပါတယ်။ Riot Squad ကား ၂စီးအပြင် NLD ကလူငယ်တွေ
    ပင်နီတိုက်ပုံတွေဝတ်ပီးတော့ ရုံးကို လုံခြုံရေးပေးထားရပါတယ်။
    မန်းလေး လူငယ်တွေက အားတိုင်း အဲဒီရှေ့မှာ ကမာ္ဘမကြေ ဆိုလိုက် ကလိုက်ကြလုပ်နေတော့
    အရှက်ကွဲလာလို့ထင်တယ်နော် ”

    NLD ကလူငယ်တွေ ပင်နီတိုက်ပုံတွေဝတ်ပီးတော့ ကြံ့ခိုင်ရေး ရုံးကို လုံခြုံရေးပေးထားရပါတယ် ။
    NLD ရဲ့ အမျှော်အမြင်ရှိတဲ့ ၊ ရင့်ကျက်တဲ့ ၊ အဲဒီအပြုအမူကို ၊
    လှိုက်လှိုက် လဲလဲ ထောက်ခံ ပါတယ် ။

    • thet pying phyo

      April 3, 2012 at 10:16 am

      Foreign Resident, first you want to discuss about election. Later you say that cause of what things Oh, i don’t want to discuss. Not like that, we should discuss until finish.
      Anyway everybody know we are not politicians. Now the one is what we should know.

      • windtalker

        April 3, 2012 at 8:44 pm

        မန်းတလေးမှာ ဟိုးရှေးရှေးကတဲက အက်စ်ဝမ်း တို ့၊ အဘိုးကြီးတို ့လက်ထဲကတဲ က ထောင်ထဲဝင်လိုက် ထွက်လိုက် ၊ ထောင်မကြောက် ဘဲ ရဲရဲဝံ့ဝံ့ အမြဲတမ်း အန်အယ်လ်ဒီ ပါတီဝင်ဖြစ်ခဲ့တဲ့သူများဟာ စည်းကမ်းတကျ နဲ ့ရှိနေပေမယ့် ၊ ဘာကောင်တွေမှန်းမသိရဘဲ ၊ မနေ ့တစ်နေ ့က မှ အမေစု မန်းတလေးလာလို ့၊ မနက်ကတဲက မူးရူး စုပြုံ လျှောက်သွားနေတဲ့ ဂယက် ဟာ အခုချိန်ထိ မငြိမ်သက်နိုင်သေးတာ ကို တွေ ့ရပါတယ် ။ သိပ်စိတ်ပျက်စရာကောင်းတာဘဲ ။ ကျွန်တော့် အစ်ကို တစ်ယောက် ဟာ ဦးရွှေထူး ရဲ ့သားပါ ။ မန်းတလေး အန်အယ်ဒီ မှာလဲ ပါပါတယ် ။ သူတို ့ကြည့်ရတာလဲ အခု ဖြစ်နေတဲ့ ဘာကောင်တွေမှန်းမသိ အုပ်စုများကို စိတ်ပျက်နေသလို ပါဘဲ ။ မူးရူးပြီး မီးပွိုင့်နီနေတာ ကို လမ်းလည်ခေါင်မှာ ပိတ်ရပ် ၊ မီးစိမ်းလို ့သွားနေတဲ့ ယာဉ်တွေ ကို တားပြီး ဇွတ်ဖြတ် ၊ လမ်းပြောင်းပြန်စီး ၊ စည်းမဲ့ ကမ်းမဲ့ ဗရမ်းဗတာ နဲ ့နေနေကြတာ တော်တော်ဆိုးပါတယ် ။

  • htoosan

    April 3, 2012 at 6:36 am

    အခြား အဖွဲ့ ဝတ်ထားတဲ့ လူတစုက ခဲနဲ့ပေါက် ရေဗူးနဲ့ ပစ်လို့ ဆိုပြီး The Voice Weekly face book မှာ ဖတ်လိုက်ရပါတယ်။ ဒါကြောင့် NLD နံမည် မပျက်ရအောင် သူတို့ကိုလည်း လုပ်ကြံတာမဖြစ်အောင် လာစောင့် ပေးတာနဲ့ တူပါသည်။

  • ရွာစားကျော်

    April 3, 2012 at 7:13 am

    မိုးပေါက်စင် ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ avatar ပုံက အဖွဲ့အစည်း တခုခုရဲ့ တံဆိပ်လားမသိဘူးနော်.( သေချာမမြင်ရလို့ပါ အဘ).
    အဲဒီတော့ သူ့ အမြင် အသူ့အတွေးကရော ယေဘူယကျ နိုင်ပါ့မလား…
    အစွဲတခုနဲ့ အစွန်းရောက်နေတဲ့ လူတွေရဲ့ မှတ်ချက်လို့သာ ပြောပါရစေ

  • aye.kk

    April 3, 2012 at 7:55 am

    မိုးပေါက်စင်ရဲ ့အတွေးက..
    မတွေးကောင်းပါဘူး..
    ပြည်သူပြည်သားအားလုံးကို..
    ရင်ဝယ်သားကဲ့သို ့ထားခါမေတ္တာတွေခြုံပြီး..
    လုံနွေးအောင်ပေးနိုင်တဲ့အမေစုရဲ ့မေတ္တာကို..
    မိုးပေါက်စင်အနေနဲ ့ကရိုင်းပြရက်စက်ယုတ်မာတဲ့အကြံကိုတွေးမိတာ..
    ဂဠုန်ဦးစောပြန်ဝင်စားပြီးပြောတာလားလို့ထင်မိပါတယ်။။

  • ဆူး

    April 3, 2012 at 9:30 am

    မနေ့က အလုပ်ရောက်ရောက်ချင်း ဝန်ထမ်း ၂ယောက် ပြောနေတဲ့ အသံနားထဲ ကြားမိတာ ထ ရိုက်ချင် စိတ်တောင် ပေါက်မိတယ်။
    တယောက် ဥက္ကဌ သား တဲ့ သူက ခြင်္သေ့မှ ခြင်္သေ့ တဲ့ အမြဲ ပြောတယ်.. ငါ တို့ ခြင်္သေ့ ဘာညာပေါ့..
    နောက်တယောက်ကတော့ ခွပ်ဒေါင်းမှ ခွပ်ဒေါင်း..

    မနေ့က မနက်မှာ သူတို့ ပြောနေကြတယ်.. ခွပ်ဒေါင်းသမားက (တွေ့လား ငါတို့ ဒေါင်းက နိုင်တယ်တဲ့..)
    ခြင်္သေ့က (မင်းတို့ ဒေါင်းနိင်လည်း ဘာတတ်နိုင်သေးလဲ မီးပျက်ပြီတဲ့)

    သူတို့တွေ စကားများနေတာ ကိုယ်ဝင်မပါမိအောင် မသိချင်ယောင်ဆောင်နေပေမဲ့ စိတ်ထဲကတော့ ရိုက်ချင်မိတာ အမှန်ပဲ။ မီးပျက်တာကို အမြတ်ထုတ် ပြောနေတာ.. လူက ပူတဲ့ အချိန် ဒေါသထွက်လွယ်တာ မသိဘူးလားမသိဘူး။

    အခု ဒေါင်း နိုင်လို့ မီးတွေ တမင်ဖျက်ပြီး မီးလာစေချင်ရင် ၂၀၁၅မှာ ခြင်္သေ့မဲ ပေးကြဆိုပြီး ဖြစ်အောင် နိပ်ကွပ်တာ ဖြစ်မယ် ထင်တယ်။

    • photwenty

      April 3, 2012 at 10:53 am

      အဲ.ဒီလိုတော.မထင်ဘူးဗျာ
      လျှပ်စစ်ဝန်ကြီးက သူ.ဌာနကို ၂၀၁၂ အတွက်ဘတ်ဂျက်မချပေးလို. မီးဖြတ်ပြီးပညာပြတယ်လို.ထင်တာပဲ
      သူတို.အထက်ပိုင်း ဦးသိန်းစိန်ရဲ. အစိုးရအဖွဲ.မှာလဲ တစ်ဖွဲ.နဲတစ်ဖွဲ. ပညာပြနေကြတယ်လို.ထင်တယ်

  • ကြောင်ကြီး

    April 3, 2012 at 9:41 am

    အများစုက လွတ်လပ်ခွင့်ကို အရူးအမူးလိုချင်နေဂျလို့ ၁၉၉ဝရွေးကောက်ပွဲတုန်းကလိုပဲ အန်အယ်လ်ဒီကို တခဲနက် မဲပုံပေးလိုက်တယ်။ နောင်ရွေးကောက်ပွဲအကြီး ထပ်လုပ်လည်း ဒီအတိုင်းပဲ ရလဒ်ထွက်အုံးမှာပဲ။ အောက်မှအပေါ်သို့သွားတဲ့ နိုင်ငံရေးစနစ်မှာ ဘယ်လိုမှ အပေါ်ကလိုချင်တဲ့ ပုံစမဖြစ်နိုင်ဘူး။ ဖြစ်ခဲ့ရင် စစ်တပ်အုပ်ချုပ်ရေး ဒါမှမဟုတ် ဗဟိုဦးစီး ဟိုမိုကရေစီနဲ့ အတူတူဖြစ်သွားပြီ။ ဖြစ်လာတဲ့အခြေအနေကို လက်ခံရမှာပဲ။ မတရားဖိနှိပ်မှုများ ရှိနေသ၍ အခုလိုပဲ မဲအပြတ်အသတ်ရလဒ် ထွက်နေပါလိမ့်မယ်။
    ဒီလိုပြောလို့ တိုင်းပြည်နိုင်ငံရေးအကျပ်အတည်း ဆက်ဖြစ်နေအုံးမှာလား… အဲလိုလည်း ပြောလို့မရသေးဘူး..။ လက်ရှိဦးသိန်းစိန်အစိုးရ ဖြစ်တည်မှုသည် စစ်တပ်ရဲ့ နှစ်ပေါင်း၂ဝကျော်ကြာ ငါတကောကော ချုပ်ကိုင်မှုကနေ ထွက်ပေါက်ရှာလို့ ဖြစ်လာတာ၊ အန်အယ်လ်ဒီကလည်း စစ်တပ်ကိုချော့မခေါ်ဘဲ ရှေ့ဆက်သွားမရမှန်းသိနေပြီ။ တိုင်းရင်းသားသူပုန်တွေကလည်း လုံးဝလွတ်လပ်ရေးဆိုတာ မဖြစ်နိုင်မှန်း သိထားကြပြီ။ ကြားဖြတ်ရွေးကောက်ပွဲရလဒ်သည် အသွင်သဏ္ဍာန်အားဖြင့် ၁၉၉ဝခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့ တူပေမဲ့ နိုင်ငံရေးပတ်ဝန်းကျင် အနေအထား မတူဘူး။ နှစ်ဖက်စလုံးက အယင်လို အတင်းထိုးဝင်ထိုးသုတ် လုပ်မယ်မထင်ဘူး၊ အသီးသီး ကိုယ်စီကိုယ်ငှ နာထားဂျလို့ ပိုပြီး ဆင်ဆင်ခြင်ခြင် ရှိလာပြီ။ ယနေ့ရလဒ်လို တခဲနက်အောင်ပွဲခံမှုမျိုးဟာ လုပ်ပိုင်ခွင့်အာဏာ တဖက်စောင်းနင်းယူထားတဲ့ စစ်ဗိုလ်ချုပ်များနဲ့ ညှိနှိုင်းဖို့ အတိုက်အခံအတွက် လိုအပ်နေတဲ့ အင်အားဖြစ်တယ်။ ဒီလောက်ရထားမှ နိုင်ငံရေးမှာ လတ်တလော ဖယ်ထုတ်လို့ မရသေးမဲ့ စစ်တပ်နဲ့ ရင်ဆိုင်ဖို့ဖြစ်နိုင်မယ်။ အဘဂျီးက ဒါတွေသိထားလို့လည်း မိုးကျရွှေကိုယ် ၂၅% ကို နောက်ဆုံးခံစစ်ကြောင်းအဖြစ် လွှတ်တော်ထဲ ထည့်ထားတာပေါ့နော်။ အဲဒီခံစစ်ကြောင်းရောက်သည်အထိ အန်အယ်လ်ဒီနဲ့ အတိုက်အခံများ ရှေ့တိုးနိုင်သေးတယ်။ နီးလေ တိုက်ပွဲပိုပြင်းလေတော့ ဖြစ်ပါမယ်။ နာနေသူကို ဂျောင်ပိတ်မရိုက်နဲ့ဆိုတာ အဲဒီစည်းမပေါက်သ၍ မဖြစ်သေးလို့ ပြောပါရစေ..။

  • Onyx

    April 3, 2012 at 10:51 am

    အဲဒီလူက အခုချိန်ရောက်မှ ဘာလဲ အမေ စုကို လုပ်ကြံလေးဘာလေးနဲ့ သူ့ပထွေးတွေ အနှစ် 20လောက်
    တက်ပြီး လုပ်ချင်တာလုပ်နေတုန်းကတော့ ဘာသောက်သံမှ မထွက်ပဲ။ ဦးစောထက်ကို ရုပ်ညံ မဲ့လူပဲဗျို့
    ဒင်းကိုတော့ လား နော် လစာ အကုန်ပေးပြီး ပါးရိုက်ဖို့ကောင်းနေပြီ။

  • manawphyulay

    April 3, 2012 at 10:55 am

    မြန်မာတွေကလည်း သိတဲ့အတိုင်းပဲလေ… ပန်းမဝင်သေးဘူး တက်ထောင်နေကြတာများသကိုး… အလှည့်ဆိုတာ ရှိစမြဲပဲ။ သိပ်ပြီးလည်း ဝမ်းမသာနဲ့ လုပ်စရာရှိတာသာ ကြံ့ကြံ့ခံပြီး ရှေ့ဆက်လျှောက်ဖို့လိုတာလို့ မြင်မိပါတယ်။

  • kai

    April 3, 2012 at 12:30 pm

    ကျုပ်ရွာသူားတွေ… ဖေ့စ်ဘုတ်လေ့လာရေးအားနည်းသွားတယ်ထင်တယ်..
    အဲဒီအပေါ်ကဖေ့စ်ဘုတ်ကော်မန့်က.. ဘယ်နေရာမှာ..ဘာ့ကြောင့်ရေးသလည်းသိဖို့လိုမယ်..

    http://www.facebook.com/notes/ko-watote/%E1%80%85%E1%80%BC%E1%80%94%E1%80%B9%E1%82%95%E1%80%95%E1%80%85%E1%80%B9%E1%80%81%E1%80%B6%E1%80%9C%E1%80%AC%E1%80%9B%E1%80%B1%E1%80%9E%E1%80%AC-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%82%88%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%80%81%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%95%E1%80%AD%E1%80%90%E1%80%B9%E1%80%81%E1%80%B6%E1%80%9B%E1%80%B1%E1%80%9E%E1%80%AC-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9/326292800763635

    အဲဒီ အပေါ်လင့်ခ်မှာ..

    စွန့်ပစ်ခံလာရသော နိုင်ငံရေးရိုးသားမှုနှင့် ချောင်ပိတ်ခံရသော မြန်မာပြည်
    by Ko Watote on Saturday, March 31, 2012 at 9:23am ·

    ဆိုတာပါတယ်..။
    ပြောရရင်.. Ko Watote ဆိုသူက… ဘီဘီစီအားကစားသတင်းကြေငြာတတ်တဲ့.. . ဗကပခေါင်းဆောင်.. ဗိုလ်ချုပ်ကျော်ဇောမြေး.. ကိုသူရိန်ကျော်ဇောပါခင်ဗျ..

    အခုလောလောဆယ်အခြေအနေအရ.. ဗကပ အပါအဝင်.. ဘယ်အစွန်းရောက်တွေအမြင်က..
    ဒေါ်အောင်ဆန်းစုကြည်လည်း မကြိုက်ဖူး..စစ်တပ်လည်းမဟုတ်ဖူး.. ၈၈လည်းမကောင်းဘူး.. NLD လည်း.. No,No..,USDP လည်း.. Booo…!

    အဲဒါလေး…။ :mrgreen:

    • Thel Nu Aye

      April 3, 2012 at 12:58 pm

      ပြည်သူနဲ့ဒေါ်အောင်ဆန်းစုကြည်ကို အကြီးအကျယ်ရန်တိုက်ပေးလိုက်တာပါပဲ။ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့စကားပုံလိုပါပဲ။ ဆွဲမဲ့ကျားတွေစောင့်နေတာထင်ရှားပါတယ်။ ဒီရေးတဲ့သူကလဲ ဆွဲမယ်ကျားတကောင်ဖြစ်ဖို့များတယ်။ ပွဲလန့်တုန်းဖျာဝင်ခင်းမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပြော ချင်တာပြောလို့ရပါတယ်။ တခုပဲ လူထုဆိုတာ သူတို့တွေတွေး ထားသလို အားလုံးနလပိန်း တုန်း တွေချည်းပဲတော့မဟုတ်ပါဘူးဆိုတာပါပဲ။ အပြောကောင်း တဲ့သူနောက်ပါတယ်လို့ ထင်နေကြပုံရတယ်။ ဒါကြောင့်လဲ သူကစကား လုံးလှလှလေး သုံးပြီး သွေးခွဲတာ။ လှလှပပလေး သူ့နောက်များပါမလားလို့။ လွတ်လပ်ရေးခေတ်ဦးမှာလဲ အစိုးရအတည်တကျမဖြစ်သေးခင် မှာ တောကြောင်တွေ ထကြွသောင်းကျန်းခဲ့တာ အခုထိပြည်တွင်းစစ်ဆိုတာကျန်နေသေးတာပဲ။ အခုလဲ နိုင်ငံတော်စနစ်အကူးအပြောင်းစပ်ကူး မတ်ကူး မှာ ဒီလိုတောကြောင်တွေပေါ်လာတာမဆန်းပါဘူး။ ရှိရမှာပေါ့။ ဒါမှလဲ ဘယ်သူ အစစ်အမှန် ဘယ်သူအတုယောင်ဆိုတာ နှိင်းယှဉ်ကြည့်လို့ရမှာပေါ့။ ဒေါ်အောင် ဆန်း စုကြည် စေတနာမမှန်ရင်သူကျန်ခဲ့မှာပဲ။ ဦးသိန်းစိန်လဲစေတနာမမှန်ရင် ကျန်ခဲ့မှာပဲ။ စေတ နာ မှန်တဲ့သူရှေ့တန်းရောက်လာမှာပဲ။ ပူစရာမရှိပါဘူး။ အရေးကြီးတာ ကိုယ့်ယုံကြည်ချက်ကို စွဲစွဲမြဲမြဲဆုတ်ကိုင်ပြီး တိုင်းပြည်ကောင်းစားအောင်စွမ်းဆောင်နိုင်တဲ့သူ တယောက်မ က ပေါ် လာလဲပိုတောင်ကောင်းသေး။ သူ့ကိုမယုံရင် ကိုယ့်ကိုယုံလာအောင်လုပ်ပေါ့။ ကြိုဆိုပါတယ်။ သို့သော် ပုဆိုးခြုံထဲကလက်သီးပုန်းပြပြီး ရန်တိုက်ပေးနေတာမျိုးတော့ မကြိုဆိုပါဘူး။

      FB ထဲက ပိုစ့်ကို မန့်တာပါ။ သဂျီးကိုပြောတာမဟုတ်ဘူးနော်။ အဲဒီမှာမန့်လို့မရတော့လို့။

    • Foreign Resident

      April 3, 2012 at 2:10 pm

      သိတယ် သူကြီးရဲ့
      ရွာသူားတွေ မျက်လုံး နည်းနည်း ကျယ်သွားအောင် ပြကြည့်တာ ။
      ရန်သူ / လူမိုက် ဆိုတာ တစ်ယောက်ပဲ ရှိရင် လုံလောက်သွားပြီ ဆိုတာ ။

      သူကြီး Link ပေးလိုက်တာလည်း ကောင်းပါတယ် ။
      ရွာသူားတွေ အမြင် ကျယ်သွားတာပေါ့ ။
      😛

      • Wow

        April 3, 2012 at 2:38 pm

        ဟယ် တူညားပြောပြီးမှ သိဒယ်တဲ့….
        ရွာသားတွေ အမြင်ကျယ်သွားတာပေါ့ဆိုတဲ့ စကားကို ပြောလိုက်တာကတော့ အမြင်မကျယ်ရာရောက်ပါတယ်။
        Oh! Man…..!

        • Foreign Resident

          April 3, 2012 at 4:30 pm

          အော် WOW ရယ် ။
          အဲဒီဟာတွေ မဖါတ်ပဲ ၊ မသိပဲ နှင့် ၊
          အဘ ဘယ်လိုလုပ် ဒီဓါတ်ပုံ ရလာမလဲကွယ် ။ 😛

  • nozomi

    April 3, 2012 at 1:02 pm

    သတိထားမိတာလေး တစ်ခုပြောပြမယ်
    ရွေးကောက်ပွဲနေ့က ပြည်လမ်း ( ၉ မိုင် ) လမ်းလယ် မှာ ဖရဲသီး တစ်လုံးကွဲ ပြန့်ကျဲနေတယ် အဝေးကကြည့်ရင် ရဲနေတာပဲ ကားတိုက်ထားတာ ထင်လို့ နီးမှ အော် ကားပေါ်က ဖရဲသီး ကျကွဲတယ်လို့ တွေးလိုက်မိတယ် နောက် မင်းဓမ္မလမ်းဘက်မှာလဲ အဲဒီအတိုင်း တွေ့ပြန်ရော ဒါ ဆိုရင်တော့ တိုက်ဆိုင်တာ မဟုတ်တော့ဘူး
    ဟော မနေ့က (၂ ရက်နေ့) ကလဲ နောက်တစ်နေရာမှာ လမ်းလယ် မှာ အစိတ်စိတ်အမြွှာမြွှာကွဲနေတဲ့ ဖရဲသီး တွေ့ပြန်ရော

    တစ်ယောက်ယောက် ကတော့ လုပ်နေပြီ ဘာအတွက်လဲ ?

    • Foreign Resident

      April 3, 2012 at 4:33 pm

      ငါတို့ ရွာသူား ဖရဲ တော့
      ယတြာ အခြေခံရတဲ့ အထဲ ပါသွားပြီ ထင်တယ် ။
      ဒါကြောင် ဒီရက်ပိုင်း ဖရဲ ပျောက်နေပါတယ်ထင်တာ ။
      စိတ် မကောင်းလိုက်တာ ။

  • Wow

    April 3, 2012 at 1:34 pm

    ဘာမဆိုဖြစ်နိုင်တယ်တဲ့၊

    ဒါပေမဲ့ ဒီလိုကိတ်စမျိုးကတော့ အဆိုးမြင်ဝါဒီ ဘုပြောဘေးထိုင် သမားများမှတပါး မပြောသင့်ပါဘူး။

    ပြည်သူတွေထိန်းထိန်းသိမ်းသိမ်းပျော်သင့်တာမှန်ပါတယ်။ ဒါပေမဲ့ ခံခဲ့ရတဲ့ နှစ်တွေကို တွက်ကြည့်ပါဦး။ ပြည်သူတွေဆိုတာလဲ Human being ပါ။ ဘယ် Human being မှ perfect မဖြစ်ပါဘူး။

    ကိုယ်ကိုတိုင်ဘာမှ ပြည်သူ့ကောင်းကျိုးနှမ်းတစေ့မှ မဆောင်ရွက်ပေးနိုင်ပဲ အပြော သက်သက်ပဲဆို အခါမရွေးဩဝါဒ အပေးကောင်းလို့ အသိုက်ဖျက်ခံရတဲ့ ငှက်ပုံပြင်လို အကျိုးမရှိနိုင်ပါဘူး။

    သိပ်ကြောက်တတ်နေရင်တော့ တစ်တီတူးလို ခြေနှစ်ချောင်း မိုးပေါ်ထောင်ပြီးတော့သာ အိပ်ပါတော့….

    ဒီ Comment ကို ကြိုက်သလိုနီနိုင်ပါတယ်…..

  • Wow

    April 3, 2012 at 1:43 pm

    အခါမရွေးဩဝါဒပေးတဲ့ငှက်ပုံပြင်ကတော့
    တစ်ခါကငှက်တစ်ကောင် အသိုက်ဆောက်နေတဲ့သစ်ပင်မှာ မျောက်တစ်ကောင်လဲနေသတဲ့။ ငှက်ကမျောက်ကို မိုးတွင်း ခိုနားဖို့ အသိုက်ဆောက်ဖို့ပြောတယ်။ ဒါပေမဲ့ မျောက်သဘာဝအရ အသိုက်မှ မဆောက်တတ်တာ။ ဒါနဲ့မိုးတွင်းရောက်လာတော့ မိုးရွာတဲ့အချိန် ငှက်ကတော့ အသိုက်ထဲမှာဇိမ်ပေါ့။ မျောက်ခမျာတော့ မိုးရေတွေနဲ့ ချမ်းတုန်လို့ပေါ့။ အဲဒီအချိန်မှာ ငှက်က သူဘာမှ မကူညီနိုင်တဲ့ အပြင် အာဘောင်အာရင်းသန်သန်နဲ့ မျောက်ကို အသိုက်မဆောက်လို့ ဒီလို ဒုက္ခမျိုးခံရကြောင်း နားညီးလောက်အောင်ပြောတော့ မိုးကစို၊ ချမ်းကချမ်း၊ ဗိုက်ကဆာနဲ့ မျောက်က ဒေါသထွက်လာပြီး ငှက် အသိုက်ကိုပါဖျက်လိုက်သတဲ့။ ဒီတော့ ငှက်ရေ့ာ မျောက်ပါ မိုးရေထဲမှာ…..
    အဲဒီတော့ ဩဝါဒပေးချင်တယ်ဆိုရင် တောင် ဘုရားဟော ပြောသင်တဲ့စကားနဲ့ မပြောသင့်တဲ့ စကားတွေကို မမေ့ပါနဲ့လို့…..

  • etone

    April 3, 2012 at 2:50 pm

    အင်းးးးးးးးးးးး အဘရေ .. အခုလေးတင် ဂျပန်ထွက်သွားတဲ့ ဘော်ဒါနဲ့ ဂျီတော့မှာ အခြေတင် ငြင်းခုန်ပြီးပြီ …. ။
    သူကများ ပြောသေးတယ် …. အရူးမ ဝမ်းသာမနေနဲ့တဲ့ … နင်တို့ကို တမင် အနိုင်ပေးတာတဲ့လေ … ။
    ပြည်သူတွေ ဆန္ဒအရထောက်ခံတဲ့ လူများလို့ အနိုင်ရတာကို … သူတို့က သက်သက် အနိုင်ပေးသလေးဖြစ်အောင်ပြောတော့ …. ဂျီတော့ပ်ထဲကနေ လက်ထွက်ပြီး လည်ပင်းဆွဲညှစ်ချင်စိတ်ပေါက်သွားတယ် …. ။

    အောက်လွှတ်တော်မှာသာ အနိုင်ရတာ .. အထက်လွှတ်တော်က …. အဆိုတင်သွင်းသမျှ ပယ်ပယ်ချလျှင် .. ဘာလုပ်လို့ရမှာလဲတဲ့လေ … ။ နင်တို့ ဘာများပြောင်းလဲသွားမှာ မို့လို့လဲတဲ့ … ။
    ဟေ့ကောင်ရေ .. ဘယ်မှာပဲနိုင်နိုင် … တစ်ကမာ္ဘလုံးက … စိတ်ဝင်တစားစောင့်ကြည့်နေကြတာ … ဘယ်သူက ဒီလောက် မျက်နှာပြောင်တိုက်ရဲမှာလဲ ဆိုတော့ …….. ။ ဘဘတို့က .. ဒါမျိုး ရိုးနေပြီ ငတုံးမရဲ့ ဆိုပြီး .. ဆိုင်းအောက်လုပ်သွားပါတယ် …. ။ မျက်နှာချင်းဆိုင်သာ ပြောပစ်လျှင် လည်ပင်းထညှစ်မိမှာပါပဲ … ။ အခုကတော့ .. အွန်လိုင်းကနေမို့ … သူလည်း လစ်သွားပါတယ် … 😀 😀

    ဘယ်သူတွေ ဘာပြောပြောပါ … ကျွန်မကတော့ …. ခေါင်းဆောင်မှု အရည်ချင်း နဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်နေစိတ်ထားပါ အပြည့်ဝရှိတဲ့ အမေစုကိုရော ..သူ့ရဲ့ ပါတီ NLD ကိုပါ ယုံကြည်ပါတယ် … ။အချိန်တိုင်းတာ တစ်ခုရောက်လျှင်တော့ ထင်သာမြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ တွေ့ရလိမ့်မယ်လို့လည်း ထင်ပါတယ် … ။ အချိန်က စကားပြောမှာပါလေ …. ။ 🙄

    • Foreign Resident

      April 3, 2012 at 4:28 pm

      E Tone ရဲ့
      အဘ ရှေ့ Post မှာ Comment ပေးထားပြီးသားကွဲ့ ။

      ” သူငယ်ချင်းရေ ၊ စိတ်ပူမနေစမ်းပါနှင့်
      ငါကဖြင့် စိတ်ကို မဝင်စားဘူး ။ အကွက်တွေက ရိုးလွန်းလို့ ။
      အမှန်က အမေစု ကို လွှတ်တော်ထဲကို ဆွဲခေါ်ချင်နေတာ
      သူတို့ဖက်က တပိုင်း မဟုတ်ဘူး ၊ နှစ်ပိုင်းလောက်ကို သေနေတာ ။

      အမေစု လွှတ်တော်ထဲရောက်မှသာ
      ( ၁ ) သူတို့ရဲ့ Legitimacy ကို နိုင်ငံတကာက Endorse လုပ်မှာ ။
      ( ၂ ) အမေစုက Endorse လုပ်ပေးမှ သာ Sanction တွေက Lift မှာ ။

      အဲဒီ Sanction တွေ ရှိနေသရွေ့ ဒီတိုင်းပြည်ကို ချမ်းသာ တိုးတက်အောင်
      ဘယ်လိုမှ ဆက်လုပ်လို့ မရတော့ဘူး ဆိုတာ သူတို့သိနေပြီ ၊ လည်ပင်းလည်း အစ်နေပြီလေ ။

      ပိုဆိုးတာက ဟိုဘက်ကပိတ်လေ ဒီဘက်က တရုတ်ကြီးကျွန်ဖြစ်လေ နှင့်
      တဖြေးဖြေးနှင့် တိုင်းပြည်က ခြောက်ထဲနီးလာပြီလေ ။

      အမေစု ကိုမှ သူတို့ မခေါ်နိုင်ရင် ၊
      သူတို့ကော တိုင်းပြည်ကော No Way Out ပဲ ။
      စိတ်မပူနှင့် ၊ သူတို့ အမေစု ကို အပါကို စောင့်ခေါ်မှာ ”

      သူတို့ ကလည်း အမေစု ကို အပါခေါ်ရင်း နှင့်
      ပြည်သူ ရဲ့ Response ကို တစ်ချက် စမ်းကြည့်တာပေါ့နော် ။
      အခုဆို သူတို့ အခြေအနေ အမှန် ကို သူတို့ သိသွားပြီထင်တယ် ။
      ဒါလည်း ယူတတ်ရင် သူတို့ အမြတ်ပဲလေ ။

      အမေစုဘက်ကတော့ ပိုမြတ်တာပေါ့ကွယ် ။
      နိုင်ငံ အနှံ့ မဲဆွယ်ရင်းနှင့် ပြည်သူတစ်ရပ်လုံး ရဲ့ နှလုံးကို
      သိမ်းကျုံး ယူငင်ပြစ်လိုက်တာလေ ။

      အခု ကြံ့ဖွတ် အရေးပေါ် ညီလာခံ ခေါ်ထားတယ် ။
      သိပ်မကြာခင်မှာ အဖြေ အစစ် ထွက်တော့မယ် ။

      ၁ ။ အောက်ခြေက လူထု မုန်းတဲ့ အနိုင်ကျင့်တတ်တဲ့
      လူရမ်းကား ပါတီဝင်တွေကို ထုတ်ပယ်ပြီး ပါတီရဲ့ Image ကို ကောင်းအောင် လုပ်မလား ။
      ၂ ။ ကြံ့ဖွတ် က အမေစု နှင့် ညီနောင် ပါတီ လာလုပ်မလား ။
      ၃ ။ အမေစု ပါတီကို အောက်လမ်းနည်း နှင့် အပြတ်ရှင်းတော့မလား ။
      ၄ ။ ကြံ့ဖွတ် ကိုယ်နှိုက်ကိုက Hard Liner, Soft Liner ဆိုပြီး ကွဲထွက်သွားမလား ။
      စသဖြင့် အမျိုးမျိုး ပေါ့လေ ။
      ရင်တမမ နှင့်ကို စောင့်ကြည့် ရမှာပဲလေ ။

      သူတို့က လက်ရှိ အုပ်ချုပ်သူ နှင့် စစ်တပ် ကို ကြိုးကိုင်ထားသူ ဆိုတော့
      တကယ့် အလှည့် အပြောင်း လုပ်ပိုင်ခွင့်က
      သူတို့ လက်ထဲမှာလေ ( ဒါကိုတော့ ဝန်ခံ ရမှာပဲ ) ။

      တကယ့် အပြောင်းအလဲ က ဒီတစ်ခါ လာတော့မယ် ထင်တယ် ။
      ကောင်းမှာလား ဆိုးမှာလား တော့ မသိဘူး ။
      လာမယ့် နှစ်လ လောက်အတွင်း အဖြေပေါ်မှာပါ ။

      • Mr. MarGa

        April 3, 2012 at 4:39 pm

        အဘဖော
        မြန်မာမှာက နှစ်ခြမ်းကွဲတာတွေများတယ်ဗျ
        အဲဒီတော့
        သူတို့လဲ နှစ်ခြမ်း ကွဲလိမ့်မယ်ထင်တယ်

  • Mr. MarGa

    April 3, 2012 at 3:29 pm

    ၁၉၉ဝ အခြေအနေ ပြန်ရောက်မလာနိုင်ဘူးလို့လဲ ပြောလို့မရပါဘူး
    ဒါပေမယ့် အဲဒီအချိန်နဲ့ အခုအချိန်နဲ့က တော်တော်လေး အခြေအနေတွေ ကွာခြားသွားပြီ။
    ဒါပေမယ့် နိုင်တဲ့သူတွေအနေနဲ့တော့ သတိထားသင့်တယ်လို့ထင်ပါတယ်။

  • Wow

    April 3, 2012 at 4:58 pm

    Quote
    Foreign Resident says:

    အော် WOW ရယ် ။
    အဲဒီဟာတွေ မဖါတ်ပဲ ၊ မသိပဲ နှင့် ၊
    အဘ ဘယ်လိုလုပ် ဒီဓါတ်ပုံ ရလာမလဲကွယ် ။
    Unquote

    အပေါ်က Comment ကို reply ပြန်လုပ်ရရင်တော့။
    Pls review my comment again, I didn’t say the meaning what you think.
    I just said that you said “I know” after someone explained the whole story.

    May be you haven’t read well or can’t catch one’s meaning.

    Anyway… take it easy!

  • amatmin

    April 3, 2012 at 5:22 pm

    အဘဖောရေ..
    အရင်က ပြိုင်တဲ့ နေရာအကုန်နိုင်ဖို့ကို ရည်ရွယ်ပြီး အားပေးခဲ့ကြတယ်..
    ဟော အကုန်လဲ နိုင်ပြန်ရော..နိုင်ရတာကို ပြန်ကြောက်နေရပြန်ရော ဆိုတော့..ခက်သား..
    အကယ်လို့ နေရာ ၆၀% လောက်ပဲ နိုင်ခဲ့မယ်ဆိုရင်..မနိုင်ဘဲ ကျန်နေခဲ့တဲ့ ၄ဝ % အတွက်
    ကိုယ့်ပြည်သူအချင်းချင်းကြားမှာတောင် သံသယ တွေနဲ့ ဆက်ပီး လျှောက်နေရဦးမှာပဲ..
    (ဝန်ထမ်း..ကြံ့ဖွံ့..စစ်သား တိုင်းရင်းသား လက်ညှိုးတွေ ထိုးကြရင်းပေါ့)
    ၂၀၁၅ အတွက်သူတို့ ပြင်ဆင်နိုင်ဖို့အချိန်ပေးသလို ဖြစ်ခဲ့တောင်မှပဲ..
    ပြည်သူချင်းချင်းမယုံမရဲ သံသယတွေ လျော့ကျစေခဲ့တဲ့ .ရလာဒ်က ပိုတန်သလားလို့..

    ပြီးတော့ တချို့ကလဲ ဖေ့ဘွတ်ထဲမှာသာ လေကျယ်ကြတာ များနေသလားလို့..
    ငါးမင်းဆွေလို လက်တွေ့အပြင်မှာအပြစ် ပြောရဲတဲ့သူတောင်ခပ်ရှားရှားပါ…
    ဒီတော့ —-တိုင်းထကြည့်နေရင်အိပ်ရေးပျက်ပါတယ်..
    အမြင်မကျယ်ပါဘူးဆိုတဲ့ လူတထောင်လောက်ကိုတောင်လက်တွေ့ ပါလာအောင်ပြောနိုင်ကြမယ်မထင်ပါဘူး..
    (တထောင်ဆိုတာတောင်များနေမလား မသိ)

    လောလောဆယ်တော့ စည်းကမ်းရှိရှိနဲ့ NLD အနောက်ကနေလိုက်ကြပြီး..
    ကိုယ်စီအလုပ်လုပ်ကြဖို့ကို မျှော်လင့်တာပဲ…
    ဘယ်အချိန်အစပြုမယ်မသိနိုင်တဲ့ တကယ့်တိုက်ပွဲအတွက် ပြင်ဆင်ရင်းပေါ့..

    • Khin Latt

      April 3, 2012 at 8:30 pm

      အမတ်မင်း ပြောတာ ကို ထောက်ခံပါတယ်။
      ဒီအချိန်က ပိုအရေးကြီးလာပါပြီ။
      အရင်ဖြစ်ခဲ့တာတွေက သင်ခန်းစာယူရပါမယ်။
      သတိမပြတ် ရှိရပါမယ်။
      စည်းကမ်းရှိရပါမယ်။
      သည်းခံရပါမယ်။
      အဓိကကတော့ တိုင်းပြည်ကို ကောင်းစေလိုသူများ၊ တစ်ကိုယ်ကောင်း မဆန်သူများ အားလုံး တတ်နိုင်သ၍ စည်းလုံးပါ။
      ဒေါ်အောင်ဆန်းစုကြည် ကို ပံ့ပိုးပါ။
      နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်တာနဲ့ မျက်လှည့်ပြသလို တိုင်းပြည်ကြီး ချက်ချင်း ပြောင်းလဲ တိုးတက် မသွားသေးဘူး ဆိုတာပါဘဲ။
      တိုင်းပြည် တိုးတက်ဖို့ ကျွန်မတို့ လူတစ်ယောက်ချင်း တိုင်းမှာ တာဝန် ရှိတယ် ဆိုတာမမေ့ပါနဲ့။
      မြင့်မားတဲ့ စိတ်မွေး ကြပါ။

      ” ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။
      ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊
      အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။”
      (အောင်ဆန်းစုကြည်)

  • Khin Latt

    April 3, 2012 at 8:18 pm

    ကိုအဘဖော ရေ

    “ဝတုတ် ဆိုတာရှိတယ်၊ အက်စစ် ဆိုတာရှိတယ်၊ တစ်ခြားနံမည် တစ်ချို့လဲ ရှိသေးတယ်”
    အဲဒီလို ရေးတာတွေက အခုမှမဟုတ်ပါဘူး။ ဟိုးအရင် ဒေါ်အောင်ဆန်းစုကြည် ဦးသိန်းစိန် နဲ့ တွေ့ပြီး ကထဲက အပုတ်ချစာတွေကို တစ်ဖက်စောင်းနင်း နဲ့ ရေးနေကြတာပါ။
    အရင် အမေစု၊ အမေစု ကနေပြီး ရိုင်းစိုင်းတဲ့ အခေါ်တွေ ပြောင်းသွားတာပါ။
    သူတို့ ခွက်ပျောက်တော့မှာကိုး။
    သူတို့ စာတွေ ဟာ သူတို့ အဆင့်အတန်း နဲ့ စိတ်ဓာတ်ကို ပိုပိုပြီး ပြလာပါတယ်။
    သူတို့ အတ္တကိုသာ ရှေ့တန်းတင်သူတွေပါ။ ပြည်သူတွေ အတွက် ဆိုတာ သူတို့ ခေါင်းထဲမှာ မရှိပါဘူး။
    တကယ်လက်တွေ့ မှာ ဘာကိုမှ မလုပ်ရဲ လို့ ပြင်ပ ကနေ ထိုးဟောင် ကြရတာပါ။
    တကယ်တော့ သူတို့ ဟာလဲ ကျွန်မလိုပါဘဲ။ လေ နဲ့ ဟိတ်ဟန် ထုတ်နေတာပါ။

    ပြောရရင် အဲဒီ အရည်မရ အဖတ်မရ စာတွေ နဲ့ ရန်ဖြစ်ပြီးအဲဒီ နေရာတွေမှာ ကိုယ့်အချိန်တွေ အလဟသ ဖြစ်ခဲ့ဘူးပါတယ်။
    ဒါပေမဲ့ မခံချင်လွန်း၊ ဒေါသထွက် လွန်း၊ ရင်ဖွင့်ချင်လွန်းလို့ ဒီရွာထဲ ရောက်လာခဲ့တာပါ။
    ဒီတော့ ကျွန်မ ကတော့ အဲဒီ နံမည် မြင်တာ နဲ့ ဝေးဝေးရှောင်နေပါပြီ။

    PS – ဦးကြီးပု လား။ သူလဲ အဲဒီလိုအကြောင်း တွေ မသိဘဲ ဘယ်ရှိပါ့မလဲ။
    နော … ဦးကြီးပုရာ။ 😀 jk 😉

  • ချာလီဂဇက်ဒလဝမ်

    April 3, 2012 at 9:09 pm

    စံနစ်ပြောင်းတော့မည်၊ ခေတ်လဲ ပြောင်းပါတော့ပါမည်။
    ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးကြပါခင်ည ။

  • အဆုံးသတ်မှာ လှပစွာဂိုးဝင်အောင်သွင်းနိုင်ရေးအတွက်
    ကျနော်တို့အားလုံးအပြင်းအထန်လေ့ကျင့်ခန်းဆင်းရပါတော့မည်။
    ညီစေနော်…………………………..

  • Swal Taw Ywet

    April 3, 2012 at 11:25 pm

    Dear Uncle FR,
    Please let me share my point of view.
    ( I copy from the comment to Kaung Kin Pyar, owner of main Post. )
    ကောင်းကင်ပြာခင်ဗျား……
    သူကြီးအားပေးသလို မတူတဲ့အမြင်နဲ့ ကြည့်ပြပါရစေ။
    အဲဒီ့ဆိုင်းဘုတ်မှာရေးထားတဲ့ “ သနားတယ်ဟေ့ ” ဆိုတဲ့ စကားလုံးကြောင့်
    NLD မှာ ဘယ်လောက် နစ်နာသွားနိုင်ပါသလဲ?
    NLD ကို မဲထည့်ပေးခဲ့ကြတဲ့ ပြည်သူလူထုမှာ ဘယ်လောက် နစ်နာသွားပါသလဲ?
    “ရင့်ကျက်မှုမရှိဘူး” ၊ “လူကြီးလူကောင်းမဆန်ဘူး” လို့ သတ်မှတ်ယူဆလိုက်နိုင်တယ် ဟုတ်?
    အဲဒီ့ဆိုင်းဘုတ်ဟာ တကယ်ရော NLD ကရေးတာဟုတ်ရဲ့လားဗျာ။
    မြန်မာနိုင်ငံအဝှမ်း လွယ်လင့်တကူ ဝယ်လို့ရနေတဲ့ အလံလေးတစ်ခုကိုသုံးပြီး ထိုးနှက်လိုက်တဲ့ ပြိုင်ဘက်အုပ်စုရဲ့ ထောင်ချောက်ရော မဖြစ်နိုင်ဘူးလား?
    (ဓါတ်ပုံရိုက်ယုံလေး ၊ အချိန်မိနစ်ပိုင်းလေးပဲ လိုအပ်တာနော။ လွယ်လေးရယ်)
    ဟုတ်ကဲ့ ဒီမိုဝေယံက ရတယ်ဆိုတာ လက်ခံနိုင်ပါတယ်။ ဒီမိုဝေယံဆီကို ရောက်အောင်ပို့ပေးလိုက်တဲ့လူကို မယုံကြည်ချင်တာပါခင်ဗျ။
    ပုံစံတူကိစ္စရပ်… ပြီးခဲ့တဲ့လ မေးခွန်း ၂၁ ချက် အဖြေကို ပြန်ပို့ပေးနိုင်တယ်ဆိုတဲ့ G-mail address ၂ ခုစလုံးလဲ “ဒီမို” တွေပါပဲခင်ဗျာ။
    ငါးမင်းဆွေ စာရွက်တွေ ဖြန့်တဲ့ ကိစ္စတုန်းက အဲဒီ့ ဖြန့်တဲ့ စာရွက်ကို MG ပေါ်မှာ တင်ပေးသင့် မသင့် ဘယ်လို အကြံပြုခဲ့ကြပါသလဲ?
    လုပ်သင့် မလုပ်သင့် ကောင်းကင်ပြာရဲ့ ဆုံးဖြတ်ချက်ကိုလည်း သိချင်သား။
    ကျနော့်အမြင်တော့ “မလုပ်သင့်ပါဘူး” ဖြစ်နေလို့ လုပ်ပြထားတဲ့ ဒီပို့စ်လေးကို MG ရဲ့စာမျက်နှာကနေ ပယ်ဖျက်ပေးဖို့ တင်ပြကြည့်တာပါခင်ဗျ။……
    ……
    သောင်းဝေဦးကတော့ သူ့စာအုပ်တိုင်းလိုလိုမှာ
    “ DON’T DANCE WITH THE ENEMY’S TUNE. ” လို့သတိပေးထားလေရဲ့—

    Uncle FR,
    Really thank you for your wide foreseeing.

    With respect,
    Swal Taw Ywet.

  • kai

    April 4, 2012 at 3:41 am

    ဗကပ ရဲ့သဘောထားကို ဖမ်းမိသိရှိနိုင်ဖို့ပါ..။
    ဗကပ ဟာ.. မြန်မာပြည်ရဲ့.. မြေအောက်သက်တန်း အကြာဆုံးပါတီမို့..သူတို့သဘောထား.. သေသေချာချာ လေ့လာသင့်ပါတယ်..။

    ==

    ကြားဖြတ်ရွေးကောက်ပွဲအား ၈၈ နှင့် NCUB ကြိုဆို၊ ဗကပ အကြံပြု
    ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ဝ၄ ရက် ၂၀၁၂ ခုနှစ် ဝဝ နာရီ ဝ၆ မိနစ်

    နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ ကြေညာချက်ဖြင့် သဘောထားများ ထုတ်ပြန်ကြရာတွင် ပြည်တွင်းမှ ၈၈ မျိုးဆက် ကျောင်းသားများ၊ ထိုင်း-မြန်မာ အခြေစိုက်
    ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB နှင့် တရုတ်-မြန်မာ နယ်စပ်ရှိ ဗကပ တို့လည်း ပါဝင်သည်။

    “ယခုရွေးကောက်ပွဲရလဒ်သည် ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ယုံကြည်အားကိုးမှုကို ပြသခြင်း” ဖြစ်ကြောင်း အင်္ဂါနေ့ထုတ် ၈၈ ကျောင်းသားများက ရှုမြင်ပြီး “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း” လည်း ဖော်ပြပါရှိသည်။

    NCUB ၏ ‘ကြားဖြတ်ရွေးကောက်ပွဲမှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆီသို့’ ခေါင်းစဉ်တပ် ကြေညာချက်တွင်မူ တနင်္ဂနွေနေ့ ရွေးကောက်ပွဲရလဒ်အား “လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု”လိုက်ပြီး ငြိမ်းချမ်းရေး အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် နောက်တဆင့် တက်လှမ်းနိုင်မည့် အနေအထားသို့ ရောက်ရှိလာပြီဟု ဆိုသည်။

    ဦးသိန်းစိန် အစိုးရ အနေဖြင့် “နိုင်ငံအဝှမ်း အပစ်အခတ် ရပ်စဲရေး လုပ်ရန်နှင့် တနိုင်ငံလုံးလွှမ်းခြုံသည့် လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ခြင်း” များ လုပ်ရန် NCUB က အင်္ဂါနေ့ထုတ် ကြေညာချက်တွင် တိုက်တွန်းထားသည်။

    ထို့အပြင် နိုင်ငံတကာ အကူအညီပေးသူများနှင့်ပတ်သက်၍ “လူထုအနေဖြင့် ချက်ချင်း အလုပ်အကိုင်ရရှိစေမည့်
    နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း” ကိစ္စရပ်များနှင့် “ပြည်တွင်းရေကြောင်းလမ်းနှင့် မီးရထားလမ်းစနစ်များ ခိုင်မာအောင် တည်ဆောက်ခြင်း” များအတွက် အကူအညီပေးသည့်ကြောင်းလည်း NCUB မှ အင်္ဂါနေ့ထုတ် ကြေညာချက်မှာပင် အကြံပြုထားသည်။

    NCUB ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ်များ၊ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒီမိုကရက်တစ် အတိုက်အခံများဖြင့် စုပေါင်းဖွဲ့စည်းထားသည်။

    ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနေဖြင့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှ “ရဲရင့်တဲ့ ပြည်သူ၊ စစ်အာဏာရှင်ကို မုန်းတီးတဲ့ ပြည်သူရဲ့ ဆန္ဒကို အထင်အရှား မြင်လိုက်ရပါတယ်”ဟု သဘောထားထုတ်ပြန်ထားသည်။

    ဗကပ အနေဖြင့် အုပ်စိုးသူ အစိုးရအဆက်ဆက်နှင့် နှစ်ပေါင်း ၇ဝ နီးပါး ဆက်ဆံခဲ့ဖူးသဖြင့် NLD အနေဖြင့်လည်း သတိထားလျှောက်လှမ်းသွားစေလိုကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း က ဆိုသည်။

    “အခု နိုင်လိုက်တာဟာ လွှတ်တော်ထဲမှာ အများစု မဟုတ်သေးတဲ့အတွက် ဗိုလ်သိန်းစိန်တို့က ကြည်ကြည်ဖြူဖြူ လက်ခံလို့ရတယ်။ ဒါပေမယ့် နောက်ရွေးကောက်ပွဲကျရင် ပြဿနာက အဲလိုမဟုတ်တော့ဘူး။ အဲလိုမဖြစ်အောင် စစ်အစိုးရဟာ တခုခု လုပ်လာနိုင်တယ်။ အခြေခံဥပဒေကလည်း သူတို့ကို လုပ်ချင်တာလုပ်ဖို့ ခွင့်ပြုထားတော့ အဲဒါတွေကို သတိပြုရမယ်လို့ ကျနော်တို့က အကြံပေးတာပါ” ဟု မဇ္ဈိမကို ပြောသည်။

    ယခု ကျင်းပပေးလိုက်သည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အနောက်နိုင်ငံများ အား ဆွဲဆောင်နိုင်ရန်အတွက် ဖြစ်ကြောင်းလည်း သူက ပြောသည်။

    “ဘာကြောင့်လဲဆို လွှတ်တော်ထဲမှာ သိပ်ကို ကြီးမားတဲ့ အများစုကြီးကို သူတို့က ပိုင်ပိုင်နိုင်နိုင် ရထားပြီးဖြစ်တယ်။ အဲတော့ အကုန်လုံးကို ဖြစ်သင့်တဲ့အတိုင်းပဲ လွှတ်ပေးထားလိုက်ပြီးတော့ နာမည်ကောင်း ယူလိုက်တဲ့ဟာမျိုးလို့ပဲ
    ပြောချင်ပါတယ်။ တနည်းပြောရရင် ဗိုလ်သိန်းစိန်တို့အတွက်ကတော့ သူတို့ရည်မှန်းချက် အောင်မြင်သွားတယ်လို့
    ပြောလို့ရပါတယ်” ဟု ရဲဘော်ဖိုးသံချောင်း က ပြောသည်။

    NLD အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းမှ ဆောင်ရွက်သွားမည် ဆိုသည်ကို မဆန့်ကျင်သော် လည်း “၆ ရာခိုင်နှုန်းအခြေအနေနဲ့တော့ လွှတ်တော်တွင်းလုပ်ငန်းတခုတည်းနဲ့ လုံးဝမဖြစ်နိုင်ပါဘူး။ တခြားနည်းနာ
    တွေနဲ့ ပေါင်းစပ်မှ၊ ဒါမှမဟုတ်ရင် လွှတ်တော်ထဲမှာ ကိုယ်က အများစု ရလာအောင် လုံးပမ်းမှ။ အဲဒါကလည်း စစ်အာဏာရှင်များက ခွင့်ပြုကောင်းမှ ခွင့်ပြုပါလိမ့်မယ်။ အဲဒါကြောင့် နည်းနာပေါင်းစုံ ပေါင်းစပ်ရမယ်လို့ ထင်ပါတယ် ခင်ဗျ” ဟု ဗကပ ၏ သဘောထားကို ထင်ဟပ်ပြောဆိုသွားသည်။

    http://www.mizzimaburmese.com/news/regional/9202—-ncub—.html

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 4, 2012 at 9:46 am

      နယ်စပ်ကကောင်တွေ နွားတွေ
      သူများပေးစာကမ်းစာ စားပြီးဖင်မကျယ်နေနဲ့
      အဖြစ်ရှိရင် သဂျီးမင်းလို အမေဒိဂန်မှာသွားနေဂျ 😀
      NLD နဲ့ အဖွားကြီးကို ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်ဖင်မကျယ်နေနဲ့
      ဟိုက အသက်ကိုဖက်နဲ့ထုတ်ပြီး အလုပ်လုပ်နေရတာကွ
      ကြုံလို့ပြောရရင်တော့
      အဖွားကြီးကို လူထုထောက်ခံမှု့ရပြီး ဘာမှမလုပ်နိုင်ဘူး ပြောမနေနဲ့
      ခင်ဗျားတို့ပြောပုံဆို
      အဖွားကြီးက ခင်ဗျားတို့ပထွေးစစ်အာဏာရှင်တွေလို
      သောက်ကျင့်ယုတ်ပြရမှာလား
      ( အဘဂဒေါ့လုပ်ဘီ သားက အဘဂို အတွေးခေါ်တွေတင်ပြဘို့
      လျှောက်တင်တာဗျာ လျှောက်တင်ဒါ )

  • Khaing Khaing

    April 4, 2012 at 11:50 am

    အဘရေ အဘကတော့ အကွက်တွေကိုကြိုမြင်ပြီးရင်း ကြိုမြင်ပါဘဲ …… ဟိုနေ့ကလည်း ပြောထားတာ နားထဲမှာစွဲနေတာပဲ လွှတ်တော်ထဲကိုခေါ်ချင်တာ တပိုင်းမဟုတ်ဘူး နှစ်ပိုင်းသေနေတယ်ဆိုတာလေ …..

Leave a Reply