မီတာခ ကုန်လို့ တဲ့ ။

Foreign ResidentApril 3, 20121min22025

မီတာခ ကုန်လို့ တဲ့ ။

 

အဘ သနားလွန်းလို့ တင်မိတာပါ ။

ရက်စက်လိုက်တာ ။

အပျိုပေါက်လေးရဲ့ ဝမ်းနည်းနေတဲ့ မျက်လုံးလေးကြည့်ပြီး

စိတ်မကောင်း လိုက်တာ ။

တစ်သက်လုံး သေရာပါ အမာရွတ် ဖြစ်တော့မှာပဲ ။

သူလည်း အမာရွတ် ဖြစ်တော့မှာကို သိပုံ ရပါတယ် ။

သူ့ရဲ့ ဆင်းရဲလှတဲ့ ဘဝ ကို ဝမ်းနည်း နေပုံပဲ ။

 

 

 

 

မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး ။

 

(၂၅၊ ၃၊ ၂၀၁၂) ရက်နေ့ ည (၁၂)နာရီခန့်တွင်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို ့ ဥဿာမြို ့သစ်၊

အမှတ်(၇) ရပ်ကွက်၊ ဗိုလ်တေဇ လမ်း၊

ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော

ပဲခူးမြို ့ ဒုတိယမြို ့နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏

ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ

အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား

မီးပူတိုတ်တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊

 

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ

မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှမပြောပြရန်အမျိုးမျိုးခြိ်မ်းခြောက်

ထားသည့်အတွက် ဘယ်သူ့ ကိုမှ မပြောပြရဲခဲ့ပါ၊

နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ

သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို

ပတ်ဝန်းကျင်မှ လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ

ဝမ်းနည်း ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ

ဒုတိယမြို ့နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ

“ မီးပူတိုက်တာကြာတယ်၊ မီတာခကုန်တယ်” ဆိုပြီး ပြောဆိုကာ

သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြင့် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊

 

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန်

တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ အိမ်တွင်ဌားနေသော

ပဲခူးမြို ့၊ ဒုတိယမြို ့နယ် တရားသူကြီး ဖြစ်သည့်အတွက်

မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့်

သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး

ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊

မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊

မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို ့၊

သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ

ပဲခူးမြို ့ ၊ ဥဿာမြို ့သစ်၊ အမှတ်(၇)ရပ်ကွက်

ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင်

အိမ်ဖော်အလုပ်လာလုပ်သော

အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။

 

Credit to ; Sai Zaw ( Face Book )

 

25 comments

  • Foreign Resident

    April 3, 2012 at 5:20 am

    ကလေးမလေးရဲ့ မျက်နှာကို မဖေါ်ပြဖို့
    အဘ စဉ်းစားပါသေးတယ်ကွယ် ။
    ဒါပေမယ့် အဲဒီ ယူကျုံးမရ ဝမ်းနည်းနေတဲ့ မျက်နှာလေးက
    အဓိက စကားပြောနေလို့ပါ ။
    အဘကို ခွင့်လွှတ်ပါကွယ် ။

  • htoosan

    April 3, 2012 at 6:26 am

    ဒါဏ်ငွေ ငါးထောင်နဲ့ ပြီးသွားဦးမလားမသိ။ သို့ မျက်မြင်သက်သေမရှိလို့ ဆိုပြီး လွတ်စေ အမိန့်ချဦးမယ်ထင်တယ်။ စကာင်္ပူ ၊ မလေးရှား မှ မဟုတ် လူစိတ်မရှိတာက ဘယ်နိုင်ငံဘယ်ဒေသ မဆိုရှိနေတာ သတိပြုစရာပါ။

  • Anaconda MMT

    April 3, 2012 at 8:21 am

    သနားလိုက်တာဗျာ…

  • mg mg

    April 3, 2012 at 8:28 am

    ဘယ်လိုစိတ်ဓါတ်မျိုးလဲ နားလည်လို့မရနိုင်ပါ၊
    “ရှေ့နေမင်းကယ်မှ ထောင်လုံးလုံးကျ”တဲ့
    အခုကတရားသူကြီးမင်းဆိုတော့ ဟင်းးးးးး။

  • ဖားသက်ပြင်း

    April 3, 2012 at 8:32 am

    nothing but an inhumanity
    :'(

  • ဆူး

    April 3, 2012 at 9:22 am

    မီးပူ ကို သူများ အသား ကပ်ရတယ်လို့။
    လက်နဲ့ ရိုက်တယ် ဆို တော်သေးတယ်။ သူနာ ကိုယ်နာ ပေါ့.. ဘယ်နှယ့် မီးပူ ဆိုတာ နည်းနည်းလေး ကပ်မိတာနဲ့တောင် အရမ်းပူတာကို.. ကိုယ်ချင်းမစာဘူးနော်။
    အဲဒီ အမျိုးသမီး တော်တော် မာန်တက်နေတာလား.. ဘဝ မေ့တာလား မသိဘူး။

    မီတာခ ကုန်မှာ မပူနဲ့လို့ ပြောလိုက်ပါ.. အခု မီးတွေ ပျက်နေလို့ စရိတ် တဝက်တော့ သက်သာသွားပါလိမ့်မယ် သေချာ ရှင်းပြပေးလိုက်ပါ။

    နွေပူပူမှာ.. မီးမလာတော့ ပူလိုက် အိုက်တာလည်း လွန်ရော..

  • Ma Ei

    April 3, 2012 at 9:33 am

    သူတို့ရဲ့ ဝင်ငွေအနေအထားနဲ့ မီတာခကုန်ရင်
    ဘယ်လောက်ပိုကုန်မှာမို့လဲကွယ်…
    စာနာစိတ်လေး ထားသင့်ပါတယ်…
    ခုဆိုရင် ကလေးမလေးရဲ့ ရှေ့ရေးက ပိုဆိုးသွားမလားဘဲနော်…
    အကူညီပေးနိုင်သူ တွေ့ပါစေလို့ ဆုတောင်းပေးပါတယ်…

  • Onyx

    April 3, 2012 at 9:57 am

    ဒီလိုမတရား မှုမျိုးတွေ ဆက်ရှိနေသေးရင်တော့ နိုင်ငံအတွက် ရင်လေး စရာပါ ။ အဲလို အရာရှိ အရာခံ မိသား
    စု တွေဆိုတာ တစ်ကယ်တန်းဆိုရင် သူတို့က ပြည်သူရဲ့ စံပြ ဖြစ်နေရမှာ မဟုတ်လား ။
    ကျွန်တော်တို့ ဗိုလ်ချုပ်လို လူမျိုးမဟုတ်တောင် သူရဲ့ ခြေဖျားတော့ ရှိသင့်တာပေါ့ မဟုတ်ဘူးလား ။
    ပြည်သူ့ပိုက်ဆံ နဲ့ ထမင်းစားပြီး ပြည်သူကို ပြန်အနိုင်ကျင့်နေတာတော့ မဖြစ်သင့်ပါဘူး ။
    လူမျိုးခြားတိုင်းတပါးသားလဲမဟုတ်ပဲ နဲ့ ။ ဘာနဲ့ တူလဲဆိုတော့ သရေပေါ်အိပ်သရေနားစားတဲ့ ဟာတွေနဲ့
    တူတာပဲ။

  • decemberthel

    April 3, 2012 at 10:35 am

    ကောင်မလေးမိသားစုက အဲဒီ့အိမ်မှာငှားနေ နေတုန်းပဲလား၊
    အခုလိုရေးတာကိုသိသွားရင် ပိုနှိပ်စက်မှာပေါ့။ ဘယ်လိုကယ်တင်နိုင်မလဲ စဉ်းစားပေးကြရင်ပိုကောင်းမယ်ထင်ပါတယ်။

  • etone

    April 3, 2012 at 10:36 am

    ဖတ်ပြီး စိတ်မကောင်းလိုက်တာ အဘရေ … ။ ကိုယ်ချင်းစာစိတ်မရှိလိုက်တာနော် … 🙁
    အိမ်ဖော်ဆိုတာကို ငွေဝယ်ကျွန်လိုသဘောထားပြီး …. ကိုယ်ထိလက်ရောက်ကျူးလွန်ချင်နေတဲ့ စိတ်ဓါတ်တွေ ပြင်ဖို့ကောင်းနေပြီ …. ။ အနိုင်ကျင့်တယ် ၊ ညှင်းဆဲတယ် ဆိုတာမျိုးက … အသိတရားခေါင်းပါးတဲ့ စိတ်ဓါတ်နိမ့်ကျသူတွေသာ ပြုကျင့်ကြတယ်လို့ … သိထားပါတယ် … ။

    ဥပဒေကိုမသိသူတစ်ယောက်အနေနဲ့…. ထစ်ခနဲဆိုသူများကို နိုင်ထက်စီးနင်းလုပ်ဖို့လက်မရဲကြပါဘူး ..။. အထူးသဖြင့် ဟိုမရောက်ဒီမရောက်လူမျိုး၊ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်နေတဲ့လူမျိုး ၊ ဆင်ဖြူတော်မှီပြီး ကြံစုပ်နေသူမျိုးတွေ ၊ ကိုယ့်ကိုယ်ကို ဘာမှန်းမသိပဲ ..အခြောက်တိုက်ဘဝင်မြင့်နေသူတွေသာ ဒီလိုလက်ရဲဇက်ရဲ လုပ်တတ်ကြတာမျိုးပါ … ။

    တရားဥပဒေဆိုတာ … ကျောသားရင်သားမခွဲခြားပဲ … အားလုံးအပေါ် တူညီစွာ သက်ရောက်သင့်ပြီး .. ပြစ်ဒဏ်ရှိသူကိုလည်း … ထိုက်သင့်တဲ့ ပြစ်ဒဏ်အတိုင်းပဲ ကျခံစေသင့်ပါတယ် … ။

    စာနာခြင်းနောက်ကွယ်က အိမ်ဖော်ဘဝတွေဆိုတဲ့ ပို့စ်လေး … ရေးခဲ့ဖူးတယ် …. ။
    http://myanmargazette.net/71196/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle မှာပါ … ။

    အခြေခံလူတန်းစား ၊ အလုပ်သမားတွေအတွက် .. ကာကွယ်ပေးမယ့် ဥပဒေလိုမျိုး ရှိသင့်ပြီ … တစ်ချို့ အိမ်ဖော်တွေဆို … ဥပဒေတွေ စည်းမျဉ်းတွေသိဖို့မပြောနဲ့ … စာတောင်မဖတ်တတ်တာမျိုးတွေရှိတယ် …. ။ ဒီတော့ .. အိမ်ဖော်တွေဘက်ကို ဥပဒေတွေ စည်းမျဉ်းတွေ ပြောလို့ မရလျှင် … အိမ်ရှင်ဘက်ကိုပြောရတော့မယ် … မိမိတို့ အိမ်မှာ အလုပ်သမား ညအိပ်ညနေခေါ်ထားတော့မယ်ဆိုလျှင် … တရားဝင်မှတ်ပုံတင်တာမျိုးတွေ ၊ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဖို့ လက်ခံရမယ်ဆိုတာမျိုး …အစိုးရအဖွဲ့စည်းတွေအနေနဲ့ … ကြိုလုပ်ထားသင့်ပါတယ် … ။ 🙄

    မျက်စိသူငယ် နားသူငယ်နဲ့ … တောကနေခေါ်လာခံရတဲ့ အိမ်ဖော်လေးတွေ … လူမသိ သူမသိ နှိပ်စက်ခံရတာ ဘယ်လောက်များနေကြပြီလဲ … ။ ဒီလိုဖြစ်ရပ်မျိုး ဘယ်အချိန်ထိ ရှိနေကြဦးမှာလဲ … ။ ဘယ်တော့များမှ ဒီလုပ်ရပ်တွေ ပျောက်ကွယ်သွားမှာလဲ …… ။ လူသားတိုင်း … လူကို လူလို့ စာနာသဘောထားတတ်တဲ့ တစ်နေ့ကျလျှင်တော့… ဒီဖြစ်ရပ်မျိုးပျောက်ကွယ်ကောင်းပျောက်ကွယ်သွားပါလိမ့်မယ် … သို့သော် … ထိုတစ်နေ့နေ့ကတော့ ….. 🙁

  • ချစ်ရင်ထူးနှစ်

    April 3, 2012 at 11:00 am

    ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာနိုင်ငံမှာ ပဲ အဲလိုဖြစ်နေတာက စဉ်းစားစရာပါ…
    စင်ကာပူဆိုရင် ဗုဒ္ဓဘာသာ မဟုတ်ပါဘူး ဒါပေမယ့် ကြိမ်တော့ ရှိတယ်လေ ..
    လူ့အခွင့်အရေး ရတယ် .. ကျွန်တော် တို့ တိုင်းပြည်မှာပဲ ခက်နေတာပါ ..

  • နေဝန်းနီ

    April 3, 2012 at 11:42 am

    လူတစ်ယောက်ချင်းစီမှာ ရှိရမဲ့ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းတာပါ…။ တစ်ကိုယ်ရည်အသိမရှိတာပေါ့…။ ဘာသာရေးနဲ့တွက်ရင် ကိုယ်ချင်းစာတရားမရှိတာ…။

  • Shwe Tike Soe

    April 3, 2012 at 11:53 am

    ပညာတတ်အောက်တန်းစား ဆိုတာ ဒါပဲ.. ဒေါသဖြစ်တာဗျာ………. စိတ်ရှိလက်ရှိ ပြောလိုက်ရရင်တော့…. ဟင်းဟင်းဟင်း

  • နွယ်ပင်

    April 3, 2012 at 11:55 am

    အဘပြောသလိုပဲ ယူကျုံးမရ ဝမ်းနည်းနေတဲ့ ကလေးမလေးမျက်နှာကို
    ကြည့်ပြီး စိတ်မကောင်းဖြစ်လိုက်တာ …ဒုတိယမြို့နယ်တရားသူကြီးကတော်
    တစ်ယောက်လုံးလုပ်နေပြီး၊ ဥပဒေကိုမထေမဲ့မြင်ပြုပြီး ရက်ရက်စက်စက် လုပ်ရက်ပါပေ့
    လူ့အသိ လူ့စိတ်ဓာတ်မှ ရှိပါရဲ့လား

  • ကိုရင်မောင်

    April 3, 2012 at 12:00 pm

    ဒီကိစ္စအင်တာနက်ပေါ်ရောက်လာမှတော့
    မီဒီယာသမားတွေအကူအညီပေးဘို့သင့်ပါတယ်
    ဒါမျိုးခေါင်းငုံမခံသင့်ပါဘူး…..
    ဒီသတင်းနောက်ဆက်တွဲများရှိနေသေးယင်သိချင်တယ်ခင်ဗျာ….

  • အံစာတုံး

    April 3, 2012 at 12:15 pm

    တစ်နေ့ကတောင် မီးပူနဲ့ တိုက်လို့ ထောင်ဒဏ် သုံးလ ချမှတ်ခံရတဲ့
    သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိသေးတယ် …
    မလေးရှားမှာပါ ..
    မလေးရှား အိမ်ရှင်က အိမ်ဖော်ကို မီးပူနဲ့တိုက်လို့ဆိုပြီး ..
    အိမ်ရှင်ကို ထောင်ဒဏ် သုံးလ ဆိုလား ချမှတ်လိုက်တယ် .. တဲ့ ..

    အခုဟာက ကိုယ့်မြ်နမာ လူမျိုး အချင်းချင်း နှိပ်စက်တာဆိုတော့ ..
    ထောင်ဒဏ်ရော ငွေဒဏ်ရော ..
    မှတ်လောက် သားလောက်အောင် ချမှတ်ပြီး အရေးယူဖို့ သင့်တယ် …

    လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့တဲ့ လုပ်ရက်အတွက် …
    လျစ်လျူမရှုဘဲနဲ့ ထိုက်တန်သော အပြစ်ကို ပေးသင့်ပါကြောင်း …

  • Thel Nu Aye

    April 3, 2012 at 1:00 pm

    အင်း ဘယ်လိုပြောရမလဲတောင်မသိဘူး။ လုပ်တဲ့သူက ဥပဒေဘက်တော်သားမိသားစုဖြစ်နေတော့ ဒီအမှု့ကို သူဘယ်လိုစီရင်ချက်ချမလဲ။ သူ့မိန်းမဘက်က ကာကွယ်မှာလား။ အမှန်တရား ဘက်ကရပ် တည်မှာ လား။ စောင့်ကြည့်ချင်သေးတယ်။

  • snow white

    April 3, 2012 at 2:02 pm

    တကယ်ကိုရက်စက်ပါပေတယ် ကို်ယ့်အသားကိုခြင်ဆေးခွေပြာလေးကျတာတောင် ပူတာကို သူများအသားကို အမလေးရက်စက်တက်ပါပေတယ် လူအချင်းချင်းညင်းဆဲခြင်းကင်းဝေးကျပါစေ

  • Mon Kit

    April 3, 2012 at 2:17 pm

    လုပ်ရက်လိုက်တာကွယ်…….
    သားသမီးချင်း မှ ကိုယ်ချင်းမစာနာ…..
    အဇာတသတ် လက်သစ်တွေ…….
    🙁 🙁

  • myanmarcitizen

    April 3, 2012 at 2:33 pm

    ရက်စက်လိုက်ကြတာ၊ လူမဆန်လိုက်ပုံများကတော့။ ဒီမိန်းမကို ထိထိရောက်ရောက်အရေးယူပစ်ရမယ်။ ဘယ်သူ့မိန်းမပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်။ ခိုးထား၊ တောင်းထားတာလေး ကုန်မှာတော့ကြောက်တယ်ပေါ့။ သူများ သေရာပါဖြစ်သွားမှာတော့မစဉ်းစားမိဘူးလား။ no one is above the law ဆို။ ခုတော့မင်းတို့ဟာက no.1 is above the law ဖြစ်နေပြီ။ ဒီကိစ္စမျိုးကို ပြည်နယ်/တိုင်း လွှတ်တော်ကသိ သင့်တယ်ထင်တယ်။

  • kai

    April 3, 2012 at 2:43 pm

    လမ်းပြချက်.. ၃ခုနဲ့လွှတ်တော်ထဲဝင်တော့မဲ့.. NLD ရဲ့.. လမ်းပြ၁) တရားဥပဒေစိုးမိုးရေးနဲ့.. အချိန်ကိုက်… ထိပ်တိုက်ပါပဲ..
    NLD က.. ကြားဝင်ပြီး.. မှတ်လောက်အောင် စံပြလုပ်ပြသင့်တယ်..

    အားကိုးပါရစေ.. NLD 😆

  • ဇွဲမာန်အောင်

    April 3, 2012 at 3:43 pm

    ရာထူးဂုဏ်ရှိန် ဘယ်လောက်ရှိရှိ စာနာစိတ်၊ ညှာတာစိတ် မရှိရင်တော့ လူဖြစ်ရကျိုးရှုံးပြီပေါ့……………
    သနားလိုက်တာ ဒုတိယမြို ့နယ်တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ရေ…….

  • Mr. MarGa

    April 3, 2012 at 3:43 pm

    လူအချင်းချင်း စာနာထောက်ထားမှုတွေ ခေါင်းပါးနေပါလားဗျာ
    ဝမ်းနည်းစရာပဲ

  • jujuma

    April 3, 2012 at 4:24 pm

    လူစိတ်မရှိတဲ့သူတွေပဲ ….ဝဋ် ဆို တာ မနေပါဘူးဗျာ…
    နောင်ဘဝတောင် မကူးဘူး…
    ဒေါ်ဖြူဝင်းသက်ရေ …ဘယ်လိုကြမ္မာဆိုးလာမလဲဆိုတာ…စောင့်ကြည့်နေလိုက်ပါ ….

  • ဗိုက်ကလေး

    April 4, 2012 at 10:45 am

    အဲတာကတော့ မိုက်ရို်င်းပါတယ်ဗျာ
    လက်ဘက်ရည်ဆိုင်က ခလေးကို နှိပ်စက်တုန်းက မီဒီယာနဲ ့ အဖွဲ ့အစည်းတစ်ချို ့ ဝိုင်းကူပြီး ဖြေရှင်းပေးခဲ့သလို
    ခုလဲ ဝို်င်းဝန်းပြီး တရားစွဲလို ့ရအောင် ကူညီသင့်ကြပါတယ်..
    အင်း
    ပြောသာပြောရတာ
    အိ်မ်ရှင်က တရားသူကြီးဆိုတော့
    မီးပူတစ်ခါကပ် ငါးရာကျပ် လုပ်လိုက်မှ ဟုတ်ပေ့ဖြစ်နေဦးမယ်
    အဲဒီငါလိုးမတရားဥပဒေကလဲ လုပ်ချင်သလိုလုပ်နေတာ ဘောလိုပဲဗျ

Leave a Reply