Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသွားထက်ထက် မီဒီယာလက်နက်

etoneApril 3, 20122min47017

 

ဒီပုံနဲ့အပေါ်ပုံကတော့ ကိုချစ်ရင်ထူး ပို့စ်ကနေ ကူးလိုက်တာပါ ... တစ်စုတစည်းတည်းပြန်ဖတ်လို့ရအောင်ပါ ... ။

 

ဒါကတော့ မှော်ဆရာ မေးလ်ဂရုကနေ ကူးလာတာ ... 😀

 

ဒီနေ့မနက်အဆိုတော်လေးဖြူရဲ့ အသည်းကြားက မဲတပြားအကြောင်းရေးခဲ့တဲ့ Envoy News Journalရဲ့ ရေးသားချက်များအပေါ် မှန်ကန်ခြင်းမရှိကြောင်းနှင့် ပြန်လည်ရုပ်သိမ်းစေလိုကြောင်း အတိလင်းပြောကြားခဲ့တဲ့ အဆိုတော်လေးဖြူကို Envoy News Journal က အောက်ပါအတိုင်း တောင်းပန်လိုက်ပါသတဲ့ … ။

အယ်ဒီတာအဖွဲနဲ့ တာဝန်ခံဖြစ်သူတို့ က အနူးညွှတ်တောင်းပန်ပါတယ်လို့ရေးထားသော်လည်း … ဖုန်းနဲ့ ဆက်သွယ်မေးမြန်းသတင်းယူခဲ့တဲ့ … သတင်းထောက်ဖြစ်သူကရော ……….. ……….. ………….. ။

%%%%%%%%%%%%%%%%%%%%%

ဒီသတင်းတွေကို ဖတ်ပြီးတော့မှ ဇဝေဇဝါဖြစ်သွားတော့တယ် …. ။
တစ်ဖက်ကလည်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားတာဆိုပြီးရေးတယ် … သို့သော် ကာယကံရှင်ရဲ့ …. ကန့်ကွက်မှုအပေါ်တောင်းပန်တယ် … ။

တစ်ဖက်ကလည်း … သူ့ကိုဆက်သွယ်လာခြင်းမရှိဘူး ၊ အင်တာဗျူးတာမျိုးမရှိခဲ့ပဲ ထည့်သွင်းဖော်ပြတယ်ဆိုပြီးတော့ အဆိုပါသတင်းကို ရုပ်သိမ်းပေးဖို့ …တောင်းဆိုခဲ့တယ် …. ။

ဘယ်သူကအမှန် ၊ ဘယ်သူကမှားယွင်းခဲ့သလဲဆိုတာကိုတော့ ..ကိုယ့်သဘောနဲ့ကိုယ် ဆက်စပ်တွေးကြည့်ရပါတော့တယ် …. ။ 😀
%%%%%%%%%%%%%%%%%%%%%

ကျွန်မတို့လိုနေဝင်နေထွက် အလုပ်လုပ်ရပြီး အပြင်ဗဟုသုတ သတင်းကြားရဖို့အားနည်းတဲ့ လူတွေအတွက်တော့ …. ဂျာနယ်တစ်စောင်ဖတ်ရုံနဲ့ … နိုင်ငံနဲ့အဝှမ်းရော ၊ ပြည်ပ သတင်းအချို့ကို သိနိုင်တာမို့ ….ပြည်တွင်းမှာ ဂျာနယ်တွေ နာမည်အမျိုးမျိုးနဲ့ အမျိုးစားအမျိုးမျိုး မှိုလိုပေါက်အောင်ထွက်နေတာ … ကြိုဆိုစရာ ကိစ္စပါပဲ …. ။ ဒါပေမယ့် …..ငွေကြေးတစ်စုံတစ်ရာပေးပြီး ဝယ်ယူဖတ်ရှုရတဲ့ ဂျာနယ်တွေမှာတော့ သတင်းဦးလျှင်ပြီးရော ၊ စာဖြစ်လျှင်ပြီးရော ၊ စာမူအရေတွက်ရလျှင်ပြီးရော ဆိုတာတွေထက် ….သေချာတဲ့ သတင်းမှန်ကိုသာရေးပြီး တာဝန်ကြေသင့်တာမျိုးပါ ….. ။

Nov 15, 2009 တုန်းက သဂျီးရေးခဲ့တဲ့ …. သတင်းမီဒီယာကောင်းဖြစ်ရန် လွတ်လပ်စွာ ရေးသားဖော်ပြနိုင်မှု နည်းတူ နှောင်ကြိုးကင်းစွာ ရပ်တည်နိုင်မှုမှာ အရေးပါ ဆိုတဲ့ ပို့စ်လေးထဲက စာသားတစ်ချို့ …. သဘောကျလို့ ပြန်ကူးပြလိုက်ပါတယ် …. ။

ဖြစ်ရပ်တစ်ခု၊ အကြောင်းအရာတစ်ရပ်ကို ဖော်ပြရာ၌ အမှန်တရားကို အမှန်တရားအတိုင်း၊ အရှိ တရားကို အရှိတရားအတိုင်း ပြည်သူ့မျက်နှာတစ်ခုတည်းကြည့်ပြီး တင်ပြနိုင်ရန်ကြိုးစားသော စာနယ်ဇင်းသမားများအနေဖြင့် စာနယ်ဇင်းမီဒီယာကောင်း ဖြစ်ရန်အတွက် လွတ်လပ်စွာရေးသားဖော်ပြနိုင်မှုနည်းတူ နှောင်ကြိုးကင်းစွာရပ်တည်နိုင်မှုကလည်း အရေးပါကြောင်း ဝါရင့်သတင်းစာဆရာကြီးများနှင့်အတူ နယ်ပယ်အသီးသီးမှ ပညာရှင်များက သုံးသပ်ပြောဆိုကြပါသည်။
ယနေ့ခေတ်အခြေအနေတွင် မီဒီယာလောက၌ ထိုကဲ့သို့ ပွင့်လင်းမြင်သာသော မီဒီယာများရှားပါလာပြီး အထောက်အပံ့ခံမီဒီယာများသာ တိုးပွားလာသည်ကို တွေ့နေရသည်။ သတင်းရေးသားမှုတွင်လည်း ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲသတင်းများကသာ များပြားလာနေခဲ့ပါသည်။
အနှောင်အဖွဲ့ဟုဆိုရာတွင် ခံယူချက်ကြောင့် ဖြစ်ပေါ်လာသော အနှောင်အဖွဲ့နှင့် ငွေကြေးအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသောအနှောင်အဖွဲ့ဟူ၍ နှစ်မျိုးရှိနိုင်ပြီး မည်သည့်အနှောင်အဖွဲ့ ရစ်ဖွဲ့ထားသည်ဖြစ်စေ သတင်းစာသမားအတွက် လွတ်လပ်မှုမရှိနိုင်တော့ကြောင်း သိရသည်။
တိုက်ရိုက်ဖတ်ချင်လျှင်တော့ …. https://myanmargazette.net/281/education မှာ အပြည့်စုံသွားဖတ်နိုင်ပါတယ် ….  ။
Nov 15, 2011တွင်ရေးသားခဲ့တဲ့ ကို ရဲ့ စတုထ္ထမဏ္ဍိုင်ကို ချည်နှောင်ထားသေးသော အောက်ခြေမှ ကြိုးနီစလေးများ ဆိုတဲ့ မောနီတာသတင်းဂျာနယ်က ဆောင်းပါးတစ်ပုဒ်ကို ပို့စ်အနေနဲ့ ပြန်တင်ပေးထားတဲ့ ပို့စ်လေးကလည်း …. ဒီမိုကရေစီနိုင်ငံဆီသို့ … လျှောက်လှမ်းနေချိန်မှာ …စတုထ္ထမဏ္ဍိုင်ရဲ့ .. အရေးပါမှုအကြောင်းကို …တစေ့တစောင်းမီးမောင်းထိုးပြသွားတာမို့ … သဘောကျလို့ web page လိုက်ကို သိမ်းထားမိပါတယ် .. … ။
ပို့စ်အစဆုံးဖတ်ချင်လျှင်တော့ …. https://myanmargazette.net/79840/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news မှာ ပြန်ဖတ်နိုင်ပါတယ် … ။
%%%%%%%%%%%%%%%%%%%%%
စတုထ္ထမဏ္ဍိုင်ရဲ့ အရေးပါမှုကို တစ်ဆာဆာ အော်နေကြတဲ့အချိန်မှာ … ဂျာနယ်တိုက်တွေ၊ သတင်းသမားတွေအနေနဲ့လည်း စာဖတ်သူတွေရဲ့ ပေးရတဲ့ စာဖတ်ချိန် ၊ ငွေကြေးတွေနဲ့ တန်တဲ့ သတင်းစာမျိုးတွေ ၊ သုတရသပေးနိုင်တဲ့စာမျိုးတွေ… ရေးသား ထုတ်ဝေနိုင်ပါစေဟုသာ ဆန္ဒပြု ၊ ဆုတောင်းမိပါတော့တယ် ။

17 comments

  • ဖားသက်ပြင်း

    April 3, 2012 at 11:02 am

    အဝါရောင် ဂျာနယ်တွေကတော့
    ဒီလိုပါပဲဗျာ ..

    ကိုယ့်ဟာကိုယ်သာ ဖစ်လတာ လုပ်ပီး ချင့်ယုံကြပါတော့…

    စကားမစပ် တောင်းပန်စာက အဆန်းနော…
    😀

  • chityimhtoo

    April 3, 2012 at 12:09 pm

    ဇင်ယော်မောင်မောင်ဆိုတဲ့ ကပ်ဖါးရပ်ဖါးလူတစ်စုထုတ်တာထင်တယ် envoy news journal က။

  • Diamond Key

    April 3, 2012 at 2:59 pm

    သတင်းသမားတွေ အရည်အချင်းမြင့်ဖို့ လိုလာပါပြီ။ အခုခေတ်မှာက သတင်းသမားလေးတွေက ရေးချင်တာသာ သိပေးမယ့် ကိုယ့်ဖက်က ခိုင်အောင် သတင်းမလိုက်တတ်တာ၊ မရေးတတ်တာတွေ တွေ့တွေ့နေရပါတယ်။ ဒီတော့လည်း ဒီလိုပဲ တောင်းပန်နေရတာတွေ၊ တရားစွဲခံနေရတာတွေ တွေ့ရမှာပါ။ ပိုင်ရင်တော့ အပေါ်ကလို ဖုန်းတော့ဆက်ပြီးမေးခဲ့တာ မှန်တယ်ဆိုရင် ပြန်တောင်းပန်နေရတာမျိုး ရှိမှာ မဟုတ်ပါဘူးလေ………….. :mrgreen:

  • ဦးဦးပါလေရာ

    April 3, 2012 at 3:08 pm

    အခုခေတ် ဂျာနယ်တွေရဲ့ သတင်းတွေ ဆောင်းပါးတွေ အလွဲလွဲအချော်ချော်ဖြစ်နေတာများလှပါပြီ။
    “ခံယူချက်ကြောင့်ဖြစ်ပေါ်လာသော အနှောင်အဖွဲ့“ ဆိုတာနဲ့ပတ်သက်ပြီးပြောရရင်
    ဂျာနယ်လောကမှာ သက်တမ်းအရင့်ဆုံးပါလို့ကြွေးကြော်ထားတဲ့ နာမည်ကြီး ထိပ်တန်းဂျာနယ်ကြီးတစောင်မှာတောင်
    အလုပ်ရှင်တွေကိုဖိနှိပ်ပြီး အလုပ်သမားတွေ ဆင်းရဲသားတွေအကြောင်းကို ဇတ်နာအောင်ဇောင်းပေးရေးတာမျိုး
    လက်ဝဲသူငယ်နာမစင်တဲ့ ဖေါ်ပြချက်မျိုးတွေ အပတ်စဉ်လိုလိုတွေ့ရတယ်။

    ကိုယ်တွေ့တခုပြောပြချင်တယ်..။
    တခါတုန်းက အဲဒီဂျာနယ်မှာ သိမ်ကြီးဈေးက ကာယလုပ်သားတွေ အလုပ်ပါးလို့ ဝင်ငွေနည်းကြောင်း တနေ့ ၁၅၀ဝ ခန့်သာရကြောင်းရေးထားတယ်။ ဖြစ်ချင်တော့ အဲဒီအပတ်မှာ ကျုပ်က ပစ္စည်းသယ်စရာရှိလို့ အများဆုံး ၃နာရီခန့်သာကြာမယ့်ကိစ္စတခုကို အလုပ်သမားရှစ်ယောက်ကို ငါးသောင်းပေးပြီးငှားတာ
    မလိုက်ဘူး..။
    “မကိုက်လို့…” တဲ့
    ခြောက်သောင်းအထိတိုးပေးတာလဲ မလိုက်ပါဘူး။

    အဲဒီဂျာနယ်လစ်ပြောတဲ့ တနေ့ထောင့်ငါးရာဆိုတဲ့ဒေတာကို သူဘယ်လိုရသလဲ ?
    ကျုပ်ထင်တာတော့ ဂျာနယ်လစ်သောက်ပျင်းက စိတ်ကူးယဉ်ပြီးသတင်းရေးတာကို
    အယ်ဒီတာအညံ့စားက ဖြစ်နိုင်မှန်းမဖြစ်နိုင်မှန်းမစဉ်းစားပဲ
    လူပြိန်းကြိုက်ရင်ပြီးရောဆိုပြီး ဂျာနယ်ထဲထည့်ပေးလိုက်တာပဲ ဖြစ်ရမယ်။

    • etone

      April 3, 2012 at 3:58 pm

      ဦးဦးရေ .. ပြောရလျှင် ရယ်စရာတော့ကောင်းတယ် …. ။
      အရင်ကတော့ ..သတင်းတစ်ခုထွက်လာလျှင် ဟုတ်တာမဟုတ်တာ မတွေးပဲ … ဘယ်မှာတော့ဘယ်လိုရေးထားတာပဲ ဆိုပြီး မျက်စိမှိတ်ယုံကြတယ် … ။

      မှတ်မှတ်ရရအနေနဲ့ .. ဟိုးတစ်လောက အင်တာနက်ထဲက ပြန့်နှံ ့နေတဲ့ … ဖင်မပါတဲ့ လူလေ … အညစ်ကြေးစွန့်လျှင် … ကျန်တဲ့တပိုင်းက ပါးစပ်ကစွန့်ရတယ်ဆိုတာလေ ..သူ့ခမျာဝဋ်ကြီးရှာတာပဲလို့ တွေးနေတုန်း ..ပြည်တွင်းထုတ်ဂျာနယ်တစ်ခုက … ချက်ချင်းလက်ငင်းဖော်ပြပါရော … ကံကံဧ။် အကျိုးလေးဘာလေးနဲ့လေ … ဒါနဲ့ ဂျာနယ်တောင်ရောင်းမလောက်ဖြစ်သွားသေးတယ် .. ပြီးတော့မှ … Hoax တဲ့ .. ဟိဟိ … ။ နောက်ပိုင်းတော့ ချင့်ယုံရတော့မယ် .. ဟေးဟေး 😆

  • manawphyulay

    April 3, 2012 at 3:19 pm

    သိတော့လည်း တောင်းပန်လိုက်ပေါ့။ မသိတော့လည်း ဟိုလိုဒီလိုလိုနဲ့ ပြီးသွားမှာပေါ့ မဟုတ်ဘူးလား…

  • alinsett

    April 3, 2012 at 3:42 pm

    အင်း တတ်လည်း တတ်နိုင်ပါ့

  • Mr. MarGa

    April 3, 2012 at 4:08 pm

    အော်
    စာဖတ်ပရိသတ်တွေကို သတင်းမှားတွေ ပေးနေကြပါလားနော်

  • Aung Zaw Myint

    April 3, 2012 at 7:13 pm

    Must be sure all news!

  • အံစာတုံး

    April 3, 2012 at 7:27 pm

    အသွားထက်တဲ့ မီဒီယာလက်နက် …
    အဲဒီ လက်နက်မျိုးကို ပိုင်ဆိုင်ထားသူတွေက ..
    သတိထားပြီး သုံးသင့်တယ် မဟုတ်ပါလားဗျာ ….

    ဓားထက်ထက် တစ်လက်ကို ကိုင်ထားတဲ့ လူတစ်ယောက်လိုပေါ့ …
    သူ့ဓားနဲ့ ရန်သူကို ရှင်းရမယ့်အစား …
    မိတ်ဆွေကို သွားပြီး ထိမိရင်တော့ …..
    အဲဒီဓားက မိစ္ဆာဓားပဲ ဖြစ်မှာပေါ့ …

    ဆိုင်လားတော့ သိဘူး …
    ဆိုင်ဆိုင် မဆိုင်ဆိုင် မန့်လိုက်ပီနော် …. 😀

  • surmi

    April 3, 2012 at 11:50 pm

    ကျုပ်တို.ကလည်းဒီဂျာနယ်တွေဘဲအားကိုးနေရတာ။ ခက်တာက အရပ်ထဲကအတင်းပြောသလိုမသေချာဘဲ
    ထဲ.ရေးနေတာဆိုးသဗျ ။ တွေ.ဘူးသမျှပြောရရင် တချို.က လဘ်လာဘတောင်းသလို တချို.ကလဲ အနုကြမ်း
    စီးတယ် ။ ကားတွေဘာတွေ မှောက်တယ်ဘာညာဆိုရင် ဓတ်ပုံလာရိုက်ပြီး ဂျာနယ်ထဲမပါစေချင်ရင်ဘယ်
    လောက်ပေး ဆိုပြီးတောင်းတော.တာဘဲ ။ရဲ ထက်ဆိုးသေး …
    ကားပွဲစားတန်းကသတင်းတွေဆိုများသောအားဖြင်.လွဲနေတာများတယ် ။ ဒီခေတ် အယ်ဒီတာတွေကိုက
    လည်း ပညာမစုံလေသလား ၊ သတင်းထောက်ကိုလွှတ်ယုံလို.ကတော. အဲဒီဂျာနယ်မြောင်းထဲရောက်ပြီမှတ်။
    သူတို.သတင်းထောက်ကိုက အပြင်မှာ ဘယ်လိုရိုက်ကွက်တွေ ထွင်နေတယ်ဆိုတာ မသိလေသလား
    ဒါမှမဟုတ် ခွဲများစားနေသလား ……..ကျုပ်တော.အနီကဒ်တွေရတော.မယ်နဲ.တူတယ် ဟဲ ဟဲ …….။

  • zaw min

    April 4, 2012 at 12:29 am

    မီဒီယာဆိုတာ ပြည်သူတွေရဲ့ လက်နက်ပဲ၊ အမှားလုပ်ရင် ရဲရဲဝင့်ဝင့် သိတ္တိရှိရှိ တင်ပြရဲရမယ်။အမှန်တရားကို ဘယ်သူမှ ဘယ်လိုနည်းနဲ့ဖုန်းကွယ်လို့မရအောင် မီဒီယာတွေအရေးပါ ပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး အမှန်တရားကို ဖေါ်ထုတ်ရဲတဲ့ သတင်းမီဒီယာဌာနတွေ အများကြီးလိုအပ်သလို၊မီဒီယာလွတ်လပ်ခွင့်တွေရရှိဖို့လည်းများစွာလိုအပ်နေပါသေးတယ်။

  • Khaing Khaing

    April 4, 2012 at 11:12 am

    မမတုံ ……… ကွန်မကောင်းတော့ သိပ်မမြင်ရဘူး ပုံတွေကိုလည်း အားတုန်းလေး ပို့စ်တွေဖတ်ပြီး မန့်နေတာဗျို့ …….

  • R Ga

    April 4, 2012 at 2:18 pm

    အမှန်အတိုင်း ပြောရရင် ကိုလေးဖြူကို အင်တာဗျူးရဖို့ ဆိုတာ မလွယ်ပါဘူး။ ဖုန်းနဲ့ ဖြေတယ်ဆိုရင် ပိုလို့တောင်မဖြစ်နိုင်ပါဘူး။ သူက ဘယ်တော့ မှ ဖုန်းနဲ့ မဖြေတတ်လို့ပါ။ နောက် သူကိုအင်တာဗျူးမေးရင် သူဂီတနဲ့ ပါတ်သက်တာကလွဲလို့ အခြားအရာတွေကို သိပ် မဖြေတတ်ပါ။
    သူကို ပွဲမှာဖြစ်ဖြစ်လူခြင်းတွေ့လို့ မေးရင် ပြန်ဖြေတတ်သလို။ သူအိမ်ကို စာနဲ့ မေးခွန်းပိုရင်လည်းပြန်ဖြေတတ်ပါတယ်။

  • Ma Ei

    April 4, 2012 at 3:02 pm

    တောင်းပန်စာလား…အတည်ပြုစာလား…
    မှားလို့တောင်းပန်တာလား…မှန်တယ်လို့ပြောတာလား…
    မရှင်းအောင်ရေးတတ်မှ အယ်ဒီတာ ဖြစ်တယ်ထင်ပါရဲ့…

  • kyeemite

    April 4, 2012 at 3:08 pm

    အင်း..ကျုပ်ဘဲမြန်မာစာညံ့လို့လားမသိ…
    ဂျာနယ်ကတောင်းပန်ထားတာ. ဖတ်ရတာ…ရိသလိုလို..ရွဲ့သလိုလို
    သာခံစားရတယ်…လေးဖြူသတင်းစာမှာကြော်ငြာတာကပြတ်သားတယ်..
    ဂျာနယ်ကပြန်တောင်းပန်တာက ဝေ့လည်လည်နဲ့…၀၉၈၀၃၀၄၂ရဖုန်းကရော
    လေးဖြူဖုန်းလား…တစ်ခုခုတော့မြှုတ်ကွက်ရှိနေသလိုဘဲ…
    လေးဖြူကအမှတ်မထင်တကယ်ပြောမိခဲ့ပီးမှ…ပရိပ်သတ်အသံတွေဆူလာလို့
    ဂျာနယ်တိုက်နဲ့ညှိနှိုင်းပီး လုပ်ချလိုက်တာလား…
    ဘာဘဲပြောပြောချင့်ယုံကြပါဗျို့..လို့သာပြောချင်ပါတယ် ကိုetone ရေ..

  • htoosan

    April 4, 2012 at 5:58 pm

    ချင့်ယုံ ပါဘဲ။ (ဘဖော ငယ်နံမည်လားမသိဘူး… ဟိ.. နောက်တာ)
    etone ရေ .. etone ပေးတဲ့ link က ထောက်ပြီး ကလစ်လုပ်လိုက်ရင် ဒီဘဲပြန်ပြန်ရောက်လာတယ်. http://myanmargazette.net/281/education

    ဂျာနယ်က မေးခဲ့တယ်လို့ ပြောတဲ့ အပြင်သူတို့ မှားပါတယ်လို့ မပြောထားပါဘူးနော်။ ပြန်ရုတ်သိမ်းတယ်။တောင်းပန်တယ် ဘဲဆိုထားတာ။ သဘောကတော့ မစ္စာတာဖြူ ပြောခဲ့ သည်ပေါ့နော်….

Leave a Reply