အမျိုးကိုစောင့်ရှောက်သူတို့ မြေ
ရခိုင်ဆိုတာ ရက္ခိတ အမျိုးကိုစောင့်ရှောက်ခြင်းဆိုတဲ့ စကားက လာတယ်လို့ မှတ်သားဖူးပါတယ် ၊ အမျိုးကို စောင့်ရှောက်တဲ့ ရခိုင်တွေရဲ့ မြို့တော် စစ်တွေ ( ဒေသခံ လေသံနဲ့ ဆို ဆိုက်တွေ ပေါ့ ) ကို အခုရက်ထဲ ခဏရောက်သွားပါတယ် ၊ အခုအကြိမ်ရောက်တာက လေးကြိမ်မြောက်မို့ အရင်အကြိမ်တွေနဲ့ နှိုင်းယှဉ်ကြည့်တော့ မြို့က သပ်သပ်ရပ်ရပ်နဲ့ လူတွေလဲ ပိုများလာပြီး စည်ကားလာတာကို သတိထားမိပါတယ် ..
မြောက်ဦးကို သွားဘို့ စစ်တွေကို ရောက်လာတဲ့ နိုင်ငံခြားသားတွေလဲ ဒီနှစ်ပိုများလာတယ် စစ်တွေမှာ နိုင်ငံခြားသားတွေ တည်းနိုင်တဲ့ ဟိုတယ် သုံးခု ရှိပါတယ် ၊ စစ်တွေကနေ မြောက်ဦးကို သွားဘို့ ကားနဲ့ဆို အချိန်က ၆ နာရီလောက်ကြာမယ် လမ်းနဲနဲဆိုးတယ် ( ကားငှားခက သုံးသိန်းလောက်ရှိတယ် ) ၊ အမြန်ရေယာဉ်နဲ့ ဆိုရင်တော့ အချိန်က ၂ နာရီလောက်ပဲကြာမယ် ( အမြန်ယာဉ်ငှားခက ခုနှစ်သိန်း ) ၊ ဈေးသက်သက်သာသာနဲ့ သွားချင်ရင်တော့ အစိုးရသင်္ဘောတွေရှိတယ် အချိန်က ၈ နာရီလောက် ကြာဆိုပဲ ဒါက စိတ်ဝင်စားတဲ့ ရွာသားတွေအတွက် စပ်စုလာတာ ၊ စစ်တွေမှာ နိုင်ငံခြားသား ခရီးသည်တွေ စိတ်ဝင်တစား စောင့်ကြည့်လေ့ ရှိတာ တစ်ခုက လင်းဆွဲ တွေပဲ ညနေစောင်းဆို ကျွန်းတွေ ဘက်ကို ပျံသွားကြပြီ မနက် ဆို ပြန်ရောက်လာကြပြီ နေပူပူ မိုးရွာရွာ သစ်ပင်မှာ စောက်ထိုးအတို်င်း ရှိနေကြတယ် ( လင်းဆွဲတွေ မြင်တော့ ကိုရင်ပေါက်ဖော်ကြီး သတိရမိသေး တယ် )
မရောက်ဖူးသေးတဲ့ ရွာသူားတွေနဲ့ အဝေးရောက် ရခိုင်သားတွေ အတွက် အမှတ်တရ ရိုက်လာတဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်နော ကိုစိန်သော့ တို့ ကိုချောတို့လို လက်ရာမကောင်းတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး…
အင်္ဂလိပ်တွေ ဆောက်ပေးခဲ့တဲ့ သံဈေးက မြန်မာပြည်မှာ ရန်ကုန် တောင်ငူ ထားဝယ် နဲ့ စစ်တွေ တို့မှာ ရှိတယ် ရန်ကုန်က ဖျက်လိုက်တော့ ကျန် သုံးနေရာမှာပဲ ရှိတယ် လို့ ဖတ်ရဖူးတယ် ဖျက်လိုက်တာကို ပြန်ဆောက်လို့ မရတော့ပေမဲ့ ရှိနေတာကိုတော့ အစိုးရကရော ဒေသခံတွေကပါ မပျက်စီးအောင် ထိန်းသိမ်းကျစေချင်ပါတယ် နောင် ဆို ဒီလို ရှေးဟောင်းပစ္စည်းတွေကို လာကြည့်တဲ့ ခရီးသည်တွေဆီက ဝင်ငွေတွေကို သဲ့ယူနေရုံပဲ ….
ငါး တွေ ပုဇွန်တွေ ဖမ်းလာတဲ့သူတွေက အပုံလိုက်လုပ် ဒီမှာတင် လေလံပစ်တယ် ဘေးက ကိုယ်ပေးနိုင်သလောက် ဝိုင်းပေးကြတယ် ရခိုင်သံတွေနဲ့ ပြောကြတာ နားထောင်လို့တောင် ကောင်းသေးရဲ့..
အင်္ဂလိပ်တွေ ဆောက်ပေးခဲ့တဲ့ နာရီစင် မှာ ရေးထိုးထားတာ ၁၈၈ရ တဲ့ ၊ နှစ်တစ်ရာကျော် သမိုင်းဝင် ပစ္စည်းပဲ မထိန်းသိမ်းရင်တော့ ကြာရင် ပျက်စီးသွားမှာ စိုးရတယ် ဒေသခံ တစ်ယောက် ပြောတာတော့ အင်္ဂလိပ်တွေက နာရီယူမလား တံတားယူမလား မေးတော့ နာရီယူမယ်ဆိုလို့ ဆောက်ပေးခဲ့တဲ့ နာရီစင်တဲ့ ဒါကတော့ ဘယ်လောက်မှန်မလဲ မသိတဲ့ ပါးစပ်ရာဇဝင်ပဲ ဘာပဲ ဖြစ်ဖြစ် အခုခေတ်မှာ ပစ္စည်းတွေက ကြာလေ တန်ဘိုးတက်လေမို့ အိမ်က အန်းတိတ်ကြီးတောင် တယုတယ နဲ့ ပိုဂရုစိုက်နေရတာ ကိုချောကြီးလဲ အသစ်တွေပဲ လိုက်ရှာမနေနဲ့ အိမ်က အန်းတိတ်ကို ပိုဂရုစိုက်နော..
လောကနန္ဒာဘုရားမှာ ရှိတဲ့ အဝင်မုဒ်ဦး တစ်ခုမှာ စာတန်းတွေ ဖြုတ်ထားတာ တွေ့လို့ မေးကြည့်တော့ ဗို်လ်ချုပ်ကြီးခင်ညွှန့်လှူထားတဲ့ မုဒ်ဦး သူလဲ ပြုတ်သွားရော သူအမည်ပါတာတွေ ဖြုတ်ပစ်တယ်တဲ့ ဒါကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ ဒါ သမိုင်းကိုဖျက်ဆီးတာပါ ဦးခင်ညွှန့် ကောင်း မကောင်းဆိုတာ သူ့အပိုင်း သူ လှူခဲ့တယ် ဆိုတာတွေက သမိုင်းပါပဲ သမိုင်းကို နှောင်းလူတွေက မဖျက်ဆီးကောင်းပါဘူး ထိန်းသိမ်းရမှာပါ ဒီ သမိုင်းကမှ နှောင်းလူတွေ အတွက် သင်ခန်းစာယူရမှာပါ ၊ အရင် အဆက်ဆက် သမိုင်းကို လိုသလို ဖြုတ် ဖြည့်ခဲ့ကြပေမဲ့ အခု တပ်ချုပ် က အသစ်ဖွင့်တဲ့ စစ်သမိုင်းပြတိုက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်တာတွေ ပြန်ဖော်ပြတယ် အရင်က ဖြုတ်ခဲ့တဲ့ လူတွေရဲ့ အကြောင်းတွေကို ပြန်ဖော်ပြတယ် ဆိုလို့ အဲဒီကောင်းတဲ့ စိတ်လေး ရေရှည်တည်တံစေချင်မိတယ်
မေယုဈေးကလဲ စစ်တွေအတွက်တော့ နာမည်ကျော် နေရာတစ်ခုပါပဲ ၊ စစ်တွေကို ရောက်တဲ့သူတိုင်း သွားသင့်တဲ့ နေရာတစ်ခုလို့ ပြောကြပါတယ် ၊ လေဘေးထည်လို့ သိကြတဲ့ အဟောင်းထည်တွေနဲ့ အထည်သစ်တွေ ရောင်းတဲ့ နေရာပါ ၊ စိတ်ရှည်ရှည်နဲ့ ရှာနိုင်ရင် အမျိုးအစား ကောင်းကောင်း အထည်တွေ ကို ဈေးသက်သက်သာသာနဲ့ ရနိုင်တယ်လို့ ပြောပါတယ် ၊ တနင်္ဂနွေ ဆိုရင် တော့ ဒီဈေးပိတ်တယ် ၊ ဈေးကြီးရှေ့မှာ အထုတ်သစ်တွေ ဖွင့်တယ် ၊ မနက်စောစောသွားမယ် ရှာနို်င်မယ် ဆို ရန်ကုန်မှာ သောင်းဂဏန်း ပေးရတဲ့ အကျင်္ီတွေက စစ်တွေမှာ ထောင်ဂဏန်း နဲနဲ နဲ့ ရနိုင်ပါတယ်..
ပွိုင့်ကိုသွားတဲ့ လမ်းကို ကွန်ကရိခင်းထားတာ သိပ်မကြာသေးပါဘူး ၊ အခုလို သပ်သပ်ရပ်ရပ်နဲ့မို့ မနက်စောစော နဲ့ ညနေစောင်း တွေမှာ ပင်လယ်လေကို ရှုရင်းလမ်းလျှောက်ရတဲ့ အရသာက မမေ့နိုင်စရာပါ..၊ ကမ်းခြေကလဲ အမှိုက်တွေ တော်တော် ရှင်းနေပါတယ် ၊ လာလည်တဲ့ ဧည့်သည်တွေရော ဒေသခံတွေပါ ကမ်းခြေသာယာလှပဘို့ အားလုံးက ဝိုင်းထိန်းကြစေချင်ပါတယ် ..
စစ်တွေ ရေနက်ဆိပ်ကမ်းကို တနင်္ဂနွေနေ့ကလွဲလို့ ကျန်တဲ့နေ့တွေ နေ့၊ည အလုပ်လုပ်ကြတယ် ၊ အလုပ်အကိုင် အခွင့်အလမ်း တွေရော ဆောက်လုပ်ရေးနဲ့ နွယ်တဲ့ အရောင်းအဝယ်တွေပါ ကောင်းကြတယ်လို့ ပြောပါတယ်..
စစ်တွေမှာလဲ နှစ်သိန်းဖုံး ရောင်းနေပါပြီ ၊ အဲဒါကြောင့် ဟိုနားလဲ ဖုံး ဒီနားလဲ ဖုံး နဲ့ ဆက်သွယ်ရေးတွေ အဆင်ပြေနေတယ်လို့ ယူဆနိုင်ပေမဲ့ အဝင်ဖုံးရော အထွက်ဖုံးရော ကိုင်လိုက်တာနဲ့ ပြုတ်ကျတာ ၊ မှတ်ထားတဲ့ ဖုံးကို ခေါ်တာ လူကြီးမင်း ခေါ်ဆိုသော ဖုံးဟာ မှားယွင်းနေပါသဖြင့် ပြန်လည်ပြင်ဆင်ခေါ်ပေးပါ ဆိုတော့ ဘယ်လို ဆက်လုပ်ရမယ်မှန်းတောင် မသိတော့ပါဘူး ….
အဲ ပြောဘို့ တစ်ခုကျန်တာ ရခိုင်သူလေးတွေ အရင်ထက် ပိုချောလာတယ် ဗျို့……
25 comments
Moe Z
April 3, 2012 at 12:18 pm
ဦးနိုရေ ရခိုင်ကို ဓာတ်ပုံတွေထဲကနေ ရောက်ဖူးပြီ
ထူးဆန်းတဲ့ရှေးဟောင်းဘုရားကိုလဲ ဖူးသွားပါတယ်
ကမ်းခြေမှာလည်း စိတ်ကူးနဲ့ထိုင်သွားပါတယ်
ဒါနဲ့ဘဘဘလက်ရေ ရှေးဟောင်းပစ္စည်းကတန်ဘိုးရှိတယ်ဆိုပြီး ရောင်းမစားနဲ့ဦးနော်
ဖားသက်ပြင်း
April 3, 2012 at 12:27 pm
အဲ ပြောဘို့ တစ်ခုကျန်တာ ရခိုင်သူလေးတွေ အရင်ထက် ပိုချောလာတယ် ဗျို့……
သည်စာသား ကို ရှယ်အားပေးသွားပါတယ်ဗျို့ ….
(ခွင်ခွင်ကြီးတော့ အတော် စွံနေဘီထင့်…)
nozomi
April 3, 2012 at 12:42 pm
မိုးစက်လေး အားပေးတာ ကျေးဇူးပါ ၊ အဲဒီကို ဟန်နီးမွန်း သွားလို့ရတယ်နော်
ဂီဂီ ရေ တစ်ယောက်လောက် ပို့လိုက်ရမလား
ဖားသက်ပြင်း
April 3, 2012 at 2:25 pm
ဦးနိုရေ…
ပို့လိုက်ပါဂျာ ….
(အိမ်ထဲ …မှောင်မှောင်မဲမဲ မီးဖွင့် မဝင်ချင်တော့လိုု့ … .အာဟိ..)
စကားမစပ်..
ဒီမှာ တိုင်ဖုန်း နီးနီး ပြင်းတဲ့ကောင် ဝင်နေတယ်….
လေပါတယ်အေ….နိုဇိုးမိ လည်း ရပ်သွားဘီ … ချိဂျော တွေလည်း ရပ်ကုန်ဘီ…
အူး လင်းမွေကျော်တိုကီယိုမှာ အဆင်ပြေရဲ့လား မသိ…
သများတော့ ဘူတာမှာ အိပ်ရတော့မယ်ထင့် ……
nozomi
April 4, 2012 at 9:38 am
ဂီဂီ မနေ့ကမုန်တိုင်းအခြေအနေဘယ်လိုလဲ
ဘယ်မှာအိပ်လိုက်ရလဲ
ကိုလင်းမြွေကြီးရော အဆင်ပြေရဲ့လားမသိ
ဖားသက်ပြင်း
April 4, 2012 at 10:05 am
ညနေဘက် မှာတော့ ရထားတွေပြန်ထွက်ပါရဲ့ဗျာ…
တီကီယိုရှိတဲ့ ခန်းတိုးဘက်ကတော့ ပိုခံရတာပေါ့…
လေယာဉ်တွေတော့ ကန်ဆယ်လ် တယ် ကြားရဲ့…
ကား ရထား ကတော့ နာရီပိုင်းလောက်ပိတ်ပီး ပြန်ဖွင့်ပါတယ်..
အဆင်ပြေမယ်ထင်ပါရဲ့
(တော်သေးပါရဲ့ဗျာ..)
weiwei
April 3, 2012 at 1:19 pm
ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းက စစ်တွေသူမို့ စစ်တွေကို သွားလည်ချင်တာအရမ်းပါပဲ …
ဗုဒ္ဓဂါယာသွားတုန်းက စစ်တွေလေဆိပ်မှာ လေယာဉ်ခဏနားပြီး ဆီဖြည့်ပါတယ်။ အသွားအပြန် ၂ ခါ ဆင်းခဲ့လို့ စစ်တွေကို မရောက်ဖူးဘူးလို့ ပြောရမှာလဲအခက်ပဲ၊ ပွိုင့်ကို လေယာဉ်ပေါ်ကနေမြင်ခဲ့ပြီး လေဆိပ်ထဲကို ခြေချခဲ့ဖူးတဲ့ စစ်တွေကို တစ်ခါလောက်တော့ ရောက်အောင်သွားလည်ဖို့ စိတ်ကူးထားတယ် …
nozomi
April 3, 2012 at 1:41 pm
မဝေ ရေ အမြန်ဆုံးသွားသင့်တယ်ဗျ
ပုဇွန်၊သားငါး လတ်လတ်ဆတ်ဆတ် စားလို့ ရတယ်၊ ဈေးသက်သာတယ်
လေကောင်းလေသန့် ရှုရတယ် ၊ ဒေသခံတွေ သဘောကောင်းတယ်
ကြားနေကျ မဟုတ်တဲ့ လေယူလေသိမ်းလေး တွေက နားထောင်လို့ကောင်းတယ်
လေယာဉ်ခက မြန်မာ့လေကြောင်းဆို ငါးသောင်း ၊ အသွားအပြန်မှာ တစ်သိန်းရယ်
မဝေ အပြန် ကျွန်တော့အတွက် ငါးမုန့်ဝယ်ခဲ့နော
weiwei
April 4, 2012 at 9:46 am
ကျွန်မက ရခိုင်းရိုးမကိုဖြတ်ပြီး ကားနဲ့သွားချင်တာ …
ဒီနှစ် လမ်းပြင်နေလို့ လမ်းသိပ်မကောင်းဘူးလို့ သတင်းကြားလို့ နောက်နှစ်မှ သွားတော့မယ် …
windtalker
April 3, 2012 at 1:43 pm
ဘိုနိုဇို ရဲ့ခရီးသွားနိုင်ခြင်းကို အားကျမိပါသည်။ ထို့အပြင် နယ်မြေသစ် ရှာဖွေနေသူ ဘလက် အကြောင်းကိုလည်း သိရပါ၏။ အလင်းထိဆွဲသော ပေါက်ဖော် နှင့် ဘိုနို ကျန်းမာ ကြပါစေ။
Onyx
April 3, 2012 at 2:10 pm
ရောက်ဖူးချင်နေတာ ပုံလေးတွေကြည့်ပြီး ပိုးက ပိုထလာတယ် ။ကျေးဇူးပဲဗျို့ ပုံတွေအတွက်
နောက် ထပ်အထင်က ရနေရာတွေ ရောက်ရင်လဲ တင်ပြေးပါအုန်းလို့ ။
Onyx
April 3, 2012 at 2:12 pm
အဲတစ်ခုကျန်ခဲ့သေးတယ် အမျိုးကို စောင့်ရှောက်သူ ဆိုတဲ့ စကားကိုလဲ သိခွင့် ရလို့ ကျေးဇူး ပါနော်
nozomi
April 3, 2012 at 2:32 pm
ကိုပေ ရေ ကျွန်တော်ကလဲ ကိုပေကို အားကျနေတာ ဗျို့
လင်းဆွဲကြီး စောက်ထိုးဖြစ်နေတာ မြင်လိုက်တာနဲ့ ပေါက်ဖော်ကြီး မျက်နှာ ဘယ်လို သွားသတိရမှန်းကို မသိဘူး
Onyx ရေ အားပေးတာ ကျေးဇူပါ ခင်ဗျာ
ခရီးသွားဖြစ်ရင် ရွာသူားတွေ အတွက် ပုံလေးတွေ တင်ပေးပါမယ် ၊ တင်တော့ မပြေးပါရစေနဲ့ ဆရာရယ်
ဦးဦးပါလေရာ
April 3, 2012 at 2:47 pm
အတော်အသင့်သန့်ရှင်းသပ်ရပ်တဲ့မြို့ပါပဲ။
မမြင်ဘူးတဲ့ ငါးတွေပါလား ကိုနိုဇိုမိရေ..။
ရခိုင်သူလေးတွေ ချောလာတယ်ပြောပြီး တပုံမှလဲမပါဘူး..။
pooch
April 3, 2012 at 2:58 pm
ကိုနိုဇိုမိရေ အမျိုးကိုစောင့်ရှောက်သူတို့ရဲ့နယ်မြေကို အမြင်နဲ့ လည်သွားပါတယ်။ အိမ်က လူတွေကတော့ သွားလည်ဖူးလို့ ပုံတွေတော့ မြင်ဖူးပါတယ်။ ဒါပေမဲ့ မြောက်ဦးက ဘုရားပုံတွေ။
အခုပုံတွေက တော့ မရောက်ဖူးတဲ့ဒေသတခုလုံးကို ခြုံပြီးတော့ မြင်လိုက်ရပါတယ်။
ဇင်ပြွန်းသီးနဲ့ပန်းရှင်းပွင့် တွေက ဘယ်လိုများ သုံးတယ် မသိဘူးနော်။
ဒါနဲ့ ကိုဘလက်က အန်းတိတ်တွေကို တန်ဖိုးသိတာ ကြာပေါ့ ကိုနိုဇိုမိရယ်။ သူက အသစ်ဆို တမျိုး အဟောင်းဆို တဖုံ တန်ဖိုးထားတတ်တဲ့သူလေ။ ဟိုတခါ သူကြီးတို့ ကျောင်းကြီး ဓာတ်ပုံရိုက်တင်တာပဲ ကြည့်ပါ့လား။ အသစ်ဆိုလည်း အသစ်အလျောက်။
nozomi
April 3, 2012 at 3:10 pm
ရခိုင်မလေးတွေကို ကင်မရာနဲ့ မရိုက်ပဲ မျက်လုံးထဲ စွဲနေအောင် ကြည့်ခဲ့မိလို့ မတင်ပေးနိုင်တာ ခွင့်လွှတ်ပါ ဦးပါ ခင်ဗျာ
ဒေါ်ဒေါ်ပွတ်ရှ်ရေ ပန်းရှင်းပွင့်က ဟင်းချိုလုပ်သောက်ကျတယ် ကျန်းမာရေးအတွက် ကောင်းတယ် ပြောတာပဲ ၊
ကိုချောအကြောင်းတွေကတော့ ပြောရင် တစ်ပုံကြီးပဲ ကျွန်တော်က ပြောရမှာ အားနာလို့သာ
Oo Oo
April 3, 2012 at 9:35 pm
စစ်တွေမြို့ရဲ့ ဒါ့ပုံတွေ တင်ပေးတဲ့အတွက် ကျေးကျေးပါ..
စစ်တွေကို ဒေသခံတွေက(စိုက်တွေ) လို့အသံထွက်ပါတယ်။
မူလတန်းကျောင်းသားဘဝတုန်းက ကျောင်းသွားတိုင်း အဲ့ဒီနာရီစင်လေးကို ကြည့်ဖြစ်ခဲ့တယ်
ဒီပို့စ် ကိုဖတ်မိလို့ ကလေးဘဝက ခံစားခဲ့ရတဲ့အတွေ့အကြုံလေးတခုကိုအမှတ်ရမိတယ်
၃တန်းရောက်တော့ရန်ကုန်ကိုပြောင်းကျောင်းတက်ရတော့ရခိုင်စကားပဲပြောတတ်လို့ အခက်တော်တော်တွေ့ခဲ့ရတယ်
စာသင်ချိန်မှာ သေးပေါက်ချင်လာလို့ ဆရာမကိုခွင့်တောင်းတာ စစ်တွေကျောင်းမှာတုန်းကလိုပဲ (ဆရာမ သရီပေါက်ဖို့လားပါဖို့)
လို့ပြောတော့ ဆရာမကနားမလည် နားမလည်တော့ထပ်မေး ထပ်မေးတော့ဒါကိုပဲထပ်ပြော..
ဒါနဲ့ပဲလည်နေ..ကြာတော့ သေးကလဲထွက်တော့မယ် မအောင့်နိုင်တော့လို့ အိမ်သာခန်းဖက်ပြေးထွက်ခဲ့တာ
ဆရာမကဒီကလေးဘာများဖြစ်လို့ပါလိမ့်ဆိုပြီးအနောက်ကနေပြေးလိုက်လာပြီးကြည့်တာ
သေးပေါက်မှန်းသိမှ ဆရာမ ရီလိုက်တာ..ဟီး ဟီး
ရခိုင်စကားနဲ့ပတ်သက်ပြီး ကြုံခဲ့ရတဲ့ ဟာသမြောက်တာတွေလဲအများကြီးှရှိသေးတယ်..
ခုတော့ရခိုင်လိုပြောလာရင်တောင်သိပ်နားမလည်ချင်တော့ဘူး..မေ့ကုန်ပြီ..အဟီးး
Don Juan Ronald
April 3, 2012 at 9:59 pm
အား ပေး သွား ပါ တယ် ~~
တ ကယ် လည်း ကျေး ဇူး တင် ပါ တယ် ။
surmi
April 4, 2012 at 12:30 am
ရခိုင်မလေးတွေကစကားလဲဝဲတယ် ၊ စွာလဲစွာတယ်နော
အဲ ..တစ်ခုရှိတာ သူတို.ကြိုက်ရင်တင်တောင်းတယ်ဆိုပဲ ဟဲ ဟဲ
ဇင်ပြွန်သီးတွေ.တော. ရခိုင်လှေသမားတွေသတိယသေး ၊ ငရုပ်သီးစပ်စပ်နဲ.ချက်တာ
ထမင်းမိန်သဗျ ။ ရခိုင်မိတ်ဆွေတွေကခင်ဘို.ကောင်းပါတယ် တခါတလေလဲ ရွာထဲက သံတွဲသားတွေလို
ရန်တော.နဲနဲဖြစ်တတ်တယ် ။ကိုနိုရေ ….ဓတ်ပုံတွေက သိချင်တာလေးတွေ ပြောနိုင်ပါတယ်ဗျာ ….။
nozomi
April 4, 2012 at 9:36 am
Oo Oo ၊ Don Juan Ronald နဲ့ surmi တို့ ကျေးဇူးပါ ခင်ဗျာ
ကျွန်တော်တင်တဲ့ ရည်ရွယ်ချက်လေး ပိုပြည့်စုံသွားတယ် ၊ စိုက်တွေ မှာ နေသွားဘူးတဲ့သူတွေ ပြန်မြင် ပြီး အလွမ်းပြေသွားစေချင်တာလေး ဆန္ဒပြည့်သွားလို့ပါ
Oo Oo ရဲ့ ငယ်ဘဝ အတွေ့အကြုံလေးတွေ ၊ မြန်မာစကားဘာကို ရခိုင်လိုဆို ဘယ်လိုပြောတယ် ဆိုတာမျိုးလေးတွေ လဲ ဖတ်၊ မှတ် ချင်ပါသေးတယ်
ဗိုက်ကလေး
April 4, 2012 at 10:18 am
အကိုရှေ
စိုက်တွေကရောင်း ရေးတင်ထားတာ စုံကာပတ်စေ့ပါလား
စကားမစပ်
လခိုင်ပရိုချောလေးတွေ မက်ကော မိုုက်လားဘရို ့
kyeemite
April 4, 2012 at 3:36 pm
ကျုပ်လည်းစိုက်တွေမြို့ ကိုသွားလည်ဘူးတယ်..
ငယ်ငယ်ကပါ..ဒါပေမဲ့ ခုဓါတ်ပုံတွေအရ..
မပြောင်းသေးတာက..ငါးဆိုအကောင်လိုက်ဈေးပြောပီးရောင်းတာပါ..
ပုဇွန်တို့ ငါးသေးသေးလေးတွေဆို အပုံလေးတွေပုံပီး..တစ်ပုံဘယ်လောက်ဆိုပီး
ရောင်းတာ..အလေးချိန်နဲ့မရောင်းဘူးဗျ..ဇင်ပြွန်းသီးနဲ့ပန်းရှင်းပွင့် ပုံကိုကြည့်
အပုံလေးတွေနဲ့ရောင်းနေတာ…အသီးလေးတွေကျ ခွက်ချင်နဲ့..
ဘာဘဲပြောပြော ခရီးသွာဓါတ်ပုံလေးတွေတင်ပေးတဲ့ nozomi ရေ..ကျေးကျေး။
blackchaw
April 5, 2012 at 2:13 pm
အော်ကွယ် ကိုနိုဇိုးမိရယ်။
ဆရာနဲ့ တပည့်တွဲလျက်ကြီး မလုပ်ကောင်းပါဘူးဗျာ။
ကိုသော့ဆီက ကျွန်တော်က သင်ယူနေတဲ့ ကျောင်းသားလေးတစ်ယောက်ပါ။
တခြားလူတွေကို အားနာစရာဗျာ။ အသာလုပ်ပါဗျ။
ဘာလဲ အဖြူနဲ့ အမည်းကို တွဲပေးလိုက်တာပေါ့ ဟုတ်စ…။
မဒမ်ဘလက်က သူ့ကို အန်းတိတ်လို့ပြောလို့ ကိုနိုဇိုးမိ ကို မကျေနပ်ဘူးတဲ့ဗျာ။
ပုံလေးတွေ ရိုက်ထားတာ တကယ်ရောက်သွားသလို ဖီလင် ရပါတယ်။
နေရာစုံစုံ အကြောင်းအရာ စုံစုံနဲ့ တကယ့် ခရီးသွားဆောင်းပါးစစ်စစ်တစ်ခုပေါ့။
စိတ်ဆိုးတာက လေဘေးထည်လေး နှစ်ထည်သုံးထည်လောက်ဝယ်မလာတာကိုပါ။
သင်္ကြန်ဆိုတော့ လေဘေးထည်လေးတွေ ဝတ်ပြီး ရေပက်ခံထွက်လို့ရတာပေါ့။
ငါးခြောက်တွေလည်း ပါလာသေးတယ်ဆို။
ဟင်းစားလက်ဆောင်လေးဘာလေး ပေးချင်ရင် ဖုန်းဆက်လိုက်ဗျာ။ လာယူမယ်။
စကားမစပ်။ သင်္ကြန်မတိုင်မှီ ဘီယာလေး စုတ်ကြဦးစို့ ။
တော်သေးပြီ။
nozomi
April 5, 2012 at 6:44 pm
ကိုပေါက်ဖော် ရခိုင်မှာ သမက်တက်ပွဲလုပ်မလား
ကိုကြီးမိုက် အားပေးတဲ့အတွက် လဲ ကျေးကျေးပါဗျ ၊ ဒေသတစ်ခုနဲ့ တစ်ခု မတူတဲ့ ဓလေ့ထုံးစံလေးတွေလေ့လာရတာလဲ စိတ်ဝင်စားစရာပဲ ဗျ
ကိုချော အခုခေတ် က ရှေးကျလေ တန်ဘိုးတက်လေနော်
ကိုချောအတွက် ငါးခြောက်တွေပါလာတယ် ဗျ ၊အပြင်မှာ ဒီအတိုင်းထားလိုက်မိလို့ ကြောင်ကြီး ချီသွားတယ် ဗျာ ၊ စိတ်မကောင်းဘူး နောက်တစ်ခေါက်ပေါ့
MaMa
April 5, 2012 at 8:59 pm
ကိုမှိုရေ-
ရခိုင်ရှု့ခင်းလှလှလေးတွေ တွေ့ရလို့ ကျေးဇူးဗျို့။
ကိုချောက ကိုမှိုကို တွန်းတယ်။
ကိုမှိုက ကိုချောကို ကြပ်တယ်။
သဂျီး နဲ့ ကြောင်ကြီး က တတွဲ
ကိုမှို နဲ့ကိုချော တို့က တတွဲ
စာပေကြိုးဝိုင်းထဲမှာ ….
အပြန်အလှန် အကြိတ်အနယ် ရေကုန်ရေခန်း အကဲစမ်းကြရင်….
အားပေးမယ် နော့။
(မှတ်ချက်- ရန်တိုက်ပေးခြင်း မဟုတ်ပါ။ ချစ်ကြည်ရေးပွဲများသာ ဖြစ်ပါသည်။)