၁ဝ သုံးလုံးနေ့မှာ ရွေးကောက်ပွဲကျင်းပမယ်

wunnakokoJune 11, 20101min760
ဘီဘီစီ | မြန်မာ ရွေးကောက်ပွဲကို ၂၀၁ဝ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့ မှာ ကျင်းပမယ်လို့ သတင်း ရရှိတဲ့ အကြောင်း အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ကမာ္ဘလုံး ဆိုင်ရာ အာရှ အဖွဲ့အစည်းရဲ့ ညီလာခံမှာ မနေ့က ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ကို အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သူ့ မိတ်ဆွတွေ က ပြောတယ်လို့ မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောပါတယ်။ မြန်မာ အစိုးရ ဘက်က အတည်ပြုချက်ကို မရသေးဘူး လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ အတွက် အသွင်ကူးပြောင်းရေး ကာလတစ်ခုကို လမ်းဖွင့်ပေးတာ ဖြစ်တဲ့ အတွက် ကောင်းမွန်တယ်၊ ထောက်ပံ့ ကူညီရမယ် လို့လည်း မစ်စတာ ဂျင်မ်ဝက်ဘ်က ဆိုပါတယ်။

ရွေးကောက်ပွဲဟာ စင်းလုံးချော ပြည့်ဝ လိမ့်မယ်လို့ မမျှော်လင့်နိုင်ပေမယ့် အသွင် ကူးပြောင်းရေး အတွက် လမ်းစလို့လည်း မစ္စတာ ဂျင်မ်ဝက်ဘ် က ဆိုပါတယ်။

မစ်စတာ ဂျင်မ်ဝက်ဘ်ဟာ ပထမ တခေါက် မြန်မာနိုင်ငံကို သွားခဲ့စဉ်ကလည်း ရွေးကောက်ပွဲကို ထောက်ခံ ပြောဆို ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်တုန်းက မြန်မာ နိုင်ငံကို သွားဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ် ကိုတော့ မြန်မာရဲ့ နျူးကလီးယား အစီအစဉ် သတင်း ထွက်ပေါ် လာလို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ အနားကပ်ပြီးမှ ဖျက်သိမ်း ခဲ့ပါတယ်။

မကြာခင် တုန်းက မြန်မာ နိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ရော ၊ မြန်မာ စစ်ခေါင်းဆောင် တွေနဲ့ရော တွေ့ဆုံ ခဲ့တဲ့ မစ္စတာ ကာ့တ် ကမ့်ဘဲလ် ကတော့ မြန်မာ အစိုးရရဲ့ ရွေးကောက်ပွဲကို စိတ်ပျက် မိတယ်လို့ ပြောခဲ့ပါတယ်။

http://www.lanpyakye.org ကရတာပါ။