အော် မဲမနိုင်လို့ မီးအချိန်ပိုင်းနဲ့ပေးခြင်း

AmilayApril 4, 20121min13517

ဧပြီလ ၂ရက်နေ့ကစလို့ မီးတွေ အချိန်ပိုင်းနဲ့ဖြစ် ကုန်တယ်။ ဧပြီ ၁ရက်နေ့ထိတောင် တစ်နေ့လုံး မီးလာသေးတယ်။ လူတွေများအပြောင်းအလဲမြန်တာနော်။ တကယ်တန်း မဲသာနိုင်ရင် မီးဆက်ပေးရင်ပေးနေမှာ အခုတော့မဲလည်းမနိုင်ရော မီးက အချိန်ပိုင်းဖြစ်သွားတယ်။

 

ဟုတ်တယ်မေမေ….လျှပ်စစ်မီးက တကယ်ကြီးကို အလှည့်ကျနဲ ့ စဖြတ်နေတာ…..အဟင့်..ဟင့်…..!_! သားကနောက်တယ်ထင်လို့… !

 

17 comments

  • chityimhtoo

    April 4, 2012 at 10:01 am

    သူတို့ကမဲရှူံးမယ်ဆိုတာကြိုသိပြီးသား…ဒါကြောင့်၂ရက်နေ့မီးပျက်မယ်ဆိုပြီးကြိုတင် ကြေငြာထားတာ။အဲ့လျှပ်စစ်
    ဝန်ကြီးကိုအရင်ဖြုတ်ရမယ်။ခွေးမသားတွေသတင်းစာကိုင်ရင်ဓါတ်တောင်လိုက်တယ် အပြင်မှာမီးမလာဘူး။ဒီတိုင်း
    ဆို လျှပ်စစ်အားကိုးပြီးလုပ်တဲ့ အလုပ်တွေတော်တော်များများရပ်ကုန်မယ်။ခုတောင် ဒီဇယ်ဈေးက ၄၀၀ဝ ဖြစ်သွားပြီ။လျှပ်စစ်ဝန်ကြီးကိုဖြုတ်ပစ်ပါ….လျှပ်စစ်ဝန်ကြီးကိုဖြုတ်ပစ်ပါ

  • Uncle Lay

    April 4, 2012 at 10:37 am

    မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကိန်းက ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်း၊ပေါင်းလောင်းစီမံကိန်း ကြီးများကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆ၊လေးဆလောက် ပေးနိုင်ပါတယ်။
    “လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။လျှပ်စစ်က ကွန်တိန်နာနဲ့သိမ်းထားလို့မရဘူး။
    ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀ဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။”

    ( ၁၀.၉.၂၀၁၁ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြာခဲ့သည့်စကား)

    • jujuma

      April 4, 2012 at 11:05 am

      သုံးစရာမရှိရင်ရောင်းစားရမယ်..မှတ်သားလောက်ပါတယ်..

      ရောင်းစားတာ အရှိန်လွန်သွားတာဖြစ်မယ်ဗျ …..
      ခု မလောက်တော့ဘူးဆိုတော့ ….

  • three colors

    April 4, 2012 at 11:28 am

    လျှပ်စစ်မီးထုတ်သမျှ ကုန်ထုတ်လုပ်ငန်းက မသုံးရပဲ လူနေတိုက်ခန်းတွေက ဆွဲသွားတယ်၊ရေအားလျှပ်စစ်စက်ရုံတရုံပြီးဘို့ ၆နှစ်၊ရနှစ်ကြာတယ်၊လူနေတိုက်တတိုက်က ၆လနဲ့တကယ်ဆောက်ရင်ပြီးတယ်၊ ၂ခန်းတွဲ ၆ထပ်ဆို ၁၂ခန်း၊ တခန်း ၅၀၀၀ဝပ်နဲ့ပဲတွက်ကြည့်၊ တတိုက် ဝပ် ၆၀၀၀၀၊မြန်မာတပြည်လုံး ၆လ အတွင်း တိုက် ၁၀၀ဝ ပဲဆောက်၊ ၆ဝ megga watt သွားပြီ၊ ရေအားလျှပ်စစ် တရုံပြီးတဲ့အခါ ဒုံရင်းပဲ ပြန်ဖြစ်သွားရော၊
    လူနေတိုက်တွေ ဆောက်တာတွေရပ်ထား မှ အရေးကြီးတဲ ကုန်ထုတ် လုပ်ငန်းတွေ အဆင်ပြေမယ်၊
    လျှပ်စစ်က အလျင်မှီလာတဲ့ အခါကျ တမျိုးပေါ့။

    • photwenty

      April 4, 2012 at 2:52 pm

      ဪ ရောင်သုံးရောင်ရယ်
      မင်. စက်ရုံကကောဘာထူးလို.လဲ ကွဲ.
      မင်.ရေအားလျှပ်စစ်က အိမ်တွေအတွက်မလောက်ဘူးဆို သူပြောထားတာလဲပိုလို.တောင်ရောင်းစားရတယ်တဲ.လေကွယ်
      မင်.ရေအားလျှပ်စစ်က တကယ်ဆို သူတို.ဆောက်တဲ.ဟော်တယ်တစ်ခုစာပဲရှိတာပဲကွယ်.
      ငါတို.နှယ် ရန်ကုန်မြို.လာပြီးဖယောင်းတိုင်နဲ.နေနေရတာသိပ်တော.မနိပ်သေးပါဘူးကွာ
      ညညဆိုလဲ မီးစက်သံနဲ.အိပ်လို.ကမရ အခုလုပ်လာပြန်ပြီ ဘာတဲ.
      ဟို နတ်ပေးတဲ.ကတ်ဆိုလား ကိုကြီးကျော်ပေးတဲ.ကတ်ဆိုလား ကားတွေမှာတပ်ထားပြန်ပြီတဲ.ဟ
      ဘိုလုပ်ရမလဲ ဖုန်းတွေတုန်းကလဲ miss call ပြန်မခေါ်လို. ၃၀ဝ အဖြတ်ခံရပြီးပြီ အခုလဲ ဘာတဲ.တစ်ကတ်ကို ၃၀ဝ တဲ.လေ အင်း အနိစ္စ ဒုက္ခ အနတ္တဆိုတာတောင် ဆိုချင်စိတ်ပျောက်လာပြီကွယ်

  • bluerose

    April 4, 2012 at 1:16 pm

    A / B / C / H ဆိုပြီးတောင်လိုင်းခွဲထားသေး
    H ကကျတော့၂၄နာရီမီးပေးမယ်တဲ့
    အစိုးရရုံးတွေဟိုတယ်တွေကျောင်းတွေတဲ့
    လူနေအိမ်တွေကျတော့မှောင်ထဲနေရမှာလား
    မပြောချင်တော့ဘူးနော်
    တကယ်လည်းမဲရှုံးမယ်ဆိုတာကြိုသိလို့သူတို့ကစီစဉ်ထားတာ
    မီးပေးမယ့်စာရွက်အချိန်ဇယားကိုကြည့်လိုက်
    ၂.၄.၂၀၁၂ ဆိုပြီးစထားတာ
    တော်တော်တရားကျဖို့ကောင်းတာမဲသာနိုင်ရင်ဒီစာရင်းထွက်ချင်မှထွက်လာမှာနော်
    ဒီမိုကရေစီဆိုတာဒါပါလားလို့ပြောရမလိုတောင်ဖြစ်နေပြီ
    ခေတ်မှီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်ကြီးကို
    အမှောင်ထဲမှကြိုဆိုပါ၏ ။
    :angry:

  • Mon Kit

    April 4, 2012 at 1:29 pm

    “””” မီးပျက်ညများ…….. ကုန်ဆုံးလွန်မြောက်ပါစေကွယ်””””””
    😀

  • bluerose

    April 4, 2012 at 2:04 pm

    တို့ဆုတောင်းလေးများလည်းတခါမှမပြည့်ဖူးကွယ်………………

  • Thit Sar Lin

    April 4, 2012 at 3:19 pm

    မီးဖြတ်တဲ့ အချိန်ကလည်း နွေဘက်ဆိုတော့ တော်တော်ဆိုးတာဗျ..
    ဒါနဲ့များ စကားကြီးစကားကျယ်ပြောနေသေးတယ်..ဓါတ်အားတွေပ်ိုနေတာတို့ ..မီးမဖြတ်တော့ပါဘူးလို့..
    ဒီလိုကိစ္စတွေမှာတောင်မှ ပြောပြီးသားစကားမတည်နိုင်တာ…….သူတို့တွေကိုမဲပေးရဦးမယ်တဲ့…
    ရယ်လိုက်ချင်တယ်…သူတို့များမဲသာအကုန်နိုင်မိရင်တော့လား…ကြမ်းပိုးကို လိပ်ဖြစ်အောင်လုပ်ပေးနေဦးမယ်….
    အဲဒါကြောင့် လည်းပြည်သူတွေအမြင်ကတ်တာမပြောနဲ့လေ………
    ကြံ့ဖွတ်..ကြံ့ဖွတ်..မနိုင် နိုင်တာဆွဲလုပ်တဲ့နေရာမှာတော့ ဆရာတင်လောက်ပါပေတယ်…

  • Foreign Resident

    April 4, 2012 at 7:52 pm

    မြန်မာတစ်ပြည်လုံးများ မီးပျက်နေလား မသိဘူး ။
    အခု ( 4th 2000 Hr ) ဘာ Comment မှ တက်မလာတော့ဝူး ။ 😛

  • moe moe

    April 4, 2012 at 8:28 pm

    ဒီနေ့ EPC ကဝန်ထမ်းတွေပြောတာကတော့ ရဲရွာရေအားလျှပ်စစ်စက်ရုံက ဂျင်နရေတာ(၁)လုံး၊
    ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံကဂျင်နရေတာ(၁)လုံးပျက်နေတယ်လို့တော့ကြားတာပဲ။

  • rain pricess

    April 4, 2012 at 9:10 pm

    အော်……မီးပျက်တာဘာကြောင်.လဲလို.စဉ်းစားနေတာ
    အခုမှပဲ သိတော.တယ်

  • Yoko Ono Bono

    April 5, 2012 at 1:33 am

    တရုတ်စက် တစ်ရက်စုတ် ပဲဟာ… အဘ တို ့သိပ်အားပေးတဲ့ ချင်ချောင်း ၊ဖင်ဖောင်း(တရုတ်အသံမထွက်တတ်ရျု်)တွေလေ ဒါတွေသိလို ့ နောက်ဆုံး ရတနာပုံမြို ့အတွက်ရေပေးရေး ရေစက် ရေတွန်းစက် အားလုံး ကိုတော့အကုန် အီတလီ စက်တွေကြီးပဲ တပ်ပေးလိုက်တယ်…ဘယ်ဟာမှ ဝိတ်မလျှော့ထားဘူး…နောက် ၅ နှစ် လှည့်မကြည့်ရဘူးပြီးရောပဲ…ထိန်းသိမ်းရေးတွေကတော့သိပ်မကြည် ဟားဟား….

  • kai

    April 5, 2012 at 4:57 am

    အဲဒီအောက်ကဟာကြီးဝယ်ပို့ပေးရမလား…
    အင်း..
    တခုုခုတော့.. တခုခု… ဖြစ်တော့မယ်…။

    =

    Designed by Rektor Siegle, the KUBE nuclear reactor can generate 1000KHGz of power, endlessly!

    Based on technology originally developed for the exploration of Mars, the KUBE X-15 uses newer clean nuclear energy.

    Of course, this amazing breakthrough will disrupt markets around the world. Especially in the Middle East. Thus the secrecy of this message.

    It’s SAFE! Because it’s designed for personal use with only small amounts of hybridized plutonium, it’s safe enough for home use. In the event of catastrophic failure of the device, you’re only exposed to about as much radiation as you’d get sitting on the beach for 4 hours.

    A Plutonium Starter pack is included! good for 50 years!

    http://www.tigerdirect.com/sectors/campaigns/kube/kubex15.asp
    =
    If you’ve been reading the online alternative press on the web, you’ve heard that this device actually exists. Designed by Rektor Siegle, the KUBE nuclear reactor can generate 1000KHGz of power, endlessly!

    Based on technology originally developed for the exploration of Mars, the KUBE X-15 uses newer clean nuclear energy.

    Of course, this amazing breakthrough will disrupt markets around the world. Especially in the Middle East. Thus the secrecy of this message.

    It’s SAFE! Because it’s designed for personal use with only small amounts of hybridized plutonium, it’s safe enough for home use. In the event of catastrophic failure of the device, you’re only exposed to about as much radiation as you’d get sitting on the beach for 4 hours. Now, the KUBE X-15 is undergoing federal approval and is expected to be available in the fall. TigerDirect.com has been chosen as the leading launch partner for this endeavor. Again, it’s not available today, but if you sign up below you can be the first to get off the grid and power your home with a SAFE mini-nuclear generator.

    http://www.ibtimes.com/articles/322801/20120402/kube-x15-mini-nuke-april-fools-day.htm

  • ဖားသက်ပြင်း

    April 5, 2012 at 6:32 am

    မသိဝူး သများ မသိဝူး…
    သများ သိတာပဲ သများပြောမယ်…
    မီးပျက်တယ် ဆိုတာ အလွန် အင်မတန် ကျက်သရေယုတ်တဲ့ ကိစ္စ ဖြစ်တယ်..

    ဒါဗျဲ…

  • a me

    April 5, 2012 at 6:07 pm

    ဟုတ်တယ် သူတို့ကြောင် စာဖတ်ပြတ်တယ်

  • ချာလီဂဇက်ဒလဝမ်

    April 5, 2012 at 7:34 pm

    အေးပါ..အေးပါ လုပ်ထားနှင့်ဦးပေါ့
    ဒီလို ပုံစံမျိုး ချိုးလို့ကတော့ နောက် ၂၀၁၅ ကျရင်
    မဲ တစ်ပြားမှ မမျှော်လင့်နဲ့တော့
    မဲနေတဲ့ ဟိုအပြားပဲရမယ် ။

Leave a Reply