မောလိုက်တာနော်………
ကောင်းကင်ပြာ ခုရောက်ရှိနေတာကတော့ နေပူတော်..အဲ…နေပြည်တော်ဆိုတဲ့ အလွန်ပူပြင်းခြောက်သွေ့သစ်ပင်သိပ်မရှိတဲ့ ဒေသကိုပါ။ ရောက်နေတာတော့ ကြာပြီပြောမလား၊ မကြာသေးဘူး ပြောမလား….(၃)လဆိုတော့ ရွာသူားတို့ပဲ သတ်မှတ်ကြပါတော့….။ အဆောင်နဲ့အလုပ်က ဖယ်ရီလေးနဲ့ဆိုတော့ ဟိုမရောက်ဒီမရောက်ဘဝပါ…။ (ကြီးကျယ်ခန်းနားသော နေပူတော်၏ အထင်ကရ နေရာများကို ဆိုလိုပါသည်။) ပိတ်ရက်တိုင်းလဲ ရန်ကုန်ပြန်၊ တစ်ချိန်လုံးလဲ ရုံးမှာပဲရှိပေါ့…။ ဒီနေ့တော့ ရုံးက ဝန်ထမ်းအမျိုးသမီးတစ်ယောက် ဆေးရုံတက်လို့ သတင်းသွားမေးပါတယ်…..။ လား……..လား……..
ဆေးရုံဆိုတာ အတော်ဝေးသကိုးရှင့်……….။ နေ့လည် (၁၁)နာရီမထိုးခင်က သွားလိုက်ဆိုတာ အသွားအပြန် မိုင်နှုန်းမြင့်ဘယ်မှမရပ်မောင်းတာ အသွား တစ်နာရီကျော် အပြန် တစ်နာရီကျော်ရှင်…။ ဒါတောင် ရုံးက ကားနဲ့မို့နော်….။ ရွာကို သတင်းအတိအကျတင်မယ်ဆိုပြီး ကားမောင်းသူကို စပ်စုကြည့်တော့ နေပြည်တော်နဲ့ ဆေးရုံဆို (၂၅)မိုင် ကျော်သတဲ့….။ အစကတော့ နေပြည်တော် ပတ်ဝန်းကျင် ရှုခင်းလေး ခံစားလိုက်မဟဲ့လို့ ပျော်ရွှင်မြူးတူးစွာဖြင့် လိုက်ပါသွားလိုက်တာ….မောလိုက်တာနော်….။ ဆေးရုံကို တောင်ကုန်းမြင့်တစ်ခုမှာ ဆောက်ထားတာပါ…။ ကုတင်(၁၀၀၀) တဲ့….။ (ရေတော့မကြည့်ခဲ့မိဘူး…)။ ဆေးရုံဆီကို ရောက်ဖို့ အဲ့ဒီတောင်ကုန်းကိုပဲ အတော်ကို တက်ယူရတာပါ။ ဒါတောင် ကားနဲ့ တက်လို့နော်…။ ၉၆၉၃ သာဆို ဆေးရုံလဲရောက်၊ လျှာလဲ အတောင့်လိုက်အထွက်ပါပဲ…။
ဆေးရုံကို ရောက်သွားတော့ ပိုမောရပါတယ်…။ ကျိုးတိုးကျဲတဲ သစ်ပင်ရိပ်တွေအောက်မှာ ဖျာလေးတွေခင်းပြီး လူနာစောင့်တွေပါ….။ ဓာတ်ဘူးတွေ၊ အိုးခွက်ပန်းကန်တွေနဲ့….။ ထိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို စပ်စုလိုက်တော့ သူတို့ တစ်ခါတစ်ခါလာရ မသက်သာဘူးတဲ့၊ ဆိုင်ကယ်ကယ်ရီက ဒီထိကိုငှားရင် အနည်းလေး ၅၀၀ဝ ပဲ…။ အဲ့ဒါ တစ်စီးစာကိုပဲ ပြောတာနော်….။ တုတ်တုတ်ဆိုတဲ့ သုံးဘီးဆိုင်ကယ်ကတော့ နေပြည်တော်နဲ့ ပျဉ်းမနားကို ၇၀၀ဝ ဝန်းကျင်ကျပါတယ်။ ဆေးရုံဘက်ထိတော့ မမေးကြည့်ခဲ့မိဘူး။ ဆေးရုံဘက်ကိုရောက်တဲ့ လိုင်းကားကမရှိ…။ အိမ်ပြန်ရေမိုးချိုးလို့တောင် အဆင်မပြေ၊ လူနာစောင့်တွေ ချက်ပြုတ်စားဖို့တောင် အဆင်မပြေ၊ ဆေးရုံမှာ ဆိုင်လေးအနည်းအပါးရှိပေမယ့် ဒါလဲ သူတို့အတွက်တော့ ထွက်ငွေပြနေတာပါပဲ….။ သူတို့ရဲ့ ဆေးဖိုးဝါးခတွေ၊ သွားလာစားရိတ်တွေ၊ စားသောက်စရိတ်တွေနဲ့…..မောလိုက်တာနော်…။ သတင်းမေးချင်ကြရင်တောင် သွားလာစားရိတ်တွေ တွေးတွေးပြီး တော်ရုံ မလာကြဘူးတဲ့…။ လူနာတွေကိုတော့ ဆေးရုံက နေ့တိုင်းကျွေးတယ်ပြောတယ်….။ မကောင်းတကောင်းပေါ့ရှင်…။ ဒါတော့ နားလည်ပေးရမှာပေါ့…။ ကျွေးတာကိုပဲ သာဓုခေါ်ပါတယ်…..။ သွားလာရခက်တဲ့နေရာဖြစ်နေတာတော့ စိတ်ပျက်ထှာ…။ ရန်ကုန်မှာတော့ ဆေးရုံတက်ရ၊ လူနာစောင့်ရ၊ လူနာသတင်းမေးရတယ်ဆိုတာ ခက်ခဲတဲ့ကိစ္စတစ်ခုလို့ကို မထင်ကြတာ…(ဒါတော့ ယှဉ်စရာမကောင်းဘူးထင်ပါ့…) စောင့်ရတဲ့သူလဲ အဆင်မပြေ၊ အရေးရယ်အကြောင်းရယ် သွားလာလို့မှ မကောင်း၊ လူနာမေးရှားပါးနဲ့ အပြင်မှာ နေကပူ၊ သူတို့တွေရဲ့ အပူနဲ့ ဒီနေ့တော့ ကောင်းကင်ပြာ မောခဲ့ပါဂျောင်း……။
14 comments
ကိုရင်မောင်
April 4, 2012 at 4:15 pm
ဖတ်ရင်းကိုတော်တော်မောသွားပြီ…ဟူး……
Ma Ei
April 4, 2012 at 4:31 pm
မောသွားတဲ့ ကောင်းကင်ပြာလေးရေ…
နေပြည်တော်မှာ အဓိကအခက်အခဲက သွားလာရေးအဆင်မပြေတာပါဘဲ…
ရုံးသမားတွေအတွက် ဖယ်ရီရှိနေလို့တော်သေးပေမဲ့…အပြင်လူတွေအတွက်
အဆင်မပြေတာပါဘဲ…ဆိုင်ကယ်ကယ်ရီက ဟိုနားဒီနားတောင် 1000 -2000 …
အန်တီအိ လို ဆိုင်ကယ်မစီးရဲတဲ့ သတ္တိရှင်အတွက်တော့ ကားငှားခက တစ်ရက် 30000
တစ်ဝက် 15000…ရုံးတွေက အစွန်အဖျား…MIC နဲ့ မီးရထားရုံး နဲ့ ဘူတာကြီးနဲ့ ကူးပြီး
အစည်းဝေးတက်လိုက်တာ တစ်နေကုန်ရော…ပြောရတာ မောထှာအေ…
Mon Kit
April 4, 2012 at 4:32 pm
အသက်ကယ်ရန် အရေးကြီးလူနာကိုသာ အဲဆေးရုံတင်ရရင်တော့ တွေးသာကြည့်ကြတော့ အရပ်ကတို့ရေ…….. 🙁
နွယ်ပင်
April 4, 2012 at 4:48 pm
ကောင်းကင်ပြာရေ ဖတ်ရင်း တကယ်ကို ရင်မောသွားပါတယ် ……… 🙁
kaung kin pyar
April 4, 2012 at 5:18 pm
ဟုတ်တယ် မအိရေ…..။ ၅ ရက်လောက်များ ဟိုဒီသွားလိုက်ရရင်တော့ ပိုက်ဆံအိတ်လေးလဲ ပြားသွားမှာပဲ…။ ရုံးက ပို့ရင်တော်ရဲ့ ကိုယ့်စားရိတ်ကိုယ်ဆို လစာနဲ့တောင် လောက်မှာမဟုတ်ဘူးနော်….။
Ma Ei
April 5, 2012 at 9:51 am
ရုံးစရိတ်နဲ့ပါ ကောင်းကင်ပြာရေ…
နေထိုင်စားသောက်အကုန် တာဝန်ယူပေးပါတယ်…
နောက်အခေါက်တွေမှာ ရုံးကားပါ စီစဉ်ပေးပါတယ်…
4 ခေါက်လောက်လာဖြစ်ပေမဲ့ ရုံးကိစ္စကလွဲလို့ ဘယ်မှမရောက်ဖြစ်ခဲ့ဘူး…
alinsett
April 4, 2012 at 7:03 pm
ကောင်းကင်ပြာရေ..ကျွန်တော်လည်း..မောသွားပါတယ် ။
ပြောချင်တဲ ့ အကြောင်းအရာလေးက ကောင်းလွန်းတော့…ပြောပြတာကလည်း…ပေါ်လွင် တော့…ထပ်ထူ ထပ်မျှ ခံစားလိုက်ရပါတယ်။
windtalker
April 4, 2012 at 7:34 pm
ကောင်းကင်ပြာလေးရယ် ၊ နောက်ဆို အဲ့ရောက်ရင် ၊ ကျုပ်တို ့မန်းဂေဇက် က သူဌေးလူပျိုကြီး ကိုနေဝန်းနီ ကို သာ သတိရလိုက်ပါကွယ် ။ သူ ပိုင်တဲ့ စိန်ငါး တို ့၊ ဖားဂုံညှင်း တို ့နဲ ့သေချာ ကျကျနန လိုက်ပို ့မှာပါကွယ် ။ ရွာသူ ရွာသား ချင်းဘဲဟာ ။
Khaing Khaing
April 4, 2012 at 8:38 pm
အစပိုင်းဆိုတော့မစည်ကားသေးတာနေမှာပါ ……….. နောက်တော့လည်းစည်ကားလာမှာပါ …….. မကောင်းကင်ပြာရေ ……….. ထင်တာပဲလေ အဟိ
နေဝန်းနီ
April 4, 2012 at 10:15 pm
မကောင်းကင်ပြာရေ့…..။ မရှိမကောင်းရှိမကောင်းဆိုတဲ့ စကားလိုပေါ့ဗျာ…။ ခင်ဗျားတို့ အတွက်တော့ ဒုက္ခပေါ့..။ နေပြည်တော်ဘက်အရက်က တောသူတောင်သားတွေ (နေပြည်တော်ဆိုတဲ့နေရာက အရင်က တောရွာတွေပါ…။ နေပြည်တော်မဖြစ်ခင်ကဆိုရင် ဆိုင်ကယ် … သုံးဘီးဆိုင်ကယ် … ကား..ရထား မမြင်ဘူးတဲ့သူတွေတောင်ရှိတယ်…။ ဘုရားတောင်တို့ ပိုတက်တို့ ဆိုတဲ့ရွာတွေ ခုတော့ ဘယ်မြို့နယ်ထဲပါသလဲမသိဘူး…။ အဲဒိအရပ်ဖက်မှာဆို ) ရောဂါ တစ်ခုဖြစ်ရင် အပ်ပုန်းတို့ ဘိန္တော တို့နဲ့ပြီးရတာ…။ ခုမှ တက်စရာဆေးရုံဆိုတာလေးရှိတာ..။ ဒါတောင် လူတိုင်းမတတ်နိုင်သေးပါဘူး….နော် သစ်ပင်တွေမရှိတာကတော့ နေပြည်တော်ဖြစ်မှ အခုတ်ခံလိုက်ရလို့ဖြစ်မယ်…။ အရင်က အဲဒိလောက် မိုးမခေါင်ဘူး အဲဒိနေရာက ပဲခူးရိုးမရဲ့ တောင်စွယ်တွေပါ…။ အရင်က တတ်နိုင်လို့ ဆေးကုချင်ရင် ရန်ကုန်နဲ့ မန္တလေးသွား ဘုန်းကြီးကျောင်းမှာတည်းပြီး ကုကြရတာ…။ တောင်ကုန်းပေါ်မှာဆေးရုံတည်ထားတာကတော့ သွားလာရေး လွယ်ကူတဲ့မြေပြန့်လွင်ပြင်တွေမှာ ပိုက်ဆံရမဲ့ ဟိုတယ်တို့ ဂျန်းရှင်းတို့ ဆောက်လိုက်ရလို့ပါဗျာ …။ ကျုပ်တော့ နေပြည်တော်ထဲမှာသာနေတာ အဲဒိဘက်မရောက်ဖူးသေးဘူးဗျ…။ သိတဲ့အတိုင်းတစ်နေရာနဲ့တစ်နေရာ အဲသည်လောက် ဝေးနေတော့ အကြောင်းကိစ္စ တစ်စုံတစ်ရာမရှိဘဲ ရောက်ဖို့မလွယ်ဘူး…။ အဲ ကြုံလို့ ကြွားရရင်တော့ နေပြည်တော် (ရှစ်မြို့) ဧရိယာက စင်္ကာပူကျွန်း ထက် ဆယ်ဆ ကျယ်တယ်ဗျ…။ စင်္ကာပူ ထက်သာအောင်လုပ်လို့ရတယ်…။ လုပ်ချင်စိတ်ရှိရင်ပေါ့..။ ခုတော့ဗျာ…။ အမတ်တွေက ကုမ္ပဏီတွေ အပြိုင်အဆိုင်လုပ်ပြီး မြေလွတ်တွေ သိမ်း ပိုင်ရှင်ရှိတဲ့ စိုက်ပျိုးမြေတွေကျတော့ မတန်တစ်ဆဝယ်နဲ့…။ သူတို့လက်ထဲ မှာချည့်ပဲ…။ ပြောသာပြောရတာပါ အဲဒိအထဲ ခင်ဗျားတို့ ကုမ္ပဏီ ပါချင်ပါနေမှာ အဲဒိတော့ပြောတော့ပါဘူးဗျာ …။နော့……….
kaung kin pyar
April 5, 2012 at 8:46 am
ကိုနေဝင်းနီရေ….ကောင်းကင်ပြာလဲ လားရှိုးမြို့၊ ကလေးမြို့၊ ကျိုင်းတုံမြို့တို့မှာ နှစ်ရှည်နေခဲ့ဖူးပါတယ်….။ ဒီလို မြန်မာပြည်အစွန်အဖျားတွေမှာတောင် ဆေးရုံဆိုတာ သွားလာရ လွယ်တဲ့နေရာမှာ ရှိတာပါ…။ လိုင်းကားတွေ မရှိပေမယ့် စက်ဘီး၊ ဆိုင်ကယ်လေးတွေနဲ့ စည်ကားနေတာ မြင်ရတော့ ရန်ကုန်၊ မန္တလေးနဲ့ နီးတယ်ဆိုတဲ့ မင်း နေပြည်တော် ကြီး ဒီလောက်လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ စိတ်ထဲထူးဆန်းသလို ဖြစ်မိတာပါ…။ အရင်က တောရွာတွေဆိုပေမယ့် အရှင်မွေးလို့ နေ့ချင်းကြီးနေပြီလေ….။ ပြီးတော့ ဆေးရုံဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ နေရာတစ်ခုမဟုတ်လား…။ ရုတ်တရက်ဖြစ်ပေါ်တဲ့အခြေအနေတွေ အတွက်ကျတော့ ဒီလောက်ခေါင်တဲ့နေရာမဟုတ်ဘဲ သွားရလွယ်တဲ့နေရာဖြစ်စေချင်တာပါ….။ လာရတဲ့သူတွေအတွက် လိုအပ်တာထက် ပိုမောနေရတယ်လို့ ထင်တယ်လေ….။
Onyx
April 5, 2012 at 10:22 am
အဲဒီ နေပူတော် တော့ ပြောမပြော ချင်ပေါင်ဗျာ။ အလုပ်ကိစ္စ နဲ့ တစ်လ ကို နှစ်ခေါက်လောက်က ပုံမှန်သွားနေရတယ် တစ်နေရာနဲ့ တစ်နေရာ သွားမယ်ဆိုရင်တော့ တစ်ထောက်တန်က နှစ်ရွက်လောက်အသာလေးပဲ …. ရောက်ရောက်ချင်းကဆို 500 ခရီး ကို 2000 လောက်နဲ့ ကို အနှက် ခံလိုက်ရသေးတယ် ။ သွားလာရေးတင် ခက်လားပြောရင် ဘယ်ဟုတ်မလဲ
တည်း ခိုစရိတ်ကလဲ မိုးကိုထောင်တက်နေတာပဲ။ တစ်ယောက်ခန်းမရှိဘူးတဲ့ ဟိုတည်တွေမှာ သွားရင်
အမြဲ နှစ်ယောက်ခန်းပဲ ရတယ် အင်းဒါလဲ အနိမ့်ဆုံးကို 30000 ကျော်လေ။ ပြောမပြောချင်ပေါင်ဗျာ။
မောထှာ ဆိုပြောမနေနဲ့တော့ …။
Thit Sar Lin
April 5, 2012 at 11:11 am
နေပြည်တော်..သွားရင်ရေဗူးဆောင်သွားရမှာပေါ့နော်..
အခုတောင်ဖတ်ရင်းနဲ့ မောလာလ်ို့ရေသောက်လိုက်ဦးမယ်…
kyeemite
April 5, 2012 at 2:27 pm
မောတော့မောတာပေါ့..ဒါပေမဲ့…