ရင်နာလိုက်တာကွာ

phone_kyawApril 4, 20121min26316

မြန်မာတွေ -င်လည်းခံရသေး၊ ဆီလည်းစိုက်ရသေးဆိုတဲ့အဖြစ်မျိူးဖြစ်နေပြီ။ မြစ်ဆုံပြန်စဖို ့ရေးတဲ့စာမှာ အတော်မိုက်ရိုင်တဲ့ စကားလုံးတွေနဲ ့ပြည့်နေတယ်။

၁။ စက်တွေကို တရုတ်ကသွင်းတယ်
၂။ ကျွမ်းကျင်လုပ်သားငါးရာ တရုတ်တွေဖြစ်မယ်
၃။ ဘိလပ်မြေကအစ ကုန်ပစ္စည်းကအဆုံး တရုတ်က လာမယ်
၄။ အကုန်လုံးအခွန်ကင်းလွတ်ခွင့်ပေးရမယ်

ဆည်ကိစ္စ ခဏဘေးဖယ်ထားပါ။ တကယ်တမ်းဖြစ်သင့်တာက မြန်မာပြည်က အလုပ်သမားတွေကို ကျွမ်းကျင်လာအောင်သင်တန်းပေးမယ်။ စက်တွေကို မြန်မာနိုင်ငံက ဝယ်မယ်။ ဘိလပ်မြေကအစ စားသောက်ကုန်အဆုံး မြန်မာနိုင်ငံက ဝယ်မယ်။ တရုတ်တွေဆီက အခွန်ကောက်ရမယ်။ ဖြစ်သင့်တာက ဒါမျိူးဖြစ်ရမှာ။ ဒါမှ မြန်မာတွေတိုးတက်မှာပေါ့။ အလုပ်ရမှာပေါ့။ အခုကြတော့ဗျာ ဘယ်လောက် စော်ကားသလဲဆိုတာကိုကြည့်ပါ။ လျှပ်စစ်တင်မကဘူး၊ ကြာလာရင် မြန်မာတွေအကုန်လုံးကို နှမ-ိုးတရုတ်ပြည်ကပတ် -ိုးတာခံရတော့မယ်။

 

 

16 comments

  • ကိုရင်မောင်

    April 4, 2012 at 4:10 pm

    တို့နိုင်ငံသုံးဘို့အတွက်စွမ်းအင်ကမြစ်ဆုံဆည်အသုံးပြုရန်မလိုပါ…
    အခြားမြစ်လက်တက်များနှစ်တင်လုံလောက်နိုင်ပါတယ်…
    ဒါကြောင့်မြစ်ဆုံဆည်ဖျက်သိမ်းသင့်ပါတယ်…

  • kai

    April 4, 2012 at 4:15 pm

    အဲဒီစာဟာ..တချို့နေရာတွေကို.. ဖိုတိုရှော့နဲ့လုပ်ထားတာလို့.. ဆိုသူကဆိုနေပါတယ်..
    ကျုပ်လည်း.. သံသယရှိပါတယ်..။

    သာမန်အားဖြင့်.. တရားဆိုင်အမှုဖြစ်ပြီးမှ.. ဖြစ်လာမယ့်ကိစ္စတွေပါ..
    သမ္မတက..လွှတ်တော်ကတဆင့်.. ရပ်ဆိုင်းဖို့ အမိန့်ထုတ်ထားတဲ့..စာကို.. အဲလိုကြီး.. တိတ်တိတ်လေး.. ပြန်ခိုးလုပ်နေလို့မရပါ..။

    တခုတော့ရှိတာပေါ့..
    အဲဒီကမြေကြီးတွေထဲ.. ရွှေ ဒါမှမဟုတ်..Rare earth element တွေတွေ့နေရင်တော့ တမျိုးပေါ့…
    မြေကြီးတွေသယ်ထုတ်နေတယ်.. ကြားနေရလို့ပါ…။
    ဟုတ်မဟုတ်တော့.. ဆက်တလိုက်ကနေကြည့်.. မိမှာပဲ..

    ဒါကတော့.. အဲဒီကချင်ဒေသရဲ့.. ကေအိုင်အေ အပါအဝင်.. အုပ်ချုပ်ရေးပိုင်းတွေနဲ့ပိုဆိုင်မယ်ထင်မိတယ်..။ 😆

  • kaung kin pyar

    April 4, 2012 at 4:17 pm

    တရုတ်အရေးတွေကတော့ တော်တော်ကိုညံလာနေပြီ….။ သူတို့ပထွေးတွေကို ခုချိန်ထိ ပေါင်းလို့ကောင်းတုန်း….။ အိမ်သာတက်ရင်တောင် လိုက်ကုန်းပေးမလားမသိဘူး…။ မြန်မာပြည် ဘယ်နှပုံလောက်ကို တရုတ်လက်ဝါးကြီးအုပ်ထားသလဲတောင် သတိမရနိုင်ကြအောင် သူတို့မျက်လုံးတွေ ဘာဖုံးနေလို့တုန်း…။

  • Mon Kit

    April 4, 2012 at 4:25 pm

    မျို စို့ ထားကြလို့လေ…….

  • Ko out of...

    April 4, 2012 at 4:54 pm

    တရုပ်တွေဟာဒို့နဲ့… အိမ်နီးချင်းနိုင်ငံဆိုပေမဲ့ အိမ်နီးချင်းမပီသပါဘူးဗျာ…အင်အားကြီးပါတယ် ဆိုတဲ့ တရုပ်တွေ သူများနိုင်ငံ ဒုက္ခရောက်တာ ဘယ်လောက်များ ကူညီတာစောင့်ရှောက်တာ ကြားဖူးလဲ?…
    လူ့ အခွင့်အရေးချိုးဖေါက်နေတဲ့ နိုင်ငံတွေကို မဟုတ်ရင် မဟုတ်ဘူးလို့ ဘယ်တုံးက အမှန်တရားဘက်ကို မားမားမတ်မတ် ရပ်တည်ပေးတာ ဘယ်မှာတွေ့ဘူးလဲ? စစ်ပြေးဒုက္ခသည်တွေ နေထိုင်ဖို့ သူနိုင်ငံက သစ်တပင်ဝါးတပင်တောင်မှ အခုတ်မခံဘဲ စစ်ပြေးဒုက္ခသည်တွေကို စစ်မြေပြင်သို့ ပြန်ပို့တဲ့ တရုပ်?… ဒါလားအိမ်နီးချင်း?…ဗီဒိုအဏာနဲ့ ရှေ့က ကန့်လန့်ကန့်လန့် လုပ်နေတဲ့ တရုပ်…အခုလည်း ကိုယ့်ဆီက နုတ်ယူသွားဖို့ဘဲရှိပါတယ်…အနေအခြေကြည့်ပြီး ဆက်ဆံသင့်ပါတယ်ဗျာ….

  • alinsett

    April 4, 2012 at 7:15 pm

    တစ်ယုတ်…အဲလေ..တရုတ်..ရဲ ့…အရှိန် အဝါ.က အတော်လေး..တန်ခိုးကြီးလာတာလား..
    မြန်မာ ရဲ ့ … အရည်အချင်းကပဲ.အတော်လေး… ကျဆင်းလာတာလား.။
    မသိပါ။

  • ချာလီဂဇက်ဒလဝမ်

    April 4, 2012 at 11:55 pm

    တရုတ် က သိပ်တင်စီးလွန်းတယ် ၊ သူတို့မှ လူဟုတ်တယ်ထင်သလား မသိ ၊
    လုပ်တတ်ကိုင်တတ်မရှိတော့ မြန်မာ့ အရည်အချင်းက ပြလို့ တယ်မလွယ်လှဘူး ၊
    သင်ပေးရင် မတတ်တဲ့သူ ရှိပေမဲ့ ရှားပါတယ် ။

  • snow white

    April 5, 2012 at 10:57 am

    သူတို့ဘက်သူတို့ ရက်တဲ့တရုတ်
    အသားဖြူသလောက် စိတ်ဓာတ်ကညစ်တယ်နော် အဲမပြောရဲပေမယ့်လည်း အမြင်ကပ်လို့ရေးလိုက်တာနော် သူတို့ကသူတို့လူမျိုးမှသူတို့လူမျိုးနောက်ဆို မြန်မာခေါင်းပေါ်ကိုတောင်အိမ်သာတက်ဆောက်တော့မယ် နော် သူတို့မတက်ဆောက်ခင် သူတို့ခေါင်းပေါ်အိမ်သာတက်ဆောက်လို့ ရအောင်တို့မြန်မာတွေ အကြံဉာဏ်ထုတ်ထားသင့်နေပြီနော်

  • Onyx

    April 5, 2012 at 12:49 pm

    ဒင်းတို့ ချိုင်းနီစ် တွေကတော့ ဘယ်ချိန်များ တို့ နိုင်ငံက ဘာတွေ ရမလဲ ပဲ ခြောင်းနေတာ။
    snow white ပြောတာကို ထောက်ခံပါတယ်။ ဒီဟာ တစ်ကယ် မှန်တယ် ဝန်ကြီးကလဲ ခွင့်ပြုတယ်ဆို
    လို့ကတော့ တို့တိုင်းရင်းသားတွေ ဒီအတိုင်း ခေါင်းငုံ ခံနေလို့ မဖြစ်တော့ဘူး ။
    ခွင့်ပြုသူကိုလဲ ဒီအတိုင်း လွှတ်မထားပဲ တစ်ခုခု တော့ ဒဏ်ခတ်သင့်ပါတယ် ။
    စိတ်ထား ယုတ်ညံသူများ= ချိုင်းနီစ် ။
    တစ်ကိုယ်ကောင်းစံသူများ= ချိုင်းနီစ် ။
    နောက်ထက် ထပ်ဖြည့် ချင်သူများဖြည့် စွက်နိုင်ပါသည်။

  • kyeemite

    April 5, 2012 at 2:58 pm

    ဒီပို့စ်ကို တာဝန်ရှိသူတွေထဲကတစ်ဦးဦး ဖတ်မိမှာပါ
    အဲဒီစာမိတ္တူကိုများများဖြန့်ကြပါဗျာ…..
    နောက်တစ်မျိုးတွေးကြည့်တော့ ဒီစာသာအမှန်ဆိုရင်
    ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ဒီလိုတင်ပြတောင်းခံတာကို
    သမ္မတကြီးဆီဆက်ပြီးတင်ပြရမှာပေါ့…
    ကချင်လူမျိုးတွေကို တရုတ်ဝါးမျိုဘို့လုပ်နေတာ
    ဒီတိုင်းကြည့်နေကြမှာလား..

  • kyeemite

    April 5, 2012 at 4:23 pm

    အပ်ဒိတ်သတင်းကောင်းလေး ခုဘဲအလဲဗင်းမီဒီယာ
    မှာဖတ်လိုက်ရတယ်ဗျို့…ဒီလိုတဲ့..
    မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် တရားဝင်ငြင်းဆို PDF Print
    Thursday, 05 April 2012 13:55
    အင်တာနက် စာမျက်နှာများနှင့် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့နေသော မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ Eleven Media Group ၏ ဆက်သွယ်မေးမြန်းမှုကို ကချင်ပြည်နယ် ပြည်နယ် ဝန်ကြီးချုပ်က ယင်းစာမှာ မဟုတ်မှန်ကြောင်း တရားဝင်ငြင်းဆို လိုက်ပါသည်။
    ယင်းစာနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက”အဲဒါက မှားနေတယ်။ ဖြတ်၊ ကပ်၊ ညှပ်နဲ့ နောက်မှာ ထည့်ထားတာပေါ့။ မဟုတ်ပါဘူး။ အဲဒီစာမှာ ၂၈ ရက်နေ့က စာမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန်အတွက်လို ရေးထားတယ်။ တကယ်ပို့တဲ့စာက အကြောင်းအရာ ဝါရှောင်-ဆဒုံး-ကန်ပိုက်တီးလမ်း ပြုပြင်ရန်အတွက်။ အဲဒီစာကို အတွက်ဆိုတဲ့အထိကို မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရန် အတွက်ဆိုတဲ့စာနဲ့ အစားထိုးလိုက်တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က လုပ်သားအင်အားက သူ့ရဲ့မူရင်းမှာ လုပ်သားအင်အား ၆၄ ဦးကို ယာယီ နေထိုင်ခွင့်ကတ်ပြား(Yellow Card) ထုတ်ပေးပါရန်ဆိုတဲ့ဟာကို လမ်းအင်ဂျင်နီယာ ၅၀ဝ ပေါ့။ ပြင်ထားတယ်။ နောက်ပြီးမှ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ဆိုပြီးမှ CPI ကုမ္ပဏီမှ စီမံကိန်း ပြန်လည်စတင်ရန်အတွက် ဆိုတဲ့ဟာကို အစားထိုးထားတယ်။ အဲဒီမှာ တကယ်တော့ တိန်ချုံး-မြစ် ကြီးနားလမ်း ကုမ္ပဏီမှ လမ်းပြုပြင်ရန် အတွက်ဆိုတဲ့ စာသားကို မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက်ဆိုတာကို အစားထိုးထားတယ်။ ဖြတ်၊ ညှပ် လုပ်ထားတာပေါ့နော်” ဟု ဖြေကြားခဲ့ပါသည်။(အသေးစိတ်ကိုသွားဖတ်ကြပါကုန်)
    http://www.news-eleven.com/index.php?option=com_content&view=article&id=13118:2012-04-05-08-15-26&catid=42:2009-11-10-07-36-59&Itemid=112

  • a me

    April 5, 2012 at 6:03 pm

    အေးလိုခြင်တာ အကုန်ရ ရအောင် ငါ့တို့တိုင်းပြည်က လိုတရ အိုးများမှတ်နေလား

    • dalearalnear dalearalnear

      April 5, 2012 at 6:21 pm

      မနေနိုင်မထိုင်နိုင်လို့ဝင်ပြောလိုက်အုံးမယ် မင်းဘူးခရိုင်ထဲကိုသွားကြည့်လိုက်ပါ ပဒန်းဆိုတဲ့ မုံရွာရေဦးကားလမ်းဘေးကရွာမှာ ကလားတွေကြီးဘဲ ဓာတ်ငွေ့ပိုက်လိုင်းလုပ်နေကြတာလေ တစ်တောလုံးတစ်တောင်လုံးလဲ တူးဆွထားတာ ပဲ့ရွဲ့နေတာပဲ လုပ်တာကတရုပ် ငှားထားတဲ့အလုပ်သမားတွေက ကလား ဖြစ်ခြင်တိုင်းကိုဖြစ်နေတော့တာပဲ မြန်မာတွေကိုမငှားဘူးတဲ့ အလုပ်သွားလျှောက်ရင် ထမင်းချက်ပဲရတယ် ရွာသားများကြုံရင်သွားကြည့်ပါ တောတောင်တွေပျက်ဆီးနေတာမြင်လို့တောင်မကောင်းပါဘူး မြန်မာတွေမညံ့ပေမယ့် တရုပ်လုပ်သမျှခံနေရတယ် တစ်နိုင်ငံလုံးကိုပလပ်စတစ်နဲ့လဲမယ်နဲ့တူတယ် စိတ်နာတယ်

      • kai

        April 6, 2012 at 1:00 am

        ပြောရရင်.. ရှေးကိုလိုနီခေတ်ကလည်း.. အဲဒီလိုပါပဲ..

        အင်္ဂလိပ်က.. မြန်မာ့မြေထဲ… အိနိ္ဒယသားတွေ.. မြန်မာ့မြေထဲခေါ်သွင်းလိုက်တယ်…
        ရန်ကုန်က.. အဲဒီအချိန်က.. အိနိ္ဒယမြို့လိုပဲလို့.. အဲဒီတုံးကလာလည်တဲ့.. ဂနီ္ဒကြီးကတောင်ပြောဖူးတယ်.

        ဒါတွေဒီလိုဖြစ်တာ.. စံနစ်ကြောင့်မဟုတ်ဖူး
        မြန်မာတွေရဲ့.. ယဉ်ကျေးမှု..အကျင့်စရိုက်ကြောင့်ပဲ..။

        မြန်မာ့မြေထဲ..မြန်မာတွေအလုပ်ရဖို့.. ရင်းနှီးမြုတ်နှံမှုဥပဒေထဲထည့်ဆွဲထားလို့ရတယ်..။ ဒါပေမဲ့.. အလုပ်မလုပ်ပဲ.. လစာယူချင်လို့တေ့ာ မရဖူးလေ…
        အလုပ်တော့ လုပ်ရမှာပဲ..
        အလုပ်လုပ်တာမှာလည်း.. တခြားနိုင်ငံသားတွေထက်.. တန်းတူလုပ်နိုင်မှဖြစ်မှာပေါ့…

        အတင်းအဓမ္မ ခန့်ခိုင်းရင်တော့.. ရင်းနှီးမြုတ်နှံသူတွေ လန်ထွက်သွားမှာပဲ.. 😕
        ဒီခေတ်က.. လက်တချက်လှုပ်လိုက်တာနဲ့တင်.. ငွေရင်းမြစ်တွေက.. ဖြတ်ကနဲ့ရွေ့သွားလို့ရတာပါ…။

  • sealion

    April 5, 2012 at 8:01 pm

    အသုံးမကျတဲ ့ အာဏာရူး ပွဲစား အစိုးရအနေ နဲ ့မလုပ်ခင်ကတဲကစဉ်းစားသင့်တယ်..အတုပဲဖြစ်ဖြစ် အစစ်ပဲ ဖြစ်ဖြစ် ..ဒီမြစ်ဆုံနဲ ့သူ ့ရဲ ့အထက်ဆည်တွေ လုံးဝရပ်တန့်ရေး က အမျိုးသားရေးတာဝန်ပါပဲဗျာ..ကျွန်းနဲ ့တွင်းထွက်အတွက် ရှေး က အင်ကလိပ်ကသိမ်းတယ် ခုခေတ်သစ်မှာ ရေအား ..ရွှေနဲ ့ သစ်အတွက် တရုတ်ကသိမ်းဖို ့ပြင်နေပြီ ကျွန်တော်တို ့မျိုးဆက်အလှည့်ကျမှ မညံ့ကျရအောင်ပါဗျာ အားလုံးသတိရှိပြီး မျက်စိကိုဖွင် ့နားကိုစွံ ့ပြီး ဧရာဝတီကာကွယ်ကြပါခင်ဗျာ

  • Onyx

    April 6, 2012 at 9:57 am

    အဲ ဒင်းတို့ပြောတိုင်းယုံရ အောင် ဒင်းတို့က ဘယ်တုန်းကများ အမှန်ပြောဘူးလို့လဲ ။ ရွာသူသားတွေကို
    ကန်တော့ပါရဲ့ -ာသည် ပါးစပ်နဲ့ ဟာတွေ ။ပလိစီ ခြောက်ချက် နဲ့ အမြဲ ပြောတက်တာကို ။
    ဟုတ်နေရင်တောင် ဖင်ပိတ်ညင်းမဲ့ လူစားမျိုးထဲ မှာပါတယ် ။
    အဲဒါမျိုး မေတ္တာကို းးးးး မရှိဘူး ။

Leave a Reply