လယ်တောမှပို့သသောမေတ္တာ

ပုိင္ေလးApril 5, 20121min17310

လယ်တောမှပို့သသောမေတ္တာ

ရေးသားသူ-အားမာန်၊ဗိုလ်ဗိုလ်ဝင်း

ဘဝတွင် ပထမဆုံးအကြိမ် မဲပေးရန် အသက် ၇၁နှစ်အရွယ် အဘွားဒေါ်သင်းအုပ် ဧပြီ ၁ ရက် မတိုင်ခင်ကတည်းက စိတ်လှုပ်ရှားနေခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် သူမနေထိုင်ရာ လယ်တောမှ ၂ မိုင်ကျော်ဝေးသော ကော့မှူးမြို့သို့ နံနက်စောစောခြေကျင်သွားရန် စီစဉ်ထားသည်။ အဘွားဒေါ်သင်းအုပ်တစ်ယောက် ၁၉၉ဝရွေးကောက်ပွဲကို မသိလိုက်၍ မဲမပေးလိုက်ရ။ ၂၀၁ဝ ရွေးကောက်ပွဲတွင်လည်း ခေါင်းမူး၍ မဲမပေးနိုင်ခဲ့။ ထို့ကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အသက် ၇၁ နှစ်အရွယ် အဘွားအတွက် ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့် အတွေ့အကြုံဖြစ်သည်။ ကော့မှူးမြို့ တာလမ်းသစ် ရပ်ကွက်၊ လယ်ကွင်းပြင်ရှိ တဲ၌ မြေးနှစ်ဦးနှင့်အတူ နေသော အ ဘွားက အလှမ်းဝေးသော မဲရုံသို့ တကူးတက မဲသွားပေးရန် အ ကြောင်းရှိသည်။ မဲပေးရမည့်သူ ကိုလည်း ရွေးချယ်ဆုံးဖြတ်ပြီးဖြစ် နေသည်။ ]]ရင်ထဲမှာဆုံးဖြတ်ပြီး သား။ ဘယ်သူ့မှ မပြောဘူး။ သာ သာလေးမဲပေးခဲ့မှာ}}ဟု အဘွား က မတ်လ ၃ဝ ရက် ညနေပိုင်းက  ဆိုသည်။ ကော့မှူးမြို့နယ်၌ ဝင် ရောက်ယှဉ်ပြိုင်သော ကိုယ်စား လှယ်လောင်း ၃ ဦးထဲမှ ဒေါက် တာစိုးမင်းကို သူမ မသိ။ ဦးတင်ရီ
၏ အမည်ကို မကြားဖူး။ ဗိုလ်ချုပ်အောင်ဆန်း၏သမီး၊   နေအိမ်အ ကျယ်ချုပ် အနှစ် ၂ဝ ခန့်နေခဲ့ရ သော ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကိုမူ   ရေဒီယိုမှတစ်ဆင့် ကောင်းကောင်းသိသည်။ မတ်လ ၃၁ ရက်ည တစ်ည လုံး အဘွားဒေါ်သင်းအုပ်သွား ကိုက်၍ မအိပ်နိုင်။ ဟင်းမချက် နိုင်၍ ကိုးနှစ်အရွယ် မြေးမလေး ယွန်းရွှေရည်နိုင် ချက်ပေးသော ချောင်းရိုးထဲမှ ခူးထားသည့် ပိတ် စွယ်ရွက်ဟင်းနှင့်ထမင်းကြမ်းခဲကို နည်းနည်းသာစားနိုင်သည်။
ရှိသည့်အဝတ်အစားများ ထဲမှ အသစ်ဆုံး ဖြစ်သည့် သမီး ကဝယ်ပေးထားသော အကျႌနှင့် ဖိနပ်၊ တူမကဝယ်ပေးထားသော ထဘီတို့ကိုဝတ်၍ သနပ်ခါးအကျ အနလိမ်းကာ ဒေါ်သင်းအုပ်မဲ သွားပေးရန် ပြင်ဆင်သည်။ မြေးနှစ်ဦးဖြစ်သော ယွန်းရွှေရည်နိုင်၊ စနိုးဇူလိုင် (အသက် ရ နှစ်)၊ တဲနီးနားချင်း ၃၈ နှစ်အရွယ် မအေးအေးတို့နှင့်အတူ နံနက် ၈ နာရီ  ၁၅မိနစ်တွင် မဲရုံသို့ ခြေလျင်ခရီးစနှင် သည်။ လမ်းတစ်လျှောက် မဲပေးပြီး ပြန်လာသူ အသိအချို့က နှုတ် ဆက်သော်လည်း အဘွားသင်း အုပ် နှုတ်ဆိတ်နေ၏။ တစ်ခါ တစ်ရံမှသာ မြေးဖြစ်သူနှစ်ဦးနှင့် စကားနည်းနည်းပြောသည်။ မိနစ် ၂ဝ ခန့် လမ်းလျှောက်ပြီးချိန်တွင် ဒူးခေါင်းက နာလာသည်။ လွန် ခဲ့သည့် ၂ လခန့်မှ စနာခဲ့သော ဒူးခေါင်းက လမ်းများများလျှောက် လျှင် နာသည်။ ဒူးနာသော်လည်း စိတ်အားထက်သန်နေသည်မို့ ခြေ လှမ်းများက သွက်ဆဲ။ မိနစ် ၃ဝ လောက် လမ်းလျှောက်ပြီးချိန်တွင် ပါးပြင်ထက်မှ သနပ်ခါးများ ချွေး သီးချွေးပေါက်တို့ကြောင့် ပျက် ကုန်သည်။ ၅၅ မိနစ် လမ်းလျှောက်ပြီး ချိန် နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ကော့မှူးမြို့ဝင်သို့ ရောက်သည်။ မြို့အဝင်မှ ဆိုက်ကားငှား၍ ဘုရားလမ်းရပ်ကွက်ရှိ သမီးကြီး အိမ်သွားကာ မဲပေးခွင့်လက်မှတ် ဝင်ယူသည်။ နာဂစ်မုန်တိုင်း (၂၀၀၈ မေ-၂)မတိုက်ခင် နေထိုင် ရာသမီးကြီး၏ အိမ်အနီးရောက် သည်နှင့် အဘွားခြေလှမ်းများ ပို မိုသွက်လက်လာသည်။ “နင်တို့ငါတို့ပေးတာလိုက်ပေးပေါ့ဟ”တစ်လမ်းလုံး စကား နည်းခဲ့သော အဘွားက တူမဖြစ် သူ ဒေါ်သန်းအေးကို နှုတ်ဆက်
ရင်း မဲဆွယ်ခဲ့သည်။ မျက်စိမှုန်၍ မဲပေးရာတွင် အဆင်ပြေရန် သမီးကြီးဖြစ်သူ ဒေါ်အုန်းကြည်နှင့်အတူ မဲရုံသို့ ဆက်သွားသည်။ နံနက် ၉း၃ဝ တွင် မဲရုံသို့ဝင်ပြီး သမီး၏အကူအညီ နှင့်အတူ မဲပေးပြီး ပြန်လာသော အဘွားက မဲပေးရခြင်းအတွေ့အကြုံကို အောက်ပါအတိုင်း ဖွင့်ဟသည်။ ”အရမ်းဝမ်းသာတယ်။ ကိုယ်ပေးချင်တာပေးလို့ရတယ်။ မဲရုံမရောက်ခင်တော့ ကိုယ့်ကို ဆီးပြီးတော့ ဟောက်များဟောက် မလားလို့ ထင်တာ။ အမေစုကို ပေးတာပေါ့။ ၃ ကွက်မှာ အောက် ဆုံးကအကွက်။ သမီးက အမှန် ခြစ်ခြစ်ပေးတာ တန်းနေတာပဲ}}ဟု အဘွားက ရွှင်ရွှင်လန်းလန်းပြော တော့သည်။ သူမထက် လေးနှစ်ခန့် ငယ် သော ဒေါ်အောင်ဆန်းစုကြည်၏သတိ္တနှင့် စွမ်းဆောင်မှုများကြောင့်ချစ်ခင်မြတ်နိုးစွာ ]]အမေစု}} ဟု ခေါ်ခြင်းဖြစ်ကြောင်းလည်း သူကရှင်းပြသည်။ သူမ မဲပေးနေသော အချိန်တွင် ဝါးသင်္ခကျေးရွာတွင် ညအိပ်ပြီး ကော့မှူးသို့ ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို မြင် တွေ့လိုသော်လည်း မမြင်တွေ့ခဲ့ ရ။ ကော့မှူးမြို့နယ်မှ မဲဆန္ဒရှင် အများစုမှာ ဧပြီ ၁ ရက်တွင် အဘွားဒေါ်သင်းအုပ်ကဲ့သို့ ဒေါ် အောင်ဆန်းစုကြည်ကိုသာ မဲပေး ခဲ့ကြသည်။ ”အန်တီစုကို ချစ်လို့ပါ။ သူ့ အကြေ ာင်းသိပ်မသိပေမယ့်လည်း ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ လေးစားတာလည်းပါပါတယ်}}ဟု ပထမဆုံးအကြိမ် မဲပေးခဲ့သူတစ် ဦးဖြစ်သော အသက် ၂၁ အရွယ် မှော်တောကျေးရွာမှ မကေသီမိုး က ပြောသည်။
ဧပြီ ၃၁ ရက်ညတွင် ဒေါ်အောင်ဆန်းကြည် ညအိပ်ခဲ့ပြီး၁၂ နာရီခန့် နေခဲ့သော ဝါးသင်္ခကျေးရွာမှ အသက် ၉၅နှစ်အရွယ် ကရင်တိုင်းရင်းသူ ဂါ့မအေး(ဒေါ်အေး)ကလည်း နေသိပ်မကောင်းသည့် ကြားမှ ဒေါ်အောင်ဆန်းစုကြည်အတွက် မဲရုံသို့ လာရောက်မဲပေးခဲ့သည်။ ”လူများအောင်လို့ လာတာပေါ့။ မဲများအောင်လို့လေ။ မှန်တဲ့လူကိုထည့်မယ်။ အမှန်အကန်လို ချင်တယ်။ ဘာဖြစ်ဖြစ် မှန်ကန်ရင် ပြီးရော။ တစ်ရွာလုံး တစ်နိုင်ငံလုံး  မှန်ကန်ရင်ကောင်းတာပေါ့။ အလိမ်အကွက်ကို မကြိုက်ဘူးလေ”ဟု အဘွားဂါ့မအေးက မဲပေး ရခြင်း အကြောင်းရင်းကို ဖွင့်ဟသည်။ ”မနက်ဖြန် လက်ဝှေ့ပွဲကို သေသေချာချာ ကြည့်သွားဦး။ လက်ဝှေ့ပွဲဆိုတာ လက်ရည်ညီမှ ကြည့်ကောင်းတယ်” ဝါးသင်္ခကျေး ရွာသားတစ်ဦးက ရွေးကောက်ပွဲ ကို လက်ဝှေ့ပွဲနှင့်နှိုင်းယှဉ်၍ မတ် လ ၃၁ ရက်ညက ပြောသည်။ သူပြောသကဲ့သို့ပင် မဲရုံ အသီးသီး၌ မဲစာရင်းများရေတွက် ပြီးချိန်တွင် ကော့မှူးမြို့နယ်မှ ပြိုင်ပွဲမှာ အကြိတ်အနယ်မဖြစ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က ပြိုင် ဘက် ဒေါက်တာစိုးမင်းကို ထင်ထင်ရှားရှား အသာစီးရသည်။ကော့မှူးမြို့နယ်၌မဲရုံ၁၂၉ ရုံရှိရာ တွင် ဒေါ်အောင်ဆန်းစုကြည်က သမင်ခြံမဲရုံတစ်ရုံတွင်သာဒေါက်တာစိုးမင်းကို ၁၂ မဲဖြင့်ကပ်၍ရှုံးပြီး ကျန် ၁၂၈ ရုံစလုံးတွင် အပြတ် အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။  ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ်ကန့်ကွက်ခဲ့သော ဦးတင်ရီမှာမူ မဲရုံအချို့၌ ၂ မဲ၊ ၃ မဲသာ ရသည်။ စာရင်းချုပ်သောအခါ ဒေါ် အောင်ဆန်းစုကြည်က ၅၅၉၀၂ မဲ၊ ဒေါက်တာစိုးမင်းက ၉၁၇၂ မဲ၊ ဦးတင်ရီက ၃၉ရ မဲဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်က မဲပေးသူအားလုံး၏ ၈၅ ရာခိုင်နှုန်းကျော်သောမဲများကို ရရှိခဲ့သည်။ ]]ကော့မှူးသားတွေက သ မိုင်းမှာမရိုင်းဘူးနော်}}မဲရုံအသီး သီးမှ ရလဒ်များ ထွက်ပေါ်ပြီးနောက် ကော့မှူးမြို့ခံတစ်ဦးက ဆိုင်ကယ်စီးကာ  အောင်ပွဲခံရင်း ေ<ကးကြော်သည်။
နေအိမ်အကျယ်ချုပ်အနှစ် ၂ဝ ခန့် နေထိုင်ခဲ့ပြီး အခက်အခဲဆုံးကာလများကို ဇွဲသတ္တိအပြည့်ဖြင့် ဖြတ်ကျော်ပြီး ပထမဆုံးအ ကြိမ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်   ပြိုင်သော ဒေါ်အောင်ဆန်းစု ကြည်ကို ကော့မှူးမြို့နယ်မှ မဲဆန္ဒရှင်များကအပြတ်အသတ် ထောက်ခံခဲ့ သည်။ မဲစာရင်းများ  ရေတွက်ပြီးချိန် ညနေ ၆ နာရီခွဲမှ ည ၉ နာရီခန့်အထိ ကော့မှူးမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်မှ ဒေါ် အောင်ဆန်းစုကြည်ကို ထောက်ခံ သူများက ကားများ၊ ဆိုင်ကယ် များ၊ ထော်လာဂျီများဖြင့် စီတန်း လှည့်လည်ကာ အောင်ပွဲခံကြ သည်။ နေဇော် သီဆိုထားသော ‘ထလော့မြန်မာ’သီချင်းနှင့် လားရှိုးသိန်းအောင်၏ ‘အမေစုပြန်လာပြီ”သီချင်းသံများက သောသောညံနေသည်။ ဒေသခံအားလုံးက ဧပြီ ၁ ရက်ညကဲ့သို့ လူအားလုံး ပျော်ရွှင်မြူးထူးကာ စည်ကားသည့် မြင်ကွင်းမျိုးတစ်ကြိမ်မှ မ ကြုံဖူးကြောင်း မှတ်ချက်ပေးကြသည်။
“ဒီလိုခေါင်းဆောင်တစ် ယောက်ပေါ်ဖို့ ကျွန်တော်တို့တိုင်း ပြည်မှာ နှစ် ၅ဝ စောင့်ခဲ့ရတယ်။ ဝမ်းသာတာတော့ ပြောမပြတတ် အောင်ဘဲ။ ဒီအချိန်မှာ ကျွန်တော် ဟိုလူအုပ်ထဲ (အောင်ပွဲခံနေသော လူထု) သေသွားရင်တောင် သေ ပျော်ပြီ}}ဟု သမင်ခြံကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုကျော်ဌေးကပြောသည်။ သူတို့ထောက်ခံသော ဒေါ် အောင်ဆန်းစုကြည်ထံမှ ဘာကို မျှော်လင့်ပါသလဲဟု အမေးတွင် မဲဆန္ဒရှင်အချို့က သူမပြောခဲ့ သော တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စွမ်းဆောင်မှုပေးရန်မျှော်လင့်ကြောင်း ပြောသည်။ “ဘာမှတော့ မမျှော်လင့် ထားပါဘူး။ တစ်ခုပါပဲ။ လူထု ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးရင်ပဲ ကျေနပ်ပါပြီ”ဟု မှော် တောကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးသန်းထွန်းကပြောသည်။
၁၉၉ဝရွေးကောက်ပွဲတွင် ြူီ ကို မဲမပေးခဲ့ဘဲ၊ တစညပါ တီကို မဲပေးခဲ့ပြီး ယခုအကြိမ်တွင်မှ NLD မဲပေးခဲ့သော မှော်တောကျေးရွာမှ ဦးသိန်းဖေကလည်း “ဒီတစ်ခေါက်တော့ ဒေါ်စုပဲ ပေးမယ်။ သူ့ရဲ့အနစ်နာခံ စွမ်း ဆောင်မှုတွေကြောင့်ပဲ။ အမေစု ဖြစ်လည်း အောက်ခြေကောင်းဖို့ လိုပါတယ်။ အပေါ်ဘယ်လောက် ကောင်းကောင်း၊ အောက်ခြေမ ကောင်းရင် ဒီအတိုင်းပဲသွားမှာပဲ။ အောက်ခြေအကြောင်း သေသေချာချာသိဖို့လိုတယ်” ဟု  ပြော သည်။ “ကိုယ့်တာဝန်တော့ကျေသွားပြီ။ အများကြီးတော့ မမျှော်လင့်ပါဘူး။ သူကျန်းမာအသက် ရှည်ဖို့ပဲ။ မြေးတွေခေတ်မှာတော့ ပညာတတ်ကြီးတွေ ဖြစ်စေချင် တယ်” ဟု အဘွားဒေါ်သင်းအုပ် က ဒေါ်အောင်ဆန်းစုကြည်ထံမှ သူ၏မျှော်လင့်ချက်ကို ပြော သည်။ ကော့မှူးမြို့လယ်တွင် ဒေသခံများ အောင်ပွဲခံချိန်၌ တာလမ်းသစ်ရပ်ကွက် လယ်ကွင်းပြင်မ ှ ဓနိမိုး၊ ဓနိကာ တဲငယ်အတွင်း အဘွားဒေါ်သင်းအုပ်ရေချမ်း ကပ်ရင်းဆုတောင်းနေသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေသောကာလများ တစ်လျှောက်တွင်လည်း ကျန်းမာအသက်ရှည်အောင်မြင်ရန် အဘွားက အမြဲဆုတောင်းခဲ့သည်။ဖန်ခွက်အတွင်း ဒေါ်အောင်ဆန်း စု ကြည်၏ သက်စေ့ ရေ ၆ရ ဇွန်း ထည့်၍ ရေချမ်းကပ်ရင်း ဒေါ်အောင်ဆန်းစုကြည်  ကျန်းမာအသက်ရှည်ရန်  ဒေါ်သင်းအုပ် တစ်ယောက်ဆုတောင်းပေးနေသည်။

 

7Day News Journal Facebook မှ……..

10 comments

  • Burmese or Chinese

    April 5, 2012 at 7:39 am

    ဒီစာလေးဖတ်ပြီးအရမ်းစိတ်မကောင်းဖြစ်မိတယ်…..မျက်ရည်တောင် ကျလုကျခင်ဖြစ်တဲ့အထိ ဆို့ဆို့နင့်နင့် ခံစားရပါတယ်…။
    အဖွားဒေါ်သင်းအုပ်လဲ ကျန်းမာပါစေ….

    • Swal Taw Ywet

      April 5, 2012 at 11:51 pm

      မျက်ရည်တောင် ကျလုကျခင်ဖြစ်တဲ့အထိ ????
      As for me, tears came out from my eyes.
      I don’t know WHY?
      Sorrowful? NO.
      I think it was ” pleasure “.
      This is a sample of loves on Daw Aung San Suu Kyi.
      One by one… after ….all together….
      Unity is strength, so..
      NLD wins the election.

      Dear ပိုင်လေး,
      Thanks for your sharing.
      Let’s try our best for our mother land.

      With respect,
      Swal Taw Ywet.

  • ဖားသက်ပြင်း

    April 5, 2012 at 7:48 am

    လက်မထောင် အားပေးသွားပါရဲ့ဗျာ…

    ခင်တဲ့
    ဂီ

  • Khaing Khaing

    April 5, 2012 at 9:49 am

    ပိုင်လေးရေ ……… အမလည်း အမေစုကိုကျန်းမာစေချင်တယ် …… ဒါမှဒို့ပြည်သူတွေ ဘဝတက်လမ်းပွင့် မှာကွဲ့ အဖွားလိုပဲ အမလည်းဆုတောင်းပေးပါတယ် …… အမေစုကျန်းမာပါတယ်

  • Foreign Resident

    April 5, 2012 at 10:38 am

    ” ဒီလိုခေါင်းဆောင်တစ် ယောက်ပေါ်ဖို့ ကျွန်တော်တို့တိုင်း ပြည်မှာ နှစ် ၅ဝ စောင့်ခဲ့ရတယ် ။ ဝမ်းသာတာတော့ ပြောမပြတတ် အောင်ဘဲ။ ဒီအချိန်မှာ ကျွန်တော် သေသွားရင်တောင် သေ ပျော်ပြီ ”

    “ ဘာမှတော့ မမျှော်လင့် ထားပါဘူး။ တစ်ခုပါပဲ။ လူထု ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးရင်ပဲ ကျေနပ်ပါပြီ ”

  • ပိုင်လေး

    April 5, 2012 at 10:55 am

    “ကိုယ့်တာဝန်တော့ကျေသွားပြီ။ အများကြီးတော့ မမျှော်လင့်ပါဘူး။ သူကျန်းမာအသက် ရှည်ဖို့ပဲ။ မြေးတွေခေတ်မှာတော့ ပညာတတ်ကြီးတွေ ဖြစ်စေချင် တယ်”

  • kyeemite

    April 5, 2012 at 11:53 am

    အဖွားဒေါ်သင်းအုပ် ဆန္ဒတွေရော
    ပြည်သူလူထုအားလုံးရဲ့ ဆန္ဒတွေပါပြည့်ဝတော့မှာပါ..
    “မှော်တောကျေးရွာမှ ဦးသိန်းဖေကလည်း “ဒီတစ်ခေါက်တော့ ဒေါ်စုပဲ ပေးမယ်။ သူ့ရဲ့အနစ်နာခံ စွမ်း ဆောင်မှုတွေကြောင့်ပဲ။ အမေစု ဖြစ်လည်း အောက်ခြေကောင်းဖို့ လိုပါတယ်။ အပေါ်ဘယ်လောက် ကောင်းကောင်း၊ အောက်ခြေမ ကောင်းရင် ဒီအတိုင်းပဲသွားမှာပဲ။ အောက်ခြေအကြောင်း သေသေချာချာသိဖို့လိုတယ်” ဟု ပြော သည်။
    မှန်ပါသည်…မြင်တွေ့နေရသမျှ အောက်ခြေမှာ မူလအတိုင်းဖြစ်နေပါသေးသည်…
    ပြောင်းအောင်အစွမ်းကုန်ဆောင်ရွက်ကြပါစို့…

  • Onyx

    April 5, 2012 at 1:32 pm

    အင်းကိုယ်တွေ ရှေ့မှာ ရပ်မဲ့သူတော့ ရှိပြီ နောက်လိုက်ကောင်းတွေ ဖြစ်ဖို့ ကတော့ ကိုယ်တွေတောင်ဝန်ပဲလေ ။ ကိုယ့်တာဝန်ကိုယ် ယူရင်း တိုင်းပြည်ကြီးကို တိုးတက်အောင်လုပ်ကြပါစို့

  • a me

    April 5, 2012 at 5:51 pm

    ဟုတ်တယ် အေမီလည်း မနေ့က 7days new မှာ ဖတ်လိုက်ရတယ် ပုံမှန်ဆို အေမီ ကပြင်းတယ် စာအများကြီးဖတ်ရမှာကို အဲ့ဒါလေးတော့ ဖတ်မိလိုက်တယ် သနားပါတယ် ဖွားဖွားက ပြီးတော့ တိုင်ပြည်ချစ်စိတ်တော်တော် ကြီးတယ် မေမေ တောင်ပြောတယ် သနားလို့တဲ့လေ

  • MaMa

    April 5, 2012 at 11:27 pm

    နေရာတိုင်းမှာ အဆိုးအကောင်းဆိုတာ ဒွန်တွဲနေတယ်ဆိုသလို…
    ပြည်သူလူထုအတွက် အမေစုရဲ့ နှစ်ပေါင်းများစွာ အနစ်နာခံ ပေးဆပ်ဝံ့တဲ့၊ ပေးဆပ်ခဲ့တဲ့ သာဓကတွေက မှတ်ကျောက်တင်နိုင်ခဲ့ပြီ။ 🙂

Leave a Reply