စာပေဟောပြောပွဲတခုအကြောင်းပေးစာ
သို့
ဦးဦး
ဂေဇက်စာရေးဆရာအသင်း
ဦးဦးရေ စာပေဟောပြောပွဲတစ်ခုတော့ ခမ်းနားစွာပြီးသွားပါပြီ။ပျော်စရာကောင်းဖို့ထက် အများစု စိတ်တွေ ပြုပြင်နိုင်အောင် ၊နှလုံးသားအဟာရဖြစ်အောင် ဦးနှောက်ကို လန်းဆန်းအောင် ဖြစ်စေချင်တာပါ။
ဒါရိုက်တာအောင်စိုးဦးဆိုတာက အိမ်မဲသားပါ။စိုးမြတ်သူဇာကို အကယ်ဒမီရအောင် နော်ရင်မွှေးဇာတ်ကားကိုရိုက်ခဲ့တဲ့ ၊ သင်္ကြန်မိုးဇာတ်ကားရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဆိုတာ ဦးဦးသိပြီးသားထင်ပါတယ်။
ဆရာက အနှစ်နာခံပြီး ကိုယ့်မြို့ဆိုပြီးလိုက်ခဲ့တာပါ။
၃.၄.၂၀၁၂ ရက်က ခန်းမမှာ စာပေဟောပြောပွဲဖြစ်ခဲ့တယ်။ဆရာဒါရိုက်တာအောင်စိုးဦး၊ ဆရာအကြည်တော်၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ဟောပြောခဲ့တာပါ။ဟောပြောပွဲအတွက် မြို့က ဝိုင်းကြိုးစားကြပါတယ်
လူညီကြတယ်။ကျွန်တော်လည်း မအားတဲ့ကြားက တာဝန်တော်တော်များယူလိုက်ပါတယ်။အဓိကတော့နေရာမဟုတ်ပါဘူး။လုပ်ငန်းအဆင်ပြေဖို့ ရည်ရွယ်ချက်ရောက်ဖို့ပါပဲ။
ညနေဘက် ဆူးလေနားက ဆိုင်မှာထိုင်ရင်း ဦးဦးကို ကျွန်တော်ပြောခဲ့ တာတွေ မှတ်မိနေမှာပါ။ကျွှန်တော်မြိဲု့ကစာပေအားနည်းကြပါတယ်။ စာနယ်ဇင်းဆိုတာရှိတယ် အဖြစ်သဘောဖွဲ့ထားတာပါ။
စာပေဟောပြောပွဲမှာဆရာတွေဟောကြတာသိပ်ကောင်းပါတယ်။ဟောပြောပွဲပြီးတော့ လူတွေက ကျွှန်တော်ကို လက်ဆွဲနုတ်ဆက်ကြတယ်။ဒီလိုဆရာတွေကို မြို့ခေါ်လာလို့ ဝမ်းသာနေကြတယ်လေ။
ပင်ပန်းရကြိုးနပ်ပါတယ်။
ဆရာဒါရိုက်တာအောင်စိုးဦးကလည်း စိတ်တွေအကြောင်းကိုပြောခဲ့တယ်။ လူဘဝအလင်းတရားတွေအကြောင်း၊ အိပ်မက်တွေ တကယ်ဖြစ်ဖို့ ဘဝကိုအားထုတ်ဇို့ မှတ်သားစရာတွေပါ။ဆရာအကြည်တော်ကလည်း
ဟာသနဲ့ ဘဝကိုဟောပြောတာပါ။ တော်တော်ကြာကြာလေးပြောခဲ့တယ် လူတွေဟာ အရောင်ပြောင်းတတ်ကြတယ်။တံဆိပ်ကပ်ကြတယ်။တရုတ်စက်လိုပဲ နာမည်ကြီးတာကို လိုက်ပြီး တံဆိပ်ကပ်ကြတယ်။
သာရာနားတတ်ကြတဲ့အကြောင်း ၊ဆရာမောင်စိန်ဝင်းကတော့ ဆရာမ မအိရဲ့ အသံအက်သွားတဲ့ခေါင်းလောင်းလေးကဗျာကိုသံနေသံထားနဲ့ ရွတ်တာကို ပရိသတ်ကြိုက်ခဲ့တယ်။နောက်… အလင်းနဲ့အမှောင်
ဆရာကြီးတဂိုးရဲ့ကဗျာ၊နောက် ဒေါင်းကမယ့်နေ့ ။သိပ်ကောင်းတယ်ဦးဦးရေ ။အခွေထုတ်တော့ ပေးပါ့မယ်ဗျာ။
ကျွှန်တော်စာရေးဆရာတွေကို သွားခေါ်တဲ့နေ့က တော့ တော်တော်စိတ်ညစ်ခဲ့ရတယ် ဦးဦး။ တစ်နာရီကိုမှန်လုံကားက ထွက်မယ်ဆိုတော့ ဆရာတွေကို ထမင်းကျွေးဖို့ ကိစ္စနဲ့ အဝေးပြေးထိသွားရမှာကို တော်တော်ပူမိပါတယ်။မြို့က စေတနာရှင် တစ်ယောက်က ကူညီလို့ အဆင်ပြေခဲ့ပါတယ်။ဒီလိုနဲ့ ၁၁နာရီ၁၅မိနစ်လောက် ခိုင်ခိုင်ကျော်ထမင်းဆိုင်က ထွက်တော့ အဝေးပြေး
ကို ၁၂နာရီရောက်ပါတယ်။ကားကသေးတော့ ဆရာတွေလည်းကြပ်ကြပ်တည်းတည်းပဲလိုက်ရှာပါတယ်။ဒီမှာဆရာမောင်စိန်ဝင်း ရဲ့ စကားတစ်ခွန်းက ကျွန်တော်ရဲ့ ဘဝင်ကို လာထိတယ်။
“ ကျွှန်တော် ဒီ တစ်နှစ်အတွင်း ဟောပြောပွဲတစ်ရာလောက်ဟောထားတယ် လိုင်းကားနဲ့ ဘယ်မြို့မှမခေါ်ဘူး ခေါ်လည်းမလိုက်ဘူး ခင်ဗျားကဗျာဆရာမို့လိုက်တာတဲ့…”
ဘယ်လောက်နွေးထွေးတဲ့ စကားလည်းဦးဦးရယ်။ အဝေးပြေးမှာထိုင်နေတုန်းပဲ ကားထွက်ဖို့ ၅မီးနှစ်အလိုမှာ ဆရာဒါရိုက်တာအောင်စိုးဦးက ဖုန်းဆက်ပြီးဦးမျိုးဆိုတဲ့ သူ့သူငယ်ချင်းကိုခေါ်ပါတယ်။အိမ်မဲကို ကားနဲ့ လိုက်ပို့ပါတဲ့ ဟိုကလည်းလိုက်ပို့မယ်လို့ပြောတယ်။ စာနယ်ဇင်းသမားတွေက ဆင်းရဲတော့လည်းဒီလိုပဲ စီစဉ်ကြရတာပေါ့။
တကယ်တော့ ဆရာတွေလိုင်းကားနဲ့ မသွားချင်ကြပါဘူး။ မဖြစ်မနေမို့ပါ။ ဒါကို ဒါရိုက်တာအောင်စိုးဦးက စီစဉ်လိုက်တာပါ။ ကားပိုင်ရှင်ကလည်း စာရေးဆရာ လုပ်ငန်းရှင်ကြီးတစ်ယောက်ပါ။ ဒီမှာပဲအားလုံးပျော်ပျော်ပါးပါးနဲ့
အိမ်မဲကို သွားကြ တယ်။မြို့ရောက်တော့လည်း ဝိုင်းပြီးကြိုဆိုကြ ၊ကော်မတီကလည်းကျွေးကြမွေးကြနဲ့ပေါ့ဦးဦးရယ်။
စာပေဟောပြောပွဲကလည်း ည၈နာရီလောက်မှာစတာပါ။ ရွှေဘုံသာအိမ်မဲတီးဝိုင်းကလည်း ၅နာရီလောက်ကစပြီ စာရေးဆရာကြီးတွေနဲ့ ပရိသာတ်ကိုဂုဏ်ပြုဖျော်ဖြေပါတယ်။ ကျွန်တော်ကတော့ ခေါင်းစဉ်ပြလို့ မရ
တဲ့ အလုပ်တွေရှုပ်နေပါတယ်။
<strong>ရင်ထဲမှာ ပြည်သူတွေများများလာနားထောင်စေချင်တယ်။ဒဿနတွေ ကိုရစေချင်တယ် စာပေကိုမြတ်နိုးစေချင်တယ် ဒီစိတ်ကလွှမ်းမိုးလို့ ပရိသတ်မလာမှာပူမိပါတယ်။
ဦးဦးရေ ပရိသတ်လည်း တော်တော်လာကြပါတယ်။ စာအကြောင်းတွေလည်းကောင်းကြပါတယ်။ ကျွန်တော်တို့ စာနယ်ဇင်းကလူတွေလည်းကျေနပ်ကြပါတယ်။ လူတွေကလည်းကြိုက်ကြတယ် အားပေးကြတယ်။
ကျေးဇူးတင်ထိုက်သူတွေကိုကျေးဇူးတင်မိပါတယ်။ကျွန်တော်တို့က စာပေချစ်တော့ စာပေဟောပြောပွဲဖြစ်ချင်တာကိုး။
ဦးဦး လည်း တစ်ပွဲလောက်ကျင်းပစေချင်ပါတယ် ။
ခင်မင်စွာဖြင့်
ထက်ဝေး
8 comments
alinsett
April 6, 2012 at 7:21 pm
ကျွန်တော်လည်း.စာပေကို ချစ်တော့ ဒီအတိုုင်း ပဲ..ခံစားရပါတယ် ။
marblecommet
April 6, 2012 at 8:09 pm
အချိန်မရလို့ မဖတ်ဖြစ်ခဲ့ဘူး လူပျိုကြီးဆြာထက်ရယ်…
htet way
April 6, 2012 at 9:44 pm
လူကို …မနောက်ပါနဲ့ကဗျာဆရာရယ်
ကျုပ်မှာဗျာ……။
ခင်ဗျား ဖတ်ပြီးကွန်မန့်တော့ရေးပေးပါအုံး
ဦးဦးပါလေရာ
April 6, 2012 at 10:18 pm
ကိုထက်ဝေးရေ-
ဒီလိုပွဲမျိုး ထဲထဲဝင်ဝင် လုပ်ကိုင်စီစဉ်ပေးသူတွေဆိုတာ စေတနာရော ဝါသနာပါ ကြီးမားကြပြီး အနစ်နာလဲ ခံကြရတတ်မြဲပါဗျာ…..။
စိတ်ရှည်ရှည်နဲ့ အစအဆုံး မမောနိုင်မပန်းနိုင် ဆောင်ရွက်ခဲ့တဲ့ ကိုထက်ဝေးကို အထူးချီးကျူးမိပါတယ်။
စာရေးဆရာတွေကို လိုင်းကားနဲ့ခေါ်မယ်ဆိုကတည်းက အဆန်းပါလားဆိုပြီး စိတ်ထဲထင့်နေတာ..။
တကယ်တော့ နာမည်ကြီး စာရေးဆရာတွေ လိုင်းကားစီးတဲ့ခေတ်က ကုန်သွားပြီမို့ သူတို့ကိုလည်း နားလည်ပေးမိပါတယ်။
အနုပညာသမားချင်း စာပေသမားချင်းမို့ ရိုင်းပင်းတဲ့စိတ်ဓါတ်နဲ့ လိုက်လျောခဲ့တဲ့ စာရေးဆရာကြီးတွေကို ကျေးဇူးတင်စရာပါ။ ကားနဲ့ ကူညီသူရှိသွားတော့လဲ ပိုအဆင်ပြေသွားတာပေါ့လေ..။
အဆင်မပြေမှု့လေးတွေလဲ ကြိုးကြားရှိနိုင်မှာဖြစ်ပေမယ့် ဒါတွေကိုဖြတ်သန်းမှပဲ ခရီးရောက်နိုင်တာမဟုတ်လား ကိုထက်ဝေးရေ…။
htet way
April 7, 2012 at 9:48 am
ကျွန်တော်က ဒီေလောက်မဟုတ်ပါဘူး
မြို့ခံတွေက ကောင်းကြတာပါ မိတ်ဆွေNGOတွေ လည်းဝိုင်းလုပ်ကြတာပါ
တကယ်တန်းကျေးဇူးတင်ရမှာက ခွင့်ပြုတဲ့ သူပဲ။
ကျွှန်တော်ကတော့ ဦးဦးသိတဲ့ အတိုင်း အားလုံးကိုပျော်စေချင်တာပါ။
marblecommet
April 8, 2012 at 11:12 am
စာပေ ဟောပြောပွဲနေ့ ဝေးနေတာကြာလှပြီ
စာပေအသိုင်းအဝိုင်းနဲ့ ဝေးနေတာလည်း ကြာလှပြီ
ခင်ဗျား ပြောမှ မအိ ရဲ့ အသံအက်သွားတဲ့ခေါင်းလောင်းလေး သတိရလာပြီဗျာ
`သံ စူးသတဲ့ တော်တို့ရေ့……….´
ဆိုတဲ့ စကားက ကျုပ်နှလုံးသားကို အခုအချိန်ထိ နှိပ်စက်တုန်းပဲ ကိုယ့်ဆြာရေ့..
htet way
April 8, 2012 at 11:16 am
ဟုတ်ပဗျာ
ကောက်နွယ်ကနောင်ရဲ့ ကျွှန်တော်ဆက်တွေးချင်သောကဗျာများမှာ
ဖတ်ရတာဗျ။မအိက ဧရာဝတီသားပါ
ဆရာကောက်ရေးတာ ခံစားပြတာသိပ်ကောင်းပဲ
ဆရာမောင်စိန်ဝင်းက ဗီဒီယိုပြကွက် လိုပထမပြောပြတာ
ပြီးမှရွတ်ပြတာလေ။သိပ်ကောင်းတယ်ကိုယ့်ဆရာရေ။
နောင်လူချင်းတွေ့မှ ရွတ်ကြပြောကြတာပေါ့….။
ကိုကမ်းကြီးကျန်းမာပျော်ရွှင်ပါစေ ။
blackchaw
April 9, 2012 at 12:52 pm
လေးလေးစားစား ဖတ်သွားပါတယ်ခင်ဗျာ။