အော်…၅၀၀ဝ တန်…

ခရီးက ပြန်ရောက်ရောက်ချင်း ရေးချင်နေတာ..ခုမှပဲ တင်ဖြစ်တော့တယ်…

ဟိုနေ့က ကျွန်မ ငပလီကအပြန် တောင်ကုတ်မှာ ကားရပ်တော့ ကောက်ညင်းထုပ်ဆင်းဝယ်ဖြစ်တယ်..

အစကတော့ တွေ့တွေ့ချင်း ဈေးသည်ဆီမှာ တစ်တွဲပဲ အရင်ဝယ်လို်က်တယ်။ နောက်လိုက်ကြည့်လိုက်တော့မှ အဘွားတစ်ယောက်ရောင်းနေတာတွေ့လို့ ဘေးက အစ်မကို အဘွားကြီးဆီမှာ သွားဝယ်ရအောင်ဆိုပြီး ခေါ်လိုက်တော့ အစ်မကလည်း မငြင်းဘူး။ (အသက်ကြီးတဲ့သူတွေတွေ့ရင် အရမ်းသနားတတ်လို့ တတ်နိုင်သမျှ သူတို့ကိုပဲ ဦးစားပေးဖြစ်တယ်။)

ဈေးမေးလိုက်တော့ တစ်ခြားဈေးသည်တွေလိုပါပဲ တစ်တွဲကို ငါးရာတဲ့။ နည်းနည်းလျှော့ပါဦးလားဆိုတော့ ၅ တွဲကို ၂၀၀ဝ နဲ့ယူတဲ့။ (အကုန်လုံး အဲဒီလိုပဲ ရောင်းကြတယ်။) သူက နားသိပ်မကောင်းဘူးထင်တယ်။ ဘေးက တစ်ခြားအဒေါ်ကြီးတွေက ကျယ်ကျယ်လေးပြောပေးရတယ်။ ကျွန်မ ပိုတောင် သနားသွားသေးတယ်။

ဒါနဲ့ ကျွန်မလည်း ယူမယ်ဆိုပြီး တစ်ဖက်က ကောက်ညင်းထုပ်ကိုကိုင် တစ်ဖက်ကလည်း အလွယ်တွေ့တဲ့ ပိုက်ဆံ ၁၀၀ဝ တန်ကို အရင်ပေးထားလိုက်တယ်။

ဒါပေမယ့် ကြည့်လိုက်တော့ ကောက်ညင်းထုပ်က ၅ တွဲလောက်ပဲ ရှိတယ်။ ဘေးက အစ်မကလည်း ယူမယ်ဆိုပြီး ၃ တွဲလောက်ကိုင်ထားတော့ ကျွန်မ မယူတော့ဘဲနဲ့ သူ့ကိုပဲ ဝယ်ခိုင်းလိုက်တော့တယ်။

အစ်မက ၅၀၀ဝ တန် ထုတ်ပေးတယ်။ ကျွန်မက ၁၀၀ဝ တန်ကို ပြန်ယူဖို့ ကိုင်လိုက်တယ်။ အဘွားကလေ အဲဒီ ၅၀၀ဝ တန်ကို အံ့ဩတဲ့ပုံစံနဲ့ကြည့်ပြီး မယူဘူး။ ကျွန်မရဲ့ ၁၀၀ဝ တန်ကိုပဲ ယူထားတယ်။

ကျွန်မကလည်း အစ်မ ပိုက်ဆံပေးရတာ ရှုပ်မှာစိုးလို့ ၅၀၀ဝ တန်ကိုပဲ ပေးလိုက်ပြီး ၁၀၀ဝ တန်ကို ပြန်ယူလိုက်တယ်။ ပြိီးတော့ ၃၀၀ဝ အမ်းရမယ်လို့ ပြောလိုက်တော့လည်း ကြောင်တောင်တောင်နဲ့ ပြန်ကြည့်တယ်။ ဘေးက အဒေါ်ကြီးတွေက ရခိုင်လိုပြောတော့မှ သူ့ဆီက ၂၀၀ဝ ရယ်၊ သူများဆီက ၁၀၀ဝ ချေးပြီးရယ် ပြန်အမ်းတယ်။

ပြီးတော့ သူက ဘေးက ဈေးသည်တွေကို ဒီပိုက်ဆံ သုံးလို့ရလားဆိုပြီး မေးတယ်။ ဘေးက ရယ်ပြီးတော့ သုံးလို့ရတာပေါ့ အမေကြီးရယ်တဲ့..(တကယ်တော့ သူတို့က ရခိုင်လိုပြောကြတာပါ…ဒါပေမယ့် ကြည့်ပြီးတော့တော့ နားလည်တယ်။)

အဲဒီအထိ သူက စိတ်မချသေးတဲ့ပုံပဲ..အဲဒါနဲ့ကျွန်မလည်း လဲပေးရမလားဆိုတော့ အားရဝမ်းသာနဲ့ ပိုက်ဆံပြန်ပေးတယ်။ ၁၀၀ဝ တန် ၅ ရွက်ရတော့မှပဲ စိတ်ဒုံးဒုံးချသွားတဲ့ ပုံနဲ့ ချေးထားတဲ့ ၁၀၀ဝ ကိုလည်း ပြန်ပေးလိုက်တယ်။

အော်..ဒီအချိန်အထိ ၅၀၀ဝ တန်ကို သုံးလို့ရတဲ့ ပိုက်ဆံမှန်း မသိသေးတဲ့သူတွေ ရှိပါသေးလားဆိုပြီး….။ ။

13 comments

  • laypai

    April 6, 2012 at 5:21 pm

    ရှိနိုင်တာ ပေါ့။
    ဘယ်လောက် လူတန်းကွာ ဟနေ လဲ ဆိုတာ ဒါ လက်တွေ့ ပဲ။
    အဲလောက်မဆိုးပေ မဲ့ နယ်တွေ မှာ ၅၀၀ဝ တန်ကို မြင်ဖူးပေမဲ့ ကိုင် မသုံးဖူး တဲ့ သူတွေ အများကြီး ရယ်။
    ခလေးတွေ ကို ပြော တာ မဟုတ်ဖူးနော်။

  • uncle kyaw

    April 6, 2012 at 5:50 pm

    ပြောစရာ ရလာတော့ လည်း ပြောရတော့မှာပေါ့ဗျာ..ကျွန်တော်လည်း ငါးထောင်တန် စ ထုတ်ကတည်းက ဒီနေ့ထိ အရွက်ပေါင်း ငါးဆယ် မပြည့်သေးဘူးဗျ …ကိုင်ခဲ့ဘူးသမျှ ပြန်စဉ်းစားကြည့်တာ…ကိုင်ထားပြန်တော့လည်း နေ့မြင်ည ပျောက် ..အဟဲဟဲ..ဘဝကံ အကျိုးပေး နုံချာလေတယ် ဆိုတဲ့ ခောတ်ဟောင်းတေး တစ်ပုဒ်တောင် သတိရမိသေး..အဟေးဟေး..

  • alinsett

    April 6, 2012 at 7:10 pm

    5000 တန်.ကို အဲသလောက် အယုံအကြည်..ရှိကြတယ်.နော် ။

  • ဗိုက်ကလေး

    April 6, 2012 at 7:19 pm

    အင်းပေါ့လေ
    လူငယ်၊လူရွယ်တွေလို ကို်ယ်တိုင်အလုပ်လုပ်ပြီး ရှာခွင့်မရှိတော့ သူ ့အရွယ်နဲ ့ ငါးထောင်တန် မမြင်ဖူးပဲနေလိမ့်မပေါ့
    ကျောထောက်နောက်ခံ ဆွေမျိုးတွေကလဲ မရှိလို ့..သို ့ ငါးထောင်တန် မထောက်ပံ့နိုင်လို ့လဲ ဖြစ်မပေါ့ဗျာ
    ကျုပ်တို ့တောင် ထွက်ထွက်ချင်း မကိုင်ဖူးဘူးရယ်..ဒါ့ပြင်
    အပေါ်က အူးလေးအန်ကယ်ကျော်ပြောသလိုပဲ သုံးလို ့ရမှန်းသိတာတောင် အရွက်ရေ များများစားစား ကိုင်မသုံးဖူးသေးဘူးဗျာ
    ( ဒါနဲ ့ ဟိုမော်ဒယ်လေးတွေတော့ ဒေါ်လှ အုပ်လိုက် ခိုင်တာနော့..မုဒိတာပွားထားမှကျောင်းဒဂါရေ..ဒါမှ ကျုပ်တို ့လဲ အုပ်လိုက်ကို်င်သုံးနိုင်မှာကိုး 😆 )
    တော်ပါပြီဗျာ..ဆက်ပြောချင်စိတ်လဲ မရှိတော့ဘူး..
    သီချင်းလေးဆိုပြီး ထွက်သွားပါရေစေတော့
    ဘာတဲ့
    ဘွ..ဘွ..ဘွ ချီးလိုဘဲ..လလိုဘဲ

  • နေဝန်းနီ

    April 6, 2012 at 8:47 pm

    ဟုတ်တယ်ဗျာ…..။ အကျွန်ုပ်လည်း 5000 တန် လက်ထဲရောက်လာရင် ချက်ခြင်းပြန်သုံးပစ်မိတာများတယ်…။ တစ်ထောင်တန် အသေးလေးတွေသာ အမေ့ဆီက ဘတ်ပြီး စာအုပ်ကြားထဲ ဝှက်ထားတတ်တာ…။

  • htet way

    April 6, 2012 at 10:00 pm

    အော်ဘဝတွေက ကွာခြားကြတယ်လေ
    မကိုင်ဖူးလို့ပါ ဆင်းရဲလွန်းတာကိုး

  • MaMa

    April 6, 2012 at 10:28 pm

    လူအများစုဟာ ငွေစက္ကူကိုင်ရာမှာ စည်းကမ်းမရှိကြလေတော့
    ထုတ်တာ သိပ်မကြာသေးတဲ့ ၅၀၀ဝ တန် ငွေစက္ကူပါးပါးလေးတွေကို
    ယူရာ ပေးရာမှာ မကြာခဏ စကားများရပါတယ်။
    ငွေစက္ကူကို မကျိုး မကြေအောင် မစုတ်မပြဲအောင် ကိုင်တွယ်ဖို့ လိုပါတယ်။
    တီဗွီမှာ ပညာပေးအစီအစဉ်လေး ပြပေးပေမယ့်လည်း …
    အဲဒီအစီအစဉ်တွေကို ဂရုမစိုက်တာ အကျင့်ပါနေလေတော့…

    တခါက အသိတစ်ယောက် ငွေစက္ကူ အပိုင်းပိုင်း အစစ ကို အကောင်းနဲ့ လဲပေးဖို့ ပြောတယ်။
    ဘယ်လိုဖြစ်လို့ ငွေစက္ကူက ဒီလောက် အခြေအနေ ဆိုးနေရတာလဲလို့ မေးကြည့်တော့..
    လင်မယား ရန်ဖြစ်ပြီး မိန်းမဖြစ်သူက ဆွဲဖြဲပစ်လိုက်တာတဲ့။
    စိတ်ပြေမှ ပြန်ကောက်ပြီး လာလဲတာ တဲ့လေ။
    မလွှင့်ပစ်နိုင်ပဲနဲ့များ ဆုတ်ဖြဲပစ်ရသလား၊
    နောက်ဆိုရင်တော့ ဆုတ်ဖြဲပြီးရင် လွှင့်သာပစ်လိုက်တော့ လို့ ပြောမိသေးတယ်။ 🙁

  • kai

    April 7, 2012 at 5:46 am

    ယူအက်စ်မှာလည်း.. ရာတန်မကိုင်..မသုံးဖူးသူတွေအများကြီးပါ..။
    သွားပေးလည်း.. မယူချင်သူတွေအများကြီး..
    ရှော့ပင်းမောထဲ.. လမ်းလျှောက်နေတဲ့.. လူ၁၀ဝ ပိကြ်ဆံအိပ်ကောက်ယူစစ်ကြည့်..
    လူ၁ယောက်မှာ.. ၁၀ဝတန်ရှိရင်ကံကောင်း…။ 😆
    =

    ဆိုတော့..
    အပေါ်က.. စာရဲ့ဆိုလိုရင်းနားလည်ပါတယ်..။
    အဓိပါယ်ကောက်လည်း သိပါတယ်..။
    အဲဒီစာနဲ့.. အဓိပါယ်ဆက်စပ်ပြောတာ မဟုတ်ပါဘူးနော..။
    အဲဒါလေး…

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 7, 2012 at 9:47 am

      လုပ်ဘီသဂျီးမင်းဂဒေါ့
      သူတို့ရွာက လူတွေက အကြွေးစားတာဝါသနာပါလွန်းလို့
      အကြွေးကတ်တွေကိုင်ကြတာကိုတော့ပြောဘူး

  • ster

    April 7, 2012 at 12:25 pm

    သူတို.မယူချင်တာက ထားပါတော.။ တချို.ဘဏ်တွေတောင် နဲနဲအစွန်းပါရင် မယူဘူး။

  • photwenty

    April 7, 2012 at 1:58 pm

    အောင်မလေးနော်
    အဲ.ဒီအမေကြီးမပြောနဲ. ကျနော်တို.ရန်ကုန်မြို.ပေါ်မှာနေတာတောင်
    ငါးထောင်တန်တော.ကိုင်ဖူးပါရဲ. ကိုယ်.လခနဲ.တော.မဟုတ် အိမ်ကပြန်ပို.ပေးတဲ.လခနဲ.မို.လို.ကိုင်ဖူးရတာ

  • ချစ်ရင်ထူးနှစ်

    April 7, 2012 at 4:27 pm

    အဲဒီ 5000 ကလည်း အတု ဆိုတာ ပေါ်လာတော့ မကိုင်ရဲ တော့ ဘူး ဗျို့ ..
    ရေတွက်ရတာ လွယ် တယ် .. ဒါပေသိ ..
    ကျပျောက်ရင်လည်း ကုန်ရော ..
    ဆိုတော့ ..
    အတုလုပ်တဲ့သူ ကို အစိုးရက သိရက်သားနဲ့ မဖမ်းတာက စဉ်းစားစရာ ဖစ်နေဒယ် ..
    အမြတ်များအောင် ဆိုပြီး 5000 တန်ကို အတု ထုတ်လိုက်တယ်တဲ့ ..
    လက်ဝယ်ထားရှိသူက နံပါတ် 1 တရားခံ ပဲ ..

  • မွန်မွန်

    April 8, 2012 at 1:17 pm

    ၅၀၀ဝ တန်ကိုင်ရတာ ကောင်းလည်းကောင်းတယ်။ မကောင်းလည်းမကောင်းဘူး။
    ကောင်းတာကတော့ ငွေတွေများမနေတော့ဘူး။ သိမ်းရတာလွယ်တာပေါ့။
    မကောင်းတာကတော့ ကျများပျောက်လိုက်ရင် သွားပြီ။
    သူများနိုင်ငံတွေလို ကတ်နဲ့သုံးလို့ရရင်ကောင်းမှာပဲ။

Leave a Reply