မန်းသင်္ကြန်ကို ကြိုတဲ့ရွှေပိတောက်(နှစ်ဦးလက်ဆောင်)

1 (6-4-2012)နေ့မှာ အစောဆုံးပွင့်တဲ့ပိတောက်
2 ပင်ယံထက်က ပိတောက်ရွှေဝါ
3ပန်း ပိတောက်ရွေဝါ အထူးတင့်ပါတဲ့ တန်ခူးချိန်ခါဝယ်
4 ဘယ်အချိန်ကြည့်ကြည့် မရိုးတဲ့ ဝါရွှေရွှေ ပန်းပိတောက်
5 တစ်ပင်လုံး ပိတောက်ပွင့်ဝေ(25လမ်း 51လမ်းဒေါင့်ကပိတောက်ပင်)
6 ပိတောက်တွေရွှေရည်လူး လတန်ခူးရောက်ရင်ပျော်ပါတယ်
7 ဇမ္ဘော်ရည် ပြေပြေလိမ်းကာ ပသူလဲလေ လောကီသားပေမို့ကြွားချင်လှပေလိမ့်မယ်(ဆရာဇော်ဂျီ)
8 ရွှေပိတောက်နဲ့အကြိုထောက်မယ် အချစ်ဦးရေ အချစ်ဦးရေ.......(အနိုင်)
9 ပိတောက်ပွင့်တဲ့ရက်ကိုလေတွေးဆွေးမိတယ်..........(ကိုနေဝင်း)
10 မြမြဖူးရယ်တယ်ခိုင်ရွှေဝါ(ပိတောက်ဖူးလေးတွေ)
11 ပိတောက်ချစ်သူလေး
           “သင်္ကြန်ကြိုတဲ့ရွှေပိတောက်”

 

အခုရက်အပျင်းထူပြီးလမ်းမလျောက်ဖြစ်တာကြာပေါ့။

ပိတောက်ပန်းတစ်ခါမှမရိုက်ဘူးတော့ ပိတောက်ပွင့်ရင်ဘယ်လိုဆော်မယ်ဆိုပြီးစိတ်ကူးထားတာ

ကိုသော့ကိုပြောပြဘူးပါတယ်။

(642012)နေ့မနက်အိပ်ယာနိုးတော့အိမ်ရှေ့ကနေဖြတ်သွားတဲ့ကလေးလက်ထဲမှာပိတောက်ပန်း။

ခဏနေကိုသော့ဆီက ဖုန်းလာပါတယ်။

“ပိတောက်တွေပွင့်ပြီ”တဲ့။

ကျနော်မှာတစ်ပုံမှမရိုက်ရသေး။

ကိုသော့ကတော့ အပင်မှာကျန်သေးတယ်ဆိုတာနဲ့

ကမန်းကတန်းအပြင်ထွက်။

ရသလောက်လေး လက်ဆော့ခဲ့။

နောက်တော့ တစ်မြို့လုံးလျောက်ကြည့်ရင်းလက်ဆော့။

စိတ်ကျေနပ်လောက်အောင်ရခဲ့ပါတယ်။

ကော်နက်ရှင်မကောင်းတော့ရသလောက်လေးအရင်တင်ပေးပါတယ်။

ဆက်လက်မျှှော်တော်မူကြပါ။

လာအုံးမည်။

ရွှေပိတောက်

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့စနက်ရှော့

(642012)

 

 

 

 

27 comments

  • moe minthar

    April 6, 2012 at 6:48 pm

    ပိတောက်ပွင် ့တဲ ့ရက်ကိုလေ….တွေးဆွေးမိတယ်………….။
    တော်လိုက်တဲ ့ကိုပေါက်…..ရင်ထဲမှာကြည်နူးသွားပါတယ်……။

  • ဗိုက်ကလေး

    April 6, 2012 at 7:01 pm

    ခိုက်ဘီဗျာ
    2012 သင်္ကြန်ကို ဦးဦးဖျားဖျား ပိတောက်ပန်းနဲ ့ ကိုယ်တိုင်ရိုက်တင်ပေးလိုက်နိုင်တဲ့အူးပေါက်ကို ရေလည်၄စားသွားပြီ
    ဘယာကြော်..ဟုတ်ပါဘူး..ဘရာဗို

    စဂါးမစပ်
    တိန်းနှစ်ဆယ်လောက်ချီးဘာ

    ဘယာ

    • ဗိုက်ကလေး

      April 6, 2012 at 7:04 pm

      ဟေ့လူ
      ဖြည်းဖြည်းပြောလဲ တစ်ဆယ်ရပါတယ်ဗျ..အသာမန် ့ပါ..
      ဘယ့်နှယ် တစ်ဝက်တစ်ပြတ်တွေဖြစ်ကုန်ဘီ

  • ဗိုက်ကလေး

    April 6, 2012 at 7:02 pm

    ခိုက်ဘီဗျာ
    2012 သင်္ကြန်ကို ဦးဦးဖျားဖျား ပိတောက်ပန်းနဲ ့ ကိုယ်တိုင်ရိုက်တင်ပေးလိုက်နိုင်တဲ့အူးပေါက်ကို ရေလည်၄စားသွားပြီ
    ဘယာကြော်..ဟုတ်ပါဘူး..ဘရာဗို

    စဂါးမစပ်
    တိန်းနှစ်ဆယ်လောက်ချီးဘာ
    လဂါးနောက်ဒါ တစ်ဂယ်ပေးရင် ဘီယာတောက်ပစ်မယ် 😀

    ဒီနေ ့ မန္တလေးမှာ လေပြင်းကျ မိုးရွာပြီး မိုးသီးတွေ ကြွေတယ်ဆိုတာ ဟုတ်လားဗျ
    ကျနော်တွေ ့တဲ့ပုံထဲမှာ မိုးသီးက သကြားလုံးလောက်တောင် ရှိတယ်..
    တစ်ဂယ်ဆို အူးပေါက်လဲ မိုးသီးတစ်လုံးလောက် ကိုယ်တိုင်ရိုက်တင်ပေးပါဦး

    😀

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 6, 2012 at 7:11 pm

    လေးပေါက်ရေ….တစ်ချို့ပုံတွေဝါးနေတယ်….
    ကျေးကျေးနော်…. ပိတောက်တွေကိုဦးဦးဖျားဖျားမြင်အောင်ပို့ပေးလို့……

  • aye.kk

    April 6, 2012 at 7:50 pm

    ရွှေဝါရောင်ပိတောက်တွေ….
    အတာကိုကြိုနေတာ..
    အရမ်းကိုလှတယ်..
    ရိုက်ပြီးတင်ပေးတာကျေးဇူးပါ..။
    ကိုပေါက်ရေ..
    နှစ်သစ်အတာမှာမြူးမြူးကြွကြွရွှင်လန်းကတဲ့မန္တလေးက..
    ငွေငန်းလေးတွေနဲ ့အတူမြင်ချင်မိပါ၏၊တင်ပေးပါဦးနော်..။။

  • weiwei

    April 6, 2012 at 7:59 pm

    ပိတောက်ပန်းတွေပွင့်တာနဲ့ အားရပါးရခူးပစ်ကြတယ်နော် …
    အိပ်ရာထနောက်ကျနေရင် အပင်မှာတောင် မကျန်တော့သလောက်ပဲ ..
    တကယ်တော့ ပန်းတွေက အပင်မှာရှိနေတာ ပိုပြီး ကြည်နူးဖို့ကောင်းပါတယ် …

  • ဇွဲမာန်(အင်းဝ)

    April 6, 2012 at 9:23 pm

    ပိတောက်ပန်းကိုနှစ်သက်ပါတယ်….

  • မိုင်ဆွန်ခရေ
    ဝါးမှာပေါ့ အကိုင်းကိုလက်နဲ့လှုပ်ပြီးမှ တမင်ရို်က်ထားတာပါ။
    မိုးသီး ပုံက ဖေစ်ဘုတ်ထဲမှာတာ့ တင်ထားပါတယ်ဗျာ။

  • ဦးဦးပါလေရာ

    April 6, 2012 at 10:06 pm

    ပိတောက်တွေမြင်ရင် အလိုလိုပျော်တယ်..
    ကိုယ်လဲ ဘာမှလုပ်တာမဟုတ်ပဲနဲ့နော်..၊

  • MaMa

    April 6, 2012 at 10:17 pm

    သင်္ကြန်နဲ့ ပိတောက်
    ပိတောက်နဲ့ သင်္ကြန်
    ခွဲခြား မရနိုင်တာမို့…
    ပိတောက်ပွင့်ပြီ ဆိုတာနဲ့
    သင်္ကြန်ကျပြီလို့ ပြောလိုက်သလို..
    အလိုလိုနေရင်း ပျော်မိတယ်။ 🙂

  • နှစ်သစ်ကူးမို့ချစ်ဦးကိုရှာဖွေ
    ဘယ်ရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့်နေစိမ့်တဲ့သူရေ………………..
    အော်…ပန်းပိတောက်ဝါရွှေ ပန်းပိတောက်ဝါရွှေ
    ရွှေရည်ဦးထူးတင့်ခဲ့ပြီလေ……………………………..
    (ကိုအံ့ကြီး——-နှစ်သစ်ချစ်ဦးသီချင်းမှ)

  • Mလုလင်

    April 6, 2012 at 11:36 pm

    ဖေ့ဘုတ် မှာတွေ့တယ်… ဂဇက် မှာတော့ တင်ပြီးလောက်ပြီ ဆိုပြီး လိုက်ကြည့်တော့ .. တွေ့ပါလေရော .. နဲနဲတောင် နောက်ကျ နေပြီ။ အနီးကပ် ရဖို့ ဘယ်လောက် တက် လိုက်ရလဲ .. ပြော .. 🙂

  • အခြောက်မလေးဖရဲ

    April 7, 2012 at 9:07 am

    အမလေး လှလိုက်တာတော်
    မီးပန်လိုုက်ရင် အရမ်းလှမှာဘဲ
    အာကျူးရှိ မီးအတွက်ခူးလာပေးနော်

    • ဗိုက်ကလေး

      April 7, 2012 at 11:01 am

      ဟိုပန်း ပန်မလား ဟိုပန်း
      နှင်းဆီပန်းကိုပြောဒါဘာ

  • လုလင်ရေ
    ကျနော်က ဇွမ်းသုံးလဲမရိုက်တတ် တယ်လီလဲမဆွဲတတ်ဆိုတော့
    ခုုုံပေါ်တက် လက်ကို အတတ်နိုင်ဆုံးမြောက်ပြီးရိုက်ထားတာပါ။
    ပစ္စည်းမစုံတော့ လူကူရသပေါ့ကွဲ့။

  • Shwe Tike Soe

    April 7, 2012 at 9:32 am

    လေးပေါက်မိုက်တယ်ဗျာ… ဘုန်းကြီးဝတ်မလို.ဟာ အဟင့်

  • TTNU

    April 7, 2012 at 10:54 am

    ကိုပေါက်ရေ.. ရပြီးသားကို လောဘတက်ပြီးထပ်ကူးယူမိပါတယ်။

  • natthamee

    April 7, 2012 at 11:18 am

    ကျေးဇူးပါကိုပေါက်၊ ပိတောက်ကိုမြင်ရင် မြန်မာပြည်ကို ပိုလွမ်းသလိုပါပဲ။

  • shwe kyi

    April 7, 2012 at 11:42 am

    ကျေးဇူးပါ ကိုပေါက်ရေ။ ပိတောက်ပန်းကိုအရမ်းကြိုက်ပါတယ်။ ဘယ်သူတွေပိတောက်ကိုသစ္စာမရှိဘူးပြောပြော ပိတောက်ကိုချစ်နေမြဲပါ။
    ပုံတွေကူးယူထားလိုက်ပါတယ်။ ကျေးဇူးလို့ထပ်ပြောပါရစေ။

  • နက်ဖြန်ကျရင်နောက်ထပ်ပိတောက်ပန်းတွေတက်လာအုံးမှာနော………….
    ကူးဘို့သာပြင်ထားပေတော့…………….

  • metallic

    April 7, 2012 at 4:58 pm

    တို့မြို့လေးက
    ခြောက်ကပ်ကပ်သင်္ကြန်ကိုသတိရ…

    တို့မြို့လေးမှာ
    အခါတွင်းဆို ဟိုကျောင်းဒီကျောင်း
    တနေ့နဲ့တနေ့ မထပ်အောင် သွားပြီး
    ဥပုတ်ယူခဲ့တာသတိရ…

    တို့မြို့လေးမှာပွင့်တဲ့
    အနံ့အရမ်းမွှေးပြီး အဝါရောင်ဖျော့ဖျော့
    အရွက်သေးသေးပိတောက်လေးတွေကို သတိရ….

  • ဟုတ်တယ် ရန်ကုန်ပိတောက်က အပွင့်ပိုကြီး။
    မန္တလေးပိတောက်က အပွင့်သေးပါတယ်။
    အခုတော့ရောကုန်ပြီ။

  • marblecommet

    April 8, 2012 at 10:57 am

    ပိတောက်ကို မြင်တော့
    အလိုလိုရင်ခုန်တယ်
    ဆွေးမြတယ်
    ဘာလို့လည်းတော့ မသိ

  • cum min

    June 22, 2012 at 10:14 am

    အင်း ပိတောက်..ပိတောက်….
    တယောက်..ဆို..တယောက်…
    ပိတောက်…ဆို..ပိတောက်…
    ပိတောက်ခြောက်မှ…နောက်တယောက်ပေါ့…….(သီးချင်း) 😆

Leave a Reply