ရန်ကုန်တစ်မြို့လုံးအတွက် ယနေ့ည တွင် စမ်းသပ်၍ ၂၄နာရီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားမည်/

Uncle LayApril 6, 20121min23119
ဧပြီလ ၆ ရက်နေ ့ ၂၀၁၂
ရန်ကုန်မြို့တော်ကို အလှည့်ကျ မီးပေးစနစ်မှ ၂၄ နာရီ မီးပေးစနစ်သို့ ပြောင်းလဲပေးသွားမည်         ဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ယနေ့ ဧပြီလ (၆) ရက်နေ ့မှာ KNU နဲ ့ရန်ကုန်မြို့ မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ပြောကြားလိုက်ကြောင်း               ဆွေးနွေးပွဲ မှာ တက်ရောက်သတင်းယူနေတဲ ့သတင်းထောက်တဦး က Myanmar News Now ကိုပြောပြပါတယ်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ကလည်း ရန်ကုန်တစ်မြို့လုံးအတွက် ယနေ့ည တွင် စမ်းသပ်၍ ၂၄နာရီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းထောက်တွေကိုပြောပါတယ်။
 ဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအဝင် အဖွဲ့ဝင် ၂၁ ဦးပါဝင်ခဲ့ပြီး မြန်မာ အစိုးရဘက်မှဦး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါအဝင် ပြည်ထောင်စုဝန်ကြီး ရ ဦး တို့တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
Ref,,Myanmar News Now

19 comments

  • Uncle Lay

    April 6, 2012 at 5:54 pm

    ရန်ကုန်က ရွာသူ/သားတွေ…အတွက် သတင်းကောင်း…။

  • ဗိုက်ကလေး

    April 6, 2012 at 6:34 pm

    ဟား..
    ဟေ့လူ..ဟေ့လူ..
    ဒီသတင်း သဂျီးမသိစေနဲ ့
    တော်ကြာ ကွန်းမန် ့ထ်ဈေး ပြန်ကျနေဦးမယ်
    😆

  • ရွှေဘိုသား

    April 6, 2012 at 6:42 pm

    သတင်းစာထဲတော့ မီးကဘယ်တော့မှမပြတ်ပါဘူးဗျ
    လူဂွှင်တော်တွေပြောသလိုပဲ သတင်းစာကိုင်လိုက် ဓာတ်တောင်လိုက်တယ်

  • Mလုလင်

    April 6, 2012 at 6:43 pm

    သစ်ထူးလွင် မှာတွေ့လို့ ဝမ်းသာနေတာ ..ရွာထဲ မလဲ ရောက်နေပါလား .. တကယ့် up to date ရွာ ပါလား နော့

  • ဆူး

    April 6, 2012 at 6:43 pm

    မီးလာမယ် ဆိုလို့ ဝမ်းသာစွာ ကြိုဆိုပါတယ်။

  • nefertiti

    April 6, 2012 at 6:44 pm

    ရန်ကုန်မှာ facebook ဖွင့်လိုရသလား….
    facebook ဖွင့်လိုမရဘူးဖြစ်နေတယ်

    • ချာလီဂဇက်ဒလဝမ်

      April 6, 2012 at 8:13 pm

      ဖေ့ဘုတ် ဖွင့်၍ ရပါ၏ ။ ဖွင့်၍မရ ဖြစ်နေခြင်းမှာ ကွန်နက်ရှင်ကျနေသောကြောင့်
      ဖြစ်နိုင်ပါသည်။
      လျှပ်စစ်မီး ၂၄ နာရီ စမ်းသပ်ပေးမည်ဆို၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း နှင့်
      ဒလဝမ် သည် လုပ်နေကျ ဒလဝမ်အလုပ်ကို လုပ်နိုင်ပါတော့မည်ဖြစ်ပါကြောင်း ။

  • weiwei

    April 6, 2012 at 7:27 pm

    ဒါကတော့ တကယ့်သတင်းကောင်းပဲ …

  • student

    April 6, 2012 at 8:24 pm

    ညနေ ငါးနာရီမှ မနက်ငါးနာရီ အထိ ရန်ကုန် တစ်မြို့လုံးမီးလင်းမည်ဟု ပြော

    ရန်ကုန် ၊ဧပြီ ၆ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI)

    ဧပြီလ ၆ ရက်နေ့မှ စ၍ ညနေငါးနာရီမှ မနက်ငါးနာရီအထိ ရန်ကုန်တစ်မြို့လုံးမီးပေးနိုင်အောင် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

    “ရနိုင်တာမှန်သမျှကလေးကို ခြစ်ခြုပ်ပြီး ဒီနေ့ညကစလို့ တစ်ညလုံးကျွန်တော်တို့ပေးပါမယ်”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌက ဆိုသည်။

    ဧပြီလ ၂ရက်နေ့မှ စတင် ကျင့်သုံးလိုက်သည့် အလှည့်ကျလျှပ်စစ်မီးပေးဝေရေး စနစ်အစား ယနေ့ညမှ စတင်ကာ ဖြန့်ဝေရေးစနစ်အသစ်အနေဖြင့် ညနေငါးနာရီမှ မနက်ငါးနာရီအထိ လူနေရပ်ကွက်အားလုံး မီးအပြည့်ရမည်ဖြစ်သည်ဟု သတင်းမီဒီယာများအား ၎င်းကပြောသည်။

    ယနေ့မှ စတင်သည့် စနစ်သစ်အရ အုပ်စုသုံးစုခွဲ၍ နေ့ခင်းပိုင်းများတွင် အုပ်စုတစ်စု လျှင် ၆နာရီသာ ဓါတ်အား ဖြတ်တောက်မည်ဖြစ်ကာ သုံးရက်တွင် တရက်မှာမူ ၂၄ နာရီအပြည့်ရရှိမည်ဖြစ်သည်။

    ယခုနှစ် အလှည့်ကျ လျှပ်စစ်ဓါတ်အားပေးစနစ် ကျင့်သုံးရခြင်းမှာ ပြည်တွင်းမငြိမ်သက်မှုများကြောင့် ဖြစ်သည်ဟု ပြောဆိုလိုက်ကာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များက လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးခဲ့ခြင်း ရန်ကုန်မြို့တော်နေထိုင်သူများ လျှပ်စစ်ဓါတ်အား သုံးစွဲမှုပမာဏ ပိုမို မြင့်တက်လာခြင်းကြောင့် လည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    ရန်ကုန်မြို့တော်အား ယခုကဲ့သို့ မီးပေးနိုင်ရေး အတွက် ရွှေလီရေအားလျှပ်စစ်မှ တာဘိုင် ၂လုံးအား လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပြီး ၊မလိုအပ်သည့် နယ်ဘက်ဒေသများတွင် မီးဖြတ်တောက်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်ခိုင်မှ ဆက်လက်ပြောကြားသည်။

    “မနေ့ကည ကဆိုရင် ကျွန်တော်တို့ရွှေလီကို ၁၈ဝ မီဂါဝပ်အထိ တိုးထုတ်ခိုင်းပါတယ်၊ ကျွန်တော်တို့ နယ်ဘက်တွေမှာ တစ်ချို့မလိုအပ်တဲ့နေရာတွေမှာ မီးတွေပိတ်ပါတယ်” ဟု ဥက္ကဋ္ဌကပြောသည်။
    ပြီးခဲ့သည့် ၂၀၁ဝ နွေရာသီမှာ တွင် ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား အလှည့်ကျ ရရှိခဲ့မှုမှာအဆိုးဆုံးဖြစ်ခဲ့ပြီး ။ ၂၀၁၁ ခုနှစ်အတွင်း မုတ္တမ ပင်လယ်ကွေ့ အတွင်းမှ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှုပြီးစီးခြင်းနှင့် ရဲရွာရေအားလျှပ်စစ် ပြီးစီးခြင်းကြောင့် အလှည့်ကျမီးပေးစနစ်မရှိခဲ့ ဘဲမီးပုံမှန်ရရှိခဲ့ပြီးနေားက်ပိုင်း ယခုနှစ် ၂၀၁၂ နွေရာသီတွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
    ရန်ကုန်မြို့တမြို့လုံး၏ သုံးစွဲမှု ပမာဏမှာ မြန်မာနိုင်ငံအခြားဒေသအားလုံး သုံးစွဲမှု၏ ၉ဝ ရာခိုင်နှုန်းနီးပါး ရှိကာ ၂၀၁၁ ဇွန်လတွင် အမြင့်ဆုံးသုံးစွဲမှုအဖြစ် ၆၈၂ မဂ္ဂါဝပ် သုံးစွဲခဲ့သည်ဟု ဋ္ဌာနမှ ထုတ်ပြန်သည့် စာရင်းအရ သိရှိရသည

    ယမန်နှစ်က ဧရာဝတီမြစ်ဆုံဒေသတွင် ဆောက်လုပ်သည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ပိုလျှံနေသဖြင့် ရောင်းစားနေရကြောင်း ပြောဆိုခဲ့ဖူးသည်။ ။

  • windtalker

    April 6, 2012 at 8:50 pm

    အားကျပါတယ် ရန်ကုန်သူားတို ့ရယ် ။
    ကျုပ်တို ့အုတ်ကျစ်ကျော်အေး ကြီးလဲ
    မကြာမှီ ရပါစေလို ့၊ မျှော်လင့်ရင်း……

  • htoosan

    April 6, 2012 at 9:27 pm

    ညနေ ငါးနာရီကနေ မနက် ငါးနာရီ အထိဆိုရင် ၁၂ နာရီပါ။ ၂၄ နာရီတော့ မဟုတ်ဘူး ။

    ပြောပေါင်းများလို့ရိုးနေပြီလို့ ဘဲ သီချင်းဆိုရမလား….

    လာမှဘဲ လာတယ်လို့မှတ်တော့မယ် ဆိုပြီး တရားစကားဆိုရမလား…. 😀

  • Gipsy

    April 6, 2012 at 9:33 pm

    ဟုတ်ပ …
    ချင့်ချိန်ပြီးမှ ယုံရတော့မှာ…
    လာရင်လဲ ကံ ၊ မလာရင်လဲ ခံရတော့မှာ ဧကန်…။

  • Yoko Ono Bono

    April 6, 2012 at 10:59 pm

    မဖြစ်နိုင်ရင် ထွက်ကွာ လုပ်နိုင်တယ်ဆိုတဲ့သူပေးလိုက်…..ဟိုမှာလုပ်ပေးပါမယ်ဆို ဖင်ပိတ်ပြီးငြင်းနေတယ်…အထဲမှာတော့ကွိင်နေကြပြီ…. အောင်သိန်းလင်းနဲ ့ဇော်မင်းကမပေးနဲ ့ဦးခင်ရီနဲ ့ဦးအောင်မင်းက ပေးလိုက်….ဘာတွေလဲဆိုတာကြည့်ကြဗျို ့…….

  • water-melon

    April 7, 2012 at 8:06 am

    ဒါကြောင့်မိုးရွာကိုး

  • ဇွဲမာန်အောင်

    April 7, 2012 at 9:04 am

    ဒါကြောင့် မနေ့က တနေ့လုံး မီးလာနေတာကိုး…………
    ရေရှည်ဖြစ်စေဖို့ ဆန္ဒပြုပါတယ်…….

  • Uncle Lay

    April 7, 2012 at 9:08 am

    ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး ကျန် ၂ ရက်တွင် ၁၈ နာရီစီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားတော့မည်ဖြစ်ကြောင်း

    ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဋ္ဌဦးအောင်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်တို့ကပြောသည်။

    သို့သော် နေ့စဉ် ၂၄ နာရီမီးပေးဝေနိုင်ရန်မှာမူ လတ်တလောမဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများကဆက်လက်ပြောသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီး

    တိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည်ဖြစ်ပြီး စက်မှုဇုန်များသို့ ညပိုင်းလျှပ်စစ်မီးပေးဝေမှု ရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးတိုးချဲ့ပေးရန် စီစဉ်ခြင်းမှာ မြို့ခံလူထုအဆင်ပြေရန်ဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသော ၂၄ နာရီမီးရရှိရေး လှုံ့ဆော်မှုအစီအစဉ်စတင်မည်ဆိုသော သတင်းများနှင့် မသက်ဆိုင်ကြောင်း အထက်ပါတာဝန်ရှိသူများက ဆိုသည်။

    ထို့အပြင် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားတိုး၍ ဖြန့်ဖြူးနိုင်ရန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် စက် ၂ လုံးထပ်မံတပ်ဆင် လည်ပတ်ပြီး မဂ္ဂါဝပ် ၁၂ဝ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ်သွားမည်ဟုလည်းဆိုသည်။

    သုံးရက်လျှင် တစ်ရက် ၂၄ နာရီနှင့် ၂ ရက် ၁၈ နာရီစီပေးဝေမှုမှာ ယနေ့ညနေမှ စတင်မည်ဖြစ်သည်။ ထိုသို့ပေးဝေသောအခါ အုပ်စုသုံးအုပ်စုကို ထိုမီးပေးသည့်အချိန်တိုင်း အလှည့်ကျပေးဝေသွားမည်ဖြစ်သည်။

    ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အများဆုံးအချိန်တွင် ၆၂၂ မဂ္ဂါဝပ်၊ အနည်းဆုံးအချိန်တွင် ၃၀၂.၉ မဂ္ဂါဝပ်ရှိပြီး ပျမ်းမျှ ၄၈၅ မဂ္ဂါဝပ်ကျော်ရှိသည်။
    7Day News Journal
    သစ်ထူးလွင် 4/06/2012 08:26:00 PM ShareThis

  • Gipsy

    April 7, 2012 at 10:08 am

    ခုလောလောဆယ်တော့ ညကတည်းက အခု ချိန်ထိ မီးလာနေတုန်းပဲ…
    ညဖက် မီးမပျက်တာ ရန်ကုန်နေလူထု အတွက် အဆင်ပြေဆုံးပါပဲဗျာ…
    တချို့ တိုုက်ခန်းတွေများ လေဝင်လေထွက် လုံးဝ မရှိတော့ မီးပျက်ရင်
    အသက်အန ္တရာယ် ထိခိုုက်သည် အထိ ဖြစ်နိုင်ပါတယ်…

  • moethidasoe

    April 7, 2012 at 1:06 pm

    ဒီရက်ပိုင်းမှာ မီးပျက်တာက တောင်ငူမှာလဲ ပျက်ပါတယ် .. တောင်ကြီးမှာလဲ ပျက်ပါတယ် .. မကြာခင် ပုသိမ်ကို သွားဦးမှာမို့လို့ ပျက်မလား မပျက်ဘူးလား ဆိုတာ သိရမှာပါ .. ပုသိမ်သားများ ရှိရင် တင်ပေးပါလား .. သင်္ကြန်ပြီးရင် သွားရဖို့ ရှိတယ် ..
    ရန်ကုန်မှာ ည ၅ မနက် ၅ ဆိုတာ သေချာသလောက် ရှိတယ် .. မနက် ၅ ဆိုတာနဲ့ ဒီနေ့ သင်္ကန်းကျွန်းမှာ ပျက်သွားပြီ

Leave a Reply