အလိုက်မသင့် သူ

naywoon niApril 6, 20121min16113

အလိုက်သင့်မစီးမျောတတ်တဲ့
ဒိုက်ပုံလိုသာပ….။
ငါလည်းလောကစီးကြောင်းထဲမှာတစ်လည်လည်နဲ့
ဟိုသောင်မှာတင်
ဒီကမ်းမှာကပ်ရယ်နဲ့
လိုရာခရီးမရောက်သလို
ပန်းတိုင်ဆိုတာလည်းပျောက်ခဲ့ပြီ…..။
“ကြောက်စိတ်ကင်းခြင်းဆိုတဲ့
သူရဲ့ပြတင်း
အမေ့သားတံခါးတွေဖွင့်ပေးပါ….။”
ယက်တူရှင်ကိုရဲ့ ကဗျာ စာသား
နားဝမှာကြားယောင်ရင်းနဲ့
အမှိုက်ပုံ ဒိုက်ပုံမာန်တင်း
လေးလံနေတဲ့ သူ့ခန္ဓာ သူပြန်ထိန်းရင်း
ရေစီးကြောင်း (လောကစီးကြောင်းထဲမှာ)
တစ်ရွေ့ရွေ့ ဆက်လက်စီးမျောနေလေရဲ့……….။

နေဝန်းနီ

13 comments

  • ဗိုက်ကလေး

    April 6, 2012 at 7:55 pm

    အူးလေးက ဒိုက်ပုံလားဗျ
    ဒါဆို
    ကျနော်တို ့က ဘာပုံလဲ

    • akswe

      April 8, 2012 at 7:51 pm

      eee pone.
      just kidding ko pauk phaw.

  • windtalker

    April 6, 2012 at 8:04 pm

    မျှော်လင့်ချက် မဲ့တဲ့ဘဝ
    အားလုံး မိုင်းနပ်စ်ပြ
    ညဟာ မလှပ
    အဝမှာ ဘာလဲဟ

    • ဗိုက်ကလေး

      April 6, 2012 at 8:15 pm

      အဝမှာ ချီးပုံဟ
      ကောက်မစားနဲ ့ဗျ

      • windtalker

        April 6, 2012 at 8:43 pm

        အေးပါဟ
        နင့်အကြိုက် ဆိုတာ သိလို ့ချန်ပေးခဲ့ပါတယ်။

  • ဒေါသအိုး

    April 6, 2012 at 8:06 pm

    ကိုနေ ဒါလူတွေအကြောင်းကို ရေးစပ်ထားတာပဲ ……. တစ်ကယ်ကိုစိတ်ညစ်စရာကောင်းတဲ့ လူ့လောကပါ …..

  • Gipsy

    April 6, 2012 at 8:46 pm

    လောကီ
    ဘုံဘဝ
    စိတ်ကုန်
    ပါနဲ့ဟ
    သင်္ကြန်ပွဲလေး
    နွှဲပါဦး ဗျ….။

    • နေဝန်းနီ

      April 6, 2012 at 8:59 pm

      ဂျစ်ပစီရေ့…။ သင်္ကြန်ပွဲနွဲတယ်ဆိုတာက အသဲကောင်းတဲ့သူတွေအတွက် ပွဲတောင်းတာပါဗျာ..။ အကျွန့်မှာ အသဲမကောင်းပါသဖြင့် ပွဲမတောင်းရဲတော့ပါကြောင်း ………………………………….. မနေ့က ဗိုက်အောင့်လို့ ဆေးခန်းသွားတော့ ဓါတ်ဖလင်ရိုက်လွှတ်လိုက်တယ်…။ ငနေ့အသဲရောင်နေသတဲ့…။ ဒီနှစ်တော့ မဂလုဖြစ်ဖို့ များပြီ….။

      • windtalker

        April 6, 2012 at 9:16 pm

        အသဲ အတွက်မပူပါနဲ ့ဘိုနီ ရယ် ။
        http://myanmargazette.net/49342/health-fitness
        ကျွန်တော် ရေးခဲ့ဖူးတဲ့ ဆေးအကြောင်းပို ့စ်လေး ပါ ။
        ဘိုနီတစ်ယောက် စင်ပေါ်အမြန်ဆုံး ပြန်တက်နိုင်ဖို ့၊ ကြီးစွာသော အထောက်အကူ ပြုနိုင်ပါတယ် ။
        ၃၀%သော ယုံကြည်မှုလေးဖြင့် စမ်းသပ်ကြည့်ပါခင်ဗျား

  • shwe kyi

    April 7, 2012 at 11:05 pm

    လေပြင်းကဖျက် ဝဲဂယက်နှင့်
    ကွေ့ကောက်မြစ်ကြောင်း
    မတိမ်းစောင်းအောင် သတိဆောင်လော့။
    လှေငယ် သင်္ဘော ဒီမြစ်ကြောဝယ်
    စုန်ဆန် သွားလာ
    ကြည့်သာ ရှောင်လော့။
    သို့မဟုတ်ငြား ဒိုက်ပုံများသည်
    အစိတ်စိတ် သာကွဲလေသတည်း။ 😛

    နောက်တာနော် အားပေးသွားပါတယ်။ ရွှေကြည်လည်းဒိုက်ပုံလိုမြောနေသူပါ။ 🙂

  • TTNU

    April 8, 2012 at 9:36 pm

    ကိုနီရေ..
    တီချာအခုပဲတင်လိုက်တဲ့ Post ကို အမြန်ဖတ်ပါ။

  • ကြောင်ကြီး

    April 9, 2012 at 10:05 am

    ဆက်လက်စီးမျောရင်းနဲ့
    ရက်ဆက်နှီးနှောနေရလို့
    မတ်တတ်ပြီးပြောလိုက်မယ်
    ပက်လက်ကြီးမောဒယ်ဗျို့..။

Leave a Reply