ကော်ဖီနှင့်ရောဂါ

introJune 11, 20101min794
ကမာ္ဘ့လူဦးရေ သန်းပေါင်းများစွာဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြတယ်. . ကော်ဖီနှင့်ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ပြောကြသလို အမျိုးမျိုးလည်း သတ်မှတ်ကြပါတယ်. . တချို့ ကကော်ဖီမှာ ကဖိန်းဓာတ်ပါလို့ အာရုံကြောကို ဒုက္ခရောက်စေတယ်လို့ ဆိုကြတယ်. . .မကြာသေးခင်က ထွက်ရှိခဲ့တဲ့ အစီရင်ခံစာများထဲတွင် ကော်ဖီနှင့်ပက်သက်ပြီး ကောင်းကျိုးတွေပါလာပါတယ်. . ကော်ဖီဟာရောဂါကြီးတွေကိုတောင် သက်သာစေနိုင်တယ်လို့ ပြောတယ်. . စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာစေတယ်လို့ ဖော်ပြခဲ့ပါတယ်. .

နှလုံးကို အားကောင်းစေပါသလား

အရင်ကတော့ ကော်ဖီဟာ နှလုံးကို အားနည်းစေတယ် . . နှလုံးမကောင်းဘူးလို့ ကောက်ချက်ချခဲ့ကြတယ်. . . လွန်ခဲ့တဲ့ အနှစ်၂ဝက ဆိုရင် လေ့လာဆန်းစစ်မှုများကို ဥရောပကလုပ်ကြပြီး ကော်ဖီပြင်းပြင်းသောက်ရင် ကိုလက်စထရော အများကြီးဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်. . . သုတေသီတွေကလည်း အမျိုးမျိုး ဆန်းစစ်ကြည့်ကြပါတယ်. . အဲဒီအခါမှာ ကော်ဖီကို ပုံမှန်သောက်မယ် အလွန်အကျွံ့မဟုတ်ဘဲ အသင့်အတင့် သောက်မယ်ဆိုရင် မိမိရဲ့ သွေးတိုးစေမှုကို အန္တရာယ် မဖြစ်ဘူး . . သွေးတိုးရောဂါလည်း မဖြစ်ဘူးလို့ ဆိုပါတယ် . . ဒါ့အပြင် သွေးခုန်နှုန်း မမှန်တာတွေကို မှန်အောင် အားပေးတယ်. . ကျန်းမာရေး ကောင်းတဲ့ သူတွေဖြစ်အောင် ကော်ဖီကအကျိုးပြုပါတယ်လို့ ဆိုပါတယ် . . ကော်ဖီကြောင့် နှလုံးရောဂါဖြစ်တယ်ဆိုတာ အခုမှဟုတ်တော့ပါဘူးလို့ ဟားဗတ်တက္ကသို်လ်က မိယာစတင်ဖာက ပြောပါတယ်. . ကော်ဖီသောက်တာနဲ့ နှလုံးရောဂါဖြစ်တာ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလည်း သိရှိလာရပါတယ်. . .

ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို ကာကွယ်ပေးခြင်း

ယခုအခါ ကော်ဖီရဲ့ အာနိသင်နဲ့ပတ်သက်ပြီး အသစ်တွေ့ရှိတာက အသက်ကြီးတဲ့ အခါ ဖြစ်တတ်တဲ့ ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို သက်သာပျောက်ကင်းစေသလို မဖြစ်အောင်လည်း ကာကွယ်တယ်လို့ ဆိုပါတယ်…

ကော်ဖီများများသောက်ရင် ကိုယ်ဝန်ပျက်စီးစေသလား

ကနေဒါက ကော်ဖီနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်သူတွေဟာ သားပျက်ကျတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို စစ်ဆေးကြည့်တဲ့အခါ ၃၆% ဟာ တစ်နေ့ကို ကေ်ာဖီနှစ်ခွက်သောက်တဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်. . သူတို့ဟာ ကော်ဖီမသောက်တဲ့ မိန်းမတွေထက်ပိုပြီး အဖြစ်များတာ တွေ့ရတယ်. . . ဒါပေမယ့် အမေရိကန်ပြည်ထောင်စု က လူသားဖွံ့ဖြိုးမှုနှင့် ကလေးကျန်းမာရေး အမျိုးသားဌာနက ဒေါက်တာ မက်ကလေဘာနော့က ဒီအဆိုဟာ မသေချာပါဘူး. ကော်ဖီမသောက်ဘဲနဲ့လည်း သားပျက်ကျတဲ့ မိန်းမတွေ အများကြီးရှိတယ်. . . ကော်ဖီသောက်လို့သားပျက်တယ်ဆိုတာကတော့ အခုအချိန်ထိ အသေအချာ ပြောလို့မရသေးပါဘူး ကော်ဖီကို တစ်နေ့ ၅ခွက်၊ ၆ခွက် အလွန်အကျွံ့သောက်တဲ့ သူတွေကတော့ သားပျက်တာဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်. . .

ကင်ဆာရောဂါဖြစ်နို်င်သလား

၁၉၈ဝ ခုနှစ်ကာလတွေတုန်းကတော့ ကော်ဖီသောက်လို့ရှိရင် ပန်းခရိကင်ဆာဖြစ်နိုင်တယ်လို့ ပြောပါတယ်. . . အဲဒါဟာ တမင်ခြောက်လှန့်တာသက်သက်ပဲ ဖြစ်ပါတယ် ဒါကြောင့်လေ့လာဆန်းစစ်မှုတွေ လုပ်ကြည့်တဲ့ အခါ ကော်ဖီကြောင့် ဖြစ်တယ်ဆိုတာ လက်မခံကြပါဘူး နောက်တစ်ချို့လည်း ဆီးအိမ်ကင်ဆာဟာ ကော်ဖီသောက်လို့လည်းပြောပါတယ်. . . ဒီအချက်ဟာလည်း လေ့လာဆန်းစစ်ကြည့်တဲ့အခါ မမှန်ကန်တာကို တွေ့ရပါတယ်. . တစ်နေ့ကို ကော်ဖီ၁ဝခွက်ကျော် သောက်တဲ့ လူတွေမှာတော့ ကျန်းမာရေး ထိခို်က်စေတာကို တွေ့ရပါတယ် .. . . ဒါပေမယ့် အူမကြီး ကင်ဆာ ဖြစ်တဲ့အခါ ကော်ဖီကြောင့်ဆိုတာကိုတော့ ယနေ့တိုင် မတွေ့ရှိရသေးပါ. . .

အားကစားနှင့်ကော်ဖီ

ကဖိန်းဟာ အမှန်တကယ်တော့ စိတ်ကြွမှုအားကောင်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်. . . နိုင်ငံတကာ အိုလံပစ် ကော်မတီက သွေးထဲမှာ ကဖိန်းဓာတ် ဘယ်လောက်ရှိရမလဲဆိုတာကို ကန့်သတ်ထားပါတယ် . . . ပြိုင်ပွဲများတွင် စိတ်ကြွဆေး သုံးမသုံး သက်ဆို်င်ရာ စမ်းသပ်စစ်ဆေးတဲ့အခါ ကဖိန်းဓာတ် ဘယ်လောက် ပါသလဲဆိုတာလည်း စစ်ပါတယ်. . ကဖိန်းဟာ နိုးကြားပြီး စိတ်ဓာတ်တက်ကြွစေတယ်. . ကော်ဖီကို လိုအပ်တာထက် ပိုသောက်ကြရင် အိပ်မပျော်ဘဲ လန်းဆန်းတက်ကြွနေပါတယ်. . ဒါကြောင့် အားကစားသများတွေကို မူးယစ်ဆေး မသုံးရဆိုတာကြောင့် ကဖိန်းဓာတ် ပါဝင်မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်. .

ကော်ဖီကို သောက်သင့်သလား .

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက ကလေးကို မွေးတဲ့အခါ နို့တိုက်ရမှာဖြစ်တယ်. ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကိုယ် ကော်ဖီ ၂ ခွက်သောက်သင့်ပါတယ်. . ၂ ခွက်ထက်တော့ မပိုသင့်ပါဘူး ကော်ဖီအလွန်အကျွံ့သောက်လို့ ကိုယ်ဝန်ပျက်ကျမှာလည်း ကြည့်ရပါမယ်. . ကော်ဖီ၂ခွက်ပဲသောက်မယ်ဆိုရင် မိခင်ဟာ နို့ထွက်ကောင်းတယ်. . . ကိုယ်ဝန်ဆောင်သည်များ စိတ်ချမ်းသာတာ ၊ နှလုံးခုန်တာကိုလည်း ကော်ဖီကထိန်းပေးပါတယ် . . ဒါကြောင့်ကော်ဖီဟာ နေ့စဉ်ကော်ဖီ၃ ခွက်တော့ သောက်သင့်ပါတယ်. .

ကော်ဖီသောက်တာ ဆိုးကျိုးရှိသလို ကောင်းကျိုးလည်း ရှိနိုင်ပါတယ် . . အလွန်အကျွံ့ မသောက်ဘဲ မျှတအောင်ပဲ သောက်ဖို့ လိုပါတယ်..


သုတေသီတစ်ဦး (ကြုံတွေ့နေကျ ကျန်းမာရေး ပြသာနာများအတွက်)

4 comments

  • kopauk mandalay

    June 11, 2010 at 3:43 pm

    သူတို့ဘဲစမ်းသပ် သူတို့ဘာသာတွေ့ သူတို့ဘာသာအမျိုးမျိုးပြော
    တတ်လဲတတ်နိုင်တဲ့သူတွေပါ။
    1979ခုနှစ်ပါတ်ဝန်းကျင်လောက်က တော့ကော်ဖီသောက်ရင် ကင်ဆာပျောက်တယ်လို့ဆိုတာကြားဘူးခဲ့ပါတယ်။
    ကျနော်ကတော့ အလယ်အလတ်ပဲ အလွန်အကျွံမသောက်ဘူး၊
    သူတို့ပြောချင်ရာပြောတာလဲ မယုံဘူး သေမှာလဲကြောက်တယ်လေ။

  • သတင်းလူသား

    June 11, 2010 at 6:05 pm

    ကော်ဖီဆိုရာမှာ ကော်ဖီစေ့စစ်စစ်ကိုအမှုန့်ပြုလုပ်ထားတဲ့ ကော်ဖီ(အရပ်ခေါ်ကတော့ ကောဖီကြမ်း)က အထက်ကပြောခဲ့တာတွေကို ထောက်ကူပေးချင်ပေးပါလိမ့်မယ်။ ကျွန်တော့်အထင်အရဆိုရင်တော့ ယနေ့ခေတ်မှာ လူအများသောက်သုံးနေကြတဲ့ ကော်ဖီမစ်ဆိုတာတွေကတော့ ဓာတုဗေဒတွေပါဝင်နေပါတယ်။ ရေရှည်ခံဖို့အတွက်လည်း ဓာတုဗေဒဆေးတစ်ခုခုကိုသုံးရမှာဖြစ်ပါတယ်။ အဲလိုကော်ဖီမစ်တွေကို သောက်သုံးနေသူတွေအတွက်ရော အကျိုးအပြစ်ဘာတွေရှိတယ်ဆိုတာပြောပေးနိုင်ရင်ပိုကောင်းပါလိမ့်မယ်။ ဘာလို့လဲဆိုရင် ကျွန်တော်အပါအဝင် လူတော်တော်များများက ယနေ့အချိန်မှာ ကော်ဖီကြမ်းထက် ကော်ဖီမစ်ကို သာပိုမိုသောက်သုံးနေကြတာဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံခြားတိုင်းပြည်တွေက သုံးတဲ့ကော်ဖီဆိုရာမှာ ယနေ့ကျွန်တော်တို့နိုင်ငံမှာ ဈေးကြီးပေးဝယ်သောက်နေရတဲ့ကော်ဖီအမျိုးအစားတွေဖြစ်ပါတယ်။ အဲဒီ့အပိုင်းကို သေချာကွဲပြားစွာရေးသားပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ ပြည်သူအတွက်လည်း ပိုအကျိုးရှိစေမယ်လို့ ထင်ပါတယ်။

  • kai

    June 11, 2010 at 9:55 pm

    နိုင်ငံခြားတိုင်းပြည်တွေဆိုတာမှာ အမေရိကဆိုပါတော့..။
    အမေရိကန်တွေ ကော်ဖီသောက်တာက မြန်မာတွေနဲ့ ဘယ်လိုမှ နှိုင်းလို့မရအောင်ပါပဲ။
    မနက် စတားဘတ်မှာ ကော်ဖီသောက်တဲ့အခါ ဂရမ်ဒေးလို ့ခေါ်တဲ့ကော်ဖီတခွက်ဟာ 12 အောင်စရှိပါတယ်။
    သူတို့အရွယ်တွေ အောက်မှာ တင်ပေးလိုက်ပါတယ်။
    SMALL : Short (8 fl oz)
    MEDIUM : Tall (12 fl oz)
    LARGE : Grande (16 fl oz)
    X-LARGE : Venti (20 fl oz for hot drinks, 24 fl oz for cold beverages)
    ပြင်းတာကလည်း ခါးတူးနေတာပါ။ မြန်မာတော်တော်များများ မသောက်နိုင်တာမို ့ တဝက်သွန်ပြီး နွားနို ့နဲ့ရောသောက်ကြတာပါ။
    မြန်မာ့စံချိန်နဲ့ဆို ရန်ကုန်လက်ဖက်ရည်ဆိုင်က ပုံမှန်ခွက်နဲ့ ၄ခွက်လောက်နဲ့ညီမလားပါပဲ။
    ရုံးရောက်တော့ တော်တော်များများရုံးတွေက ကော်ဖီကို ဒီအတိုင်း ကော်ဖီမိတ်ခါနဲ့ ချပေးထားတာပါ။
    ဆိုတော့..အဲဒါမျိူး တရက်တရက် အနည်းဆုံး ၃-၄ခွက်သောက်နေတာပါ။
    ကျုပ်က မြန်မာပြည်မှာ ကျောင်းသားဘဝက တရက်တရက် လက်ဖက်ရည် ၅ခွက်ကနေ ၉ခွက်အထိ ပုံမှန်သောက်တာပါ။
    ဒီစံချိန်ရှိတဲ့သူတောင် အမေရိကန်စတားဘတ်ကော်ဖီ ဂရမ်ဒေး ၃ခွက်တော်တော်သောက်ယူရပါတယ်။
    သူတို့တွေရဲ့ စံချိန်ဆိုတာ ပြောပြတာပါခင်ဗျား။

    နောက်ပိုင်းတော့ ကော်ဖီအတုတွေ။ ကာဖိန်းထုတ်ထားတာတွေ အရမ်းခေတ်စားလာပါတယ်။ ကော်ဖီဆိုင်တိုင်းလိုလိုမှာလည်း ရောင်းလာပါတယ်။
    စတာဘတ်မှာလည်း ရောင်းလာပါတယ်။
    သဘောက ကော်ဖီဟာ လူနဲ့(အမေရိကန်စတင်းန်းဒတ်နဲ့သောက်ရင်) မတည့်ပါဘူး။
    မြန်မာစကား တန်ဆေးလွန်ဘေး ဆိုတာ ကော်ဖီသောက်သူတွေအတွက် အလွန်မှန်ပါတယ်ခင်ဗျား။

    စကားစပ်လို့ပြောရရင် အမေရိကန်တွေ ကော်ဖီမစ်ကို မသောက်သလောက်ပါခင်ဗျား။
    နက်စ်ကော်ဖီလို ရေနွေးထဲထည့် ပျော်သွားတဲ့ကော်ဖီက ဒုတ်ိယတန်းအဆင့်ပါ။ ဈေးသက်သာပါသေးတယ်။
    သူတို့တကယ်ကြိုက်ပြီးသောက်ကြတာက ကော်ဖီစေ့ကို ကြိတ်ပြီး ရေနွေးထဲထည့်ရင် အစေ့မှုန်တွေကျန်တဲ့ သဘာဝကော်ဖီစစ်စစ်ဖြစ်ပြီး ဈေးလည်းကြီးပါတယ်။ သွားဝယ်ရင် အစေ့အတိုင်းဝယ်လို့ရပြီး တခါတည်း ကြိတ်ပေးခိုင်းပြီး အိမ်ယူပြန်တာမျီုးပါ။
    ကော်ဖီစေ့ရောင်းတဲ့ဆိုင်တွေမှာ ကြိတ်စက်အလကားပေးသုံးထားတာပါခင်ဗျား။
    ထပ်ပြောရရင် မြန်မာပြည်မှာက ပြောင်းပြန်ကြီးဖြစ်နေတာလို ့ထင်တာပါပဲ။

Leave a Reply