အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ(အပိုင်းသုံး)
ဦးအောင်ဇေယျဟာ ၁၇၅၃မှာအင်းဝကိုသိမ်းပြီး ၁၇၅၅နှစ်ဦးမှာ ပြည်ကိုသိမ်းပါတယ်။ ပြည်တိုက်ပွဲအပြီးမှာ အင်္ဂလိပ်တွေက အလောင်းဘုရားထံကို သံတမန်အဆက်အသွယ် စလုပ်ပါတယ်။
ဘယ်သူနိုင်မယ်ဆိုတာသူတို့အနေနဲ့သေချာသွားပါပြီ။
စစ်ပွဲဖြစ်စတုန်းကတော့ ပြင်သစ်တွေက ဟံသာဝတီတပ်တွေဘက်က ကူပြီးအင်္ဂလိပ်တွေက အခြေအနေကို စောင့်ကြည့်ပြီးနေကြပါတယ်။
၁၇၅၅ မေလမှာရန်ကုန်မြို့ကို သိမ်းပါတယ်။ ၁၇၅၆မှာ သံလျှင်နဲ့ဟံသာဝတီကို သိမ်းပါတယ်။
၁၇၅၆မှာပဲ ရှမ်းပြည်နယ်အားလုံးနဲ့ ဇင်းမယ်ကလည်း အလောင်းဘုရားထံမှာ သစ္စာခံပါတယ်။
မြန်မာတွေလက်လွှတ်လိုက်ရတဲ့တနင်္သာရီကိုလည်း ပြန်ရပါတယ်။
ဦးအောင်ဇေယျဟာ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံကတည်းက အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတဲ့ မြန်မာနိုင်ငံတော်ရဲ့နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ။
၁၇၆ဝမှာ အလောင်းမင်းတရားဟာ ယိုးဒယားက ိုချီတက်ပါတယ်။
၁၇၆ဝဧပြီလမှာ အလောင်းဘုရားဟာ အယုဒ္ဓယမြို့ကြီးက ိုဝန်းရံပါတယ်။
ဒါပေမဲ့ဦးအောင်ဇေယျဟာ အယုဒ္ဓယမြို့က ိုအပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ယိုးဒယားတေ ွလက်နက်ချကာနီးဆဲဆဲနာမကျန်းဖြစ်လို့မြန်မာတပ်တွေပြန်ဆုတ်ကြပါတယ်။
သထုံနယ်ကင်းရွာမှာ အလောင်းဘုရား နတ်ရွာစံပါတယ်။ နတ်ရွာမစံခင်မှာ အလောင်းမင်းတရားကသားတော်များလက်ညှိုးတိုရှည်ကဲ့သို့ညီနောင်စဉ်ဆက်ထီးနန်းဆက်ခံရမယ်လို့မှာခဲ့ပါတယ်။
ဒီမှာတမ်းဟာနောက်ပိုင်းကုန်းဘောင်ခေတ်နန်းလုပွဲများဖြစ်လာစေခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ဦးအောင်ဇေယျကတော့သူ့သားတော်၆ပါးစလုံးအပေါ်မှာဖခင်တဦးအနေနဲ့မျှမျှတတဖြစ်စေချင်တယ်ထင်ပါတယ်။
ဦးအောင်ဇေယျကိုနောက်ပိုင်းစာဆိုတွေက”ရဲမက်တော်ခြောက်ကျိပ်ကိုးနဲ့ရန်မျိုးပလိုလိုအောင်၊ကုန်းဘောင်ဆက်မင်း”လို့ဖွဲ့ခဲ့ပါတယ်။
အမှန်က၆၈ယောက်ပါ။ဒါပေမဲ့ကာရန်လှအောင်ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်ဇေယျကိုထည့်ပေါင်းလို့၆၉ယောက်ဖြစ်သွားတာပါ။
ဒီနေရာမှာတခုဝန်ခံချင်ပါတယ်။
ကျနော်ဟာမြန်မာတယောက်ဖြစ်လို့ ဦးအောင်ဇေယျနဲ့သူ့ရဲ့ရဲမက်၆၈ယာက်အကြောင်းကိုရေးတဲ့အခါဂုဏ်ယူစိတ်နဲ့ရေးပါတယ်။
ဒါကြောင့်မို့ကြွားဝါတဲ့လေသံကလေးများပါသွားခဲ့ရင်ဖတ်ရှုသူပညာရှိအပေါင်းကသူလည်းလေလောကီသားပေမို့ကြွားချင်ရှာပေလိမ့်မယ်
ဆိုပြီးနားလည်ပေးပါ။
ဒါပေမဲ့ တကယ့်အဖြစ်မှန်တွေနဲ့လည်းမကင်းကွာအောင်ကြိုးစားပြီးရေးပါတယ်။သူဟာသူများရာဇဝင်မှာ
ဘယ်လိုပဲရေးရေးမြန်မာနိုင်ငံအပေါ်မှာကျေးဇူးများသူပါ။သူနဲ့သူ့ရဲ့ရဲမက်၆၈ယောက်သာမကြိုးစားခဲ့ဘူးဆိုရင်မြန်မာနိုင်ငံမြေပုံလေးဒီနေ့ဒီလိုဖြစ်နေဖို့မလွယ်ပါဘူး။
ဒီနေ့ခေတ်မှာကိုယ့်နိုင်ငံကိုတိုးတတ်အောင်လုပ်ရမှာကိုလက်ခံပါတယ်။ ဒါပေမဲ့အတိတ်ကရွှေထီးဆောင်းတာလေးတွေလည်းအရှိကိုအရှိအတိုင်းဂုဏ်ယူချင်ပါတယ်။
ဘာလို့လည်းဆိုတော့ထိုင်းတွေဆိုမရှိတာတွေတောင်ကြံဖန်ပြီးဂုဏ်ယူကြပါတယ်။စကားစပ်လို့ပြောရရင်ဇန်နဝါရီလ ၁၈ ရက်နေ့ဟာထိုင်းတပ်မတော်နေ့ပါ။
အဲဒီနေ့ကဘယ်လိုဖြစ်လာတာလည်းဆိုတော့ဘုရင့်နောင်နတ်ရွှာစံအပြီးမှာယိုးဒယားကထကြွပုန်ကန်ပါတယ်။
ဒါကြောင့်မြန်မာတပ်တွေသွားရောက်တိုက်ခိုက်ပါတယ်။ အဲဒီမှာ ယိုးဒယားဘုရင်ဗြနရာဇ် (ထိုင်းအခေါ် နရေဆူအန် သို့ မဟုတ်နရဲစွမ်)နဲ့ မြန်မာအိမ်ရှေ့မင်းသားမင်းကြီးစွာ တို့တိုက်တဲ့ ပွဲမှာ မင်းကြီးစွာကျဆုံးပါတယ်။
မြန်မာရာဇဝင်တွေက လည်းလက်ခံပါတယ်။ ဒါပေမဲ့ မြန်မာရာဇဝင်တွေမှာပြထားတာက မင်းကြီးစွာ စီးတဲ့ဆင်ဟာ စစ်မြေပြင်မှာ မုန်ယိုနေလို့ မထိန်းနိုင် ဖြစ်နေတုန်းမှာယိုးဒယားဘက်က ပစ်လိုက်တဲ့ ကျည်သင့်ပြီး ကျဆုံးတာပါ။ယိုးဒယားဘက်ကတော့ အတော်လေး ကြွားကြွားဝါဝါရေး ထားပါတယ်။နရေဆူအန် က မင်းကြီးစွာကို နောင်တော် မင်းနဲ့ငါဟာ ဟံသာဝတီ နန်းတော်မှာ စစ်ပညာ အတူသင်ခဲ့တာပဲ။မင်းဆင်မုန်ယိုနေလို့ ထိန်းလို့မရဘူးဆိုရင် မြင်းချင်းယှဉ်ရအောင် ဆင်းခဲ့ပါလား လို့ဆိုလို့ မင်းကြီးစွာကဆင်ပေါ်ကနေ မြင်းပေါ်ကိုဆင်းသွားပါသတဲ့။စီးချင်းထိုး တဲ့အခါ နရေဆူအန် ရဲ့ဓားချက်ပြင်းလွန်းလို့ မင်းကြီးစွာကိုယ်ဟာထက်ပိုင်း ပြတ်မတတ်ဖြစ်ခဲ့ ပါသတဲ့။ သူတို့က အဲဒီလိုရေးရုံမက ဒီဘက်ခေတ်မှာ နည်းပညာကောင်းကောင်းနဲ့ ရုပ်ရှင်ရိုက် ပြီးပြသပါသေးတယ်။
ဒါကြောင့် တယောက်တမျိုးစီဖြစ်နေလို့ တတိယလူ သို့မဟုတ် third party ကရေးထား တဲ့ သမိုင်းတွေကို ပြန်ကြည့်ပါတယ်။ဘာလို့လည်းဆိုတော့ သမိုင်းမှာ third party ရဲ့အမြင်ဟာ အရေးကြီး ပါတယ်။သူက ၂ ဘက်စလုံး နဲ့ လွတ်နေတော့ သူ့အမြင်ဟာ အမှန်နဲ့ ပိုပြီး နီးစပ်နိုင်ပါတယ်။အဲဒီခေတ်တုန်းက ယိုးဒယားဘက်ရော မြန်မာဘက်ပါ ပေါ်တူဂီ ပြင်သစ်စတဲ့ ကြေးစားစစ်သား အချို့ကို သုံးနေပါပြီ။သာသနာပြုအချို့လည်း အဝင်အထွက် ရှိနေပါပြီ။ ပေါ်တူဂီ မှတ်တမ်းတွေကလည်း မြန်မာတွေလိုပဲ ဆင်ဦးမှာ ကျည်သင့်ပြီး ဆုံးပါတယ်လို့ ရေးပါတယ်။ ဒီအကြောင်းကတော့ ဦးအောင်ဇေယျ နဲ့ မဆိုင်ပါဘူး။ ဆိုလိုချင်တာကတော့ သူတို့ သမိုင်းတွေဟာ လည်းမှိူင်းတိုက်လို့ရအောင် ပုံဖျက်ထားပါတယ်။ သူတို့နဲ့စာရင် မြန်မာ့သမိုင်း ကမှ အကုန်မမှန်ဘူးဆိုပေမဲ့ တော်တော်များများမှာ ကြားလူတွေရဲ့ မှတ်တမ်းတွေနဲ့ မကွာတာတွေ့ ရပါတယ်။
နောက်ပြီး အယုဒ္ဓယ ကို မြန်မာတွေဖျက်ဆီး သွားပါတယ်ဆိုပြီး သူတို့လက်ညှိုးထိုးနေတာ တွေလည်း အကုန်လုံးမမှန်ပါဘူး။ ဦးအောင်ဇေယျဟာ အယုဒ္ဓယကို မသိမ်းပိုက်နိုင်ပါဘူး။ အယုဒ္ဓယကို မြန်မာတွေ သိမ်းပိုက်ခဲ့တာ သားတော် ဆင်ဖြူရှင်မြေဒူးမင်း လက်ထက်မှာပါ။ မြန်မာရာဇဝင်တွေ အဆိုအရ မြန်မာစစ်သည်များ ဝင်လာရာမှာ ယိုးဒယားဘုရင် ကိုကျည်သင့် ပြီး ကျဆုံးနေတာ တွေ့ရပါတယ်။ ထိုင်းရာဇဝင်တွေ အဆိုအရ ဘုရင်ဟာ ပုန်းအောင်းနေတုန်း မှာအစာရေစာပြတ်ပြီး သေဆုံးသွားမှ မြန်မာစစ်သည်တွေက တွေ့ခဲ့ကြပါတယ်။
ဒါကြောင့် မြန်မာတပ်မှူးတွေက ကြီးမှူးပြီး ဘုရင့်အလောင်းကို ထီးဖြူအုပ်မိုးပြီး ဘုရင်တပါးကို သဂြိုလ်ရတဲ့ အဆင့်အတန်း နဲ့အညီ သဂြိုလ်ပေးခဲ့ပါတယ်။ သူတို့ပြောသလို မြန်မာတွေ ရိုင်းစိုင်းရက်စက်တယ် ဆိုရင် ရန်သူဘုရင်ကို လည်းရပြီ။ သူဟာလည်း အသက်မရှိတော့ဘူး။ မြို့ကြီးတခုလုံး ဟာလည်း ကိုယ့်လက်ထဲမှာပါ။ ဘာအကြောင်းနဲ့မှ သူ့ကို ဂုဏ်သိက္ခာနဲ့ အညီ မြန်မာစစ်သည်တွေက သဂြိုလ်ပေးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အယုဒ္ဓယကို ဆင်ဖြူရှင်မြေဒူးမင်း အမိန့်အရ မြန်မာစစ်သည်တွေ ဖျက်ဆီးခဲ့တယ် ဆိုတာ မှန်ပါတယ်။ မငြင်းပါဘူး။ ဒါပေမဲ့ သူတို့ပြောသလို ပျက်စီးသွားသမျှ အကုန်လုံးဟာ မြန်မာတွေ ကြောင့်ချည်းပဲ ဆိုတာမမှန်ပါဘူး။ မြန်မာနိုင်ငံက ပင်းယ၊ အင်းဝအစရှိတဲ့ မြို့တော်ဟောင်း ကြီးတွေဟာလည်း မြို့ဟောင်းကြီးတွေ ဖြစ်ပါတယ်။ မြို့ကြီးတွေ ရဲ့သဘောအရ နေထိုင်မယ့်လူ မရှိတဲ့ အခါ ထိန်းသိမ်းစောင့်ရှောက်သူ မရှိတဲ့အခါ မြို့ပျက်ကြီးတွေဘဝ ကိုအလိုလို ရောက်သွားပါတယ်။ နောက်ပြီး ယိုးဒယားတွေ ဗန်ကောက်မြို့တော်ကို တည်ပြီး ပြောင်းရွှေ့ရာမှာ လည်း အယုဒ္ဓယက ကောင်းနိုးရာရာပစ္စည်းတွေကို ဖျက်ဆီးယူငင်သွားပါသေးတယ်။ ဒါတွေကို သူတို့က မပြင်ဆင်ပဲနဲ့ ပိုပြီးဟောင်းနွမ်းပျက်စီး လာအောင် ရည်ရွယ်ချက်နဲ့ ပစ်ထားပြီးတော့ နောင်လာနောက်သားတွေကို ပြပြီး အားလုံးကို မြန်မာတွေကြောင့် ဆိုပြီး မြန်မာတွေအပေါ် ပုံချလိုက်တာ ဖြစ်ပါတယ်။
အားလုံးကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
31 comments
ကိုရင်မောင်
April 7, 2012 at 8:39 pm
ခုလိုပြန်လည်ချေပသွားတာအတော်ကောင်းပါတယ်
ယိုးဒယားနိုင်ငံမှာလဲအမျိုးသားရေးစိတ်ဓါတ်မြှင့်တင်ဘို့က
ဒီဇာတ်လမ်းတခုဘဲရှိတာကို…
ကျနော်တို့နိုင်ငံလို ဂျပန်တော်လှန်ရေးတို့အင်္ဂလိပ်တော်လှန်ရေးတို့မှာမရှိတာ…
aye.kk
April 7, 2012 at 8:45 pm
အလောင်းမင်းတရားကြီးဦးအောင်ဇေယျအကြောင်း..
ကိုဖတ်ရှူမှတ်သားလိုက်ရတာမို ့..
ကျေးဇူးအရမ်းတင်ပါသည်။။
ဦးဦးပါလေရာ
April 7, 2012 at 10:03 pm
တကယ်တော့ သမိုင်းအမှန်နဲ့ နီးစပ်အောင် ခြေရာကောက်လို့ ရနိုင်ပါတယ်။ နေရာဒေသအသီးသီးက မှတ်တမ်းအမျိုးမျိုး ကို တိုက်ဆိုင်းညှိနှိုင်းကြည့်ပြီးတော့ပေါ့ …။
တနေ့မှာ စွမ်းတဲ့ တယောက်ယောက် လုပ်ပါစေလို့ ဆုတောင်းမိပါတယ်။
Foreign Resident
April 8, 2012 at 5:59 am
” ဦးအောင်ဇေယျဟာ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံကတည်းက
အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတဲ့ မြန်မာနိုင်ငံတော်ရဲ့နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ ။
၁၇၆ဝ မှာ အလောင်းမင်းတရားဟာ ယိုးဒယားက ိုချီတက်ပါတယ် ”
ကို San Hla Gyi ရေ
ကျွန်တော့် အမြင်ကပဲ သိပ်ရိုးရှင်းနေလို့လားတော့ မသိဘူး ။
ကျွန်တော် ကတော့ အဲဒါကို
အောင်ဇေယျ သူ့ကိုယ်ကျိုးစီပွား နှင့် ဂုဏ် အတွက် နယ်ချဲ့တယ်
တနည်း မြန်မာတွေ သူတို့ကိုယ်ကျိုးစီပွားအတွက်
တခြားလူမျိုးတွေဒေသကို ကျူးကျော်စော်ကားတယ် လို့ပဲ မြင်ပါတယ် ။
မုဆိုးဘိုကလူက မုဆိုးဘိုပတ်ချာလည်မှာနေတာ စိုးမိုးတာ
ဘာပြသနာမှ မရှိပါဘူး ။
ဒါပေမယ့် မုဆိုးဘိုကလူက တနင်္သာရီ ယိုးဒယား ရောက်လာရင်
ဒါ ကိုလိုနီ ဂုတ်သွေးစုတ် နယ်ချဲ့ ကျူးကျော်တာပါ ။
အင်္ဂလိပ်တွေ ၊ ဖက်စစ် ဂျပန်တွေ နှင့် သိပ်မထူး လှပါဘူး ။
နဲနဲ နီးတာ နှင့် နဲနဲ လှမ်းတာပဲ ကွာပါတယ် ။
ကဲ ထားပါ survival အတွက် ၊ သဘာဝအရ လုပ်ရပါတယ် ဆိုရင်လည်း ၊
ကိုယ်မနိုင်တဲ့ ရှုံးလိုက်တဲ့ အင်္ဂလိပ် နှင့် ဂျပန် ကိုတော့ မြန်မာ့ သမိုင်းမှာ
နယ်ချဲ့ ကျူးကျော် ကျွန်ပြုသူ သူယုတ်မာ ကြီး အနေနှင့် ပုံဖေါ်ပြီး ။
ကိုယ်တွေက တခြားလူမျိုးတွေရဲ့ ဒေသကို နယ်ချဲ့တဲ့ အခါကျတော့
” အဖ နိုင်ငံတော်ကြီးရဲ့ နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ ”
ဆိုတဲ့ အသုံးအနှုန်းကတော့ ၊ ဘယ်လိုမှကို လူကြီးလူကောင်း မဆန်ပါဘူးဗျာ ။
မြန်မာ နိုင်ငံသားတွေရဲ့ မျက်လုံးမှာ ငါမှ ငါသာ ဆိုတဲ့
တိမ်သလ္လာ တွေဖုံးအုပ်နေသေးတဲ့ သဘောပါပဲ ။
By the way,
ဒီစကားကို ကျနော် တရုတ်တစ်ယောက် အနေနှင့် ပြောတာ မဟုတ်ပါဘူး ။
ကျနော့်ရဲ့ ကိုယ်ထဲမှာစီးဆင်းနေတဲ့ ၊ ကျနော့် အဖွား တိုင်းရင်းသူ မွန်မကြီး ရဲ့ ၊
မွန်သွေးသား တစ်ဦး အနေနှင့် ပြောတာပါ ။
သမိုင်း ရာဇဝင်ဟာ ကျနော် ကျွမ်းကျင်တဲ့ Field မဟုတ်ပါဘူး ။
စာဖတ်သူ တစ်ယောက် ရဲ့ ရိုးရိုးသားသား အမြင်လေးတစ်ခုပါ ။
ဒါပေမယ့် ဆက်ရေးပါဗျ ။ ဖတ်လို့ကောင်းပါတယ် ။
ရွာထဲမှာ ရှားရှားပါးပါး သမိုင်း သုသေတီဆိုလို့ ခင်ဗျား တစ်ယောက်ပဲ ရှိတာ ။
အားပေးပါတယ် ။
San Hla Gyi
April 8, 2012 at 9:17 pm
အဲ အဲ အခုလို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျနော်က ဦးအောင်ဇေယျ ဟာမြန်မာနိုင်ငံတော်ရဲ့ နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ ဆိုတာက တနသာင်္ရီအထိပဲ ပြောတာပါ။ အဲဒီလို ပြောပြီးမှ ယိုးဒယားကို တိုက်တာကို အကြောင်းအရာတခု အနေနဲ့ ဖော်ပြခဲ့ တာပါ။ ဘာလို့လဲဆိုတော့ တနသာင်္ရီဟာ ပုဂံခေတ်ကတည်းက မြန်မာပိုင်ပါ။ ဒုတိယ မြန်မာနိုင်ငံတော် အပျက်မှာမှ ယိုးဒယား လက်ထဲပါသွားတာပါ။ ဒါကြောင့် ဒီလိုပြောခြင်းပါ။ ၁၇၆ဝ မှာ အလောင်းမင်းတရား ယိုးဒယားကို ချီတက်တာကတော့ ခင်ဗျားပြောသလို နယ်ချဲ့မှုပါ။ သူဟာလည်း ဘုရင်ပီပီ သူ့ဘုန်းလက်ရုံးကို ပြချင်ပါတယ်။ ကျနော်ကလည်း ဒါကို တရားမျှတတဲ့ လုပ်ရပ်လို့ မရေးခဲ့ပါဘူး။ ဆောင်းပါးကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ကျနော်က ဒါကို အချက်အလက် တခုအနေနဲ့ ဖော်ပြခဲ့တာပါ။ နောက်ပြီး ကျနော်တို့ခေတ်အနေနဲ့ ကြည့်ရင် ကျုးကျော်မှု ဖြစ်ပေမဲ့ သုူတို့ခေတ်ကတော့ အဲဒီလို ယူဆရဲ့လားလို့ စဉ်းစားမိပါတယ်။ ဘာလို့လဲ ဆိုတော့ ဘုရင့်နောင်ရော ဦးအောင်ဇေယျရော ဆင်ဖြူရှင်မြေဒူးမင်းပါ ယိုးဒယားကို ချီတတ်တဲ့ လမ်းတလျှောက်မှာ သူတို့မြို့တွေကပဲ စိတ်ချလက်ချ စစ်သည်အင်အား စုဆောင်းသွား ပါတယ်။ နောက်ပြီး အင်္ဂလိပ်နဲ့ဂျပန်ကို နယ်ချဲ့ကျုးကျော်ကျွန်ပြုသူ သူယုတ်မာကြီး တွေအနေနဲ့ ပုံဖော်တာ ကတော့ ကျောင်းသုံးစာအုပ်တွေထဲမှာပါ။ ဒါတောင် ကျနော်ကတော့ ယိုးဒယားက မြန်မာကို လူယုတ်မာတွေအဖြစ် ပုံဖော်တာလောက်တော့ မလွန်ကဲသေးဘူးလို့ ထင်ပါတယ်။ ဒီနေ့ခေတ် အထိ ကျနော်တို့မြန်မာတွေထဲမှာလည်း အင်္ဂလိပ် ဂျပန်ဆိုပြီး အမြဲတမ်း ပြောပြောပြီး မုန်းနေတဲ့ မြန်မာမရှိဘူး လို့ထင်ပါတယ်။ (ကျနော့်အထင် ဖြစ်ပါတယ်။)
ကျနော်တို့ မြန်မာတွေဟာ မေ့လွယ်ပျောက်လွယ် တွေပါ။ တိုင်းရင်းသား တယောက်အနေနဲ့ ပြောတာ ဆိုတော့လည်း ပြောရခက်ပါတယ်။ တခါတုန်းက သခင်ယေရှုထံကို လူတွေက ပြည့်တန်ဆာမ တယောက်ကို ဖမ်းခေါ်လာပါတယ်။ သူ့မှာ အပြစ်တွေရှိလို့ ခဲနဲ့ပေါက်သတ် မယ်လို့ပြောတော့ သင်တို့ထဲမှာ အပြစ်မရှိဘူး လို့ကိုုယ့်ကိုကိုယ် ယုံကြည်သူ ခဲနဲ့ပေါက်နိုင်တယ် ဆိုတော့ တယောက်မှ မပေါက်နိုင်ပါဘူးတဲ့။ ဥပမာ ပေးတာပါ။ ဒါဆိုရင် တိုင်းရင်းသားတွေကရော ?။ တကယ်ပဲ မရက်စက်ခဲ့ဘူးလား ?။ အင်းဝကို အရင်ဆုံး ဖျက်ဆီးခဲ့တာ ဟံသာဝတီတပ်တွေပါ။ မြန်မာတွေကို တလိုင်းဆံပင် မဖြတ်လို့ဆိုပြီး ဓားနဲ့ခုတ်သတ်ပါတယ်ဆိုပြီး ရာဇဝင်တွေမှာ စွပ်စွဲခဲ့တာတွေရော ?။ အင်းဝမင်းနဲ့ အခြွေအရံတွေကို ဟံသာဝတီမှာ ရေချကွပ်မျက် ခဲ့တာရော ?။ အလောင်းမင်းတရားရဲ့သူရဲကောင်း အာကာရွှေတောင်ကို ဟံသာဝတီတပ်တွေက အရှင်လတ်လတ် မြေမြှုပ်သတ်ခဲ့တာကော ?။ ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သလိုဖြစ်နေတာမို့ ပေါင်တွေလဲ နာလှပါပြီ။ သူကြီးပေးတဲ့ Link ထဲကဟံသာဝတီရဲ့ နောက်ဆုံးနေ့များ ကိုဖတ်ပြီးကတဲက ဒါတွေကို ရေးချင်ခဲ့ တာပါ။ ဒါပေမယ့် အဲဒီတုန်းက မြန်မာစာ မရိုက်နိုင်သေးသလို ရေးစလည်း မရှိသေးလို့ပါ။ သူကြီးပေးတဲ့ ဆောင်းပါးလေးထဲမှာလည်း တော်တော်များများ ရင့်သီးတာလေးတွေ တွေ့လို့ နောက်မှ ဆက်ရေးပါမယ်။ ကွန်မန့်နဲ့ မလောက်တော့လို့ပါ။ ပေါင်ကတော့ ကျိန်းနေပါပြီ။
Foreign Resident
April 9, 2012 at 6:37 pm
ကို San Hla Gyi ရေ
ကျနော်ရဲ့ စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )
ဆိုတဲ့ Post မှာ နဲနဲ တို့ထိထားတယ်နော် ။
အားပေးပါအုန်း ။
San Hla Gyi
April 9, 2012 at 10:34 pm
အင်းစဉ်းစားပြီးပါပြီ။ ပြောစရာတွေလည်း ရှိပါတယ်။ တချက်ချင်း ပြန်ရေးရမှာမို့ စာစီနေလို့ပါ။ စကားလုံးတွေမှာ မသင့်တဲ့ အသုံးအနှုုန်းတွေ ပါသွားမှာ စိုးလို့ပါ။
kai
April 8, 2012 at 6:36 am
=
=
ဘယ်သူတွေ အစွန်းရောက် သလဲ
ဗမာအုပ်ချုပ်သူအာဏာပိုင်များသာ မဟုတ် ဗမာလူမျိုးတိုင်းလိုလိုက ဗမာမဟုတ်သော လူမျိုးများက သူတို့အမျိုးသားရေး၊သူတို့ယဉ်ကျေးမှု၊သူတို့သမိုင်းများကို အချင်းချင်းဆွေးနွေးပြောကြသည်ဆိုလျှင်ပင် အများအားဖြင့် ဗမာများက ခေါင်းစဉ်တပ်သုးံနှုုန်းလေ့ရှိသော စကားတစ်ခုမှာက လူမျိုးရေးအမြင်ကျဉ်းသည်ဟူသော စကားတစ်ခုပင်ဖြစ်ပါသည်။
ကဲ….အဲဒီစကားကိုပဲ ကျွန်တော်က ထောက်ပြပြီး ဖြေရှင်း လိုပါသည်။ဗမာလူမျိုးတစ်မျိုးတည်းသာ မဟုတ် နောက်လူမျိုးကြီးများဖြစ်ကြသည့် ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊မွန်၊ကယား၊ချင်း လူမျိုးတွေလည်း ကိုယ်ပြည် ကိုယ်မြေ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေလာခဲ့ကြတာပဲမဟုတ်ဘူး။၁၇၈၄ ခုနှစ်ထိ ဒီဇင်ဘာ၃၁ ရခိုင်သက္ကရာဇ် ၁၇၈၄ ပြာသိုလပြည့်ကျော်(၇)ရက် စနေနေ့ တွင် ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်းသားတော် အိမ်ရှေ့မင်းသားဥပရာဇာ လာမတိုက်ခင်အထိ ကိုယ့်ထီးကိုယ်နန်း ဖြင့် နေထိုင်လာခဲ့သည်မှာ လွန်ခဲ့သော ဘီစီ သက္ကရာဇ် ၃၃၂၅ ခုနှစ်မှပင် ဖြစ်သည်။
၎င်းရခိုင်ပြည် ဗမာ့အုပ်ချုပ်သူနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့စဉ်မှစ၍ ဗမာနယ်ချဲ့တွေကို တော်လှန်လာတာ အခုချိန်ထိပင်ဖြစ်သည်ဆိုပါက လွန်အံ့ဖြစ်မထင်ပါ။ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများမှ တစ်ခုကို ထောက်ပြရလျှင်ပင် အခုလက်ရှိ ဗမာအစိုးရ၏ ဖိတ်ခေါ်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိနေသော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)ပင်ဖြစ်သည်။ဒီရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်အား ရခိုင်ပြည်သူလူထုတွေရဲ့ အားပေးမှုကိုကြည့်လိုက်ရုံနဲ့ ရခိုင်လူမျိုးတွေဟာ ဗမာ့အုပ်ချုပ်မှုကို မခံယူလိုမှု။ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးလိုမှု၊ရခိုင်ပြည်ကို ရခိုင်လူမျိုးတို့ကသာ အုပ်ချုပ်စေလိုမှု ရှိနေခြင်းက ပေါ်လွင်ထင်ရှားနေပါသည်။
ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း စစ်ကြေငြာခြင်းမရှိပဲ အလစ်ဝင်တိုက်ခိုက်ပြီး ရခိုင်ထီးနန်းကို မတရားသဖြင့် သိမ်းပိုက်လိုက်ခြင်းမှစ၍ ဗမာ့အုပ်ချုပ်သူတို့၏ ပြုသမျှ နုသမျှ ခံလာရသည်မှာ အခုချိန်ထိပင်ဖြစ်သည်။၁၈၂၄ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုးံ အင်္ဂလိပ်တို့လက်အောက်ကျရောက်ခဲ့သည့်အချိန်ရောက်မှ ဗမာလူမျိုးတို့သည် အင်္ဂလိပ် တို့၏ ညှင်းပန်းနှိပ်စက်မှုဒဏ်၊ဂျပန်တို့၏ ရက်စက်မှုဒဏ်များကိုခံဖူးမှ သူတစ်ပါးအုပ်ချူပ်မှုကို မခံယူလိုသော စိတ်ဓာတ်၊ကျွန်ပြုခံရခြင်း၏ ဆိုးကျိုးများကို နားလည်သဘောပေါက်လာကြသည်။၎င်းမှစ၍ အုပ်ချုပ်သူ အင်္ဂလိပ်၊ဂျပန်တို့ကို တန်ပြန်တော်လှန်လာခဲ့ကြသည်။ဗမာတွေ အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာ ဘာကြောင့်မနေလိုသလဲ မနေချင်ကြသလဲလို့ မေးစရာ ရှိလာပါသည်။အင်္ဂလိပ်စစ်ဗိုလ်တို့က ဗမာဘုန်းကြီးကျောင်းလောက်ကို ဖိနပ်စီးပြီးတက်ရုံလောက်ကို ဒေါသတစ်ဆတ်ဆတ်ထွက်ပြီး ဒီမိစာ္ဆကောင်တွေ လူလိုမသိဘူး။ငါတို့ကိုးကွယ်သော ဘာသာကိုမှ အားမနာ စော်စော်ကားကား ဆိုပြီး ဒေါသူပုန်ထကြသည်မှာ အခုခေတ်ပြသနေသော ဗွီဒီယို ရုပ်ရှင်ကားများကပင် သက်သေခံလျက် ရှိနေပါသည်။နယ်ချဲ့အင်္ဂလိပ်တွေ၊ဖက်ဆစ်ဂျပန်တွေဆိုပြီး အင်မတန်ရိုင်းစိုင်းသော အသုးံအနှုန်းတွေနဲ့ ဆဲဆိုနေကြတာတွေ တစ်ချိန်က အုပ်ချုပ်ခဲ့မှုကို ဗမာအမျိုးသားများ အမှတ်ရအောင် ပညာပေးပြသနေတာတွေဟာလည်း မကြားချင်မှ အဆုးံပါ။
ဗမာလူမျိုးတွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေဖြစ်နေပါလျက်နဲ့ ရခိုင်တို့၏ ကိုးကွယ်ရာ တန်ဖိုးထားရာ ဗုဒ္ဓဆင်းတုတော်တွေ စေတီတွေကို ဘာဖြစ်လို့များ ရန်ကုန်-စစ်တွေ ရထားလမ်းအကြောင်းပြပြီး ဘာကြောင့်များ ဖြိုဖျက်ခဲ့ပါသလဲ။ဘုန်းကြီးကျောင်းကို ဖိနပ်စီးတက်ရုံလောက်ကို ဒေါသထွက်နေသည်ဆိုပါလျှင် ရခိုင်တို့၏ သာသနာအစစ်ဖြစ်သော ဘုရားရုပ်ပွားတော်တွေကို ဖျက်စီးနေခြင်းအပေါ် ရခိုင်လူမျိုးတို့က ဘယ်လိုစကားမျိုးနဲ့ ခိုင်းနှိုင်းသုးံနှုန်းသင့်ပါသလဲ။ဗမာအင်္ဂလိပ်လက်အောက် ဂျပန်လက်အောက်ကို မြန်မာနိုင်ငံမကျရောက်ခင်ကတည်းက ရခိုင်ပြည်ကို ဗမာတွေ မတရားသိမ်းပိုက်အုပ်ချုပ်နေခဲ့တာ အရင်ဦးဆုးံပါ။အဲဒီတုန်းက ရခိုင်ပြည်ပိုင်နက် နယ်မြေဟာ အရှေ့ဘက်မှာဆိုလျှင် နတ်မြစ်ဝမှသည် မော်တင်စွန်းအထိ ပိုင်ပါသည်။အနောက်ဘက်ဆိုလျှင် အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယခင်(ဘင်္ဂါဆယ်နှစ်မြို့)ထိ ပိုင်ပါသည်။ဘင်္ဂါဆယ်နှစ်မြို့ကိုအမည်အလိုက်ပြရသော် မောက်သူဇာ၊ဒက္ကာ၊ဂန်ဒီလာ၊သီလတ်၊ပဋိက္ကရာ
၊ဂင်္ဂါသာရ၊စစ်တကောင်း၊ပလ္လင်၊ကံသာ၊တိလိဂါ၊ဘရီဆာရ်၊ရောင်ပုန် တို့ဖြစ်ပါသည်။
နိုင်ငံအလိုက် ချီ၍မပြောလိုတော့ပါ။လူတစ်ဦးတစ်ယောက်ဆီမှာ ခြံမြေတစ်ကွက်ဖြစ်စေ၊ပစွည်းတစ်ခု အပ်ထားသည်ဖြစ်စေ၊မတရားသဖြင့် သိမ်းယူထားသည့်အခါဖြစ်စေ ပိုင်ရှင်ကို ပြန်ပေးရမည့်အခါ ယင်းပိုင်ဆိုင်သည့်
အဖိုးအခအတိုင်း နဂိုကသိမ်းယူထားခဲ့သည့်အတိုင်း ပြန်ပေးရမှာ သိမ်းယူထားသည့်သူရဲ့ ရှောင်လွဲလို့မရသည့်တာဝန်ပင်ဖြစ်သည်။
အဲဒီအတိုင်းပဲ ရခိုင်ပြည်ကို ဗမာဘုရင်မတရားသိမ်းပိုက်ခဲ့တုန်းက ယူခဲ့သည့်နယ်နိမိတ် ပိုင်နက်အတိုင်း ပြန်ပေးရမှာ ဗမာလူမျိုးတွေမှာ တာဝန်အပြည့်ရှိပါတယ်။အင်္ဂလိပ်လက်အောက်မှာ သူ့ကျွန်မခံလိုသည့်စိတ်ဓာတ်ဖြင့် တော်လှန်ခဲ့ကြသည်မှာ ဗမာလူမျိုးတစ်မျိုးမဟုတ်သလို ဗမာတစ်မျိုးသားလုးံ အဖေ အဖေလို့တင်စားခေါ်ဝေါ်နေသော ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းလဲ မဟုတ်ပါ။ဗိုလ်ချုပ်အောင်ဆန်း တော်လှန်ရေးလုပ်ခဲ့သည်မှာ ဗမာလူမျိုးတစ်မျိုးတည်းကိုသာ ကိုယ်စားပြုသည်။
ဆရာတော်ဦးဥတ္တမက အမျိုးသားရေးတရားဟောပြောပြီး အမျိုးဂုဏ်၊ဇာတိဂုဏ်ကို မြင့်တင်ပေးခဲ့တာ ရခိုင်လူမျိုးတစ်မျိုးတည်းသာ မဟုတ်။မြန်မာတစ်မျိုးသားလုးံကို ကိုယ်စားပြုခဲ့ပါသည်။အင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ အင်္ဂလိပ်အရာရှိပေါက်စလေးများကိုပင် ကြောက်နေရသော မြန်မာပြည်သူများအဖို့ ဆရာတော်ဦးဥတ္တမက အင်္ဂလိပ်ဘုရင်ခံချုပ်ကိုတောင် ကရပ်ဒေါက် Get Out မင်းမြန်မာပြည်က ထွက်သွားလို့ ဆိုပြီး မောင်းထုတ်ခဲ့တာ အသျှင်ဦးဥတ္တမတစ်ဦးကလွဲ၍ အခြားသူရှိမည်မထင်ပါ။ကိုလိုနီခေတ်ကာလ ဘယ်သူက ပိုလုပ်ခဲ့တယ် ဘယ်လူမျိုးက ပိုလုပ်ခဲ့တယ်လို့ မပြောလိုတော့ပါ။
ပင်လုံစာချုပ်သည် အဘယ်ကြောင့်ပေါ်ပေါက်လာရပါသနည်း။ပင်လုံစာချုပ်ပေါ်တွင် ဘယ်သူတွေက လက်မှတ်ထိုးခဲ့ပါသနည်း။ဦးအောင်ဆန်းတစ်ဦးတည်း လက်မှတ်ထိုးပြီး အင်္ဂလိပ်တွေဆီက မြန်မာလွှတ်လပ်ရေးကို ရယူခဲ့တာ ဟုတ်ပါသလော။ဗမာတစ်ကျပ်၊ရခိုင်တစ်ကျပ်၊ကရင်တစ်ကျပ်၊ရှမ်းတစ်ကျပ်၊ကချင်တစ်ကျပ် စကားလုးံလေးများကို လှလှပပသုးံပြီး ဘယ်သူတွေက စည်းရုးံခဲ့ပါသနည်း။ဘယ်သူတွေက လှည့်စားသွားပါသနည်း။
ခေါင်းဆောင်တစ်ဦးဟူသည် နောက်လိုက်နောက်ပါ အများကြီးရှိလို့ ပြောစကား အမှာစကားများကို တစ်သေမတိမ်းလိုက်နာမည့်သူများလို့ ခေါင်းဆောင်ဆိုတာ ဖြစ်လာတာပါ။ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာလူမျိုးတို့၏ အမျိုးသားခေါင်းဆောင်ဖြစ်သည်ဆိုသည်မှာ ယနေ့ဒီမိုကရေစီလို့ဖော်ကြူးပြောဆိုနေသော မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗမာ့တပ်မတော်နေ့တွင် အတိအလင်းမိန့်ခွန်းပြောကြားခဲ့သည်ကို သိရှိကြမည်ဟု ထင်ပါသည်။ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခဲ့သော ဗမာ့ကာကွယ်ရေးတပ်မတော် (B.I.A)မှသည် နေဝင်း၊နေဝင်းမှသည် သန်းရွှေ လက်ထက်ထိ တိုင်အောင် သူတို့အုပ်ချုပ်ခဲ့သည့်အချိန်ကာလတစ်လျှောက်မှာ ဗမာ့တပ်မတော်ကို နိုင်ငံတကာအဆင့်မီတပ်မတော်တစ်ခုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်ဟု ပါရှိသည်။ဒီလောက်တောင် ခေါင်းဆောင်ပြောစကားကို လေးစားလိုက်နာတတ်တဲ့ပုဂ္ဂိုလ်တွေက ဗမာတစ်မျိုးသားလုးံ၏ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပြောစကားကို ဘာအကြောင်းကြောင့် နားမထောင်ကြပါသနည်း။ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သော စာချုပ်ချုပ်ဆိုကတိပေးခဲ့သော ဗမာတစ်ကျပ်၊ရှမ်းတစ်ကျပ်၊ရခိုင်တစ်ကျပ်၊ကရင်တစ်ကျပ် သဘောတူညီချက်တွေကို် ဘယ်နေရာကိုများ ဝေးပစ်ကြပါသနည်း။ဦးအောင်ဆန်းကများ ဒီလိုမျိုး ရိုးသားပြီး ကတိတည်သော တိုင်းရင်းသားများကို လှည့်စားကာ စစ်အာဏာသိမ်းပြီး ဗမာမဟုတ်သော လူမျိုးများကို ကျွန်အဖြစ်ဆက်လက်ထားရန် မှာကြားခဲ့လေသလော။လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျစိုးမိုး မတော်မတရားပြုလုပ်ရန် မှာကြားခဲ့လေသလောဟု သံသယဖြစ်နေပါသည်ဟု ပြောက လွန်မည်မထင်ပါ။
တိုင်းရင်းသားခေါင်းဆောင်တွေကရော ဗိုလ်ချုပ်အောင်ဆန်းနဲ့သဘောတူစာချုပ်ချုပ်ဆိုသည့်အခါ ဗမာလူမျိုးကပဲ အစဉ်အဆက် နိုင်ငံတော်ကို အုပ်ချုပ်ရမည်၊တစ်ခြားဘယ်လူမျိုးကမှ မအုပ်ချုပ်ရဟူ၍ သဘောတူခဲ့လေသလား။ဗမာမဟုတ်သော တိုင်းရင်းသားတွေက သူတို့တွေရဲ့ သမိုင်းယဉ်ကျေးမှု၊ဓလေ့၊အမျိုးသားရေးအကြောင်းတွေကိုပင် ဟခွင့်မရ၊ဗမာတွေရဲ့ မတရားအုပ်ချုပ်မှုကို ခါးသီးနာကျဉ်းပြီး ပေါက်ကွဲတာကိုပင် ရွှေဗမာတွေက လူမျိုးရေးအစွန်းရောက်သည်။အတ္တကြီးသည် ဆိုသော စကားများကိုရေပက်မဝင်အောင် သုးံပြီး ဘာကြောင့် ပြောနေကြပါသနည်း။ပြည်ထောင်စုကြီးထဲက ခွဲထွက်ဖို့မကြိုးစားနဲ့ဆိုတဲ့ စကားတွေကို ဗမာလူမျိုးများ ဘာကြောင့်တွင်တွင်သုးံနေကြသနည်း။ပြည်ထောင်စုဆိုတာ ဘယ်အချိန် ဘယ်ကာလတုန်းက ဖြစ်ပေါ်ခဲ့ပါသနည်း။ပြည်ထောင်စုဆိုတဲ့စကားလှလှလေးတွေသုးံပြီး ဗမာမဟုတ်သော တိုင်းရင်းသားတွေကို ကျွန်သက်ရှည်အောင် နင်းဖိထားမည့် ချုပ်ကိုင်ထားမည့် စကားဆင်ခြေမျှသာ ဖြစ်သည်ဆိုတာကို တိုင်းရင်းသားတွေ သဘောပေါက်နေပါပြီ်။
ဗမာပြည်ကို ဗမာမဟုတ်သော လူမျိုးတစ်မျိုး၊ဥပမာ ကချင်ဖြစ်စေ ကရင်ဖြစ်စေ ရှမ်းဖြစ်စေ ရခိုင်ဖြစ်စေ လူမျိုးတစ်မျိုးမျိုးက အုပ်ချုပ်မယ်ဆိုလျှင် ကြိုက်ကြပါမယ်လော။
ကချင်ဘာသာစကားဖြစ်စေ၊ရှမ်းဘာသာစကားဖြစ်စေ၊မွန်ဘာသာစကားဖြစ်စေ နိုင်ငံတော်ဘာသာစကားအဖြစ်
သတ်မှတ်လျှင် ကိုရွှေဗမာတွေ ကြိုက်ကြပါမည်လော။
တစ်ခြားတိုင်းရင်းသားတွေလို သဘောထားကြီးနိုင်ပါမည်လော။မြန်မာသမိုင်း ကျောင်းသုးံပုံနှိပ်စာအုပ်များတွင် မွန်သမိုင်း၊ရှမ်းသမိုင်းတွေကိုပဲ သင်ခိုင်းရင်ရော ကြိုက်ကြပါမည်လော။နိုင်ငံတော်၏နိုင်ငံတော်သီချင်းဖြစ်သော “ကမာ္ဘမကျေ ဗမာပြည်” နေရာမှာ “ကမာ္ဘမကျေ ရခိုင်ပြည် လို့လုပ်ပြီး ဆိုခိုင်းလျှင် ကြိုက်ကြပါမည်လော။
ဗမာတွေကပဲ လူမျိုးရေးအစွန်းရောက်သလား ဗမာမဟုတ်သော လူမျိုးတွေကပဲအစွန်းရောက်သလားဆိုတာ သိသာလွန်းပါတယ်။နောက်ဗမာလူမျိုးတွေရဲ့လက်သုးံစကားတစ်ခုဖြစ်သော တစ်ဦးတည်းနေလို့မရ မင်းတို့ရခိုင်ပြည်ကို ကုလားတွေ အုပ်စိုးသွားမှာစိုးလို့ ငါတို့အုပ်ချုပ်နေရတာ ဆိုသော စကားပင်ဖြစ်သည်။အထင်ရှားဆုးံဥပမာပြရသော်.ကျွန်တော်တို့နိုင်ငံသည် ရခိုင်လူမျိုး ရခိုင်ဘုရင် အုပ်ချုပ်ချိန်ကာလကတည်းက ဘီစီ ၃၂၂၅မှသည် အေဒီ၁ရ ရာစ(၁၇၈၄ ခုနှစ်)ဗမာဘုရင်ဦးဝိုင်းမှ မသိမ်းပိုက်ခင်အထိ ကမာ္ဘမှာ ချမ်းသာကြွယ်ဝပြီး ထင်ပေါ်ကျော်ကြားသော အမျိုးဘာသာ သာသာနာကို လေးစားလိုက်နာသော ဗုဒ္ဓဟောတရားနှင့်အညီ နေလာခဲ့ကြပြီး ပြင်သစ်၊ပေါ်တူဂီ၊ဒတ်ရှ်၊အင်္ဂလန် စသော တိုင်းပြည်များနှင့် ကူးလူးဆက်ဆံရောင်းဝယ်ဖောက်ကားလို့ ယဉ်ကျေးမှု၊စာပေ သမိုင်းကြောင်း မြင့်မားခဲ့သည်မှာ သမိုင်းကိုလေ့လာသူတိုင်း သိရှိမည်ထင်ပါသည်။ဤကဲ့သို့သော နှိုင်းယှဉ်လို့မရသော အခြေအနေများကြောင့် ဗမာနဲ့ပေါင်းမိလို့ ဗမာလက်အောက်မှာ ဗမာ့အုပ်ချုပ်မှာနေနေရလို့ ရခိုင်ဘိုးဘွားတွေပိုင်တဲ့ ရေပိုက်နက်တွေကို ဘင်္ဂလားတွေကို လွယ်လင့်စွာ ပေးလိုက်ရတာလည်း အားလုးံအသိပင်ဖြစ်ပါသည်။ဗမာတွေကပဲ ရခိုင့်အမွေအနှစ်တွေကို အမှန်တကယ် ကာကွယ်ပေးနေတာလား လိုသလိုသိမ်းကျူးယူ ပေးချင်တဲ့သူကို ပေး ရောင်းစားချင်တဲ့ဟာကိုရောင်းစား လုပ်ချင်သလို လုပ်နေတာဟာ ဗမာတွေရဲ့ကိုယ်ချင်းစာတရားရှိပြီး လူမျိုးရေးအစွန်းမရောက်တဲ့စိတ်ဓာတ်တွေပဲ ဖြစ်မယ်ထင်ပါတယ်။
တစ်ချို့ဗမာတွေက ပြောသေးတယ်။ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဗမာအစိုးရ၏ ဖိတ်ခေါ်ချက်အရ ဆွေးနွေးဖို့
လာရောက်တာကို ရခိုင်တစ်မျိုးသားလုးံက ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ကြိုဆိုအားပေးသည့်အပေါ် မနာလိုမရှူစိမ့်ဖြင့် မြန်မာပြည်က လွတ်လပ်ရေးရတာကြာလှပြီ။ဘယ်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီလဲတဲ့။နားမလည်လို့ မသိလို့မေးတာလားတော့ မပြောတတ်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ အင်္ဂလိပ်တို့ဆီမှ လွှတ်လပ်ရေးရလာပါသည်။သို့သော် ဗမာမဟုတ်သော တိုင်းရင်းသားတွေရဲ့လွှတ်လပ်ရေးမဟုတ်ပါ။ဒုတိယအကြိမ်မြောက် ဗမာလက်အောက်မှာ ကျွန်အဖြစ် ကိုလိုနီဖြစ်ခြင်း ခံလိုက်ရခြင်းပင်ဖြစ်သည်။အင်္ဂလိပ်အစိုးရက ခေတ်စနစ်အရ ကိုလိုနီဖျက်သိမ်းရေးစနစ်အရ မလွဲမသွေ လွှတ်လပ်ရေးပေးရမည့် အခြေအနေမှာ ဦးအောင်ဆန်းက ကြားထဲက ရိုးသားသော တိုင်းရင်းသားတွေအပေါ် နိုင်ငံရေးအမြတ်ထုတ်ခြင်းမျှသာဖြစ်ပါသည်။ကချင်၊ကရင်၊ရခိုင်၊မွန်၊ရှမ်း၊ချင်း၊ကယား တိုင်းရင်းသားညီအစ်ကိုများသည် ဦးအောင်ဆန်း၏ လိမ်လည်လှည့်ဖြားတဲ့ စကားလုုးံများထဲမှာ လှည့်စားခံလိုက်ရခြင်းဖြစ်သည်။
မိသားစုတစ်စု အသင်းအဖွဲ့တစ်ခုပင်လျှင် အတူမနေချင်လိုက စိတ်သဘောထားမတိုက်ဆိုက်ပါက အိမ်ခြားဆင်းပိုင်ခွင့်၊ခွဲထွက်ပိုင်ခွင့် ရှိစမြဲပင်။အခုမှုကား ဗမာလူမျိုးများက ပြည်ထောင်စုဆိုတဲ့စကားထဲမှာ နှစ်ထားပြီး ဗမာမဟုတ်သောလူမျိုးတွေအပေါ် ကျွန်သက်ရှည်အောင်လုပ်ထားသော အယောင်ပြ စကားတစ်ခုသာဖြစ်ပါကြောင်းနှင့် သိုးဟန်ဆောင်သော ဝံပုလွေများကဲ့သို့ ဂျပန်ကိုတိုက်လိုသည့်အခါ အင်္ဂလိပ်ကိုခေါ်ပြီး အသုးံချ၊အင်္ဂလိပ်ကိုတိုက်လို့သည့်အခါ ဂျပန်ကိုခေါ် ပြီးအသုးံချ အဲလိုမျိုး သပ်လှျို သွေးခွဲလုပ်တတ်သော အင်မတန်ဟန်ဆောင်မှုများပြီး ကောက်ကျစ်လွန်းသောဗမာလူမျိုးများကို အလွယ်တကူ မယုံကြည်မိစေဖို့နဲ့ ရှေးက ဖြစ်ခဲ့သော သင်ခန်းစာများကို အတုယူပြီး နောင်ဒီလိုမျိုး မဖြစ်ရလေအောင် တိုင်းရင်းသားညီအစ်ကိုများကိုလည်း အသိပေး တင်ပြလိုက်ရပါသည်။
(ရွှေမြောက်ဦး-ခိုင်ကျော်ဆန်း)
San Hla Gyi
April 8, 2012 at 9:21 pm
ကဲသူကြီးရေ ဒီဆောင်းပါးကိုတော့ နောက်မှသီးသန့်ထပ်ပြီး ကျနော်ထင်မြင်ချက်ကို ရေးပါမယ့်။ ပေါင်ကို တခါထပ်ပြီး ထောင်းရအုံးမယ် ထင်ပါတယ်။
pooch
April 8, 2012 at 10:21 pm
ကိုစံလှကြီးရေ ရာဇဝင်တွေကို ပြောရင် ဒုတ်ထမ်း ဓားဆွဲပြောရတယ် ဆိုတဲ့ စကားက အလကားတော့ ပေါ်လာတာ ဟုတ်ဟန်မတူပါဘူး။
အဲ့ဒီစကား မှန်တယ်ဆိုတာကို ခုနောက်ပိုင်းရောက်လေ ပိုတွေ့လေပါ။
ခုလို သိတဲ့သူက ပြောပြတော့လည်း သိရတာပေါ့။ သူကြီးရေးပြထားသလို အမြင်ရှိတဲ့သူတွေအတွက်လည်း တမျိူးတဖုံ စဉ်းစားစရာ ဒါမှမဟုတ် လက်တွေ့ကျတဲ့ အမှန်တရားတခု ကို ရမယ်ထင်ပါတယ်။ ဆက်ရေးပါ။ ရေးနိုင်သလောက်ထိ နှိုက်နှိုက်ချွတ်ချွတ်ရေးပေးပါ။ မှန်မှန် ဝင်မမန်းဖြစ်ပေမဲ့ မှန်မှန်ကြီး စောင့်ဖတ်နေပါတယ်။
ဆူး
April 8, 2012 at 5:09 pm
လေးစားပါတယ် ဆရာ..
နောက် ထပ် အပိုင်းတွေလည်း မျှော် နေမယ်နော်။
ဒါနဲ့ စကားမစပ် ဦးဖော စကား လေး ဝင်ဆွေးနွေးချင်လို့..
အင်္ဂလိပ် ပြင်သစ် ဝင်သိမ်းတာ ကိုလိုနီ လို့ ပြောတယ်။
မြန်မာက ပြန့်ကျဲနေတဲ့ နေရာ သိမ်းတာ ကိုလိုနီ နဲ့ တူတူပဲလို့ ပြောတာလေး နည်းနည်း တွေးမိတယ် ဆိုတာလေးပါ။
ဆူး အတွေးသက်သက်ပေါ့လေ.. မြန်မာ ယိုးဒယား ကမော္ဘဒီးယား စတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေက လူတွေရဲ့ အသားအရောင် နေထိုင်ပုံ စရိုက် သဘောသဘာဝ တော်တော် တူညီနေပြီး မြေကြီးကလည်း ထိစပ်နေတော့.. သူပိုင် ငါပိုင် စိတ်ကလေး နဲ့ တိုက်ယူခဲ့တာလို့ ထင်ပါတယ်။ ဟိုဘက် အိမ် နဲ့ ဒီဘက်အိမ် ခြံစည်းရိုး အနေအထား ဟို တိုး ဒီတိုး လုပ်ပြီး နေရာ လုတယ်လို့ မြင်မိပါတယ်။
မန်လည် ဆရာတော် ဘုရားကြီးကို အင်္ဂလိပ် အစိုးရ လက်ထက်တုန်းက လူတယောက်ရဲ့ လျှောက်ထားချက်နဲ့ ပတ်သတ်ပြီး ကြားဖူးတာလေးပါ။
မင်း အမေ ဟာ မင်း အဖေ နဲ့ တူတူ နေတာ ကိုတော့ အဖေ လို့ ခေါ်တယ် သတ်မှတ်တယ် မဟုတ်လား။
မင်း အမေ က တခြား ယောကျာင်္းနဲ့ တူတူ နေတယ် ဆိုရင် အဖေ လို့ သတ်မှတ်မလားတဲ့.. အဖေ လို ရိုသေမလား။
ဖြေတဲ့ လူက.. အဖေ မဟုတ်တဲ့ လူကို အဖေ မခေါ်နိုင်ဘူးတဲ့
နောက်ထပ် မေးခွန်းက မင်းအမေက မဲမဲသဲသဲ ကုလားကြီး နဲ့ ဆိုရင်ကော မင်း အဖေ လို့ သတ်မှတ်မလားတဲ့..
ဖြေတဲ့ လူက နိုးပေါ့..
အသုံး အနှုန်းပြောဆိုတာလေးတွေကတော့ ရည်ရွယ်ချက် တမျိုးကို ဆိုလိုတာပါ.. အဲဒီ စကားလေးနဲ့ ကောက်နှုတ်ချင်လို့ပါ..
အသားအရောင် လူနေမှု စရိုက် လုံးဝ မတူညီရင် ပိုပြီး သိသာလေမလားတွေးမိပါတယ်။
နောက်ထပ် တွေးမိတဲ့ ပုံစံက ကလေး ၂ယောက် စာသင်စားပွဲမှာ စည်းတားပြီး ငါ့ဘက်ကို မတိုးနဲ့ ငါစည်း မကျော် နဲ့ နင့်စည်း မကျော်ဘူး ပေတံလေးတွေ တားပြီး ငြင်းခုန်နေကြတာ ကိုလိုနီလို့ တခါမှ မတွေးမိဘူး ငြင်းနေတဲ့ ကလေး ၂ယောက် ရဲ့ စားပွဲ ကို လူကြီး တယောက်က သူတို့ဆီက ယူသွားရင် ကိုလိုနီ လို့ ပြောလေမလား တွေးမိပါတယ်။
San Hla Gyi
April 8, 2012 at 9:25 pm
အခုလို ဝိုင်းပြီးအားပေးတဲ့ မှတ်ချက်ပေးတဲ့ ရွာသူရွာသား အားလုံးကိုကျေးဇူးတင်ပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
April 8, 2012 at 9:43 pm
အောင်ဇေယျ ဆိုတဲ့ ခွေးမသား အကြောင်းတွေကို
မြင်ရ ကြားရ တွေ့ကြုံရလေလေ
ခင်ဗျားတို့ဗမာ တွေကို မုန်းလေလေဘဲ
ပုံ
မိုက်ကယ်ဂျော်နီအောင်ပု
မိုက်ကယ်ဂျော်နီအောင်ပု
April 8, 2012 at 9:47 pm
ခင်ဗျားတို့ရဲ့ ဗမာစာသည်ဒို့စာ ဗမာဇဂါးသည် ဒို့ဇဂါး ဆိုတဲ့
ခွေးတွေလို အော်နေတဲ့ တစ်ဖက်လမ်းသွားတွေကို မျိုးချစ်စိတ်လို့
ဆိုခြင်တယ်ဆိုရင်
တိုင်းရင်းသားတွေရဲ့ စာ / စကား တွေက ဘာတွေလဲ
ငါလိုးမသားအောင်ဇေယျ
ပုံ
မိုက်ကယ်ဂျော်နီအောင်ပု
San Hla Gyi
April 8, 2012 at 10:18 pm
အမလေး အမလေး ကိုယ့်လူရေ အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်း ဆဲတာတွေကို ဆင်ခြင်ပါဗျာ။ ကျနော် ရေးတဲ့အထဲမှာ ရိုင်းစိုင်းတာတလုံးမှ မပါသလို မွန်ဘုရင်ကိုလည်း အောင်လှတို့ ဘာတို့ပြောပြီး ခင်ဗျားပြောသလို မဆဲခဲ့ပါဘူး။ ကျနော်ကတော့ ဒီလိုထင်ပါတယ်။ ခင်ဗျားတို့ အမြင်ကိုလည်း ပြောပါဆိုပြီး ရေးခဲ့တာပါ။ အဲဒီလို ငါနဲ့မတူ ငါ့ရန်သူ ကုလားမကြား နားမကြား ဖင်ပိတ်ငြင်းမယ် ဆိုတဲ့ အတွေးတွေ တိုင်းရင်းသားလေးတွေမှာ ရှိနေတာ မကောင်းပါ။မြန်မာ စကားပုံရှိတယ်။ “အမိယုတ်တော့” တော်ပါပြီ မပြောတော့ပါဘူး။
ချစ်စ/ဆရာ
April 8, 2012 at 10:24 pm
ဟုတ်တယ်ဗျ ကိုယ့်ဆရာပြောတာကို ထောက်ခံတယ်
ဒီလိုဘဲဗျ
လူတွေက စာမတတ်ပေမတတ် သမိုင်းတွေကို ဘာမှမသိဘဲနဲ့
မယဉ်ကျေးတဲ့သဘောကိုဆောင်တယ်ဗျာ
ဂရုမစိုက်နဲ့ဗျာ
အလကား တောသားတွေ လူကြီးမင်းလောက်စာတတ်ပုံမရဘူး
လေးစားလျှက်
ချစ်စ/ဆရာ
pooch
April 8, 2012 at 10:36 pm
အင်း မာမီပုတို့ကတော့ လုပ်ပြီ ရှေ့က ဝင်ဆဲပြီး နောက်က ချော့တယ်။ 😀
ဆရာကြီးရေ စိတ်မဆိုးပါနဲ့ မိုက်ကယ်ဂျော်နီအောင်ပုဆိုတဲ့ လူကြီးက မူးနေလို့ပါ.
သူက ပါးစပ်ဆိုးပေမဲ့ လူက အင်း … လူကလည်း ဘယ်လိုပြောရမလဲ မသိပေမဲ့။
လူကောင်းကြီးပါ။ တခါတခါ ထထဖောက်တတ်တာကလွဲလို့ပါ။ 😀
နောက်ရွာထဲ နေတာကြာလို့ ရွာ့အထာကို သိသွားရင် သူ့ကို စိတ်ဆိုးချင်တာတောင် ဆိုးလို့ မရတော့ပါဘူး။ ပြောချင်တာကတော့ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့လို့ပါပဲ ။
ဆက်ရေးပါ။ အားပေးပါတယ်။ ကျမတို့ရွာထဲကို ရှားရှားပါးပါး ရောက်လာတဲ့ သမိုင်းသုတေသီတယောက်မို့ စိတ်ထဲ အနှောင့်အယှက်မဖြစ်ပဲ ဆက်ရေးစေချင်ပါတယ်။ အဲ့ဒီလူကြီးကို ဥပက္ခောပြုထားပေးပါ။ 😀
မိုက်ကယ်ဂျော်နီအောင်ပု
April 8, 2012 at 10:39 pm
ဟေ့ကောင်
ခဂွေးယပင့်စသတ်စလုံးမျဉ်းစောင်းဆလိမ်ရဂေါက်ရေးချာ
ချစ်စ/ဆရာ ဆိုတဲ့ကောင်
အောင်ဇေယျဆိုတဲ့ကောင်က ဘာကောင်လဲဆိုတာကိုမင်းကပြောနေရအောင်
လွန်လေပြီးသောပဝေသဏီက အဲ့သည်အောင်ဇေယျ ဆိုတဲ့
ငါလိုးမသားက ဘာလုပ်ခဲ့သလဲဆိုတာ
မင်းအမေလင်က ငုတ်တုတ်ကြီးထိုင်ကြည့်ခဲ့ဘူးလို့
မင်းက ဒီလောက်ထိ သိနေတာလားကွ
လခွီး 😀 😀 😀
သဲနှင်း အိမ်
April 9, 2012 at 8:42 pm
ဘိုမကျခွေးမကျနာမည်နဲ့ ကိုအောင်ပုရေ… ခွေးလိုအော်မနေနဲ့
ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။ ရှင်ကော်မန့်ထားတဲ့ ဘာသာစကား မြန်မာ (ဗမာစာ) ဆိုတာ မမေ့နဲ့နော်။ ဇော်ဂျီဖောင့်နဲ့။
ဟုတ်ဘူးလားရှင့်… ဗမာတွေကို မုန်းတယ်လည်း ဆိုသေး။ ဗမာဖောင့်လည်း သုံးထားသေးဆိုတော့…
လေးစားစွာဖြင့်
ကြောင်ကြီး
April 8, 2012 at 10:18 pm
ဟေ့ကောင်အောင်ပု လီးလိုမှိုလိုနဲ့ ငါ့အဘေးဂျီးကို မထိနဲ့… ဗမာစာသည် ဒို့စာ ဗမာစကားသည် ဒို့စကား ဂျော်နီလမ်းလျှောက် ဝီစကီ မိုက်ကယ်အောင်ပု အရက်သမား…
ယနေ့ကမာ္ဘကြီးမှာ ခွဲထွက်ရေးဝါဒ ခေတ်မစားတော့ဘူး… အကြောင်းအရင်းက အားလုံးသူတလူ ငါတမင်း ဖြစ်နေရင် ပြည်တွင်းရေး တည်ငြိမ်မှုမရှိ၊ နိုင်ငံတကာ ဆက်ဆံရေး ရှုပ်ထွေးကုန်မယ်၊ ပိုအရေးကြီးတဲ့အချက်က နိုင်ငံတိုင်းသည် အရင်းစစ်လိုက်ရင် အနိုင်ကျင့်ဗိုလ်ကျမှုများနဲ့ မကင်းလို့ လက်ရှိကမာ္ဘကြီးကို ချယ်လှယ်ကြိုးကိုင်နေသူ နိုင်ငံကြီးများက သာ၍ နောက်ကြောင်းပြန် မလှန်ချင်ဘူး။ ခံရတဲ့သူများက ပြန်လှန်တူးဆွနေတာ သဘာဝကျတယ်…. ဒီလမ်းကြောင်းနဲ့ပဲ သူတို့လမ်းဖောက်ရမှာလေ…အစွန်းမရောက်ဖို့ဘဲ အရေးကြီးတယ်။ မဖြစ်နိုင်တာကို မျက်စိစုံမှိတ် မတောင်းဆိုစေချင်ဘူး။ ကိုယ့်အတွက်ရော သူများအတွက်ပါ မကောင်းဘူး။ ဖြစ်တတ်တာ အုပ်ချုပ်သူ သို့မဟုတ် အများစုက တရားလက်လွတ် ပြုကျင့်တဲ့အခါ အုပ်ချုပ်ခံ သို့မဟုတ် အနည်းစုက ချောင်ပိတ်မိပြီး အလားတူ တုံ့ပြန်မိတယ်။ ခေတ်သစ် မြန်မာ့သမိုင်းမှာ အထင်အရှားပါ။ နှစ်ဖက်စလုံးက အသိတရား ရှိဖို့လိုတယ်။ တကယ်တမ်းကြတော့ တရားမျှတမှုဆိုတာ (၉၉.၉၉၉၉) မှန်တယ် မမှန်တယ်ထက် ကြီးသူနဲ့ငယ်သူအကြား သင့်တော်ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆိုတာ။ ဥပမာ – ဟိုးအရင်က လူနဲ့ သားရဲတိရစာ္ဆန်တွေ သီးခြားနေတယ်။ နောက်တော့ လူတွေ တောထဲနယ်ချဲ့ပြီး မြို့ပြအိမ်ယာ တည်ထောင်တယ်။ သားရဲတိရစာ္ဆန်တွေနဲ့ ထိပ်တိုက်တွေ့တော့ ကျားဆိုးမြွေဆိုး ဆင်ရိုင်းကြောင်ရိုင်း သတ်မှတ်တယ်။ ဘယ်သူက ဘယ်သူ့ဆီ ကျူးကျော်တာလဲ။ ဘယ်သူမှန်လို့ ဘယ်သူမှားလဲ…။ လက်ရှိလူတွေ ရှိနေတဲ့ မြို့ပြနေရာတွေနဲ့ မလုံလောက်လို့လား။ ဘယ်တော့မှ လုံလောက်မှာလဲ….။ အဲလိုဆိုပြန်တော့ လူတွေက ရှိတဲ့နေရာလေးမှာ ကုပ်ကပ်နေရမှာလား… အသိညဏ်ကြီးတဲ့ လူလေကွာ၊ ပိုစွမ်းတဲ့လူလေကွာ….။ ဒီသဘောကို နည်းနည်းဆက်ချဲ့ စဉ်းစားလိုက်ရင် ကိုလိုနီ ကိုလိုဖြူဆိုတဲ့ သဘောအဓိပ္ပါယ်ကို အခြားတနေရာမှ မြင်လာလိမ့်မယ်။ အဲဒေါ့ဘာဖြစ်မလဲ… ရှုဒေါင့်ပေါင်းစုံမှ မြင်ရလို့ ပိုခေါင်းရှုပ်သွားမှာပေါ့…. 😆
pooch
April 8, 2012 at 10:27 pm
အဲဒေါ့ဘာဖြစ်မလဲ… ရှုဒေါင့်ပေါင်းစုံမှ မြင်ရလို့ ပိုခေါင်းရှုပ်သွားမှာပေါ့…. 😆
ဟုတ်ပါတယ် အဲ့ဒီစကားကို ထောက်ခံပါတယ်
ချစ်စ/ဆရာ
April 8, 2012 at 10:29 pm
ဟာ!!!!!!!!!!!!!!!!!
ဆရာကြီး ကိုကြောင်ကြီး ကိုတော့ လေးစားပြီးလေးစား
လေးစားလို့မဆုံး တစ်ဗြိုန်းဗြိုန်း ဆိုသလိုဖြစ်ပြီဗျာ
ဝ မရှိဘဲ ဝိလုပ်ခြင်တဲ့သူတွေ
ဘုရင့်နောင်အနော်ရထာ သမိုင်းတွေ ပြန်ပြောရရင်တော့
အဲ့သည်လူ ( အဲ့သည်လူလေ ) မျက်ရည်တွေ ဘောက်ဘောက်ကျမှာ
လေးစားလျှက်
ချစ်စ/ ဆရာ
twotwo70
April 9, 2012 at 7:43 am
အောင်ပု…လူဇိုး…
သူကြီးကလဲ….ဘူလဲလို့မှတ်တယ်…ကိုရခို်င်ပါလား….
memeseku
April 9, 2012 at 8:57 am
တို့ကိုခိုင်လို့ခေါ်နော်…. 🙂 🙂
Onyx
April 9, 2012 at 2:31 pm
ကိုအောင်ပုက ဘာလို့ ဒီလောက်တောင် စိတ်တွေတို ဒေါသ တွေထွက်ရတဲ့ အကြောင်းကို ရွာသူားတွေကို
လဲ မျှဝေ ပေးပါလား သိရတာပေါ့။ ဦးအောင်ဇေယျက ဘယ်အမှားအယွင်းကြီးကြီးမားမား ရှိလဲဆိုတာကို ။
ဒါမှလဲ အကောင်းကော အဆိုးကော သိရတာပေါ့ ။ ကျွန်တော်လဲ တိုင်းရင်းသား တစ်ယောက်ပါပဲ ။
San Hla Gyi ကိုတော့ ကျေးဇူး တင်ပါတယ် သမိုင်းကို ပြောပြပေးလို့ ဆက်ပြီ တော့ အားပေးနေမယ် ။
ကို့နိုင်ငံသမိုင်းကြောင်းတော့ ကိုသိသင့်တာပေါ့ ။
သဲနှင်း အိမ်
April 9, 2012 at 9:01 pm
ကိုစံလှရေ အားပေးနေတယ်ဗျို့။ ဆက်ရေးပါရှင့်။ ဆဲတဲ့သူတွေကို စိတ်ထဲထားမနေပါနဲ့။ သူတို့ခမျာ ကိုစံလှလို ချက်ကျလက်ကျလည်း မပြောတတ် သေချာအောင် ပြောဖို့ သူတို့သိထားတဲ့ သမိုင်းကလည်း အမှားတွေဆိုတော့ ဆဲယုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလေ။ အရှက်မရှိလို့ လာပြောနေတဲ့သူတွေကို ဂရုစိုက်မနေပါနဲ့၊ ကြာရင် သူတို့ဘာသာ ရှက်စိတ်မွှန်ပြီး ပါးစပ်ပိတ်သွားပါလိမ့်မယ်လေ။
ခင်မင်လေးစားစွာဖြင့်
San Hla Gyi
April 9, 2012 at 9:05 pm
သူကြီးနှင့် ရွာသူရွာသားအပေါင်းတို့ရေ…
အခုလို လာရောက ်အားပေး ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တိုင်းရင်းသားတွေရောပေါ့။ ကျနော်အနေနဲ့ သမိုင်းမှာ ဘယ်လူမျိုးမှ ရာနှုန်းပြည့် အပြစ်မကင်းသလို ၂ ဘက်စလုံးကို် ကြည့်စေချင်လို့ပါ။ ဗမာလူမျိုးတွေ အနေနဲ့လည်း အခြားတိုင်းရင်းသားတွေကို မဟုတ်ပဲနဲ့ စွပ်စွဲမယ် ဆိုရင် လက်မခံနိုင်သလို အခြားတိုင်းရင်းသားတွေ အနေနဲ့လည်း တဘက်သတ် စွပ်စွဲရင် လက်မခံ နိုင်ပါဘူး။ သူကြီး တင်ပေးတဲ့ “ဘယ်သူတွေ အစွန်းရောက်တာလဲ” ဆိုတဲ့ ဆောင်းပါးလေးကို ကျနော် တဦးတည်း အမြင်အရ သဘောမတူပါဘူး။ လိုရာကို ဆွဲရေးထားတာတွေ ပါတယ်လို့ ထင်သလို စိတ်ဝင်စားစရာ သမိုင်းမြှပ်ကွက်တခု ကျန်ခဲ့တယ် လို့ထင်ပါတယ်။ ဒါပေမယ့် စာပြန်ဖို့တော့ စဉ်းစားနေတုန်းပါ။ သူကြီးက ရခိုင်လူမျိုး ဆိုလို့ရယ် နောက်ပြီး ပြောလိုက်ရင် ကိုယ့် တိုင်းရင်းသားတွေ နာကုန်မှာ စိုးလို့ပါ။
kai
April 9, 2012 at 11:14 pm
.. ငဲ့ပြီး..ဟိုဟာဒီဟာရေးရမယ်လက်တွန့်နေဖို့ မလိုပါဘူးနော..
ရေးသာရေးပါ..
တချို့သမိုင်းတွေက.. ဖုံးကွယ်ထားတာထက်.. အမှန်ရအောင်ညှိနှိုင်းအဖြေရှာတာက သင့်လျှော်ကောင်းမွန်မယ်ထင်လို့ပါ..
ပြီးတော့.. ကျုပ်က.. ရခိုင်လူမျိုးမဟုတ်ပါဘူး..
“လူ”မျိုးနွယ်ပါခင်ဗျာ…။ 😆
ဦးဦးပါလေရာ
April 9, 2012 at 11:53 pm
သူကြီးတင်ပေးတဲ့ “ဘယ်သူတွေ အစွန်းရောက် သလဲ” ဆိုတာကို
သဘောမတူပါဘူး။ ဒါ ခွဲထွက်ရေးဝါဒီတွေရဲ့ ဝါဒဖြန့်ချက်ပါ။
(ဦးအောင်ဆန်းက ကြားထဲက ရိုးသားသော တိုင်းရင်းသားတွေအပေါ် နိုင်ငံရေးအမြတ်ထုတ်ခြင်းမျှသာဖြစ်ပါသည်။ ကချင်၊ကရင်၊ရခိုင်၊မွန်၊ရှမ်း၊ချင်း၊ကယား တိုင်းရင်းသားညီအစ်ကိုများသည် ဦးအောင်ဆန်း၏ လိမ်လည်လှည့်ဖြားတဲ့ စကားလုုးံများထဲမှာ လှည့်စားခံလိုက်ရခြင်းဖြစ်သည်။)
ဒီရေးသားချက်ကိုကြည့်ရင် အဲဒီတုန်းက အခြေအနေနဲ့ သမိုင်းဖြစ်စဉ်တွေကို လုံးလုံးမျက်ကွယ်ပြုရေးထားတဲ့စာလို့ပဲ ကောက်ချက်ချမိပါတယ်။
စကားမစပ်-
ကျုပ်ကလဲ ရှမ်းစော်ဘွားမျိုးနွယ်ကဆင်းသက်လာတဲ့ ရှမ်းလူမျိုးလဲမဟုတ်ပါဘူး။
ဗမာတောင်သူမျိုးကဆင်းသက်လာတဲ့ ဗမာလူမျိုးလဲ မဟုတ်ပါဘူး။
တရုတ်ကျောင်းဆရာမျိုးက ဆင်းသက်လာတဲ့ တရုတ်လူမျိုးလဲ မဟုတ်ပါဘူး။
ကျုပ်တို့သူကြီးလိုပဲ “လူ” မျိုးနွယ်ပါ ခင်ဗျား…။
ကြောင်ကြီး
April 10, 2012 at 8:25 am
ေဩာ်ဂလို ပြောဂျဒယ်လား။။။ များတို့က လူမျိုးနွယ်ပါဆိုရင် ကျနော်က တရုတ်ဖြစ်ချင်နေဒဲ့ သတ္တဝါကြီးတကောင်ပါဗျို့…။ ဖြစ်နည်းလေး သိရင်ပြောဂျပါ။
San Hla Gyi
April 10, 2012 at 7:12 pm
သူကြီးနှင့် ရွာသူရွာသားအပေါင်းတို့ရေ…
အခုလို လာရောက ်အားပေး ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သဘောထား ကြီးတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ကျနော်ရေးရာမှာ တတ်နိုင်သမျှ မျှတအောင် ကြိုးစားရေး ပြီး တိုင်းရင်းသားတွေ အပေါ်မှာလည်း စော်ကားတဲ့ သဘောမျိုး မဖြစ်ရလေအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင် တယောက်ရေးတဲ့ ဆောင်းပါးမှာ ထုံးစံအတိုင်း တော်တော်ပြင်းထန် တာတွေတွေ့လို့ ဗမာများဘက်က တတ်နိုင်သမျှ ရှေ့နေလိုက် ရအုံးမယ် ထင်ပါတယ်။ ဒီရက်ပိုင်း အတွင်းမှာ အလုပ်များနေလို့ ချက်ချင်းမတင်နိုင် သေးသလို သူပြောတာတွေ ကလည်း တော်တော်များလို့ တချက်ချင်း ဖြေမှရမယ် ထင်လို့ပါ။ သူ့ပို့စ်မှာလည်း ရွာထဲက ပညာရှင်တွေက ကွန်မန့်တော်တော်များများ နဲ့တချို့ဟာတွေကို ဖြေပြီးသား ဖြစ်နေတာတွေကို တွေ့ပါတယ်။ ဦးဦးပါလေရာ ပြောသလို အဲဒီဆောင်းပါးက ဗိုလ်ချုပ် အကြောင်းကို သဘောမတူတဲ့အပြင် တခြားဟာတွေလည်း သဘောမတူတာတွေ ရှိပါတယ်။ ရှေ့နေ လိုက်လို့ပြီးမှ ဆက်ရေးပါမယ်။