ရင်ကွဲမျက်ရည်

snow htetApril 8, 20121min602

နင်ထွက်သွားလို့ပြုံးနေပေမယ့်
ငါ့ရင်ထဲမှာတော့ ငိုနေတယ်
ရင်ထဲက အကြိမ်ကြိမ်တားနေပေမယ့်
ငါ့ပါးစပ်ကတော့ လမ်းခွဲပေးပါတဲ့
ငါစဉ်းစားတယ်
နင်မရှိရင် ငါ့ကမာ္ဘ၊ ငါ့ အားကိုးရာ ၊မှီတွယ်ရာ
နင့်ရင်ခွင်ကို ငါဘယ်လိုမှီတွယ်ရမလဲ
အားငယ်တဲ့ အခါ လိုအပ်တယ်
လိုအပ်တဲ့အချိန်တိုင်း ငိုမိတယ်
ငိုမိတဲ့ အချိန်တိုင်းလည်း ရင်ကွဲမတတ်ပါပဲ ချစ်သူရယ်

အတူလျှောက်ဖူးတဲ့လမ်းတွေက နင်မရှိတော့ ရှည်နေသလိုပါပဲ
နင်မရှိတော့တဲ့ လမ်းတွေမှာ ခလုတ်တွေပဲတိုက်နေတဲ့ငါ
ဥုံဖွလုပ်ပေးမဲ့ နင်မရှိတော့ ဒဏ်ရာတွေဗရပွနဲ့ အသည်းခိုက်အောင်နာနေတုန်း
နင့်ရင်ခွင်ကျယ်ကြီးကိုလည်း လွမ်းမိပါရဲ့
ချစ်သူရယ် အကြာကြီးမဟုတ်ရင်တောင် အနာပြေတဲ့ အထိတော့ခိုဝင်ချင်ပါသေးတယ်….

“တစ်ကယ်ဆိုရင်အချစ်ပဲလိုတယ်” တဲ့ တို့နှစ်ယောက်မှာကအချစ်တွေရှိပြီး တစ်ယောက်နဲ့တစ်ယောက် မချစ်ကြရဘူးနော်
“အနေဝေးရင်သွေးအေးတယ်” တဲ့…..နင့်အတွက်ဆူပူနေတဲ့ ငါ့သွေးတွေကို အေးချင်တယ်………..
ဟောင်းနေပေမယ့် မကျက်သေးတဲ့ ငါ့ဒဏ်ရာတွေက နင့်ကိုလွမ်းတုန်းပဲ.
နင်မှာခဲ့တဲ့ စကားတွေကို ငါ့နားထဲမှာကြားနေတုန်းပဲ…..
နင်နမ်းခဲ့ဖူးတဲ့ ငါ့ဆံပင်တွေကိုလည်း မွှေးပျံ့နေအောင် လျှော်ထားမိတုန်း……
နင်စူးစိုက်ကြည့်ခဲ့တဲ့ ငါ့မျက်လုံးတွေက မျက်ရည်ပူတွေကျနေတုန်းပါပဲ……..ချစ်သူရယ်