အလှတွေစုနေတဲ့…………..နံနက်ခင်းလေးတွေ














“အလှတွေစုနေတဲ့ နံနက်ခင်းလေးကို ခံစားကြည့်ခြင်း”
အခုတစ်လော ကျနော်အပျင်းထူနေတဲ့ရက်များတော့ မနက်လမ်းလျှောက်မထွက်ဖြစ်ပါဘူး။
ဟိုးဆောင်းတွင်းတစ်တွင်းလုံး လမ်းလျောက်ရက်ပျက်မရှိသလောက်ကနေ နွေရောက်မှ
မလျှောက်ဖြစ်တဲ့ရက်များလာပါတယ်။
ကျနော်တို့တိုက်ခန်းတွေက ညဆယ်တစ်နာရီကျော်မှ ရေတစ်စက်ခြင်းလာနေတာကိုစောင့်ပြီး
ရေခံနေရတော့ အိပ်ရေးပျက်ပါတယ်။
ဒီတော့လဲမနက်လမ်းမလျောက်ဖြစ်။
ဇွတ်အတင်းကိုလူးလဲထပြီးလမ်းလျောက်တဲ့ရက်မှာတော့ လှပသောနံနက်ခင်းလေးများကိုပြန်
ထိတွေ့ရတော့ စိတ်ထဲမှာကြည်နူးမိပါတယ်။
အခုရက်မှာကုက္ကိုပင်တွေကလဲ ပန်းရောင် အသွေးတွေနဲ့လှပ။
ရွက်ဟောင်းခြွေထားတဲ့ သစ်ပင်တွေကလဲ ရွက်သစ်ဝေလို့ ဆန်းသစ်လှပ။
နွေစိန်ပန်းနီနီလေးတွေကလဲ လောကကိုအလှဆင်ဘို့အတွက် အင်နဲ့အားနဲ့ထွက်လာ။
အရှေ့ဘက်ကောင်းကင်ကိုကြည့်လိုက်တော့ပေါ်ထွက်စနေရောင်က အနှီနဲ့ပန်းရောင်
အကြား ။
နေနည်းနေတဲ့ကန်တော်ကြီးမှာလည်း မြက်ခင်းစိမ်းစိမ်းလေးတွေကလဲ အမြန်ဆန်းသောမြင်ကွင်း။
ကန်တော်ကြီးထဲမှာ အပျော်စီးလှေကလေးတွေကလဲ ရေမရှိတော့ ကုန်းခေါင်ခေါင်မှာသနားစရာ။
အထူးအဆန်းရယ်လိုတော့ မဟုတ်ပေမယ်လည်း ကျနော်ကြည့်ရင်းမြင်ခဲ့ရတဲ့ကြည်နူးစရာလေး
တွေမို့လို့……………………………
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့
(8-4-2012)
18 comments
water-melon
April 10, 2012 at 8:12 am
လေးပေါက် သများတို့ရပ်ကွက်ပြောင်းလာပါလား
ရေမှန်မီးမှန် အကုန်မှန်တယ် 😀
ကိုပေါက်(မန္တလေး)
April 10, 2012 at 8:46 am
လျှောက်မပြောနဲ့ မနေ့ကငါလာတော့ မင်းတို့ရပ်ကွက်မှောင်မဲနေတာဘဲ။
ရေမလာလို့တဲ့ 35လမ်းဒေါင့်ကရေကန်မှာလူတွေအုံးနေတာဘဲ။
water-melon
April 10, 2012 at 9:17 am
လျှောက်ပြောနေတာ မနေ့က မီးလာပါတယ်တော်
ရေကန်မှာအုံနေတာက
အလကားရတဲ့ရေမို့လို့ချိုးနေတာ
ပိုက်ဆံပေးတဲ့ရေကန်ဆိုချိုးမဲ့သူတောင်ရှိမှာမဟုတ်ဘူး
Khaing Khaing
April 10, 2012 at 9:30 am
လှလိုက်တဲ့ ကုက္ကိုပင်ကြီးပါလား လေးပေါက်ရယ် ……. လေးပေါက် နံပါတ် ၁၃ ပုံက ရောင်စုံလေးတွေက ဘာပုံတွေလဲဟင် ……. သမီးကမျက်စိသိပ်မကောင်းတော့ မသိလို့ပါ ……. လှတယ်နော် အဲပုံလေးက ၁၂ ပုံလေးကလည်း ကဗျာဆန်တာပဲ အဲဒီသင်္ဘောနဲ့ပေ့ါ မီးချစ်ချစ်နဲ့ဟိုဘက်ကမ်းကို ခိုးရာလိုက်တာ လေးပေါက်အတင်းလိုက်ခွဲတာလေ …….. အဟိ
ကိုပေါက်(မန္တလေး)
April 10, 2012 at 9:36 am
13ပုံက အရောင်စုံလေးတွေက အပျော်စီးခြေနင်းလှေ ဘဲရုပ်ကလေးတွေပါ။
ဗိုက်ကလေး
April 10, 2012 at 9:45 am
အူးလေး ရန်ဂုန်လာမှပဲ ပညာသင်ဦးမယ်ဗျာ
Mလုလင်
April 10, 2012 at 11:00 am
၁၁ နဲ့ ၁၃ က ဘဲပုံတွေကို ကျွန်တော် တွေ့ခဲ့သေးတယ် ညဘက် က လဲဖြစ်နေတာရယ်၊ နောက် ဦးပေါက် တော့ ရိုက်တင် မှာပဲ ဆိုတာ ရယ် တွေးမိလို့ ….. ဆင်း မရိုက် ခဲ့တော့တာ … 🙂 ..
ဗိုက်ကလေး
April 10, 2012 at 12:19 pm
အူးလေး..အူးလေး..
အလှတွေစုနေတဲ့ နံနက်ခင်းလေးပြီးရင် အလှတွေစုနေတဲ့ ကန်မလေးတွေ တင်ပေးပါနော်ာ်
Gipsy
April 10, 2012 at 12:36 pm
နေတစ်စင်းထဲမို့သာ
ပူလာင်ကျွမ်းခဲ့ရတာ
ခြောက်သွေ့ကွဲအက်
ပတ်ကြားအက်တွေက
စိတ္တဇဆန်ဆန်လှပလို့
ကိုပေါက်ကြီးရဲ့ မျက်နှာစာ….။
sugar sugar
April 10, 2012 at 12:52 pm
မန္တလေးအလှ တော့ ကိုပေါက် နဲ့မှ ပိုပေါ်သလိုဘဲ
ကိုပေါက်(မန္တလေး)
April 10, 2012 at 2:08 pm
ရေတွေစိုနေတဲ့ ကောင်မလေးတွေအလှ သင်္ကြန်ရေစိုအလှကိုတွေ့ရမယ်။
Mon Kit
April 10, 2012 at 2:08 pm
တကယ်ကို အလှတွေ စုနေတဲ့ နံနက်ခင်းလေးပါ….
windtalker
April 10, 2012 at 9:43 pm
အလှတွေစု
မမေပု
သွားနေခရု
ညလေဥ
ပေါက်ပေပု
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 10, 2012 at 10:37 pm
ကိုပေါက်ရေ—–
အကို ့ကိုအားကျလို ့ခရီးသွားရင်း ရိုက်ထားတဲ့ပုံတွေများလို ့
မတင်တတ်တော့ဘူး။ရွေးရခက်နေတယ်လေ။
ကိုပေါက်(မန္တလေး)
April 11, 2012 at 9:21 am
အထပ်ထပ်ပြန်ကြည့်လိုက်ရင်လှတဲ့ပုံပေါ်လာပါလိမ့်မယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 11, 2012 at 10:34 am
ဟုတ် ကိုပေါက်ရေ. ကျေးဇူးပါနော်။မကြာမီတင်ပေးမှာပါ။ အကဲဖြတ်ပေးပါနော့်
ကိုပေါက်(မန္တလေး)
April 11, 2012 at 1:37 pm
ကိုသန်းထွဋ်ရေ
အကဲမဖြတ်ပါဘူး။
လက်ခုပ်တီးအားပေးမှာပါ။
TTNU
April 11, 2012 at 3:53 pm
ကိုပေါက်ရေ…
ပုံ(၂) ကူးတယ်နော်။
“ထနောင်း၊ ကုက္ကို၊ ပင်စိမ်းစို နှင့်
ထန်းညို ထန်းတောတမာပေါသည့်
သာမောဘွယ်ရာတို့အညာ”
စာဆိုနဲ့ကိုက်အောင် ဒီအပင်(၄) ပင်ပါအောင်ရိုက်ပေးပါ။
သရက်သီးအလုံး(၁၀၀)နဲ့လဲပါမယ်။ 😛