News-ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထုတ်ဖော်

ပုိင္ေလးApril 9, 20121min43921
7Day News Journal Facebook
ဒေါ်အောင်ဆန်းစုကြည်၏အသက်ကို မိမိကယ်တင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထုတ်ဖော်
ဘန်ကောက်၊ ဧပြီ – ၈
ပြီးခဲ့သည့် ဇန်နဝါရီလတွင် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သည့် မြန်မာဝန်ကြီးချုပ် ဟောင်း ဦးခင်ညွန့်က ၎င်းသည် လွန်ခဲ့သည့် ကိုးနှစ်ခန့်က ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ အသက်ကို ကယ် တင်နိုင်ရန် ပုဂိ္ဂုလ်ရေးအရ ကြား ဖြတ်စွက်ဖက်ခဲ့ရဖူးကြောင်း ဘန်ကောက်ပို့စ်သတင်းစာသို့ ထုတ်ဖော်ပြောကြားလိုက်သည်။   ယခင် တပ်မတော်ထောက် လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်က ၎င်းင်းသည် ၂၀၀၃ ခုနှစ် မေလ ၃ဝ ရက်တွင် စစ် ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အပြင် ဘက်တွင် အစိုးရလိုလားသူ လူ အုပ်က ဒေါ်အောင်ဆန်းစုကြည် ၏ ယာဉ်တန်းအား တိုက်ခိုက်ရာ၌ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်အင်တာဗျူးတစ် ခုတွင် ပြောကြားလိုက်ခြင်းဖြစ် သည်။   ဒီပဲယင်း လူသတ်ပွဲတွင် သေဆုံးသူဦးရေကို တစ်ခါမျှ အတည်မပြုရသေးသော်လည်း မြန်မာ့အတိုက်အခံဘက်ကမူ လူ ၅ဝ ခန့် သေဆုံးကြောင်းပြောဆို ထားသည်။ ယနေ့ (တနင်္ဂနွေနေ့) တွင် ဘန်ကောက်ပို့စ်နှင့် ပြုလုပ် သော အင်တာဗျူး၌ ဦးခင်ညွန့်က “အဲဒီ့ညမှာ လူအုပ်ထဲကနေ သူမ (ဒေါ်အောင်ဆန်းစုကြည်)ကိုကယ်ဖို့ ကျွန်တော့်လူတွေကို စေလွှတ်ခဲ့ပါတယ်။ သူတို့ဟာ ဒေါ်အောင် ဆန်းစုကြည်ကို အနီးနားက စစ်တပ်စခန်းတစ်ခုဆီလုံခြုံမှုရအောင် ခေါ်သွားခဲ့ပါတယ်”ဟုပြောသည်။
ဦးခင်ညွန့်သည် ဒေါ်အောင် ဆန်းစုကြည်အား ၎င်း၏ ညီမ ငယ်တစ်ဦးအဖြစ် ရည်ညွှန်းဖူးပြီး၊ သူမ၏ စိတ်ဓာတ်ခိုင်မာမှုကို အစ်ကိုတစ်ဦးကဲ့သို့ ချစ်ခင်လေး စားကြောင်း ထုတ်ဖော်ပြောခဲ့သည်။ —Ref: Bangkok Post
The Voice Weekly Facebook

၂၂ဘီး ကုန်တင်ကား တိမ်းမှောက် ရန်ကုန်၊

 ဧပြီ ၈
အင်းစိန်မြို ့နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ ၊ ပြည်တော်သာကွေ့ တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ရနာရီခန့်၌ ပေလေးဆယ် ပုံး နှစ်ပုံး တင် ၂၂ဘီး ကုန်ကား တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင့် ထိုနေရာဝန်းကျင် ရှိသူများမှာ တစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်း မရှိသော်လည်း အဆိုပါ ပြည်တော်သာကွေ့၌ ယာဉ်လမ်းများ ပိတ်ဆို့ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ အဆိုပါ ကုန်တင်ကားမှာ ဟိုင်းလတ် အမျိုး အစား ခရီးသည်တင်ယာဉ်နှင့် ယှဉ်ပြိုင် မောင်းနှင်ရာမှ အကွေ့တွင် ယင်းကဲ့သို့ဖြစ်ခဲ့ကြောင်း အဆိုပါ နေရာအနီးတွင် ကုန်တင်ကား တိမ်းမှောက်စဉ်က အဆိုပါနေရာတွင် ရှိနေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

21 comments

  • htoosan

    April 9, 2012 at 6:27 am

    ပေလေးဆယ် ပုံး နှစ်ပုံး တင် ၂၂ဘီး

    ဟုတ်ရဲ့လား ပိုင်လေးရေ.. ပေနှစ်ဆယ် ပုံး ဖြစ်မယ်ထင်တယ်နော့်…..
    ကျွန်တော် ပေလေးဆယ် နှစ်ပုံးသယ်နိုင်တဲ့ ပေ ၈ဝ ကျော် ကား မမြင်ဘူးလို့ပါ။

    • etone

      April 9, 2012 at 8:34 am

      ကိုထူးဆန်းရေ …. ပုဒ်ကလေးချဖို့ လိုသွားတယ်လို့ထင်ပါတယ် … ။
      သူပြောချင်တာက ပေလေးဆယ်ကား ၊ ပုံးနှစ်ပုံးတင် ၊ ၂၂ဘီး ဆိုတော့ …. ပေလေးဆယ်ကားကြီးပေါ်မှာ 20′ ကွန်တင်နာနှစ်လုံးတင်ပြီးလာတာပဲ ဖြစ်ရမယ် … ဘီးကလည်း ၂၂ ဘီးဆိုတော့လေ … အဟီး … ။

      —————
      အပေါ်မှာ ရေးခဲ့တဲ့ ….. ဘယ်သူက ဘယ်သူ့ကို ကယ်တယ်ဆိုတာကတော့ … အခုမှ အသံထွက်လာတာ ရယ်စရာပဲလို့မြင်မိပါတယ် ….။ NLD ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလို့ … ဒီအသံမျိုးထွက်လာတာ …. (တကယ်ပဲ ကယ်ကယ် ၊ မကယ်ကယ်) |ဂုဏ်ဖော ်ပြောဆိုခြင်းလို့ပဲ မြင်မိပါတယ် … ။
      စေတနာအထိုက်လျှောက် တကယ်ပဲ ကယ်ခဲ့တယ်ထား …. ကယ်တဲ့လူနဲ့ ကယ်ခံရတဲ့လူနှစ်ဦးနှစ်ဖက်တောင် ဒီလှို့ဝှက်ချက်ထိန်းခဲ့ပြီးပြီ … အပြန်လှန်လည်း အသိမှတ်ပြုထားပြီးသား အခြေနေတစ်ခု … ဒီအချိန်မှ ထုတ်မပြောသင့်တော့ဘူး … ။ လိုလည်း မလိုအပ်တော့ဘူး … 🙄

      အမေစုတို့ပါတီ အနိုင်ရတော့မှ ဒီစကားကြီး ထုတ်ပြောတာတော့ ….. ပေါ်ပင်ဖြစ်ချင်လို့ပြောတာလို့ မြင်မိပါတယ် … ။

      • htoosan

        April 9, 2012 at 10:51 am

        ထင်တာတော့ ပေလေးဆယ် နဲ့ ပေနှစ်ဆယ် မကွဲပြားဘဲ ရေးချလိုက်တယ်လို့ထင်ပါသည်။
        ပေနှစ်ဆယ်ပုံး နှစ်ပုံးတင် ၂၂ ဘီး ကား လို့ ရေးရမှာကို ….
        The voice က ဆရာဂျာနယ်လစ်တွေ ရေးတဲ့ အတိုင်း ပို်င်လေးကူးထားတာပါ။ ပိုင်လေး အပြစ်တော့ မဟုတ်ပါဘူး ..

  • Foreign Resident

    April 9, 2012 at 8:31 am

    အခုလောလောဆယ် Face Book မှာမြင်ခဲ့တဲ့ Comment လေးတစ်ခုပါ ။

    ” အဲဒီကိစ္စက ဟုတ်တယ်ဗျ။ အဲဒီအကြောင်းတွေကို ဒေါ်စုပဲအသိဆုံးဖြစ်မှာပဲ။
    အဲဒီတုန်းက ဒေါ်စုကို ညတွင်းချင်း ထလတ(၁)က လုံခြုံရေးကား (၆) စီးနဲ့
    ခြေလျင်တပ် ၊ တိုင်းစစ်ဌာနချုပ် ၊ ရဲ တို့ကို လုံးဝအသိမပေးဘဲ
    တစ်ညလုံးမောင်းပြီး ရန်ကုန်ကို ပြန်ခေါ်လာတာ ။
    လမ်းကြောင်းလုံခြုံရေးက ထောက်လှမ်းရေးတပ်တွေကပဲ လုပ်သွားတာ ။
    ဒါတောင် အခြားအဆင့်ကို ဘယ်သူ့လမ်းကြောင်းမှန်း လုံးဝအသိမပေးဘူး။
    အရေးကြီးယာဉ်တန်းလို့ပဲ ထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ပြီး သယ်ထုတ်သွားတာ ။
    ဖြစ်တဲ့နေ့ ညနေမှာပဲ ၉မိုင်ခွဲ အကူ ၁ က တပ်ဖွဲ့ဝင်တွေ
    ၅ဝ ၊ ၆ဝ လောက် မုံရွာကို ချက်ချင်းလိုက်သွားတယ် ။
    ပြီးတော့မှ အခင်းဖြစ်တဲ့ ဒေသနားက ရွာတွေကို အကုန်စစ်တာ ။
    စစ်နေတုန်းမှာလဲ ထလတ(၂၀) မုံရွာနားမှာ နမခရော ရဲရော ခြေချင်းလိမ်နေတာပဲတဲ့ ။
    နမခ ဂျီဝမ်းကလည်း ဘာထူးလဲဆိုပြီး တစ်ရက်ကို ဖုန်းအခါ(၂၀)လောက်ဆက်တယ်တဲ့ ။
    စာရင်းချုပ်လိုက်တော့ ယာဉ်တန်းကို ဝိုင်းချတဲ့သူတွေ အများကြီး ထောင်ကျကုန်တယ် ။
    ညောင်မြစ်ကိုတူးလိုက်ပေမယ့် ၊ ပုတ်သင်ဥကိုတော့ ဆက်မဖော်တော့ဘဲ
    ထိန်းထိန်းသိမ်းသိမ်း လုပ်လိုက်ပုံရတယ်။
    ဦးခင်ညွန့်က အဲဒီကိစ္စမှာ လုံးဝအငိုက်မိသွားတာဗျ ။
    ဒါပေမယ့် လွန်သွားမှသိတော့ ဆက်လုပ်လို့မရအောင်ပဲ လိုက်တားတော့တာ ။
    တစ်ဖက်ကလည်း ထောက်လှမ်းရေးက ဇွတ်ဝင်လာတော့ ၊
    ဆက်လုပ်လို့မရတော့ပဲ ရပ်လိုက်တာဖြစ်လိမ့်မယ်။
    အဲဒီအမှုမှာ ထောင်ကျခဲ့တဲ့သူတွေကိုလည်း ထောက်လှမ်းရေးပြုတ်တော့
    ထောက်လှမ်းရေးက မှားယွင်းဖမ်းဆီးတာပါဆိုပြီး ပြန်လွှတ်လိုက်ပြီ။
    အကူ(၁) တပ်မှူး ဗိုလ်မှူးကြီးမောင်သန်းကတော့ ထောင်(၂၇)နှစ်ကျသွားတယ်။
    အခု လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း မပါပဲ ထောင်ကျနေတုန်းပဲ ”

    နောက်ပြီးတော့ ကျူးပစ်မှာလည်း ဟိုးအရင်ကတည်းက ဖတ်ရပါတယ် ။
    ဦးခင်ညွန့် တပည့်တွေက ဒီပဲရင်း ကိစ္စလည်းဖြစ်ရော ချက်ချင်းဝင်လာပြီး
    ဆက်သွယ်ရေးစက်ပေါ်ကနေပြီးတော့
    ဒေါ်စုမသေ မထိခိုက်ဘူး အခု ဘယ်နေရာကို ရောက်နေပြီ ဆိုပြီး
    တောက်လျောက်လွှင့် လိုက်တယ် ပြောတယ် ။
    ( တမင်သက်သက်ကို အသံလွှင့် ပြစ်လိုက်တယ် ထင်ပါတယ် ။
    အဲဒီ အသံတွေကို ဆက်သွယ်ရေးစက် ရှိတဲ့ ဖွင့်ထားတဲ့
    စစ်ရုံးက အစ ၊ စစ်တိုင်း တပ်မ တပ်ဖွဲ့ အားလုံး အပြင် ၊
    အမေရိကန် CIA ကပါကြားရနိုင်ပါတယ် )
    အဲဒီမှာ ဒေါ်စုကို ဆက်ပြီး အပြီးသတ် လိုက်ရှင်းဖို့ ကြံနေတဲ့သူတွေက
    ငါတို့ ဆက်လုပ်ရင်တော့ တကမာ္ဘလုံးက သိနေပြီ ဆိုပြီး ရပ်လိုက်ရပါတယ် ။
    အဲဒီမှာ ဒေါ်စုကို မလိုလားတဲ့သူတွေက
    ဦးခင်ညွန့် ကို စပြီး အညှိးအတေးထားတာ လို့ ကြားပါတယ် ။

    အဲဒီအချက်တွေ ဟုတ်မဟုတ် သေချာ မသေချာ တော့ ၊
    အဘ လည်း သေချာ မသိပါဘူးကွယ် ။
    တဆင့်ကြားစကားတွေ နားထောင်ရ ဖတ်ရတာပါ ။
    ဒါပေမယ့် အဘ တော့ ယုံတယ် ။

  • memeseku

    April 9, 2012 at 8:31 am

    ပုံး၂ပုံးတင်ထားသော ပေလေးဆယ်ရှည်သည်.၂၂ ဘီးကား ကိုဆိုလိုချင်တာနေမှာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 9, 2012 at 9:24 am

    ဒီအကြောင်းကို ဆန်းစစ်မယ်ဆိုရင်တော့
    ဦးခင်ညွှန့်က သိပ်အရေးကြီးတဲ့ဖေါ်ကောင်ဖြစ်လာပြီဆိုလို့ရမလားဘဲ
    တစ်ခုက
    မစ္စတာခင်ညွှန့်နဘန်ပေးလို့ ဘေးကျိုးနံကျိုးဖြစ်ကုန်တဲ့ဇာတ်ထုပ်တွေနဲ့ပြန်ချိန်ကိုက်ရမယ်ဆိုရင်တော့
    ဆင်းစားစရာတစ်မျိုးဘဲ
    နောက်တစ်ခုက
    တစ်စုံတစ်ယောက်သောသူက အဖွားကြီးကို အမှန်တစ်ကယ်လုပ်ကြံခဲ့ပါတယ်ဆိုတာကို
    မီးမောင်းထိုးပြတယ်လို့မှတ်ယူရမလားဆိုတာကိုပါ
    သိပ်မကြာပါဘူး အမှု့မှန်ကို ကျွန်ုပ်ဆားပုလင်း မိုက်ကယ်ဂျော်နီအောင်ပု မှ
    သတင်းစာဖတ်ပြီး ဝင်အာမည်ဖစ်ဘာဂျောင်း

  • Mon Kit

    April 9, 2012 at 9:24 am

    ဟုတ်တယ်…… အဘပြောတာ ယုံတယ်…
    အဲလိုဘဲ ကြားပါတယ်……..

  • ပိုင်လေး

    April 9, 2012 at 9:49 am

    အို……မသိပါဘူးကွယ်….သိတာက ဘုရား/ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်/ ဒေါ်အောင်ဆန်းစုကြည် နဲ့သူတို့ ကိုယ်စောင့်နတ် တွေ ပဲအသိဆုံးဖြစ်မှာ……

  • R Ga

    April 9, 2012 at 10:01 am

    ဒါဆိုရင် မောင်ခင်ညွန့်ကိုဒီအကြောင်း စာအုပ်လုပ်ပြီးရေးခိုက်ရင်ပိုကောင်းမလားပဲ။ သူ့စစ်ထောက် အတွေ့ ကြုံတို့ ထောင်တွင်းအတွေကအကြုံ တို့နဲ့ သူ့လက်ထက်က နိုင်ငံရေး ကစားကွက်လေးတွေ အကြောင်းရေးလိုက်ရင် တော်တော်လေးဖတ်လို့ကောင်းမယ်ထင်တယ်။

    • htoosan

      April 9, 2012 at 11:00 am

      R Ga က ဦးခင်ညွှန့် အသက်ဆက်ရှင်တာ မမြင်ခြင်ဘူးကိုး …. 😀

      • Foreign Resident

        April 9, 2012 at 6:52 pm

        ကို htoosan ရေ
        ခင်ဗျား Comment ကတော့ တိုတို နှင့် အထိမိဆုံး ပါပဲ ။
        အခုတောင် ဦးခင်ညွန့် မျက်ခုံးတွေ မလှုပ်ဘူးလား မသိဘူး ။

        • Mလုလင်

          April 9, 2012 at 8:21 pm

          မလှုပ်လောက်ပါဘူး ….. သူ ပြောတာ အကြောင်းရှိမှာပါ။

  • ကောင်းမြတ်သူ

    April 9, 2012 at 12:39 pm

    စောစောစီးစီး ပြောရောပေါ့ဗျာ… The Lady ဇာတ်ကားကိုဇာတ်ရှိန်တင်ပေးလို့ရတာပေါ့။ သူတကယ်လုပ်ပေး ခဲ့တယ်လို့လဲ ကျွန်တော်ယုံတယ်။ သူ့လက်ထက်ကအဖြစ်အပျက်ကလေးတွေ ကိုယ်တွေ့လေးတွေကို မသေခင် စာအုပ်ထုတ်ပေးခဲ့ဖို့ကောင်းတယ်။ ဆောင်ရန်၊ ရှောင်ရန်သဘောပါ။
    ဖြစ်နိုင်ရင် ဦးတင်ဦးအကြောင်းလေးလဲပါစေချင်တယ်။ ဖြစ်နိုင်ခဲ့ရင်ပေါ့……..

  • a me

    April 9, 2012 at 12:50 pm

    ဖြစ်နိုင်ပါမလား မဖြစ်နိုင်ဘူး လားဆိုတာ တော့ ကာယကံ ရှင် ကိုယ်တိုင်သာ သိပါ့လိမ့်မယ် အေမီလို့ အခုလို ထိုင်ငြင်းနေလို့တော့ အကျိူးအမြတ် လုံးဝမရှိနိုင်တော့ပါဘူး

  • char too lan

    April 9, 2012 at 3:03 pm

    ငြင်းတာဟုတ်ပါဘူး မီမီရယ်… ဆွေးနွေးစဉ်းစားနေကြဒါဘာ 🙂
    တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ် နောက်ဆက်တွဲတွေထွက်မလာရင်တောင်မှ comment တွေနဲ့ရုပ်လုံးပေါ်လာမယ်ထင်ပါတယ်….

  • kokothandar

    April 9, 2012 at 4:44 pm

    မဖြစ်နိူင်ပါ သူက မသေသေးရင်တောင် သွားသတ်ခိုင်းအုံးမှာပါ

  • ဦးဦးပါလေရာ

    April 9, 2012 at 8:39 pm

    ဦးခင်ညွန့် အပြင်ထွက်လာတော့ တခုခုလုပ်လိမ့်မယ်လို့ ထင်ပြီးသားပါ။
    အခုတော့ ထင်တဲ့အတိုင်း တကယ်လုပ်တယ်ပေါ့…။:)

    အဘရေ-
    ဘုန်းကြီးမဟုတ်လို့ လက်အုပ်တော့မချီနိုင်ဘူး… ရိုးရိုးပဲပြောမယ်..။
    ဒါပါနဲ့ဆို ဆန္ဒစောတာ နှစ်ခါရှိပြီ…။

    • ဗိုက်ကလေး

      April 9, 2012 at 8:43 pm

      ဟဟ..
      ဦးခင်ညွန် ့

      တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ ့မနက်မှာဘုန်းကြီး ဝတ်တွားရှာဘီဗျာ
      တစ်ပတ်ကြာမယ်တဲ့
      http://www.facebook.com/PopularNewsJournal

      ဘယ့်နှယ်ရှိစ
      😀

      • ဦးဦးပါလေရာ

        April 9, 2012 at 8:58 pm

        ဒီတခါလဲ နောက်ကောက်ကျသွားပြန်ပြီ..။

        ကိုင်း… ရှိစေတော့…
        ကျုပ်တပတ်ကြာအိမ်တွင်းအောင်းမယ်။ ဘယ်ဂျာနယ်မှမဖတ်ဘူး။ ဂေဇက်ကလွဲရင် ဘယ်ဆိုက်မှဝင်မကြည့်ဘူး။
        (ဘုန်းကြီးဟုတ်သွားလဲ မမြင်လိုက်ရလို့ လက်အုပ်မချီလိုက်ပါဘူးဖရာ့…။)….ပေါ့ …..

  • သော်ကြီး

    April 9, 2012 at 9:37 pm

    နိုင်ငံတကာက စောင့်ကြည့်နေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။ မင်းသားနဲ့ မင်းသမီး ပြီးရင် ဒါရိုက်တာနဲ့ ဇာတ်ညွှန်း ဆရာတွေပါ ပါလိမ့်မယ်။လူကြမ်းတွေက တော့ အများကြီးပါ။

  • ကြောင်ကြီး

    April 10, 2012 at 8:17 am

    တိမ်တောင်သဖွယ် မင်းရေးကြွယ်ဒဲ့… နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ ရှိဘူးနော်…လုပ်ကြံဖန်တီးမှုသာ ရှိသတဲ့…။ မြှားဦးကတော့ တစုံတယောက်သောသူဆီ လှည့်နေတဲ့ပုံပဲဗျို့..။ ဟုတ်တယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်းမှာ အလှည့်အပြောင်း ကြီးကြီးမားမားတခု ပေါ်လာကိန်းရှိဒယ်…။ ဆန်၊ ဆီတွေသာ စုထားဂျပေတော့..။

Leave a Reply