ကိုမင်းကိုနိုင်တပ်ထဲဝင်ပါ

phone_kyawApril 9, 20121min101839

ကိုမင်းကိုနိုင်၊ ကိုကိုကြီး နဲ ့ ၈၈-ကျောင်းသားခေါင်းဆောင်ဟောင်း

တွေ စစ်တပ်ထဲ ဝင်သင့်တယ်။ စစ်သားလုပ်သင့်နေပြီ။

ဘာ့ကြောင့်လဲဆိုတော့ အိမ်မရှိ၊ ယာမရှိ အလုပ်မရှိမဲ့အတူတူ တပ်ထဲဝင်ရင် အလုပ်ရမယ်၊ လိုင်ခန်းရမယ်။ စားစရာ ရိက္ခာရမယ်။ ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က သူတို ့တပ်ထဲဝင်မယ်ဆိုရင် တပ်ကြပ်ကြီးအဆင့်တော့ ပေးမယ်လို ့ပြောတယ်။ နိုင်ငံရေးအခြေအနေလည်းပြောင်းနေပြီဆိုတော့ တပ်ထဲက သူတို ့ကို လက်ခံမှာပါ။ စစ်သားတွေအရမ်းလိုနေတာပဲဟာ။

နောက်ပြီးတပ်ထဲမှာ ပွင့်လင်းတဲ့လူ ့ဘောင်ဖြစ်ရေးတို ့ဘာတို ့လုပ်ဖို ့အခွင့်အလမ်းတွေရမယ်။ ဒါဆိုရင် နားမလည်တဲ့ရဲဘော်တွေ နားလည်လာနိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည်လည်း စစ်သားတွေကိုအားပေးတဲ့အနေနဲ ့စစ်ထဲများဝင်လိုက်ရင် ဘယ်လောက်ကောင်းမလဲမသိဘူး။

ကိုမင်းကိုနိုင်တို ့အဖွဲ ့နဲ ့ဒေါ်စုတို ့တတွေ သေနတ်ကိုင်ပြီး ကင်းစောင့်နေတာကို မြင်ချင်လိုက်တာဗျာ။

39 comments

  • ကိုရင်မောင်

    April 9, 2012 at 12:00 pm

    တကယ်ကမင်းအရင်ဝင်ရမှာ
    မင်းလိုအမျော်အမြင်ရှိတဲ့သူအဖေကိုယ်တိုင်တပ်ကြပ်ကြီးဖြစ်ခဲ့ဘူးတယ်
    မင်းကိုတိုင်လဲတပ်ထဲမှာကြီးပြင်းလာတာမဟုတ်လား
    မင်းကိုယ်တိုင်စံပြအဖြစ်ဝင်လိုက်ပါလား
    မတော့ တိုက်ပွဲကျသွားယင်လဲမပူနဲ့
    တို့တွေနှစ်စဉ်လာပျော်ပွဲစားမယ်ဟုတ်လား……

  • MTY

    April 9, 2012 at 12:02 pm

    လုပ်ပြန်ပြီးသွားဖွနေပြီ။

  • ဗိုက်ကလေး

    April 9, 2012 at 12:04 pm

    တပ်ထဲဝင်မှ ပဲစားပြီး ပဲရုပ်ပေါက် မြတ်ရိတ်နေရဦးမယ်ဗျာ

    သူရို ့ဘာသာ လွတ်လွတ်လပ်လပ် လုပ်ချင်ရာလုပ်ပါစေ

    ကြားသွားမှ မကောင်းရှိရော့မယ် ကဖုတ်ကျော်ရေ..
    စိတ်ထိန်းပါ

  • etone

    April 9, 2012 at 12:20 pm

    ကိုဘုန်းကျော်ရေ …ရက်စက်လိုက်တာ …. သူတို့ခမျာ အခုမှ နေရောင်ခြည် အပြည့်ဝရပြီး ၊ လေသန့်သန့် ဝဝရှုခွင့်ရတာပါ … ။ထမင်းဖြောင့်ဖြောင့်စားလို့ … မိသားစုဘဝလေးနဲ့ ပြန်နွေးထွေးရချိန်မှာ… စစ်ထဲဝင်ခိုင်းဖို့ဆိုတာ … အတွေးထဲမှာတောင် … 🙁

    သူတို့မှာ အိမ်မရှိဘူး ဘယ်သူပြောလဲ … ခြေသလုံးအိမ်တိုင်လို့ လမ်းဘေးမှာ ခွက်ဆွဲ တောင်းစားနေ၊ ခုံဖိနပ်ခေါင်းအုံးအိပ်တာတွေ ရှင်မြင်ခဲ့ဖူးလို့လား … ။ တကယ်တမ်းသူတို့နေမယ်ဆို သွေးမတော် သားမစပ်လဲ … welcomeလုပ်ချင်တဲ့အိမ်တွေ အများကြီးပဲ … ။ ရှင့်စကားအသွားအလာအရဆို … သူတောင်းစားတွေ၊ အခြေနေမဲ့တွေတောင် နေစရာ ၊ စားစရာအတွက် တပ်ထဲဝင်ရမလိုဖြစ်နေပြီ … ။

    ကိုဘုန်းကျော်ရေ …. ဒူးနေရာဒူး ၊ ခြေနေရာခြေ … လူဆိုတာ ကိုယ့်အဆင့်ကိုယ်သိမှ ဖြစ်မှာပါ … ။
    တိုင်းပြည်တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်တဲ့ အရည်ချင်းပြည့်ဝသူ ၊ ပြည်သူလုထုကို ဦးဆောင် စည်းရုံးနိုင်သူ ၊ စွန့်လွှန့် အနစ်နာခံသူတွေကို … သူတို့နဲ့ ထိုက်သင့်တဲ့ နေရာမျိုးမှာပဲ ရှိသင့်တာ …. ..
    မယောင်ရာဆီလူးတာကတော့ …. မိုက်မဲလွန်းရာ ကျနေပါတယ် ….။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အိမ်မှာ … ဘုရားစင်နဲ့ ဖိနပ်စင်လိုပေါ့ … ရှိသင့်တဲ့အရာ … ရှိသင့်တဲ့နေရာ မှာရှိနေသင့်တာပါ … ။ 🙄

  • htoosan

    April 9, 2012 at 12:37 pm

    ဦးဘလက်ချောတို့ ဝိုင်းကအနံ့နဲ့ သူလည်းမူးသွားတယ်နဲ့တူပါတယ်….. 😀

  • thet pying phyo

    April 9, 2012 at 1:35 pm

    A crazy without brain!

  • Diamond Key

    April 9, 2012 at 2:59 pm

    ဟေ့လူကြီးရေ ……….. တို့ကိုကြီးတွေက အသက်တွေ ကြီးနေပြီနော် ……… ဟိုက ၁၆ နှစ်အောက်လေးတွေ လိုက်ရှာနေတာ ………. ဒါမှ ပြောသမျှ ရမယ်။ ဒီလူကြီးတွေ တပ်ထဲရောက်မှ တပ်ဆန္ဒပြပွဲတွေ ဖြစ်နေမယ်နော် ……….. ကလေးတွေသာရှာ :mrgreen:

  • chel gyi

    April 9, 2012 at 3:12 pm

    I think you need a alcohol tester.

  • Lwin Aung

    April 9, 2012 at 3:13 pm

    He consider such as lowest standard level liked his environment.

  • မွန်မွန်

    April 9, 2012 at 4:16 pm

    အော်..စစ်တပ်ဆိုတာ အိမ်မရှိ၊ ယာမရှိ၊ စားစရာမရှိ၊ အလုပ်မရှိတွေ ဝင်တဲ့နေရာပေါ့နော်။ ဟုတ်ကဲ့ မှတ်ထားလိုက်ပါမယ်။

    ကိုဘုန်းကျော်လည်း အဲဒိလိုအချိန်တုန်းက တပ်ထဲမှာ ကပ်နေခဲ့ဖူးမှာပေါ့နော်။
    ရှင်တို့လိုလူမျိုးတွေကြောင့်လည်း တကယ်မျိုးချစ်တပ်သားတွေပါ ရောပြီး နာမည်ပျက်တာပေါ့…

  • intro

    April 9, 2012 at 4:34 pm

    ပြော မပြောချင်ဘူး…. ပေါချက်က ၉ လောက်ရှိတယ်…

  • မဟာ ထမိန်ကြီးဝါဒ

    April 9, 2012 at 4:36 pm

    အော်…မင်းမှာလည်း အရည်အချင်းဆိုလို. ဩဇီမှာနေတဲ့ အရည်အချင်းတခုပဲ ရှိတော့တယ်..

  • Thel Nu Aye

    April 9, 2012 at 4:40 pm

    ဖခင်ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ အစဉ်လာကြီးမားပြီး ဂုဏ်သိက္ခာကြီးမားခဲ့တဲ့တပ်မတော်ကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေကဖျက်စီးခဲ့လို့ သမိုင်းရဲ့ပထမတရားခံဖြစ်ခဲ့ရပြီး အခုလဲ ကိုဘုန်းကျော်က နောက် ထပ် နဲနဲလေးကြွင်း ကျန်နေတဲ့စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို အိမ်မရှိ၊ ယာမရှိ အလုပ်မရှိတဲ့သူတွေနေတဲ့နေရာ ဆိုပြီး ဆွဲချလိုက်တော့ တပ်ချုပ်ကြီးနောက်ကလိုက်တဲ့ သမိုင်းရဲ့ဒုတိယတရားခံပေါ့။ အင်း မြို့မေတ္တာခံ ယူနေကြ တာမို့ မပြောတော့ပါဘူး။ ကိုဘုန်းကျော်အဆစ်ရသွားတာကတော့ အမေစုကိုပါဆွဲချသွားတော့ တမျိုးသားလုံးရဲ့ ဘုံရန်သူ ဆိုတဲ့မေတ္တာလေးပါတိုးသွားတာပေါ့။

  • myanmarcitizen

    April 9, 2012 at 5:02 pm

    ရွာသူ၊ ရွာသားတို့ရေ .. အခုအပတ်က ရေသေလား၊ ရေကြီးပတ်လား ခင်ဗျ။ ကိုဘုန်းကျော်ကြီးထဖောက်လာလို့လေ။

  • မွန်မွန်

    April 9, 2012 at 5:05 pm

    သူက အဲဒီလို အသံတွေကို ကြားချင်လို့ကို ဝင်ရေးနေတာ ဖြစ်မယ်…

  • Chitlaysandar

    April 9, 2012 at 6:47 pm

    phone kyaw yae U r chain bree (chee brain)

    • Mလုလင်

      April 9, 2012 at 11:28 pm

      အောင်မလေး …..လေး … ချစ်လေးစန္ဒာ ရယ် …ပထမ ဆုံး ရေးတဲ့ comment မှာ …. အစ်ကိုကြီး ကဖုန်းကျော် ကို ( ချီးဘရိန်း ) လို့ ပြောသွားပါလား …. 😯 .. ကိုဘုန်းကျော် ရေ .. ခင်ဗျားကို ပြောချင်လို့ကို member ဝင်လိုက် ပုံ ရတယ် ဗျို ့ … :mrgreen:

      • Thel Nu Aye

        April 9, 2012 at 11:52 pm

        ဟုတ်ပါ့ ကိုလုလင်ရေ။ ဖြစ်နိုင်တယ်။ ကိုဘုန်ကျော်တို့ မြို့မေတ္တာခံယူ ပုံလေးကတော့ဖြင့် သင်းနေတာပဲ။

  • Gipsy

    April 9, 2012 at 9:48 pm

    သများနဲ့ မတူအောင် ရေးတယ်ဆိုပေမဲ့ ..
    ခင်ဂျားဂျီးဂ.. တကယ့် ဇောက်ထိုး မိုးမျှော် ဘုကန့်လန့် လူ့ခွစာ..
    အမလေး… မောလိုက်တာ….

  • Khin Latt

    April 10, 2012 at 4:08 am

    ကိုဘုန်းကျော်

    တစ်ယောက်ယောက် ကို မဝေဖန်ခင်မှာ အဲဒီလူဟာ ဘယ်လို လူလဲ ဆိုတာ ကို သေသေချာချာ လေ့လာဆန်းစစ် ပြီးမှ ဝေဖန်ပါ။
    အဲဒီလို မလုပ်နိုင်ရင်တော့ (တနည်း) ကိုယ်မသိတာ/ ဉာဏ်မမှီတာ ဆိုရင်တော့ မဝေဖန်တာ က ပိုကောင်းပါတယ်။
    အကောင်းဆုံးကတော့ သူများတွေကို မဝေဖန်ခင် မှာ ကိုယ့်ကိုယ်ကို အားမနာတမ်း အရင် ဝေဖန် ကြည့်လိုက်ပါဦး မောင်လေးရေ။
    ပြီးတော့ (ကို)မင်းကိုနိုင် ရေး ထားတဲ့ သူ့ရင်တွင်းက ကဗျာ လေးကို လဲ ဖတ်ကြည့်ပါ။

    “ပုံဆွဲခြင်း”

    ခဲတံချွန်ပြီးပြီ
    ကျောင်းသင်ခန်းပုံ ဆွဲချင် ဆွဲ
    ဝတ်လစ်စလစ်ပုံ ဆွဲချင် ဆွဲ
    သဘောပဲလေ။

    ဒီမြေမှာ
    ဓါးလှံတွေ ကြဲချင် ကြဲ
    ချိုးငှက်တွေ ဝဲလို ဝဲ
    သဘောပဲလေ။

    စိတ်ချ ကလေးရေ
    စစ်တိုက်ခန်းတွေ မကြိုက်လို ့
    ထိုးကြိတ်ခန်းတွေ မကြည့်လို ့
    သူရဲဘောကြောင်တယ် မစွတ်စွဲဘူး။

    ဒါပေမယ့် ကလေးရေ
    ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
    ကိုယ့်လက်မှတ်တော့ ထိုးရမယ်။ ။

    မင်းကိုနိုင် (၁၃၊ ၂၊ ၂၀၁၂)

    ဒီတော့ “စစ်တိုက်ခန်းတွေ မကြိုက်” တဲ့ သူကို သွားပြီး မထိခိုက်ပါနဲ့။
    သူ့မှာလဲ “သူ့ကိုယ်ပိုင်ရပ်တည် ချက်နဲ့သူ” မြန်မာပြည်သူလူထု ရှေ့မှာ လက်နက်မကိုင်ဘဲ ခိုင်ခိုင်မာမာ ရပ်နိုင်တဲ့သူပါ။
    တိုင်းပြည်အတွက် တော်ရုံလူတွေ သာမာန်လူတွေ မလုပ်ရဲ တဲ့ အလုပ်တစ်ခု ကို သူလုပ်ပြ ခဲ့ပြီးပြီ။
    ကိုဘုန်းကျော် အဲဒါကို မြင်ရဲ့လား။
    အဲဒါကို မမြင်ရင်တော့ နောက်ထပ် အလုပ်အသစ် တွေ သူလုပ်နေတာ ကိုလဲ မြင်နိုင်မှာ မဟုတ်တာ သေချာပါတယ်။

    ဒီတော့ ဒီလိုလူ ကို ကိုယ်ကျိုးအတ္တအတွက် လုပ်နေသူ တွေကို ပစ်စလက်ခတ် ဝေဖန်သလိုမျိုး တစ်တန်းထဲ ထားပြီး မဝေဖန်ချင်ပါနဲ့ မောင်လေးရေ။
    မင်းရဲ့ စိတ်ဓာတ် ကို မင်းအရင် ဝေဖန်ကြည့်လိုက်ပါဦး။

    မင်း ကိုယ့်ကိုယ်ကို သတိမထားမိတဲ့ တစ်ချို့သော အနှုတ်လက္ခဏာဆောင်တဲ့ ပေါ့ဆဆ အတွေး တွေမှာ ကိုယ့်လက်မှတ်ထိုး နေတာ ကို သတိရဖို့ အတွက် တော့ အစ်မ သတိပေးသင့်တယ် မဟုတ်လား။

  • Khin Latt

    April 10, 2012 at 4:23 am

    ပြောဖို့ ကျန်ခဲ့သေးတယ်။
    ငွေကြေးရတဲ့အလုပ်၊ ရာထူးတပ်ထားတဲ့အလုပ် မှ အလုပ်လို့ ခေါ်တာ မဟုတ်ဘူး။
    တစ်ချို့ လူတွေဟာ ကိုယ့်ဘဝ ကို တိုးတက်ဖို့ထက် အများပြည်သူ ချမ်းသာ ရေးအတွက် အပင်ပန်း အဆင်းရဲ ခံပြီး လုပ်နေကြတယ်။
    အဲဒီ သူတွေဟာ ” ငွေကြေးလက်ဖျားသီး ရာထူးကြီးကြီး” ရှိပေမဲ့ ကိုယ့်တစ်ဘို့ ထဲ ကြည့် နေသူ တွေ ထက် အများကြီး မြင့်မြတ်တယ် ဆိုတာလဲ မှာထားပါ။
    ” ငွေကြေးလက်ဖျားသီး ရာထူးကြီးကြီး” အလုပ်ကို လူတိုင်း လုပ်ချင်တယ်။
    “ကိုယ့်ဘဝ ကိုအပင်ပန်း အဆင်းရဲ ခံပြီး အများပြည်သူ ချမ်းသာ ရေးအတွက်” အလုပ်ကို လူတိုင်း မလုပ်နိုင်ဘူး။
    “ငွေမရ၊ ရာထူးမရှိ” အလုပ်မဟုတ်လား။
    မင်း လဲ မလုပ်ရဲဘူးလေ။

    ဒီတော့ ဒီလို လူတွေ ကို စော်ကားတဲ့ စကား ကို ပြောတာ သူတို့ ရပ်တည်ပေးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထု ကို စော်ကား တာ နဲ့ အတူတူဘဲ ဆိုတာကိုလဲ သတိပေးပါရစေ။

    • Thel Nu Aye

      April 10, 2012 at 10:13 am

      ဘရာဗိုပါအရီးလတ်ရေ။ အရမ်းကောင်းပါတယ်။ ကိုဘုန်းကျော်ရေ ရှက်တတ်ရင် လိပ်သာဆို ခေါင်းမပြူတော့ဘူး။

  • ငပွကြီး

    April 10, 2012 at 10:15 am

    ဩစီ မှာရာသီဥတုအေးလို့လား…ဒီလူတချက်တချက် ထထဖေါက်တယ်နော်…ခင်ဗျားမိန်းမလဲ အရူးလင်လုပ်ရသလိုနေမှာဘဲ….:D

  • phone_kyaw

    April 10, 2012 at 10:32 am

    ကွန့်မန် ့ပေးတဲ့လူနှစ်ယောက်ကလွဲရင် အားလုံးသော လူတိုင်းက ကျပ်မပြည့်ဘူးထင်တယ်။ မြန်မာပြည်မှာက မွဲတော့ ချွေတာစားရင်နဲ ့အုံးနှောက်တွေလည်း ချောင်နေတဲ့ပုံပဲ။ ဟီးးးး

  • shwe kyi

    April 10, 2012 at 10:45 am

    ဟား ဟား ဟား။ ကျပ်ဆိုတာရောသိသေးလား ဩဇီသားကြီးရေ။ ပြန်မလာနဲ့မြန်မာပြည်ကို။

  • shwe kyi

    April 10, 2012 at 10:50 am

    ပြောဖို့ကျန်ခဲ့လို့ မွဲသွားမှာဆိုးလို့။
    အရီးလတ်ရေ အားပေးနေတယ်။

  • 60 wai

    April 10, 2012 at 11:19 am

    ဟုတ်ပီဟုတ်ရဲ့လို့ ကောင်းပီကောင်းရဲ့ ဖတ်လာပီးမှ ကဘုန်းကျော် အမြီးကျမှတစ်ပါရော့လား

  • နွေဦး

    April 10, 2012 at 11:36 am

    ခွေးဟောင်တာကို ခံနိုင်ပါသေးတယ်
    ဘုန်းကျော်လိုကောင်.ပြောတာတော့ နာတယ်..
    နိုင်ငံရေးလုပ်နေတဲ့အပေါ် အခွင့်ရေးယူ..
    ဒုက္ခသည်ယောင်ဆောင်..
    ဒုက္ခသည်တွေကိုပေးတဲ့ အခွင့်အရေးကို လိမ်ညာယူ..
    ဒီယုံမြင်လို့ဒီခြုံထွင်…
    အချင်းချင်း ချနင်းပြီး အော်ဇီ ရောက်အောင်ကြံဖန်…
    ဟိုမှာကျွန်ခံပြီး ကိုယ့်ဘဝ ကိုမေ့နေတဲ့ကောင်..
    တကယ်မင်းမှာ ဒီစိတ်မျိုးမရှိဘူးဆို..
    ဒီလို ထမဟောင်ပါနဲ့ကွာ…

  • phone_kyaw

    April 10, 2012 at 12:27 pm

    အဲလောက်ထိလည်း စိတ်မဆိုးပါနဲ ့သူငယ်ချင်းတို့ရာ။ ဩစီမှာ ကျွန်ခံရတာ အဆင့်ရှိတယ်။ ဒေါ်လာတွေအများကြီးရတယ်လေ။ အလုပ်သမားအခွင့်အရေးလည်းရတာပေါ့။ မြန်မာပြည်တွင်းမှာ နှပဲခြောက်ပြားနဲ ့ကျွန်ခံမဲ့အတူတူ ဪစီမှာပဲ ခံတော့မယ်ဗျာ။ ကိုယ့်ကုသိုလ်ကံနဲ ့ကိုယ်ပါကွာ။ မနာလိုမဖြစ်ပါနဲ ့။ မင်းငါ ငါဘီယာတိုက်ပါ့မယ်။

    • ဗိုက်ကလေး

      April 10, 2012 at 12:38 pm

      ဟေ့ရောင်
      မင်းတိုက်မှ သောက်နိုင်မဲ့ ဘဝမဟုတ်ဘူးကွ
      မြန်မာပြည်မှာနေပေမဲ့ ဘီအီး၊ ဘီယာ နတ်မှန်တယ်ကွ.သိရဲ့လား..

      ဒါပေမဲ့
      ပို ့ရင်လဲ ပို ့လိုက်လေ..သင်္ကြန်တွင်းသောက်ရအောင်
      သောက်ချင်လို ့တော့မဟုတ်နော်
      မသောက်ရင် ခင်ဗျားစိတ်ဆိုးမှာဆိုးလို ့ စေတနာနဲ ့ သောက်ပေးရမှာ

      • Moe Z

        April 10, 2012 at 12:43 pm

        ဟိတ်လူ ကျုပ်ကို ဘီအီးအကြွေးမပေးရသေးဘူးနော်
        နှစ်ဟောင်းကနေ နှစ်သစ်ကူးတော့မယ်

        အပေါ်ကစာတွေကို လုံးဝမဖတ်ဘူးနော်
        ကွန်မန့်တွေပဲဖတ်တာ :mrgreen:

  • မုန်းအောင်ချစ်

    April 10, 2012 at 12:34 pm

    ကဖုန်းကျော်က သူ့အလုပ်အကြောင်းလိုလို..
    ဘဝအကြောင်းလိုလို.အတွေ့အကြုံတွေလိုလိုလေးတွေ ရေး
    ခင်ဗျားတို့က ဖတ်ပြီး.ကောင်းပါတယ်.ဗဟုသုတ ရပါတယ်ဆိုပြီး ချိီးကျးကြ
    ဟုတ်တာ မဟုတ်တာ သူပဲသိမယ်..ကိုယ်လဲသိတာမဟုတ်. ရွှီးလုံးလဲဖြစ်ချင်ဖြစ်မယ်
    ဟော .နောက်ရက်ကျ. ရောဂါ ဖေါက်ပြီး.
    ခင်ဗျားတို့ကို မခံချင်အောင် ပွဲဆူအောင်ပေါက်ကရတွေ ရေး ..
    ခင်ဗျားတို့က ကက်ကက်လန်အောင် ရန်တွေ တွေ့လိုက်.
    သူက တော့ ကွန်မန်းတွေဖတ်ပြီး.ငခူပြုံးလေးနဲ့ ငါ့ အကွက်ထဲ ဝင်လာတဲ့ ငတုံးတွေဆိုပြီး
    ထိုင်ဟားနေမှ မြင်ယောင်သေး.
    တစ်ကယ်တော့ ကျွန်တော်တို့ ခင်ဗျားတို့ကို သူက ကလိပြီး ဟာသလုပ်နေတာ. အရူးလုပ်နေတာ
    သူ့ကို ဘယ်လိုပြောပြော . ဟုတ်တိပတ်တိ ပြန်ချေပတာကို မတွေ့ဖူးသေးဘူး.
    ခင်ဗျားတို့ က သူ့ post ဆိုရင် ဝင်မဖတ်ပဲမနေနိုင်ကြဘူးလား
    သူကလဲ မကြိုက်ရင် ဝင်မဖတ်နဲ့လို့ ရေးထားတာပဲ.
    ဝင်ဖတ်မိတော့ မခံချင်စိတ်နဲ့ ဝိုင်းချဲကြရော.
    ခု ကျွန်တော်တောင် မျက်စိလည်ပြီးဝင်ဖတ်မိလို့ .အကုသိုလ်များရတယ်
    ဝင်လဲမဖတ်နဲ့..ကွန်မန်းလဲ မပေးကြနဲ့..
    ဖတ်သူပြောသူမရှိရင်..သူ့ဟာသူ ယောင်ချာချာနဲ့.. တစ်ယောက်ထဲ စကားပြောနေတဲ့
    အရူးကြီးလိုဖြစ်နေမှာပေါ့..
    ဟုတ်ဘူးလားကျွန်တော်ပြောတာ.

  • etone

    April 10, 2012 at 2:18 pm

    ကိုဘုန်းကျော်ရေ … ပျင်းလျှင်လည်း ..ဂိမ်းဆော့ပါလားဗျို့ … ။
    နှစ်သစ်အချိန်လေး မင်္ဂလာယူနေချိန်မှာ … ရွာဆူအောင် မစပါနဲ့လား ….. ။
    စိတ်က ဒီလောက်ပုတ်တာ မဟုတ်ပဲ ….. ရှင်တမင် …လျှောက်ရေးနေမှန်းသိပါတယ် … လူမုန်းခံရမှ နေသာထိုင်သာရှိတာလား … 🙄

  • naung naung

    April 10, 2012 at 2:29 pm

    ခွေးဟောင်တိုင်းလဲ ထမကြည့်နဲ့တဲ့ အိပ်ရေးပျက်လိမ့်မယ်တဲ့ ရှေးလူကြီးတွေစကားပါ ဒါပေမဲ့ ခွေးဟောင်တာကိုထမကြည့်မိပြန်ရင်လဲ သူခိုး ခိုးခံရမှာကြောက်တော့ ထကြည့်မိတယ် ဗျာ။

  • Phaung Phaung

    April 10, 2012 at 3:51 pm

    ဒါကြောင့်ပြောတာ……… ဒီ ဘုံးကျော်ကြီးက မယုံရပါဘူးလို့။

    • ကိုရင်မောင်

      April 13, 2012 at 3:07 pm

      ကိုဘုန်းကျော်…
      ကျပ်မပြည့်တဲ့သူတွေကသာ
      မနေဘူးမစားဘူးတဲ့နေရာရောက်သွားယင်
      ဆင်ခြင်ထုံတရားမဲ့ပြီး
      အောက်ချေလွတ်..ဘဝင်ရူး ရူးသွားတတ်တာပါ
      ဘဝင်ရူး ရူးတဲ့သူတွေဟာ..ကိုယ်တယောက်ဘဲလူကောင်းထင်ပြီး
      ကျန်တဲ့သူအားလုံးကိုရူးနေတယ်လို့ထင်တတ်တာကို
      မင်းဘာသာမင်းပျော်စေပျက်စေလို့ဘဲရေးရေး
      အတည်ဘဲရေးရေး ကိုယ့်ကိုယ်ကိုတန်ဘိုးထားဆင်ခြင်သင့်တယ်လို့ထင်ပါတယ်
      ကိုယ်စိတ်ကို ကိုယ်ကိုယ်တိုင်ဆန်းစစ်သင့်ပြီလို့အကြံပေးပါရစေ။။

  • Onyx

    April 18, 2012 at 2:36 pm

    အော် ရွာသူားတို့ရေ မပြည့်တဲ့ အိုးဘောင်ဘင်ခတ်ဆိုတာ ဒါမျိုးနေမှာ ။
    မြန်မာပြည်ပြန်လာရင် ဝရင်းတုတ်သာကောက်ခဲ့ပေးတော့။

  • မောင်ပေ

    June 28, 2012 at 9:39 pm

    ရေးထားတဲ့စာကလဲ တစ်ကယ့်ဗယုတ်
    ကွန်မင့်တွေကတော့ ရှယ်ဘဲ
    တော်တော်ရယ်ရတယ်ဗျို ့
    ဪစီမှာဘဲ ခံမယ်ဆိုဘဲ
    ဟားဟားးးးးးးး

Leave a Reply