Concordia Int’l Co., Ltd အကြောင်း

a bApril 9, 20121min595

Concordia Int’l Co., Ltd အကြောင်း

မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေမကောင်းကြဘူး တစ်ချို့ပေါ့နော်

အထူးသဖြင့် ကုမ္ပဏီတွေဟာ ကိုလျှောက်တဲ့ကို အလုပ်ကိုမပေးဘဲ HR ဌာနက နေလိမ်လည်ခန့်ထားပြီးတက်သမျှကို ခိုင်းစားတဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။

လစာတိုးပေးမည် (3)လကြာရင် နောက်ပြီး သူဌေးမက အရမ်းကိုပျူငှာသလိုလို နှုတ်ဆက်ရင်ပဲ လစာတိုးပေးမလိုလိုပြောပြီး၊ ဝန်ထမ်းတွေကို လိမ်လည်ခန့်ထားနေပါတယ်။ တကယ်တမ်းကြတော့ (3)လမဟုတ်ပါ (5)လကြာမှ သူတောင်းစားလို့ လိုက်တောင်းနေရတဲ့

ဝန်ထမ်းအဖြစ်ပါ။ ဘယ်တော့မှ မလုပ်သင့်သော ကုမ္ပဏီဖြစ်တယ်။ အလုပ်က Marketing Excutive တဲ့ ဘာတက်လည်း အကုန်ခိုင်းတယ် ပစ္စည်းမရောင်းရင်အဆင်ပြေတယ် မရောင်းပြန်တော့ လစာက အပြည့်မရ၊ ရောင်းပြန်တော့ နောက်ကနေ ဘာမှ မလုပ်နိုင် Invoice မထွက်၊ ကားကမရှိ customer ကို အဆင်ပြေအောင်အမြဲလုပ်ပေးနေရတယ်။ HR ဆိုသည်မှာ ဘာမျှပြောလို့မရပါ ဟိုး Invoice အခန်းကနေ Driver အဆုံးတောင်းတောင်းပန်ပန်နဲ့ လိုက်ပြီး ပြောမှ လုပ်ပေးနေရပါတယ်။

တကယ်လို့ သူငယ်ချင်းတွေများ Marketing နဲ့ မှန်သမျှ အလုပ်လုပ်မယ်ဆိုရင် ဘယ်တော့မှာ

Concordia Int’l Co., Ltd ကို သွားလို့ မလျှောက်ဖို့ အသိပေးလိုက်ပါတယ်။

ကြုံတွေ့ခဲ့ဖူးသူတစ်ဦး

5 comments

  • ကြောင်ကြီး

    April 10, 2012 at 9:02 am

    မရှိလို့လုပ်စားနေဒါကွယ်…။ ရှိလို့ဝယ်စားသူတွေက သီးညည်းခံဂျမှပေါ့…။

  • kyeemite

    April 10, 2012 at 10:28 am

    အင်း..ကျုပ်ဗမာစာပြန်သင်ရအုံးမယ်..ဖတ်ပီးသိပ်နားမလည်လို့…

  • တမန်တော်

    April 10, 2012 at 1:38 pm

    ကျန်သေးတယ်ဗျ မန္တလေးက MEGA co;ltd ။ ပေးတဲ့ လစာက မဖြစ်စလောက် ခိုင်းလိုက်တာက ကျွဲလိုနွားလို
    ရန်ကုန်ရုံးက ဒေါက်တာကျော်သူထွန်းကတော့ ဝန်ထမ်းတွေအပေါ်ကောင်းတယ်ဗျ။ မန်းလေးက ဒေါ်ပုလဲကိုလေး သာမကောင်းတာ ရုံးဆင်းချိန်ရောက်လို့ပြန်တာတောင် မကြိုက်ဘူး၊ အမြဲတမ်း
    ၄၅မိနစ် တစ်နာရီလောက်နောက်ကျမှ ပြန်ရတယ်။ သူရှိတဲ့အချိန်ဆို ချီးတောင်ကျယ်ကျယ်မပေါက်ရဘူး။ လိုက်ပြီးရန်လုပ်နေတာ။ အထင်ကြီးပြီး အလုပ်ဝင်ရန်လာသောသူများ သိအောင်ရေးပေးတာပါ။
    မယုံဘူးဆိုရင် လာခဲ့ကြပါ ။လက်တွေ့သိရင်ပိုကောင်းတာပေါ့ ။ တချို့လူတွေဆိုရင် နှစ်ရက်သုံးရက်နဲ့ထွက်ကုန်ကြတာဗျို့

  • char too lan

    April 10, 2012 at 3:10 pm

    မခံနဲ့ နည်းမသိရင် တောင်ဒဂုံရှိတယ် နမူနာ နမူနာ 😉

  • သမိန်ဂီ့

    April 13, 2012 at 11:49 am

    တိန်…
    မားကတ္တင်း အိပ်ဇက်ဂတစ် ကဈေးရောင်းရတယ်…
    ဟုတ်လား …
    သိဘာဘူးဂျာ …
    ကျုပ်က မားကတ္တင်း အိပ်ဇက်ဂတစ်ဆို ..
    မီတင်တွေလုပ် ဆင်မနာတွေသွား
    စွက်ဒဂျီတွေရေးရမယ် ထင်တာ ….

    မသောက်ဘဲ မူးသွားပါတယ်… စာရေးသူရေ…

    ဒက်ဂလောက် ..ဒက်ဂလောက် ..

Leave a Reply