နှစ်သစ်အတွက် မေတ္တာလက်ဆောင်ပါးလိုက်သည်

aye.kkApril 9, 20121min13010

ဆရာတော်ခင်ကြီးဖျော် မူရင်းကျမ်းတွင် ဖော်ပြထားသော တစ်နှစ်တာ ကာလပါတ်လုံး အတွက်အကောင်းဆုံး ယတြာပြုနည်းလေးဖြစ်ပါသည်။
လွန်ခဲ့သောနှစ် နှစ်ဆယ်ကျော် ကာလက ဆရာတော် ခင်ကြီးဖျော် မူရင်းကျမ်းထဲမှ ဖတ်ရှုလေ့လာမှတ်သား ထားခဲ့သော မိမိကိုယ်ကို အန္တရယ် ကာကွယ်ပုံ ယတြာပြုနည်း လေးအား ဂေဇက်ရွာသူား များ ၊ ဝါသနာပါသူများ အတွက် နှစ်သစ်မင်္ဂလာ အခါသမယ ကျရောက်ချိန်တွင် အကောင်းဆုံး ယတြာပြုလုပ် စီရင်နိုင်စေရန် နှစ်သစ်အတွက် မေတ္တာ လက်ဆောင်ပါး လိုက်ပါသည်။
ကျမသည်ဗေဒင်ကို ငယ်ငယ်ကတည်း ကဝါသနာမပါခဲ့ပါ။ ဆရာတော်ရေးသားစီရင်ခဲ့သည့် မူရင်းကျမ်းအား ငှားယူ လေ့လာ ဖတ်ရှုမိခဲ့ပြီးနောက် မှန်ကန်ခဲ့သည်ကို သိရှိခဲ့ရ၍ ဆရာတော်၏
ကျမ်းအား လွန်စွာတန်ဘိုး မဖြတ်နိုင်မှန်း တွေ ့မြင်ခဲ့ပါသည်။
ဆရာတော်မူရင်းကျမ်းပါအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။

မိမိကိုယ်ကို အန္တာရယ် ကာကွယ်ပုံ

မည်သည့် နှစ်မဆို ၊ နှစ်ဆန်း တစ်ရက်နေ့တွင် နာရီ(၆)ပ ခေါ်သော တစ်ရက်၏အတွင်း တစ်ချိန်ချိန်မှာ မိမိတို ့၏နေ ့အလိုက်ဘုမ္မိဖြစ်သော အရပ်တွင်တည်ရှိသော သစ်ငုတ်တိုတို ့တွင် နောက်ပြန်၍ရပ် ၊ ဖနောင့်နှင့် (ရ)ချက် အသက်အောင့်ပြီး လျှင်မကောင်းသမျှဘေး ၊ မကောင်းသမျှဒဏ် ကျွနုပ်အစားခံစေ ဟုနှုတ်ကဖြစ်စေ စိတ်ကဖြစ်စေ ၊ မှန်းဆရွတ်ဆို၍ ကန်ကြောက်ခဲ့ပြီး လျှင်မိမိတို ့၏နေ ့အလိုက် အာယုအရပ် နံပင်ရှိရာ မှာဖြစ်စေ ၊ အနှစ်နတ်ရဲ ရှိသစ်ပင်တို ့တွင် ရေသွန်းလောင်း၍ စိတ်ကဆုတောင်း တိုင်တည်ပါလေ,။
နှစ်ဦးနှစ်ဆန်း တစ်ရက်နေ ့ကိုမပြုလုပ် နိုင်ခဲ့ပါမူ ၊ နှစ်၏အလယ်မှ ပြုလုပ်လို သူတို ့သည် ၊ မည်သည့်လမဆို ၊ လ၏အဦးရက် ၊ လဆန်း(၁)ရက် နေ ့တွင် ၊ မြန်မာနာရီ ၆ပ ၊ တစ်ရက်၏အတွင်း ၊ လဆန်း (၁၂) ရက်က မလွန်စေဘဲ ၊ ထိုနေ ့မှာ အထက်အဆိုပါ ၊ သူခိုးကာကွယ် သော ပိတောက်ပင် ၊ ပဒိုင်းစေ့ ၊ ပိတောက်စေ့ အစီအရင် ၊ မိမိကိုယ်ဝယ် အန္တာရာယ် အမျိုးမျိုး ၊ ဘေးဆိုးဟူသမျှ ၊ ကင်းပရန်နည်း၌ ၊ ဘုမ္မိအရပ်တွင် ၊ သစ်ငုတ်တိုတို ့ကို ၊ ကန်ခြင်း ၊ အာယုအရပ်တွင် ၊ နံပင် ၊ အနှစ်ရှိသော သစ်ပင် ၊ နတ်ရဲပင် ၊ တခုခု ရရာတွင် ရေလောင်း ဆုတောင်းပြုသော ၊ အစီရင်တို ့ကို ၊ တလစာ ၊ တလစာ ၊ လဆန်းတိုင်း ၊ လဆန်းတိုင်း (၁)ရက်နေ ့တွင်ပြုစီရင် ရန်ဖြစ်ပါသည် ။
နှစ်ဆန်း(၁)ရက်နေ ့၌ပြုလျှင် ၊ ၎င်းပြုသော ရက်ကစ၍ တစ်နှစ်ပတ်လုံး ၊ သူခိုး ၊ ဓားပြ ၊ မိမိအန္တာရယ် မတွယ်မငြိ ၊ ကင်းလွတ်နိုင်၏ ၊ လဆန်း(၁)ရက်နေ ့ပြုပါက ၊ တလတွင်သာ ပြည့်စုံသည် ဖြစ်၍ နှစ်ဆန်းကဲ့သို ့ တနှစ်တခါ မဟုတ်ဘဲ တလတခါ လုပ်လေ,။ ။

10 comments

  • Thel Nu Aye

    April 9, 2012 at 9:47 pm

    နဲနဲဘာသာပြန်ပေးရင်တော့ပိုကောင်းမယ် အမအေးကေကေရေ။ တော်တော်များများနားမလည်လို့။ အဆင် ပြေရင်လုပ်ကြည့်ချင်လို့။

    • aye.kk

      April 10, 2012 at 4:56 pm

      သဲနုအေးရေ..
      နှစ်ဆန်း(၁)ရက်နေ ့ဆိုတာက..
      မြန်မာသက္ကရာဇ်၊နှစ်ဆန်း(၁)ရက်နေ ့ကိုပြောတာပါ။
      ကျန်တာကတော့လတစ်လရဲ ့လဆန်း(၁)ရက်ကနေ(၁၂)ရက်တွင်းမှာပြုလုပ်လို ့ရပါတယ်။
      နံနက်(၆)နာရီတိတိကနေ၊ညနေ(၆)နာရီတိတိပါ၊အဲဒီအချိန်တွင်းထဲမှာပြုလုပ်ရပါမယ်။
      မိမိတို့၏နေ ့သားသ္မီးများအလိုက်ဘုမ္မိအရပ်ဆိုတာက..
      တနင်္ဂနွေနေ ့သားသ္မီးများအတွက်-မျက်နှာမူရာအရပ်က-တောင်အရပ်(ဘုမ္မိအရပ်)
      ဖြစ်ပါတယ်..။
      ထိုနည်းအတူ…
      တနင်းလာနေ ့=အနောက်တောင်ထောင့်အရပ်။
      အင်္ဂါနေ ့=အနောက်စူးစူးအရပ်။
      ဗုဒ္ဓဟူးနေ ့=အနောက်မြောက်အရပ်။
      ကြာသာပတေးနေ ့=အရှေ့မြောက်ထောင့်အရပ်။
      သောကြာနေ ့=အရှေ့တောင်ထောင့်အရပ်။
      စနေနေ ့=မြောက်အရပ်။
      ရာဟု(ဗုဒ္ဓဟူးနေ ့ဆယ့်နှစ်နာရီနောက်ပိုင်းမွေဖွားသူကိုပြောတာပါ)=အရှေ့စူးစူးအရပ်တို ့
      ကိုဆိုလိုရင်းဖြစ်ပါတယ်။
      အဲဒီနေ ့သားသမီးများဘုမ္မိအရပ်တည်ရှိရာမျက်နှာမူရာအရပ်အသီးသီးတို ့မှာရှိတဲ့
      မြေကြီးမှတထွာသာသာခန့်ပေါ်ထွက်နေတတ်သောသစ်ငုတ်တိုရှိရာတို ့ကိုရှာရမှာဖြစ်ပါတယ်။
      (လွဲမှာစိုးရင်သံလိုက်အိမ်မြောင်ကိုအသုံးပြုနိုင်ပါတယ်)
      သစ်ငုတ်တိုတွေ ့ပြီဆိုရင်
      ကိုယ်ကိုအနောက်ပြန်အနေထားဖြင့်ရပ်ပြီးလှည့်လိုက်ပါ။
      ပြီးရင်အသက်အောင့်ထားပြီး၊ရေးသားထားသည့်အတိုင်းပင်ပြောခါ
      ရွတ်ဆို၍ဖနောင့်ဖြင့်(၇)ချက်ပေါက်ရမှာဖြစ်ပါတယ်။
      မိမိတို ့၏နေ ့များအလိုက်အာယုအရပ်ဆိုတာကအောက်ပါအတိုင်းဖြစ်ပါတယ်။
      တနင်္ဂနွေနေ ့သားသ္မီးမျက်နှာမူရာအရပ်က-အရှေ့မြောက်ထောင့်အရပ်ကို
      (အာယုအရပ်လို ့ခေါ်ပါတယ်)။
      ထိုနည်းအတူ…
      တနင်းလာနေ ့=အရှေ့စူးစူးအရပ်။
      အင်္ဂါနေ ့=အရှေ့တောင်ထောင့်အရပ်။
      ဗုဒ္ဓဟူးနေ ့=တောင်အရပ်စူးစူး။
      ကြာသာပတေးနေ ့=အနောက်အရပ်စူးစူး။
      သောကြာနေ ့=မြောက်အရပ်စူးစူး။
      စနေနေ ့=အနောက်တောင်ထောင့်အရပ်။
      အထက်ပါနေ ့သားသ္မီးများတို ့အလိုက်အာယုအရပ်များလို ့ခေါ်ဆိုပါတယ်။
      အဲဒီအရပ်မှာရှိတဲ့..
      မိမိကတနင်းလာနေ ့သားသ္မီးဖြစ်ရင်..
      ဗေဒင်သဘောအလိုအရ..က-က-ခ-ဂ-ဃ-င ဖြစ်ပါတယ်။
      ဥပမာ..
      (ကုက္ကိုပင်၊အုန်းချစ်ပင်၊ဂန် ့ဂေါ်ပင်)အစရှိသည်ဖြင့်ပေါ့နော်
      မိမိတို ့ရဲ ့နေ ့အလိုက်နံပင်(သစ်ပင်)ကိုဆိုလိုချင်တာဘဲဖြစ်ပါတယ်။
      အနှစ်ရှိတဲ့အပင်=အသက်ရှိသောအပင်ကိုပြောတာပါ
      တစ်ချို ့ကအပင်သေနေပြီဖြစ်တဲ့၊ခြောက်နေတဲ့အနှစ်မရှိတဲ့သစ်ပင်မျိုးလည်းမဖြစ်ရပါဘူး။
      နတ်ရဲပင်=ရုက္ခစိုးနေတဲ့သစ်ပင်ကိုပြောတာပါ။
      ထိုအပင်များကိုရေသွန်းလောင်းနိုင်ပါတယ်၊မောင်းထောင်ချိုင့်လိုမျိုးနဲ ့ပါ။
      ရေပုန်းနဲ ့ရေများများပါတဲ့ဟာမျိုးနဲ ့လည်းသွန်းလောင်းနိုင်ပါတယ်။ရေလောင်းနေစဉ်စိတ်ကတိုင်တည်ပြီးလိုရာကို
      ဆုတောင်းမေတ္တာပို ့သပေးပါ။
      သိသလောက်မျှဝေခါပြောပြလိုက်ခြင်းဖြစ်ပါတယ်။

    • aye.kk

      April 10, 2012 at 5:05 pm

      ကိုပေါက်ရေ..
      ကိုယ်တိုင်ပြုလုပ်ရတာပါ..
      ကောင်းဧကန်အမှန်စံစားရမှာပါ။

  • ဦးဦးပါလေရာ

    April 9, 2012 at 10:18 pm

    ဆရာတော် ခင်ကြီးဖျော်ဆိုတာ မြန်မာဗေဒင်လောကမှာတော့ “ဆန်း” နဲ့ပတ်သက်ရင် စံထား လက်ကိုင်ထားရသူလို့ မှတ်ထားမိပါတယ်။

    ခက်တာက သူ့ကျမ်းလို့ ရေးထားတဲ့ လက်ရှိဈေးကွက်ထဲက စာအုပ်တွေက အမှန်ဟုတ်မဟုတ်မသိနိုင်တာဆိုးတယ်။
    ကမ္ဘာအေးဘုရားစောင်းတန်းမှာ တအုပ်ဝယ်ဖတ်ကြည့်တော့ လက်ရိုးဗေဒင်တွေရော မဟာဘုတ်ရော ပါနေတော့ စိတ်ထဲ သူ့ကျမ်းအမှန်လို့ သိပ်မထင်မိဘူး။ ဒီသံသယပျောက်အောင်က သူ့ရာဇဝင်ပါ အသေအချာသိရမှဖြစ်မှာ။ သူ့ရာဇဝင်ကလဲ တခါမှ မတွေ့/မဖတ်ဖူးဘူး…။

    • aye.kk

      April 10, 2012 at 3:03 pm

      ဦးဦးပါလေရာ..
      ယ္ခင်ဗြဟ္မဝတီစာပုံနှိပ်တိုက်ကထုတ်ဝေခဲ့သောအာဒိကပ္ပဒွါဒရာသီနက္ခတ်ကျမ်းတွင်ပါရှိသော
      အတုလဆရာတော်ခင်ကြီးပျော်၏အထ္ထုပ္ပတ္တိစာတမ်းအားpostတခုအနေဖြင့်သိထားသမျှ
      ရေးတင်လိုက်ပါမည်။
      (ကွန်မင့်အနေဖြင့်ရှည်သွားနိုင်၍ဖြစ်ပါသည်)
      ကျမအနေဖြင့်အတုလဆရာတော်ခင်ကြီးပျော်၏မူရင်းကျမ်းအမှန်အားဖတ်ရှူထားသည့်
      အထဲမှပဉ္စမကဏ္ဍပါအခန်း(၁၆၂မှ၁၆၈)ပါနိဂုံးလင်္ကာအထိအားဝါသနာပါသူများအနေဖြင့်
      အမှန်သိရှိနိုင်ပါရန်မေတ္တာဖြင့်ရေးသားဖော်ပြပေးသွားပါမည်။

  • ကြောင်ကြီး

    April 10, 2012 at 10:29 am

    ဆရာသမာများ ပြောလေ့ရှိတာတော့ မေတ္တာဘာဝနာ စီးဖြန်းခြင်းသည် အကောင်းဆုံး အတားအဆီးတဲ့.. ပုံမှန် အလေ့အကျင့် လုပ်ဖို့တော့ လိုမှာပေါ့နော်..။ ယတြာအဆောင်တွေက ရတာလည်းရှိ မရတာလည်း ရှိပါမယ်.. လောကမှာ သူ့ထက်သူ လူစွမ်းကောင်း၊ တတောင်ထက်ပိုမြင့်တဲ့ အခြားတောင် အမြဲရှိတယ်ဆိုတော့ လောကီအစီအရင်ထဲမှာ အမြတ်ဆုံးဖြစ်တဲ့ မေတ္တာပွားခြင်းကို ယုံယုံကြည်ကြည်နဲ့ လုပ်ကြပါလို့ တိုက်တွန်းပါတယ်။ မရတော့လည်း ခါးမှာချိတ်ထားတဲ့ ဗျောက်ထုတ်ပစ်ချင်ပစ် ဒါမှမဟုတ် ဝိပဿနာသဘော အစွဲဖြုတ်ရှုလိုက်ပေါ့ဗျာ..။ :mrgreen:
    သဂျီးကြက်မပါဇေ သဂျီးချက်သပါဇေ…။

    • ဗိုက်ကလေး

      April 10, 2012 at 12:11 pm

      အန်တီအေးကိုလဲ ကျေးဇူးတင်ပါတယ်.
      အူးကြောင်ကြီးပြောတဲ့ မေတ္တာဘဝနာ စီးဖြန်းတာကို ပိုသဘောကျပါတယ်
      အခုမှစပြီး သတ္တဝါအပေါင်း အား စတင်မေတ္တာပို ့ပါတော့မည်
      စတင် ခံယူတော်မူကြပါကုန်
      အမျှ..အမျှ..
      ပုံ
      မေတ္တာရှင် ဗိုက်ခလေး

  • Khaing Khaing

    April 10, 2012 at 2:06 pm

    မမအေးရေ …….. ဒီထက်ကျယ်ကျယ်ပြန့်ပြန့်လေးရေးပေးပါလား ………. လုပ်မယ်နော် တစ်နှစ်ပတ်လုံး ဘေးဆိုးတွေကင်းအောင် …….

  • ဆူး

    April 10, 2012 at 6:43 pm

    မေတ္တာဘာဝနာ ပွားတဲ့ အလုပ်ကိုတော့ အလေ့ထုံအောင် တော်တော် လေ့ကျင့်နိုင်အောင် ကြိုးစားနေပါတယ်။ ဆူး ရဲ့ အကျင့်ပုတ်တဲ့ စိတ်တွေ တော်တော် လျော့သွားအောင်လို့ပါ။

Leave a Reply