ရင်းနှီးမြှုံပ်နှံမှုများကိုဆက်လက်စောင့်မျှော်ရင်း…အပိုင်း(၂)

“Backwater Legacy”

The relative underdevelopment is a legacy of military rule that eschewed international engagement.The seizure of power and confiscation of private assets took an economy that the World Bank in 1960 said had “many elements of strength” and turned it into one of Southeast Asia’s backwaters.

President Thein Sein,who took power after election in 2010,is now taking steps to loosen controls on the economy,move the IMF said in January could make Myanmar “the next economic frontier in Asia.”

Draft legislation in parliament may extend tax exemptions for foreign companies investing in the country to as long as eight years form the current,according to Rupert Haw,an attorney with the DFDL law firm in Bangkok who monitors Myanmar.

Other measures may be less appealing to overseas businesses,by easing the provisions for nationalization and strengthening quotas for local employment,Haw said .Restrictions on rights of foreign investors to buy privet in enterprises owned by Myanmar citizens also to be addressed if the country wishes to attract foreign capital,he said.

“ခေတ်နောက်ကျ၊ပျက်ဆီးမှု ဆိုးမွေ”

နိုင်ငံတကာနှင်အဆက်ဖြတ်တောက်ထားခဲ့သော စစ်အုပ်ချုပ်ရေး၏အမွေဆိုးမှာ အရာရာဖွံ့ဖြိုးမှု နိမ့်ကျနေခြင်းပင်ဖြစ်သည်။အာဏာသိမ်းမှုနှင့် ပြည်သူပိုင်သိမ်းမူများက စီးပွါးရေး အင်အားကောင်းကောင်းဖြင့် လင်းလက်နေသော နိုင်ငံကို အရှေ့တောင်အာရှ၏ ရေသေနွံထဲမှ နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်ဟု ကမ္ဘာဘဏ်က ၁၉၆ဝခုနှစ်တွင် ပြောကြားခဲ့သည်။

၂၀၁ဝ ရွေးကောက်ပွဲများအပြီး အာဏာရလာသော လက်ရှိသမ္မတ ဦးသိန်းစိန်က ယခင် စီးပွါးရေး ချုပ်ချယ်ကန့်သက်မှုများကို စတင်ဖြေလျော့ ပေးရန်ဆောင်ရွက်နေပြီဖြစ်၍ အာရှ၏ စီပွါးရေးခွင်သစ်တစ်ခုဖြစ်လာအောင် ပြုလုပ်နိုင်ဖါယ်ရှိသည်ဟု IMF ကဇန်နဝါရီလတွင် ထုတ်ဖေါ်ပြောကြားထားခြ့ပါတယ်။

မြန်မာနိုင်ငံတွင် ရှု်းနှီးမြှုပ်နှံသော နိုင်ငံခြားကုမ္ပဏီများ၏ အခွန်သက်သာခွင့် သက်တမ်း ၃ နှစ်ကို လွတ်တော်တွင် ဥပဒေကြမ်းတင်ပြကာ ၈နှစ်အထိ သက်တမ်းတိုးနိုင်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံကို အကဲခတ်နေသော ဘန်ကောက် DFDL ဥပဒေအကျိုးဆောင်ကုမ္ပဏီမှ ရှေ့နေ ရူးပတ်ဟော ဆိုပါသည်။

ပြည်သူပိုင်သိမ်းမူဆိုင်ရာ စည်းကမ်းများကို လျော့ပေးခြင်း၊ပြည်တွင်းဒေသခံလုပ်သားအတွက် သေစုပိုတောင်ခြင်းစသော အခြား အစီအစဉ်များမှာမူ နိုင်ငံခြားကုမ္ပဏီများကို ဆွဲဆောင်နိုင်အား နည်းပေလိမ့်မည်ဟု ရူးပတ်ကဟောက ဆိုပါသည်။အကယ်၍ နိုင်င့ခြားရင်းနှီးငွေများကို အမှန်တကယ် ဆွဲဆောင်လိုသည်ဆိုပါက မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများမှ ပုဂ္ဂလိက အစုရှယ်ယာများကို  နိုင်ငံခြားသားများဝယ်ယူခွင်ဆိုင်ရာ တားမြစ်ချက်များကို လည်းလျော့ပေါ့ ဖြေရှင်းဆောင်ရွက်ပေးရန် လိုပါသညါဟု ရူးပတ်က ပြောကြားခဲ့ပါသည်။

“Mixed Bag”

:the draft bill presents something of a mixed bag of reform on the one hand and rather more protectionist measures on the other ,’ Haw said by e-mail,adding that it has since been amended and the final version likely won’t be published until it’s signed into law.”It is doubtful that his bill will in itself stimulate a huge increase in investment.”

Foreign banks may get a chance to operate in the country in 2015,when an agreement to integrate with the 10-nation Association of Southeast Asian Nations takes effect.Authorities are currently working to dismantle a complex multiple-exchange-rate system that has contributed to an economy being largely run on cash,depriving small business of credif needed to expand.

Banks such as Standard Chartered Plc(STAN) are waiting for sanctions to be lifted before considering a return,said Neeraj Swaroop,head of Southeast Asia excluding Singpore for the U.K lender that earns more than tow-thirds of its profit in Asia.

“ရောထွေးနေတဲ့ ဥပဒေ”

ရင်းနှီးမြှပ်နှံမူ ဆိုင်ရာ ဥပဒေမူကြမ်းဟာ တစ်ဖက်မှာ ပြုပြင်ပြောင်းလဲမူကို ထင်ဟပ်နေသလို အခြားတစ်ဖက်ကကြည့်ရင် မယုံသင်္ကာကာကွယ် တတ်သူတွေရဲ့ အစီအစဉ်မျိုးတွေကို ပိုမိုမြင်တွေနေရပါတယ်။နိုင်ငံခြားရင်းနှီးမြှပ်နှံမူကို ဒီလိုပုံစံမျိုးနဲ့ကြီးကြီးမားမားဆွဲဆောင်နိုင်မယ်ဆိုတဲ့ အချက် ကို သ့သယဖြစ်မိပါတယ် ဟု ရူးပတ်ဟော က အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားပေးပါတယ်။

အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံ ဈေးကွက်ပေါင်းစည်းကြံဆမည့် သဘောတူညီချက် အကြုံးဝင်သက်ရောက်မည့် ၂၀၁၅တွင် မြန်မာန်ုင်ငံ၌ နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့်ရရှိတော့မည် ဖြစ်ပါသည်။နိုင်ငံ၏စီးပွါးရေးကို ငွေစက္ကူပေါ်တွင် ကြီးကြီးမားမား မှီခိုလည်ပတ်ရအောင် ဖန်တီးခဲ့သည့် ငွေလဲနှုန်း ပေါင်းစုံစနစ်ကို ယခု အခါ အာဏာပိုင်များက ပြင်ဆင်ပြောင်းလဲ ရန်ဆောင်ရွက်လျက်ရှိပါသည်။

ဘဏ်၏ အမြတ်ငွေ သုံးပုံနှစ်ပုံကို အာရှိုက်မှ ရရှီနေသော ဗြိတိန် Standard Chartered Plc ကဲ့သို့သော့်ဘဏ်မျာအနေဖြင့်မြန်မာနိုင်ငံ သို့ ပြန်မဝင်မှီ Sanction များ ရုတ်သိမ်းမည့် အချိန်ကို စောင့်စား နေကြသည်ဟု ယင်းဘဏ်၏ အရှေ့တောင်အာရှ တာဝန်ခံ အကြီးအကဲ နီရတ်ချ်ဆွာရုပ်က ပြောကြားခဲ့ပါသည်။

အထက်ပါ အကြောင်းအရာများအာလုံးတို့သည် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်က ဆွေးနွေးညှိနှိုင်းချက်မျာဖြစ်ပါသည်။

ယခုအခါ Sanction များလျော့ချ ပေးပြီးနောက်ပိုင်း ဘယ်အတိုင်းအတာအထိ မြန်မြန်ဆန်ဆန် နိုင်ငံခြားရင်းနှီးမြှပ်နှံမူများ ဝင်ရောက်နိုင်ပါသနည်း။ကိုရီးယားလုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံမှာ လျှက်စစ်ဓါတ်အားဖြန့်ဝေမူကို အထူးလေးပေးစုံစမ်းနေသည်ဟုလည်းသိရပါသည်။

လက်ရှိအခြေအနေမှာတော့ အသံနဲတင် အိမ်၊ခြံမြေဈေးများ ခုံတက်သွားသည်ဟု ပြည်တွင်းမှလာသော သတင်းအရ သိရပါသည်။

ကျနောတို့ ရွာမှ ရွာသူရွာသားမျာလည်း လှူနိုင်တန်းနိုင်ကြသော ကုန်သည်ပွဲစား စီပွါးရေးသမားများ၊ငွေကြေးချောင်လည်ကြ သူများ မည်သို့သော ရင်းနှီးမြှပ်နှံမူလေးများ လုပ်ထားသင့်သလဲဆိုတာ တွေးလို့ရအောင် မျှဝေ ရေးသားခြင်းသာဖြစ်ပါတယ်။

အစဉ်အမြဲလေးစားခင်မင်တတ်တဲ့…

ဇော်မင်းးးးးးးးးး

တစ်စုံတစ်ရာအမှားပါခဲ့ရင် ခွင့်လွှတ်ကြပါနော်….

6 comments

  • kai

    April 10, 2012 at 4:44 am

    ရှေ့ပိုင်းကလွဲမှားခဲ့တဲ့.. ပေါ်လစီတွေကြောင့်.. မြန်မာအများစုလူထုဟာ.. ရင်းနှီးမြုတ်နှံသူတွေကို.. ရန်သူတွေ.. ကိုယ့်မြေကိုလာရောက်သုံးစွဲယူငင်သူတွေ.. အမြတ်ကြီးစားသူတွေ.. ပါတ်ဝန်းကျင်ဂေဟကိုလာဖျက်သူတွေလို့.. မြင်နေကြဟန်ရှိပါတယ်..။

    ဒါတွေကို.. ကျယ်ကျယ်ပြန်ပြန့်.. (အရင်). ရှင်းလင်းပြရမယ်ထင်မိတယ်..။
    အဲလိုမလုပ်လို့ကတော့.. ထစ်ဆို.. ဆန္ဒပြ..ကန့်ကွက်တဲ့..(အလေ့အကျင့်ရခါစ) မြန်မာပြည်ထဲ.. (တကယ်)ရင်းနှီးမြုတ်နှံမဲ့သူတွေ.. လက်တွန့်ကြမယ်ထင်မိတယ်..

    ဒီလိုအချိန်မှာ …ဝင်လာရဲသူတွေက. ပွဲစားတွေဖြစ်ဖို့… များ….ပါ…. တယ်..။ 😆

    • ကြောင်ကြီး

      April 10, 2012 at 9:55 am

      ပွဲဇားဟုတ်ပါဘူးဗျ၊ အကျိုးဒေါ်ဆောင်ပါ… သဂျီးပဲပြောထားပီးဒေါ့…။

  • htoosan

    April 10, 2012 at 7:21 am

    သူကြီးပြောသလို လောလောဆယ် က ပွဲစား တွေများနေပါသည်။ အမှန်တစ်ကယ် သူဌေးတွေက စောင့်ကြည့်ဆဲပါ။
    ရွှေမြန်မာများ ဖြူဖြူမြင်တိုင်း၊ နိုင်ငံခြားသားတိုင်း သူဌေးများ ဟု မထင်ကြရန်လည်း လိုအပ်ပါသည်။

  • ဦးဦးပါလေရာ

    April 10, 2012 at 9:12 am

    အခုမှ ပြုပြင်ပြောင်းလဲဘို့ အသံပေးရုံသာရှိပါသေးတယ်။ ဘာမှ အလုပ်ဖြစ်လောက်အောင် မပြောင်းလဲသေးပါဘူး။ လက်ရှိ ပြုပြီးဥပဒေတွေကလဲ သုံးလို့ရဘို့ ဆိုင်ရာဌာနတွေမှာညှိနှိုင်းပြီး ကက်ဘိနက်ကိုပြန်တင်ပြီး မှ နည်းဥပဒေတွေထွက်မှာပါ။ နည်းဥပဒေထွက်သည့်တိုင် တကယ်ထိထိရောက်ရောက် ကျင့်သုံးတဲ့အထိရောက်ဘို့ တွန်းအားမပေးရင် ကြာဦးမှာပါ။ infrastructure တွေပြည့်စုံဘို့လဲ လိုပါသေးတယ်။
    ဒါကြောင့် ကုန်ထုတ်လုပ်ငန်းတွေ ဝန်ဆောင်(ဘဏ်ကဲ့သို့)လုပ်ငန်းတွေ အလုံးအရင်းနဲ့ဝင်လာဘို့ မလွယ်သေးပါဘူး။
    အခုခေတ်ဦးအချိန်မှာ မျှော်လင့်ထားရမှာက နေရာဦးမယ့်သူတွေ ဖျာကိုယ်စီနဲ့ အရင်ဝင်လာမှာကိုပါပဲ။

    • Mလုလင်

      April 10, 2012 at 10:51 am

      အဲဒါကြောင့်များ .. ဒီက ဘိုးတော်တွေက မြေဈေး တွေ ကစား သလားဗျာ။ အောက်လက်ငယ်သားတွေ မှာ အိမ် တစ်အိမ် ဝယ်နိုင်ဖို့ ဆိုတဲ့ အိပ်မက် တော့… ဝေဝါး … လျက် ….

  • zaw min

    April 10, 2012 at 8:12 pm

    သေချာသလောက်တော့ ဦးဦးပါ ပြောသလို နေရာအရင်ဦးမယ့် ဆွေမျိုးပေါက်ဖေါ်တွေပဲ ဖျာလိပ်ကိုယ်စီနဲ့ အရင်ဝင်လာမှာပါ။ မြေပိုင်ရှင်များအထူး သတိရှိဖို့လိုပေလိမ့်မည်။

Leave a Reply