ဂျလေဘီသယ်surmiမှ ရေသယ်surmiဘဝသို.

ေမာင္ရိုးApril 10, 20121min18122

ဟိုရက်ကစပြီးညပိုင်းတွေညနေပိုင်းတွေမှာ မ၊ီးမဖြတ်ဘဲ စမ်းသပ်ပြီးပေးပါတယ် ၊ ကံဆိုးသူဆာမိကတို.ကတော.မလာတစ်ချက်
လာတချက်ပါ ။ ဘာဘဲဖြစ်ဖြစ် အရင်ကထက်စာရင်တော.တော်သေးတာပေါ. ။ ဟိုတလာက မီးပြတ်စဉ်က ဆာမိရဲ.
ကြုံရဆုံရ တခဏ အကြောင်းကိုတော. ပြန်ပြောပြချင်ရဲ.ဗျာ ……။
မီးပျက်တဲ.ဒုက္ခကတော.အားလုံးအတူတူပါ ၊ ဒါပေမဲ. ဆာမိတို.ကကံပိုထူးလေတော.ရေပြတ်တဲ.ပြဿနာပါကြုံရသဗျ။
ဆာမိတို.နေတဲ.အရပ်ကခတ်ချာချာ ။ နေတဲ.တိုက်က တာဝတိ ံသာဖင်ဖျား …အထပ်သာမြင်.ပြီးအဆင်.မမြင်.လေတော.
ကိုယ်ပိုင်ရေမရှိ ၊ ဂျိုးဖြူရေသာအားကိုးနေရပါတယ် ။ ဂျိုးဖြူရေကလည်း မိုးတွင်းမဟုတ်ရင်ညသန်းကောင်ကျော် ဒါမှမဟုတ်
မနက်လေးနာရီလောက်မှလာတာ ….။မီးမှန်နေတုန်းကတော.အကြောင်းမဟုတ်ပေမဲ. မီးလဲပြတ်ရောဒုက္ခလှလှတွေ.ရတာ
ဘဲဗျို. ….ရေလာတော.မီးပြတ် ၊ မီးပြတ်တော.ရေလာ အတော်ကိုဆိုးသဗျ ။တိုက်ခန်းကျဉ်းတွေဆိုတော.လည်းရေက
အများကြီးလှောင်လို.မရ ၊ မီသားစုကလေးဦး တစ်နေ.အဝတ်ရှစ်စုံ ၊ ရေချိုး အိမ်သာသုံး သန်.ရှင်းရေးသုံး ပန်းကန်ဆေးဆို
တော. သုံးရက်တခါမှရေလာချိန် မီးလာချိန်တိုင်ပင်ကိုက်တဲ.ဆာမိတို. အရှင်လတ်လတ်ငရဲကျတာပေါ.ဗျာ…။
မီးလာတဲ.ညဆိုလဲအိပ်မရပါဘူး ၊ ရေကင်းစောင်.ရတာအမော … ရေလာတော.လည်း တစ်လက်မခွဲပိုက်ထဲကရေကို
၁၆ ခန်းကလုပြီး တင်ကြတော. (ကန်တော.) သေးပေါက်သလောက်ဘဲလာတာ ။ ရေတစ်ကန် ပြည်.ဘို.တစ်နာရီ
လောက်စောင်.ရတယ် ။ပိုက်ဆံကုန်ခံပြီးရေသန်.ဝယ်ရင်လည်း ၈ ထပ်တိုက်ပေါ်ဆိုတော.ရေသန်.သမားက နှစ်ခေါက်
လောက်ဘဲပို.နို်င်တယ် ။ ဒီတော.ရေချွေတာရေးလုပ်ရတာပေါ.ဗျာ … ဆန်ဆေးရေတို.၊ အဝတ်လျှော်ရေတို.ကိုမသွန်
ဘဲ အိမ်သာသုံးတာတို.၊ အကြမ်းဆေးတာတို.သုံးရသဗျ ။ ဘယ်လောက်ချွေတာချွေတာ မလောက်တာကတော.
မလောက်တာပါဘဲဗျာ …….။
တစ်နေ. …ဝရန်တာကနေယပ်တောင်စုတ်ကြီးကိုတဖျတ်ဖျတ်ခတ်ရင်း ဟိုကြည်.ဒီကြည်. ကြည်.နေတုန်း …လူတစ်
ယောက်ရေစည်လှည်းတွန်းလာတာမြင်ရတယ်ဗျ ။ ဒါနဲ.ပြေးဆင်းပြီး ရေစည်လှည်းဝယ်တော. …….ရေရောင်းတာ
မဟုတ်ဘူးတဲ.၊ ကိုယ်.အိမ်အတွက်ကိုယ်ထူကိုယ်ထရေစည်လှည်းတွန်းတာတဲ.ဗျာ ။ ရေပြဿနာကြုံနေတဲ.ဆာမိလည်း
တခါထဲ ဂျီးပွင်.သွားပါတော.တယ် ….ရေစည်လှည်းငှားတဲ.နေရာစုံစမ်း ၊ ရေရောင်းတဲ.နေရာမှာ ရေတစ်စည်ကို
၂၀၀ဝ ကျပ်နဲ.ဝယ် ၊ အဲ …ပြီးတော. ကိုယ်တိုင်တွန်းရတာပေါ.ဗျာ ။
ဒီလိုနဲ. …ညဘက်ညဘက် (၉)နာရီလောက်ဆို ပုဆိုးတိုတိုဝတ် ၊ စွပ်ကျယ်ကျောကွဲနဲ.ရေစည်လှည်းကို ဖင်ကုန်းတွန်း
နေတဲ. ရွာသားဆာမိတယောက်ကို လမ်းသွားလမ်းလာတွေ မြင်တွေ.ရမှာပါ….။ဪ …ဒါနဲ. ပြောရဦးမယ် ….
ဝဋ် ဆိုတာကြာကြာမနေဘူးဗျ ၊ ဆာမိလည်းရေစည်လှည်းတွန်းရော ကိုယ်.လိုဘဲရေပြတ်နေတဲ.အိမ်တွေက ရေစည်လှည်း
လာပြီးဝယ်ကြတယ် ၊ ရေလာမှာကြတဲ.သူတွေကို မောတဲ.ကြားကကြိုးစားပြီး ရှင်းပြပါတယ် ။

တစ်ည ….နှစ်ည …..သုံးည …ကြာတော.လည်း မောရတဲ.အထဲ လျှာထွက်အောင်ရှင်းပြနေရတော. ၊ ဆက်ပြီး
မရှင်းနိုင်တော.ဘူးထင်ချင်ရာထင်လေတော. ၊ ခေါင်းညိတ်ပြီး လက်သာထောင်ပြလိုက်ရပါတော.တယ် ။ လာမယ် ကြာ
မယ်ပေါ.ဗျာ ….ဘာဘဲဖြစ်ဖြစ် ခုဆိုရင် ကျင်.သားရလို.ရေစည်လှည်းကိုရှေ.တည်.တည်.သွားအောင်တော.တွန်းတတ်
နေပါပြီ ၊ အိမ်က ကလေး(ခြောက်နှစ်သား)ပါမကျန် ရေဆွဲတင်ကြရလို. ကိုယ်ထူ ကိုယ်ထ ရေလည်းရပါပြီ ။ သို.သော်
ရေမလာမီးပြတ်၍ ရေစည်လှည်းတွန်းရ ၊ ဆွဲတင်ရသဖြင်. ပင်ပန်းခြင်းနှင်. မီးလာသော်လည်းရေကင်းစောင်.ရ၍အိပ်ရေး
ပျက်ခြင်းများကြောင်.အလုပ်ထဲလဲရောက်ရော စတင်ပြီးအိပ်ငိုက်ပါတော.တယ် ။လုပ်ဖေါ်ကိုင်ဖက်များကမကြည် ….
အောက်လက်ငယ်သားများက ရီ(ရယ်)…..အထက်လူကြီးကလဲ မျက်စောင်းထိုး …..ဒီလို ဒီလို နဲ.ဘဲ ဂျလေဘီ
သယ်ဆာမိဘဝမှ ရေသယ်ဆာမိဘဝသို.ရောက်မှန်းမသိရောက်သွားပါတော.တယ် ။ဒီတော. ငယ်ငယ်ကဖတ်ဘူးခဲ.တဲ.
ဦးပုညရဲ.ရေသယ်ပြဇတ်ကိုသတိယရင်း ခေတ်သစ်ရေသယ်ပြဇတ်လေးတစ်ပိုဒ်လောက်တော.ရေးလိုက်ချင်သေးဗျာ …။

မေး ။ ။အကျီင်္ကျောကွဲ ၊ ပုဆိုးအပြဲဝတ်ပြီး ၊ခေါင်းမွှေးစုတ်စုတ် ၊ ဝတုတ်တုတ်နဲ.၊ ကျားကုပ်ကျားခဲ ၊ ရေစည်လှည်း
တွန်းလေတဲ. …အို …ရွာသားဆာမိ …
ညစဉ်ကြိုးစား ၊ ရေစည်လှည်းသမားဘဝ ၊ ဘယ်၍ဘယ်မျှ ၊ စုဆောင်းမိပါ၍ ၊ ရေစည်လှည်းတွန်းရောင်း ၊ အသက်မွေး
ဝမ်းကျောင်းပြုသနည်း ။

ဖြေ ။ ။ ယခုချိန်ခါ ၊ ပြည်မြန်မာရှိ ၊ ဒဂုံမည်ခေါ် ၊ ရန်ကုန်မြို.တော်တွင် ၊ သဘောဆိုးညစ် ၊ မီးဖြတ်ပစ်လေသော
ကြောင်.လည်းကောင်း ၊ ဖွတ်ချက်ဖွတ်ချက် ၊ မလာတချက်လာတချက်ဖြင်. ၊ ဂျိုးဖြူရေပြတ်လေသောကြောင်.လည်း
ကောင်း ၊ မီးဖြတ်ရေလာ ၊ မီးလာရေပြတ် ၊ အလွဲလွဲဖြစ်တတ်သောကြောင်.လည်းကောင်း …ထိုထိုသောအကြောင်းများ
ကြောင်. ၊ ကိုယ်ထူကိုယ်ထ ရေကင်းစောင်.ရ၍ ၊ ရေမလာမီးပျက်လေသည်.အဆုံး ၊ ဒီဘဝတုံးချင်တုံးစေတော.
သုံးဘို.ရေမရှိလေသောကြောင်. ၊ ရေစည်လှည်းငှား ၊တဝမ်းတခါးနှယ် ၊ ကြိုးစား၍တွန်းနေရပါကြောင်း ……ရွာသူ
ရွာသားအပေါင်းကိုလည်း ၊ ရေလိုရင် ရေရောင်းမှာမို. ………မောင်း သာကျယ်ကျယ်ထုလေတော. ……
ဒီဘက်က …ရေ …ဗျို. ရေ ……….။

22 comments

  • ကိုရင်မောင်

    April 10, 2012 at 3:18 am

    ကိုဆာမိရေ နိုင်ငံတော်ကပြည်သူပြည်သားတွေ
    ကျန်းမာရေးနဲ့ညီညွတ်အောင်
    နိုးနိုးကြားကြားရှိအောင်လေ့ကျင်းပေးနေတာပါဗျာ

  • water-melon

    April 10, 2012 at 7:10 am

    ဒို့မန်းလေးတော့ အခုဆို မီးကပျက်ကိုမပျက်တော့ဘူး
    ရေကလည်း ပုံမှန်ကောင်းတယ် ( ရေပေးရေးရုံးနဲ့နီးလို့)
    ရေမလည်း ကိစ္စမရှိ
    အနီးမှာ ရေတွင်းတွေကိုရှိတယ် ရေကတော့ ရေရေလည်ည်ပေါ
    အေးဆေးအေးဆေး
    စာနာပါတယ် စာမိရယ်
    ကြိုးစားထား ကွန်ဒိုဝယ်နိုင်ဖို့

  • ဦးဦးပါလေရာ

    April 10, 2012 at 9:00 am

    ခေတ်သစ်ရေသည်ပြဇတ်ကိုလဲ အားပေးသွားပါတယ်။
    ရေသည်ကြီး ကိုဆာမိကိုလဲ စာနာပါသဗျာ။
    လျှပ်စစ်သုံးမှ ဖြစ်မယ့် မြို့ကြီးကိုတည်ဆောက်ပြီး လျှပ်စစ်လောက်အောင်တော့ မစဉ်းစားထားတဲ့ ခေတ်အဆက်ဆက်က တာဝန်ရှိသူတွေကိုပဲ စိတ်ပျက်လက်ပျက်ဖြစ်မိပါတော့တယ်။

  • kyeemite

    April 10, 2012 at 9:34 am

    ရေသည်ကိုဆာမိရေ…ကျုပ်အိမ်ကို နှစ်လှည်းလောက်ဗျို့..

    • ဗိုက်ကလေး

      April 10, 2012 at 9:38 am

      ကျုပ်အိမ်ကိုလဲ နှစ်ပပ်လောက်ဗျို ့
      ရေဘိုးကို သဂျီးဆီကလခထုတ်ရင် ပေးမယ်

  • ဗိုက်ကလေး

    April 10, 2012 at 9:37 am


    ရေသည်ဆာမိ မဟုတ်ဘူးဗျ
    ရေတွန်းဆာမိပါ

  • Moe Z

    April 10, 2012 at 9:42 am

    အထပ်မြင့်တိုက်ခန်းတွေမှာနေတဲ့သူတွေ တော်တော်ဒုက္ခရောက်နေကြတာကို
    စိတ်မကောင်းပါဘူး ကိုဆာမိရေ 🙁
    thumbs up လုပ်ပြီး အားပေးသွားပါတယ်နော်

  • အမတ်ဒိန်

    April 10, 2012 at 12:03 pm

    ကိုရင်ဆာမိရေ..
    မိုက်သဗျ..
    ပြောမရဘူးနော်..ရေလှည်းတွန်းရင်း စကီလေးတွေနဲ့ အိုကေသွားမှ..
    အစိုးရမင်း တို့ကိုဇွတ်ကြီး ကျေးဇူးတင်နေမှာ.. 😛 😛

    • ဗိုက်ကလေး

      April 10, 2012 at 12:05 pm

      အရမ်းလဲ မြှောက်ပေးမနေနဲ ့ဟ
      တော်ကြာ ဂယ်ထင်ပြီး ဖင်ကုန်း စွတ်တွန်းနေလို ့ စကီနဲ ့ မတွေ ့ပဲ လိပ်ခေါင်းမနဲ ့တွေ ့နေဦးမယ်

  • etone

    April 10, 2012 at 1:44 pm

    အဟီး .. ရေဒုက္ခကလည်း မသေးဘူးပဲ …. ။
    ဥပဓိရုပ်ကောင်းကောင်း ၊သူဌေးမျက်နှာပေါက်နဲ့ ဖြူဖြူခန့်ခန့် ကိုဆာမိကြီး … ရေတွန်းလှဲတွန်းမယ့်ပုံကို မြင်ယောင်ကြည့်မိရင်း …. ရယ်မိပါတယ် …. ။ မင်းသားခွေးမောင်းရတဲ့ အဖြစ်မျိုးနဲ့များ တူနေမလား ကိုဆာမိရေ … 😛

    • surmi

      April 10, 2012 at 11:23 pm

      တတ်နိုင်ဘူး မအိတုန် ….ဘဝဇတ်ဆရာအလိုကျပေါ. ။ တကယ်ကြုံဘူးမှသိတာနော်…
      ရေလေးခွက်နဲ. ပြီးအောင်ရေချိုးခဲ.ဘူးပါတယ် ။ဂျီး ပြောင်လားဆိုရင်တော. ဟဲ ဟဲ …..။
      ခုနေ ပြန်တွေးရင်တော. ရယ်စရာပေါ.ဗျာ …..ဟိုတုန်းကတော. တော်တော်ဆိုးတာပါ ။

  • Thel Nu Aye

    April 10, 2012 at 7:29 pm

    ကိုယ်တိုင်ကြုံဖူးလို့ကိုယ်ချင်းစာပါ၏။ တခြားအခန်းတွေမတရားနေတင်လို့ ကိုယ့်အခန်းရေမရလို့ ရန်ဖြစ်ရတာပါသေး။

  • surmi

    April 10, 2012 at 11:02 pm

    ကိုရင်မောင်ရေ …မတတ်နို်င်တဲ.အဆုံး ကြံဖန်ပြီးကျေးဇုူးတင်ရမှာပေါ.ဗျာ နော …။
    ———– ————-
    မောင်ဖရဲ ရေ …ရေမပြတ်တာတော.သိပါတယ် ၊ မီးမပြတ်ဘူးဆိုတော. မောင်ရင်တို.ရပ်ကွက်က VIP များ
    ဖြစ်နေသလားကွယ် ……ဗိုလ်ချုပ်ရွာများလား ?
    ————- ——————-
    အဲဒါဘဲ ဦးဦးပါလေရာ ….. ရေအလွယ်မရတဲ.မြို.ထဲမှာ ရေပြတ်နေပြီး ၊ ရေလွယ်လွယ်တူးလို.ရတဲ.မြို.သစ်
    ကိုရေပေးဦးမလို.တဲ.ဗျ ။ မြို.သစ်တွေမှာက ကိုယ်ပိုင်ရေတွင်းတွေနဲ.ပါဗျာ…
    ==========
    ကိုမိုက် ….တကယ်ပို.လိုက်မှဖြင်. ထွက်မပြေးနဲ.နော် ….။
    ===========
    ကိုပေါက်ဖေါ်ကိုတော.အကြွေးထားပေးရမှာပေါ.နော် ။ သဂျီးလခက ရတော.ရမှာပါ ။

  • surmi

    April 10, 2012 at 11:16 pm

    အထပ်မြင်.တိုက်တွေရဲ.ဒုက္ခ က မသေးဘူး မမိုး Z ရေ ….နှစ်ပေါင်းများစွာအောက်မဆင်းနိုင်တဲ.
    သက်ကြီးရွယ်အိုတွေလဲရှိသေး ….အားပေးတာ ကျေးဇူးပါ ။
    =======
    စိတ်ကူးတဲ.ရာ ကပေါက်ကချာ စကားစပ်ကိုကြိုးစားဖတ်တဲ. မမွန်မွန် ရေ …ကျေးကျေးနော ….။
    =======
    အမတ်ကြီး နဲ.ကိုပေါက်ဖေါ် …..စကီနဲ.တွေ.နေရင် အိမ်က မဒီက ဆော်ပလော်တီးလိမ်.မယ်
    ဖြစ်သေးဘူး ……………….။
    =======
    မသဲနုလဲကြုံဘူးတယ်ပေါ.နော် …….။အလိုက်မသိတဲ.သူတွေပါရင်ဆိုးသဗျ ။

    • Thel Nu Aye

      April 11, 2012 at 9:15 am

      ဟုတ်ပါ့ ကိုဆာမိရေ။သူတို့အခန်းကတိုင်ကီအကြီးကြီးနဲ့ပြီးတော့ အိုးခွက်ပီပါပုံး အကုန်များ ခံနေလားမ သိဘူး။ မနက် ၆ နာရီမီးပျက်တော့မယ် သူတို့အခန်းက ၄ နာရီထိတင် တုန်း။ မော်တာ ၂ ကောင်အားဆိုတော့ တတိုက်လုံးသူတို့ပြီးမှရမှာ။ မီးလာကတဲကတင် လိုက်တဲ့အမျုးိဆိုတာ။ မနေနိုင်တော့တက်ပြောတော့ ရန်များရောပေါ့။

  • windtalker

    April 10, 2012 at 11:22 pm

    ပန်းလှိုင်အိမ်ယာမှာ ဆံထုံးတော်လေးတမာသေး ၃ဘွေလောက်နဲ့ အမြန်ဆုံး နှပ်ရပါစေဗျား

  • surmi

    April 10, 2012 at 11:28 pm

    ကိုပေရယ် …သုံးဘွေဆိုတော. အားကောင်းလှချည်.လား ။ ဒါဆို ရေစည်လှည်းလေးလာကူတွန်းပေးပါ
    လား ဟင် …..ပြိုင်တူ တွန်းရင်ရွေ.နိုင်ပါတယ်နော် …….။

  • ဆူး

    April 11, 2012 at 1:32 pm

    ရေသည် ဆာမိ မဟုတ်ပဲ ရေသယ် ဆာမိ ဖြစ်နေတာပဲ..
    မီးပျက်ရင် ရေပျက်တဲ့ ပြသနာ ကလည်း မသေးဘူး။
    အထပ်မြင့်လေ ဆင်းရ တက်ရခက်လေပဲနော်..
    တိုက်ခန်းနေတဲ့ လူတွေကိုလည်း ကိုယ်ချင်းစာပါတယ်။
    အသိတယောက်ဆို ၈ထပ်တိုက် မှာ အမြင့်ဆုံးမှာ နေတာ.. သူတို့ ရပ်ကွက်က တမျိုး အိမ်ယာဝင်းလိုလုပ်ထားတာ ဆိုတော့ ရေကို အလှည့်ကျပေးတာ မနက်ပိုင်း ညနေပိုင်း အိမ်မှာ တနေကုန် လူမနေဘဲ အလုပ်သွားကြတော့ ရေပေးတဲ့ အချိန် လူမရှိ ဖြစ်နေတတ်လို့ မိုးတွင်းဆို အိမ်ပေါ်ထပ် ခေါင်မိုးပေါ် အိုးတွေ ခွက်တွေ တင်ထားပြီး ရေ သုံးရတယ်။ အထပ်မြင့်တိုက်တွေမှာ နေတဲ့ လူတွေရဲ့ ဒုက္ခက မသေးဘူး။
    နောက်ပိုင်း ဆောက်တဲ့ တိုက်တွေက ပိုဆိုးတယ် လှေကားက ကျဉ်းကျဉ်း အထစ်က သေးသေး ဖဝါး တချစာ မရှိဘူး တော်တော် ဆိုးတယ်။

  • surmi

    April 11, 2012 at 10:55 pm

    ဒေါ်ဆူးရေ ……
    ခုတော.မီးမှန်နေတာပေါ.ဗျာ။ ဒါပေမဲ.မီးများပျက်လို.ကတော. ရွာထဲရောက်ဖို.တောင်မလွယ်တော.ဘူး ။
    ရွာကိုလဲခင် ၊ ရွာသူရွာသားတွေကိုလည်းခင်နေတော. ရွာထဲမဝင်ရရင် မနေနိုင်တော.ဘူးဗျို. ။

  • Gipsy

    April 12, 2012 at 9:35 am

    ကိုရေသည်ကြီးရေ.. ကျုပ်တို့လဲ အတူတူပဲဗျို့…
    တနေ့ကို ၂ ကြိမ်လောက် ဟိုကုတ် ဒီခြစ် ဟိုဖဲ့ ဒီဖဲ့ လုပ်နေရမှ နေပျော်တာ…
    တစ်ရက်တလေများ မအားလို့ မဝင်ဖြစ်တဲ့ အခါမျိုးတွေဆို..
    ရွာသူားတွေကို အရမ်းသတိရနေတတ်တာ….။

Leave a Reply