တောင်ဥက္ကလာမြို့နယ် ဟေမဝန်ဈေးတွင် မီလောင်

Charm BoyApril 10, 20122min42021
တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမဝန်ဈေးတွင် ယနေ့ (ဧပြီ ၁၀)ရက် နံနက် ၁ နာရီခန့်မှ စတင်ပြီး မီလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပြီး ဈေး၏ သုံပုံနှစ်ပုံခန့် လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။ တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမဝန်ဈေးမီလောက်ကျွမ်းမှုကြောင့် လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၃ဝ ကျော်ခန့် မီလောင်ကျွမ်းခံရကြောင်း သိရှိရပြီး အတည်မပြုနိုင်သော သတင်းအရ အထည်ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိပါသည်။ ယခုလောင်ကျွမ်းမှုတွင် အထည်ဆိုင်တန်း၊ အလှကုန်ပစ္စည်းဆိုင်တန်း ရွှေဆိုင်တန်းမှဆိုင်ခန်းများ အများဆုံးပါဝင်ကြောင်း သိရှိရသည်။
a
2
3
4
5
6
7
8
9

From : ELEVEN MEDIA GROUP FACEBOOK

http://www.facebook.com/ElevenMediaGroup

 

 

21 comments

    • အိမ်လွမ်းသူ

      April 10, 2012 at 1:54 pm

      မဟုတ်သေး ပါဘူး။ မီးကလဲ့ ဈေးတွေကြီး ပဲလိုက်လောင်နေသလား မှတ်ရတယ်။ Government need to take immediate action on this matter !!!

  • memeseku

    April 10, 2012 at 9:05 am

    အမှတ် ၁ မီးရှို.တပ်ရင်း၏လက်ချက်ဖြစ်နိုင်သှ်

  • Khaing Khaing

    April 10, 2012 at 9:25 am

    ကုန်ပါပြီ ကုန်ပါပြီ သိန်းပေါင်းများစွာကုန်ပါပြီ …….. ဘာမီးလဲဟေ့ ……… ညကတည်းအိမ်ဘက်ကနေ မီးသတ်ကားအသံတွေကြားပါတယ် ……. စိတ်ညစ်လိုက်တာနော် …..

  • kyeemite

    April 10, 2012 at 9:25 am

    ကိုသာဇံတို့တော့ကြိုးစားငြိမ်းသတ်နေကြလေရဲ့..

  • char too lan

    April 10, 2012 at 9:29 am

    လောင်ပြန်ပီဈေး … ကုန်ပါပီဗျာ…. 🙁

  • ဗိုက်ကလေး

    April 10, 2012 at 9:30 am

    သွားပါပြီဗျာ…
    ဒုက္ခပါပဲ
    လောင်ပဲ လောင်နိုင်လွန်းတယ်

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 10, 2012 at 9:41 am

    သံသယတော့ဝင်လာပြီ…. လောင်လိုက်တဲ့မီးတွေတစ်ဈေးပြီးတစ်ဈေး…..
    တစ်နေရာပြီးတစ်နေရာ…. အကြမ်းဖက်မှုတစ်ခုနဲ့တူလာပြီ…..
    အုပ်စုလိုက်ဖွဲ့ပြီးရှို့မီးတွေဖန်တီးနေကြသလားမသိဘူး……. မီးကတော်ယုံနဲ့လွယ်လွယ်လောင်ပုံနဲ့မတူပါဘူး..
    လူတွေလည်း မီးလန့်တာများလို့ဒီလောက်ဂရုစိုက်နေတဲ့ကြားက… လျှပ်စစ်ရှော့ခ်လို့လွဲချရအောင်လည်း
    လျှပ်စစ်မီးက မှန်ချင်မှမှန်တာ…. နောက်ပြီး ရွှေဆိုင်တွေဘက်ကိုလောင်တော့…..
    ဝင်ဖောက်ထွင်းရင်းကနေ….. အာရုံလွှဲတဲ့အနေနဲ့….မီးရှို့လေသလားဘာလားပဲ…….
    အစိုးရတာဝန်ရှိသူများက ဒီလိုမီးခဏခဏလောင်တဲ့ကိစ္စမှာပေါ့ဆမှုတစ်ခုကြောင့်လို့ပဲမမြင်ဘဲ….
    သေသေချာချာအင်ကွာရီလိုက်သင့်တယ်…… ဒါမျိုးကိစ္စတွေဆက်တိုက်ဖြစ်လာတာမရိုးတော့ဘူး………
    သဘာဝအန္တရာယ်တစ်ခုအနေနဲ့တင်မဟုတ်လောက်တော့ဘူး………

  • Mon Kit

    April 10, 2012 at 10:38 am

    အော်…. ရှို့ဘဲ ရှို့နိုင်လွန်း……..
    လောင်ဘဲ လောင်နိုင်လွန်း……..
    ခက်.. ခက်ရချည့်ရဲ့……..ဟင်းးးးးးးးးးးးးးး
    🙁

  • Mလုလင်

    April 10, 2012 at 10:58 am

    ဈေးစောင့် အင်အား နည်းတာရယ်၊ အချိန်ပြည့် နီးပါး လိုက်မကြည့်နိုင်တာရယ်ကြောင့် … နဲ့ … အရည်အသွေး … နိမ့် ..ဝါယာကြိုး တွေကြောင့်ရယ် …. ဘာကြောင့်းရယ် … ညာကြောင့်ရယ် ….

  • Gipsy

    April 10, 2012 at 11:29 am

    မကြည့်ရက်လို့ ဒီပို့စ်လေးကို မဝံ့မရဲ ဝင်ကြည့်မိပါတယ်..
    ကျွန်တော် ပြောသလို ကြုံဖူးသူတိုင်း ခံစားမ်ိပါလိမ့်မယ်..
    မီးလောင်တယ် ကြားတိုင်း စိတ်ထိခိုက်မိပါတယ်..
    ဆုံးရှုံးကြရပြန်ပြီ….
    အားလုံး ဝင်ငွေ ကြပ်တည်းနေကြတာမို့ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိတယ်…။

  • Ma Ei

    April 10, 2012 at 12:40 pm

    တစ်ခု မျှဝေပါရစေ…
    မသိသူမှတ်ထားပြီး သိသူများ ကျော်သွားကြပါနော်…
    မီးသတ်ကားသံသည် …..
    -ရိုးရိုးဥဩဆွဲသံသာ ဖြစ်ပါက မီးဝေးပါသည်။
    -ရိုးရိုးဥဩဆွဲသံမက ခေါင်းလောင်းသံ ကလောင် ကလောင် ကလောင်
    သုံးချက်ပေးလာပါက မီးလောင်နေရာနှင့်ရပ်ကွက်ခြားပါသည်။
    -ဥဩဆွဲသံနှင့်အတူ ခေါင်းလောင်းသံ အဆက်မပြတ်ပေးလာပါက
    လမ်းသာခြားပါတော့သည်ဟု မှတ်သားထားတာလေးမျှဝေပါရစေ…

  • တမန်တော်

    April 10, 2012 at 1:12 pm

    ကြောက်စရာဗျနော ဈေးတွေပဲလောင်နေတာ ဘာကြောင့်လဲ ??????
    ရွေးကောက်ပွဲမနိုင်လို့ လိုက်ပြီးမီးရှို့နေတာလား ။

  • အရင့်ရောင်

    April 10, 2012 at 2:02 pm

    ဒီထက်ကြောက် စရာကောင်းတာက
    သီတင်းထောက် အချို့ပါ
    မီးသတ်ရဲဘော်တွေ မီးငြိမ်းသတ်နေတဲ့အချိန်မှာတောင် သူက မီးသတ်ရဲဘော်တွေကို
    အမေးအဖြေလုပ်နေသေးတယ်
    အမှန်တကယ်ဆိုရင်
    သူကို မီးတစ်စ ငြိမ်းငြိမ်း ဆိုတဲ့ စိတ်ကလေးရှိမယ်ဆိုလျှင်
    ရေတစ်ပုံးလောက် ခပ်ပီး ဖြန်းသင့်တာပေါ့
    ကျွန်တော် အမြင်မှာတော့ ကန့်ကွက်ပါတယ်
    ပြည်သူတွေကို တင်ဆက်ချင်လို့ ရိုက်ကူးရေးလုပ်တယ်ဆိုလျှင်လည်း
    တစ်မျိုးပေါ့ဗျာ
    အခုတော့ ဖြင့်
    အလုပ်လုပ်နေသူကို စကားသွားများနေတာလေ
    မကောင်းဘူးပေါ့
    မီးလောင်ရာလေပင့်ဆိုသလိုပေါ့ဗျာ
    ရုပ်သံတင်ဆက်မှုကိုကျေးဇူးတင်ပါတယ်
    လို့ဟြေချင်ပါတယ်

    • mgkooo

      April 10, 2012 at 3:54 pm

      သတင်းအမှန်များသိရသည့်အတွက်ကျေးဇူးတင်ပေမယ့်မီးသတ်နေချိန်မှာတော့မမေးသင့်ဘူး၊သတင်းသမားများဆင်ခြင်သင့်ပါတယ်။

  • Khin Kha

    April 10, 2012 at 3:36 pm

    မီးကလည်းဈေးဘဲရွေးလောင်နေသလိုဘဲ၊
    မီးလည်း Shopping ထွက်တာလားမသိဘူး။

  • cobra

    April 10, 2012 at 4:16 pm

    အားတိုင်းမီးပဲလောင်နေတာလား
    လောင်ပဲလောင်နိုင်လွန်းတယ်။

  • uncle kyaw

    April 10, 2012 at 6:19 pm

    မီးတောက်တွေ ကြား ကြိုးစားပမ်းစား ဝင်ရိုက်ထားတဲ့ ဓာတ်ပုံတွေ အတွက် လေးစားပါတယ် ဒီ ၃နှစ်အတွင်း ဈေးမီးလောင် စာရင်းလေးများ ရှိရင် ရှယ်ပေးကြပါဦး…ဈေးတွေ ကပ်ဆိုက်နေလေရော့သလား…ဈေးဆိုင်ရှင်များ..သတိထား…

  • Thel Nu Aye

    April 10, 2012 at 7:33 pm

    ဒီဈေးဟိုတလောက ဖျက်ပြီးအဆင့်မြင့်ဈေးဆောက်ဖို့ကို ဝိုင်းကန့်ကွက်ထားတဲ့ဈေးမှတ်တယ်။

  • intro

    April 10, 2012 at 9:07 pm

    တကယ့်ကို ရှားပါးရိုက်ချက်တွေပဲဗျာ… ကြည့်ရတာ အသက်ပါလိုက်တာ…. မီးကတော်တော် ကြီးမယ့် ပုံပဲနော်….

  • Aung Myae

    April 11, 2012 at 8:50 pm

    ငါ့တို့များ သတိ၊ ဝရီယ ရှိလိုက်တာများ ကိုယ့်အနားမှာလောင်နေတာ
    မနက် သူများပြောမှ သိတော့တယ်………. 😛

Leave a Reply