“ညီနောင်သားရင်း သွေးချင်းနီးစေ”

yama nyaApril 12, 20121min1548

တကယ်တော့ ကျွန်တော်တို ့ နိုင်ငံမှာ တိုင်းရင်းသားအရေးနဲ ့ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တာဟာ ဆတ်ဆတ် အထိမခံတဲ့ ကိစ္စတွေပါ ။ တိုင်းရင်းသားလို ့ ပြောရင် ဗမာနဲ ့ အခြားလူမျိုးစုတွေကို ခွဲမြင်နေကြတယ် ။ ဒါဟာ ညီညွတ်ရေးကို ထိခိုက်စေတယ် ။ ဘုရင်ခေတ်က အစဉ်အလာတွေဟာ အခုချိန်ထိလည်း မပျောက်သေးပါဘူး ။ ကြီးနိုင်ငယ်ညှင်း ဝါဒတွေ ။ လက်နက်ရှိရင် စည်းကမ်းဥပဒေဆိုတာ မရှိကြတော့ဘူး ။  ဒါဟာ လက်နက်ကိုင်အားလုံးရဲ ့ လမ်းစဉ်ပဲ ။  လူထုကပဲ ကြားက မြေဇာပင်ဖြစ်ရတယ် ။ ကျနော်တို လိုချင်တာက လူ ့ဂုဏ်သိက္ခာနဲ ့ ပြည့်စုံတဲ့ အသက်ရှင်သန်မှုမျိုးပဲ ။  စဝ်ရွေသိုက် သမ္မတဖြစ်လဲ  ဘာမှ မဖြစ်ဘူး ။ မန်းဝင်းမောင် သမ္မတ ဖြစ်လဲ ဘာမှ မဖြစ်ဘူး ။ ဦးသိန်းစိန် သမ္မတဖြစ်လဲ ဘာမှ မဖြစ်ဘူး ။ နောက်ဆုံ ဒေါက်တာ စိုင်းမောက်ခန်းနဲ ့ ဒေါက်တာအေးမောင် မဲခွဲပွဲမှာ ကျနော် ဒေါက်တာအေးမောင် အတွက် ဆုတောင်းခဲ့တယ် ။ ဘာကြောင့်လဲ ဆိုရင် ရခိုင်လူမျိုးတွေ သမ္မတမဖြစ်ဘူးသေးလို ့ ။ ကျနော်က ရာမညသား နော် ။ ပြဿနာမရှိဘူး ။ အတိတ်သည် သင်ခန်းစာပဲ ။ အနာဂတ်အတွက် အတားအဆီး မဖြစ်စေရဘူး ။

လူမျိုးတစ်မျိုးနဲ ့တစ်မျိုး ကြားမှာ မကြေလည်မှုတွေကတော့ အနည်းအများရှိကြမှာပဲ ။ ဗမာနဲ ့ ဗမာ ၊ ရခိုင်နဲ ့ရခိုင် ၊ ကရင်နဲ ့ကရင် ၊ မွန်နဲ ့ ့မွန် ၊ ရှမ်းနဲ ့ရှမ်း စသဖြင့် လူမျိုးတူ အချင်းချင်းတောင် ပဋိပက္ခဆိုတာ ရှိကြတာပဲ ။ ကရင်နဲ ့မွန် ၊ ချင်းနဲ ့ရခိုင် ၊ ရှမ်းနဲ ့ ကချင်တွေ စသဖြင့် လူမျိုးမတူတွေ ကြားမှာလည်း အစိုင်အခဲ တွေ ရှိကြတာပဲ ။ ယနေ ့ နိုင်ငံရဲ ့ အချုပ်အခြာအာဏာကို ဗမာတွေ ကြီးစိုးနေလို ့ ဗမာက အားလုံးရဲ ့ဗဟိုချက် ဖြစ်နေတာပါ ။ စနစ်ကြောင့် ဖြစ်တဲ့ ကိစ္စမှာ ဗမာညီအစ်ကိုတွေကို အပြစ်မတင်စေချင်သလို ကျန်တဲ့ ညီနောင် တွေကိုလည်း သွေးမကွဲစေချင်ဘူး ။ ကျနော်တို ့ ခေတ်မှာ  လူမျိုးရေးကို ရှေ  ့တန်း မတင်ဘဲ လူထုအရေးကိုပဲ ရှေ  ့တန်းတင်ရအောင် ။ ဘာလို ့လဲဆိုရင် ကျနော်တို ့ နိုင်ငံကို လူမျိုးကြီး (၈) မျိုးနဲ ့ပဲ တည်ဆောက်ထားတာ မဟုတ်ဘူး ။ ဥပမာ မွန်က မွန်အတွက်ပဲ အရေးဆိုနေရင် မွန်ပြည်နယ်မှာနေတဲ့ အခြား တိုင်းရင်းသားတွေရဲ  ့ အမြင်လွဲမှားမှုကို ခံရနိုင်တယ် ။ မွန်ပြည်နယ်မှာ နေထိုင်တဲ့ ဘယ်လူမျိုးမဆို ကိုယ်လူမျိုးကောင်းစားရေးထက် ကိုယ့်လူထုကောင်းစားရေးကိုပဲ ရှေ ့တန်းတင်သင့်တယ် ။ ဒါမှ တိုးတက်မှုကို ဖော်ဆောင်နိုင်မယ် ။ ယနေ ့ဘယ် ပြည်နယ်နဲ ့ တိုင်းမှာမှ လူမျိုးတစ်မျိုးထဲ သီးခြားနေထိုင်တယ်ဆိုတာ မရှိဘူး ။ လုမျိုးကွဲတွေ အချင်းချင်း စုစည်းနေထိုင်တာပါ ။ ဧရာဝတီက ဗမာဟာ ဗမာတွေအတွက်ပဲ ရှေ ့တန်းတင်ရင် ကရင်တွေ ပါဝင်လာမှာ မဟုတ်ဘူး ။ ဒီလိုပဲ ရှမ်းကရှမ်းအတွက်ပဲ ပြောနေရင် အခြားလူမျိုးတွေ ပါဝင်ကြမှာမဟုတ်ဘူး ။ ဒါကြောင့် လူမျိုးကို မကြည့်ဘဲ လူထုကိုပဲ ကြည့်စေချင်တယ် ။

နိုင်ငံရေးပါတီထောင်ရင်တောင် လူမျိုးနာမည်ခံတဲ့ပါတီဟာ အင်အားနည်းတတ်တယ် ။ ကျတော်တို ့ ပြည်နည်မှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဆိုတာ ရှိတယ် ။ မွန်ဒေသလုံးဆိုင်ရာဆိုတော့ နာမည်ယူထား တာ သိပ်တော့ မဆိုးဘူး ။ ဒါပေမယ့် မွန်ပြည်နယ်မှာ နေထိုင်တဲ့ လူတွေအားလုံးကို ကိုယ်စားမပြုဘဲ မွန်လူမျိုး တွေနဲ ့ချည်းပဲ စုစည်းထားရင် ကိုယ့်ပြည်နယ်တစ်ခုလုံးကိုတောင် လွှမ်းခြုံနိုင်မှာ မဟုတ်ဘူး ။ ဘာကြောင့်လဲ ဆိုရင် မွန်ပြည်နယ် (၁၀) မြို ့နယ်မှာ မော်လမြိုင် ၊ ပေါင် ၊ သထုံ ၊ ဘီးလင်း ၊ ကျိုက်ထို ဆိုတဲ့ မြို ့တွေမှာ အခြားလူမျိုးတွေ များလို ့ဘဲ ။ ကျွန်တော့် ဇာတိဟာ မွန်အများစုနေတဲ့ ဒေသပါ ။ 2010 ရွေးကောက်ပွဲ အပြီး အိမ်ပြန်တော့ အိမ်နားက အမကြီးတွေကို မေးကြည့်တယ် ။ ဘယ်သူ ့ကို မဲထည့်တာလဲလို ့ ။ နေရာ (၃) နေရာ (အမျိုးသား ၊ ပြည့်သူ ့ ၊ ပြည်နယ်) အတွက် တစ်နေရာကို တစ်မျိုးနဲ ့ (၃) မျိုး ခြစ်ပေးလိုက်တယ်တဲ့ ။ ကျနော် တို ့ မြို ့မှာ ပါတီ (၃) ခု ဝင်ပြိုင်တာ ပါတီတစ်ခုကို နေရာ တစ်နေရာစီ ထောက်ခံပေးလိုက်တယ် ဆိုတော့ ကျနော် တော်တော် အံ့ဩသွားတယ် ။ (၃) မျိုးလုံးမှာ မွန်ပါတီကိုပဲ မခြစ်ပေးလိုက်ဘူးလားလို ့မေးတော့ ။ သူတို ့က ငါတို ့အတွက် ဘာတွေလုပ်ပေးနေလို ့လဲ ဆိုပြီးပြန်မေးတယ် ။ သူတို ့က မွန်စကားပြောပြီး မွန်စာ တတ်တဲ့ မွန်စစ်စစ်တွေနော် ။ ဒါဟာ အမျိုးကို မချစ်လို ့ မဟုတ်ဘူး လူထုရဲ ့ လိုလားချက်ဟာ ဘာလဲဆို တာပြတာပါ ။ ကျနော်တို ့ မြို ့မှာ မွန်ပါတီ တစ်နေရာဘဲ နိုင်ပြီး အခြားပါတီတွေက (၃) နေရာနိုင်သွားတယ် ။ အခုကြားဖြတ်မှာလဲ NLD က မော်လမြိုင်မှာ နိုင်သွားတယ် ။ မထူးဆန်းပါဘူး ။ ထူးဆန်းတာက ဖာအောက် ၊ ရိုးဂိုး တို ့လို ့ မဲရုံတွေမှာတောင် မွန်ပါတီ ရှုံးတာကိုပဲ ။ မော်လမြိုင်မှာ ဝင်ပြိုင်တဲ့ ပါတီတွေရဲ ့ ကိုယ်စားလှယ် တွေအားလုံးဟာ မွန်လူမျိုးတွေပဲ ။ မွန်လူမျိုးမှန်ရင် မွန်ပါတီကိုပဲ မဲပေးရမယ်ဆိုရင် လူမျိုးရေး  သိပ်ကို အစွန်း ရောက်သွားပြီး ။ ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူတွေဟာ သူတို ့ရဲ ့ အသိဉာဏ်နဲ ့ ယှဉ်ပြီး လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရမှာပေါ့ ။ မွန်ပြည်နယ်မှာ ဘယ်ပါတီကိုပဲ မဲပေးပေး အနိုင်ရတဲ့သူဟာ ကရင်ပြည်နယ် ဖွံ ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်မှာ မဟုတ်သလို ၊ ရန်ကုန်တိုင်း ဖွံ ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်မှာ မဟုတ်ဘူး ။  မွန်ပြည်နယ်က ရွေးချယ်ပေးလိုက်တဲ့ သူဟာ ဘယ်ပါတီ ၊ ဘယ်လူမျိုး ပဲဖြစ်ဖြစ် မွန်ပြည်နယ် ဖွံ ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်မှာပဲ ။ ဒါကြောင့် လူထုဟာ ဘယ်ပါတီက ၊ ဘယ်သူက ဆိုတာအရေးမကြီးဘူး ။ သူတို ့အရေးကိစ္စတွေကို ဘယ်သူက ပိုပြီး ဆောင်ရွက်နိုင်မလဲဆိုတာကိုပဲ ကြည့်တယ် ။

လူမျိုးနာမည်ခံထားတဲ့ ပါတီတွေဟာ တစ်နိုင်ငံလုံးမပြောနဲ ့ မိမိဒေသကိုတောင် အားလုံး လွှမ်းခြုံနိုင်မှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ ။ ဥပမာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဆိုပါဆို ့။ လူမျိုးပေါင်းစုံပါဝင် နိုင်တယ် ဆိုရင်တောင် ပါတီနာမည်ကြောင့် အဆင်ပြေမှာမဟုတ်ဘူး ။ ဒီနာမည်နဲ ့ဆိုရင် ရင်ခိုင်လူမျိုးတွေ အများစုနေထိုင်ရာမှာ အောင်မြင်နိုင်ပေမဲ့ ရခိုင်တပြည်နယ်လုံးအတွက် မဖြစ်နိုင်ဘူး ။ ရှမ်းလည်း ဒီအတိုင်းပဲ ။ ဗမာကြီးစိုးမှုကို လျော့ချချင်ရင် များများပါဝင်ခွင့်ရအောင် ကြိုးစားရမယ် ။ လူဦးရေကြောင့် ဆိုတာ အကြောင်း မပြနဲ ့ ။ လူမျိုးရေး ဘောင်ခတ်မထားရင်ပေါ့ ။ ဘယ်ဗမာ ၊ ဘယ်မွန် ၊ ဘယ်ကရင်မှ  ရှမ်းနဲ ့မပေါင်းနိုင်ဘူး ၊ ရခိုင်နဲ ့မပေါင်းနိုင်ဘူး ။ ကချင်နဲ ့မပေါင်းနိုင်ဘူးဆိုတာ မရှိဘူး ။ အခြားလူမျိုးတွေလည်း ဒီအတိုင်းပါပဲ ။ ရည်မှန်းချက်တူရင် စုစည်းနိုင်တယ် ။ ဗမာအချင်းချင်းပဲ ပေါင်းလို ့ရရင် ရန်ကုန်နဲ ့ မန္တလေး ရိုက်ပွဲမဖြစ်ဘူး ။

ဒါကြောင့် နာမည် အမျိုးမျိုးနဲ ့ ပါတီတွေပြန် ့ကျဲနေတာကို တူရာ တူရာ စုစည်းပြီး ၂၀၁၅ မှာ အင်အား ကြီး ပါတီတွေ ကို ရင်ဆိုင်ဖို ့ ကြိုတင်ပြင်ဆင်ထားရမယ် ။ လူမျိုးရေးထက် လူထုကောင်းစားရေးကို ရှေ ့ရှုရင်း စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ရင် လူမျိုးစု အားလုံးအတွက် ပြဿနာတွေ အားလုံး အလိုလို ပြေလည် သွားမယ်ထင်ပါတယ် ။

ကျနော်သာ ပါတီတစ်ရပ်တည်ထောင်ခွင့် ရှိရင် လူမျိုး ၊ ကိုယ်ကွယ်သည့်ဘာသာ ၊ နေထိုင်ရာဒေသ မည်မျှပင် ကွဲပြားနေပါစေ ရည်မှန်းချက်ခြင်း ၊ ဦးတည်ရာခြင်းတူတဲ့ ၊ စိတ်သဘောထားချင်းတူတဲ့ နိုင်ငံတစ်ဝန်း နေထိုင်ကြတဲ့ တိုင်းရင်းသား သွေးချင်း ညီအစ်ကိုမောင်နှမတွေနဲ ့ စုစည်းပြီး ပါတီတစ်ရပ်ထူထောင်လိုက်ချင်ပါ တယ်။ ပါတီနာမည်ကိုတော့ “လူမျိုးစု သွေးစည်းညီညွတ်ရေးနှင့် ဖွံ ့ဖြိုးတိုးတက်ရေးပါတီ” လို ့ ပေးချင်တယ်။

8 comments

  • htoosan

    April 12, 2012 at 1:36 pm

    ဟိုတနေ့ကပြောထားတဲ့ online ပေါင်းလိုက်လေ

    အွန်လိုင်း လူမျိုးစု သွေးစည်းညီညွတ်ရေးနှင့် ဖွံ ့ဖြိုးတိုးတက်ရေးပါတီ
    😀 😀

  • ဦးဦးပါလေရာ

    April 12, 2012 at 2:45 pm

    ဒီပိုစ့်ကို ထောက်ခံပါတယ်။
    လူများစုရဲ့ဆန္ဒအရ ရွေးချယ်ခံရသူက လူထုဆန္ဒအတိုင်း အုပ်ချုပ်စီ်မံတယ်ဆိုတဲ့ ဒီမိုကရေစီစံ အတိုင်း လိုက်နာတာကသာ အလုပ်လဲဖြစ် အကျိုးလဲရှိနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

  • San Hla Gyi

    April 12, 2012 at 6:24 pm

    ဦးဦးပါလေရာရေ ကိုရွာစားကျော်ပို့စ်မှာ တခါတည်း တောင်းပန်သွားခဲ့ပါတယ်။

  • akswe

    April 12, 2012 at 7:53 pm

    တိုင်းရင်းသားတွေ သွေးစည်းတာကို အမြဲတမ်း မျော်လင့်နေပါတယ်..ငြိမ်းချမ်းတဲ့ပြည်ထောင်စုကို ရချင်ပါတယ်..

  • တညင်သား

    April 12, 2012 at 8:13 pm

    ဒီလို တန်ဖိုးရှိတဲ့ ပို့စ်ကို ထိပ်မှာ မထားပေးဘူး 🙁
    ကျေးဇူးဗျို့ ကိုရာမည…………

  • yama nya

    April 12, 2012 at 10:07 pm

    ဒီ ပို့စ်ကို ဖတ်ပြီးရင် ကျွန်တော့်ရင်ထဲက တစ်စုံတစ်ရာကို မြင်နိုင်မယ်ထင်တယ် ။ ဒီ site ထဲကအချို ့ ပိုစ့်တွေဟာ လူမျိုးရေးအမုန်းတရားတွေ အခြေခံထားတဲ့ အရေးအသားတွေဖြစ်နေတာ စိတ်မကောင်းစရာ ပါပဲ ။ အမှန်အတိုင်းဝန်ခံရရင် လူမျိုးရေး အမုန်းတရားကို ကျွန်တော် internet သုံးတတ်သွားတဲ့ အချိန်က စပြီး သိမြင်လာရတယ် ။ အပြင်မှာ ကျွန်တော် အခုချိန်ထိ မကြုံဖူးသေးဘူး ။ ကျောင်းနေတုန်းကလည်း လူမျိုးရေးခွဲခြားတာမရှိဘူး ။ လူမျိုးရေးအမုန်းတရားတွေဆိုတာလည်း မရှိဘူး ။ အခု အလုပ်ထဲမှာလည်း ရခိုင်ရှိတယ် ။ မွန်ရှိတယ် ။ ကရင်ရှိတယ် ။ ဗမာရှိတယ် ။ ဗုဒ္ဓဘာသာရှိတယ် ။ ခရစ်ယန်ရှိတယ် ။ ဘာပြဿနာမှ မရှိဘူး ။ အတူတူ အလုပ်လုပ်နေ ကြတာပဲ ။ လူတိုင်းမှာ အစွဲဆိုတာ ရှိတယ် ။ ဒါပေမဲ့ အစွန်းရောက်လွန်းရင်မကောင်းဘူး ။ နိုင်ငံရေးကို စိတ်ပါပြီး လူမျိုးရေးထက် အားလုံးပါဝင်တဲ့ လူထုအရေးကို ဦးစားပေးသင့်တယ် လို ့လက်ခံသူတွေအားလုံး ကျွန်တော်တို ့ ပေါင်းစည်းကြရအောင် ။ အရင်ဆုံးတင်ခဲ့တဲ့ ပိုစ့်မှာပြောခဲ့သလိုပဲ အပြင်မှာ ပါတီတစ်ခု မထူထောင်နိုင်သေးတဲ့ အတွက် ကျွန်တော်တို ့ Online ပေါ်မှာ ပါတီ တစ်ခု ထူထောင်ကြရအောင် ။ ပါတီနာမည်ကိုတော့ အထက်မှာ ပြောခဲ့သလိုပဲ “လူမျိုးစု သွေးစည်းညီညွတ်ရေးနှင့် ဖွံ ့ဖြိုးတိုးတက်ရေးပါတီ” လို ့ အမည်ပေးချင်တယ်။ ဝိုင်ဝန်းအကြံပေးကြပါ ။ မသင့်တော်ရင် အများဆန္ဒခံယူပြီး နာမည်အသစ် ထပ်ပေးတာပေါ့ ။ အရင်ဆုံး ပါတီ အမည်ကိုပဲ အရင် ဆွေးနွေးကြတာပေါ့ ။

  • Patriotic Burma

    April 12, 2012 at 10:18 pm

    ပါတီတစ်ရပ်တည်ထောင်ခွင့် ရှိရင် လူမျိုး ၊ ကိုယ်ကွယ်သည့်ဘာသာ ၊ နေထိုင်ရာဒေသ မည်မျှပင် ကွဲပြားနေပါစေ ရည်မှန်းချက်ခြင်း ၊ ဦးတည်ရာခြင်းတူတဲ့ ၊ စိတ်သဘောထားချင်းတူတဲ့ နိုင်ငံတစ်ဝန်း နေထိုင်ကြတဲ့ တိုင်းရင်းသား သွေးချင်း ညီအစ်ကိုမောင်နှမတွေနဲ ့ စုစည်းပြီး ပါတီတစ်ရပ်ထူထောင်လိုက်ချင်ပါ တယ်။ ပါတီနာမည်ကိုတော့ “လူမျိုးစု သွေးစည်းညီညွတ်ရေးနှင့် ဖွံ ့ဖြိုးတိုးတက်ရေးပါတီ” လို ့ ပေးချင်တယ်။

    I like your words.If I have a chance, I’ll do the same.Thank you!!!!!

  • ဇော်ရီ

    April 13, 2012 at 11:37 pm

    တင်ပြချက်တွေက အရမ်းကောင်းပါတယ်… ဒါပေမယ့် ကျတော်နဲ့အမြင် မတူညီတာလေးတွေ ရှိတာလေးတွေကိုု တင်ပြခွင့် ပြုလိမ့်မယ်လိုု့ မေ ျှာ်လင့်ပါတယ်…

    ဒီလိုုပါ… မြန်မာ တပြည်လုုံးအတွက် လူမျိုးစုုံ ပါဝင်တဲ့ ဒီမိုုကရေစီ ပါတီ တနည်းအားဖြင့် အတိုုက်အခံ ပါတီဆိုုရင် NLD တစ်ခုုတည်းဖြင့် ပြည့်စုုံနေပါပြီ… နောက်ထပ် တတိုုင်းပြည်လုုံးကိုု ကိုုယ်စားပြုတဲ့ ပါတီ တွေ ထပ်မလိုုအပ်တောပါဘူး… များများ ရှိတာ ကောင်းပေမယ့် သမာသမတ်ကျစွာ မရပ်တည်တဲ့ ပြည်ခိုုင်ဖြိုးကိုု အောင်နိုုင်ဖိုု့ တတိုုင်းပြည်လုုံး လူမျိုးတိုုင်းကိုု ကိုုယ်စားပြုတဲ့ ပါတီ အနေနဲ့ အခုုအချိန်မှာ တပါတီပဲ လိုုအပ်လှပါတယ်… NLD ပါတီ သိက္ခာပျက်တဲ့ လုုပ်ရပ်တွေ လုုပ်လိုု့ ပြည်သူတွေကိုု မကြည့်လိုု့ ဆိုုရင်တော နောက်ထပ် တတိုုင်းပြည်လုုံး ကိုုယ်စားပြုတဲ့ လူထုု အင်အား တောင့်တဲ့ ပါတီ တစ်ခုု ထပ်ထွက်လာမှာပါ… အခုုအချိန်မှာတော ဘယ်လောက် ချမ်းသာတဲ့သူကပဲဖြစ်ဖြစ် တတိုုင်းပြည်လုုံး ကိုုယ်စားပြုပါတီ တောင်ပါစေ NLD ကိုု ဘယ်လိုုမှ ကျော်လွားနိုုင်မှာ မဟုုတ်ပါဘူး… တကယ်တန်းတော ပြည်မ ထဲက ပါတီ အများစုုက လူမျိုးနာမည် မယူထားဘဲ တတိုုင်းပြည်လုုံးကိုုယ်စားပြုထားပါတယ်… အဲလိုု ပါတီ ပေါင်းလည်း မနည်းလှဘူး ရှိပါတယ်….

    တတိုုင်းပြည်လုုံး ကိုုယ်စားပြုအကြောင်း ပြောပြီးတော နောက်ထပ် လူမျိုးနာမည် သုုံးပြီ ဖွဲ့စည်းထားကြတဲ့ ပါတီတွေ အကြောင်း ထပ်ဆွေးနွေးလိုုပါတယ်… မြန်မာပြည်မှာ လူမျိုးနာမည် ကိုုယ်စားပြု ပါတီတွေက မရှိမဖြစ် ရှိသင့်ပါတယ်… အဲဒါဟာ တတိုုင်းပြည်လုုံး အင်အား ရှိစရာ မလိုုပါဘူး… အဲဒီ လူမျိုး တစ်မျိုးစာ အတွက် အားကိုုး အားထားပြုရေး တစ်ခုုတည်း အတွက်ပါပဲ… ပါတီ အင်အား ရှိဖိုု့ မဟုုတ်ပါဘူး… လူမျိုး ကိုုယ်စားပြုပါတီ ဆိုုလိုု့ဘယ်လောက် ထိ ရှိစေချင်ပါသလဲ ဆိုု… ရင် ရခိုုင် လူမျိုးထဲမှ သက် လူမျိုးတွေ အများစုု နေထိုုင်တဲ့ ရပ်ရွာဆိုုမြို့ဆိုုရင် သက်လူမျိုး ကိုုယ်စားပြု ပါတီ တစ်ခုုထိ ရှိစေချင်ပါတယ်… RNDP ဆိုုတာ ရခိုုင်ဆိုုတဲ့ လူမျိုး တစ်ခုုတည်းကိုု ကိုုယ်စားပြုခြင်း မဟုုတ်ဘဲရခိုုင်လူမျိုးနှင့် အမျိုးတူ လူမျိုးတွေအားလုုံး ကိုုယ်စားပြုထားပြီးသားပါ သိုု့ပါသော်လဲ သက်တွေ များတဲ့ မြို့ရွာတွေမှာ သက်လူမျိုး ကိုုယ်စားပြု… မရမာတွေများတဲ့ မြို့ရွာတွေမှာ မရမာ ကိုုယ်စားပြုပါတီအဖြစ် ရှိစေချင်ပါတယ်… ဒါမှသာ အဲဒီ ရပ်ရွာဒေသတွေဟာ ပိုုပြီး တိုုးတက် ဖြစ်ထွန်းမှာပါ… အဲဒီ လူမျိုး ကိုုယ်စားပြုပါတီတွေဟာ လူမျိုးတိုုင်းကိုု လွမ်းခြုံဖိုု့မဟုုတ်ပါဘူး… အဓိက အဲဒီလူမျိုး အားကိုုး အားထားရတဲ့ ပါတီ ဖြစ်ဖိုု့ပဲ အရေးကြီးပါတယ်…

    အဲဒီမှာ တတိုုင်းပြည်လုုံးလူမျိုးတွေ ကိုုယ်စားပြုတဲ့ ပါတီက တတိုုင်းပြည်လုုံး အရေးကိုု ဦးစားပေး ဆောင်ရွက်ပါမယ်… အဲလိုုပါပဲ လူမျိုး ကိုုယ်စားပြု ပါတီတွေကလဲတတိုုင်းပြည်လုုံးအရေးကိုု တတိုုင်းပြည်လုုံး ကိုုယ်စားပြု ပါတီနှင့် ပူးတွဲ ကြိုးပန်းသလိုု သူတိုု့ ကိုုယ်စားပြုထားတဲ့ လူမျိုးတွေရဲ့ ရိုုးရာ ယဉ်ကျေးမူ့၊ စာပေ အနုုပညာ နှင့်တကွာ သမိုုင်းဆိုုင်ရာ ကိစ္စအဝဝကိုု ဦးစားပေး ကာကွယ်သွားရမှာ ဖြစ်ပါတယ်…

    ဒါကြောင့် တတိုုင်းပြည်လုုံး ကိုုယ်စားပြုပါတီ NLD ရှိနေသလိုု… လူမျိုး အလိုုက် ကိုုယ်စားပြုပါတီတွေလဲ ရှိသင့်ပါကြောင်း ကျတော့ အမြင်ကိုု တင်ပြခဲပါတယ်…

    ရခိုုင်လူမျိုး ကိုုယ်စားပြုပါတီဆိုုရင် ရခိုုင်ဆိုုင်ရာ ရိုုးရာ ဓလေစာပေ သမိုုင်း ဆိုုင်ရာတွေ ချိုးဖေါက်ခံရတာတွေကိုု ဦးစားပေး ကာကွယ်ပေးနေပါတယ်… ဒီဗတာ ရခိုုင်ပြည်သူတွေအတွက် သူတိုု့က ဘာလုုပ်ပေးလိုု့လဲ အဖြေဟာ သူတိုု့က ငါတိုု့ကိုု ကာကွယ်ပေးတယ်ဆိုုတဲ့ အသိ ရှိစေပါတယ်….

    မွန်ဒေသလုုံးဆိုုင်ရာ ဒီမိုုကရေစီ ပါတီ အနေနဲ့လည်း မွန်လူမျိုးတိုု့ရဲ့အားထားရာ အားကိုုးရာ၊ မွန်ရိုုးရာ အမွေအနှစ်နှင့် စာပီ ယဉ်ကျေးမူ့တွေကိုု ကာကွယ်စောင့်ရှောင်ပါတယ်ဆိုုတဲ့ အမြင်ကိုု မွန် တမျိုးသားလုုံး မြင်သာအောင် ကြိုးစား ဆောင်ရွက်သွားရန် တိုုက်တွန်းချင်ပါတယ်…

Leave a Reply