Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Funny Version of Eliza

Kaung Myat HtutApril 12, 20121min41610

ကျွန်မနာမည် ဂွက်ထော်ပါ။ အခုခေတ်မှာ English နာမည်တွေပေးလာတာကြောင့် Jasmine ဂွက်ထော် ဖြစ်ခဲ့ရပါတယ်။ English ပိုပီသသွားအောင်ဆိုပြီး အဖေရဲ့နာမည်ကို Middle name အဖြစ်ယူခဲ့တာကနေ Jasmine Winston ဂွက်ထော် ဖြစ်လာရပါတယ်။ Winston ဆိုလို့ ဟိုဘက်ကမ်းက Eliza Winston တို့နဲ့ ဘာမှမတော်ဘူးနော်။ အဖေ့နာမည်က ဝင်းစိန်။ သူ့သူငယ်ချင်းတွေက ဝင်းစတိန်၊ ဝင်းစတိန် ဆိုပြီး စ ကြတာကနေ Winston ဆိုပြီးဖြစ်လာရတာ။ ဒါပေမယ့်ကျွန်မဒီနာမည်ကို သိပ်မကြိုက်ပါဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကို နာမည်အသစ်တစ်ခုပေးခဲ့ပါတယ်။ တစ်ချို့တွေများ Snow White တဲ့။ နှင်းဆီတဲ့။ မကြိုက်ပါဘူး။ ရှိပြီးသားနာမည်တွေပါ။ ရှားရှားပါးပါးလည်းဖြစ်ရမည်။ လှလည်းလှရမယ်ဆိုပြီး စဉ်းစားလိုက်တာ “ခင်ပန်းချီစောမို့“တဲ့။ လှတယ်မဟုတ်လား? နာမည်ကြီး model Cindy Crawford နဲ့လည်းခပ်ဆင်ဆင်တူသွားပြီ။

ကျွန်မတို့က ဒလမှာနေတယ်။ အမျိုးတွေအကြောင်းပြောရရင် စိုက်တွေကပါ။ ဆပ်ပြာကို သူပုန်လို့ခေါ်တဲ့အရပ်လေ။ ဖေဖေရဲ့အဖေ၊ ကျွန်မအဖိုးကတော့ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းဆိုပဲ။ မှတ်မိတာကတော့ ဖိုးဖိုးက အိမ်မြောင်တို့၊ ပိုးဟပ်တို့က အစ ကြောက်တတ်တဲ့သူပါ။ ဟုတ်ကဲ့။ အဖွားကိုလည်းကြောက်ရပါတယ်။ ဒါနဲ့ လူလစ်တုန်းဖိုးဖိုးကို ကပ်မေးရတယ်။ ဘယ်လိုလုပ်လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သလဲဆိုတာ။ ဆပ်ပြာကို သူပုန်လို့ခေါ်ခဲ့မိလို့တဲ့။ အင်္ဂလိပ်တွေ ရခိုင်ကိုဝင်လာတုန်းက အဖိုးတို့ရွာကိုရောက်လာတယ်လေ။ ဒါနဲ့ မင်းတို့ရွာမှာ သူပုန်ရှိလားလို့မေးတာကို အဖိုးကလျှာရှည်ပြီး ရှိတယ်၊ ရှိတယ်။ အိမ်မှာအများကြီးပဲဆိုပြီး အိမ်က ဆပ်ပြာတွေထုတ်ပြခဲ့တယ်လေ။ ဒါနဲ့ အင်္ဂလိပ်ဗိုလ်ကြီးက သူ့ကိုနောက်ရမလားဆိုပြီး နားပန်ကျင်း အချုပ်ချထားလိုက်ရာကနေ တော်လှန်ရေးသမားတွေနဲ့ပေါင်းမိသွားတယ်။ သူတို့ဆီကအချက်အလက်တွေရယူပြီး ဂျပန်တွေကို သတင်းပေးခဲ့ရာကနေ ရွာကို ဂျပန်တပ်တွေဝင်လာတာနဲ့ပဲ ဖိုးဖိုးတို့တွေဟာ automatic သူရဲကောင်းဖြစ်သွားရပါတယ်။

မပြီးသေးပါဘူး။ ဂျပန်ခေတ်မှာလည်း ထပ်ဆင့်သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဂျပန်စစ်ဗိုလ်တစ်ယောက်အိမ်နားရောက်လာပြီး ဘန်ဂျို၊ ဘန်ဂျို လို့အော်နေတာကို ဖိုးဖိုးက ဘင်ဂျိုတီးချင်တယ်ထင်ပြီး လာ၊ လာ ဆိုပြီး အိမ်ဦးခန်းမှာထားခဲ့ပါတယ်။ ဘန်ဂျိုဆိုတာ အိမ်သာလို့ပြောတာကိုမသိတဲ့ ဖိုးဖိုးက ရွာထဲကကာလသားခေါင်းဆီမှာ ဘင်ဂျိုသွားဌားနေတုန်း ဂျပန်က အိမ်ဦးခန်းမှာ အားရပါးရ သ မ ထားပါတယ်။ ဒါကို ဖိုးဖိုးကစိတ်ဆိုးပြီးတော့ ခြေထောက်နဲ့ဆောင့်ကန်ရာကနေ ဂျပန်ခမျာ လှေကားက ဒလိန့်ခေါက်ကွေးကျပြီး ဇက်ကျိုးသေရာကနေ ဂျပန်ကိုသတ်လိုက်တယ်ဆိုပြီး ဒုတိယအကြိမ် သူရဲကောင်းထပ်ဖြစ်ရပါတယ်။ ဒါနဲ့ပဲရွာမှာမနေတော့ပဲ ရန်ကုန်ကိုပြေးရာကနေ ဒလမှာနေဖြစ်သွားပါတယ်။

ဖိုးဖိုးဇာတ်လမ်းကမပြီးသေးပါဘူး။ ဂျပန်တွေကိုပြန်တိုက်ဖို့ဆိုပြီး စစ်သားစုဆောင်းတာကနေ ဖိုးဖိုးစစ်ထဲဝင်ခဲ့ပါတယ်။ အမှန်တော့ အလုပ်မရှိလို့ ရ ရာဝင်လုပ်တာပါ။ စိုက်တွေကသူရဲကောင်းဆိုပြီး သူ့ကို ရှေ့တန်းဝိုင်းပို့ကြပါတယ်။ သိပ်ကြောက်တဲ့ဖိုးဖိုးဟာ ကားမောင်းပါရစေဆိုပြီး စစ်ကားတွေမောင်းတဲ့တာဝန်ယူခဲ့ပါတယ်။ တစ်နေ့တော့ သူတို့တပ်ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းတစ်ခုကိုအဖြတ်မှာ ပြောက်ကြားစနစ်နာမည်ကြီးလှတဲ့ဂျပန်တွေက ဝိုင်းပစ်ကြပါတယ်။ ဖိုးဖိုးဟာ ကြောက်လွန်းလို့ကားကိုရပ်၊ ကားပေါ်ကဆင်းပြီး ကားအောက်မှာ ပုန်းဖို့ကြိုးစားပါတယ်။ ကားအောက်ကိုဝင်လိုက်တော့မှ ကားဟာမြင့်တဲ့အတွက် ရန်သူနဲ့မျက်နှာချင်းဆိုင်သလိုဖြစ်သွားပါတယ်။ ဒါနဲ့ပိုကြောက်ပြီး ကားကိုရအောင် စက်ပြန်နှိုးပြီး မောင်းပြေးခဲ့ပါတယ်။ တိုက်ပွဲတွေအေးသွားတဲ့တစ်နေ့မှာတော့ ရဲရင့်သူတွေကိုဂုဏ်ပြုတဲ့ပွဲလုပ်တာမှာ ဖိုးဖိုးနာမည်ပါခဲ့ပါတယ်။ ဆုယူခါနီးအချိန်မှာ သူတို့တပ်ရဲ့ တပ်ရင်းမှူးကပြောခဲ့တာကတော့ ဒီရဲဘော်ဟာ အင်မတန်သတ္တိကောင်းကြောင်း၊ တိုက်ပွဲဖြစ်နေချိန်မှာ ကားစက်ပျက်တာကို ကားအောက်ဝင်ပြင်ပြီး တိုက်ပွဲကနေ ဘေးလွတ်ရာကိုအမြန်မောင်းသွားနိုင်ကြောင်း။ စသည်ဖြင့်ပြောသွားပါတယ်။ တတိယအကြိမ်မြောက်သူရဲကောင်းဖြစ်သွားပါတယ်။

စီးပွားရေးလုပ်ငန်းအကြောင်းပြောရရင် ကျွန်မနဲ့ ဟိုဘယ်ကမ်းက Eliza တို့ဟာစီးပွားပြိုင်ဘက်လို့ပြောလို့ရပါတယ်။ သူကလည်းလေကြောင်းဆိုင်ရာတွေလုပ်နေတယ်။ ကျွန်မကလည်း လေကြောင်းဆိုင်ရာစီးပွားရေးပဲလုပ်နေတာပါ။ ဒီလုပ်ငန်းဟာ ကျွန်မအဖေဆီက လက်ဆင့်ကမ်းအမွေရယူထားတာဖြစ်ပါတယ်။ Eliza Eliza နဲ့ခဏခဏပြောနေတာကြောင့် သိလို့လားလို့ မေးခဲ့ရင် သိတာပေါ့။ ကျွန်မတို့ရွာဘုန်းကြီးကျောင်းကိုလာဖူးတယ်။ ဖိုးဖိုးကပြောတာက ကျွန်မနဲ့ ညီအစ်မ ၅ဝမ်းကွဲတော်တယ်လို့ပြောပါတယ်။ သိပ်တော့လည်းအထင်မကြီးပါဘူး။ ဘာလို့လဲဆိုတော့ စီးပွားပြိုင်ဘက်ဖြစ်နေတာကတစ်ကြောင်း၊ ကျွန်မရဲ့ style တွေကိုခိုးခိုးပြီး သူကပဲစလုပ်သလိုလိုလုပ်နေတာ တွေကြောင့်ပါ။

အတင်းလို့တော့မထင်နဲ့။ သူနဲ့ကျွန်မနဲ့ကွာချက်တွေပြောပြပါမယ်။ ကျွန်မရဲ့စီးပွားအကွက်အကွင်းမြင်တတ်တာက သူ့ထက်သာပါတယ်။ လေကြောင်းလုပ်ငန်းကရတဲ့ အမြတ်တွေကို ကုန်းကြောင်းသယ်ယူပို့ဆောင်ရေးလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမလုပ်ခင်မှာ ဖေဖေနဲ့ အတိုက်အခံငြင်းခဲ့ရပါတယ်။ နောက်ဆုံးတော့ ၂ နှစ်စမ်းလုပ်မယ်ဆိုပြီးစမ်းသပ်လုပ်ကိုင်ရာကနေ သောက်သောက်လဲအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ ဘာလုပ်ငန်းလဲဆိုတော့ ဆိုက်ကားထောင်ခဲ့ ပါတယ်။ စတုန်းကတော့ ဆိုက်ကား၆စီးနဲ့ပဲစခဲ့တာပါ။ အခုမှပြန်ပြောရရင် စခဲ့တုန်းကဆိုက်ကား၆စီးမှာ ၂စီးက without ပါ။ ဒီလိုလေးလဲမြင်တတ်မှ စီးပွားဖြစ်တာလေ။ မဟုတ်ဘူးလား? အခုတော့ဆိုက်ကား ၁၄ စီးနဲ့ တော်တော်ကိုအောင်မြင်နေပါပြီ။ ဆိုက်ကား ၁၄ စီးဆိုတော့ ဆိုက်ကားသမား ၁၄ ယောက်ကိုကျွန်မလို လှလှပပ မိန်းမတစ်ယောက်က ဘယ်လိုအုပ်ချုပ်မလဲ။ လွယ်ပါတယ်။ ရတန်း ၃ ခါကျတဲ့ကျွန်မမောင် ကို နေ့တိုင်းအရက်ဖိုးမှန်မှန်ပေးမယ်လို့ပြောလိုက်တာ အဆင်ကိုပြေလို့။ အခုတော့ သူ့ကိုဒီလုပ်ငန်းလွှဲပေးလိုက်ပြီလေ။ ဒီတစ်ချက်ကွာတာ။ Eliza တို့များမောင်ကို ဆရာဝန်လုပ်ခိုင်းသတဲ့။ မတော်တဆများလူနာတွေဆီကရောဂါတွေကူးလာရင်ဘယ်လိုလုပ်မလဲ။ ပြီးတော့လဲသူ့မောင်ဘက်ကလည်း ကြည့်လေ။ ကိုယ့်အစ်မတစ်ယောက်လုံး အရှုပ်တွေလုပ်။ ohh sorry။ အလုပ်တွေရှုပ်နေတာတောင် ကူဖော်မရဘူး။

လုပ်ငန်းကဒါနဲ့တင်ရပ်မသွားပါဘူး။ ဆိုက်ကားသမား ၁၄ ယောက်မှာကိုယ်စီ မိန်းမတွေရှိကြတော့ အိမ်ဖော်လုပ်ငန်း၊ ထမင်းချက်လုပ်ငန်း စတာတွေကိုတိုးချဲ့နိုင်တဲ့အပြင် သူတို့တွေရဲ့ကလေးတွေကို အိမ်ကဖွင့်တဲ့ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင် (ညကျတော့ beer ဆိုင်အဖြစ်ပြောင်းပါတယ်။) မှာခိုင်းလိုက်တယ်လေ။ ဒါတွေကို အိမ်မှာအားနေတဲ့အမေ့ကိုလုပ်ခိုင်းထားလိုက်တယ်။ အသက်မပြည့်သေးတဲ့ကလေးတွေကိုခိုင်းတယ်လို့လာမပြောနဲ့။ နားလည်တယ်။ သူတို့ကိုယ်တိုင်က လိုလိုလားလားလုပ်နေတာ။ ဒီလုပ်ငန်းတွေကိုတိုးချဲ့ချင်တာ။ မောင်ကငပျင်းဆိုတော့ ဒီလောက်နဲ့ပဲရပ်ထားရတယ်။ ဖြစ်နိုင်ရင် KTV တွေ၊ Massage တွေ၊ Beauty parlor တွေပါထပ်ဖွင့်ချင်တာ။ ဒါမှလည်းကျွန်မကိုလာညုနေတဲ့ဆရာဝန်လေးရဲ့ဆေးခန်းပါ မနီးမဝေးမှာလာဖွင့်နိုင်မှာပေါ့။ မဟုတ်ဘူးလား? Beer station, KTV, Massage နဲ့ဆရာဝန်ဆေးခန်းဘာဆိုင်လို့လဲ။ ဆိုင်ချင်ရင်အများကြီးဆိုင်ပါတယ်။ beer သောက်ရင်းရန်ဖြစ်နိုင်တယ်။ KTV ဆိုရင်းလည်းချောင်းကွဲနိုင်တယ်။ massage မှာအကြောလွဲနိုင်တယ်။ မလှမ်းမကမ်းက မြေကွက်ကိုပါဝယ်ပြီး hotel လုပ်လိုက်ချင်တာ။

အပြင်ပန်းကကြည့်ရင် လူတွေရာဂဏန်းလောက်ဝင်လိုက် ထွက်လိုက်နဲ့။ လူမိုက်ဂိုဏ်းချုပ်လိုလိုဖြစ်နေပါတယ်။ My Wife is a Gangster ဆိုတဲ့ရုပ်ရှင်ကားဟာ ကျွန်မဘဝရဲ့တစ်စိတ်တစ်ပိုင်းကို မှီငြမ်းပြီးရိုက်ထားတာပါ။ လူသိမခံချင်လို့ လှျို့ဝှက်ထားခဲ့ပါတယ်။ အချို့ကကျွန်မကို Mafia of Dala လို့သမုတ်ကြပါတယ်။ အမှန်က ဂျပန်နိုင်ငံ၊ ယာကူဇာဂိုဏ်းခွဲအနေနဲ့ ဖာလူဒါဂိုဏ်း ဆိုပြီးလျှို့ဝှက်လုပ်ထားတာကြာပါပြီ။ အခြေအနေမကောင်းလို့ ထုတ်မသုံးသေးတာပါ။ ကျွန်မပြောနေကြစကားလိုပေါ့။ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတာ။ ခေတ်လည်းကောင်းရော သွက်သွက်ကိုခါနေတာပဲ။

ဘယ်လောက်ပဲစီးပွားရေးလုပ်ငန်းတွေကြီးလာ၊ များလာပါစေ။ မူရင်းဖြစ်တဲ့ လေကြောင်းလုပ်ငန်းကိုဆက်လုပ်ပါတယ်။ မနက်ဆိုရင် မန်ကျည်းပင်အောက်မှာထိုင်၊ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲကိုက်ပြီး စာရင်းတွေစစ်၊ အလုပ်လုပ်ရတဲ့ဘဝအရသာဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။ တစ်ခါတစ်လေ အလုပ်များလွန်းလို့ ရေနွေးကြမ်းတွေအေးကုန်ပါတယ်။ ထန်းလျက်ခဲ ခွေးဆွဲသွားပါတယ်။ ဒါကိုသိတဲ့ Eliza က ကျွန်မကိုပုံတူယူပြီး ကော်ဖီသောက်ရင်းအလုပ်လုပ်တယ်ဆိုပဲ။ အလုပ်တွေများရင်းကော်ဖီတွေပါအေးသွားတာပါ လာတူနေတော့ ကူးချထားမှန်းအရမ်းသိသာပါတယ်။ အဲဒါတွေပေါ့ကျွန်မမကြိုက်တာ။ ဒါပေမယ့်နားလည်ခွင့်လွှတ်ပေးပါတယ်။ သူကအကြီးလေ။ ပြီးတော့ ဆွေနီးမျိုးစပ်လည်းတော်တာကိုး။

ဒီလိုနဲ့မနက်စောစောထ၊ လူအထင်ကြီးအောင်ခြံထဲက မန်ကျည်းပင်အောက်မှာထိုင်ပြီး အလုပ်လုပ်ပြလိုက်ရတာ အမော။ ပြီးမှတစ်နေ့ခင်းလုံးပြန်အိပ်တာ ဘယ်သူမှ မသိ၊ မမိသေးလို့ တော်သေးတယ်။ Eliza တို့များ အလုပ်လုပ်တာ ဓါတ်ချောစာတွေကိုပဲအားကိုုးနေရတာ။ ကျွန်မဆိုရင် မပျင်းမရိ စာတွေကိုတစ်စောင်ချင်းစီပြန်ရေးတယ်။ သူ့ဓါတ်ချောစာတွေဆိုရာ ဒီစာကိုကူး၊ နာမည်ပြောင်း၊ ပြန်ပို့။ ဒီလိုလုပ်နေတာမသိရင်ခက်မယ်။ ပြီးတော့သူ့အကြောင်းသိတယ်မဟုတ်လား။ နေရာတကာပါတတ်တော့ ရှိသမျှလူတွေက သူ့ကိုတိုင်တန်းတော့ ဝင်ဝင်ရှင်းရတော့ သူ့ခမျာ အမော။ ကျွန်မကတော့ ရှင်းတယ်။ ငါမဆိုင်ဘူး။ လာမရှုပ်နဲ့လို့တစ်ခွန်းတည်းပြောလိုက်တယ်။

Eliza ကသင်ပေးတယ်။ စီးပွားရေးဆိုတာ ရေရှည်ကြည့်တဲ့။ အမြီးကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစား မလုပ်နဲ့တဲ့။ ပိန်းလိုက်တာ။ အမြီးကျက်တုန်းမှ အမြီးမစားရင်၊ ခေါင်းကျက်တုန်းခေါင်းမစားရင် ဘာသွားစားရမှာလဲ။ ပရိသတ်ကြီးပဲစဉ်းစားအဖြေပေးကြပါ။ ဒါကြောင်းသူ့လုပ်ငန်းမအောင်မြင်တာ။

ဒါနဲ့စကားမစပ်။ သူ့ရုံးရောက်ဖူးကြလားမသိဘူး။ သူ့ခမျာ ၁၅ ပေလောက်တောင်မရှိတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဝန်ထမ်းလေး လေး၊ ငါးယောက်လောက်နဲ့လည်ပတ်နေရတာ။ ကျွန်မဆိုရင် ဝန်ထမ်းရာနဲ့ချီရှိတယ်။ ညောင်းရင်တောင်နှိပ်ပေးဖို့ အနှိပ်သည်တွေတောင်ခေါ်ထားနိုင်တယ်။ ဒါနဲ့များ ကျွန်မ လုပ်ငန်းက သူ့လောက်မကြီးကျယ်ဘူးလို့ထင်နေရှာတာ။

သူ့ဝန်ထမ်းတွေကို Tea Time လောက်အလကားကျွေးနိုင်တာများ ကြွားလို့ကိုမဆုံးဘူး။ ငါတို့များ ရွာအလှူကိုပြလိုက်ချင်တယ်။ နေ့လည်စာဝယ်စားဖို့ပိုက်ဆံမပါလာတာများ အလုပ်များလို့မစားနိုင်ဘူးဆိုပြီး ကြွားလုံးထုတ်ရပြန်တယ်။ ကျွန်မမှာရယ်လိုက်ရတာ။ အတွင်းသိတွေဆိုတော့ သူဘယ်လိုဖုံးဖုံး သိနေတယ်လေ။

Eliza ခများ ပြင်သစ်၊ အင်္ဂလိပ် စတဲ့အဖြူကောင်တွေနဲ့ပဲလုပ်နိုင်တယ်။ ကျွန်မမှာတော့ တရုတ်၊ ကုလား အဖြူ အမည်းစုံနေအောင်အလုပ်လုပ်တာ။ သူ့ထက်တောင်ပိုသေး။ ပြီးတော့သူ့ကိုယ်သူတင်စားတာက ကျွဲနှစ်ကောင်ကြားက မြေဇာပင် ဘာ၊ ညာနဲ့။ ကျွန်မကတော့ Hamburger ကြားက Cheese ပြားလို ဘဝပါ။ (သူ့ထက်တော့ သာသွားပြီ။ အဟိ)

သူ့စကားမှတ်စုတွေကလည်းကြောင်တောင်တောင်နိုင်ပါတယ်။ ကြည့်ပါဦး။

 မြန်မာတွေ ဦးနောက်တော်တော်ကောင်းသား….. (ဟုတ်ပါ့။ မဟုတ်တဲ့ ကလိမ်ကကျစ်နေရာတော်တော်များများမှာပေါ့)

 

လူကလူပါဘဲ... (လူကလူမဟုတ်လို့ဘာတုန်း)

တချိုု့ ဥရောပသားတွေ အင်္ဂလန်ကို Schengen Area ထဲမှာပါတယ်လို့ ထင်နေတာ…. အံ့ရော။

(အင်္ဂလန်ပါဆိုမှ ဘယ့်နှယ့်လုပ် ရှမ်းကန်ထဲမှာရှိမှာလဲ) 

တခါတလေ နပိုလီယံ ဘာကြောင့် စစ်ရှုံးသလဲဆိုတဲ့ ကျောင်းတုန်းက သင်ထားခဲ့တာလေးတွေ သဘောပေါက်လာသလိုလို…  (နပိုလီယံ စစ်မနိုင်လို့ ရှုံးတာ)

ဘုရားတရားနဲ့ပတ်သက်လာရင် ကျွန်မကတော့ အရှေ့ဆုံးကပဲ။ ပြီးမှငိုက်နေတာ။ ဟုတ်ပေါင်။ တက်တက်ကြွကြွဝင်ပါတယ်။ Eliza တို့များ ၃၈ ဖြာမင်္ဂလာတောင်မှ လွယ်တာပဲရတယ်တဲ့။ ကျွန်မလည်းသိပ်မကွာပါဘူး။ ဒါပေမယ့်သူ့ထက်တော့သာတယ်။ ပဌာန်းတွေ ဘာတွေမှာ နည်းနည်းလောက်ထောက်ပေးလိုက်ရင် အစအဆုံးဆိုနိုင်တယ်။ ဥပမာ .. အရှေ့က ဟေတု လို့ထောက်ပေးလိုက်ရင် ကျွန်မက ကျန်တာဖြစ်တဲ့ ပစ္စယော။ အရမန လို့ထောက်ပေးရင် ကျွန်မက ပစ္စယော ဆိုပြီး အစအဆုံးအဆင်ပြေပြေရွတ်သွားနိုင်တယ်။

Eliza တို့က ပြောချင်တာတွေပြောသွားပြီး နောက်ဆုံးတော့ ဝန်ခံရှာပါတယ်။ လူပဲလေ Perfect မဖြစ်ဘူးတဲ့။ ဒါနဲ့စာဖတ်ပရိသတ်ကြီးအတွက် ကျွန်မလိုစီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်ဖို့အတွက် စကားလက်ဆောင်ပါးလိုက်ပါတယ်။ Eliza ထက်သာတာက ကျွန်မက အင်္ဂလိပ်လိုရေးပေးမှာပါ။

လူကြီးသူမတွေဆုံးမထားတာတွေနဲ့ Mercury one way, Iron one way [ပြဒါးတလမ်း သံတလမ်း] မလုပ်ကြနဲ့။ အလုပ်ဆိုတာ Hand Free Jasmine [လက်လွတ်စပယ်] မလုပ်သင့်ဘူး။ မသိတဲ့၊ မတတ်တဲ့ကိစ္စတွေမှာ Don’t Make the Teacher [ဆရာ မလုပ်နဲ ့]။

ဒါပါပဲ။ အောက်မှာတော့ ကျွန်မအနေနဲ့ နောင်လာနောက်သားတွေ လေ့လာနိုင်အောင် အင်္ဂလိပ်စာသင်ခန်းစာလေးပါထည့်ပေးလိုက်ပါတယ်။ လေ့လာကြပါ။

အော်.. ဒါနဲ့။ ကျွန်မလုပ်နေတဲ့ လေကြောင်းလုပ်ငန်းဆိုတာ မသိကြသေးဘူးနော်။ ဟုတ်ကဲ့ပါ။ ယပ်တောင်လုပ်ငန်းဖြစ်ပါတယ်။

 

 

ရေချိုးချင်တယ် I Want to Break the Water

ဒီနေ ့ နေပွင့်တယ် Today, the Sun is Open

ကျေးဇူးပြုပြီး မီးဖွင့်ပါ Please Open the Fire

မီးပိတ်လိုက်တော့ Close the Fire

ဗိုက်မဆာ ဘူးလား Stomach Not Hungry?

ရေဝင်ပြေး Water Enter Run

မနေ ့က နှာခေါင်းပိတ်တယ် Yesterday, My Nose closed

ကိုယ်ပူနေတယ် Body is Hot

ဖုန်း အားသွင်းလိုက် Insert the Force to the Phone

သီချင်း နားထောင် Song Ear Erect

ဖိနပ် စီးတော့ Ride Your Shoe

ဈေးကြီး မိလာတယ် Catch the Big Market

အိမ်ရှင် လာလိမ့်မယ် House Will Come Alive

လေတက် သွားပြီ Air Climbed Already

ဈေးတွေ တက်ကုန်ပြီ Markets are Climbing

ခေါင်းကိုက်သေးလား Still Bite the Head ?

မဲပေးကြ Give Black

ဝက်သား စားသလား Eat the Pig’s Son?

မြစ်တို ့၏ မာယာ Trick of the Rivers

မတတ်နိုင်ဘူး ဒါဟာ ကံပဲ I Can’t Install. This is Lake

စိတ်ပူ လို ့လား Mind is Hot ?

ချစ် နေသေးလား Love Sun Small ?

မိုးရွာ တဲ ့နေ ့ Rain Village Day

ဖြည်းဖြည်းလုပ် Slow Slow Make

ဓာတ်လှေကား Electric Ladder

နှလုံးသား လျှို ့ဝှက်ခန်း Heart Secret Room

မိန်းမ မယူနဲ ့ Don’t Take Woman

ရေခဲ သေတ္တာ Ice Box

10 comments

  • Soe Min Thu

    April 12, 2012 at 8:09 pm

    Welldone – ရေတွင်းပြီးသွားပြီ…
    ့How are U – မင်းဘယ်လိုလူလဲ

    • Black Ice

      April 13, 2012 at 1:21 pm

      မှတ်ထားလိုက်ပါ့မယ်။ နောက်တစ်ပုဒ်ရေးဖြစ်ရင် ထည့်ရေးလိုက်ပါမယ်။

  • ကိုတတ်ပ

    April 12, 2012 at 8:53 pm

    I know you know hna yout know = မင်းလဲသိတယ် ငါလဲ အသိ ။

  • Thel Nu Aye

    April 12, 2012 at 10:24 pm

    အောင်မယ်လေး ကောင်းလိုက်တာ မှတ်သားလောက်ပါတယ်
    တခုမှတော့မမှားဘူး။ လိုက်တောင်လုပ်ရတော့မလို

  • kai

    April 13, 2012 at 1:32 am

    ကိုယ်တိုင်ရေးလား..
    ဟုတ်တယ်ဆိုရင်တော့.. တော်တော်ချီးကျူးစရာပါပဲ..

    • Black Ice

      April 13, 2012 at 1:23 pm

      ဟုတ်ကဲ့။ ကိုယ်တိုင်ရေးပါ။ အောက်ဆုံးက အင်္ဂလိပ်စာတွေကတော့ Forward mail ကနေတဆင့်ရေးတာပါ။ ကျန်တာကတော့ ကျွန်တော့် idea ပါ။ သူငယ်ချင်းဖြစ်တဲ့ Eliza (https://www.facebook.com/eliza.hhpru) ကိုနောက်ချင်တာနဲ့ အခုလိုရေးဖြစ်သွားတာပါ။

  • Khaing Khaing

    April 13, 2012 at 2:52 pm

    အမဲရောင်ရေခဲလေးရေ ………….. Gold short kite မှာ ဒီကိစ္စလေးတွေဆွေးနွေးရအောင်ကွာ ဒါမျိုးကို တို့ကစိတ်ဝင်စားတယ် ….

    • Kaung Myat Htut

      April 13, 2012 at 3:45 pm

      Gold short kite ဆိုတာ ဘာလဲဟင်? link ရနိုင်မလား?

      • Swal Taw Ywet

        April 13, 2012 at 4:31 pm

        Dear brother and sister,
        Please let me translate English to English by using Myanglish.
        Gold= Gold = ” Shwe ” in Myanmar.
        Short = Short =” Pu ” in Myanmar.
        Kite = Swan / Swon =” Swon ” in Myanmar.
        Gold Short Kite mean ” Shwe Pu Zun ” ( Golden Shrink ) Cold and Cake restaurant. 🙂
        OK?
        If wrong, Sorry.
        If right also, Sorry for my Myanglish. Because I could not type Myanmar font.

        But I would like to request you one thing-
        Don’t destroy the real English, even Joke also should not to.
        Because that wrong usages can spread easily and more people will use wrong way. And than their poor English skills will be poorer.
        Please try your best for our poor Myanmar people.
        Thank you.

        With respect,
        Swal Taw Ywet.

  • aungmyintmyat

    April 16, 2012 at 1:30 pm

    မိုက်တယ်။ ကိုတောင်မှပဲ eng ဆိုတာကို တော်တော်လေး မေ့သွားတယ်
    ကြိုက်တယ်ဗျာ။ back lie write rope eat- နောက်လည်းရေး ကြိုးစား ဟီးဟီး…….

Leave a Reply