Facebook ၂၀၁၂ သင်္ကြန် သံချပ်

Patriotic BurmaApril 13, 20121min1717

ဓါတ်ငွေ ့သိုက်ကြီး ဖင်ခုထိုင်.(ဖယောင်းတိုင်လေးမှာ… မှိတ်တုပ်…မှိတ်တုပ်)
ပြတ်တယ်..လာတယ်..တရားမှတ်ကာ..(တို ့ပြည်သူတွေ..ကျွတ်တမ်းဝင်နိုး)
မီးခွဲတမ်းကို စောင် ့ရတာ..(လေးသချေင်္ နဲ ့ ကမ္ဘာ တသိန်း)
ဝါယာရှော ့တွေ..ကြောက်စရာ…(ဈေးကြီးတွေ ရေ…သတိ..သတိ)
ဈေးသစ်ဆောက်ဖို ့..ဂွင်သစ်ရှာ…(ကန်ထရိုက်တာ..မင်းမြှောင် ကပ်ဖါး)
သူများမျက်ရည်..ချွေးနည်းစာ.. (မညှာ မတာ..သူတို ့ခြေဆေး)
အသက်ငင်နေတဲ ့ မြစ်ချောင်းတွေ…(သူများ တိုင်းပြည် …မီးလင်းဖို ့တဲ ့)
ပိုလျှံ နေလို ့..ရောင်းတာပါ…..(ပြောတတ်လိုက်တာ..သူ ့ပါးစပ်ကြီး)၂
သူ ့ဇနီးနဲ ့ သမီးတွေပါ…(စေတနာရှိရင်..အဆစ်ပေးလိုက်)၂
ဟေ ့..စိန်လား…ဟေ ့…ရွှေလား..
(ငါ ့ဘကြီး..စာကျက်နေတယ်..ဘယ်ကောင်တွေလဲ)
ဟေ့လား..ရွှေ တို ့ဝါး..။

မူရင်းရေးသူမသိပါ။
ဖတ်ဖူးပြီးသူများရှိရင်လည်း သီးခံဖတ်စေလို။

7 comments

  • Patriotic Burma

    April 13, 2012 at 10:30 pm

    I just found on news-eleven site and I shared for Gazette villagers.

  • etone

    April 13, 2012 at 11:04 pm

    သံချပ်ကတော့ … လုံးဝကို လန်ထွက်နေတာပဲဗျို့ ။
    သက်ဆိုင်သူများကြားလျှှင်တော့ …. အလွန်ပဲခံပြင်းလိုက်မယ့် ဖြစ်ချင်း .. ဟိဟိ 😀

  • ကိုရင်မောင်

    April 14, 2012 at 10:33 am

    ကောင်းလိုက်တဲ့သံချပ်တွေပါလား
    ထပ်တင်ကြပါအုံး….

  • swe tuu

    April 14, 2012 at 4:56 pm

    Dear All!
    Happy to read………..

    ၂၀၁၂ မိုုးမခသင်္ကြန်သံချပ်
    ဂျော်ဒီး၊ ဧပြီ ၉ ၊ ၂၀၁၂
    (Illustation – old cartoons from moemaka)
    ၂၀၁၂ သင်္ကြန်အခါ.. (အတာရေ နဲ ့ဆေးကြကြောကြ..)
    သိကြားမင်းကြီး လူ ့ပြည်လာ..(အတာကြပ်တာ ..လက်ပ်တော့ကြီးနဲ ့)
    သိကြားမင်းကြီး လက်ပ်တော့ ကိုင်….(.အင်တာနက်ဆိုင် မှာ…. မီးစက်ကိုနှိုး)
    လိပ်ဖိုးဖိုးရဲ ့ ကိုးနတ်ရှင်….(သိကြားမင်းကိုတောင် အရေးမစိုက်)
    ရွှေပုရပိုဒ် နဲ ့ ခွေးသားရေ..သာ..….(ရှေးဟောင်း အစဉ်အလာ… ပြန်ကာသုံးရ..)။

    ၂၀၁၂ သင်္ကြန် အခါ..တို ့ပြည်မြန်မာ ..(ဘာတွေထူးသတုံး)
    ဖုန်းလိုင်းတွေက မကြည်လင်……(၂သိန်းတန်တောင် ရောင်းချင်သေးသတဲ ့)
    တို ့ပြည်သူများတောင်းဆိုတာ…(၅၀၀ဝတန် ဖုန်းပါ ..လူအများသုံးဖို ့)
    ၅၀၀ဝတန် ဖုန်း အသာနေ…..(ထမင်းရေ တောင် နပ်မမှန်ကြ)
    ထမင်းရည်လေးတော့… လျှော ့သောက်ပါ…(ပြည်သူတွေရယ်..ခြိုးခြံမှပေါ ့)
    အသက်ကလေး.. နဲနဲ လျှော့ ရှူ ပါ….(ပြည်သူတွေ ရယ်…ခြိုးခြံမှပေါ ့)
    ပေါတာကြီးတို ့ ချမ်းသာအောင်….(ပြည်သူတွေရယ်..ခြိုးခြံမှပေါ ့)
    မီးခွန် ရေခွန်..တိုးလို ့ဆောင်….(ပြည်ပကြွေးတွေ ကြေအောင် တဲ ့လား)
    ဟေ ့..စိန်လား…ဟေ ့..ရွှေလား..(စာဖတ်နေတယ်..နော်)
    ဟေ..လား စိန် တို ့ဝါး…။

    ပြည်ပ ကြွေးတွေ တောင်လိုပုံ.. (.ဆပ်လို ့မကုန်..ဘယ်သူတွေ သုံးသလဲ)၂
    ဆပ်မကုန်တဲ ့ အကြွေးတွေ….(နေပြည်တော်မှာတော ့..တထီးတနန်း)
    နေပြည်တော်ကြီး ရွှေပြောင်ပြောင်…..(တို ့ပြည်သူတွေ ဝမ်းခေါင်ခေါင် ပေါ ့)
    ဝမ်းခေါင် ပေမယ် ့ မနေသာ….…(အခွန်အဖြာဖြာ စည်းကြပ်ခံရ….)
    အခွန်ရှောင်တဲ ့ သူဌေးတွေ သာ.. ..(ပိုက်ဆံတွေဟာ…ထားစရာရှိဘူး)
    ထားစရာမရှိတဲ ့အတူတူ…သူများလယ်မြေ….( မတရားယူကြ)
    လယ်သမားလယ်မြေ..….(မတရားသိမ်းကြ)
    လယ်သမားတွေ…မြေမဲ ့ရင်….(တို ့တတွေ မှာ…ဘာပင်စားမလဲ)။
    သိကြားမင်းကြီး တငိုင်ငိုင် ….(ခွေးသားရေ မလောက်လို ့မှိုင်..)
    မသူတော်တွေက..တလွှားလွှား….(ခေါင်းပေါင်းတကားကား)
    ဟေ့..လား..စိန်..တို ့.. ဝါး…။ဟေ ့လား…ရွှေ တို ့ဝါး..။

    မိုး…မိုး..မိုး..လားမောင်တို ့..(သူခိုး..သူခိုး..သူခိုးများ ..ရှောင်ဗျို ့)
    တိုင်းပြည် ဘဏ္ဍာ မခိုးကောင်းပါ..(သန် ့ရှင်းကောင်းမွန်…ဘာညာ ..ဆိုလား)
    လေ..လေ..လေ..လားမောင်တို ့..(အသေ..အသေ..အသေချာ နားထောင်ဗျို ့)
    သမတကြီး က…. စကားကြွယ်…(နားထောင် ရတာ..တကယ်ကောင်းသဗျို း)
    အောက်ခြေ အဆင် ့ဆင် ့ ဝန်ထမ်းတွေ..(သမတကြီး ပြောတာ.. ကြားကြမဟုတ်လား)
    မကြားချင်ယောင် ဆောင်တဲ ့ဝန်ထမ်းတွေ..(နားလေးနေရင်..ဆေးမြန်မြန်ကုကြ)
    ခေတ်ကြီးကတော့ ပြောင်းနေပြီ…(မြောင်းထဲ မရောက်ခင်..သောက်ကျင် ့ပြင်ကြ)
    သမတကြီးလဲ..ဝန်ထမ်းပါ..(ကိုယ်ပြောတာကို ..ကိုယ်မမေ ့နဲ ့)
    တရားဥပဒေရဲ ့….. အထက်မှာ …(ငါက လွဲရင် ဘယ်သူမှ မရှိရ)
    တရားဥပဒေ ရဲ ့ အထက်မှာ…(.ဖိထားနိုင်တာ..ငွေထုပ်ကြီးလား)
    ပါးတခါရိုက်..ငွေတထောင်…(ဒဏ်ဆောင်လိုက်ရင်..အေးဆေးပဲတဲ ့)
    ခေတ်မမီတော့ တဲ ့ ဥပဒေတွေ..(လွှတ်တော်ထဲမှာ ပြင်ကြပါဦး)၂
    လွှတ်တော်ထဲမှာ ငိုက်သူတွေ..(ဒေါင်းတွေ အော်ပြီ…နိုးလော ့..ထလော ့)
    တမတ်တန်းက အချောင်သမားတွေ (ပြည်သူ ့မဲ..မပါ..ရှက်စရာကြီး)
    ရှက်စရာကြီးလို ့ အသိမှန်..(ပြည်သူ ့အသံ..နာခံကြလော ့)။
    ဟေ့…စိန်လား…ဟေ ့…ရွှေလား.. (စာဖတ်နေတယ်..ရှူးးးတိုးတိုး)
    ဟေ ့..လား ရွှေ တို ့ဝါး…။
    ဓါတ်ငွေ ့သိုက်ကြီး ဖင်ခုထိုင်.. (ဖယောင်းတိုင်လေးမှာ… မှိတ်တုပ်…မှိတ်တုပ်)
    ပြတ်တယ်..လာတယ်..တရားမှတ်ကာ..(တို ့ပြည်သူတွေ..ကျွတ်တမ်းဝင်နိုး)
    မီးခွဲတမ်းကို စောင် ့ရတာ..(လေးသချေင်္ နဲ ့ ကမ္ဘာ တသိန်း)
    ဝါယာရှော ့တွေ..ကြောက်စရာ…(ဈေးကြီးတွေ ရေ…သတိ..သတိ)
    ဈေးသစ်ဆောက်ဖို ့..ဂွင်သစ်ရှာ…(ကန်ထရိုက်တာ..မင်းမြှောင် ကပ်ဖါး)
    သူများမျက်ရည်..ချွေးနည်းစာ.. (မညှာ မတာ..သူတို ့ခြေဆေး)
    အသက်ငင်နေတဲ ့ မြစ်ချောင်းတွေ…(သူများ တိုင်းပြည် …မီးလင်းဖို ့တဲ ့)
    ပိုလျှံ နေလို ့..ရောင်းတာပါ…..(ပြောတတ်လိုက်တာ..သူ ့ပါးစပ်ကြီး)၂
    သူ ့ဇနီးနဲ ့ သမီးတွေပါ…(စေတနာရှိရင်..အဆစ်ပေးလိုက်)၂
    ဟေ ့..စိန်လား…ဟေ ့…ရွှေလား..
    (ငါ ့ဘကြီး..စာကျက်နေတယ်..ဘယ်ကောင်တွေလဲ)
    ဟေ့လား..ရွှေတို ့ဝါး..။

    အိမ်နီးနားချင်း..သူခိုးတွေ….(ကမ္ဘာ ့အလည်မှာမှာ…နံမယ် ဆိုးလွန်း)
    သူခိုး..ဓါးပြ နဲ ့ ပေါင်းသင်းကာ..(တိုင်းပြည် ့ရတနာ…ရောင်းမစားနဲ ့)
    ပြည်သူ ့အသံ…တကယ်နားခံ…..(ဟန်ဆောင်ပန်ဆောင်..ချွေးမသိပ် နဲ ့)
    တိုင်းပြည်ချစ်စိတ် အရင်းခံ……(အမျိုးသား ပြန်လည် သင် ့မြတ်ကြစို ့)
    (အမျိုးသမီးတွေကော… မပါဘူးလား…တော ့)
    အမျိုးသမီးထုက ခေါင်းဆောင်လာ…(အမျိုးသားတွေ မှာ… မသက်သာ ဘူးလား)
    အခွင် ့အရေး တန်းတူညီ….(တို ့တိုင်း မြန်ပြည်..စည်ပင်ဝပြော)
    တိုင်းရင်းသားတွေ အခွင် ့အရေးညီ…..(ပြည်တွင်းစစ်တွေ..ခုချက်ချင်းရပ်)
    ဟေ ့..စိန်လား….. ဟေ ့..ရွှေလား..(စာဖတ်နေပါတယ်..ဆို)
    ဟေ ့လား…စိန်ရော ရွှေရော.. …ဝါး…။ ။

    Posted by MoeMaKa at 9:52 PM 0 comments
    Labels: Gyaw Dee, Satire

  • Patriotic Burma

    April 14, 2012 at 10:02 pm

    Ur post is more complete than mine swe tuu.where did u find that?It’s great.

  • swe tuu

    April 15, 2012 at 12:30 am

    Dear Patriotic Burma,
    Actually I’d got this (Than Chat) from gmail before Thingyan.
    When I read your post in MG, I remembered the complete one from mail and tried to just fill up the rest post.
    Thank you.

  • ကိုရင်မောင်

    April 15, 2012 at 3:13 am

    swe tuu ရေ ထပ်အားပေးသွားတယ်ဟေ့..
    ကျေးကျေး….

Leave a Reply