Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မုန်တိုင်းက ထန်ထန် ၊ အဖေက မှုးမှုး

phone_kyawApril 14, 20121min4859

အရက်ကြိုက်တက်တဲ့လူတိုင်း မိုးအရမ်းရွာနေတဲ့အချိန်ကို သူတို ့အရမ်းသဘောကြတယ်။ မုန်တိုင်းထန်လေ သောက်ရတာ ပိုဝင်လေပဲ။ ဒါ့ကြောင့် ဒီခေါင်းစဉ်ကို ကျနော်ရွေးရတာပါ။ အဖေက မုန်တိုင်းထန်တာကို အခွင့်ကောင်းယူပြီး အသားကုန်စွပ်သောက်ကော။ အမေ့ကို အကြောင်းပြတာက မုန်းတိုင်ကျရင် သတိ္တရှိအောင်နဲ ့အချမ်းပြေအောင် သောက်တာလို ့ဆိုပြီး ဆင်ခြေပေးတယ်။ ဒါကိုကြည့်မရတဲ့အမေက ဘာပြောလဲဆိုတော့-

“နင့်ဆင်ခြေကလည်း နေ ့တိုင်းနီးပါးလိုပဲ။ စိတ်ညစ်လို ့သောက်ရတာနဲ ့သူငယ်ချင်းနဲ ့တွေ ့လို ့မှုးရတာနဲ ့။ ဆင်ခြေကပြီးကို မပြီးတော့ဘူး။ ကိုယ့်ဟာကိုယ်ကြိုက်လို သောက်တာကို သတ္တိရှိရှိဝင်ခံစမ်းပါ”

အန်အယ်ဒီက ကျမ်းကျိန်ဖို ့အခက်အခဲဖြစ်နေတာနဲ ့ပက်သက်ပြီး မုန်တိုင်းက ထန်ထန် အဖေက မှုးဆိုတဲ့ ဆင်ခြေကို သွားပြီးသတိရတယ်။ ဦးနုရဲ  ့တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်ကို ပြောနေတာမဟုတ်ပါဘူး။

အန်အယ်ဒီ ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲမဝင်ခင်ကတည်းက ဒီလိုလုပ်ရမယ်ဆိုတာကို မသိဘူးလား။ မသိလို ့မလေ့လာထားလို ့အခုလို ဆင်ခြေထွက်လာတာလို ့ ကျနော်တော့ထင်နေမိတယ်။ ဒါဆိုရင် အတော်ညံ့ပါ့လို ့ပြောရမလိုဖြစ်နေပြီ။

ဒါက သူတို ့ပေးနေတဲ့ဆင်ခြေနဲ ့ပက်သက်ပြီးပြောတာပါ။

အခြေခံဥပဒေကိုလေးပဲစားစား ငါးပဲပြန်ပြန် အရေးမကြီးဘူး။ နောက်တစ်ခုက ကာကွယ်တာ ကွယ်ကာတာပဲဖြစ်ဖြစ် လုံးဝကို အရေးမကြီးဘူး။ ဘာက အရေးကြီးတာလဲလို ့မေးရရင် ကိုယ်လုပ်ထားတဲ့အလုပ်တစ်ခုကို ဆက်လုပ်ဖို ့ပဲ။

ဒါကို အရိုးများသလေး ချီးခါးသလေးလုပ်တာကတော့ ကလေးတွေစိတ်ကောက်သလိုဖြစ်နေတယ်။

ရင့်ကျက်တဲ့နိုင်ငံရေးပါတီ၊ အတွေ ့အကြုံများတဲ့နိုင်ငံရေးပါတီ၊ တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်တင်မဲ့ဆိုတဲ့နို်င်ငံရေးပါတီဟာ လေးစားတာနဲ ့ကာကွယ်ပါဆိုတဲ့စကားလုံးနဲ ့ ရှုပ်နေစရာအကြောင်းကို မရှိဘူး။ ဒါက စကားလုံးတွေပဲ။ ဒီစကားလုံးနဲ ့တိုင်းပြည်ကို မထူထောင်နိုင်ပါဘူး။ ငြိမ်းချမ်းရေးမရနိုင်ဘူး။

ဒီနေရာမှာတစ်ခုတော့ ငြင်းနိုင်ပါတယ်။ မင်းက ဘာသိလို ့လဲ။ ဒါက ကျမ်းကျိန်နေတာကွလို ့ဆင်ခြေပေးနိုင်တယ်။ အပျင်းပြေ သီးချင်းဆိုနေတာမဟုတ်ဘူးဆိုပြီး ပြောချင်ပြောနိုင်ပါတယ်။

ဟုတ်ပါတယ်။

ဒါဆိုရင် အစောကြီးကတည်းက ဘာလို ့ဖင်ယားပြီး ရွေးကောက်ပွဲဝင်ကြတာလဲလို ့ ပြန်မေးချင်ပါတယ်။

ဆိုတော့ အချိန်မရှိဘူး။ ဆက်သာလုပ်တော့။

သုံးလေးငါးခါ အရေးကြီး တန်ဖိုးအရမ်းတက်နေတဲ့အချိန်တွေမှာလည်း ဆင်ခြေတွေပေးပြီး ကျနော့်အဖေလို ့မှုးနေခဲ့တဲ့ အန်အယ်ဒီ ၊ ဒီတစ်ခါတော့ နားလည်သဘောပေါက်ဖို ့လိုနေပြီ။ အသက်တွေလည်းရလာပြီ။ ကိုယ့်ဘဝကိုယ်လည်း သိနေပါပြီ။ ဆိုတော့ သိတ်ပြီး ဖင်မယားကြပါနဲ ့လိုပဲ ပြောချင်ပါတယ်။

ဒါနဲ ့ပက်သက်ပြီး အကြံတစ်ခုပေးချင်တယ်။ဒါကတော့ နှစ်သစ်မှာ အမေစုနဲ ့ပေါ်လစီမိန် ့ကာတွေကို ပိုပြီး စိတ်လန်းကိုယ်လန်းနဲ ့အတွေးအခေါ်ပါ လန်းသွားအောင် အတာရေအေးလေး ပတ်ဖြန်းပေးကြပါအုံးလို ့။ နို ့မို ့ဆိုရင် တချိန်လုံး တိုင်ပတ်နေတယ်။

9 comments

  • htoosan

    April 14, 2012 at 3:58 pm

    လက်မထောင်ပါတယ် ကိုဘုန်းကျော်ရေ .ကျွန်တော်လည်း အဲ့ဒီ့အတွေးတွေဝင်နေတာ.. ရီလည်း ရီရပါတယ်..

    • tunlinaung

      April 16, 2012 at 11:36 am

      ဘုန်းကျော် ….ကုန်းကုန်းပြီးအော်မနေနဲ.။ စကားအပြောအဆိုတယ်ရိုင်းသကိုးကွယ့်။ စကောလောက်မှ မနက်တဲ့ဇောက်ကလေးနဲ.ကွယ်၊။ ဝေဖန်နေလိုက်တာကွယ်၊ ဖတ်ရတာအဆင်မပြေပါဘူး၊ ပြည်ပြေလေးက
      တော်တော်တက်နေတယ်ပေါ့။ ပါတီတော့အချောင်သိက္ခာကျနေပါ့မယ်ကွယ်၊အော်ဇီမှာ ကိုယ့်လုပ်စာကိုယ်စား
      နေနိုင်ပြီဆိုတော့ အပြစ်တင်စကားတွေဆိုနိုင်နေပြီးပေါ့။ အင်းပေါ့ကွယ် ထောက်ပံ့ကြေးလေးတွေအကြာင်းရေးပါလား၊စကားမစပ်ပေါ့ကွယ် တိုင်ပြည်ကနုနု မုန်တိုင်း
      က ထန်ထန်က လူကြီးမင်းအမျိုးတာတေစနေသားကြီးရေးတာမဟုတ်ဘူးကွယ်။
      ဘုန်းကျော် …..ကုန်းကုန်းပြီးအော်မနေနဲ.။

  • မူးတယ်လို ့ပြောမယ်ဆိုလဲ စာလုံးပေါင်းမှန်အောင်ရေးဗျာ။
    “မုန်တိုင်းကထန်ထန်. အဖေက မူးမူး”တော့လုပ်ပါဗျာ။အဲဒါ
    ကြောင့် အဆဲခံရလဲ မမှတ်ဘူးဘဲ။

  • Gipsy

    April 14, 2012 at 5:46 pm

    ဒီတခါ ဂဘုန်းကျော် အတွေး နဲ့ အရေး ကို ကိုနာဂ တောင် အပစ်မပြောနိုင်တော့ဘူးထင်တယ်..၊
    ကျုပ်နားမလည်လို့…ဂဘုန်းကျော် အတွေးက မှန်များနေလို့လား …း။

  • ရွာစားကျော်

    April 14, 2012 at 6:26 pm

    ခုလိုကျတော့ လည်း ကဖုန်းကျော် က ပြောတတ်သားပဲဗျ..
    သမ္မတကြီးလည်း နောက်ပြန်မလှည့်နဲ့ ဒီချုပ်လည်း နောက်ပြန်မလှည့်နဲ့
    တိုင်းပြည်မျက်နှာ ကြည့်ကြပါလို့
    တိုင်းသူပြည်သားတွေခမျာ ဆင့်- ီး ခွေးမျှော်သလို ဖြစ်နေကြပါပြီခင်ဗျား..

  • FattyCat

    April 14, 2012 at 9:03 pm

    ကျုပ်ကတော့ အဲလိုမမြင်ဘူးဗျ…
    ထင်ရာလုပ်ဖို့ဆွဲထားတဲ့ အခြေခံဥပဒေဆိုတာကြီး၊ အင်းအနိုင်ယူအတည်ပြုထားတဲ့ အခြေခံဥပဒေဆိုတာကြီးကို
    တကယ်အသုံးတည့်ဖို့၊ တကယ်ပြည်သူကို အကျိုးပြုတဲ့ အခြေခံဥပဒေကြီးဖြစ်ဖို့ ပြင်ဆင်တည်းဖြတ်မှုတွေလုပ်ရပါမယ်…
    NLD က သိသိကြီးနဲ့ ရွေးကောက်ပွဲဝင်တာပါ… လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကို ပြင်ဆင်တည်းဖြတ်ဖို့ ဆက်လုပ်မှာပါ…
    အဲဒီအတွက် အခုဟာက ပထမခြေလှမ်းလို့မြင်ပါတယ်… စိတ်ကောက်တာမဟုတ်ပါဘူး… ဒါဟာနိုင်ငံရေးအယူအဆတစ်ခုလို့ မြင်ပါတယ်… ဒေါ်အောင်ဆန်းစုကြည် အာဏာရသွားရင်တောင် ချက်ချင်းပြုပြင်မပေးနိုင်ပါဘူး… စိတ်ရှည်ရှည်နဲ့စောင့်ရမှာပါ… ပူးပေါင်းပါဝင်ရမှာပါ…
    ဒေါ်အောင်ဆန်းစုကြည်လဲ လူတစ်ယောက်ပါပဲ… တန်ခိုးရှင်မဟုတ်ပါဘူး… ဥုံဖွနဲ့ ဘာမှပြုပြင်ပြောင်းလဲမပေးနိုင်ပါဘူး…

  • ko latt

    April 14, 2012 at 11:22 pm

    လွတ်လပ်စွာ သဘောထား ထင်မြင်ချက် ကွဲလွဲခွင့် ရှိပါတယ်၊ သို့ပေမယ့်လဲ လူထုတစ်ရပ်လုံး ထောက်ခံထား တဲ့ NLD ကို ဖုန်းကျော် ရဲ့ အဖေ အရက်သမား
    ငမူး တစ်ယောက် လို လူနဲ့ ခိုင်းနှိုင်း ဥပမာ ပေးတာကတော့ ဟုတ်သေးဘူးဗျ….
    စိတ်ထဲ မှာ ဒေါသထွက်ချင်ပေမယ့်လဲ ..ငမူးရဲ့သား အရူး တစ်ယောက်
    နဲ့များ ဘာလို့စကားများရတာလဲ…ဆိုပြီး ရွာထဲက ကျုပ် ကို ဝိုင်းပြောကြဦးမယ်..
    မပြောချင်ပေမယ့်လဲ နဲနဲတော့ ပြောချင်ပါတယ် ..ကိုယ့်အဖေ ကို ရပ်သိရွာသိ ငမူးကြီး
    ပါ ဆိုပြီး အဲဒီလိုတော့ ကျေးဇူး မဆပ်ပါနဲ့…ဒူးနေရာဒူး ၊ တော်နေရာတော်..ဆိုသလိုဘဲ
    အရူး နေရာမှာသာ သွားရူးနေပါ …ကိုဖုန်းကျော်။

  • ကြောင်ကြီး

    April 18, 2012 at 8:00 am

    ဂေါင်းဝင်ကိုယ်ဆံ့ဆိုဒါ မကြားဖူးဘူးလားကွဲ့.. ငါစွဲလေး နဲနဲလျှော့ရင် မြင်နိုင်ပါဒယ်..။ သဘောတူ မတူဂဒေါ့ ကိုယ့်အပိုင်းပေါ့ကွယ်…။

  • အမေရိကန်ငတုံး

    April 19, 2012 at 2:37 pm

    တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်ဆိုတာ ဗိုလ်မှူးကြီးဟောင်းတင်မောင်
    ရေးခဲ့တာဟ ဩဇီက ပညာရှိကြီးရဲ.။ရေးချင်ရင်လည်းသေသေချာချာလေ့လာ
    ေ-ာက်တလွဲတွေလျှောက်ပြောမနေနဲ.

Leave a Reply