မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ

ဘယ်လို စိတ်ဆိုးစိတ်ယုတ်တွေနဲ့ အဖျက်သမားတွေက မြန်မာ့ နှစ်ကူးသင်္ကြန်ကို အမင်္ဂလာ ဖြစ်အောင် ကြံနေတာပါလိမ့်ဗျာ။ မကျေနပ်ရင်လည်း မကျေနပ်တဲ့ သူကို သတ်နိုင်အောင်ကြိုးစားကြပါလား။ ခုတော့ ပျော်ရွှင်ကြည်နူးနေတဲ့ အပြစ်မဲ့ပြည်သူတွေပဲ အသက်ပေး ခံစားကြရရှာတယ်..။ ငရဲအိုး ဂျိုးကပ်မယ့် ဆန်ကုန်မြေလေးတွေ…

မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး

ည ၁ဝနာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI

မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့် ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး ပြန်နေကြသည်။

ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမဏ္ဍပ်မှာ လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ယုဇနနှင့် ရန်ကြီးအောင် ရပ်ကွက်အနီးဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိမှုနှင့် အသေအပျောက်စာရင်းကိုမူ မသိရှိရသေးပေ။

ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်မှာ အစည်ကားဆုံး နှစ်တနှစ်ဖြစ်၍ မဏ္ဍပ်ပေါင်း ၂ရ ခုရှိသည်ဟု လည်းသိရှိရသည်။

credit: http://www.facebook.com/ygnpress

7 comments

  • ရွာစားကျော်

    April 14, 2012 at 11:12 pm

    Yangon Press International
    မြစ်ကြီးနား ပေါက်ကွဲမှု သတင်းနောက်ဆက်တွဲ၊

    ဧပြီ ၁၄ ရက်၊ ည ၁ဝနာရီ ၅ဝ မိနစ်၊ ၂၀၁၂ ခုနှစ်-ဆိုင်းဆွတ်

    ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှာ မြို့သစ်ကြီး ရပ်ကွက်အနီး မနောမြေ မဏ္ဍပ် ဖြစ်သည်ဟု နောက်ပို်င်း ဝင်ရောက်လာသည့် သတင်းများအရ သိရှိရသည်။
    မနောမြေ မဏ္ဍပ်မှာ ဦးဇခုန်တိန့်ယိန်းက ဦးစီး တည်ဆောက်သည့် မဏ္ဍပ်ဖြစ်သည်ဟု သိရသည်။
    မြစ်ကြီးနားမြို့ ဆေးရုံသို့ ဆက်သွယ်မေးမြန်းချက်အရ ဒဏ်ရာရသူ တဦးမျှ ရောက်ရှိလာခြင်း မရှိဟုလည်း သိရသည်။

  • Gipsy

    April 14, 2012 at 11:17 pm

    ဟာ ဒါလဲ ဒုက္ခ တစ်မျိုးပဲနော်…
    ကျုုပ်က ဒီနှစ်သင်္ကြန် အေးဆေး ဖြစ်တော့မယ်ထင်ထားတာ…
    ဒီနှစ်သင်္ကြန် နှစ်သစ်ကူးမှာ စိတ်ညစ်စရာတွေ အများသားကလား….
    ရွာစားကျော်ရေ သတင်းဆက်ရရင် တင်ပေးပါဗျို့….။

  • ချာလီဂဇက်ဒလဝမ်

    April 14, 2012 at 11:43 pm

    လုံခြုံရေးမူးတွေက မူးရူးနေကြတော့ ဗုံးထောင်တာလဲ အရိပ်အယောင်မသိ၊
    ဒီလို ဖြစ်တတ်တယ်ဆိုတာ အဲဒီငမူးတွေ သိနိုင်ရဲ့သားနဲ့ ဖြစ်မှဖြစ်ရလေ။
    လူတွေ ထိခို်က်ဒဏ်ရာ မရလို့ တော်ပါသေးတယ်။

  • htoosan

    April 15, 2012 at 9:02 am

    သစ်ထူးလွင်မှာ KIO စခန်းတစ်ခုကို အစိုးရတပ်က ဝင်သိမ်းလိုက်ပြီး KIO ကလည်း သူ့တပ်တွေကို အစိုးရတပ်တွေနဲ့ တွေ့ရင် ဘယ်နေရာဒေသမှာ မဆို ပစ်မိန့်ခွင့်ပြုလိုက်ပါသည် လို့ ပါရှိထားပါသည်.။ အခု ဗုံးပေါက်တာ ဘယ်သူ့လက်ချက်လည်းဆိုတာတော့ မသိနိုင်ပါဘူး။ စေ့စပ်ဆွေးနွေးလို့ မရသေးတာတော့ အမှန်ဘဲ။

  • Lwin Aung

    April 15, 2012 at 11:35 am

    It is very shameful for foolish/shameless terrorist group who did it.

  • ဆူး

    April 15, 2012 at 7:35 pm

    ငြိမ်းချမ်းရေးက အခုမှ အစပျိုးတုန်း ရှိသေးတယ်။

Leave a Reply