ငလျင် အရေးပေါ်သတင်း

ဦး ဂ်စ္April 14, 20122min1798
အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေးအနီး ပင်လယ်ပြင်၌ လှုပ်ခတ်သွားသည့် ပြင်းအား ရစ်ချတာစကေး ၈.၆ အဆင့် ငလျင်ကြီးလှုပ်ပြီးနောက် ဧပြီလ ၁၄ ရက် မြန်မာစံတော်ချိန်
ညနေ ၁၆း၃၂ နာရီအထိ အဆိုပါဒေသအတွင်း ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၈၄ ကြိမ်ရှိသွားပြီဖြစ်ပြီး ထပ်မံ၍လှုပ်နေဆဲ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာပညာရှင်များ၏ ငလျင်နှင့်ပတ်သက်သည့် သုံးသက်ချက်များကို ပြီးခဲ့သည့် post များတွင် တိုက်ရိုက် တင်ပြခဲ့ပြီးဖြစ်ပါသည်။

မှတ်တမ်းများအရ အကြီးမားဆုံးသော အလျားလိုက် ငလျင်လှုပ်မှု ဖြစ်ကြောင်း၊ ပင်လယ်ကြမ်းပြင်ရှိ ပြတ်ရွေ့ကြီး၂ ခု အလျားလိုက် ရွေ့လျားပွတ်တိုက်မှုကြောင့်

ဤငလျင်ကြီးဖြစ်လာရကြောင်း စသည်ဖြင့် စင်္ကာပူနိုင်ငံ မြေငလျင်စောင့်ကြည့်လေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး Kerry Sieh က CNN သို့ ပြောကြားခဲ့သည်ဟု
သိရပါသည်။

Director of the Earth Observatory of Singapore, Kerry Sieh, told CNN that the 8.6 Richter scale undersea earthquake

was the largest “strike-slip” quake – steep structures where the two sides of the fault slip horizontally past each
other – ever recorded.

ဤဒေသအတွင်း အင်အားပြင်းထန်သည့် ငလျင်ကြီးများ ထပ်မံလှုပ်ခတ်နိုင်ခြေ များနေဆဲ ဖြစ်သဖြင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများအနေဖြင့် ဆူနာမီ

လှိုင်းကြီးများ ဖြစ်ပေါ်လာလျှင် အချိန်နှင့်တစ်ပြေးညီ သတိပေးခြင်း၊ ရှောင်ရှားခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် အစီအမံများကို စတင်
အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းသတိပေးလိုပါသည်။

http://a3.sphotos.ak.fbcdn.net/hphotos-ak-ash3/s320x320

/533478_406150889412409_100000525045158_1422504_1832485379_n.jpg

 

ဧပြီလ ၁၄ ရက်မှာ မြန်မာနိုင်ငံ အတွင်း ရှမ်းပြည်တောင်ပိုင်းမှာ လှုပ်တဲ့ အင်အား ၁.၉ ရှိတဲ့ ငလျင်အသေးလေးတစ်ခုကိုပါ

ထည့်တွက်ရင် –

ဒီနေ့ တစ်ရက်ထဲမှာ အင်ဒိုနီးရှား ဘန်ဒါအာချေးဒေသနဲ့ ပင်လယ်ဆက်စပ်နေတဲ့ ကျနော်တို့ နိုင်ငံ

အပါအဝင် ဒေသကြီးတစ်ခုအတွင်းမှာ ငလျင်လှုပ်မှု အကြိမ်ရေ ၈ ကြိမ်ရှိပါပြီ။

ခု ညနေ ၁၈း၄၈ မှာပဲ ဆူမာတြားမှာ ၅.၂ ပြင်းအား ထပ်လှုပ်တာတွေ့ရပါတယ်။ သတိထား ကိုထားကြရမှာ ဖြစ်ကြောင်း နီးစပ်ရာ ကို

လက်ဆင့်ကမ်း သတိပေးကြပါရန်။ ကောလာဟလ မဟုတ်ပါ ။
5.2 Richter Earthquake at OFF W COAST OF NORTHERN SUMATRA
Richter Magnitude : 5.2
Region : OFF W COAST OF NORTHERN SUMATRA
Date : Apr 14, 2012 12:18 UTC
Latitude : 2° 40′ 48″ N
Longitude : 90° 24′ 0″ E
Depth : 20 km.

အခု ည ၉ နာရီ ၁၃ မိနစ်မှာ မြန်မာ-တရုတ်နယ်စပ်အနီး ပြင်းအား ၃.၅ ရှိတဲ့ ငလျင်သေးတစ်ခု ထပ်လှုပ်ပါတယ်ဗျာ၊ ကျိုင်းတုံမြို့

အရှေ့ဘက် မိုင် ၁၇ဝ ခန့် လာအိုနိုင်ငံ အတွင်းမှာ ဖြစ်ပါတယ်။

www.tmd.go.th

The Meteorological Department of Thailand Homepage is proud to present an up-to-date information of
weather forecast, Hydrological meteorological, Agrometeorological, GIS, climatology Datum, Long range
forecasts, Local climate, and its relative products. โฮมเพจของกรมอุตุนิยมวิทยาที่นำเสนอผลงาน ด้าน…

ဒီသတင်းကို Facebook  Myanmar Weather  မှ ကူးယူ တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ….။

အရေးကြီးမယ် ထင်လို့  ပါ….။

(ဒီနေ့   ပို့  စ်  ၃ ခု ဖြစ်သွားပါတယ် ၊ အရေးပေါ်သတင်းမို့  ပါ )

8 comments

  • Gipsy

    April 14, 2012 at 11:13 pm

    ဒုက္ခပါပဲဗျာ…
    ဒီ ငလျင်က ပြီးကို မပြီး နိုင်တော့ဘူး….
    လာလာပြီး ခြောက်လှန့်နေတာ….။
    ကမ်းခြေနဲ့ နီးသူများ သတိထားကြပါဗျာ….။

  • ချာလီဂဇက်ဒလဝမ်

    April 14, 2012 at 11:54 pm

    မိုးနတ်မင်းကြီး ကယ်တော်မူပါ၊ နာဂစ် ကို မျက်စိထဲက ခုထိကိုမြင်ယောင်နေသေးတာ။
    မဖြစ်နိုင်ပါစေနဲ့ လို့ အားလုံးအတွက် ဆုတောင်းလိုက်ပါတယ်။

  • htoosan

    April 15, 2012 at 8:52 am

    ငလျင်ကြီး တစ်ခါ လှုပ်ပြီးရင် ငလျင်သေး အကြိမ်ပေါင်းရာနဲ့ချီ လူပ်တတ်တဲ့ သဘာဝ ရှိပါသည်။

  • က်ိုကိုအိုဗာ

    April 15, 2012 at 11:16 am

    ဦးထွန်းလွင် က ဘာမှ့ မပြောဘူးလား
    အတည်မပြုဘုူးလား
    မိုး/ဇလ ကို အကြောင်းကြားပါလား

  • က်ိုကိုအိုဗာ

    April 15, 2012 at 11:27 am

    ဦးထွန်းလွင် ဆိုဒ် ကိုရောက် ပြီးပြီ။
    ဘာမှ့လဲ မထူးဘူး အရင်ကကြေငြာထားတာပဲရှိတယ်
    ကိုယ်ဆရာ ဂျစ်ပစီ ရေ
    ကြည့်လဲလုပ်အုံး
    ကောလ ဟာလ တွေ ဖြစ်နေအုံးမယ်။

    • Gipsy

      April 15, 2012 at 4:03 pm

      ကျားလာပြီဟေ့ လို့ ဆိုလိုတာမဟုတ်ကြောင်းပါ ၊
      လေ့လာလို့ ရအောင် လင့်ပေးပါ့မယ် ။
      http://www.tmd.go.th/en/earthquake_report.php

      Thai Meteorological Department — Earthquake Report
      http://www.tmd.go.th
      The Meteorological Department of Thailand Homepage is proud to present an up-to-date information of weather forecast, Hydrological meteorological, Agrometeorological, GIS, climatology Datum, Long range forecasts, Local climate, and its relative products. โฮมเพจของกรมอุตุนิยมวิทยาที่นำเสนอผลงาน ด้าน…

  • alinsett

    April 15, 2012 at 11:52 am

    သဘာဝ ဘေး..ဆိုတာတော့ ရှောင်ရ ခက်တာပေါ့နော် ။

    ဖျားနာနေပြီ ဖြစ်တဲ ့ကမ္ဘာကြီး အတွက်..ကျွန်တော်တို ့…ဘာလုပ်ပေးကြမလဲ..

Leave a Reply