သင်္ကြန် အကြတ်နေ့ မြင်ကွင်းများ (မန္တလေး) 14/04/12

pyiminluApril 15, 20125min16111
မြတ်ရွှေနဒီ ရေကစားမဏ္ဍပ်
Tokyo Yankee မဏ္ဍပ်မှ လှပျိုဖြူ
မန်းပျိုဖြူ
မေခင် ဂျက်ဆင်
beauty & the beast
အဝေးကနေကြည့်ပြီး စတိုင်မိုက်တယ်ဆိုပြီးရိုက်။ ပြီးမှ zoom ဆွဲကြည့်တော့...လား...လား....ဘိုးမင်းခေါင် တက်ထိုင်နေသလားမှတ်ရ။
သင်္ကြန်မှာ မျက်မှန်မပါရင် ခေတ်မမှီဘူးထင်
ဖက်ထားတဲ့တစ်ယောက်က မိန်းကလေးပါ။ အဲ့နောက်က လက်ကသာ....
အင်္ကျီဆင်တူဝတ်ပြီးဘာလို့ မျက်နှာတော်ညှိုးနေတာလဲ ကလေးမရယ်။
မျက်မှန် ဖက်ရှင်
လှပါတယ်...မေရယ်...
ဆံပင် ဖက်ရှင်
သင်္ကြန် ဖက်ရှင်
colorful wig
Sleeping Beauty 🙂

 

ဒီနေ့တော့ သင်္ကြန်ရေပက်နေတဲ့ပုံထက် လည်တဲ့သူ၊ ရေပက်တဲ့သူ အလန်းတွေကို ရိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန် သင်္ကြန်ပုံများလိုတော့ စက်ဆီဖြစ်တဲ့ ပုံရိပ်တွေများများ မတွေ့ရပါဘူး။ may be i’m not at right place and right time…..

ခင်မင်မှုဖြင့်

pml

11 comments

  • ကိုရင်မောင်

    April 15, 2012 at 1:37 am

    ဓါတ်ပုံတွေကောင်းတယ်ဟေ့…
    အားပေးနေပါတယ်….နော်…

  • Swal Taw Ywet

    April 15, 2012 at 3:00 am

    Dear brother, Pyi Min Lu,
    By your photos, it seem to be Mandalay is still keeping its dignity.
    I miss my home town ( Mandalay ).
    Really Thank you for your sharing.

    With respect,
    Swal Taw Ywet.

  • Don Juan Ronald

    April 15, 2012 at 7:46 am

    အား ပေး သွား ပါ သည် ၊ ကျေး ဇူး အ များ ကြီး သင် ပါ သည် ။

  • Foreign Resident

    April 15, 2012 at 8:16 am

    beauty & the beast ပုံထဲက ဘဲကြီးသာ တွေ့သွားရင်တော့ ၊
    စာရေးသူကို စိတ်ဆိုးတော့မှာပဲ ။ 😛

  • water-melon

    April 15, 2012 at 9:31 am

    Tokyo Yankee က ဂျပန်ကမော်ဒယ်တွေခေါ်ထားတာ
    ဂလု
    ဒီနှစ်သင်္ကြတော့ အိမ်တွင်းအောင်းနေရတယ် 😀

  • ငပွကြီး

    April 15, 2012 at 1:08 pm

    ဘိုးမင်းခေါင်လို ထိုင်နေတဲ့ပုံမှာ လက်တစ်ချောင်းက ဘယ်သူ့ဟာလဲမသိဘူး…

  • Gipsy

    April 15, 2012 at 5:07 pm

    ဓါတ်ပုံလေးတွေ တင်နိုင်တဲ့သူကို အားကျပါတယ်…
    ကျုပ်တို့တော့ ကင်မလာ ရေစိုမယ် ကြောက်ပြီး တစ်ပုံမှ မရိုက်နိုင်သေးပါ…
    ဓါတ်ပုံလေးတွေ အားလုံးကောင်းပါတယ်…
    မန်းလေးက ရန်ကုန်လို ဟော့ရှော့တွေ သိပ်မတွေ့ရဘူးနော်…။

  • ဆူး

    April 15, 2012 at 7:20 pm

    သင်္ကြန် အကြိုနေ့ကစပြီး တနေ့ကို ၁နာရီလောက် အင်တာနက် လိုင်းပွင့်တုန်း ဝင်ဝင်ကြည့်သွားတယ်။
    ကွန်မန်းကတော့ မချီးမြှင့်နိုင်သေးဘူး။
    အခုတော့ နည်းနည်း ရလို့ မန်းလိုက်တယ်နော်။

Leave a Reply