ဖားတာအရမ်းကြိုက်တဲ့လူမျိူး

phone_kyawApril 17, 20121min51518

ဖားတာအရမ်းကြိုက်တဲ့လူမျိူး

ဘယ်လူမျိူးလဲလို ့မေးရင် မြန်မာလူမျိူးလို ့ပြောမယ်။ ခေတ်အဆက်ဆက်ဖားလာခဲ့တာ ယနေ ့အထိ ဖားလို ့ကို မပြီးတော့ဘူး။ နိုင်ငံရေးလောက၊ ဘာသာရေးလောက နဲ ့ လောကမျိူးစုံမှာ စားကောင်းအောင်စွတ်ဖားနေတာကို သတိထားမိလို ့ပါ။

ဦးသိန်းစိန်ကို ခဏတာ သမ္မတလို ့ခေါ်တယ်။ တစ်သက်လုံး သမ္မတလုပ်ဖို ့မဖြစ်နိုင်ဘူး။ သူ ့အသက်က နှစ်ပေါင်းလေးငါးရာခံတာမှမဟုတ်တာ။ ကြီးဆိုတဲ့စကားလုံးကိုလည်း ပြောချင်ပါသေးတယ်။ အခြေခံဥပဒေထဲမှာ သမ္မတကြီး နဲ ့သမ္မတလေး ဆိုပြီးမရေးထားဘူး။ ဒါနဲ ့သူ ့ကိုသမ္မတကြီးဆိုပြီးခေါ်နေကြတယ်။ အသက်ကြီးလို ့လားတော့မသိဘူး။ နောက်ပြီး ဖိနပ်စီးပေးရတဲ့လူနဲ ့ထီးမိုးပေးရတဲ့လူနဲ ့ ရှုပ်ရှက်ကိုခတ်နေတာပဲ။ ဦးသိန်းစိန်က ငါ့ကို ခလေးတွေလို ဖိနပ်စီးပေးကွာ၊ ထီးဆောင်းပေးကွာလို ့ပြောလို ့လားတော့မသိဘူး။ ဒါတော့မဖြစ်နိုင်ဘူး။ ဘေးကကောင်တွေက ပိုကိုပိုနေတယ်။ ဒါ့ကြောင့် အာဏာရှင်ဖြစ်လာတာလို ့ထင်တယ်။

သမ္မတကြီးလို ့ခေါ်တဲ့ သမ္မတအပြင် လူထုခေါင်းဆောင်လို ့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေမပူပဲ ထီးဆောင်းပေးတဲ့လူကလည်း ရှိသေးဗျာ။ ပန်းပန်ပေးရတဲ့လူနဲ ့ဘာနဲ ့။ အဖွားကြီးက ဒါမျိူးတွေလုပ်ပေးပါလို  ့ ့ဘယ်တော့မှ ပြောမှာတော့မဟုတ်ဘူး။ ဘေးကလူတွေကိုက ပိုနေတာလို ့ကျနော်ထင်ပါတယ်။ အဲဒါကို လူငယ်စကားနဲ ့ပြောရင် စောက်ပိုတွေလို ့ခေါ်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်မဖြစ်သေးတဲ့ကိုယ်စားလောင်းတွေကို ပုသိမ်ထီးဆောင်းပေးရတာနဲ ့ဘာနဲ ့။ ဒီလိုဖြစ်နေတာကို ကျနော်ကြည့်မရဘူးဖြစ်နေတယ်။ အနောက်နိုင်ငံတွေမှာ ဒါမျိူးမတွေ ့မိပါဘူးဗျာ။ ဒါ့ကြောင့်မြန်မာတွေဟာ ဖားတာတော်တယ်။ ဆန်မရှိပေမဲ့ ဖင်ခေါင်းကျယ်တဲ့လူစားမျိူးလို ့ပြောကြတာဖြစ်မယ်။ မလိုအပ်ပဲ ထီးဆောင်းပေးတာများရင် မဟာဗန္ဓုလလို လက်နက်ကြီးထိပြီးသေလိမ့်မယ်။ သူ ့ခင်ဗျာ တိုက်ပွဲကြားမှာ ရွှေထီးကြီးတကားကားနဲ ့ဆိုတော့။ ဟိုကကောင်တွေက တစ်ချက်ပဲပစ်လိုက်တယ်။ ဗန္ဓုလကြီး ကားကနဲပဲ။ အခုလည်း မလိုအပ်ပဲ နိုင်ငံရေးသမားတွေကို ထီးဆောင်းပေးကြပေါ့။

နိုင်ငံခြားက လွှတ်တော်အမတ်တွေ ဝန်ကြီးတွေကိုတွေ ့ဘူးတယ်။ သူ ့ဘေးနားမှာ လုံခြုံရေးအတွက် ရဲတစ်ယောက်ပဲပါတယ်။ ထီးဆောင်းပေးတဲ့ကောင်လည်းမတွေ ့ဘူး။ ဖိနပ်ကိုင်ပေးတဲ့ကောင်လည်းမရှိဘူး။ ဝန်ကြီးနဲ ့အမတ်တွေကလည်း သူလိုကိုယ်လိုပဲ။ သူတို ့ကို ဘယ်သူမှလည်း မျက်စေ့ဒေါက်ထောက်ပြီး ဂရုစိုက်မနေပါဘူး။ ဒါတွေနဲ ့ယှဉ်ရင် မြန်မာတွေဟာ ဖားတာအတော်ကြိုက်တဲ့လူမျိူးလို ့ပြောရမယ်။ ထီးဆောင်းပေးချင်တဲ့လူကလည်း ဆောင်းပေးတယ်။ အဆောင်ခံချင်တဲ့လူကလည်း ပါးစပ်ကတိတ်နေတယ်။ နှစ်ဦးလုံးက အလိုတူအလိုပါတွေဖြစ်နေတယ်။ ဒါတွေကို သတိထားပြီး ပြင်ဖို ့လိုပါတယ်။

ကျေဇူးကြီးမြတ်လှသောခေါင်းဆောင်ကြီးများ

ဒီလိုစကားလုံးတွေ ့တိုင်း ရေးတဲ့သူ ပြောတဲ့သူတော့မသိဘူး။ အဲဒိလိုလူမျိူးတွေကို အတော်အထင်သေးမိပါတယ်။ဘာ့ကြောင့်လဲဆိုတော့ အလကားနေ လျှောက်ပြီးမျှောက်ပင့်ပေးကြသလိုဖြစ်နေတယ်။ လူတိုင်းက ကိုယ့်အလုပ်နဲ ့ကိုယ်ပဲ။ ကိုယ်ကြိုက်တာ ဝါသနာပါတာကို လုပ်ကြတဲ့လူတွေချည်းပဲ။ ဘုရင်တွေကစလို ့ယနေ ့ကာလ နိုင်ငံရေးခေါင်းဆောင်တွေအဆုံး သူတို ့ကြိုက်တဲ့အလုပ်ကို ရွေးပြီးလုပ်ပါတယ်။ ဘယ်သူကမှ သူတို ့ကို အဓမ္မလုပ်အားပေးမခိုင်းပါဘူး။ ဦးသိန်းစိန်ဟာ သမ္မတရာထူးကို သဘောကြလို ့သမ္မတလုပ်ပါတယ်။ ဒေါ်စုကလည်း လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို သဘောကြလို ့ ယနေ ့အထိ လုပ်နေတုန်းဖြစ်ပါတယ်။ ဒါကိုများ ကျနော်တိုရဲ  ့ကျေးဇူးကြီးမြတ်လှပါသော ခေါင်းဆောင်ကြီးတွေပါလို ့ပြောစရာလို လို ့လား။

ဒီနေရာမှာမေးခွန်းတစ်ခုရှိပါတယ်။ သူတို ့ရဲ  ့အလုပ်က အရမ်းကို အရေးကြီးတယ်။ တတိုင်းပြည်လုံးရဲ  ့အရေးမို ့လို ့သူတို ့က ပိုပြီးမြင့်မြတ်ပါတယ်ဆိုတဲ့အယူတစ်ခုပါ။ ဒီအယူအဆကတော့ အင်မတန်ကိုမှ အမြင်ကျဉ်းတဲ့အယူအဆလို ့ကျနော်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတိုင်းမှာ အလုပ်ရှိပါတယ်။ မိသားစုတစ်ခုမှာ ဦးဆောင်ပြီး ပန်းရံအလုပ်နဲ ့အသက်မွေးတဲ့လူဟာလည်း တိုင်းပြည်အတွက် အင်မတန်ကိုအရေးကြီးပါတယ်။ အလုပ်ခွဲခြားလုပ်ကိုင်မှု ့တစ်ခုလို ့မြင်ရင် ဘယ်သူကမှ ပိုပြီး မြင့်မြတ်တယ် ၊ ကျေးဇူးကြီးမြတ်လှပါပေတယ်ဆိုတဲ့အယူအဆကိုတော့ မထားသင့်ဘူး။

နောက်ပြီးစာရေးဆရာတွေ၊ ဘုန်းကြီးတွေရှိပါသေးတယ်။ တချိူ  ့သောစာရေးဆရာတွေ စာပေဟောပြောပွဲမှာ ပြောတာတွေ ့ဘူးပါတယ်။ သူတို ့က ဆရာဇော်ဂျီတို ့၊ မင်းသုဝဏ်တို ့ရဲ  ့ဂုဏ်ပုဒ်တွေကို ချီးမွမ်းခန်းဖွင့်ကြပါတယ်။ သူတို ့ကမှ တကယ့်ကို ကျေးဇူးရှိတယ်လို ့ဆိုတယ်။ ဒါဆိုရင်အခြားစာရေးဆရာတွေက အသုံးမကျဘူးလို ့ဆိုသလိုပဲ။

နောက်တစ်ခါ ဘုန်းကြီးတွေနဲ ့ပက်သက်ပြီးလည်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဆိုပြီးပြောကြပါတယ်။ ဒါက တချိူ  ့လူတွေအတွက်မှန်သလို တချိူ  ့သောလူတွေနဲ ့ဘာမှမဆိုင်ပါဘူး။ ဥပမာ မွတ်စလင်ကိုးကွယ်တဲ့လူတွေဟာ ဒီဘုန်းကြီးတွေကို သူတို ့ရဲ  ့ကျေးဇူးရှင်လို ့သတ်မှတ်မှာမဟုတ်ပါဘူး။

ဗိုလ်ချူပ်မင်းအောင်လှိုင်က တပ်မတော်နေ ့မှာ ဗိုလ်ချူပ်အောင်ဆန်းနဲ ့ဦးသန်းရွှေဟာ သူတို ့ရဲ  ့ကျေးဇူးရှင်လို ့ဆိုတယ်။ ဦးသန်းရွှေဟာ သူ ့အတွက် ကျေးဇူးရှင်ဖြစ်တောတော့ သေချာပါတယ်။ သူ ့ကို ရာထူးလွှဲပေးခဲ့တာဆိုတော့။ သို ့သော် တခြားလူတွေအတွက်တော့ သူဟာ ဘယ်တော့မှ ကျေးဇူးရှင်ဖြစ်မှာမဟုတ်ပါဘူး။

ကျနော့်ဘဝအတွက် ကျေးဇူးရှင်ဟာ ဗိုလ်ချူပ်အောင်ဆန်း မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်လည်းမဟုတ်ပါဘူး။ သူတို ့က ကျနော့်ကို နို ့တိုက်လာတာမှမဟုတ်တာ။ နောက်ပြီး ဦးသိန်းစိန်အပါအဝင် အစိုးရတစ်ခုလုံးလည်း ကျနော် ကျေးဇူးရှင်မဟုတ်ပါဘူး။

ကျနော့်ကျေးဇူးရှင်အစစ်ဟာ ကျနော့်အဖေနဲ ့အမေပဲဖြစ်ပါတယ်။ သူတို ့က ကျနော့်ကို မွေးလာပြီး အသက်ကြီးတဲ့အထိရှာဖွေကျွေးမွေးလာတာပါ။ ဒါ့ကြောင့် အထက်ကပြောတဲ့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးနှင့်တကွသော ကျေးဇူးတော်အရှင်နိုင်ငံရေးခေါင်းဆောင်တွေအားလုံးဟာ သူ ့နေရာနဲ ့သူသာ ကျေးဇူးရှင်တွေဖြစ်ပါတယ်။ အားလုံးနဲ ့မဆိုင်ပါဘူး။
ဒီလိုစကားလုံးတွေက ဖားတဲ့စကားလုံးလို ့ပြောချင်တယ်။

ဘာ့ကြောင့်ဖားတာလဲဆိုတော့ လိုချင်တာတစ်ခုရှိလို ့ဖားတာပါ။ ဒါဆိုရင် မရိုးသားဘူးလို ့ဆိုနိုင်တယ်။ ဆိုတော့ မြန်မာတွေဟာ ဖားတာကို သဘောကြတယ်။ ဒါ့ကြောင့် မြန်မာတွေလူလိမ်လူကောက်တွေပေါတာဖြစ်မယ်။ ဘာဖြစ်လို ့လဲဆိုတော့ ရိုးမှမရိုးသာတာ။ အားလုံးကို ပြောတာမဟုတ်ပါဘူး။ ဖားတဲ့လူတွေကိုသာ ပြောနေတာပါ။

ကျနော့်အလုပ်ထဲမှာ Supervisor ကစလို ့ စီးအီးအိုအထိ သူ ့အလုပ်ကို သူလုပ်ပါတယ်။ ကျနော်တို ့က သူတို ့ကို ကြီးမြတ်လှပါသော ကျေးဇူးတော်စီအီးအိုနဲ ့စူပါဗွိုက်ဇာ တွေလို ့မပြောပါဘူး။ သူတို ့လစာရဖို ့သူတို ့လုပ်တာဆိုတော့။  သူတို ့ကို ထီးမိုးပေးတာ ဖိနပ်စီးပေးတာ ပန်းပန်ပေးတာလည်း မရှိပါဘူး။ ဒါ့ကြောင့်သူတို ့တိုးတက်တာလားမသိဘူးဆိုပြီးတွေးနေမိပါတယ်။

 

18 comments

  • aungmyintmyat

    April 17, 2012 at 11:36 am

    ထင်လိုက်ပါတယ် ပို့စ်တင်ထားတဲ့လူနာမည်ကို မကြည့်ပဲနဲ့ပေါ့ဗျာ။ တကယ်တကယ် ကိုဖုန်းကျော်တို့များနော် စကားလေးတလုံးဆို တလုံး အမြင်ကပ်အောင်ကို ရေးတက်လွန်းတယ်။ အင်း ဒါလည်း ခင်ဗျား ပါရမီလို့ပဲ ဆိုရမယ်ထင်တယ်နော်။ ကြိုက်တော့ ကြိုက်တယ် ခင်ဗျား အတွေးအခေါ် နည်းနည်းလောက်ကိုပေါ့။ ဒါပေမယ့် ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့ သံဃာကိုတော့ ဘာလို့ထည့်တာလဲ။ ထားပါ ထည့်ရေးပြီးမှတော့..။
    စကားကြီး စကားကျယ် တခုပြောချင်တယ်နော်။ ခင်ဗျားမွေးလာတာ အဓိက ကျေးဇူးရှင် ခင်ဗျားရဲ့မိဘတဲ့။ ဟုတ်ပါတယ် သွေးထွက်အောင်ကို မှန်တယ်။ ဒါပေမယ့် လက်သည်တို့၊ သူနာပြုတို့ ပါရင်ရော ဘယ်လိုလဲ။ သူတို့ ပိုက်ဆံရလို့ သူတို့လုပ်တာဆိုမလား။ သူတို့ကတော့ အသေလေးမွေးလည်း ဒီပိုက်ဆံရမှာပဲ၊ အရှင်လေးမွေလည်း ဒီပိုက်ဆံ ရမှာပဲ။ ဟုတ်တယ်မလား။ အဲဒါကိုရော ကျေးဇူးရှိတယ်လို့ မထင်ဘူးလား။ ကဲ ခင်ဗျား မွေးသမိခင်က ခင်ဗျားကိုမွေးနိုင်ဖို့ အင်အား( အဟာရ)ကို သူ့ဖာသာ စိုက်ပျိုုးစားသောက်တာတော့ မဟုတ်ဘူး ထင်တာပဲ။ အဲဒါဆိုရင် ရောင်းပေးတဲ့လူကရော၊ စိုက်ပျိုးတဲ့လူကရော။ အဲဒီလူတွေကို ခင်ဗျား ပိုက်ဆံရလို့ရောင်းတယ်ပဲ သတ်မှတ်မှာလား။ ခင်ဗျားကို အေးအေးချမ်းချမ်းမွေလာခဲ့တာဆိုရင် (သို့)ခင်ဗျား တောခိုခဲ့တာ ဆိုတဲ့နေရာမှာ အနည်းငယ်တော့ တိုတ်ပွဲကြုံဖူးမှာပဲ။ အဲဒီလို တိုတ်ပွဲတွေမှာ ခင်ဗျားလူတွေက ပစ်နေတာကို သူတို့ အသက်တွက်ပဲ ပစ်နေတာလို့ရော ဆိုမှာလား။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ၂၄ ပဌာန်းဒေသနာထဲမှ အညမညပစ္စယော ဆိုတာကိုရော မဆိုင်ဘူးလို့ ငြင်းမှာလား။ ဟီးဟီး ပို့စ်ရေးတာနဲပ မန့်တာနဲ့ ဘယ်ဟာက်ပိုရှည်သွားလဲ မသိဘူးနော်…….
    လွန်တာရှိ ဝန္ဒာမိ…………………………………………………………..အောင်မြင့်မြတ်

    • tunlinaung

      April 20, 2012 at 6:01 pm

      ဘုန်းကျော်ရေ… ကုန်းကုန်းအော်မနေပါနဲ.ဆိုကွာ..။ မင်းကတော့ကွာ…. မင်းကတော့ကွာ…..
      ငါပြောလိုက်ရင်မကောင်းဖြစ်တော့မယ်။ မင်းက နာမည်ကြီးချင်လို.ဂေဇက်ထဲမှာဝင်သရမ်းနေသ
      လားကွယ်။ မင်ကပြောလည်းပြောတက်၊ ရေးလည်းရေးတက်တော့ တို.သိပ် မြင်းပြင်းကက် သကွယ့်။ ရွာသူ၊ ရွာသားဆိုတာရိုးသကွယ့်နော်၊သိလား။ ချစ်ပြီ၊လေးစားပြီးဆိုရင် အသက်တောင်
      ပေးရဲသေးသနော်၊ မင်းသိသလားဟေ့၊ အေး သောက်မြင်ကတ်ပြီးဆိုရင် ဟိုဟာတောင် လှည့်မလုပ် ဘူးကွယ်။ ရွာဓလေ့ကိုမင်းသိသင့်တယ်ကွယ်။ ဒေါ်စုတို.၊ ဦးသိန်စိန်တို. ကိုမင်း သိပ်
      ဥပမားပေးမရေးပါနဲ.လားကွယ်။

  • ပေစိ

    April 17, 2012 at 12:16 pm

    ဦးသိန်းစိန်ဟာ သမ္မတရာထူးကို သဘောကြလို ့သမ္မတလုပ်ပါတယ်။ ဒေါ်စုကလည်း လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ပုဒ်ကို သဘောကြလို ့ ယနေ ့အထိ လုပ်နေတုန်းဖြစ်ပါတယ်။ ဒါကိုများ ကျနော်တိုရဲ ့ကျေးဇူးကြီးမြတ်လှပါသော ခေါင်းဆောင်ကြီးတွေပါလို ့ပြောစရာလို လို ့လား။

    ဒါတွေကိုထောက်ရှုခြင်းအားဖြင့် ကဖုန်းကျော်က စိုင်ကော်လို့ခြုံပေါ်ရောက်သွားတဲ့လူပဲ အဆင့်အတန်းက တော့ ရိုးရိုး အခိုင်းအစေခံ စစ်သားရဲ့သားအဆင့်က မတက်သေးပါဘူး သူကိုယ်တိုင်က လည်း အာနာရူးပြီး ကလိမ်ကကျစ်လုပ်တတ်မယ့် ဦးစောလိုလူသားမျိုးလို့ စိတ်ထားကို ခန့်မှန်းလို့ရတယ်ဗျ သူ့အတွေးအခေါ် သူ့အယူအဆတွေက ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓါတ်ပဲ
    နောက်တစ်ခု အစိုးရကလွှတ်ထားတဲ့သူလျှိုလဲဖြစ်နိုင်တယ် ဘာပဲပြောပြော စိတ်ဓါတ်အဆင့်အတန်း မရှိတာတော့ အမှန်ပဲဗျ

  • ချစ်ရင်ထူးနှစ်

    April 17, 2012 at 12:21 pm

    မသိပါဘူး ဖား ဆိုတော့ ကိုဂီ ကိုများ ပြောတာလား လို့ .. 🙂

  • NAJA

    April 17, 2012 at 3:01 pm

    ဘယ်သူတွေဘာပြောပြော ပို့စ်တခုလုံးခြုံကြည့်လိုက်ရင် ဆိုလိုတဲ့ အဓိပ္ပာယ်ကိုတော့ သဘောကျတယ် ကဘုန်းကျော်ကြီး… ကျွန်တော့်ကိုလဲ အရူးဘုံမြှောက်လုပ်တယ်ဆိုချင်ကြမလားမသိဘူး အားပေးတယ်ဗျာ
    ဒါမျိုး များများတွေးပြီး များများရေးပါဗျို ့…
    ဘယ်သူတွေဘာပြောပြော ဂရုမစိုက်နဲ့ဗျာ
    ဘေးထိုင်ဘုပြောတဲ့ လူတွေထက်တော့ ခင်ဗျားလို ဘွင်းဘွင်းတွေးပြီး ဘွင်းဘွင်းရေးတတ်တဲ့လူတစ်ယောက်အနေနဲ့ ကျွန်တော်သဘောကျတယ်…
    ဘာလို့ဆို ခင်ဗျားရဲ့ ရွာကိုပွဲဆူစေခဲ့တဲ့ တချို ့ပိုစ့်တွေတုန်းက ကျွန်တော်လဲ အယူအဆ အသုံးအနှုံး အတွေးအခေါ်တွေ အားဖြင့်နဲနဲမှ သဘောမတူခဲ့တာတွေ… စိတ်ထဲတော်တော်မနှစ်မျို ့စရာတွေပါခဲ့တာပါပဲ..
    သို့သော်ငြား… ခင်ဗျား ဟာခင်ဗျား ပျားအုံတုတ်ထိုးလုပ်ရလို့ပျော်နေလား သဘောထားကြီးတာလားတော့မသိဘူးပေါ့ဗျာ.. ဘယ်တော့မှ ရိုင်းရိုင်းစိုင်းစိုင်း နင်ပဲငဆ တုံပြန်တာမမြင်ရတာတော့ သဘောကျမိသဗျို ့…
    လေးစားလျှက်…

  • Gipsy

    April 17, 2012 at 5:12 pm

    “ဖား” တကာ့ “ဖား” မျိုးစုံအောင်ရှိတယ် ကိုဖုန်းကျော်ရေ…
    ဖားပြီးစားနေကြသူလဲ ရှိပ…
    ဖားယားပြီး ရာထူးရအောင်ယူတတ်သူလဲရှိပ…
    ဖားလို့ အားမရပဲ ဖားခုန် ခုန်ပြီး ခုန်ကူးတဲ့ဖား လဲရှိပ…
    မန်းဂေဇက်မှာလဲ အဆင်ပြေပြေ ချောမွေ့ရလေအောင် ဖားသူများလဲ ရှိပဗျား….။

  • MTY

    April 17, 2012 at 7:46 pm

    ဘယ်သူ့ကိုမှမပြောခဲ့ဘူးပါ။Post 4ခု၊ဟာသရေးဖူးတယ်။
    ဒီpostလေးဖတ်ရတော့Postပိုင်ရှင်ကိုနဲနဲပြောပါရစေ။
    ကိုphone_kyaw ကအရေးကြမ်း၊အတွေးလဲကြမ်းပုံရတယ်။
    ကျွန်တော်လဲINGOလုပ်နေသူမို့၊ကိုphone_kyawလိုဘဲနိုင်ငံခြားသား
    များနဲ့အများကြီးဆက်ဆံရပါတယ်။ကိုphone_kyawပြောသလိုပါဘဲ။
    သူလဲသူ့အလုပ်သူ၊ကိုယ်လဲကိုယ့်အလုပ်နဲ့တိုယ်ပါဘဲ။သူတို့ရဲ့ကိုယ်ရေး
    ကိုယ်တာ၊ကိုယ်နဲ့မဆိုင်။အလုပ်အကြောင်းမှလွဲပြီးဘာမှလုပ်မပေးခဲ့ရပါ။
    တစ်ကယ်စိတ်ချမ်းသာတယ်။
    ကိုphone_kyawရဲ့စာသားတွေကိုအယ်ဒီတာတစ်ယောက်ကသာတည်းဖြတ်
    ပေးရင်ရှယ်ကောင်းသွားမှာ.(ဘာသာရေးမပါခဲ့ရင်)
    ပိုင်ရှင်ကိုဝေဖန်မိလို့ခွင်လွတ်ပါ။

  • က်ိုကိုအိုဗာ

    April 17, 2012 at 8:55 pm

    ဟေ့ကောင် စေါက်ရူး
    ်ပြန်မရောက်သေးဘူးလား
    ငါတို့တွေကို ဘယ်တော့ လာစုပ်(ပြုစု)မှာလဲ
    ငါတို့ စိတ်မရှည်တော့ဘူး ဟင်း ဟင်း…
    နောက်ကျရင် တော့ ဖင်ပါချ ပစ်လိုက်မှာ
    မင်းမိန်းမနဲ့ သမီးပါ ခေါ်ခဲ့ လိုက်ပွဲ ပေါ့ကွာ

  • အရှုံးတွေနဲ့ ကျွန်တော်

    April 17, 2012 at 10:53 pm

    ကိုဘုန်းကျော်ရဲ့ ဒီပို့စ်မှာ အရေးအသားအားဖြင့်တော့ လက်မခံလိုပေမယ့် အကြောင်းအရာပိုင်းကိုတော့ လက်ခံပါတယ် ဟုတ်ပါတယ် ကိုဘုန်းကျော်ပြောသလိုပါပဲ သမ္မတ ဆိုတဲ့ အဆင့် လွှတ်တော်အမတ်ဆိုတဲ့ အဆင့်တွေကမှ အတော်မြင့်ကြပါသေးတယ် အဲဒီထက် အရမ်းကို အဆင့်နိမ့်သေးတဲ့ အလုပ်ရှင်အဆင့် မန်နေဂျာအဆင့် အထက်လူကြီးအဆင့်တွေကိုတောင် မြန်မာနိုင်ငံမှာထီးမိုးပေးရတာနဲ့ ရေခပ်ပေးရတာနဲ့ ရှုပ်ရှက်ခတ်နေအောင် လိုလေသေးမရှိ ဂရုစိုက်နေကြရတဲ့ နေရာတွေ အများကြီးပါ
    အဲဒီအနေအထားမျိုးတွေကို ကျွန်တော်ကိုယ်တိုင်လဲ မနှစ်မြို့လှပါဘူး မဖြစ်သင့်ဘူးလို့လဲ ထင်ပါတယ်

  • ဒိတ်ဒိတ်ကြဲ

    April 17, 2012 at 11:27 pm

    ဖားတယ်ဆိုကတည်းက ဘယ်လိုပဲ ဖားဖား ေ-ာက်မြင်ကပ်စရာ
    ဖားတော့မဖားဘူးဟေ့ စားပဲစားမယ်

  • etone

    April 17, 2012 at 11:44 pm

    ကိုဘုန်းကျော်ရေ …

    ရှင့်လို လူမျိုးတွေများလာလျှင် နောက်ပိုင်းခတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်သူလဲလို့တောင်မေးယူရတော့မယ် ။ သူဦးဆောင်ပြီး စည်းလုံးစွာတိုက်ပွဲဝင်ခဲ့ ၊ မှန်ကန်တဲ့ လဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့လို့ပဲ နယ်ချဲ ့တွေကို တိုက်ထုတ်နိုင်ခဲ့တာလေ …. ။
    သူများလက်အောက်ခံဘဝနဲ့နေလျှင် မြန်မာနိုင်ငံသားတွေ မုဒိမ်းကျင့်ခံရလို့ ရှင်တောင် လူ့ဘဝရောက်ချင်မှ ရောက်မှာ ။ ကျေးဇူး မတင်ချင်နေပါ … မစော်ကားပါနဲ့

    ################
    ဖားတယ်ဆိုတဲ့အကြောင်းက … အစဉ်အဆက်

  • etone

    April 17, 2012 at 11:49 pm

    ကိုဘုန်းကျော်ရေ …

    ရှင့်လို လူမျိုးတွေများလာလျှင် နောက်ပိုင်းခတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်သူလဲလို့တောင်မေးယူရတော့မယ် ။ သူဦးဆောင်ပြီး စည်းလုံးစွာတိုက်ပွဲဝင်ခဲ့ ၊ မှန်ကန်တဲ့ လဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့လို့ပဲ နယ်ချဲ ့တွေကို တိုက်ထုတ်နိုင်ခဲ့တာလေ …. ။
    သူများလက်အောက်ခံဘဝနဲ့နေလျှင် မြန်မာနိုင်ငံသားတွေ မုဒိမ်းကျင့်ခံရလို့ ရှင်တောင် လူ့ဘဝရောက်ချင်မှ ရောက်မှာ ။ ကျေးဇူး မတင်ချင်နေပါ … မစော်ကားပါနဲ့

    ################
    ဖားတယ်ဆိုတဲ့အကြောင်းက … အစဉ်အဆက်သမိုင်းပေးတာဝန်လို မျက်နှာလို မျက်နှာရ လုပ်လာသူတွေရဲ ့အငွေ့သက်တွေ ကျန်နေသေးတာကြောင့်ပါပဲ …. တစ်စုံတစ်ခု ရယူလိုတဲ့ စိတ်နဲ့ ဖားတယ် .. ဖားလို့ တစ်စုံတစ်ခုပြန်ချီးမြင့်တယ် … ဒါနဲ့ပဲ မုန့်လုံးကိုစက္ကူကပ်နေတာပါပဲ … ဒီတော့ ဖားတဲ့ လူတွေရှိနေတာ … အဖားခံတဲ့ လူတွေကြောင့်လည်း ပါပါတယ် … ။ ဖားတယ်ဆိုတာ အရည်ချင်းမရှိတဲ့ ငပျင်းတွေလုပ်တာလို့ မြင်မိတယ် … ။

    ဒါပေမယ့်လည်း ဒီခေတ်မှာ အရည်ချင်းရှိလျှင်တောင် မဖားတဲ့လူဆို … ဂြိုလ်ပေါက်တဲ့ လူထူးဆန်းလိုပဲ … ချိုးနှိမ် နှိပ်ကွပ်ထားကြတယ် … ရေပေါ်ဆီ လူတန်းစားတွေမှာ …အဲ့လိုကို စိတ်ဓါတ်တွေ နိမ့်ကျနေခဲ့တာ … 🙄

  • winterkoe

    April 18, 2012 at 5:13 am

    အဲဒီဖားတာက Myanmar Traditional Culture ထဲကတခုဗျ။ ကိုဘုန်းကျော်အတွေးအခေါ်ကောင်းတယ်ဗျာ။ အားပေးပါတယ်။

  • nigimi77

    April 18, 2012 at 9:16 am

    120 % ထောက်ခံသွားပါတယ် ကဖုန်းကျော်

  • ချာလီဂဇက်ဒလဝမ်

    April 18, 2012 at 9:37 am

    ဖား တကါ့ ဖား “ စားဖား” အကြိုက်ဆုံး ။

  • alinsett

    April 18, 2012 at 10:13 am

    ကိုဘုန်း.ရဲ ့ပိုစ့်တွေမှာတော့ ကြမ်းတယ်..နော် ။

  • ရဲစည်

    April 19, 2012 at 10:58 pm

    နည်းနည်းပြောကြည့်ပါစေ……ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်မှာ ဗီလိန်လိုတယ်။ရွာ့အရှေ့ဘက် ဘုန်ကြီးကျောင်းနဲ့ အနောက်ဘက် သုသာန်ကြားမှာ ရွာသူရွာသားတွေ နေကြပါတယ်။သူတို့တွေကြားမှာ ဆေးဆရာကနေ အရက်သမားအထိ လူတန်းစားအစုံရှိတယ်။ဘုန်းကျော်ကို ဘာပါလို့ နာမည်တတ်ရင် ဗီလိန်လို့ဘဲ ပြောပါရစေ။ဖားတာတော့ လုံးဝမဟုတ်ဘူး သူရေးတာလဲဖတ် အခြားသူရေးတာလဲ ဖတ်တော့ ရှုထောင့်စုံတာပေါ့။ သူပို့စ်တွေအကုန်ကောင်းတယ် လို့တော့မပြောချင်ဘူး ဒါပေမဲ့ ဒါလေးကတော့ကောင်းပါတယ် ဒါအပြင်မှာ ဖြစ်နေတာ ကျွန်တော်တို့ မမွေးခင်ကတည်းက။နောက်တစ်ချက် တောခိုဖူးတယ်ဆိုတော့ ခံစားချက်တစ်ခုရှိမယ် ထင်တယ် နိူင်ငံရေးဆိုတဲ့ အရသာတစ်ခုကို ပြင်းပြင်းလေး ခံစားဖူးမှာပါ။ဒီနေ့ အချိန်မှာ အထပ်ထပ်အခါခါပြောနေကြတဲ့ ယုံကြည်ချက်ကြောင့်ဆိုတဲ့ စကားလုံးကြားရင် ထမင်းစားပျက်တယ်ဗျာ။

  • ရဲစည်

    April 19, 2012 at 11:03 pm

    နည်းနည်းပြောကြည့်ပါစေ……ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်မှာ ဗီလိန်လိုတယ်။ရွာ့အရှေ့ဘက် ဘုန်ကြီးကျောင်းနဲ့ အနောက်ဘက် သုသာန်ကြားမှာ ရွာသူရွာသားတွေ နေကြပါတယ်။သူတို့တွေကြားမှာ ဆေးဆရာကနေ အရက်သမားအထိ လူတန်းစားအစုံရှိတယ်။ဘုန်းကျော်ကို ဘာပါလို့ နာမည်တတ်ရင် ဗီလိန်လို့ဘဲ ပြောပါရစေ။ဖားတာတော့ လုံးဝမဟုတ်ဘူး သူရေးတာလဲဖတ် အခြားသူရေးတာလဲ ဖတ်တော့ ရှုထောင့်စုံတာပေါ့။ သူပို့စ်တွေအကုန်ကောင်းတယ် လို့တော့မပြောချင်ဘူး ဒါပေမဲ့ ဒါလေးကတော့ကောင်းပါတယ် ဒါအပြင်မှာ ဖြစ်နေတာ ကျွန်တော်တို့ မမွေးခင်ကတည်းက။နောက်တစ်ချက် တောခိုဖူးတယ်ဆိုတော့ ခံစားချက်တစ်ခုရှိမယ် ထင်တယ် နိူင်ငံရေးဆိုတဲ့ အရသာတစ်ခုကို ပြင်းပြင်းလေး ခံစားဖူးမှာပါ။

Leave a Reply