Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒုတိယအကြိမ် သေဆုံးခြင်း

ဂ်စ္စူApril 17, 20121min32525

ပန်းပွင့်၊ ပန်းချပ်တွေနဲ ့ မျက်နှာပတ်လည်ဝန်းရံထားတဲ့ သူ ့မျက်နှာကို သေချာငေးကြည့်နေမိသည်။

ရေခဲတိုက်ထဲက ထုတ်လာတာ အနည်းငယ်ကြာပြီမို ့သေချာကြည့်မည်ဆိုပါက ပါးစပ်  နှာခေါင်းဝ တို ့မှာ ရေအနည်းငယ်စို ့ချင်နေပြီဖြစ်သည်။

ဦးခွံခွဲစိတ်၊ရင်ခွဲရုံ ပို ့ခံထားရ၍ မှန်ပေါင်းချောင် အခေါင်းတွင်းထဲက သူ ့ခန္ဓာကိုယ်မှာ ခပ်သေးသေးသာရှိတော့သည်။

အသက်မဲ့နေပြီဖြစ်တဲ့သူ ့မျက်နှာဟာ ခုလိုကျတော့ အပြစ်မဲ့နေသယောင်ခံစားမိသည်။

သေလူတစ်ယောက်ဖြစ်သွားတာ သေချာပြီမို ့ ကိုယ့်ရုပ်ကလာပ်ကိုယ်ပြန်ကြည့်ပြီး ဗိုက်ကလေးတစ်ယောက်

ယူကျုံးမရဖြစ်ကာ အံတကြိတ်ကြိတ်နှင့် ဖြည်ဆည်ရာမရ အပူလုံးကြွလျက်။

 

အသက်ဇီဝိန်မချုုပ်ခင် လွန်ခဲ့တဲ့နှစ်ရက်က ညတစ်ညကို ပြန်စဉ်းစားရင်း လွန်စွာနောင်တရလျက်လဲရှိသည်။

တစ်ကယ်တော့ ဂျာနယ်လစ်ဘဝက အနားယူထားတာ ရက်သတ္တပတ်ခန် ့ပင် ရှိသေးသည်။။အရင်ဂျာနယ်တိုက်က

အယ်ဒီတာအူးခိုင်ရဲ့တူမကို မတော်တဆ နှပ်ချေးတွဲလောင်းလေးပါကွာ ဟုနောက်ပြောင်မိရာမှ အယ်ဒီတာက မကြည်ဖြူတော့သဖြင့် ထွက်ချလာခြင်းလဲဖြစ်သည်။ အပတ်စဉ်ဝင်ငွေမရှိတော့သော၊

တခြားဂျာနယ်တိုက်မှာ အလုပ် ပြန်မရသေးသော၊ ငွေမရှာနိုင်တာ တစ်ပတ်ကျော်ပြီဖြစ်သော၊ ဂျာနယ်လစ်ပြုတ် ကိုဗိုက်ကလေးကို မိန်းမဖြစ်သူ မ ဒေဇီက မကြည်ဖြူတော့ပေ။ပွဲတက်ဝတ်စုံတို ့ ကင်မရာတို ့ကိုပင် မချန်

အကုန်ရောင်းစား ပေါင်စားထားနှင့်ပြီး တစ်နေ ့စာ ငွေမပါလာပါက ညူစူစောင့်အောင့်လျက် ကိုဗိုက်ကလေးအား

နည်းအမျိုးမျိုးနဲ ့ဆန္ဒပြလျက်ရှိသည်။

ချစ်သူဘဝက ကိုကိုဗိုက်ရှိရင် ဘာမှမလိုတော့ဘူး၊အရာရာပြည့်စုံလုံခြုံပါပြီဟု ဆိုသော်ငြား တစ်ကယ်အိမ်ထောင်ကျ၊

ခလေးတစ်ယောက်ထွက်လာပြီးတဲ့နောက်မတော့ ငွေမျက်နှာသာကြည့်ချင်နေတဲ့မိန်းမအားလဲ လွန်စွာ စက်စုတ်ရွံရှာလျက်ရှိပေတော့သည်။

 

အဲဒီနေ ့က အရင်နေ ့တွေလို သူငယ်ချင်းတွေဆီ ငွေသွားချေးတာ အဆင်မပြေ၊ငွေမရမဲ့အတူတူဘီအီးကပ်သောက်ပြီး

မူးပြီး သိုင်းကွက်နင်းပြန်လာစဉ် အိမ်ရောက်တော့ ပိုက်ဆံမပါ၊မူးပြီးပြန်လာတဲ့ ယောက်ျား၊

အဖြစ်မရှိတဲ့ယောက်ျား ဆိုပြီး မိန်းမကရန်စထောင်ကာ လင်မယားစကားများပြီး၊မိန်းမဖြစ်သူက အမူးလွန်နေသော ကိုဗိုက်ကလေးအား မတော်တဆတွန်းမိရာက နောက်ပြန်လန်ကျပြီး ဦးခွံအက်၊ဦးနှောက်သွေးယိုပြီး ဆုံးသွားခြင်းလဲဖြစ်သည်။လဲကျကျခြင်း သတိရသော်လဲ

ဘီအီးမူးသလိုလို၊ခေါင်းကမူးသလိုလိုနှင့် အရက်မူးတာဖြစ်မယ်ဆိုပြီး မိန်းမဖြစ်သူက ဒီအတိုင်းပစ်ထားခြင်းလဲဖြစ်၏။မူးမူးနဲ ့အိပ်သွားသော ကိုဗိုက်ကလေးတစ်ယောက် မိုးမလင်းမီ ဦးနှောက်သွေးခဲပြီး အသက်ပျောက်ခဲ့ပါပြီလေ။

 

မတော်တဆ သေခဲ့ရရှာသော သူ ့ရုပ်အလောင်းကို သူပြန်ကြည့်ပြီး ကိုဗိုက်တစ်ယောက် ယူကျုံးမရ။

အခေါင်းဘေးမှာ သားငယ်လေးကိုချီပြီး အရက်သမား၊

သေလဲအေးတာပဲဆိုတဲ့မျက်နှာနဲ ့ရပ်နေတဲ့ မိန်းမကိုကြည့်ပြီး ဒေါ်သဖြစ်လျက် လည်ပင်းညှစ်ဖို ့ကြိုးစားမိသည်။

ထိတွေ ့မှုတွေ လေထဲပျောက်သွားသည်။

အသိစိတ်တွေကပ်နေတုန်း သားငယ်လေး ပေတလူ ့မျက်နှာ နှမြောတသခြင်းများစွာနဲ ့အာရုံပြောင်းပြီး ကြည့်နေမိပြန်သည်။

အဓိပ္ပါယ်မရှိ ငါ့သားလူမမည်လေး၊ ဘာမဆိုင်ညာမဆိုင် ဒုက္ခရောက်ပေတော့မည်ဟုတွေးလျက် မျက်ရည်များ စီးကျလာမိသည်။ဆွေမျိုးတွေငိုနေတာကြည့်ပြီး ကြောင်တောင်တောင်ဖြစ်နေရှာသော သားလေးပေတလူခမျာ

သူ ့အဖေ သေပြီဆိုတာများ သိတတ်တဲ့အရွယ်ရောက်ရင် သူပါ ရောပြီး ငိုဦးမှာ သေချာပါသည်။

ပကတိအပြစ်ကင်းလှတဲ့ သားလေးပေတလူ ့ကိုကြည့်ပြီး နောက်ဆုံး နမ်းရှိုက်ခွင့်ရရန် အကြိမ်ကြိမ်ကျိုးစားမိသည်။တစ်ချက်တစ်ချက် နမ်းရှိက်မိသလိုခံစားရသော်လဲ ကြိုးစားတိုင်းမအောင်မြင်တာတော့သေချာသည်။

မနေ ့ညကတောင် သူ ့အမေလစ်တုန်း ခြေထောက်လေးဆွဲပြီး ချော့မြူနိုင်ခဲ့သလိုခံစားရသေးသည်။..ဘယ်နည်းနဲ ့မှ သားလေးပေတလူ ့ကို မခွဲနိုင်။

 

နှုတ်က တသားသားနဲ ့ ရွတ်အော်နေစဉ် ဘယ်အချိန်ကရောက်လာလဲမသိတဲ့ ညီမ၊အမတွေ၊ဦးလေး အဒေါ်တွေနဲ ့ အမျိုးတစ်ချို ရဲ့ အော်ဟစ်ငိုယိုသံကြောင့် ကိုဗိုက်နားမလည်သလိုခံစားလိုက်ရသည်။

သက်ရှိထင်ရှား ရှိစဉ်တုန်းက အမူးသမား၊ငပေငတေဆိုပြီး ဆက်ဆံရမှာ ရှက်သလိုလိုနဲ ့ ရှင်ခန်းဖြတ်ထားကြတာ။

တစ်ကယ်သေသွားတဲ့အခါကျတော့လဲ ငိုဖော်ရပါကလား ဆိုပြီး ရှင်တစ်မျိုး၊သေတစ်မျိုးနဲ ့ နှစ်မျိုးတည်းသောဆွေမျိုးတွေကို ကြည့်ပြီး ကိုဗိုက် သံဝေဂရမိသည်။

 

အဖေကတော့ရှင်းသည်။အမွေဖြတ်၊သေခန်းဖြတ်။ ကိုဗိုက်ရဲ့အသုဘ လုံးဝမလာ။စည်းမရှိကမ်းမရှိ

ဆိုးချင်တိုင်းဆိုး၊မူးချင်တိုင်းမူးပြီး သဘောမတူတဲ့ မိန်းမယူသွားတဲ့ သားဖြစ်သူ ငဗိုက်ကို လုံးဝပြတ်သည်။

အမေကတော့ နောက်ဆုံးတာဝန်တစ်ခုပမာ သဘောထားပြီး လာပုံရသည်။မျက်နှာတော့ မကောင်းလှ။

 

သတင်းအမီ သိလိုက်ရသော အပေါင်းအသင်းတစ်သိုက်လဲ ထပ်ရောက်လာကြသည်။

တစ်ချို ့ အမူးမပြေသေး၊ဘယ်နေရာက ထလာကြသည်မသိ၊ဘီလူးမျက်လုံး၊ အင်္ကျ ီအကြေစား၊ဘောင်းဘီ

ဖင်ပေတွေနှင့်၊ တတ်တူးတွေ ဗလပွနှင့် သူတို ့သူငယ်ချင်း၊မိုက်ဖော်မိုက်ဖက်၊သောက်ဖော်သောက်ဖက်

ကျနုပ်ငဗိုက် ရဲ့ နောက်ဆုံး ဈာပန အမီ ကမန်းကတန်း ထလာကြပုံပေါ်သည်။

ဗိုက်ကြီးကွာ၊ ဖြစ်ရလေကွာ ဟုငြည်းတွားကြပြီး ခေါင်းတလားအတွင်းက သူငယ်ချင်း ဗိုက်ကြီးရဲ့မျက်နှာကို

စိတ်မကောင်းခြင်းများစွာနဲ ့ ဝိုင်းကြည့်နေကြလေသည်။ထိုအထဲမှ အူးပေဆိုသူက ဒီ အသုဘသတင်းကြားတော့ မယုံဘူးဟုဆို၏။မနေ ့ကလေးတင် သူ ့ဆီက ဘီအီးကပ်သောက်သွားသေးသည်ဟု

အချင်းချင်းရှင်းပြနေ၏။ထိုအခါ မှိုကြီးက သူလဲမယုံဘူး..ရင်ခွဲရုံက မှတ်တမ်းတင်ထားတဲ့ပုံပြမှ ယုံရတာဟု ပြန်ပြောသံ ကြားနေရ၏။အရက်သမား မောင်ချောကလဲ ငါတို ့ဒီနေ ့သောက်ရင်သူ ့အတွက် ရည်စူးပြီး တစ်လုံးလောက် တိုက်ကြရအောင် ဟု အကြံပေး၏။

ချစ်လှစွာသော ငမိုက်သား သူငယ်ချင်းများကိုမြင်ပြီး အရင်က အတူတူပျော်ခဲ့၊သောက်ခဲ့ကြတာတွေ၊အတူတူ

သင်္ကြန်လည်ခဲ့တာတွေ၊ ထမင်းလုစားတာတွေ.အရက်လုသောက်ခဲ့တာတွေ ပြန်မြင်ယောင်ပြီး ရုပ်အလောင်းကြီးကြည့်လိုက် စဉ်းစားလိုက် ဖြေဆည်ရာမရလိုက်နှင့် ကိုဗိုက်တစ်ယောက် ဇောချွေးတွေ ပြန်လျက် ရှိနေလေသည်။နှုတ်မှလဲ မင်းတို ့ ဝင်ငွေကောင်းကောင်းမရှာနိုင်ပဲ မိန်းမယူရင် ငါ့လိုပဲ ဖြစ်မယ်ဟု

တကြော်ကြော်အော်ပြီး သတိပေးနေမိ၏။

 

တရားခံ ဒင်း ဟုအံကြိတ်ပြီး ဒေါသထွက်လျက် မိန်းမဖြစ်သူ ဒေဇီ့ကိုကြည့်မိပြီး လည်ပင်းညှစ်ရန် ကြိုးစားမိပြန်သည်။

ညှစ်လို ့မရမှန်းသိတဲ့အခါ သုဿာန်တစ်ဝင်းလုံး ညံအောင် ပတ်ဆဲနေမိသည်။နင့်မတော်တဆကြောင့် ငါ့သားလေး ဒုက္ခရောက်ရတော့မယ် ဟုဆိုပြီး တွေ ့သမျှအရာကန်ကြောက်လျက် ဗိုက်ကလေးတစ်ယောက် သောင်းကျန်းလျက်ရှိနေလေသည်။ထိုစဉ်

 

ပင့်ထားသော ဘုန်းကြီးငါးပါ၏ အမျှဝေပြီး သာဓုခေါ်သံတွေ ၊လူတွေရဲ့ ငိုသံတွေနဲ ့ဆူညံပွက်လောရိုက်လျက်ရှိပြီး အားလုံး ရုတ်ရုတ်သဲသဲဖြစ်ကာ တစ်ချို ့က ခေါင်းတလားကြီးကို ထမ်းဖို ့ပြင်ကြသည်။တစ်ချို ့က ကြေးစည်ကြီးထမ်းလျက် နေရာယူသည်။မောင်နှမတွေ အော်ငိုကြသည်။

ရုပ်အလောင်းကြီး မီးတိုက်ပို ့ မီးရှို ့ဖို ့ ပြင်ဆင်နေကြလေပြီ။

 

ကိုဗိုက်တစ်ယောက် သာဓုမခေါ်အား၊ခေါ်ဖို ့မစဉ်းစားနိုင်၊ အသိစိတ်တွေကပ်နေသမျှတစ်ကာလလုံး

ချစ်တဲ့သားငယ်လေးကို ရအောင် ပွေ ့ချီချင်မိသည်။ပါးနုနုကလေးကို နှစ်နှစ်ခြိုက်ခြိုက် ၊အားရပါးရ နမ်းရှိုက်ပစ်လိုက်ချင်မိသည်။ကြိုးစားမှုူတွေအရာမထင်၊မအောင်မြင်။သို ့သော် ကြိုးစားမြဲ ကြိုစားလျက်။

တစ်ချက်တစ်ချက် ထုလိုက်တဲ့ ကြေးစည်သံဟာ နားကွဲမတတ် ပူလောင်လှပြီး ရင်ထဲမှာ နေအစင်းတစ်ရာရောက်နေသလို ပူလောင်လှသည်။အသက်တစ်ချောင်းသာ ထပ်ရှိသေးလျင် ကိုဗိုက်တစ်ယောက်

ရင်ကွဲပြီး ဒုတိယအကြိမ် ထပ်သေနိုင်လောက်သည်။ရှိသမျှ ဘုရားတွေ အကုန်တမ်းတပြီး ပေတလူ ့ကို

နောက်ဆုံးအကြိမ် ချီခွင့်နဲ ့ နမ်းရှိုခွင့်ရဖို ့ တောင်းဆိုနေမိသည်။သို ့သော်….ဘယ်ဘုရားမှ မကယ်ခဲ့ကြပါ။

ဘယ်နည်းနဲ ့မှ သားငယ်လေးကိုထားပြီး မသေသွားချင်မိတာအမှန်။အသက်မဲ့နေပြီဖြစ်သော ရုပ်ခန္ဓာအတွင်း

ပြန်ပူး၍ လမ်းထလျှောက်ချင်စိတ်ဖြစ်မိသည်။

ခဏပဲဖြစ်ဖြစ် အခွင့်အရေးရချင်မိသည်။လူမမည် သားငယ်လေး၊

မင့်အဖေဗိုက်ကလေးကို ခွင့်လွှတ်ပါကွာ၊လူ ့ဘဝကြီးထဲက ခုလိုစောစောစီးစီးထွက်သွားရမယ်မှန်း ကြိုသိရင်

အဖေ..အဖေ.သား..သား ဟုပြောမိပြောရာ အော်မိအော်ရာတွေ လျှောက်အော်နေမိသည်။

 

ရေအိုးတစ်လုံး ရိုက်ခွဲသံနဲ ့အတူ အသိစိတ်များ တဖြည်းဖြည်း ဝေဝါးလာသလိုလဲ ခံစားရသည်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးချိန်ထိ ပေတလူလေးကို ထိတွေ ့ကိုင်တွယ်ခွင့်ရအောင်သာ ကျိုးစားနေမိပြန်သည်။

မီးတိုက်ထဲရောက်သွားပြီဖြစ်တဲ့ ရုပ်ခန္ဓာထက် သူ ့ရင်တွင်းမှာ ပို၍ ပူလောင်နေလွန်းသလို ခံစားရသည်။

တသားသားနဲ ့ ရင်ကွဲပက်လက်ဖြစ်နေသော ကိုဗိုက်၊ သားငယ်ပေတလူကိုလိုက်ဆွဲပြီး ပါးစပ်မှလဲ

အော်ချင်ရာတွေ လျှောက်အော်နေမိပြန်သည်။

သား..ပေတလူလေး..၊သားလေး..မင့်အဖေ သဂျီးဆီမှာ လေးသောင်းခွဲရစရာရှိသေးတယ်ကွာ.သား…၊ သား..

အဖေ..အဖေ..ယူစာနိမ်းနဲ ့ ပတ်စဝေါ့ ရေးပေးခဲ့ချင်တယ်.ကွာ..သား.လေး..မင့်အမေ ငွေဘီလူးမကြီး မသိစေနဲ ့သိလား.နော်.သား..အာဘွား..။

ကိုဗိုက်ပြောနေတာတွေ ဘယ်သူမှမကြား၊လူအုပ်ရဲ့ ငိုသံတွေနဲ ့အတူ သားငယ်လေးပါ ရောရောင်ပြီး ငိုနေတာတွေ ့ရသည်။ခေါ်မကြားအော်မကြားလူအုပ်ကြားထဲ သူ ့အမေချီရာနောက်သို ့ပါသွားတဲ့သားငယ်ကို လိုက်ဖမ်းဆုပ်ရင်း..ပါးစပ်ကလဲ တကြော်ကြော်အော်ရင်း ကိုဗိုက်တစ်ယောက် အားအင်တွေကုန်ခန်း၊ရင်ကွဲလမ်းလျှောက်ဖြစ်လျက်..အသိစိတ်များလဲ ပျောက်ကွယ်ခဲ့လေတော့သည်။

 

**************************END**************************

 

 

25 comments

  • ဦးဦးပါလေရာ

    April 17, 2012 at 8:01 pm

    အော်… သွားရှာပါပေါ့လား ဗိုက်ကလေးရယ်…..

    ဟိုက်ကော်မရှင်နာတွေကို မန်ကျီးဖျော်ရည်ပါလို့ လူကြီးတွေကို လိမ်ပြောပြီး အားရပါးရမော့နေပုံလေး နောင်မတွေ့ရနိုင်တော့ဘူး….

    သူများတွေအမျှဝေရင် ရသလောက်ကြုံးယူခဲ့
    တယောက်တဝက်ခွဲမယ်… 😛

  • htoosan

    April 17, 2012 at 8:44 pm

    တစ်ပါတ်လောက်ခံတာ မဟုတ်ဘူးလား ..
    ရက်မလည်ခင် မိန်းမကို ဖဲမနိုင်အောင်လုပ်ပြီးနှိပ်စက် လေ .. 😀

  • ကြောင်လေး

    April 17, 2012 at 8:45 pm

    ဘယ်လိုခံစားချက်မျိုးနဲ့ရေးလိုက်တာလဲ ကိုပေါက်ဖော်ရေ။
    ကျနော့လို Heavy drinker တွေကိုသတိလေးတစ်ခုပေးလိုက်တာလားလို့ခံစားလိုက်ရတယ်၊
    မကောင်းမှုတွေကို ပြီးခဲ့တဲ့နှစ်မှာထားခဲ့ဖို့ စိတ်ကူးထားတယ်။

    • ဗိုက်ကလေး

      April 18, 2012 at 3:54 pm

      အူးကြောင်လေးနဲ ့ အူးကြောင်လတ် ရေလည်ပျောက်တယ်နော်..
      ရွာထဲ အူးကြောင်ကြီးနဲ ့ အူးကြောင်တုတ်ကြီးပဲ တွေ ့မိတယ်…
      လျှော့သောက်ပါ.

  • ကိုရင်မောင်

    April 17, 2012 at 8:52 pm

    ဗိုက်ကလေးရေ ပြုပြုသမျှအကုသိုလ်မကောင်မှု့အစုစုကိုအမျှဝေလိုက်ပါတယ်
    ရောက်ရာငရဲပြည်ကနေသာဓုခေါ်ပေတော့…..
    ကျန်ရစ်တဲ့ဒေစီကြီးနဲ့ပေတလူကိုလဲ
    ဖရဲစောင်မကြည့်ရှု့ထားမှာပါ…

  • ငပွကြီး

    April 17, 2012 at 11:51 pm

    သင်္ကြန်တောင် လည်လိုက်သေးတယ်ဆိုတော့ ချက်ချင်း အသုဘ ချရမှာပေါ့နော်…
    ဒီနေ့က နှစ်ဆန်း ၁ ရက်ဆိုတော့ နှစ်မကျော်ကောင်းဘူးပြောတယ်…
    သင်္ကြန်တွင်းဆိုတော့ အသုဘ ကတော့စိုစိုပြေပြေရှိတာပေါ့ နော်…: D

  • etone

    April 18, 2012 at 12:52 am

    ကိုဗိုက်ကလေးတစ်ယောက် မိုးမလင်းမီ ဦးနှောက်သွေးခဲပြီး အသက်ပျောက်ခဲ့ပါပြီလေ။

    ထိုအထဲမှ အူးပေဆိုသူက ဒီ အသုဘသတင်းကြားတော့ မယုံဘူးဟုဆို၏။မနေ ့ကလေးတင် သူ ့ဆီက ဘီအီးကပ်သောက်သွားသေးသည်ဟုအချင်းချင်းရှင်းပြနေ၏။ …… ဆိုတော့

    သေတာ မနက်လား ၊ ညလား …. ဘာရယ်မဟုတ်သိချင်မိလို့.. ဟိ 😛

  • kyeemite

    April 18, 2012 at 4:16 am

    ဗိုက်ကလေး…နင် အကြွေးရှောင်ချင်လို့ သေဘီလုပ်တာ..
    ဒါမျိုးဘယ်ရမလဲ..ငါ့အကြွေးခုလာဆပ်င်္လည့်..

  • kai

    April 18, 2012 at 4:45 am

    ဆိုတော့..
    ကြေးစည်သံက. ဘဝပြောင်း..အဲ..ပြောင်းသလိုလို.. မပြောင်းသလိုလို.. ကန့်လန့်ကြီးအတွက်..
    တော်တော်အကုသိုလ်များတယ်ပေါ့နော..
    အဲလိုလား…။

    စကားအတင်းစပ်..
    ဒါက လူသတ်မှုပဲ..။ မူးနေတဲ့သူကို.. တွန်းပြီးသတ်တာပဲ..
    ကြည့်ရတာ.. အငယ်အနှောင်းထားတယ်နဲ့တူတယ်..

    ညကျသေချာစစ်ကြည့်လိုက်…
    မုန်လာဥတော့ မမိစေနဲ့… 🙂

    • ဗိုက်ကလေး

      April 18, 2012 at 10:26 am

      သဂျီးပြောမှ ပိုပြီး ဇာတ်နာပါပကောလား အရပ်ဂဒို ့ရေ
      ကယ်ဂျဘာအုံးဂျ

  • သမိန်ဂီ့

    April 18, 2012 at 6:51 am

    တိန်… သဂျီးနဲ့တွေ့မှ
    ကိုကိုဗိုက် နားကားဘီ…

    ဘယ်တုန်းက အငြိုးနဲ့လဲမသိ … အာ ဟိ
    😛

  • ဆူး

    April 18, 2012 at 8:38 am

    ရွာထဲမှာ သားသမီး ရတဲ့အထိ တော်တော် လုံ့လ ပြုကြတာပဲ..
    အာဂ ကလည်း သားသား အာဂ အတွက် ပွိုင့် အမွေပေးတယ်။
    ဗိုက်ကလေး ကလည်း သားလေး ကို ပွိုင့် အမွေ ပေးအုန်းမယ်တဲ့။
    ပွိုင့် ၁သိန်း ပြည့်တဲ့ အချိန် သားရှင်တွေ မသေပဲ.. သမီးရှင် သဂျီးသာ သေသွားမယ် ဆိုရင်.. အားလုံး ဟတ်ကော့ကြီး ဖြစ်ကုန်အုန်းမယ်။
    ွွှှအာမခံချက် တခုခုတော့ ရှိသင့်ပြီ ထင်တယ်။
    ဟိဟိ.. အမွေ လွဲ ပေးမဲ့ သူတွေ အတွက် အကြံပေးတာနော်။

  • ကြောင်ကြီး

    April 18, 2012 at 8:41 am

    ဗိုက်ကလေး
    ပိုက်ထွေး
    ကြိုက်ဈေး
    နှိုက်ပြေး
    ဟိုက်သူဌေး
    အလိုက်နှေး
    တိုက်ဆွေး
    ရိုက်ခွေး…။

  • pooch

    April 18, 2012 at 1:38 pm

    ဗိုက်ကလေးရေ နင့်သား ပေတလူ လည်း အခုဒီရက်ပိုင်း အရက်နာကျနေတယ်ပြောတယ်။ သူ့မိန်းမလည်း သူ့ကို မနိုင်ဘူး ဆိုပဲ။ အဖေ့ခြေရာထပ်ချပ်မကွာ နင်းပုံရတယ်။ :mrgreen:

  • TTNU

    April 18, 2012 at 2:38 pm

    ကိုဗိုက်ကလေးရယ်…
    နင်စိတ်ကူးယဉ်ပြီးရေးတာမှန်းသိရက်နဲ့
    ငါ့မှာ မျက်ရည်ဝဲသကွဲ့။

    အရက် အရက်နဲ့
    နင်တို့ အဟုတ်မှတ်နေကြတာကွာ။
    အရက်အစား ကြံရည်သောက်ရောပေါ့။ 😥

    • နေဝန်းနီ

      April 19, 2012 at 10:06 pm

      တီချာရယ်…။ ကြံရည်က မူးမှမမူးပဲ ကိုဗျ…။ အရက်သမားထဲမှာ ပြောလေ့ပြောထရှိတယ်…။ အရက်ဆိုတာ ရက်ယုံတင် ရက်လို့ ပြောတာ မင်းတို့ မြိုမြိုချနေတာကိုး တဲ့….။

  • ဗိုက်ကလေး

    April 18, 2012 at 2:49 pm

    တီချယ်ကြီး..
    မအားတဲ့ကြားထဲက လာရောက်ဆုံးမပေးတာ အလွန်ပဲ ကျေးဇူးတင် ဝမ်းသာရပါတယ်ဗျို ့..
    ထပ် မသောက်ဖြစ်အောင် ကြိုးစားနေပါတယ်ဗျို ့..
    မန်းလေးက မောင်ပေတစ်ယောက်တော့ အရက်နာကျနေတယ် သတင်းကြားတယ်ဗျို ့..
    စိတ်မကောင်းလှပါဗျို ့..
    တီချယ်ကြီးရေ..
    ကျေးဇူးပါ..

  • htoosan

    April 18, 2012 at 3:44 pm

    ကိုဗိုက်တစ်ယောက် အားအင်တွေကုန်ခန်း၊ရင်ကွဲလမ်းလျှောက်ဖြစ်လျက်..အသိစိတ်များလဲ ပျောက်ကွယ်ခဲ့လေတော့သည်။
    အသိစိတ်များကွယ်ပျောက်ရင်း ဟိုးအဝေးမှ အလင်းရောင်တန်းဆီ ထိုးတက်လာမိသည်။ အလင်းရောင်တန်းထိပ်ဝရောက်တော့ ဝင်မရ ။ အတင်းတ်ိုးဝင်သော်လည်းမရ ။ ဘာဖြစ်လို့ပါလိမ့် ။ ငါ့ကိုဒီထဲဘာလို့ ပေးမဝင်တာပါလည်း ။ စီဂျေ လက်မှတ်မရသေးလို့လား ။ ဒါဆို သူကြီးဆီ သွားတောင်းမှ ရတော့မည် ။
    ှဗိုက်ကလေး ပြန်ဆင်းလာသည်။ သူကြီး သူကြီး ကျုပ်ကို စီဂျေ သက်သေခံ လက်မှတ်မပါလို့ ပေးမဝင်ဘူးတဲ့ ။ သူကြီးလက်မှတ်ပေးပါ . ပေးပါဗျာ .. ဘယ်လိုပြောပြော သူကြီးက ဘာမှပြန်မပြော သူ့ လက်ပကျွတ်ထဲမှာ သာ စာတွေရိုက်နေသည် ။ ကြည့်လိုက်တော့ လားလား .. သူရိုက်နေတာက

    ဆိုတော့..

    ကြေးစည်သံက. ဘဝပြောင်း..အဲ..ပြောင်းသလိုလို.. မပြောင်းသလိုလို.. ကန့်လန့်ကြီးအတွက်..
    တော်တော်အကုသိုလ်များတယ်ပေါ့နော..
    အဲလိုလား…။

    စကားအတင်းစပ်..
    ဒါက လူသတ်မှုပဲ..။ မူးနေတဲ့သူကို.. တွန်းပြီးသတ်တာပဲ..
    ကြည့်ရတာ.. အငယ်အနှောင်းထားတယ်နဲ့တူတယ်..

    ညကျသေချာစစ်ကြည့်လိုက်…
    မုန်လာဥတော့ မမိစေနဲ့…

    ကြည့်စမ်း .. ကြည့်စမ်း .. သူကြီး သူပေးရမည့် လေးသောင်းခွဲ မပေးရအောင် သူ့ ဇနီးမိုက် ကလေးကို လူသတ်မှု့ မဖြစ် ဖြစ်အောင်သာ မက မပေးရအောင် ဇတ်လမ်းပါ ဖြစ်အောင် ဖန်တီးနေသည် ။ မုန်လာဥလုပ်နေသည် ။။ မဖြစ် ။ သူများတွေ သိအောင် ပြောမှဖြစ်မည် ။။။ ဒါပေမဲ့ သူ့စကား ဘယ်သူမှ မကြားနိုင် .. ဘယ်သူ့ကိုပြောရမလဲ ။
    ဗိုက်ကလေး အပြင်းအထန်စဉ်းစားရပြီ ။။။ သရဲတွေ တွေ့တယ် ရှိတယ် လို့ ရေးတာ ဘယ်သူပါလိ်မ့် ။။ ခိုင်ခိုင်လား ။Aye.kk လား ဘယ်သူလည်း သူမမှတ်မိ ။ သူတို့ ကို ကိုယ်ထင်ပြလိုက်ချင်သည် ။
    သူကြီး မုန်လာဥလုပ်နေတာ ဖော်ထုတ်လိုက်ချင်သည်.
    ပြီးမှ သတိရလိုက်သည် ။ သတိရလိုက်သည ်။ ဟုတ်ပြီ ။ သင်္ကြန်တွင်း ဂေဇက်မှာ ဂမီ္ဘရတွေ ရေးနေသော ဆရာ ကို သတိရလိုက်သည်။ သူ့ကိုဆို ပြောပြလို့ ကြားရနိုင်သည် .. GHOST ဇတ်ကားထဲက လို ထိုဆရာမှ တစ်ဆင့် ဆက်သွယ်ပြီး သူပြောချင်တာတွေ ပြောရမည် …. လာပါပြီ ..ဗိုက်ကလေး လာပါပြီ …. ဦးဦးပါလေရာ ရေ …. 😀 😀

    • ဗိုက်ကလေး

      April 18, 2012 at 3:50 pm

      ဟီး. ဟီး..
      တော်တော်နောက်ဒယ်..လူဂျိုး..
      ညကျမှ ခြေထောက်လာဆွဲဦးမယ်..
      သရဲမယုံတဲ့ အူးခိုင်လဲ သတိထား…
      😀

  • FattyCat

    April 18, 2012 at 4:45 pm

    သဂျီးက သရဲမယုံဘူးတဲ့….
    ဟွန်း…သဂျီးနော်…အခြောက်ခံရမှာ မအော်နဲ့…

  • Khaing Khaing

    April 18, 2012 at 10:01 pm

    ဇာတ်လမ်းလေးကတော့ ဟတ်ထိတယ်ကွာ ….. ဗိုက်ကလေးရေ အောက်မှာဘယ်လိုပဲ ဇာတ်သိမ်းပါစေကွာ အလယ်က ဇာတ်လမ်းလေးက တစ်ကယ်ကိုသနားစရာကောင်းပါတယ် ……… သူကြီးခိုင်ဆီက အကြွေးကို အမပဲ ပေးလိုက်ပါမယ် ဒေဇီကို ………

  • water-melon

    April 19, 2012 at 7:59 am

    တောင်မရေ
    မျက်စိနဲ့မဖတ်ဘဲ
    ရင်ထဲကနေ ဖတ်သွားပါတယ်
    ငါလည်း တစ်နေ့သေအုန်းမယ်
    အော် ဘဝ ဘဝ…………
    အသုဘ ကူငွေအတွက် သူကြီးထဲက ၁၀၀၀ဝထုတ်လိုက်ပါနော်။

  • blackchaw

    April 19, 2012 at 8:10 pm

    ရဲဘော် ဗိုက်ကလေး။
    သင့်အား မန်းလေးဂဇက်မှ အပြီးအပိုင် နှုတ်ထွက်ခွင့်ပြုလိုက်သည်။
    သင်သွားလိုရာသို့ လွတ်လွတ်လပ်လပ် သွားနိုင်ပါပြီ။
    သင့် ကျန်ရစ်သူ ချစ်ဇနီးအား
    သင့် ချစ်သူငယ်ချင်း ကျောက်စိမ်းသူဌေး မောင်ပေ က
    တစ်သက်လုံးစောင့်ရှောက်ပေးလိမ့်မည်။
    ပုံ
    ဆယ်အိမ်ခေါင်း
    မန်းလေးဂဇက် ရွာ
    :mrgreen:

    • ဆူး

      April 20, 2012 at 9:38 am

      ကျန်နေတာလေး ဆက်ရေးလိုက်တယ်နော်..

      ပုံ
      ဆယ်အိမ်ခေါင်း
      သော့ကိုင် တံခါးစောင့်
      Tea Master ချိုပေါ့ကျ
      ရွှေပေါက်တူး

Leave a Reply