ကားပေါ်မှာ ဟိုအချောင်းနဲ ့ထောက်တဲ့ပြသနာ

phone_kyawApril 18, 20121min100612

ကားပေါ်မှာ ထောက်တဲ့ပြသနာကြောင့် အမျိူးသမီးသီးသန် ့လိုင်းတွေပေါ်လာတာကို အင်တာနက်ကနေ တွေ ့ရတယ်။ ထောက်တာ ကောင်းသလားဆိုတော့ ထောက်တဲ့လူအတွက်တော့ ကောင်းတာပေါ့။ သို ့သော် ခံရတဲ့သူကတော့ ဘယ်ကောင်းမလဲ။ ဒါကို ဘယ်လိုရှင်းလဲဆိုတော့ အမျိူးသမီး သန့်ကားနဲ ့ရှင်းတယ်။ ရွှေညာဏ်တော်စူးရှပါပေတယ်။

ထောက်တာ ကိုင်တာ ပါးစပ်နဲ ့ရိတာတွေကို ဘိုလိုဆိုရင် Sexual Harssessement လို ့ခေါ်တယ်။ လုပ်ငန်းခွင့်မှာ လက်နဲ ့ထိဖို ့သာသာ ပါးစပ်နဲ ့တောင် နှာဘူးမကြရဘူး။ လုပ်ရင် ထောင်ပါကျနိုင်တယ်။ ဒီအတွက် ဥပဒေသီးသန် ့ကို ထားရတယ်။ ပြည်မြန်မာမှာတော့ ရှိလားမသိဘူး။

သီးသန် ့ကားနဲ ့ရှင်းမဲ့အစား ဥပဒေထုတ်ပြီး မသိတဲ့သူတွေသိအောင် Awareness လုပ်ပေးသင့်တယ်။ ဘတ်စ်ကားတိုင်းမှာ ကင်မရာရှိသင့်တယ်။ တိုင်တန်းရန်ဖုန်းနံပါတ်အပြင် သတိပေးတားမြစ်ချက်တွေရေးထားသင့်တယ်။ ဥပမာ ထောက်ဖို ့လုံးဝစိတ်မကူးနဲ ့။ ဒီလိုစည်းကမ်းကို ဘတ်စ်ကားတိုင်း လိုက်နာရမယ်။ ကားတိုင်းမှာ ထည့်ဖို ့ ယူမတ်စ်ဒူးဆိုပြီး ပြဌာန်းရမယ်။ နောက်ပြီး ကားပေါ်မှာ ကားသမားကို ရန်ရှာတဲ့လူ ၊ ခရီးသည်ကို ရန်ရှာတဲ့လူတွေကို ဖမ်းဖို ့အတွက် သီးသန် ့လုံခြုံရေးအဖွဲ ့ကို ထားရှိရတယ်။ သူတို ့ကအမြဲတန်း ဘတ်စ်ကားအနောက်မှာ စောင့်ပေးကြရမယ်။

သီးသန် ့လိုင်းထားတာက ခွဲခြားဆက်ဆံမှု ့တစ်ခုပါ။ ဘိုလိုဆိုရင် ဒစ်ခရင်မင်နေရှင်းလို ့ခေါ်တယ်။ ငရဲကြီးတယ်။ မလုပ်ကောင်းတဲ့အလုပ်တစ်ခုပဲ။

ကားပေါ်မှာ ထောက်တာကို ကြိုက်လို ့ငြိမ်နေပြီး လူမြင်မှ ထ အော်တဲ့အမျိူးသမီးတွေအတွက်လည်း သတိထားသင့်တယ်။ ဒါကို ကင်မရာနဲ ့ဖမ်းကြပေါ့ဗျာ။ ထောက်တဲ့ကောင်တွေကလည်း ကားကြပ်တော့ထောက်တာမစမ်းပါဘူး။ ဩစီမှာတော့ တစ်ခါမှ မတွေ ့မိပါဘူး။ ထောက်မဲ့အစား လက်တွေ ့ပဲ လုပ်ကြပါတယ်။

12 comments

  • စပ်ဖြဲ

    April 18, 2012 at 11:48 am

    အူးရေး အူးရေး… အမျိူးသမီးသီးသန် ့လိုင်းဆိုတာ ဂွင်ဖန်တာဗျ .. အူးရေးဘာမှမတိဘဲနဲ. .. စောစောစီးစီးမူးနေပီလား .. ထောက်လို.လွယ်တယ်ထင်ရင် အူးရေး ဒီရောက်မှလုပ်ကြည့်..
    ဘာမှလဲတိဘဲနဲ. … ရေချိန်မမှန်တေးရင်ထပ်ချဗျာ.. ဒီမှာ နယ်စီးမခြားအရက်သမား အဖွဲ.ဖွဲ.ထားတယ် …

  • သမိန်ဂီ့

    April 18, 2012 at 12:01 pm

    ဗျို့ ကိုဘုန်းကျော်
    Sexual harassment လုပ်ပါဗျ…

    ယာဉ်လိုင်းတွေက ဆြာတွေကတော့
    ဟုတ်တော့ ဟုတ်နေပါဘီ ………
    Sexual harassment ကို ကာကွယ်ဖို့ ကိုယ်တိုင်
    Sexual discrimination ကို ကျူးလွန်မိလျက်သား ဖြစ်နေပါပေါ့လားဗျာ..

    ကားထောင်စားတဲ့လူတွေကလည်း ကားတွေကျ သိန်းရာချီတန်ပြီး ..security ပိုင်း ကျတော့
    ၄-၅ သိန်းလောက်ပဲကုန်မယ့် ကင်မလာ ကွန်ပူတာ ဘာညာသာဒကာကျတော့
    ဆင်ပြောင်ကြီး အမြီးကျမှ တစ်တော့သကိုး …

    တကယ်တမ်း ကင်မရာ ပါရင် ထောက်တဲ့ကိစ္စသာမက
    ခိုး-ဆိုး-နှိုက်တွေပါ နားကားသွားနိုင်တာမို့ …
    လုပ်သင့်တယ် ထင်ပါကြောင်း..

  • စော်ဘွားလေး မောင်မာန်ခ

    April 18, 2012 at 3:51 pm

    ဦးဖုန်းကျော်….ဒီတစ်ခါတော့ထောက်ခံတယ်ဗျ……
    ဂီဂီရေမှန်တယ်ဗျို့….မြန်မာမှာ….ပြည်သူတွေကိုစောင့်ရှောက်နိုင်ဖို့နည်းပညာပိုင်းတွေအားနဲနေသေးတယ်..
    ဗျ…..အဆင့်မြင့်နည်းတွေနဲ့တိုက်ခိုက်လာရင်မှောက်ကိုခံရမှာသေချာတယ်…..

  • aungmyintmyat

    April 18, 2012 at 5:45 pm

    ကိုဖုန်းကျော်ကို ဒီတခါ ကျေးဇူးတင်ပါတယ်။ ကိုယ့် လူမျိုး အတွက် ပူပင်ပေးလို့ပါ။
    ကျေးဇူးကမ္ဘာနော်……………………………………………………….အောင်မြင့်မြတ်

  • မုန်းအောင်ချစ်

    April 18, 2012 at 5:55 pm

    အင်း.နောက်တစ်ရက်လောက် ဆို ပိသာလေးနဲ့ ဟိုက လှမ်းထုတော့မယ်.ဟီ..ဟိ

    ဘာပဲပြောပြော ဒီပိုစ့်လေးကို ကျေးဇူးတင်ပါတယ်..

  • Gipsy

    April 18, 2012 at 6:40 pm

    ဒီတခါ ထုံးစံအတိုင်း အနည်းငယ်လျှော့ထားပါသည်
    နောက်တစ်ခေါက် ဆေးတံကြီးနဲ့ခေါက်ပါတော့မည်….။

  • စပ်ဖြဲ

    April 18, 2012 at 8:59 pm

    ဟာ…. ရူးနေကြပီလား… ဟိုက မူးမူးနဲ.လျောက်ရေးတာကို … အမေရိကန်မှာကော ကားပေါ်ကင်မရာတပ်ရဲ.လား သူကြီးကိုမေးကြပါဦးဟ …

    • ဦးဦးကောလ ဟာလ

      April 18, 2012 at 11:07 pm

      လဲသေလိုက်ပါတော့လားကိုယ့်ဆရာရယ်…….ဟိုမှာကဘတ်စ်ကားစီးတာထက်ကိုယ်ပိုင်ကား
      မဟုတ်ရင်taxi ဒါမှမဟုတ်ရထားနဲ့သွားကြတာရယ်…………

  • aye.kk

    April 18, 2012 at 9:35 pm

    ရန်ကုန်မှာနေတုံးကပေါ့နော်..
    အဲဒီအချိန်ကအသက်(၁၈)နှစ်ဝန်းကျင်ပါ။
    ဘတ်စကားစီးမိတဲ့အခါတိုင်း..
    တွယ်အပ်တစ်ချောင်းကသွားလေရာမှာဆောင်ထားတာ။(အန္တရယ်ကာကွယ်ဖို ့အတွက်)
    ထောက်လှမ်းရေးတော့လာမစမ်းနဲ ့..အပ်နဲ ့ကိုပြန်ထိုးပစ်တာ။
    အဲဒီလိုအလုပ်မခံရအောင်၊အထောက်မခံရအောင်..
    ်လူကြပ်ပြီးစီးရတဲ့အခါတိုင်း၊တစ်ခါတစ်ခါမှာတွယ်အပ်ကိုမြင်အောင်ပါးစပ်မှာကိုက်ပြထားမိသေးတာ။
    တစ်ခါအထောက်ခံရမလိုဖြစ်တုံးတွယ်အပ်နဲ ့လှမ်းထိုးပစ်လိုက်ပြီးလိုင်းကားကိုနီးစပ်ရာရဲစခန်းထဲအတင်းမောင်းခိုင်းတာပေါ့။
    မီးနီချိန်မှာကားရပ်တော့အဲဒီထောက်လှမ်းရေးသမားဆင်းပြေးတာတန်းနေတာဘဲ။
    ရဲစခန်းတောင်မသွားလိုက်ရဘူး။(၁၉၈၀)ခုနှစ်ကအဖြစ်လေးပါ။

  • kyawthat

    April 19, 2012 at 8:55 am

    In Singapore they use the CCTV on bus. Also if something abuse on bus, they can call to police and police will reach within 10 minutes.

  • Miss Mandalayer

    April 21, 2012 at 8:49 am

    မြန်မာပြည်ကိုအကြံပေးတာကျေးဇူးတင်ပါတယ်…. ဘုန်းကျော်နေတဲ့နိုင်ငံတွေလို အမီလိုက်နိုင်အောင် မြန်မာပြည်က ဖြည်းဖြည်းချင်းကြိုးစားနေပါတယ်….
    ဒါပေမဲ့ ဘုန်းကျော်ပြောတဲ့စကားလုံးထဲက “ကားပေါ်မှာ ထောက်တာကို ကြိုက်လို ့ငြိမ်နေပြီး လူမြင်မှ ထ အော်တဲ့အမျိူးသမီးတွေအတွက်လည်း သတိထားသင့်တယ်။” ဆိုတာကိုတော့ ထည့်မပြောသင့်ဘူး ဒါမျိုးကို ဘုန်းကျော်ညီမတွေလက်တွေ့ရှိခဲ့လို့လားလို့ တွေးမိပါတယ်။
    “ထောက်မဲ့အစား လက်တွေ ့ပဲ လုပ်ကြပါတယ်။” ဆိုတာကတော့ ဒီလိုပြောယုံနဲ့ ကိုယ့်တိုင်လုပ်နေကျ အဆင့်တန်းကို ဖော်ပြပေးလိုက်သလိုပဲနော်။
    လွန်တာရှိဝန်တာမိပါနော် 🙂

Leave a Reply